Switch Mode

Chapter – 209

သရုပ်အမှန်

Chapter – 209 သရုပ်အမှန်

ချန်ရှန် နှင့် တခြားလူတို့ ချက်ချင်းပင် မျက်မှောင် ကြုတ်သွားကြတယ် ။ နတ်ဓားဂိုဏ်းဟာ သူတို့ကို ခြိမ်း ခြောက်နေသည် မဟုတ်ပါလော ၊ ခေါင်းဆောင် ဒန် ငြင်း ဆန်ရန် ပြင်ဆင်နေစဉ်မှာပဲ ချန်ရှန် ၏ အေးစက်စက်အော် သံ တစ်ခု ထွက်ပေါ်လာတယ် ။
“လုံးဝ လက်မခံနိုင်ဘူး”
ဂန်ဂျူဂျန် ချန်ရှန်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ဖြင့် –
“ဒီ အရူးက ဘယ်ကလာတာလဲ ၊ ငါတို့ စကားပြောနေ တာ ကို မမြင်ဘူးလား ၊ ဒီလို အရူးကို ဒီနေရလာဖို့ ဘယ်သူ ခွင့်ပြု . . .”
ဂန်ဂျူဂျန် ၏ စကားမဆုံး မဆုံးလိုက်ခင်ပဲ ချန်ရှန် ဟာ သူရပ်နေရာ နေရာမှ ပျောက်ကွယ် သွားပါတယ် ။ ဂန်ဂျူ ဂျန် ၏ လှုပ်ရှားမှုဟာ လျင်မြန်လှသော်လည်း ချန်ရှန် နှင့် ယှဉ်လျှင်တော့ အနည်းငယ် နောက်ကျနေပေလိမ့်မည် ။ ခဏ အကြာမှာပဲ ရိုက်နှက်သံတစ်ခုကို ကြားလိုက်ရပြီး ချန် ရှန် ဟာ ဂန်ဂျူရှန် အား လက်ပြန်ရိုက်ချက် တစ်ချက် ရိုက် လိုက် ခြင်းပါ ။
ဂန်ဂျူဂျန် ၏ ပါးဟာ ယောင်ကိုင်းသွားပြီး ကုလားထိုင် ပေါ်မှ လွင့်စင် သွားပါတော့တယ် ။ သူ၏ ပါးစပ်ထောင့်မှ သွေးစများ ထွက်လာပြီး ချန်ရှန်ကို ဒေါသတကြီး ကြည့်နေ ပါ တော့တယ် ။
“မင်း . . . မင်း . . .”
ဂန်ဂျူဂျန် ဆွံ့အသွားကာ မျက်စိတစ်မှိတ်အတွင်း မှာပဲ သူ၏ ပါးအား ဘယ်ပြန်ညာပြန် ရိုက်နှက်ခြင်း ခံလိုက်ရလို့ ပါ ။ ချန်ရှန် သာ ဆန္ဒ ရှိပါက ၎င်း၏ ခေါင်းအား မျက်စိ တမှိတ် အတွင်းမှာပဲ ခေါင်းဖြတ်သွားနိုင်သည် မဟုတ်ပါ လား ။ ဒီလို စွမ်းအားမျိုးဟာ သူ့ထက်သာလွန်နေမည် မှာ အမှန်ပါပင် ။
“ငါ သေအောင် တိုက်ပြမယ် ။ ငါတို့ နတ်ဓားဂိုဏ်း ဟာ ဒီကိစ္စကို ဘယ်တော့မှ ကျေနပ်မှာမဟုတ်ဘူး”
ဂန်ဂျူဂျန ရုတ်တရက် ခြေလှမ်းအနည်းငယ် ဆုတ်ခွာ လိုက်တယ် ။ သူ၏ မျက်နှာမှာလည်း ဒေါသများဖြင့် ပြည့် လို့ နေပါတယ် ။ ထိုအချိန်မှာပဲ သူဟာ အေးစက်သော အလင်းတန်းများ တောက်ပနေသည့် ဓားရှည်တစ်လက် အား ဆွဲထုတ်လိုက်တယ် ။
ဓားကို ထုတ်လိုက်ချိန်မှာပဲ အမဲလိုက်ခြင်း ချီဓာတ်များ ဟာ တစ်ခန်းလုံးအား ဖုံးလွှမ်းသွားစေလျက် လူတိုင်းဟာ ထိတ်လန့်တကြား ဖြစ်သွားကြပါတယ် ။
“နတ်သွေးဓား ပဲ ၊ အဆင့် ၇ ဝိဉာဉ်တော်လက်နက် ထဲမှာ အကောင်းဆုံး အဆင့် ၁ နေရာကဓားပါလား”
လန်ယုလန် အံ့သြဟန် ဖြင့်ပြောကာ ချန်ရှန် ဘေးသို့ ရောက် ရှိ လာပါတယ် ။
ဂန်ဂျူဂျန် လန်ယုလန် နှင့် ချန်ရှန် တို့ ဆက်ဆံရေး ဟာ ကောင်းမွန်နေတာကို တွေ့ တာကြောင့် ပိုမိုဒေါသထွက် လို့ လာပါတယ် ။ ဂန်ဂျူဂျန် ခနဲ့ တဲ့တဲ့ လေသံဖြင့် –
“အဆုံးသတ်လိုက်ကြတာပေါ့”
“အဆင့် ၄ စစ်မှန်သော ပညာရှင်ပေါ့”
ချန်ရှန် အေးစက်စွာ ပြောလိုက်ပါတယ် ။
“မှန်တယ် ၊ ငါက အဆင့် ၄ ပညာရှင်ပဲ ၊ အသက် ၂၀ ထဲ နဲ့ပေ့ါ”
ဂန်ဂျူဂျန် ဂုဏ်ယူဟန်ဖြင့် ပြောလိုက်ပါတယ် ။
“ယုလန် ၊ မင်းနောက်ဆုတ်နေ ၊ ငါ ဒီကောင့်ကို ရှင်း လိုက် မယ်”
ချန်ရှန် ခနဲ့တဲ့တဲ့ ဖြင့် ပြုံးလိုက်တယ် ။
“မင်းက ငါ့ထက် သိုင်းပညာ ပိုတော်တာ လက်ခံပါ တယ် ၊ ဒါပေမယ့် ငါသာ ဒီဓားကို သုံးမယ် ဆိုရင်တော့ မင်း လုံးဝ သေချာပေါက် ရှုံးမှာပဲ”
လန်ယုလန် အနည်းငယ် စိုးရိမ်သွားတယ် ။ သို့သော် လည်း သူမ စိတ်ထဲ ဒွိဟ ဖြစ်လို့နေတယ် ။ အခန်းကျဉ်း လေးထဲမှာ လူများစွာဟာ ရှိနေကြတာ ဖြစ်ပါတယ် ။ အားလုံး လန်ယုလန် လို ရေခဲလေ တောင်ကြား မှ မိန်းမ လှ လေးဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းက လူ နှင့် ဘယ်လို ဆက်စပ်နေလဲ ဆိုတာ သိချင်နေကြပါတယ် ။
ဂန်ဂျူဂျန် ဓားကို ဝေ့ယမ်းကာဖြင့် ခြေတစ်လှမ်း တိုး လိုက်တယ် ။ ချန်ရှန် ၏ ရှေ့ ကို ရောက်ရှိသွားကာ ၎င်း၏ နတ်သွေးဓားဟာလည်း အမဲလိုက်ခြင်း ချီဓာတ်များ ပြည့် လျက် ချန်ရှန် ဆီသို့ အရှိန် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက် ပါ တယ် ။
ထိုခဏလေးအတွင်း လျှပ်စီး အလင်းတန်းများ လတ် သွားကာ လူတိုင်းဟာ ချန်ရှန် ဆီမှ သရော်ပြုံးတစ်ခုကို မြင် လိုက်ကြရတယ် ။ ခဏအကြာမှာပဲ “ဒန်” ဟူသော အသံ ကြီး မြည်ဟည်းသွားတာကို ကြားလိုက်ကြရပြီး နတ်သွေး ဓားဟာ ၂ ပိုင်းပြတ်သွားပါတော့တယ် ။
တချိန်တည်းမှာပဲ အခန်းငယ်အတွင်းမှာ အလင်းတန်း များ လင်းလက်သွားပြီး ချန်ရှန် ၏ ဘယ်ဖက် လက်သီးမှ ရွှေရောင်အငွေ့ များ ထွက်လာတာကို မြင်လိုက်ကြရတယ် ၊ ကြောက်မက်ဖွယ် ချီငွေ့ များလည်း ပျံ့ နှံ့ သွားကာ ချန်ရှန် ၏ ဘယ်ဖက်လက်ဟာ ရွှေရောင်နဂါးကြီး တစ်ကောင် အလား ပြောင်းလဲသွားပါတော့တယ် ။
ချန်ရှန် ဟာ နဂါးငွေ့ လက်သီးအား အသုံးပြုလိုက်ခြင်း ပါ ။ ဒီတိုက်ကွက်ဟာ သူ၏ ဆရာ ဟွမ်ဂျိရှန် ၏ မျက်လုံး ထဲတွင် အဆင့်နိမ့် စွမ်းရည်မျိုး ဖြစ်နေပေမယ့် ၎င်း ဟာ အလွန်ပဲ အသုံးဝင်လှပါတယ် ။
ချန်ရှန် ဂန်ဂျူဂျန် ၏ မာနက်ို ရိုက်ချိုးလိုက်တာ ဖြစ်ပြီး နဂါးငွေ့ လက်သီးကိုပါ တဆက်တည်း အသုံးပြုလိုက်တာ ဖြစ်ပါတယ် ။
နဂါးငွေ့ လက်သီးအား ထုတ်လိုက်တယ့် အခါ ၎င်းဟာ ရူးသွပ်နေသော နဂါးကြီး တစ်ကောင် ကောင်းကင်ယံမှ ဟိန်းဟောက် လိုက်သလိုပဲ အလွန် ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။ အငွေ့ များထွက်နေပုံမှာ လူအားလုံး အား ကြောက်ရွံ့ ထိတ်လန့်နေစေပါတော့တယ် ။
“အ”
ဂန်ဂျူဂျန် ၏ ပါးစက်မှ သွေးများ အန်ထွက်လာပြီး သူ၏ ကိုယ်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရလို့ပါပဲ ။ နောက်ဖက်ရှိ ကျောက်နံရံအား မှီကာဖြင့် ညည်းညူနေပါ တော့တယ် ။
နတ်သွေးဓား ဟာ ၂ ပိုင်းပြတ်သွားပြီ ဖြစ်ပြီး ချန်ရှန် ဘယ်လို ချိုးပစ်လိုက်လဲ ဆိုတာ မသိလိုက်ကြပါဘူး ။ ချန် ရှန် ၏ အားအင်ဟာ ကြည့်ရှုနေသူ အားလုံးအား အလွန် ကို ထိတ်လန့်တုန်လှုပ်သွားစေပါတယ် ။ လန်ယုလန် ၏ မျက်လုံးများမှာလည်း ပြူးကျယ်နေပြီး ချန်ရှန် အား အံ့သြ တကြီး ဖြင့် ကြည့်ရှုနေတယ် ။ သူမဟာ သူမ၏ စွမ်းအား နှင့် ချန်ရှန် အား အမြဲနှိုင်းယှဉ်နေလေ့ ရှိပြီး ယခုအခါ မှာ တော့ သူမ အနေဖြင့် သူမနှင့် သူမ၏ အကိုတော် ကြားထဲ မှာ ကွာခြားနေတာကို သဘောပေါက်လိုက်မိပါတယ် ။ အနည်းဆုံးတော့ သူမအနေဖြင့် နတ်ဓားဂိုဏ်း၏ အငယ် ဆုံး ပညာရှင်အား အချိန်တိုအတွင်း အနိုင်မယူနိုင်ပါပေ ။
“မင်း . . . မင်း က ချန်ရှန်လား”
ဂန်ဂျူဂျန် မြေပြင်တွင် သွေးများအန်လျက် လဲလျောင်း ရင်း ချန်ရှန် ၏ လက်ထဲမှ မိုးပြာရောင် တောက်ပလျက် ရှိ နေသည့် ဓားကြီးကို ကြည့်ကာ မေးမြန်းလိုက်တယ် ။ ဓား ပေါ်မှ မိုးပြာနဂါး ပုံစံကြီးဟာ သူ့အား ခြောက်လှန့် လျက် ရှိ နေတယ် ။ ခုနကပဲ သူဟာ ဒေါသထွက်နေသည့် နဂါးကြီး ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည် မဟုတ်ပါလား ။
ဒီလို ဓားမျိုး ရှိတာ ချန်ရှန် ပဲ ရှိတာ မဟုတ်ပါလား ။
နတ်ဓားဂိုဏ်းမှ နောက်လိုက်များဟာ လှုပ်လှုပ်ရှား ရှား ဖြစ်သွားကြပြီး ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ဂိုဏ်း သားများဟာလည်း အလွန်ပင် အံ့အားသင့်သွားကြပါ တယ် ။ အားလုံးဟာ လေးစားမှု အရိပ်အယောင်များ ပါ သော မျက်လုံးများဖြင့် ချန်ရှန် အား ကြည့်နေကြပါတယ် ။
“မင်း ရဲ့ အစွမ်းက မဆိုးလှပါဘူး ။ ဒါပေမယ့် လက် တွေ့ အတွေ့ အကြုံအနေနဲ့က အားနည်းနေသေးတယ် ။ မစဉ်းစားမဆင်ခြင် လုပ်ပြီး မာနက လည်း ကြီးသေးတယ် ၊ မင်းတို့ ဂိုဏ်းလည်း အာ့လိုပဲ ။ ဒါကြောင့် မတိုးတက်ကြ တာ ။ ထွက်သွားကြတော့ ၊ နောက်တစ်ကြိမ် မင်းတို့နဲ့ ဆုံ တယ့်အခါကျ ဒီထက် တိုးတက်လာအောင် ကြိုးစားလိုက် ကြပါဦး”
ချန်ရှန် ဂန်ဂျူဂျန် အား အဖြူရောင် ကျောက်စိမ်းဆေး ပါ သော သေတ္တာကို ပေးကာ ပြောလိုက်ပါတယ် ။
ချန်ရှန် ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ အထင် ကရ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး အသက် ၂၀ ဖြင့် တုန်လှုပ်ဖွယ် ရာ ကိစ္စရပ်များ ပြုလုပ်ခဲ့သူပါ ။ များစွာသော အင်အားစု များ ဟာ လည်း သူ့ကို ဆုငွေထုတ်ထားကြပြီး အတိအကျ အားဖြင့် သလင်းကျောက် ၁၀ သန်းတန်သူ မဟုတ်ပါလား ၊ ဒါ့အပြင် အဆင့် ၄ ဆေးပညာရှင်လည်း ဖြစ်နေပါသေး တယ် ။
နတ်ဓားဂိုဏ်းမှ လူများဟာ အဓိကအားဖြင့် ဓားများကို သာ အသုံးပြုကြတာ ဖြစ်ပြီး သူတို့ ဓားများသာ မရှိတော့ ပါ က အစွမ်းမရှိတော့သလိုပါပဲ ။ ချန်ရှန် ဟာ ဂန်ဂျူဂျန် ၏ ဓားကို ချိုးလိုက်သည့် အတွက် ၎င်းဟာ အသက်မဲ့သလို ဖြစ် သွားတာ ဖြစ်ပြီး အဲဒိအချိန်ကိုပဲ အခွင့်ကောင်းယူကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်ခြင်း ဖြစ်ပါတယ် ။ ပြင်း ပြင်းထန်ထန် ကို ဒဏ်ရာရသွားစေတာ ဖြစ်ပြီး ဂန်ဂျူရှန် တစ်ယောက် ဒုက္ခိတ ပင် ဖြစ်သွားစေပါတယ် ။
“ပြန်ကြတော့ ၊ မင်းတို့ နတ်ဓားဂိုဏ်းကို ပြောလိုက် ၊ ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်းကို နောက်ထပ် မ နှောင့်ယှက် နဲ့ ။ ငါတို့ ဂိုဏ်းဟာ တခြားဂိုဏ်းတွေနဲ့ ဆက် ဆံရေး ပြတ်စဲသွားတာကို ဂရုစိုက်နေမှာမဟုတ်ဘူး ။ ငါတို့ ဂိုဏ်းအနေနဲ့ မင်းတို့ နတ်ဓားဂိုဏ်း ကို ၀င်ပြီး မဖြိုခွဲစေချင် ဘူး ဆိုရင် မိစ္ဆာဂိုဏ်း နဲ့ ပေါင်းနေတယ့် မြောက်ပိုင်းက လူ ကို မောင်းထုတ်လိုက်ပါ”
ချန်ရှန် အေးစက်စက် ပြောလိုက်ပါတယ် ။ ၎င်း ၏ ဟန် မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ တာဝန်ရှိသူ လူကြီး တစ်ဦး ပြောနေဟန် ကဲ့သို့ပါပဲ ။ သူ၏ ဟန်ပန်နှင့် အသံနေ အသံထားတို့မှာလည်း ဒီလို ထိပ်သီး ပုဂ္ဂိုလ် တစ်ဦးလိုပါပဲ။
ဒါဟာ သဘာဝတော့ ကျပါတယ် ။ သူဟာ ပြင်းထန် သော သိုင်းပညာဂိုဏ်း ထိပ်သီး ၃ ဦး၏ ဦးရီးတော်လေး မဟုတ်ပါလား ။ သူဟာ အဆိုပါ ၃ ဦးအား လွှမ်းမိုး နိုင်ပေ မယ့် လည်း ဒါကို လျို့ ဝှက်ထားဆဲပါ ။
ဂန်ဂျူဂျန် ချန်ရှန် ပေးသော အဖြူရောင် ကျောက်စိမ်း ဆေး အား ခွဲခြေပစ်ကာ အံကြိတ်ကာဖြင့် –
“ချန်ရှန် ၊ ငါ ဂန်ဂျူဂျန် မင်းသေသွားရင်တောင် မကျေ နပ်ဘူး ၊ သွားကြစို့”
နတ်ဓားဂိုဏ်းမှ နောက်လိုက်များဟာ ဂန်ဂျူဂျန် ကို တွဲ ကာ ၎င်း၏ ဓားကျိုးကိုပါ ကောက်ရင်း အလျင်အမြန် ထွက် ခွာ သွားကြပါတော့တယ် ။
“ဟက် ၊ သူ့အကြောင်း သူမသိဘူး”
လန်ယုလန် ခပ်လှောင်လှောင်လေး ပြောလိုက်တယ် ၊ ထို့နောက် ချန်ရှန် ၏ လက်မှ ဓားကို ကြည့်ကာနေပါတယ် ၊ ဒီဓားကြီးဟာ ချန်ရှန် ၏ အမှတ်အသား တစ်ခုဖြစ်ပြီး ဝိဉာဉ်တော် လက်နက် အားလုံးထက် ပိုမို အစွမ်းထက် လှ တာပါ ။
“အကိုတော် ၊ အကိုတော့ ဓားက အတော်ကို အစွမ်း ထက်တာပဲ ။ ခဏ ကြည့်လို့ရမလား”
လန်ယုလန် သိချင်စိတ် ပြင်းပြစွာ မေးလိုက်တယ် ။ ၎င်း လက်နက်ဟာ ထိပ်သီးအဆင့် လက်နက် အမျိုးအစား ဖြစ်ပြီး အဆင့်မြင့် သိုင်းပညာရှင်တွေ ဆီမှာပင် မရှိသ လောက် ရှားပါးလှပါတယ် ။
ချန်ရှန် ပြုံးကာဖြင့် ဓားကြီးအား ကမ်းပေးလိုက်တယ် ၊ လန်ယုလန် မိုးပြာဓားကြီးအား မလိုက်တယ့်အခါ ၊ အလန့် တကြား အော်လိုက်မိတယ် ။ ဓားကြီးကို မြေပြင်ပေါ်ချဖို့ သူမ အတွက် အလွန်ကို လေးလံနေလို့ပါပဲ ။ ချန်ရှန် ၏ လက်ထဲမှာ သိပ်မလေးသလို ခံစားရပေမယ့် တခြားလူ များ အတွက် ကတော့ အတော်ကို လေးပေလိ့မ်မည် ။ အနည်းဆုံး ပေါင် သိန်းချီ လေးမှာပါပဲ ။
လန်ယုလန် ဟာ ဓားကြီးကို မမနိုင်ပါဘူး ။တခဏမျှ ကြည့်ရှုပြီးတဲ့ အခါမှာတော့ ချန်ရှန် ဆီသို့ ပြန်ပေးလိုက်ပါ တယ် ။ ဒီဓားကြီးဖြင့် ရန်သူများစွာကို ရှင်းလင်းခဲ့ပြီး ဖြစ် တာကို သူမအနေဖြင့် သိတာကြောင့် ဒီဓားဟာ ချန်ရှန် နှင့် ပိုမို အစွမ်းထက်မည်ကိုလည်း သိနေပါတယ် ။ ဒါကြောင့် ပဲ လန်ယုလန် ဟာ ချန်ရှန် အား လေးစားသထက် လေးစား နေ ပါ တော့တယ် ။
ခေါင်းဆောင် ဒန် နှင့် တခြားလူအားလုံးတို့ ဆွံ့ အနေ ဆဲ ပါ ။ ခုနကပဲ လန်ယုလန် ဟာ ချန်ရှန်အား အကိုတော် လို့ ခေါ်တာကို ကြားလိုက်ကြရသည့်အတွက် ၎င်းတို့ ၂ ဦး ဟာ သွေးသောက်မောင်နှမများ ဆိုတာကို သိရှိသွားကြပါ တယ် ။ ပိုမို အံ့သြစေတယ့် အချက်ကတော့ မောင်နှမ ၂ ဦး လုံးဟာ သာမန်မဟုတ်ကြပဲ အလွန် အစွမ်းထက်နေကြလို့ ပါ ။ အသက်ငယ်ငယ် ရွယ်ရွယ် များဖြင့် ဒီလောက်ထိ အစွမ်း ထက် ကြတာ ၎င်းတို့အတွက် တုန်လှုပ်စရာပါပဲ ။
“စီနီယာ အကိုတော် ဒန် ၊ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းဟာ အားနည်းကြောင်း ဘယ်တော့မှ ပြမှာမဟုတ် ဘူး ။ ဂိုဏ်းချုပ် လည်း ခုနက ကျွန်တော် လုပ်ခဲ့တယ့် ကိစ္စ တွေ အတွက် ကျွန်တော့ကို အပစ်တင်မှာ မဟုတ်ပါဘူး ။ ကျွန်တော် ဂိုဏ်းကို ပြန်ရောက်တယ့် အချိန် စောင့်ပါဦး ၊ ဒီနေရာကို လူတွေ ထပ်လွှတ်ခိုင်းပေးပါ့မယ်”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset