Switch Mode

Chapter – 212

အသွင်နှစ်မျိုး

Chapter – 212 အသွင်နှစ်မျိုး

လန်ယုလန် သူမ၏ အ၀တ်အစားများကို သေသေ သပ်သပ် ပြင်ဆင်ကာ အနီရောင် ချပ်ဝတ်တစ်ခုကိုပါ ၀တ် လိုက် ပါတယ် ။ မနေ့ညက သူမ အ၀တ်အစားဖရိုဖ ရဲ ဖြင့် ချန်ရှန် နှင့်အတူ အိပ်ပျော်သွားသည့် အဖြစ်ကို တွေးမိသောအခါ ခေါင်းငုတ်လျက် မျက်နှာနီရဲသွားပါ တယ် ။ ချန်ရှန် ကိုပင် စေ့စေ့မကြည့်ရဲတော့ပေ ။
ချန်ရှန် ထင်ခဲ့မိတာက ရေခဲလေ တောင်ကြား ဂိုဏ်း ချုပ်ဟာ ဒန်ရှန်တောင်ယွမ် မှ ဂိုဏ်းချုပ်လိုပဲ လျို့ ဝှက် ဆန်းကြယ်လိမ့်မည် လို့ပါ ။ ဒန်ရှန် မှ ဂိုဏ်းချုပ်က ဘယ် တော့မှ လူရှေ့ ကို ထွက်လေ့မရှိပါပေ ။ ယခု ထိုသို့သော လျို့ ဝှက်ဆန်းကြယ် အမျိုးသမီးဟာ တကယ်ပဲ လာနေ တာ ကြောင့် ချန်ရှန်သာမက လန်ယုလန် ပါ တမျိုးတဖုံ အံ့အားသင့်လို့ နေပါတယ် ။
“ဘာလို့ မင်းရဲ့ ဂိုဏ်းချုပ်က ဒီကို လာရတာတုန်း”
ချန်ရှန် အခန်းထဲမှ ထွက်ကာ လန်ယုလန် နောက် လိုက်ခဲ့တယ် ။ ထိုအချိန်မှာပဲ အေးစက်သော ခံစားမှု တစ်ခု ရုတ်တရက် ခံစားလိုက်ရပြီး ဒါဟာ ဂိုဏ်းချုပ်ထံ မှ ထွက်သော ချီငွေ့ တစ်မျိုးပါပဲ ။ ဒီလိုမျိုးအရာဟာ အစွမ်း ထက် ပုဂ္ဂိုလ်များမှာသာ ရှိလေ့ရှိပြီး ဒီလို ထူးဆန်းသော ချီဓာတ်များ ထွက်နေမှုဟာ တဖက်လူများကို ထိတ်လန့် နေစေပါတယ် ။ ဒါ့အပြင် တခြားလူများနဲ့ မတူ တမူထူး ခြား စေပါသေးတယ် ။
များစွာသော ဂူလမ်းကြောင်းများကို ဖြတ်သန်းပြီး ချန်ရှန် တို့ဟာ ဟောခန်းတစ်ခုတွင်းသို့ ရောက်ရှိလာကြ ပါတယ် ။ ခေါင်းဆောင် ဒန် နှင့် တခြား စစ်မှန်သော သိုင်း ပညာရှင် နှစ်ဦးမှာလည်း ရောက်ရှိနေကြတယ် ။ ၎င်းတို့ ဟာ တုန်လှုပ်နေလျက် ရှိကြပြီး သူတို့ ရှိနေသည့် အခန်း ဟာ အေးစက်လျက် ရှိနေပါတယ် ။ ထိုင်ခုံပေါ်မှာတော့ အမျိုးသမီးတစ်ဦး အမည်းရောင် ၀တ်စုံကို ၀တ်လျက် တည်ငြိမ်စွာ ထိုင်နေတယ် ။ သူမ၏ မျက်နှာကို အဖြူရောင် အ၀တ်ပါးဖြင့် အုပ်ထားပြီး သူမဟာ လုံခြုံစွာ ၀တ်ဆင် ထား ပေမယ့်လည်း သူမ၏ ကျက်သရေရှိသော ဟန်ပန်ကို မဖုံး လွှမ်းနိုင်ပါဘူး ။
ဒီအမျိုးသမီးဟာ တကယ်ပဲ ရေခဲလေ တောင်ကြား ၏ ဂိုဏ်းချုပ်ပင် ဖြစ်ပါတော့တယ် ။
ဂိုဏ်းချုပ်ကို ကြည့်ရင်း ဆေးဆရာမကြီး နှင့် ဒီဂိုဏ်း ချုပ်တို့ကို ဝေခွဲရခက်နေပါတယ် ။ သူတို့ဟာ လျို့ ဝှက် ချက် များ ကိုယ်စီရှိနေကြပြီး လူသိမခံချင်ကြပါဘူး ။ ယုတ်စွ အ ဆုံး သူတို့၏ မျက်နှာ ကို နေမင်းကြီးကိုပင် ပြခဲ့ဖူးရဲ့ လား မသိ ပါချေ ။
ချန်ရှန် ဂိုဏ်းချုပ် မျက်လုံးကို မမြင်ရပေမယ့် သေချာ သည့် အချက်မှာ ဂိုဏ်းချုပ်ဟာ သူ့ကို ကြည့်နေတယ် ဆို တာ ပါပဲ ။ အနည်းငယ်ပင် ထိတ်လန့်သလို ဖြစ်သွားပါ တယ် ။
“မင်းက ချန်ရှန်လား ၊ မဆိုးပါဘူး”
ဂိုဏ်းချုပ် ၏အသံဟာ ခံစားချက် ကင်းမဲ့ပုံပါ ။ အေး စက်ပြီး ရေခဲလိုပါပဲ ။ ထိုသို့သော အသံကို ကြားသည့် မည် သူမဆို ကြောက်ရွံ့ သွားစေမည်မှာ အမှန်ပါပင် ။ ညအချိန် လိုမျိုးမှာသာ ဂိုဏ်းချုပ်ဟာ ရောက်လာပြီး ယခုလို ပြော မည် ဆိုပါက မည်သည့် အေးစက်သော ချီဓာတ်မျှ မထုတ် လွှတ်သည့်တိုင် အတော် ကြောက်မက်ဖွယ်ကောင်းနေ မည်မှာ အမှန်ပါပင် ။
ခေါင်းဆောင် ဒန် နှင့် တခြားလူများဟာ မတ်တပ်ရပ် နေ ကြတယ် ။ ၎င်းတို့အားလုံး မထိုင်ဝံ့ကြချေ ။ ရေခဲ လေ တောင်ကြားဂိုဏ်းမှ ဂိုဏ်းချုပ် ရုတ်တရက် ပေါ်လာ ခြင်းဟာ သူတို့အတွက် အိပ်မက်လိုပါပင် ။ သို့သော်လည်း ယခု ရောက်လာပုံထောက်ရင် ၎င်းဟာ ကိစ္စရပ်မှာ ကြား ၀င် ပတ်သက်တော့မည့် ပုံစံပါပဲ ။
ချန်ရှန် အရိုအသေ ပြုလိုက်ပြီးချိန်မှာပဲ ရုတ်တရက် လောင် ဆု ရီ ၏ အော်သံကို ကြားလိုက်ရတယ် ။
“ဒါ အမတော် မန်ဂါ မလား ၊ သေချာပါတယ် သူပါပဲ ၊ ကျွန်မ မမှားနိုင်ပါဘူး ။ တကယ်လို့ ကျွန်မကို မယုံရင် ခင် ဗျား သူ့ကို သွားထိကြည့်လိုက် ။ သူက အနီရင့်ငှက် နတ် လက် နတ် နဲ့ ပေါင်းစပ်ထားတာလေ ။ ခင်ဗျားက အဲဒိ ပစ္စည်းကို နှိုးပေးခဲ့သူမလား ။ အဲဒိတော့ အဲဒါနဲ့ ဆက်စပ် မှု ရှိနေမှာတော့ အမှန်ပဲ”
