Switch Mode

Chapter – 211

သလင်းကျောက်ဧကရာဇ်

Chapter – 211 သလင်းကျောက်ဧကရာဇ်

ချန်ရှန် လန်ယုလန် ၏ ဆံနွယ်လေးများအား ပွတ်သပ် ရင်း စိတ်ထဲ အံ့သြသထက်အံ့သြ နေပါတယ် ။ သူ၏ ညီမ ဖြစ်သူမှာ ယခုလို နဂါးသွေးပိုင်ဆိုင် နေလိမ့်မည်ဟု မထင် မှတ် ထားခဲ့ပါဘူး ။
“ချန်ရှန် ၊ ကျွန်မ ထွက်လာတုန်းက မိုင်းတွင်းမှာ တန်ဖိုး ကြီး တစ်ခုခုကို အာရုံခံမိလိုက်သလိုပဲ”
လောင်ဆုရီ ရယ်မော ပြောဆိုပါတယ် ။
လောင်ဆုရီ မှ တန်ဖိုးကြီး သည်ဟု ပြောလိုက်သည် ဆိုကတည်းက သာမန်မဟုတ်တာတော့ သေချာပါတယ် ။ ချန်ရှန် လည်း အလျင်အမြန်ကို မေးမြန်းလိုက်တယ် ။
“မင်းက ငါ့ကို ရှာစေချင်တာလား”
လောင်ဆုရီ ရယ်မောကာဖြင့် –
“ခင်ဗျား လိုချင်ရင်တော့ အောက်ကို ပေ ၁၀၀၀ နီးပါး တူး ရလိမ့်မယ် ။ အဲဒိ အခါ တွေ့ ရမှာပေါ့”
“အဲဒါက ဘာလဲ”
ချန်ရှန် ထပ်မေးလိုက်တယ် ။ နောက်ပြီး ယခုနေရာ ဟာ မိုင်းတွင်းဖြစ်သောကျောက် သလင်းကျောက်တုံးများ အပြင် မည်သည့်အရာ ဖြစ်နိုင်ပါသနည်း . . .
“သလင်းကျောက် ဧကရာဇ်”
ဘိုင်ယုယု နှင့် စုမေးယို တို့ သံပြိုင် ဖြေလိုက်ကြပါ တယ် ။
ချန်ရှန် ဒီစကားကို ကြားတယ့်အခါ တုန်လှုပ်မိသွား ပါ တယ် ။ သလင်းကျောက် ဧကရာဇ် ဟာ အလွန်ကို ထူးခြားပြီး မိုင်းကြောမှ ဖြစ်ပေါ်လာတာပါ ။ အတော်ကိုပဲ ရှာဖွေရ ခက်ခဲလှပြီး ဒဏ္ဍာရီထဲမှာတောင် ၂ ခါပဲ ပေါ်ပေါက် ခဲ့ဖူးပြီး ယခုအခါ ဘယ်မှာမှ မတွေ့ နိုင်တော့သည့် အရာပါ။
သလင်းကျောက် ဧကရာဇ် ၏ အဓိက အသုံးဝင်ပုံက တော့ ၎င်းဟာ ဝိဉာဉ်တော် လက်နက်များ ပြုလုပ်ရန် လို အပ်သည့် သတ္တုရိုင်းများ၏ နေရာအား ညွှန်ပြပေးနိုင်တာပါ ၊ အဆိုပါ သလင်းကျောက် ဧကရာဇ် ရှိသူဟာ သလင်း ကျောက် ကြောများ သို့မဟုတ် တခြား သတ္တုရိုင်းများကို အလွယ်တကူပဲ ရှာဖွေတွေ့ ရှိနိုင်မှာ ဖြစ်ပါတယ် ။ အလွန် ကို အံ့သြစရာ အရာတစ်ခုပါပဲ ။
“မြန်မြန် ရှာကြစို့”
သူ လောင်ဆုရီ မှာတော့ နည်းလမ်းတစ်ခုခု ရှိနေမယ် ဆိုတာကို သိနေပါတော့တယ် ။
“ဟွန်း ၊ ခင်ဗျား တည်ဆောက်ရေး တစ်လုံးပေးမှ ပြော နိုင်မယ်”
လောင်ဆုရီ ခပ်လှောင်လှောင် ရယ်မောလိုက်တယ် ။
“ကိစ္စ မရှိပါဘူး ၊ ဒါသာ တကယ့် သလင်းကျောက် ဧက ရာဇ် ဖြစ်နေမယ် ဆိုရင် တည်ဆောက်ရေး ဆေးတင် မက ဘူး ဒြပ်စင်ဆေးပါ အလုံး ၅၀ ပေးမယ်”
ချန်ရှန် အလျင်အမြန်ပဲ သဘောတူလိုက်ပါတယ် ။ သူ့ မှာသာ သလင်းကျောက် ဧကရာဇ် ရှိပါက ရှားပါးလှသည့် သတ္တုရိုင်းများအား အလွယ်တကူ ရှာဖွေနိုင်မည် မဟုတ်ပါ လား ။ ခြုံကြည့်လိုက်မည် ဆိုပါက သေချာပေါက်ကို လက် နက် လုပ်နိုင်သည့် ပစ္စည်းကို ရှာဖွေတွေ့ ရှိနိုင်မှာပါ ။
လောင်ဆုရီ အဖြူရောင် အလင်းတစ်ခု အဖြစ် ပြောင်း လဲကာ မြေကြီးထဲသို့ တိုးဝင်သွားပါတော့တယ် ။ ဒါကို ကြည့်ရင်း ချန်ရှန် နှုတ်ခမ်းကို ကိုက်လိုက်မိတယ် ။ တချိန် တည်းမှာပင် တစ်ခုခု သူ့စိတ်ထဲ ပေါ်လာပြီး –
“အမတော် မေးယို ၊ ဒီနဂါးလေးဟာ ပစ္စည်းတွေ ခိုး ယူ မယ်ဆိုရင် မကောင်းနိုင်ဘူး ။ အခုကစပြီး သူနဲ့ အပေး အယူ ကောင်းကောင်းလုပ်တာ ပိုကောင်းလိမ့်မယ် ။ သူ က တန်ဖိုးတော့ ရှိသားဗျ”
ချန်ရှန် ဟာ လုမျိုးနွယ် တို့ရှိရာ ဆေးဘုရင်တောင်သို့ သွားရန် စီစဉ်ထားသော်လည်း လုမျိုးနွယ်ကို ထိခိုက်စေရန် ဘယ်လိုလုပ်ရမှန်း မသိသေးပါဘူး ။ သို့သော်လည်း လောင်ဆုရီ အား ဆေးဘုရင်တောင်သို့ စေလွှတ်လိုက် မည် ဆိုပါက လုမျိုးနွယ်တို့ နှမြောစိတ်ဖြင့် သေသွားနိုင် လောက်ပါတယ် ။
လောင်ဆုရီဟာ လောဘကြီးသည့် ကောင်မလေး ဖြစ် ပြီး သူမနဲ့ ပေါင်းသင်းရန်မှာ လွယ်ကူပါတယ် ။ ချန်ရှန် ဟာ သူမအား တချို့သော ဝိဉာဉ်တော် အသီးများနှင့် တည် ဆောက်ရေး ဆေးတို့အား အမြဲ ပေးလေ့ရှိပြီး သူ့အပေါ် လောင်ဆုရီ အကုညီပေးရန် ပြုလုပ်နေခြင်းပါ ။
ချန်ရှန် တခဏမျှ စောင့်နေရင်း အရုဏ်ဦးသို့ ရောက် ရှိ လာခဲ့ပါပြီ ။ ထို့နောက်မှာတော့ လောင်ဆုရီ ခပ်ကွေးကွေး မက်မွန်သီး အရွယ် သလင်းကျောက်အား ကိုင်ကာ ပြန် ထွက် လာခဲ့ပါတယ် ။
“တကယ်ပဲ ဒါက ဧကရာဇ် သလင်းကျောက်ကိုး”
ချန်ရှန် အံ့သြတကြီး ပြောလိုက်တယ် ။ ထို့နောက် မှာ တော့ အိတ်တစ်လုံးအား လောင်ဆုရီ ထံသို့ ပေးလိုက်ပါ တော့တယ် ။
သူမ၏ နတ်အတွင်းအား အာရုံဖြင့် အိတ်အတွင်းသို့ ကြည့်လိုက်တယ်အခါ တည်ဆောက်ရေးဆေး ၂ လုံးနှင် ဒြပ်စင်ဆေး အလုံး ၁၀၀ တို့အား မြင်တွေ့ လိုက်တယ် ။ ရုတ် တ ရက် အလွန်အမင်းကို ပျော်ရွှင်သွားပြီး အလျင် အမြန် ကိုပင် သလင်းကျောက် ဧကရာဇ်အား ချန်ရှန်ဆီ လှမ်း ပေး လိုက်ပါတော့တယ် ။ ထို့နောက်မှာတော့ ဆေး များ အား အကြိုက် စားသောက်နေပါတယ် ။ ယခုတစ်ခါ တည်းဖြင့် ချန်ရှန် ဟာ ရုပ်ချောသလောက် သဘောလည်း ကောင်းမွန်လှပြီး ကတိပေးထားတာရဲ့ ၂ ဆကို ရလိုက် သောကြောင့် လောင်ဆုရီ ဟာ ကျေနပ်နေပါတော့တယ် ။
“ဝိဉာဉ်တော် အဆင့် လက်နက်တွေ နဲ့ တခြားမှော် လက် နက် တွေဟာ လူတွေ လုပ်တာ ဖြစ်ပေမယ့် ဒီ ဧ ကရာဇ် သလင်းကျောက် ကတော့ သဘာဝ က ဖြစ်တည် လာ တဲ့ အရာပဲ ။ သာမန်အားဖြင့်တော့ ဒါကို ဝိဉာဉ်တော် ရတနာ အဖြစ် သတ်မှတ်ထားကြတယ် ။ မှော်စွမ်းအင်လို မျိုးတွေ ရှိတာကြောင့် သလင်းကျောက် ဧကရာဇ် ဟာ ဝိ ဉာဉ်တော် ရတနာပဲပေါ့ ။ မင်းရဲ့ သွေးစက်ကို အဲဒိပေါ် လောင်းလိုက်ဖို့ လိုအပ်တယ်နော်”
စုမေးယို က ရှင်းပြပါတယ် ။
ချန်ရှန်၏ သွေးစက် သလင်းကျောက်ပေါ် ရောက်ရှိ သည့် အခါမှာတော့ ၎င်းဟာ အနည်းငယ် တုန်သွားကာ အငွေ့ များ ထွက်ပေါ်လာပါတယ် ။ သူရုတ်တရက်ပဲ စွမ်း အားကြီးသည့် ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ မျက်လုံးများကို ပိတ်ထားသည့် တိုင်အောင် သူ့ပတ်လည် မှာ သလင်းကျောက်များအား အလွယ်တကူ မြင်နေရပါ တယ် ။ သူဟာ သလင်းကျောက် ပင်လယ်ကြီး အလယ်မှာ ရပ်နေသလို ဖြစ်နေတယ် ။ သလင်းကျောက် ဧကရာဇ် ၏ အကူအညီဖြင့် သူ့ပတ်လည်မှာ ရှိသည့် သတ္တုရိုင်းများ အားလုံးအား ရှင်းလင်းစွာ မြင်တွေ့ နေရပါတော့တယ် ။
ချန်ရှန် အတော်ကို စိတ်လှုပ်ရှားနေပြီး တော်တော် လည်း ပျော်ရွှင်နေပါတယ် ။ ယခုအခါ သူဟာ သလင်း ကျောက် ဧကရာဇ်ကို ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်တာမို့ ပျောက်ကွယ်နေသော သလင်းကျောက်ကြောများ သာ မက တခြား လက်နက်ပြုလုပ်သည့် သတ္တုရိုင်းများကို လည်း မြင်နိုင်နေပါတော့တယ် ။ တကယ်ကို အစွမ်းထက် သည့် သလင်းကျောက် ဧကရာဇ်ပါပင် ။
“ဒီသလင်းကျောက် မိုင်းတွင်းက အတော်ကို ကြီးတာ ပဲ”
ချန်ရှန် ကျောက်တုံးကို ဆုပ်ကိုင်ရင်း သူ၏ မျက်လုံး များအား မှိတ်လိုက်တယ် ။ နောက်တစ်ကြိမ် သလင်းတုံး ပင်လယ်ကြီးဟာ သူ့ပတ်လည် မှာ ပေါ်လာပါတော့တယ် ။ အဆိုပါ သလင်းကျောက်များဟာ အတွင်းတွင် များစွာ သော ဝိဉာဉ်တော် ချီဓာတ်များ ပါဝင်နေပြီး တခြားကိစ္စ ရပ်များ အတွက်လည်း အသုံးပြုနိုင်ပါတယ် ။
ချန်ရှန် လန်ယုလန် မနိုးအောင်လည်း သတိထားနေရ ပါသေးတယ် ။ ဒီနှစ်လ အတွင်းမှာ သူမဟာ အလွန်ကို ပင် ပန်းခဲ့ပြီး ယခုအခါမှာတော့ ကလေးတစ်ယောက်လို အိပ် မော ကျနေတာပါ ။ ဒါ့အပြင် သူမဟာ ကမ္ဘာ့ ဗဟိုချက် သစ် သီးအား သန့်စင်နေတုန်း ဖြစ်တာကြောင့် ပိုမို နှစ်ခြိုက်စွာ အိပ်မော ကျနေ စေပါတော့တယ် ။
လောင်ဆုရီ ဟာ အစားကြီးသူ တစ်ဦး ဖြစ်သော်လည်း သူမ တည်ဆောက်ရေး ဆေး တစ်လုံး နှင့် ဒြပ်စင်ဆေး ၁၀ လုံး သာ စားပစ်ခဲ့တယ် ။ချန်ရှန် သူမ လေချဉ်တက်လိုက် တာ ကို မြင်တွေ့ လိုက်ရသော အခါ လေသံ တီးတိုးဖြင့် –
“နဂါးမလေး ၊ မင်း ဘာလို့ မြေအောက်မှာ ခဏ လောက် မနေတာလဲ ။ သလင်းကျောက် ကို ပိုပြီး ရဖို့ လွယ် တယ် မဟုတ်ဘူးလား”
“ဟုတ်တယ်လေ ၊ ဒါပေမယ့် အဲဒါတွေက စားလို့မှ မရ တာ ။ စားစရာလားပြော”
လောင်ဆုရီ ဘုဆတ်ဆတ် ပြန်ပြောပါတယ် ။
ချန်ရှန် သူမ၏ ပါးလေးများကို ဆုပ်ကိုင်ရင်း –
“မင်း အဲဒါတွေကိုတော့ စားမရဘူးပေါ့ ၊ ဒါပေမယ့် တခြား အရာတွေ အများကြီးနဲ့ အလဲအလှယ် လုပ်လို့ရ တယ် ကွ ။ မင်းက ငတုံးလေးပဲ ၊ သွားယူချေ ၊ မင်းယူခဲ့တာ တွေ နဲ့ တခြားစားစရာကို အလဲလှယ် လုပ်ပေးမယ်”
လောင်ဆုရီ ခေါင်းခါယမ်းကာ –
“ဒီသလင်းကျောက်တွေက နေရာအနှံ့ ပျံ့ ကြဲနေတာ ၊ အချိန်အကြာကြီး ယူမယ် ဆိုရင်တောင် နည်းနည်း ပဲ တွေ့ ရလိမ့်မယ် ။ ဘယ်လိုလုပ် လဲဖို့ထိ လောက်မှာလဲ”
ချန်ရှန် ကလည်း –
“အရည်အသွေးကောင်းတယ့် သလင်းကျောက် ကိုပဲ သွား.ယူလိုက် ၊ ငါမင်းကို နေရာပြပေးမယ် ၊ အထူးသဖြင့် ထိပ်တန်း အဆင့် သလင်းကျောက်တွေ ရှိတယ့်နေရာကို ပေါ့”
ထိပ်တန်းအဆင့် နှင့် အဆင့်မြင့် သလင်းကျောက်တုံး များဟာ တွေ့ ရခဲ့လှပြီး အလွန်ကို ရှားပါးလှပါတယ် ။ ယေဘူယျအားဖြင့် ၎င်းတို့ ဖြစ်တည်မှုဟာ အလွန်ကို တွေ့ ရခဲလှပေမယ့် ၎င်းတို့ အတွင်းရှိ ဝိဉာဉ်တော် ချီဓာတ်များ မှာ အတော်ကို ကောင်းမွန်သော အရည်အသွေး ရှိကြ သည် ။ အများအပြားလည်း ပါဝင်နေပါတော့တယ် ။
အဆင့်မြင့် သလင်းကျောက် တစ်တုံးလျှင် သာမန် အလယ်လတ် အဆင့် သလင်းကျောက် ၁၀၀ နှင့် လဲလှယ် နိုင်ပါတယ် ။ ထိပ်တန်း အဆင့် သလင်းကျောက်ကိုတော့ ၁၀၀၀၀ နှင့် လဲလှယ်နိုင်တာပဲ ဖြစ်တယ် ။
ထိပ်တန်းအဆင့်သလင်းကျောက် ဟာ အများအားဖြင့် သလင်းကျောက် အကြော များ၏ နက်ရှိုင်းသော နေရာ များတွင် ရှိနေတတ်ကြပြီး အလွန်လည်း နည်းပါးလှပါတယ် ၊ သလင်းကျောက်ကြောကြီး တစ်ခုလုံးမှာတောင်မှ တကယ့်ကို အနည်းငယ်လေးပဲ ရရှိတတ်တာပါ ။ သို့သော် လည်း သလင်းကျောက် ဧကရာဇ်၏ အကူအညီဖြင့် ချန်ရှန် ဟာ ခပ်ကြီးကြီး ထိပ်တန်းအဆင့် သလင်းကျောက် ကို ယခု မိုင်းတွင်းမှာ မြင်နေရပါတယ် ။
“ကောင်းပြီ”
လောင်ဆုရီ ပြန်ပြောလိုက်ပါတယ် ။ ချန်ရှန်လည်း ချက် ချင်းပင် နေရာ အသေးစိတ်ကို ပြောပြလိုက်ပြီး သူမ ကို ဆင်းသက်စေလိုက်ပါတယ် ။
ထိုနေရာဟာ အလွန်ကို နက်နေနေပြီး ဖြစ်ကာထိုနေ ရာမှ သလင်းကျောက်များဟာလည်း အလွန်ကို နည်းပါး လှ ပါတယ် ။ ချန်ရှန် ခန့်မှန်းရသလောက် စွမ်းအင်အား လုံး အား ထို ထိပ်တန်း သလင်းကျောက်တုံးမှ စုပ်ယူသွားခြင်း ဖြစ်နိုင်ပါတယ် ။ တစ်နာရီကျော်လောက် ကြာတယ့် အခါ မှာတော့ လောင်ဆုရီ ပြန်လာပါတော့တယ် ။
လောင်ဆုရီ သူမ၏ အိတ်အတွင်းမှ အဖြူရောင် အလင်း တန်းများ ထွက်နေသော ကျောက်တုံး ရှည်ရှည် လေး တစ်ခုကို ထုတ်လိုက်တယ် ။ ဒါဟာ ထိပ်တန်းအဆင့် သလင်းကျောက်တုံးပါ ။ များစွာသော ဝိဉာဉ်တော်ချီဓာတ် များ ပါဝင်နေပြီး ယခု အတုံးဟာ လူသား ပေါင်လုံးလောက် အရွယ်အစား ရှိပါတယ် ။ ချန်ရှန် ခပ်မြန်မြန်ပဲ ဆုပ်ကိုင် ကာ သူ၏ အိတ်အတွင်းသို့ ထည့်လိုက်ပါတော့တယ် ။ ထို့ နောက် ချန်ရှန်လည်း တည်ဆောက်ရေးဆေး တစ်လုံးအား ထုတ်ကာ ပေးလိုက်သောကြောင့် နဂါးမလေးမှာ ပျော်ရွှင် မှုကြောင့် ပြုံးသွားပါတော့တယ် ။
ချန်ရှန် ခန့်မှန်းချက် အရ ယခု ထိပ်တန်းအဆင့် သလင်းကျောက်တုံး ဟာ သာမန် အရွယ်အစား အတုံး တစ်ထောင်လောက် ဖြတ်တောက်လို့ ရနိုင် လောက်ပါ တယ် ။ အတိုချုပ်ပြောရရင် အဆိုပါ သလင်းကျောက်ဟာ သာမန်သလင်းကျောက် ၁၀ သန်းလောက်ကို တန်ဖိုးရှိ နေ တာ ဖြစ်တယ် ။ သူနောက်တစ်ကြိမ် ကံကောင်းခဲ့ပြန်ပါပြီ ။
ချန်ရှန် ကုတင်ပေါ်မှာ မွန်းတည့်ထိတိုင်အောင် လှဲ လျောင်းနေမိတယ် ။ လန်ယုလန် လည်း သူ၏ ဘေးတွင် ရှိ နေပြီး သူ့ခါးကို ဖက်လျက် အိပ်မောကျနေတုန်းပါ ။ ချန်ရှန် သူမကို မနှိုးချင်တာကြောင့် ဒီတိုင်းပင် နေနေမိပါတယ် ။
အေးစက်သော ချီဓာတ်တစ်ခု ရုတ်တရက် လွှမ်းခြံလာ ပြီး လန်ယုလန် ဆတ်ခနဲ နိုးလာပါတယ် ။ သူမဘေးမှာ ချန် ရှန် ကို မြင်လိုက်ရတယ့်အခါ သူမ တစ်ညလုံး ချန်ရှန် နှင့် အတူတူ အိပ်ပျော်နေသည့် အဖြစ်ကို ပြန်လည် အမှတ် ရ သွားသောကြောင့် ရှက်အမ်းအမ်း ဖြစ်သွားတယ် ။
“အကိုတော် . . .”
လန်ယုလန် သူမ၏ စကားမဆုံးခင်မှာပဲ ချန်ရှန် က လေ သံ အလောတကြီးဖြင့် –
“ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ၊ ဒီလူ က အတော် အစွမ်းထက်ပုံပဲ ၊ အခုခံစားရတယ့် အေးစက်စက် ချီဓာတ် ဟာ အလွန် ကြောက်စရာကောင်းတယ်”
“အကိုတော် ၊ မလန့်သွားပါနဲ့ ၊ အဲဒါ ကျွန်မတို့ ဂိုဏ်း ချုပ်ပါ”
လန်ယုလန် စပ်ဖြဲဖြဲဖြင့် ပြောလိုက်ပါတော့တယ် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset