Chapter – 210 နဂါးဖြူသွေး
ခေါင်းဆောင် ဒန် အတော် ရှက်သွားမိတယ် ။ သူဟာ အဆင့် ၅ ပညာရှင် ဖြစ်သော်လည်း ချန်ရှန် ၏ စွမ်းအင် ကို အတော် ဖြုံမိနေပါတယ် ။ အခုတော့ သူဟာ ချန်ရှန် ဘာ ကြောင့် သလင်းကျောက်တုံး ၁၀ သန်း တိုင်အောင် ဆုငွေ ထုတ်ခံထားရသလဲ ဆိုတာကို နားလည် သွားခဲ့ပါပြီ ။ ချန် ရှန် မွှေခဲ့သော ကိစ္စများမှာ သာမန်လူအဖို့ မည်သို့မျှ လုပ် နိုင်ဖွယ်ရာ မရှိပါပေ ။
“ညီတော်လေး ချန် ၊ ငါဒါကို သိပါတယ် ။ နတ်ဓား ဂိုဏ်းဟာ ခပ်ပျော့ပျော့ ဂိုဏ်းပါ ။ သူတို့က အတော် ဂုဏ် မောက်ကြပြီး ကြွားဝါဖို့သာ သိတယ်ဗျ”
ခေါင်းဆောင် ဒန် ပြောလိုက်တယ် ။ သူဟာ ယခုနေရာ မှာ နေတာ အတော်ကြာပြီ ဖြစ်တာကြောင့် နတ်ဓားဂိုဏ်း အ ကြောင်း အတော်ကို အတွင်းကျကျ သိနေပုံပါ ။
မိစ္ဆာယန် အင်အားစုနှင့် ရင်ဆိုင်ပြီးနောက် ချန်ရှန် ဟာ ချက်ချင်း မပြန်သေးပါဘူး ။ ဒန်ယွန် ပြန်ကောင်းလာသည် ထိ စောင့်နေပြီးမှသာ ပြန်လည်ထွက်ခွာခဲ့ပါတယ် ။ ဒီလို နေခြင်းအားဖြင့် မိုင်းတွင်းအား နောက်တစ်ကြိမ် တိုက်ခိုက် မှုမှ ရှောင်ရှားနိုင်ပါတော့တယ် ။
ချန်ရှန်တို့ ဟာ ဂူအတွင်းမှာ နေထိုင်ကြတာ ဖြစ်ပေမဲ့ အေးအေးဆေးဆေး ပါပဲ ။ လန်ယုလန် ဟာ လည်း ဂူ အတွင်းမှာ တစ်ယောက်တည်း အတော်ကြာ နေထိုင်ခဲ့တာ မို့ တခြားမိန်းကလေးများနှင့် မတူပဲ နေသားကျလို့ နေပါပြီ ၊ ဒါ့အပြင် သူမ၏ အကိုတော် နှင့်ပါ နီးနီးကပ်ကပ် နေထိုင်ရ တာ ဖြစ်တာကြောင့် ထိုနေ့ရက်များဟာ သူမအတွက် အ ပျော်ရွှင်ဆုံး နေ့ရက်များပါပဲ ။
“အကိုတော် ၊ ကျွန်မကို ကျွေးတယ့် အသီးက အတော် ကို အစွမ်းထက်တာပဲ ။ ခုထိကို သန့်စင်လို့ မပြီးသေးဘူး”
လန်ယုလန် ချန်ရှန် ၏ လက်မောင်းပေါ် လဲလျောင်း နေ ရင်း အေးဆေးစွာ အနားယူလျက် ရှိပါတယ် ။ ချန်ရှန် က လည်း တယုတယဖြင့် သူမ၏ ဆံနွယ်လေးများအား ပွတ်သပ်ပေးလျက် ရှိနေပါတယ် ။
ချန်ရှန် ရယ်မောကာဖြင့် –
“မင်း ဒီလိုနည်းနဲ့ သန့်စင်နေနိုင်တာကိုက ပိုပြီး အံ့သြ စရာ ကောင်းလွန်းတယ် ။ အော်ဒါနဲ့ ယုလန် ၊ ငါ သရဖူ ဆောင်း မင်းသားကို မင်းထွက်သွားပြီး နောက်ပိုင်း ဘယ် လို ပညာပေးလိုက်လဲ သိလား”
“ပြောပြပါဦး”
လန်ယုလန် စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်တယ် ။ သူမ ဟာ သူများပြောစကားများကို တဆင့် ပြန်ကြားသော်လဲ သိပ်ပြီး တိတိကျကျ မသိခဲ့ပါချေ ။
ချန်ရှန်လည်း စိတ်ရှည်လက်ရှည်ဖြင့် သူမင်းသားအား ပြုလုပ်ခဲ့ပုံများကို ပြန်လည် ရှင်းပြနေတယ် ။ ချန်ရှန် ၏ စိတ် ထဲ သူဟာ အကိုတော် တစ်ယောက် အနေဖြင့် သူ ၏ ညီမ မျက်စိထဲတွင် သူရဲကောင်း အဖြစ် မြင်ယောင်နေလိမ့် မည်ဟု ယုံကြည်နေမိတယ် ။ ဒီအချက်ဟာပဲ ချန်ရှန် ဟာ သူမထက် ပိုမိုသာလွန်ကြောင်း စဉ်းစားမိစေမှာပါ ။
သူတို့ဟာ ညထိတိုင်အောင် စကားကောင်းနေကြပြီး လန်ယုလန် ဟာလည်း မအိပ်သေးပါဘူး ။ ချန်ရှန် ဟာ သူ၏ လက်မောင်းကို သူပြန်ခေါင်းအုံးကာ ချိုသာစွာ ပြုံးနေ သည့် လန်ယုလန် ၏ မျက်နှာလေးကို ကြည့်ရင်း စကား တွေ ဖောင်ဖွဲ့နေမိတယ် ။
အချိန်ကြာလာတယ့်အခါ လန်ယုလန် ဟာ ချန်ရှန် ၏ ဘေးတွင် အိပ်မောကျသွားပါတော့တယ် ။ ချောမောလှပ သည့် လန်ယုလန် ၏ မျက်နှာလေးကို ကြည့်ရင်း သူမ၏ ပါး မို့မို့ လေးအား အနမ်းတပွင့် ပေးလိုက်ပါတယ် ။
“ကိုယ်တော်လေး ၊ မင်းက အစကတည်းက မကောင်း တဲ့ အကြံအစည်နဲ့ ညီမ အဖြစ် မွေးစားလိုက်တာပဲ”
စုမေးယို ခပ်ငေါက်ငေါက်လေး ပြောလိုက်တယ် ။ ဘိုင် ယုယု ဟာလည်း အေးစက်စက် လေသံဖြင့် လှောင်ပြောင် နေပါတယ် ။ ချန်ရှန် က စပ်ဖြဲဖြဲဖြင့် –
“ဟားဟား ၊ အမတော်တို့ အတွေးတွေ မလွဲစမ်းပါနဲ့ ဗျာ”
“ကျွတ်စ် ၊ မင်းက ခုတင်ပေါ်မှာတည်းက သူမကို ပွေ့ ဖက်နေပြီး ငါတို့ကပဲ အတွေးတွေ လွဲနေတယ်ပေါ့”
စုမေးယို လျာထုတ်ပြကာ လှောင်ပြောင်လိုက်ပါတယ်။
“ဟုတ်ပ ၊ တခုတင်ထဲမှာ ကောင်မလေး ချောချော လေး နဲ့ အတူတူ ရှိနေတာ ၊ တကယ် အထင်သေးစရာပဲ ဟဟ”
ဘိုင်ယုယု က အေးစက်စက် လှောင်ပြောင်လိုက်ပါ တယ် ။
ချန်ရှန်လည်း မချိပြုံးပြုံးကာ –
“အမတော်တို့ နှစ်ယောက်က မနာလို ဖြစ်နေကြတာပဲ ၊ နေ့တိုင်း ကျွန်တော် ရေချိုးတာကို ကြည့်နေတာ ကျွန် တော် တစ်ခွန်း မပြောခဲ့ဘူး ။ အခု ကျွန်တော့ ညီမ နဲ့ ခဏ အတူတူ ရှိနေတာကို ဘာလို့ ဆူနေကြတာတုန်း”
“မင်းကို ဘယ်သူက ကြည့်လို့တုန်း”
စုမေးယို ရှက်တက်တက်ဖြင့် မေးလိုက်တယ် ။ သို့ သော်လည်း သူမ၏ အသံဟာ အလွန်တိုးပြီး ဘိုင်ယုယုလဲ ဘာမှ ထပ်မပြောပါဘူး ။
ချန်ရှန်လည်း ခပ်လှောင်လှောင် ရယ်ကာ –
“အမတော် တို့လည်း ကျွန်တော့ကို ကိုယ်လုံးတီး မြင် ဖူး တယ် ။ ကျွန်တော်လည်း အမတော်တို့ကို မြင်ဖူးတာပဲ ။ ဒါဟာ တနည်းအားဖြင့် အဆုံးစွန်ထိ ရင်းနှီးနေတယ့် သ ဘော ပဲ မလား ။ ဟဲဟဲ ကျွန်တော် က အမတော်တို့ကို အတွေး မမှားစေချင်တာပါ ။ အထူးသဖြင့် အမတော် တို့ ကျွန်တော့ကို အကြိမ် ထောင်သောင်းမက ချောင်းကြည့် ခဲ့တယ် မဟုတ်လားဗျ”
“ဟက်”
စုမေးယို နှင့် ဘိုင်ယုယုတို့ တချိန်တည်း ငေါက်လိုက် ကြပါ တော့တယ် ။ သူတို့ သာလိပ်များ ဆိုပါက ခေါင်းများ ပုဝင်ကာ ပုန်းအောင်း ပစ်လိုက်ကြမှာပါ ။ အစကတော့ သူမတို့ ချောင်းကြည့်နေခြင်းအား ချန်ရှန်ကို မသိစေချင်ပါ ဘူး ။ ပြီးခဲ့သော တခေါက်က ချန်ရှန် နိုးနေလိမ့်မည် ဟု မမျှော်လင့်မိခဲ့ကြတာပါ ။ ဒီလိုကြောင့်ပဲ သူမတို့အတွက် အတော် အရှက်ရစရာ ဖြစ်သွားခဲ့ပါတယ် ။
ချန်ရှန် လည်း ရယ်မောကာ နေပါတော့တယ် ။
“ချန်ရှန် ၊ ကျွန်မလည်း ခင်ဗျား ရေချိုးတာ မြင်ဖူးတယ် ၊ ကြည့်လို့လည်း မကောင်းပါဘူး ။ အဲဒါကိုတောင် ဟို အမ နှစ်ယောက်က ဘာက ဆွဲဆောင်နေလို့လဲ မသိ အ၀တ်စား အမျိုးမျိုး လဲဝတ်ပြီး လှချင်နေကြသေးတယ်”
လောင်ဆုရီ ကြားဝင် နှောင့်ယှက်လိုက်ပါတယ် ။
ချန်ရှန် ၏ ကြောင်သွားမိတယ် ။ စုမေးယို နှင့် ဘိုင်ယု ယု တို့ဟာလည်း ပိုမို ဆွံ့ အသွားကြပြီး ကြောင်ငေးနေမိ ကြပါတယ် ။ သူတို့ လောင်ဆုရီ ၏ နတ်အတွင်းအား အာရုံ ဟာ အထူးကောင်းမွန်လှပြီး ကွင်းထဲရှိ သူမတို့ကိုတောင် ဆက်သွယ် နိုင်တာကို သိရှိကြပါတယ် ။ ဒီခံစားချက်ကပဲ သူမတို့အား တမျိုးတဖုံ မပျော်ရွှင်စေပါဘူး ။
“တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ပဲ ၊ အမတော် မေး ယို ၊ အမတော် ယုယု အမတော် တို့ လုပ်တာကိုကြည့်စမ်း ၊ ဒီကောင်မလေးကို အတွေးဆိုးတွေ သင်ပေးထားမိနေကြ တာပဲ”
ချန်ရှန် ငိုရမလို ရယ်ရမလို ဖြစ်နေမိပါတယ် ။
လောင်ဆုရီကလည်း ရယ်မောကာဖြင့် –
“ချန်ရှန် ၊ ကျွန်မ ခင်ဗျား ညီမရဲ့ ဆံပင်အဖြူလေးတွေ ကို ထိကြည့်လို့ ရနိုင်မလား”
လန်ယုလန် ၏ ဆံပင်ဖြူလေးများ မည်သို့ ဖြစ်ပေါ်နေ သည်ကို ချန်ရှန် ရှင်းမပြတတ်သလို စုမေးယို နှင့် ဘိုင်ယု ယု တို့ဟာလည်း မပြောတတ်ကြပေ ။
“အိုကေ ၊ ဒါပေမယ့် မင်းကို သူမမြင်တာ ပိုကောင်း မယ် ထင်တယ်”
ချန်ရှန် ပြောလိုက်တယ် ။
“သူမြင်တော့ကော ဘာဖြစ်မှာမို့လဲ ။ ကျွန်မက အရမ်း ချစ်စရာ ကောင်းတယ်လေ ၊ သူ့ကို ခြောက်လှန့်မယ့် လူမှ မဟုတ်တာကို”
လောင်ဆုရီ ခပ်ငေါက်ငေါက် ပြောလိုက်ပါတယ် ။ ချန်ရှန် ၏ လက်မှ အဖြူရောင် အလင်းတန်းလေး ထွက် လာပြီး ထိုအလင်းတန်းလေးမှ တဖြည်းဖြည်း ဖြူဖွေးပြီး ချစ်စရာ ကောင်းလှသော ကောင်မလေးပုံ ကုတင်ဘေးမှာ ပေါ်လာပါတယ် ။
သူမကို မြင်သည့် မည်သူမဆို သူမကို သာမန် ချစ်စ ဖွယ် ကလေးမလေး အဖြစ်ပဲ တွေးမိကြမှာပါ ။ အလွန် အစွမ်း ထက်ပြီး စွမ်းအား ကြီးလှသည့် နဂါးမလေး အဖြစ် မည်သူမျှ ထင်မှတ်ကြမည် မဟုတ်ပေ ။ ချန်ရှန် သူ၏ လက် အား ဆန့်ထုတ်ကာ လောင်ဆုရီ၏ ပါးအား ခပ်ကြမ်းကြမ်း ညှစ်ပစ်လိုက်ကာ –
“ကောင်မလေး ၊ မင်းမကြာခဏထွက်လာခဲ့ ငါမင်း ပါး ကို ညှစ်ပစ်ချင်လို့ ။ အာ့ခါကျ မင်းပါးမှာ ပါးနီလေးတွေ နဲ့ လှနေမှာ”
လောင်ဆုရီ ချန်ရှန် ကို ခပ်စိမ်းစိမ်းကြည့်ကာ ချန်ရှန် ၏ လက်အား ရိုက်ချလိုက်ပါတယ် ။ ထို့နောက် ကလေး တစ်ဦး ကစားစရာလေးကို တွေ့ သလိုမျိုးဖြင့် လန်ယုလန် ၏ ဆံနွယ်များအား ပွတ်သပ်နေပါတော့တယ် ။
ချန်ရှန် ဒါကို ကြည့်ရင်း စိတ်ထဲမှ ကြိတ်အံ့သြမိသွား တယ် ။ လောင်ဆုရီလို စားဖို့ပဲ သိသော ကလေးမလေး က မိန်းမလှလေး ၏ ဆံသားများအား ပွတ်သပ်ရတာကို ကြိုက် လိမ့်မည်ဟု မထင်မိခဲ့ပါဘူး ။
“နဂါးမလေး ၊ မင်းကို သူ့ဆံပင်က ဘယ်လိုဆွဲဆောင် နေ လို့ ကိုင်ချင်နေရတာတုန်း”
ချန်ရှန် သူမ၏ ပါးလေးအား ထပ်မံ ညှစ်လိုက်ရင်း မေး လိုက်ပါတယ် ။ သူမလည်း နာကျင်သွားတာကြောင့် ကျိန် ဆဲ လို့ နေတယ် ။
ထို့နောက် ရုတ်တရက်ပဲ အလင်းတန်းအဖြစ် ချန်ရှန် ၏ လက်ထဲသို့ ပြန်ဝင်သွားကာ သူမ ၏ ပါးလေးမှာလဲ နီရဲ ကာ သွားပါတော့တယ် ။
“ခင်ဗျားက ဘာလို့ ကလေးအရွယ်ကိုတောင် အကြမ်း ဖက် ရက်နိုင်နေရတာလဲ”
လောင်ဆုရီ ကျိန်ဆဲနေပါတော့တယ် ။
“နဂါးမလေး ၊ မင်းက ငါ့ကို ခဏခဏ ဒုက္ခပေးတယ် လေ ၊ ငါစိတ်မထိန်းနိုင်လို့ပါ ။ ဖြစ်နိုင်ရင် မင်းဖင်ကိုတောင် ရဲတွတ် သွားအောင် ပိတ်ကန် ပစ်ချင်နေတာ”
ချန်ရှန် ခပ်ပြုံးပြုံးပင် ပြောဆိုလိုက်ပါတယ် ။
“ဟက် ၊ ခင်ဗျားက ကျွန်မကို ဖဲ့ချင်တာလား ၊ ကျွန် မ ကို မရိုက်နိုင်ဘူးဆိုတာတော့ သေချာတယ်”
လောင်ဆုရီ လျာထုတ်ပြကာဖြင့် ထပ်မံထွက်လာ ကာ လန်ယုလန် ၏ ဆံနွယ်များအား ထပ်မံ ပွတ်သပ်နေပါ တော့တယ် ။
လန်ယုလန် ဟာ အိပ်မောကျနေဆဲပါ ။ လွန်ခဲ့သော နှစ်လ အတွင်း သူဟာ ရန်သူများ အလစ်တိုက်မှာဆိုး သော ကြောင့် အိပ်ကောင်းခြင်း မအိပ်ရပဲ ကျီးလန့်စားစား နေ နေ ရတာပါ ။ ယခုအခါမှာတော့ သူမ၏ အကိုတော် ချန်ရှန် ၏ ဘေးမှာ အိပ်စက်ရတာ ဖြစ်တာကြောင့် စိတ် လွတ် လက်လွတ် အိပ်မော ကျလို့ နေပါတယ် ။
လောင်ဆုရီ လေသံ တီးတိုးဖြင့် –
“သူက တကယ်ကိုပဲ နဂါးဖြူသွေးကို အမွေ ဆက်ခံ ရထား တာပဲ ။ ကျွန်မနဲ့ သွေးကြောချင်း တူတယ်”
သူမ၏ စကားများဟာ ချန်ရှန် ကိုသာမက ဘိုင်ယုယု နှင့် စုမေးယိုတို့ကိုပါ ရိုက်ခတ် သွားစေပါတယ် ။ လန်ယု လန် ၏ သွေးအတွင်းတွင် တကယ်ကို နဂါးသွေးများ စီး ဆင်း နေတာပေလား . . . ၊ ဒါဆို ဘယ်လို ဖြစ်တာပါ လိမ့် . . . ၊ စသော အတွေးများဖြင့် ရှုပ်နေပါတော့တယ် ။ သူမ၏ အဖေ သို့မဟုတ် အမေကတော့ နဂါး တစ်ကောင် ဖြစ်နိုင် သည် မဟုတ်ပါလား ။
“သူ့မိဘ ထဲက တစ်ယောက်ယောက် က နဂါးလား”
ချန်ရှန် မေးလိုက်ပါတယ် ။ လူသားနှင့် နဂါးတို့ ပေါင်း ဖက်ပြီး မွေးဖွားခြင်း ဆိုတာဟာ ဒဏ္ဍာရီလာ ကိစ္စ တစ်ခု ပါပဲ ။
လောင်ဆုရီ သူမ၏ ခေါင်းကို ခါယမ်းကာဖြင့် –
“အဲဒါတော့ မသိဘူး ။ သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ နဂါးဖြူသွေးဟာ အရမ်းကို ပါးလွှာတယ် ။ လွန်ခဲ့တယ့် နှစ်များစွာက သူ့ဘိုးဘေးတွေ လက်ထက်က နဂါး ဖြစ်မယ် ထင်တာပဲ ။ အခု သူ မွေးလာတယ့်အခါမှာ သူ့ခေါင်းထဲ သူ့ဟာသူ နဂါး သွေးဟာ လည်ပတ်စီးဆင်းနေတာ ဖြစ် တယ် ၊ ဒါကြောင့်ပဲ သူ့မှာ အခုလို ဆံပင် အဖြူရှိနေတာပဲ”
ပြောနေရင်းဖြင့် လောင်ဆုရီဟာ ဘယ်ကရမှန်း မသိ တဲ့ ကတ်ကြေး တစ်လက်ကို ထုတ်ယူကာ လန်ယုလန် ၏ ဆံပင် အဖြူစ အနည်းငယ်အား ဖြတ်တောက်ရန် ကြိုးစား နေ တယ် ။
ချန်ရှန် လည်း လောင်ဆုရီကို တားမည့်ဟန်ပြင်နေစဉ် မှာပဲ အလွန်ထူးဆန်းသော မြင်ကွင်းကို သူတွေ့ လိုက်ရပါ တယ် ။ လောင်ဆုရီ ဟာ တကယ်ကိုပဲ ဆံနွယ်အဖြူများ အား ဖြတ်မရနိုင်ပါပေ ။
“သိပ်ကို သေချာသွားပြီ ။ သူက တကယ်ကိုပဲ ကျွန်မ လို သွေးကြောမျိုး ရှိနေတယ် ။ သူ့ကိုယ်ထဲမှာ ရှိနေတယ့် နဂါးဖြူသွေးက အလွန်ပါးလွှာပေမယ့် သူမ စွမ်းအားတွေ တိုးလာတာနဲ့ အမျှ အဲဒိသွေးကြောတွေဟာလည်း တဖြည်း ဖြည်း ကြီးထွားလာလိမ့်မယ် ။ သူ့အနေနဲ့ စွမ်းအား များစွာကို စုပ်ယူဖို့ လိုသေးတယ် ။ အဲဒိအချိန်ကျရင် တ ကယ့် နဂါး တစ်ကောင်လိုပဲ သူဟာ အစွမ်းထက်နေမှာ”
လောင်ဆုရီ လန်ယုလန် ၏ ပါးမို့မို့အား နမ်းပြီးနောက် အဖြူရောင် အလင်းတန်းအဖြစ် ချန်ရှန် လက်ထဲသို့ ပြန်ဝင် သွားပါတော့တယ် ။
နဂါးများဟာ ကိုယ်မပါပဲ ဝိဉာဉ်တော်များ အဖြစ် မွေး ဖွား လာကြပေမယ့် အလွန်သေးငယ်သည့် နဂါးသွေးစများ က တော့ ထို ဝိဉာဉ်တော်များထဲမှာ ပါရှိနေပါတယ် ။ တဖြည်းဖြည်း ဖြင့် ထိုဝိဉာဉ်တော်ဟာ များစွာသော ဝိဉာဉ် တော် ချီဓာတ်များအား စုပ်ယူပြီးနောက်မှာတော့ နဂါး အခွံများကို ထိုးဖောက်ကာ အကောင်ပေါက်လာ နိုင် သည့် စွမ်းရည်မျိုးကို ရရှိလာကြတာပါပဲ ။
လောင်ဆုရီမှ ချန်ရှန်အား ပြောပြထားဖူးခဲ့ခြင်း ဖြစ်ပါ တော့တယ် . . . ။