ချန်ရှန် ကြောင်အသွားတယ် ။ ရေခဲလေ တောင်ကြား ၏ ဂိုဏ်းချုပ် ဟာ နတ်လက်နက် အင်ပါယာရဲ့ ဂိုဏ်းချုပ် နဲ့ အတူတူပါပဲလား ။ ရေခဲလေ တောင်ကြား ၏ ဂိုဏ်းချုပ် ဟာ စွမ်းအားကြီး ရေခဲဓာတ်ကို အသုံးပြုနေတာပါ ။
“ဒီတော့ ပြောစရာ ရှိတာက ၊ သူက မင်း သတိထား မိ မှာကို သိတာကြောင့် တမင်သက်သက် အေးစက်စက် ချီ ဓာတ်တွေကို ထုတ်လွှတ်နေတာပဲ ။ မင်း သူ့ရဲ့ အနီရင့် ငှက် နတ်လက်နက်ကို အာရုံခံမိသွားမှာစိုးလို့လေ”
စုမေးယိုလည်း အံ့သြတကြီးဖြင့် ပြောဆိုပါတယ် ။
“ကြည့်ရတာ သူ့မှာလည်း မင်းညီမလိုပဲ မီးနဲ့ ရေခဲ အ ကြော နှစ်ခု ရှိနေပုံပဲ ။ အခု သူ အေးစက်တယ့် ချီဓာတ်တွေ ထုတ်လွှတ်နေတယ် ဆိုကတည်းက အနည်းဆုံး သူ့မှာ မီး နဲ့ ရေခဲ ကောင်းကင်အဆင့် သွေးကြောတော့ ရှိနေမှာပဲ”
ဘိုင်ယုယု ပြောတာပါ ။
လန်ယုလန် ပြင်းထန်သော သိုင်းပညာဂိုဏ်းကို သွား ချင်တယ် ဆိုကတည်းက ဆေးဆရာမကြီးဟာ သူမကို ရေခဲ လေ တောင်ကြား ဂိုဏ်းချုပ် ဆီ လွှတ်ခဲ့တယ် ။ ဒါကို ကြည့်ခြင်းအားဖြင့် ဆေးဆရာမကြီး နှင့် သူမဟာ အလွန် ကောင်းမွန်သော ဆက်ဆံရေး ရှိနေမည် ဆိုတာ အသေအ ချာ ပါပဲ ။
“သူက နတ်လက်နက် အင်ပါယာ ရဲ့ ဧကရီ ဖြစ်သလို တချိန်တည်းမှာပဲ ရေခဲလေ တောင်ကြား ဂိုဏ်းရဲ့ ဂိုဏ်း ချုပ် လည်း ဖြစ်နေသေးတာကိုးး ၊ တကယ် ထူးဆန်းတယ်”
စုမေးယို အံ့သြတကြီး ပြောဆိုလိုက်တယ် ။
ချန်ရှန် ၏ စိတ်ထဲ အတွေးပင်လယ်လှိုင်းများဟာ ရိုက် ခတ်နေသော်လည်း အပြင်ပိုင်းမှာတော့ အပြုံးမပျက်ပင် –
“ကျွန်တော် ချန်ရှန် ၊ ဂိုဏ်းချုပ်ကို ဂါရ၀ ပြုပါတယ်”
“သိပ်ပြီး ရိုသေစရာ မလိုပါဘူး”
ဂိုဏ်းချုပ်က အေးစက်စက် ဖြင့် ပြန်ပြောတယ် ။ မှင် သေသေ ဂိုက် ဖမ်းနေသော ပုံစံကို ကြည့်ရင်း ချန်ရှန် စိတ် ထဲ အတော် ရယ်ချင်နေမိတယ် ။ သူသိနေတာကို သာ သူမ သိသွားပါက ဘယ်လိုပုံစံမျိုး ဖြစ်သွားမလဲ ဆိုတာကို သူ အတော် သိချင်နေမိတယ် ။
ထိုအချိန်မှာ ဂိုဏ်းချုပ် က ချန်ရှန် ရှေ့ မှာ ရပ်ကာ –
“မင်းက အနံ့ခံသိပ်ကောင်းတာပဲ ။ လန်ယုလန်ကို ရှာ တွေ့ တယ်ပေါ့ ၊ မင်းတို့ မနေ့ည က အတူတူ ရှိနေကြတယ် မလား”
ချန်ရှန် နှင့်လန်ယုလန် တို့ နှစ်ယောက်လုံး ကြောင် သွား ကြ တယ် ။ ခေါင်းဆောင် ဒန် တို့မှာလည်း ထို့အတူပါ ပင် ။ လန်ယုလန် နှင့် ချန်ရှန် တို့ဟာ လိုက်ဖက် ညီ လှပြီး သူတို့ ဟာ မောင်နှမလို့ အပြင် ပိုင်းမှာ ခံယူထားကြပေ မယ့် ယခုလို အတွေးမျိုး ၀င်မိသွားကြတယ့် အခါ စိတ်ထဲ သင်္ကာ မကင်း ဖြစ်မိသွားကြတယ် ။
လန်ယုလန် လည်း သူမ၏ မျက်နှာကို အုပ်လျက် ရှိနေ တယ် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ အပစ်ရှိသည့် က လေး တစ်ဦးလိုပင် ရပ်နေပါတယ် ။
ချန်ရှန် ဒီအမျိုးသမီးဟာ လျူမန်ဂါ ဖြစ်နေတာကို သိ တဲ့ အတွက် သူ့စိတ်ထဲ တည်ငြိမ်နေတယ် ။ ဒါကြောင့် ခပ် ဖျော့ ဖျော့ ပြုံးကာဖြင့် –
“မနေ့ညက သူနဲ့ ကျွန်တော် အတူတူ အိပ်ကြတယ် လေ ၊ ကျွန်တော်တို့က တစ်ယောက် နဲ့ တစ်ယောက် မတွေ့ တာ နှစ်ပေါင်းများစွာ ကြာပြီ ။ ဒါကြောင့် တညလုံး စကားပြောကြရင်း အိပ်ပျော်သွားကြတာပဲ ။ ကျွန်တော် တို့ က မောင်နှမတွေ ပါ ။ ပြသနာ မရှိပါဘူး”
“ဟက် ၊ နောက်ကျရင် ကော ဘာဆက်ဖြစ်မလဲ ၊ ငါ မင်း နဲ့ တစ်ယောက်ချင်း စကားပြောချင်သေးတယ်”
ဂိုဏ်းချုပ် ဒေါသတကြီး အော်ဟစ်လိုက်တယ် ။ သူမ တစ်ကိုယ်လုံး မှ ချီဓာတ်များ ထွက်လာတယ် ။ ဂိုဏ်းချုပ် အ တော် အံ့သြမိနေတာက သူဒီလို အမူအရာများ လုပ်နေ တာ တောင် ကြောက်ရွံ့ မှု တစုံတရာ ကို ချန်ရှန် မျက်နှာ မှာ မတွေ့ ရတာပါပဲ ။ ချန်ရှန် ၏ တည်ငြိမ်မှုကို ကြိတ်ပြီး ချီးကျူးနေမိတယ် ။
“ဂိုဏ်းချုပ် ၊ ကျွန်မ တို့က ဘာမှ မလုပ်ဘူး ။ ဒီလွန်ခဲ့ တဲ့ နှစ်လ အတွင်းမှာ . . .”
“မင်းဘာမှ မပြောနေနဲ့တော့ ၊ ဒီမှာသာ ငါ့ကို ခဏ စောင့်နေ”
ချန်ရှန် ဂိုဏ်းချုပ်နှင့်အတူ ကျောက်အခန်းငယ်ထဲသို့ ၀င်သွားလိုက်တယ် ။ သူ ၏ စိတ်ထဲမှာ တက်ကြွလျက် ရှိ နေပါတယ် ။ သူ့အနေနဲ့ ဂိုဏ်းချုပ်က သူ့ကို ဘာလို့ တစ်ဦး တည်း တွေ့ ချင်နေလဲ ဆိုတာကို မသိပေမယ့် သူကတော့ ထပ်ပြီး ယဉ်ကျေးစွာ ဆက်ဆံနေရန် မလိုတော့ပါချေ ။
လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဂိုဏ်းချုပ်ဟာ ရှေ့ ရှိ နံရံကို ကြည့်နေလျက် ရှိတယ် ။
“ချန်ရှန် ၊ မင်းက တကယ်ကို သတ္တိ ကောင်းနေတယ် ပေါ့ ၊ ငါ့ရေခဲလေ တောင်ကြားက တပည့်ကိုတောင် ထိ ရဲ သေးတယ် ။ ငါမင်းကို အကြံပေးချင် . . .”
သူမ ပြောလက်စ စကားများ ရပ်တန့်သွားပါတယ် ။ ချန် ရှန် က အရူးလို ရယ်မောကာ သူမကို ကြားဝင် ပြော လိုက်လို့ပါပဲ ။
“အမတော် မန်ဂါ ၊ ကျွန်တော် တို့ နောက်ဆုံးတွေ့ တုန်း က လိုပါပဲလား”
ဂိုဏ်းချုပ် ၏ ကိုယ်လုံး ရုတ်တရက် တုန်တက်သွားပါ တယ် ။ သို့သော်လည်း ချက်ချင်းပင် အိနြေ္ဒဆယ်ကာ ဒေါ သတကြီး ဖြင့် –
“မင်း ဘာပြောတာလဲ ၊ ငါ့ကို ကြားဖြတ်မပြောနဲ့”
ရုတ်တရက်ပဲ လောင်ဆုရီဟာ ချန်ရှန် လိုပုံစံဖြင့် ရယ် မော ကာ –
“အမတော် မန်ဂါ ၊ ကျွန်တော် က ခင်ဗျားရင်ဘတ်က အဖြူရောင် ယုန်လေး နှစ်ကောင်ကို တောင် မြင်ပြီးပြီ ။ ထပ်ပြီး ဟန်ဆောင် မနေနဲ့တော့”
ချန်ရှန် ၏ စကားဟာ ဂိုဏ်းချုပ်၏ ကိုယ်လုံးအား ထပ်မံ တုန် သွားစေပါတယ် ။ ချန်ရှန် ဘက်သို့ လှည့်ကာ ဒေါသတကြီးဖြင့် –
“ဒါကို ထပ်ပြောမနေနဲ့ ၊ မင်းကို တခြားလူတွေကို သွား ပြောခွင့် မပြုနိုင်ဘူး”
ချန်ရှန် လောင်ဆုရီ တကယ်ပဲ ဉာဏ်ကောင်းလွန်း လှ လိမ့်မယ်လို့ မထင်မိခဲ့ပါ ။ သူမဟာ လျူမန်ဂါ ၏ ပျော့ ကွက်ကို ထုတ်ပြောလိုက်ပေမယ့် ချန်ရှန် စိတ်မတိုမိပေ ။
“ဟဲဟဲ ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆေးဆရာမကြီး ရဲ့ ယုန် လေး တွေက ခင်ဗျား ထက် ပိုကြီးမယ် ထင်တယ် ။ ပို လည်း ဖြူတယ်လေ”
ချန်ရှန် ရယ်မောပြောဆိုနေတယ် ။ ယခု အခါ လျူမန် ဂါ တစ်ယောက် ပြောစရာ စကားမရှိ ဆွံ့ အလို့ နေပါပြီ ။
လျူမန်ဂါ သူမ၏ မျက်နှာတွင် အုပ်ထားသော အ၀တ် ပါးအား ဖယ်ထုတ်လိုက်ပါတယ် ။ ထိုအခါမှာတော့ သူမ၏ လှပပြီး ပြိုင်ဖက်ကင်း ကျက်သရေ ရှိလှသည့် ရုပ်သွင်ဟာ ပေါ်လာပါတော့တယ် ။ ချန်ရှန် ပျက်ရယ်ပြုလျက် ရှိနေ တုန်းပါပင် ။
“ဟွန်း”
လျူမန်ဂါ ခြေဆောင့်ကာ အသံ တုန်တုန် ရီရီဖြင့် –
“ဆေးဆရာမကြီးက ဘယ်တော့မှ မင်းကို သူမပုံ ထုတ်ပြမှာ မဟုတ်ဘူး ။ ဒါနဲ့ မင်းက သူ ငါ့ထက်ပိုကြီးမကြီး ပို ဖြူမဖြူ ဘယ်လိုသိတာတုန်း ၊ သူက မင်းကို ပြတာလား”
ခုနကတော့ သူမဟာ ဂိုဏ်းချုပ်ဆိုသည့် အရှိန်နှင့် အေး စက် စက် ဆက်ဆံနေသော်လည်း ယခုအခါမှာ တော့ ဒေါသထွက်နေသည့် ကလေးတစ်ဦးလိုပါပဲ ။ သူမ၏ အမိန့်အာဏာ ဆန်မှုတို့မှာ ချန်ရှန် ရှေ့ ရောက်သည့်အခါ လုံးဝ ပျောက်ဆုံးသွားခဲ့ရပါပြီ ။
“သူကပဲ ကျွန်တော့ကို ကြည့်ခိုင်းတာလေ”
ချန်ရှန် ကုလားထိုင် တစ်လုံးပေါ် ခြေချိတ်ထိုင်ရင်း ပြုံး ကာ ပြောလိုက်တယ် ။
လျူမန်ဂါ ချန်ရှန် ပြောတာတွေ နားထောင်ရင်း ခပ်ရှက် ရှက် ဖြစ်လုိ့နေပြီး တချိန်တည်းမှာ ဒေါသတွေလည်း ထွက် လို့ နေပါတယ် ။ သို့သော်လည်း ချန်ရှန်ကို သူမအနေဖြင့် ဘယ်လိုမှ ပြောမနိုင်ဆိုမနိုင်ပါဘူး ။
“အပိုတွေ မပြောစမ်းနဲ့ ၊ ဘယ်မိန်းမက တခြားလူကို အဲလို တွေ ပြမှာတုန်း”
ချန်ရှန် ပျော်ရွှင်စွာ ရယ်မောကာဖြင့် –
“အမတော် မန်ဂါ ၊ ခင်ဗျားတောင် ကျွန်တော့ကို မပြ ခဲ့ လို့လား ၊ အဲဒိတုန်းက ကျွန်တော် အတော် ရှက်သွားတာ ဗျ”
လျူမန်ဂါ နှုတ်ခမ်းကို ကိုက်လျက် ချန်ရှန် ကို ကြည့်နေ ပါ တယ် ။ သူမ၏ ပါးနှစ်ဖက်မှာတော့ ရဲရဲနီလျက် ရှိပြီး တမျိုးလေး ဆွဲဆောင်မှု ရှိလို့နေပါတယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျားကြည့်ရတာ ဘယ်သူပိုကြီး ပြီး ဘယ်သူပိုဖြူလဲ ဆိုတာအပေါ် အတော်လေး စိတ်ဝင် စား နေပုံပဲ”
ချန်ရှန် ပျော်ရွှင်စွာ ရယ်မောနေမိတယ် ။ တဖက်မှာ တော့ လျူမန်ဂါမှာလည်း စိတ်တွေ တိုလျက် ရှိနေပါတော့ တယ် ။
“ချန်ရှန် ၊ ငါအခု ချီဓာတ် အသုံးပြုလို့ ရနေတယ် ဆိုတာကို သိသင့်တယ် ။ ငါ့ကို ထပ်လှောင်နေမယ်ဆိုရင် ငါမင်းကို ခွင့်လွှတ်တော့မှာ မဟုတ်ဘူး”
လျူမန်ဂါ နှုတ်ခမ်းတစူစူ ဖြင့် ပြောနေတယ် ။ ဆွဲဆောင်မှု ရှိလွန်းလှတယ့် ပုံလေးကို ကြည့်ရင်း ချန်ရှန် စိတ်ထဲ ပိုမို အသည်းယားသထက် ယားလာပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset