Switch Mode

Chapter – 213

နတ်လက်နက်ဂိုဏ်းနှင့် ရေခဲလေတောင်ကြား

Chapter – 213 နတ်လက်နက်ဂိုဏ်းနှင့်ရေခဲလေတောင်ကြား

ချန်ရှန် သူ့ခေါင်းကို ကုတ်ကာဖြင့် –
“ကျွန်တော့ကို ဘယ်လို ခွင့်မလွှတ်ဘူးလဲ ဆိုတာကို သိချင်မိတယ်ဗျ”
ပြောနေရင်းဖြင့် ချန်ရှန် ဟာ လျူမန်ဂါ ၏ ယုန်လေး များ နေရာကို လက်ဖြင့် ညွှန်ပြလျက် ရှိတယ် ။
လျူမန်ဂါ ခြေကိုဆောင့်လျက် မကျေမနပ်တွေ ဖြစ်လို့ နေ ပါ တယ် ။
သူမတကယ်ပဲ ချန်ရှန် ကို မပြောနိုင်ပါပေ ။ သူမ ဘယ် လိုမှ ချန်ရှန်ကို ရက်ရက်စက်စက် မလုပ်နိုင်ဘူးဆိုတာကို လည်း သူမကိုယ် သူမ သိနေတယ် ။ သူမ အနေဖြင့် ရှင် သန် လာတာ ကြာပြီ ဖြစ်ပြီး ယခုလို အခြေအနေမျိုးကို ယခု မှသာ ကြုံတွေ့ နေရတာပါ ။
ချန်ရှန် သူ၏ လက်ကို ခါရင်း –
“အမတော် မန်ဂါ ၊ ခင်ဗျားက မနာလို ဖြစ်နေတာလား ၊ ခင်ဗျား က ကျွန်တော် နဲ့ လန်ယုလန် တို့ရဲ့ နီးကပ်မှုကို လာ ကန့်သတ်နေတာပဲ ၊ အဲဒိတော့ ခင်ဗျား ရင်ထဲ ဘယ်လိုများ ရှိနေသလဲ မသိ ဟဲဟဲ”
“မင်း မှာက ကောင်းတယ့် ရည်ရွယ်ချက် ရှိမှာ မဟုတ် ဘူး ။ အပြင်ပိုင်းမှာတော့ မင်းက သူနဲ့ မောင်နှမပေါ့ ။ ဒါ ပေမယ့် အခုတော့ ဟက် ဟက်”
လျူမန်ဂါ ခပ်တိုးတိုး ပြောတယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျားက သိပ်တွေးလွန်းတာပဲ”
ချန်ရှန် ရယ်မောနေတယ် ။
လျူမန်ဂါ ချန်ရှန် ဘေးနားရှိ ခုံတွင် ၀င်ထိုင်ကာ အ လော တကြီး ဖြင့် –
“ယုလန် ဆိုတဲ့ ကောင်မလေး က အရိုင်းလေးကွ ၊ သူသာ မင်းနဲ့ လိုက်မယ် ဆိုရင် သူလည်း မင်းလုပ်ခဲ့တာ တွေထက် မသာတောင် အဲဒါတွေထက်တော့ လျော့မှာ မ ဟုတ်ဘူး ။ မင်းနဲ့ သူနဲ့က အဆင့်တွေ ကွာတယ် ။ သူ သာ သူ့စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ မလေ့ကျင့်ဘူးဆို လာမယ့် နှစ် အနည်းငယ်အတွင်း ရှင်သန်နိုင်မှာ မဟုတ်ဘူး”
“နှစ်အနည်းငယ် အတွင်းလား ၊ ဘာဖြစ်မှာလဲ”
ချန်ရှန် အံ့သြတကြီး မေးလိုက်တယ် ။ နယ်ပယ် သုံးခု ကြားက တိုက်ပွဲကြီး ဖြစ်မယ် ဆိုတာကိုတော့ သူခန့်မှန်း မိ ပြီးသားပါ ။
တကယ်ပဲ လျူမန်ဂါ ဟာ တည်တည် ငြိမ်ငြိမ်ဖြင့် –
“လွန်ခဲ့တယ့် နှစ်ပေါင်းများစွာက နတ်လက်နက် ဂိုဏ်း တည်ထောင်သူ စကားအရ လာမယ့် နှစ်အနည်းငယ် အ တွင်းမှာ ကပ်ဘေးဆိုးကြီး တစ်ခု ရုတ်တရက် ကျရောက် လိ့မ်မယ် ။ လက်ရှိမှာ မင်းတို့ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းဟာ ပြင်ဆင်မှုတွေ လုပ်နေသလို ချန်ဝူနယ်မြေ ရဲ့ အားလုံးသော အင်အားစုတွေဟာလည်း ဒီလိုပဲ လုပ်နေကြ တယ် ။ မိစ္ဆာလမ်းဂိုဏ်းတွေတောင် သယံဇာတတွေ စတင် စုဆောင်း လုယူနေကြပြီ”
“ဒါကြောင့်ပဲ ယုလန်နဲ့ အတူမနေခိုင်းတာ ၊ သူ့ရဲ့ အခြေ ခံက အတော် ကောင်းတယ် ။ နှစ်အနည်းငယ်အတွင်း သူ စွမ်းအားတွေ အတော်ပဲ တိုးတက်လာလိမ့်မယ် ။ အဲဒိအခါ ကျ သူရှင်သန်နိုင်မှာပေါ့”
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်လိုက်ပြီး အိတ်အတွင်း မှ ကမ္ဘာ့ ဗဟိုချက် သစ်သီးအစိတ် သုံးခုကို ထုတ်ယူလိုက်ပါ တယ် ။ ထို့နောက် လျူမန်ဂါ ဆီသို့ ပေးလိုက်ပါတော့တယ်။
လျူမန်ဂါ ဒီအသီးကို မြင်တယ့် အခါ သူမ၏ မျက်လုံး များ ဟာ တဖြတ်ဖြတ်ဖြင့် လက်သွားတယ် ။ ဒီအသီးဟာ အလွန်ကို တန်ဖိုးကြီးမယ် ဆိုတာ သူမ သိနေတယ် လေ။
“တစ်စိတ်က ခင်ဗျား အတွက် ၊ ၂ ခုက ရှန်းရှန်း အတွက် ။ အခုမစားနဲ့ဦး ၊ ပြန်ရောက်မှသာစားပါ”
“ဘာလို့ ငါ့ကျ တစ်စိတ်ထဲလဲ ။ မမျှတလိ်ုက်တာ”
လျူမန်ဂါ ငြူစူကာ ပြောတယ် ။
ချန်ရှန် လျူမန်ဂါ ၏ ရင်ဘတ်ကိုကြည့်ရင်း ရယ်မော ကာ –
“ရှန်းရှန်း က ကျွန်တော့ မိန်းမလေ ၊ ဒါတော့ ဘက် လိုက် ရမှာပဲ ။နောက် ခင်ဗျားက ကျွန်တော့ ရည်းစား တောင် မဟုတ်ဘူး ။ အခု ခင်ဗျားကိုတစ်စိတ်ပေးတယ် ဆို တာကလည်း ခင်ဗျားရဲ့ ယုန်လေးတွေကို ကျွန်တော် မြင် ဖူး လို့လေ ဟားးဟားး”
လျူမန်ဂါ ၏ မျက်နှာ တဖန်ပြန်လည် နီရဲသွားကာ လေ သံ တီးတိုးဖြင့် –
“ငါမင်းကို ဒီအကြောင်း ထပ်ပြောမနေနဲ့ လို့ ပြောခဲ့ တယ် မလား”
ပြောနေရင်းဖြင့် သူမဟာ သူမ၏ သွယ်လျသော လက် ဖြင့် လျှပ်စီးအားတစ်ခုကို ထုတ်လိုက်ပြီး ချန်ရှန် ခေါင်းသို့ ထိမှန်သွားပါတယ် ။ ခပ်ဖြည်းဖြည်းသာ ထိလိုက်ခြင်းဖြစ် ပြီး သူမ ဒီလို တိုက်ခိုက်ဖို့ စိတ်မပါလှပါချေ ။
လျူမန်ဂါ အစိတ် ၃ စိတ်ကို ရရှိပြီးနောက်မှာတော့ ချန် ရှန် ရယ်မောကာဖြင့် –
“ခင်ဗျား ခိုးမစားနဲ့နော် ၊ ကျွန်တော် ရှန်းရှန်းကို ပြန် မေး ကြည့် မှာ”
“မင်းက ငါ့ကို မယုံဘူးလား”
လျူမန်ဂါ ခပ်တိုးတိုး မာန်မဲလိုက်တယ် ။
“ငါက မင်းမိန်းမရဲ့ ဆရာ ၊ မင်းက ငါ့ကို ထပ်ခါထပ်ခါ ကို ရိုင်းစိုင်းနေတာပဲ ။ ငါတောင် မင်းကို ဒီလို မပြောဖူးဘူး”
ချန်ရှန် သူ၏ နှုတ်ခမ်းကို မဲ့ကာဖြင့် –
“အကုန်လုံး လိုက်လုပ်ပေးနေတာတောင် သူစိမ်းလို့ သတ်မှတ်တုန်းပဲလား ။ ခင်ဗျားရဲ့ ရင်ဘတ်က ဖဲကြိုးကို ကျွန် တော် နတ်လက်နက် အဖြစ်တောင် ပြောင်းလဲပေးခဲ့ တယ် မဟုတ်လား”
အနီရင့်ငှက် နတ်လက်နက် အကြောင်းကို ပြောလိုက် တဲ့ အခါမှာတော့ လျူမန်ဂါ ချန်ရှန် ကို အတော် ကျေးဇူး တင်ရန် သတိရသွားတယ် ။ ယခုအခါ ၎င်းလက်နက် ဟာ သူမ ၏ ကိုယ်ပိုင်လက်နက်အဖြစ် ပိုင်ဆိုင်နေပြီ ဖြစ်ပြီး သူမ ၏ သွေးသားများ နှင့် ပါ ပေါင်းစပ်ထားသလို ဖြစ်ကာ သူမ လည်း ပိုမို အစွမ်းထက်လာသလို ခံစားခဲ့ရတာပါ ။
ချန်ရှန် မေးလိုက်ပြန်တယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျား နဲ့ ဆေးဆရာမကြီးက ဘယ် လို ပတ်သက်လဲ ။ ခင်ဗျားက ဘာလို့ ရေခဲလေတောင် ကြား ဂိုဏ်းချုပ် အ၀တ်အစား ၀တ်ထားရတာလဲ”
“ငါ က သူနဲ့ ဘာမှ လုပ်စရာတော့ မရှိပါဘူး ။ လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာတည်းက ရေခဲလေတောင်ကြား ရဲ့ ဂိုဏ်း ချုပ် ဟာ ဒီလိုပဲ ။ နောက် နတ်လက်နက်ဂိုဏ်းချုပ်ရဲ့ ထိန်း ချုပ်မှုအောက်မှာ နေရတာ။ ငါက နတ်လက်နက် ဂိုဏ်းကို နတ် လက်နက် အင်ပါယာအဖြစ် ပြောင်းလဲခဲ့ပြီး ပိုမို ကောင်းမွန်တဲ့ အစီအမံတွေ ပြုလုပ်ခဲ့တယ် ။ ရေခဲတောင် ကြား မှာလည်း အချိန် အတော်ကြာ နေခဲ့တယ်”:
လျူမန်ဂါ ပြန်ပြောပါတယ် ။ အခုအခါ ချန်ရှန် အနေနဲ့ အကုန်လုံးကို နားလည်ခဲ့ပါပြီ ။ လျူမန်ဂါဟာလည်း ချန်ရှန် ကို ယုံယုံကြည်ကြည်နဲ့ ပြောပြခဲ့ခြင်းပါ ။
အဘယ်ကြောင့်ဆိုသော် ချန်ရှန် မှာ လျို့ ဝှက်ချက် များ စွာ ရှိနေတယ် ဆိုတာကို သူမ သိနေပါတယ် ။ ချန်ရှန် လဲ ထို့ အတူပါပင် ၊ လျူမန်ဂါ ကို ယုံကြည်မိတယ် ။
“ခင်ဗျား သွားလိုက် ပြန်လိုက်နဲ့ မမောဘူးလား”
နတ်လက်နက် ဂိုဏ်း နှင့် ရေခဲလေ တောင်ကြား တို့ ၏ လျို့ ဝှက်ချက်ကို သိပြီးနောက် ချန်ရှန် အတော် အံ့သြသွား တယ် ။
“ဒါက ရှေးတုန်းတည်းက ရေခဲလေ တောင်ကြား နဲ့ နတ် လက်နက် အင်ပါယာ ကြားမှာ ရှိနေတယ့် ထူးဆန်းတဲ့ ၀င်ပေါက်လို နေရာ ကြောင့် အစဉ်ပြေတာ ။ ဒီလို ထူး ဆန်း တဲ့ အစီအရင်ကို လုပ်ဖို့ သလင်းကျောက် အနည်းငယ်ပဲ လို အပ် တယ် ။ မျက် စိတစ်မှိတ် အတွင်းမှာ ငါဟာ အ သွား အပြန် ကို အေးဆေး လုပ်နိုင်တယ်လေ ၊ ဘယ်သူမှ သွား မပြောနဲ့”
လျူမန်ဂါ ခပ်ငေါက်ငေါက် ပြောလိုက်တယ် ။
“သိပြီ ၊ သိပြီ ၊ ဆေးဆရာမကြီးလည်း ဒီလိုပဲ ပုံစံ နှစ် မျိုး နဲ့ ရှိနေတာများလား ၊ သူက ဒန်ရှန်တောင်ယွမ် ရဲ့ ဂိုဏ်း ချုပ် ဖြစ်ရမယ်”
ချန်ရှန် သူ၏ လက်များကို ပွတ်သပ်ရင်း ပြောပါတယ် ။
လျူမန်ဂါ မျက်မှောင် ကြုတ်ကာဖြင့် –
“ငါလည်း မသင်္ကာ ဖြစ်မိတယ် ။ အမှန်တိုင်းပြောရမယ် ဆိုရင် ဒန်ရှန် ရဲ့ ဂိုဏ်းချုပ် ဟာလည်း ငါ့ရဲ့ ရေခဲလေ မှာ နေတဲ့ ပုံစံအတိုင်းပဲ အတော်လေးကို လျို့ ဝှက်လှတယ်”
“နောက်ဆုံးတစ်ခေါက် ကျွန်တော် ရဲ့ ဆေးပညာကို ဒန်ရှန် ရဲ့ ဂိုဏ်းချုပ် ဆီမှာ သင်ခဲ့တယ် လို့ ပြောတော့ သူက လုံးဝ သေချာနေတယ့် ပုံစံနဲ့ ပြောတာဗျ”
ချန်ရှန် ပြောလိုက်တာပါ ။
“ကျွန်တော် ပြန်ရောက်ရင် မေးစမ်းကြည့်ဦးမယ်”
လျူမန်ဂါ အနည်းငယ် တုန်လှုပ်သွားတယ် ။ ခဏအ ကြာ မှာမေးလိုက်တယ် ။
“မင်းရဲ့ ဆေးပညာက ဆေးဆရာမကြီးဆီက သင်တာ မဟုတ်ဘူးလား”
ချန်ရှန် ပြုံးကာဖြင့် –
“မဟုတ်ဘူး ၊ ဒါက ကျွန်တောရဲ့ လျို့ ဝှက်ချက်လေ”
“ဟွန်း ၊ ကြည့်ရတာ မင်းနဲ့ ဆေးဆရာမကြီးလည်း ဆက်ဆံရေး ကောင်းမွန်ပုံပဲ ။ မင်းခုနက ပြောခဲ့တယ် မလား ၊ သူ့ကို ဟိုလို မြင်ဘူးတယ် ဆိုလို့ . . .”
လျူမန်ဂါ ရုတ်တရက် ပြောနေရင်း တန့်သွားတယ် ။
“ခင်ဗျားကို အရူးလုပ်တာပါ ၊ ဟားဟား . . .”
ချန်ရှန် ရယ်မောလိုက်ပါတယ် ။
လျူမန်ဂါ အံကြိတ်ကာဖြင့် –
“မင်း မြန်မြန် မင်းဂိုဏ်းကို ပြန်တော့ ၊ မိစ္ဆာလမ်း ဂိုဏ်း က လူတွေက ငြိမ်နေမှာမဟုတ်ဘူး ။ တချို့ ဂိုဏ်းကြီးတွေ က လည်း ဒီစီရင်စု သေးသေးလေးမှာ လုပြီးနေတယ် ၊ သူ တို့ကလည်း သယံဇာတတွေ ရှားပါးနေကြတယ်လေ။ လာ မယ့် မုန်တိုင်းကို ကြံ့ကြံ့ခံနိုင်ဖို့ သယံဇာတတွေက နေရာ တိုင်းမှာ လိုအပ်နေတယ် ။ ဒီကကိစ္စတွေကို ငါနဲ့ ထား လိုက်”
“ကျေးဇူးပါ အမတော် မန်ဂါရေ”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ် ။
လျူမန်ဂါ က ဒေါသတကြီးဖြင့် –
“မင်းက ခုနက ပြောတယ် ငါက မင်းကို သူစိမ်းလို ဆက်ဆံတယ်တဲ့ ၊ မိစ္ဆာဂိုဏ်းနဲ့ လက်ယာဂိုဏ်းတွေဟာ ပဋိပက္ခ ဖြစ်နေကြတယ် ။မင်းဂရုစိုက်သင့်တယ် ။ နောက် ခု ကစပြီး မင်းယုလန် နဲ့ ခပ်ခွာခွာနေ ၊ သူက မင်း အ ကြောင်း ကို စဉ်းစားနေရင် သူ့ကျင့်စဉ်တွေ အတွက် တိုး တက် မှာ မဟုတ်ဘူး ။ မင်းသူ့အတွက် ငဲ့ပါ”
“နောက်ပြီး နေရာတကာ မိန်းကလေးတွေနဲ့ ပတ်သက် မနေနဲ့ ၊ မင်းမှာ ယုလန် နဲ့ ရှန်းရှန်း ရှိနေပြီပဲ ၊ ဒီ ၂ ယောက် နဲ့ တင် မလုံလောက်သေးဘူးလား”
လျူမန်ဂါ မျက်လုံးထဲမှာ ရှန်းရှန်းသာမက ယုလန်ကို ပါ ချန်ရှန်အပိုင်လို့ သတ်မှတ်ထားပုံပါ ။ ယခု အချိန် သူတို့ ဆက် ဆံ ရေးဟာ မောင်နှမ ဆက်ဆံရေး ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ဘယ်လိုမှ မပြောနိုင်ဘူး မဟုတ်ပါလား။
ချန်ရှန် နှုတ်ခမ်းကို မဲ့ကာဖြင့် –
“အခု ခင်ဗျား နဲ့ အတူ ရှိနေတာကော မိန်းမတစ်ဦး နဲ့ ပတ်သက်နေရတာပဲ မဟုတ်ဘူးလား”
“ဟွန်း မင်းက တကယ်ကို ငရှုပ်ပဲ”
လျူမန်ဂါ ဆွံ့ အနေမိတယ် ။ သူမ ချန်ရှန် နှင့် ဆုံမိချိန် တိုင်းမှာ ချွေးပြန်နေရတယ် ။ တစ်ခုခုကို ဆုံးရှုံးနေရသလို လည်း ခံစားနေရပါတယ် ။
“ဟဲဟဲ ၊ ရှန်းရှန်းနဲ့ ယုလန် တို့ နှစ်ယောက်လုံးဟာ ကျွန် တော် နဲ့ နီးနီးကပ်ကပ် ရှိကြပေမယ့် သူတို့ရဲ့ ယုန် လေးတွေကို မတွေ့ ဖူးသေးဘူး ၊ ဒါပေမယ့် အမတော် မန် ဂါ ကတော့ ဟဲဟဲ . . .”
ချန်ရှန် ပြောပြီးတာနဲ့ အခန်းထဲမှ အလျင်မြန် ပြန်ထွက် လိုက်ပါတယ် ။ လျူမန်ဂါ ထပ်ခါတလဲလဲ ကျိန်ဆဲနေသံကို သူ တစွန်းတစ ကြားမိနေဆဲပါ ။
လျူမန်ဂါ သူမ၏ မျက်နှာအား ပိတ်စဖြင့် မြန်မြန်ဖုံး ကာထားလိုက်တယ် ။ ချန်ရှန် ၏ နောက်သို့ မြန်မြန်လိုက် သွားကာ သူ၏ လက်ကို ကိုင်ကာ –
“မင်း ယုလန် ကို ငါ့သရုပ်မှန် အကြောင်း မပြောပါနဲ့”
“ကျွန်တော့ကို နမ်းလေ ၊ ကျွန်တော် မပြောဖူးလို့ ကတိ ပေးတယ်”
ချန်ရှန် ရယ်မောကာ ပြောဆိုလိုက်ပါတယ် ။
“ခွေးကောင်လေး ၊ မင်းတစ်နေ့တော့ နာတော့မှာ”
လျူမန်ဂါ အံကြိတ်ကာ ပြောလိုက်ပါတယ် ။
ဟောခန်းထဲ ရောက်တယ့်အခါ လန်ယုလန် ချန်ရှန် ၏ ဘေးသို့ အလျင်အမြန် လျှောက်လာတယ် ။ ချန်ရှန် ၏ မျက် နှာ မှ စပ်ဖြဲဖြဲ အမူအရာကို တွေ့ လိ်ုက်ရသောအခါ သူမ သက်ပြင်းချလိုက်မိပါတယ် ။ ထိုအချိန်မှာပဲ လျူမန်ဂါ ဟာ နောက်တကြိမ် အေးစက်စက်ချီဓာတ်များအား ထုတ် ကာ ပိုမို အေးစက်စေလိုက်တယ် ။ သူမ ဒေါသထွက်နေ သကဲ့သို့ ပုံဖမ်းလိုက်တာပါ ။
“ယုလန် ၊ မင်းမြန်မြန် ရေခဲလေ တောင်ကြားကို ပြန် တော့ ၊ အရေးကြီးကိစ္စတွေ ကြေညာစရာရှိတယ်”
လျူမန်ဂါ အေးစက်စွာ ပြောလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset