Switch Mode

Chapter – 214

ကျေးဇူးကန်းခြင်း

Chapter – 214 ကျေးဇူးကန်းခြင်း

“ဂိုဏ်းချုပ် . . .”
လန်ယုလန် က စိတ်မပါလက်မပါ ဟန်ဖြင့် ချန်ရှန်နား ရောက်လာကာ –
“အကိုတော် ၊ ကြည့်ရတာ ကျွန်မ အကိုတော်နဲ့ လိုက် လို့ မဖြစ်နိုင်တော့ဘူး ထင်တယ် ။ ဒါပေမယ့် အခွင့်အရေး ရလာ မှာပါ”
ချန်ရှန် လှပနူးညံ့လှသော ဆံနွယ်လေးများအား ပွတ် သပ်ရင်း ပြုံးကာဖြင့် –
“အင်း ၊ မင်း အားကုန်သုံးပြီး ပြင်းပြင်းထန်ထန် လေ့ ကျင့်ပါ ။ ငါတို့ နောက်တစ်ခါ တွေ့ တဲ့အခါကျရင် ငါမင်း ကို စစ်ဆေးမှာနော်”
လန်ယုလန် ခေါင်းညိမ့်ပြလိုက်ပါတယ် ။ ထိုအချိန်မှာ ပဲ ချန်ရှန် ဟာ လန်ယုလန် မျက်နာနှင့် ပါးချင်းကပ်ပြီး သူမ ၏ နားသို့ လေသံတီးတိုးဖြင့် –
“ယုလန် ၊ တကယ်လို့ မင်း ဂိုဏ်းချုပ် က မင်းကို တစ် ခုခု ပြင်းပြင်းထန်ထန် ခိုင်းတာမျိုး အနိုင်ကျင့်တာမျိုး ရှိခဲ့ ရင် မင်း ယုန်လေးတွေ လို့ သာ ပြောလိုက် ၊ သူ မင်းကို ဘာ မှ လုပ်ရဲတော့မှာ မဟုတ်ဘူး”
“ယုန်လေးတွေ လား”
လန်ယုလန် သင်္ကာ မကင်း ဖြစ်သွားတယ် ။ သို့သော် လည်း သူမ ခေါင်းကိုသာ ညိမ့်ပြလိုက်ပါတယ် ။
လျူမန်ဂါ ဟာ နိဗ္ဗာန် အဆင့် ပညာရှင်ပီပီ အကြားအာ ရုံ ကောင်းမွန်သော ကြောင့် ချန်ရှန် ပြောတာကို ကြားသွား ပါ တယ် ။ သူမ ကိုယ်လုံးမှာ ဒေါသကြောင့် တုန်လို့နေ တယ် ။ အံကို ကြိတ်လျက် ဒေါသများထွက်နေပါတယ် ။ ရှန်းရှန်း ဟာ သူမ၏ တပည့်ဖြစ်ပြီး ချန်ရှန် ရဲ့ မိန်းမပါ ၊ ဒါ့ အပြင် လန်ယုလန် ဆိုတာဟာလည်း သူမ တပည့်ပါပဲ ။ သူမ ဟာ ချန်ရှန် ၏ ညီမလို့ ပြောလို့ရပေမယ့် အခုလို နီး ကပ်စွာ ရင်းနှီးနေတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးဟာ သိပ်ပြီး မရိုးပါချေ ။
“ဒီက ကိစ္စတွေကို ငါ့တာဝန်ထား ၊ ငါက ဂုဒွန်ချန်နဲ့ မိတ် ဆွေ တွေလေ ။ ဒီကိစ္စလောက်က ငါ့အတွက် ဘာမှ မဟုတ်ပါဘူး”
လျူမန်ဂါ ပြောလိုက်တယ် ။
ချန်ရှန် နှင့်တွေ့ ခဲ့ရချိန်ဟာ ခဏတာသာ ဖြစ်ခဲ့ပေမယ့် လန်ယုလန် အလွန် ပျော်ရွှင်နေတုန်းပါ ။ ၀မ်းနည်းသလို ဖြစ်ပေမယ့်လည်း သူမ ကျေနပ်မိပါတယ် ။ ချိုသာသော အပြုံးလေးအား သူမ မျက်နှာပေါ်မှာ ထင်ဟပ်စေလျက် လျူမန်ဂါ နောက်သို့ လိုက်ပါသွားပါတော့တယ် ။ ဒါကို ကြည့် ရင်း လျူမန်ဂါ တစ်ယောက် အတော်ကို အံ့သြမိနေ ပါ တယ် ။ သူမ သိသည့် လန်ယုလန် ဆိုသည်မှာ အမြဲ တမ်း အေးစက်စက် ဖြင့် လူရိုင်းမလေး ပါ ။ ဒါပေမယ့် ယခု အခါမှာတော့ သူမဟာ သာမန် ချစ်စဖွယ် မိန်းကလေး တစ် ဦးအသွင် ဖြစ်လို့ နေပါတော့တယ် ။
ထိုအချိန်မှာပဲ လျူမန်ဂါ ကိုယ်တိုင်လည်း သူမ ချန်ရှန် နှင့် အတူတူ ရှိခဲ့တယ့် အချိန်ကို ပြန်စဉ်းစားမိလိုက်တယ် ၊ သူမ လည်း ထို့အတူပဲ မဟုတ်ပါလား ။ ချန်ရှန် နဲ့ အတူ ဖြစ် ပျက်ခဲ့သမျှကို ပြန်စဉ်းစားမိတယ့် အခါမှာတော့ သူမမျက် နှာ ရဲတွတ်သွားကာ ဒေါသလည်း ထွက်လာမိပါတယ် ။
လျူမန်ဂါ လန်ယုလန် နှင့် အတူတူ ထွက်သွားပြီးတဲ့ အခါ ချန်ရှန် ကတော့ ယခုနေရာမှာပဲ ခေါင်းဆောင် ဒန် နေ ပြန်ကောင်းလာတာကို စောင့်နေဆဲပါ ။ ဒီိလိုမှသာ သူ စနိုးစနောင့် ဖြစ်စရာမလိုပဲ ထွက်ခွာနိုင်မှာပါ ။ ရက်အနည်း ငယ် ကြာတယ့်အခါမှာတော့ ရေခဲလေ တောင်ကြားမှ လူ အချို့ ရောက်လာကြတယ် ။ သူတို့ဟာ လူ ၂၀ သာ ရှိပေ မယ့် အားလုံးဟာ စစ်မှန်သော ပညာရှင်တွေ ချည်းပါပဲ ။
မိုင်းတွင်းမှာ စိတ်ချသွားရတယ့်အခါ ချန်ရှန်လည်း ခေါင်းဆောင်ဒန် ကို နှုတ်ဆက်ကာ ပြင်းထန်သော သိုင်း ပညာဂိုဏ်း သို့ ပြန်သွားပါတော့တယ် ။
ချန်ရှန် ပျံသန်းနေစဉ်မှာ ဆရာကြီး တန် ရဲ့ လုမျိုး နွယ် နဲ့ မိစ္ဆာလမ်း ဂိုဏ်း တို့ ပူးပေါင်း ကြံစည်မှုကို ဘယ်လို ရင် ဆိုင် ရမလဲ ဆိုတာ စဉ်းစားနေမိတယ် ။
ခြောက်ရက် လောက် ကြာတယ့်အခါ ချန်ရှန် ဟာ ဒန် ရှန် တောင်ယွမ် ၏ စီရင်စု သို့ ရောက်ရှိလာပါပြီ ။ သူဟာ ခပ်မြင့်မြင့် မှ ပျံသန်းနေခြင်း ဖြစ်ပြီး အောက်ဘက်ရှိ လှပ သော မြင်ကွင်းများကို ကြည့်ချင်တာကြောင့် နိမ့်ဆင်း လိုက် တယ် ။ သူအတော်ကိုလည်း ပျင်းနေလို့ပါ ။ သူနိမ့် ဆင်း လာပြီးချိန်မှာပဲ ပြင်းထန်လှသည့် ချီဓာတ်တစ်ခု ရုတ် တရက် ကောင်းကင်ကို ပစ်လိုက်တာ ခံစားလိုက်ရတယ် ၊ တိမ်တိုက်များစွာဟာ ပြန့်ကျဲ သွားပြီး သူလည်း အတော် ကို အံ့အားသင့်သွားပါတယ် ။ အနီးကပ်သွားလိုက်သော အခါ တိုက်ခိုက်သံကို ကြားလိုက်ရပြီး တော်တော် အံ့သြ စရာပါပဲ ၊ တစ်ယောက်ယောက် အောက်မှာ တိုက်ခိုက်နေ တာ ပါ ။
ချန်ရှန် တိမ်တိုက်များတွင်း ပုန်းကွယ်ကာ ခပ်ဝေးဝေး ကို ပျံသန်းသွားလိုက်တယ် ။ တောင်မြင့် တစ်ခုပေါ်မှာ ဆင်းသက်လိုက်ပြီး တိုက်ပွဲဖြစ်ရာကို လေ့လာလိုက်ပါ တယ် ။ အမည်းရောင် ၀တ် လူများစွာဟာ အဖြူရောင် ၀တ် အုပ်စုတစ်စုကို တိုက်ခိုက်နေတာကို မြင်ရတယ် ။
“ဒါတွေက ဒန်ရှန် တောင်ယွမ် ရဲ့ နောက်လိုက်တွေ မလား ၊ ဒီအမည်းရောင်လူတွေက မိစ္ဆာဂိုဏ်းက လူတွေ များလား”
ချန်ရှန် မသေချာသလို ပြောလိုက်တယ် ။ တောင်ပေါ်မှ ဆင်းသက်လိုက်ပြီး သူ၏ ဓားကို ထုတ်လိုက်တယ် ။
အမည်းရောင်ဝတ် လူများဟာ ထူးဆန်းသော လက် နက်များကို ကိုင်ထားကြပြီး သူတို့၏ ချီဓာတ်များမှာလည်း အလွန်ပင် မိစ္ဆာဆန်ကြတယ် ။ နီးကပ်လာတာနဲ့အမျှ ၎င်းတို့ဟာ မိစ္ဆာလမ်းလိုက်သူ သိုင်းပညာရှင်များဆိုတာ ချန်ရှန် အသေချာ သိလိုက်ပါတယ် ။ သူတို့ဟာ ဒန်ရှန် ရဲ့ နောက်လိုက်တွေကို တိုက်ခိုက်နေရုံသာမက ၎င်းတို့ဟာ စစ်မှန်သော သိုင်းပညာဂိုဏ်း နဲ့ သားရဲဂိုဏ်းသားများလဲ ဖြစ်နေကြပါတယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ဒန်ရှန်တောင် ယွမ် နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိနေတာဖြစ်ပြီး မည် သည့် အခါမျှ ပဋိပက္ခ ဖြစ်ပွားခြင်း မရှိပါဘူး ။ ချန်ရှန် ဟာ အချိန်ကိုက် ရောက်ရှိသွားတာဖြစ်ပြီး အားလုံးဟာ မိစ္ဆာ လမ်း သိုင်းပညာရှင်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံ နေရတာပါ ။ ဒါတင်မက ထိုပညာရှင်များဟာ ၎င်းတို့ထက် လည်း သာပါသေးတယ် ။
“စစ်မှန်သော သိုင်းပညာ အဆင့် ၃ က နှစ်ယောက် ပါ လား ၊ ကြည့်ရတာ မိစ္ဆာလမ်းဂိုဏ်းသားတွေဟာ လူရမ်း ကားတွေ ဖြစ်မယ်”
ချန်ရှန် မိုးပြာနဂါး ဓားကြီးကို ထုတ်လိုက်တယ် ။ ယခု အချိန် သူဒီဓားကို အသုံးမပြုဘူးဆိုပါက ဒီကိစ္စကို အလွယ် တကူ ဖြေရှင်း နိုင်မည် မဟုတ်ပါ ။ ဒါ့အပြင် ဒီ စစ်မှန်သော သိုင်းပညာဂိုဏ်းနှင့် သားရဲဂိုဏ်းတို့၏ နောက်လိုက်များ ကို သတိထားရမည် မဟုတ်ပါလား ။
သူ မိုးပြာနဂါး ချီဓာတ်များအား ဓားအတွင်းလောင်း ထည့် လိုက်တယ့် အခါမှာတော့ မိုးပြာရောင်များ တလက် လက် တောက်ပ လို့ နေပါတယ် ။ ချန်ရှန် လှပသော ဓားကြီး ကို ဝေ့ယမ်းကာ လူအုပ်ထဲသို့ တဟုန်ထိုး ပြေး သွား ပါတယ် ။ ဓားကို ပိုင်းချလိုက်ပြီး မိုးပြာရောင် လခြမ်း ပုံလည်း ပေါ်သွားကာ တရွှိရွှိ အသံများ ထွက်ပေါ်လာပါ တော့ တယ် ။ ဒီခုတ်ချက်တစ်ချက်တည်းဖြင့် အဆင့် ၁၀ မော်တယ်ပညာရှင် ၁၀ ယောက်ဟာ လုံးဝ သေဆုံးသွား ခဲ့ ရပါပြီ ။
ချန်ရှန် ချက်ချင်းပင် ချီ မျက်နှာပြင်တစ်ခုကို ဖန်တီး လိုက်ပြီး ထိုအရာဟာ အမည်းရောင်လိပ် အကာကွယ် တစ် မျိုး ဖြစ်ပါတယ် ။ မမြင်နိုင်သော ချီဓာတ်များဖြင့် ဖွဲ့ စည်းထားသော ချီအကာအကွယ်မှာ အလွန်ပင် ခိုင်ခံ့လှ ပြီး သက်ရောက်မှုများအား ခံနိုင်ရည်အား ရှိပါတယ် ။
ဒန်ရှန်တောင်ယွမ် ၏ နောက်လိုက်များဟာ တစ်စုံ တစ်ဦး သူတို့ကို လာကယ်တာ တွေ့ ပြီးနောက် လာကယ် သူ ၏ လက်နက်ဟာ သူတို့ ကြားဖူးနေကြ လက်နက် ဖြစ် တာ ကို တွေ့ ရှိလိုက်ကြရတယ် ။ ချန်ရှန်မှန်း သိသွားကြ သောကြောင့် အားလုံးဟာ စိတ်သက်သာရာ ရသွားကြပါ တယ် ။ ချန်ရှန် ရောက်လာတာနဲ့ အဆင့် ၁၀ မော်တယ် ပညာရှင် ၁၀ ဦးဟာ သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား ။
ချန်ရှန် လည်း အမဲလိုက်ခြင်း ချီဓာတ်များအား အလွန် ပြင်းထန်စွာ ထုတ်လွှတ်နေပြီး တချိန်တည်းမှာပဲ မိစ္ဆာလမ်း ဂိုဏ်းသားများမှာ အတော် လန့်နေကြပါပြီ ။ သူတို့ မိစ္ဆာ နတ်ဆိုးနှင့် တွေ့ နေရပြီ မဟုတ်ပါလား ။
ချန်ရှန် ၏ ဓားကြီးဟာ ကခုန်နေသော မိုးကြိုးသွား လို ပါပဲ ။ မိစ္ဆာလမ်း ပညာရှင်များအား သေဆုံး ဒဏ်ရာရစေပြီး အပိုင်းပိုင်း အစစ ကို လုပ်ပစ်နိုင်နေပါတယ် ။ မျက်စိတ မှိတ် အတွင်းမှာပဲ အဆင့် ၃ ပညာရှင် ၂ ဦးသာ ကျန်ရှိနေ ပါ တော့တယ် ။
“ချန်ရှန် ၊ ငါတို့ အရိုးပြောင်း အင်အားစုဟာ မင်းကို သွားခွင့် ပြုမှာ မဟုတ်ဘူး”
မျက်စိတဖက်လပ် လူက ပြောနေရင်း သူ့ဘေးရှိ ပိန်ပိန် ရှည်ရှည် လူထံသို့ ပုံဆောင်ခဲ တစ်ခုအား ပစ်သွင်း လိုက်ပါတယ် ။ ပိန်ပိန်နဲ့ လူဆီသို့ ရောက်ရှိသွားသော ပုံ ဆောင်ခဲဟာ အလွန်ကို ပြင်းထန်လှပြီး ထိုလူဟာ ချန်ရှန် ဆီသို့ ပျံသန်းလာပါတော့တယ် ။ စူးစူးဝါးဝါး အော်မြည် ပြီး ထိုလူ၏ ကိုယ်ဟာ အမည်းရောင် အဆိပ်ရည် အဖြစ်သို့ ပြောင်းလဲသွားကာ ချန်ရှန် ကို ပက်လိုက်သလို ဖြစ်သွားပါ တယ် ။
ချန်ရှန် လည်း ခြေလှမ်းအနည်းငယ် လှမ်းကာ ရှောင် တိမ်းလိုက်တယ် ။ ဒီမိစ္ဆာလမ်းဂိုဏ်းမှ လူများ ယခုလောက် ရက်စက် လိမ့်မည်ဟု သူမထင်ထားမိပါ ။ လွတ်မြောက်ဖို့ အတွက် ကိုယ့်လူကိုယ် စတေး လိုက်ခြင်းပါပဲ ။
မျက်စိ တဖက်လပ် လူ စဉ်းစားမိတာက သူယခုလို လုပ် လိုက်တယ့် အတွက် ချန်ရှန် ခဏတော့ နှောင့်နှေး သွားမည်ဖြစ်ပြီး သူလျင်လျင်မြန်မြန် ထွက်ပြေးလို့ ရမယ် လို့ ပါ ။ သို့သော်လည်း သူသိပ်ဝေးဝေး မပြေးနိုင်ခင်မှာပဲ သူ့နောက်မှ လေးလံလှသော ဖိအားတစ်ခု သက်ရောက် လာ သလို ခံစားလိုက်ရပါတယ် ။
ချန်ရှန် သူ၏ ချီဓာတ်များဖြင့် မျက်စိတဖက်လပ် အား ဖိနှိပ်ထားရင်း ဓားကြီးကို မြောက်ကာ ခုတ်ချလိုက်ပါတော့ တယ် ။ ထိုလူလည်း အစိတ်စိတ် အမွှာမွှာ ဖြစ်ကာ သေဆုံး သွားရပါတယ် ။
ဒန်ရှန် တောင်ယွမ် ၏ နောက်လိုက်များ ၊ စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် သားရဲဂိုဏ်းတို့ရဲ့ နောက်လိုက်များ ဟာ ဒါကိုမြင်တယ့် အခါ အတော် တုန်လှုပ်နေမိကြတယ် ။ ခုနကပဲ ၎င်းတို့ဟာ အတော်ကို ရုန်းကန် တိုက်ခိုက်နေရ တာ ဖြစ်ပြီး သူတို့သာ ဆက်တိုက်ခံနေရမည် ဆိုပါက သေ ဆုံးကြမည် မှာ အမှန်ပါပင် ။ ချန်ရှန် ရောက်ရှိလာမယ်လို့ သူ တို့ဟာ မမျှော်လင့်မိခဲ့ကြပေ ။ ချန်ရှန်ဟာ တစ်ယောက် တည်းဖြင့် အရိုးပြောင်း အင်အားစု ရဲ့ နောက်လိုက်များ အား သုတ်သင် ပစ်လိုက်ပါပြီ ။
“ဒါ ပြင်းထန်သော သိုင်းပညာဂိုဏ်းက အသက်အ ငယ် ဆုံး ပညာရှင်မလား ၊ သလင်းကျောက် ၁၀ သန်းတန် တဲ့ ချန်ရှန် ဆိုတာပေါ့”
ဒန်ရှန် တောင်ယွမ် မှ နောက်လိုက်တစ်ဦးက ပြောဆို လိုက်တယ် ။
“သေချာတယ် ထင်တယ် ။ သူ့ပုံစံတော့ မတူပေမယ့် သူ့ဓားကြီးကတော့ အလိုရှိသည် ဆိုတဲ့ ပိုစတာ ထဲက ဓား ကြီး နဲ့ ချွတ်စွပ်ပဲ”
နောက်လူ တစ်ဦးကလည်း ပြောပါတယ် ။
ဒန်ရှန် တောင်ယွမ် ၏ ဂိုဏ်းသားများဟာ အလွန်ကို ကျေးဇူးတင်နေကြပေမယ့် သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်း တို့မှ လူများကတော့ သူတို့၏ လက်နက် များ ကို ထုတ်ကာ လောဘတကြီး ကြည့်နေကြပါတယ် ။ သူတို့ဟာ လူအများကြီး ဖြစ်တာကြောင့် ချန်ရှန်ကို ဖမ်း နိုင် လိမ့်မည် ထင် နေကြပါတယ် ။ သလင်းကျောက် ၁၀ သန်း ကို သာမက ချန်ရှန် လက်ထဲမှ ရတနာ ဓားကိုပါ ရနိုင်မည် မဟုတ်ပါလား ။
“ကျေးဇူးကန်းတဲ့ ကောင်တွေ ၊ ရပ်စမ်း”
ဒန်ရှန် တောင်ယွမ် ၏ သက်လတ်ပိုင်းအရွယ် လူတစ် ဦး က အော်ပြောလိုက်တယ် ။ လှံရှည်တစ်ခုကို ကိုင်ကာ ချန်ရှန် ၏ ရှေ့ သို့ ပျံသန်းသွားပြီး ရန်သူများကို တားလိုက် တယ် ။
၎င်းတို့၏ ခေါင်းဆောင် လုပ်ရပ်ကို မြင်တယ့်အခါ ဒန် ရှန် ရဲ့ နောက်လိုက်များဟာ တစ်ဦးချင်း ပြေးလာပြီး ရန် သူ များကို ချိန်ရွယ်ထားလိုက်ကြပါတယ် ။
“ဒန်ရှန်တောင်ယွမ်က စီနီယာ ၊ ဂျူနီယာတို့ ခင်ဗျား တို့ အားလုံး ကျွန်တော့ နောက်မှာနေပါ”
ချန်ရှန် အော်ပြောလိုက်တယ် ။ တည်ငြိမ်လှပြီး အေး စက် စက် ဟန် ကို သူ့မျက်နှာမှာ တွေ့ နိုင်ပါတယ် ။ ခုနကပဲ သူဟာ ၎င်း တိုိ့ကို ကယ်ထားခြင်းဖြစ်ပြီး ဒါကို ကျေးဇူးကန်း ရုံသာမက သူ့ကိုပါ တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ မဟုတ် ပါ လော . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset