Switch Mode

Chapter – 208

နတ်ဓားဂိုဏ်း

Chapter – 208 နတ်ဓားဂိုဏ်း

မိစ္ဆာ ယန် အင်အားစုမှ နောက်လိုက်များဟာ ရုတ်တ ရက် သူတို့ ကိုယ်သူတို့ မိစ္ဆာလို့တောင် မခံစားရတော့ပါ ၊ အဘယ်ကြောင့်ဆိုသော် မိစ္ဆာ နတ်ဘုရား ရှေ့ သို့ ရောက် ရှိ နေကြသည် မဟုတ်ပါလား ။ အဆင့် ၁၀ မော်တယ် ပညာရှင်များ ဆိုလျှင် ကြောက်သေးများပင် ထွက်နေကြပါ ပြီ ။ မိုင်းတွင်း ၀င်ပေါက်တွင် ယခုအခါမှာတော့ သွေးညှီနံ့ များ အလောင်းများဖြင့် ပြည့်နေပါတော့တယ် ။
လူတစ်ရာလောက်ရှိသည့် လူအုပ်ဟာ ယခုတော့ လူ ၃၀ နီးပါးလောက်ပဲ ကျန်ပါတော့တယ် ။ ထိုကဲ့သို့ ကျန်ရှိ နေ သည့် လူများဟာ အလွန်ပဲ ထိတ်လန့်နေကြပြီး အော် ဟစ်နေကြပါတယ် ။ ချန်ရှန် တိုက်တောင် မတိုက်ရသေးပါ ပဲ အော်ဟစ်နေကြခြင်း ဖြစ်ပါတယ် ။
ထွက်ပြေးနေကြသည့် လူများကို ကြည့်ရင်း ချန်ရှန် မ လိုက်တော့ပါ ။ စစ်မှန်သော ပညာရှင် အားလုံးဟာ ချန်ရှန် ကြောင့် သေသွားခဲ့ကြရပြီ ဖြစ်ပြီး အဆင့် ၁၀ ပညာရှင် များ မှာလည်း ထွက်ပြေးကုန်ကြပါပြီ ။ ဒါကြောင့် ချန်ရှန် အနေနဲ့ စိုးရိမ်စရာ မရှိတော့ပါ ။
ခပ်လှမ်းလှမ်းရှိ နေရာမှာတော့ တုန်ခါမှုများဟာ အ ဆက်မပြတ် ဖြစ်ပေါ်နေလျက် ရှိပါတယ် ။ လန်ယုလန် ဟာ နောက်ဆုံး ကျန်ရှိနေသည့် လူနှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ချန်ရှန် ဟာ မျက်ခြေမပြတ် စောင့်ကြည့်နေတာပါ ။
လန်ယုလန် ဘယ်လိုပဲ တိုက်ခိုက်နေပါစေ ရန်သူ၏ ကာကွယ်မှုများ အောက်တွင် ပိတ်ဆို့ခြင်းခံနေရပေမယ့် သူမ အတော်ကို စိတ်ရှည်ရှည်ဖြင့် တိုက်ခိုက်နေတာပါ ။ သူမဟာ တိုက်ပွဲ အတွေ့ အကြုံများစွာရှိတာကြောင့် အလစ်ကို ချောင်းရင်း ရန်သူ၏ ပျော့ကွက်ကို ရှာနေပါ တယ် ။ သူမနှင့် ထိုလူတို့ဟာ အဆင့်တူတူ ဖြစ်နေကြတာ ဖြစ်တာ ကြောင့် နည်းနည်းလေးမျှ မှားလို့မရပါဘူး ။ တခုခု မှားတာနဲ့ သူမ ရှုံးနိမ့်သွားမှာပါ ။
“ကံတရားတော့ မျက်နှာသာပေးပြီ”
လန်ယုလန် ရန်သူ၏ ခုခံမှု အနည်းငယ် နှေးသွားတာ ကို မြင်တွေ့ လိုက်ရတယ် ။ ဒီလို အနည်းငယ်လေး နှောင့် နှေးမှုကပဲ သူမကို ထိုလူ၏ လက်အား ပြတ်အောင် ဖြတ် ပစ်နိုင်ခဲ့ပါတယ် ။ ထိုလူလည်း ငယ်သံပါအောင် အော်ဟစ် သွားပါတော့တယ် ။
ထိုလူ အော်ဟစ်နေတာကို အခွင့်ကောင်းယူကာ လန် ယုလန် ဟာ နောက်ဓားတစ်ချက် ထပ်မံ ပိုင်းချလိုက်ပါ တယ် ။ မျက်စိတမှိတ် အတွင်းမှာပဲ သူမ၏ ပျောက်ကွယ် သွားကာ ထိုလူ၏ နောက်မှာ ပြန်ပေါ်လာတယ် ။ သူမ၏ ဓားကြီးကို လွှဲရမ်းကာဖြင့် ထိုလူဆီသို့ အလင်းလိုလျင်မြန် သော် နှုန်းဖြင့် ပစ်လိုက်ပါတော့တယ် ။
ကြီးမားလှသော ဓားမှ အေးစက်သော ချီဓာတ်များနှင့် အတူ အပူချီဓာတ်များပါ လိုက်ပါလျက် ထူးဆန်းသော ချီ ဓာတ်များ အဖြစ် ထွက်ပေါ်နေပါတယ် ။ ထိုကဲ့သို့ ချီဓာတ် များဟာ ဓားကြီးတွင် ဖုံးလွှမ်းလျက် ရန်သူ၏ ကိုယ်သို့ ဖောက်ဝင်သွားကာ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ် သွားပါတယ် ။
လန်ယုလန်လည်း လက်ကိုဝှေ့ ယမ်းလိုက်ကာ သူမ၏ သွယ်လျသော လက်မှ မီးများ ထွက်ပေါ်လာပြီး ထိုလူ၏ အ လောင်းကို ပြာအဖြစ် ပြုလုပ်လိုက်ပါတယ် ။ သက်ပြင်း တစ်ချက် ချလိုက်ပြီး ချန်ရှန် ၏ ရှေ့ သို့ အမောတကော ဖြင့် ရောက်ရှိလာပါတော့တယ် ။
နံရံ ပေါ်မှ ရပ်ကြည့်နေကြသော လူများဟာ ထပ်မံ တုန်လှုပ်သွားကြမိတယ် ။ ကောင်မလေး တစ်ယောက် မှ အဆင့်မြင့် ပညာရှင် တစ်ဦးအား ရက်စက်စွာ သတ်ဖြတ် ပစ်လိုက်ခြင်းက သူ့အတွက် ထိတ်လန့်စရာပါ ။
ချန်ရှန် လက်ကိုင်ပဝါ တစ်ထည် ကို ထုတ်ပြီး လန်ယု လန် နဖူးမှ ချွေးများကို သုတ်ပေးလိုက်တယ် ။ ထို့နောက် ပြုံးကာဖြင့် –
“ပညာရှင် မင်းသမီးလေး ၊ မင်းက မိန်းကလေးနဲ့ကို မတူဘူး”
“အကိုတော် ၊ ကျွန်မ စွမ်းတယ်မလား ၊ အဆင့် ၅ ပညာ ရှင်ကို သတ်လိုက်ပြီတွေ့ လား”
လန်ယုလန် ဂုဏ်ယူဟန်ဖြင့် ပြောဆိုပါတယ် ။
“ဒီလောက်လည်း မဟုတ်ပါဘူး ၊ ငါသာ မင်းနေရာမှာ ဆို ခုလောက် ကြာမှာ မဟုတ်ဘူး”
ချန်ရှန် သူ၏ မျက်နာကို ပြုံးကာ ပြောလိုက်တယ် ။
“မယုံပါဘူး ၊ တိုက်ကြည့်ကြမယ်လေ”
လန်ယုလန် ချက်ချင်းပင် စောဒက တက်လိုက်တယ် ။
ချန်ရှန် သူ၏ ခေါင်းကို ခါယမ်းပြီး ပြုံးကာဖြင့် –
“အချိန်မကျသေးဘူးကွ ၊ ကိစ္စတွေက မပြတ်သေးဘူး”
ပြောနေရင်းဖြင့် သူ ရပ်ကြည့်နေတယ့် လူများဘက် လှည့်လိုက်တယ် ။ လန်ယုလန် ၏ ခါးကို ဖက်ထားရင်း ပေ ၄၀ လောက်မြင့်သည့် နံရံပေါ် အသာအယာ ခုန်တက်လိုက် ပါတယ် ။
“မစိုးရိမ်ပါနဲ့ ၊ ကျွန်တော်က ပြင်းထန်သော သိုင်းပညာ ဂိုဏ်းကပါ ။ ဒီမှာရှိတယ့် ကြီးကြပ်ရေးမှူးနဲ့ တွေ့ ချင်တယ်”
ချန်ရှန် လန်ယုလန်ကို လွှတ်လိုက်ရင်း မေးလိုက်ပါ တယ် ။
လူများဟာ ခုနက မြင်ကွင်းများကြောင့် ကြောင်နေကြ တုန်းပါ ။ ချန်ရှန် လို သွေးဆာနေသည့် နတ်ဘုရားတစ်ပါး ဟာ သူတို့ ရှေ့ ခုန်ချလာတာကြောင့် ထိတ်လန့်ကာ ခြေ လှမ်း အနည်းငယ်ပင် အနောက် ဆုတ်လိုက်ကြတယ် ။
ချန်ရှန် သူ၏ အိတ်အတွင်းမှ တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်တယ် ။ ဒါဟာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းက ဆိုတာ သက်သေပါပဲ ။ သူတို့ဟာ ချန်ရှန် က တော့ နတ်ဓားဂိုဏ်းက ဖြစ်ရမယ်လို့ တွေးနေမိကြတာပါ ၊ ချန်ရှန် ကို ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ပညာရှင်လို့ မထင်မှတ်ကြပါဘူး ။
“ဟယ်လို ၊ ကျွန်မကို မသိကြဘူးလား ၊ ကျွန်မ ရှင် တို့ ကို ကူညီခဲ့ဖူးတယ်လေ ၊ ခင်ဗျားတို့ ကျွန်မကို အကြွေး တင်နေသေးတယ်နော်”
လန်ယုလန် ၏ မျက်နှာဟာ ခပ်တည်တည် ဖြစ်သွား ပါ တယ် ။
“သိတာပေါ့ ၊ ငါတို့ မင်းကို မှတ်မိတယ် ။ အေးစက်စက် နတ်ဆိုးမလေး ၊ မင်းနာမည်ကိုလည်း ကြားဖူးပါတယ်”
လူကြီးတစ်ယောက် က အလျင်အမြန် ပြန်ဖြေပါတယ်
လန်ယုလန် ဟာ ဒီနေရာမှာ အလွန်ကျော်ကြားသူ တစ် ဦး ပါ ။ အဘယ်ကြောင့်ဆိုသော် သူမဟာ ရေခဲဓား မြို့ သို့ လာရောက်ပြီး ချန်ရှန် အကြောင်း စုံစမ်းလေ့ ရှိကြပါ တယ် ။ ရေခဲလေ တောင်ကြားနဲ့ နီးကပ်စွာ ရှိနေသည့် ဒေ သများမို့ သူမဟာ သွားရင်းလာရင်း အခက်ခဲ ရှိသူများ ကို ကူညီနေကြပါ ။ ဒါ့အပြင် သူမမှာ မြင်သာသည့် ဆံပင် အဖြူ ရောင်လေးများ ရှိပြီး တည်ငြိမ်ရင့်ကျက်ဟန် ဖြင့် အစွမ်းထက် မိန်းကလေး တစ်ဦး ဖြစ်သောကြောင့် သူမကို မှတ်မိနေရန် မှာ မခက်ခဲပါချေ ။
ချန်ရှန် ကတော့ ရုတ်ဖျက်ထားသောကြောင့် သူ့ကို လက်ရှိမှာ ဘယ်သူမှ မသိကြပါဘူး ။ သူကိုယ်တိုင်ကလဲ သူ၏ နာမည်အား ထုတ်ဖော်ပြောခြင်း မရှိချေ ။ သူ့ကိုယ် သူ ဖော်ပြလိုက်ပါက မလိုလားအပ်သော ပြသနာများ ဖြစ် ပွားစေနိုင်သောကြောင့်ပါပဲ ။
. . .
ချန်ရှန် နှင့်လန်ယုလန် ဟာ လူတစ်ယောက်နောက် မှ လိုက်လာပြီး မိုင်းတွင်း အတွင်းရှိ လိုဏ်ခေါင်းတစ်ခု အတွင်း သို့ ၀င်ရောက် လာခဲ့ကြတယ် ။ အထဲမှာတော့ ဂူငယ်များစွာ ရှိပြီး လုံခြုံမှု ရှိစေရန် ပြုလုပ်ထားပုံပါ ။
ချန်ရှန် နှင့် လန်ယုလန် တို့ လင်းလျက် ရှိသော အခန်း ထဲသို့ ရောက်ရှိသည့် အခါမှာတော့ သက်လတ်ပိုင်း အရွယ် လူတစ်ဦးအား ဖြူဖတ်ဖြူလျော် အနေအထားဖြင့် တွေ့ ရှိ လိုက်ပါတယ် ။ အကြည့်တစ်ချက်နှင့်ပင် ထိုလူဟာ ဒဏ် ရာရထားကြောင်း သိနိုင်ပါတော့တယ် ။
“ဒန်ယွန်လား”
ချန်ရှန် မေးလိုက်တယ့် အခါမှာတော့ ထိုလူက ခေါင်း ညိမ့်ကာ ပြန်ဖြေပါတယ် ။
ချန်ရှန် ဟာ ထိုလူ၏ အမည်ကို စုံစမ်းသိရှိရပြီး ဖြစ် ကာ ဆရာကြီး တန်မှ ပြောပြလိုက်ခြင်းပါ ။ ထိုလူဟာ အဆင့် ၅ ပညာရှင် တစ်ဦးဖြစ်ပြီး ဒန်ယွန် လို့ ခေါ်ပါတယ် ၊ သို့သော်လည်း ယခုအခါ သူဟာ ဒဏ်ရာရရှိနေတာမို့ ချန် ရှန် ဟာ အဖြူရောင်ကျောက်စိမ်း ဆေး ပါသော သေတ္တာ တစ်လုံးအား ဒန်ယွန် သို့ ပေးလိုက်ပါတယ် ။
ဒန်ယွန် မှ ကျေးဇူးတင်စကားဆိုကာ –
“ငါ ခုနတုန်းက အပြင်မှာ တိုက်ခိုက်နေသံတွေ ကြား လိုက် ရတယ် ။ ဘယ်လိုဖြစ်တာလဲ”
ဒန်ယွန် ဟာ လန်ယုလန် ကို မှတ်မိပါတယ် ။ ဒါ့အပြင် သူဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းအား အကြောင်း ကြားထားတာကြောင့် ကူညီရန် တစ်စုံတစ်ယောက် တော့ သေချာပေါက် ရောက်ရှိလာမယ် ဆိုတာ သိနေပါတယ် ။
ချန်ရှန် လည်း ပြန်ဖြေလိုက်တယ် ။
“ကိစ္စတွေ ပြတ်သွားပြီ ။ ဒါပေမယ့် နောက် တစ်ခါ ထပ် မဖြစ်ဘူးလို့ အာမမခံနိုင်ဘူး ။ ဒီကိစ္စက နတ်ဓားဂိုဏ်း နဲ့ မိစ္ဆာ ယန် အင်အားစုတို့ ရဲ့ ပူးပေါင်းကြံစည်မှုကြောင့်ပဲ ၊ ကျွန်တော် အတွင်းစည်းက သက်ကြီးတွေကို သတင်းပေး ပြီး ဒီကို လူတွေ ထပ်လွှတ် မလားဆိုတာ မေးကြည့်လိုက်ပါ့ မယ်”
ရုတ်တရက်ပဲ လူတစ်ဦးဟာ ကမန်းကတန်း ပြေးဝင် လာကာ –
“ခေါင်းဆောင် ယွန် ၊ အပြင်မှာ နတ်ဓားဂိုဏ်းက လူ တွေ ရောက်နေကြတယ် ။ သူတို့က ခင်ဗျားနဲ့ စကားပြော ချင်လို့တဲ့”
ဒန်ယွန် အနည်းငယ် အံ့အားသင့်သွားကာ –
“သွားကြစို့”
သူ၏ မျက်လုံးထဲ ချန်ရှန် ဟာ သူ့ထက် များစွာ အစွမ်း ထက်တယ် ဆိုတာ သိနေတယ် ။ သူတစ်ဦးတည်း ယခု ထွက်ပြေးသေဆုံးသွားသည့် မိစ္ဆာ ယန် အင်အားစုမှ လူများ ကို မတိုက်ထုတ်နိုင်ခဲ့ဘူး မဟုတ်ပါလား ။
“နတ်ဓားဂိုဏ်းက ဒီကိစ္စကို ၀င်ပါနေကြပြန်ဦးမှာလား ဗျ”
“အသေချာပဲ ၊ ဒီဂိုဏ်းဟာ သူတို့ထဲမှာကို ရှုပ်နေကြပြီး တခြားကိစ္စတွေကို စီမံနိ်ုင်ဖို့ အချိန်မရှိဘူး ဆိုပေမယ့် အဲ ဒိ ဂိုဏ်း က ခေါင်းဆောင် တစ်ဦးဟာ မိစ္ဆာယန် အင်အားစု နဲ့ ပူးပေါင်းနေတယ် ။ ဒီနတ်ဓားဂိုဏ်းဟာ အလွန် ဂုဏ် မောက် တတ်ပေမယ့် ဒီလို မိစ္ဆာအင်အားစုနဲ့ ပူးပေါင်းတာ ကို သိသွားမှာ အလိုမရှိကြဘူး”
လန်ယုလန် ရှင်းပြပါတယ် ။
ချန်ရှန် တို့လည်း ဟောခန်း ငယ် တစ်ခုတွင်း ရောက် ရှိသည့် အခါ ခါးတွင် ဓားများ ချိတ်ဆွဲထားသည့် လူများကို တွေ့ လိုက်ကြရတယ် ။ ဓားအိမ်များမှာ ကျောက်များ စီ ခြယ် ထားပြီး အငွေ့ များထွက်ကာ အ၀တ်စားကောင်းများ ၀တ် ဆင် ထားကြတယ် ။ အားလုံး၏ မျက်နှာများမှာ တင်း မာခက်ထန်လှပြီး စိတ်ကြီး ၀င်နေကြဟန်ပါ ။ အားလုံး ဟာ လူငယ်များသာ ဖြစ်ပြီး အကြည့်တစ်ချက်နှင့်ပင် ၎င်းတို့ ဟာ နတ်ဓားဂိုဏ်းက ဆိုတာ ပြောနိ်ုင်ပါတယ် ။
“ခေါင်းဆောင် ယွန် ၊ ထပ်ဆုံရပြန်ပြီပေါ့”
လူငယ်တစ်ဦးက ခပ်လှောင်လှောင် ဆိုပါတယ် ။ ဒန် ယွန် ကို တွေ့ သည့်အခါ ထိုလူငယ်ဟာ မတ်တတ်ပင် မရပ် ပဲ ခပ်တည်တည် ပင် ထိုင်လျက် ပြောပါတယ် ။ ဒါကို ကြည့် ရင်း လန်ယုလန် နှင့် ချန်ရှန် တို့ဟာ သိပ်တော့ မကျေနပ် ကြပါ ။
ဒန်ယွန် လည်း အနည်းငယ် စိတ်ဆိုးနေပါတယ် ။ ဒါပေ မယ့်လည်း သူဟာ ဒီလူတွေ နဲ့ ဆုံတွေ့ နေကြ ဖြစ်တာမို့ သူ့အတွက် ကျင့်သားရနေပါပြီ ။
“လန်ယုလန် ပါလား”
ထိုလူက ဆံပင် ဖြူဖြူနှင့် ကောင်မလေးကို မြင်လိုက် ရ သည့်အခါ အံ့သြဟန် ဖြင့် ဆိုပါတယ် ။
“ဂန်ဂျူဂျန် ၊ နင် ဘာလာလုပ်တာလဲ”
လန်ယုလန် ခပ်အေးအေး ကြည့်ကာ ပြောလိုက်တယ် ၊ ထို လူငယ်ကို လုံးဝ မကြည်ကြောင်း သိသာနေပါတယ် ။
ချန်ရှန် ဂန်ဂျူဂျန် ကို အကဲခတ်နေမိတယ် ။ထိုလူငယ် ဟာ ကြည့်ကောင်းလှသော်လည်း ၎င်း၏ စိတ်ကြီးဝင်နေပုံ မှာ မနှစ်မြို့ စရာပါ ။
ဂျန်ဂျူဂျန် ဟာ ချန်ရှန် ကို လှည့်ပင် မကြည့်ပါ ။ အ ဘယ်ကြောင့်ဆိုသော် ချန်ရှန် ဟာ သာမန်သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်နှင့် တူနေလို့ပါပဲ ။ လက်ရှိမှာ ဂန်ဂျူဂျန် ၏ အာရုံစူးစိုက်မှုဟာ လန်ယုလန်၏ ကိုယ်ပေါ် မှာ ပဲ ရှိနေပြီး တခြား နတ်ဓားဂိုဏ်းမှ လူ လေးဦး ဟာလည်း သူ့လိုပဲ စိုက်ကြည့်နေကြပါတယ် ။
အခန်းငယ် ဟာ သာမန်ဖြစ်ပေမယ့်လည်း လင်းနေ တာကြောင့် လန်ယုလန် ၏ စိတ်မသက်မသာ ဖြစ်နေဟန် ကို မြင်တွေ့ နိင်ပါတယ် ။ သူမကို တခြားလူမှ ယခုလို အကြည့်ရိုင်းမျိုးဖြင့် ကြည့်ခြင်းအား မကြိုက်ပါ ။ ချန်ရှန် က တော့ ခြွင်းချက်အနေဖြင့်ပေါ့ ။
“နာမည်ကျော်ကြားတာလည်း အံ့သြစရာ မရှိပါဘူး ၊ မင်း က မိစ္ဆာ ယန် နောက်လိုက် တစ်ရာကျော်ကို သတ်ပစ် လိုက်တယ်ပေါ့”
ဂန်ဂျူဂျန် ပြောလိုက်တယ် ။ သူ၏ မျက်လုံးများ မှာ လည်း အံ့သြမှု အရိပ်အယောင်များ ဖုံးလွှမ်းပြီး အားလုံး ဟာ ဒီကိစ္စများ အားလုံး လန်ယုလန် လုပ်တယ်ဆိုတာ မယုံ ကြည်နိုင်ကြဘူး ဖြစ်နေကြပါတယ် ။
“ဂန်ဂျူဂျန် ၊နင် ဒီကို လာတာ ပေါက်ကရတွေ ပြောဖို့ လား ၊ နင် က တော်တော် မုန်းစရာ ကောင်းပြီး ပြောတဲ့ စကား တွေကလည်း အရေမရ အဖတ်မရတွေ ထွက်သွား ကြ စမ်း”
လန် ယုလန် ဂန်ဂျူဂျန် ကိုအော်ဟစ်နေပါတယ် ။
ဒါကို ကြည့်ရင်း ချန်ရှန် ကြိတ်ရယ်နေမိတယ် ။ လန်ယု လန် ၏ အမူအရာဟာ တကယ်ကို ရဲတင်းလှပြီး သူမ၏ ပြောပုံ ဆိုပုံမှာလည်း တကယ်ကို ရိုင်းလှပါတယ် ။
ဂန်ဂျူဂျန် အနည်းငယ် အံ့အားသင့်သွားပြီး စိတ်ဆိုး ပုံ ပေါက်သွားပါတယ် ။
“ဒန်ယွန် ၊ ကျွန်တော် က စိတ်ရှည်မှာမဟုတ်ဘူးနော် ၊ လန်ယုလန် က ခင်ဗျားကို ကူညီပေမယ့် မိစ္ဆာ ယန် အင်အား စု ဟာ လက်နက်ချလိမ့်မှာ မဟုတ်ဘူး ။ ဒီမိုင်း တွင်းကို ကျွန်တော် တို့နဲ့ အကျိူးတူ မလုပ်သရွေ့ ကျွန် တော် တို့ နတ်ဓားဂိုဏ်းကလည်း ခင်ဗျားတို့ လုံခြုံရေး အ တွက် အာမခံနိုင်မှာ မဟုတ်ဘူး”
ဂန်ဂျူဂျန် စိတ်ဆိုးသော အသံဖြင့် ပြောလိုက်ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset