Switch Mode

Chapter – 207

မောင်နှမအင်အားစု

Chapter – 207 မောင်နှမအင်အားစု

ချန်ရှန် ယန် မိစ္ဆာဂိုဏ်းမှ အဆင့် ၃ ပညာရှင် သုံးဦး အား အလွယ်တကူပင် ရှင်းပစ်လိုက်နိုင်ခဲ့တယ် ။ ဆက် လက်၍ အဆင့် ၂ ပညာရှင် ငါးဦးအားလည်း ရှင်းပစ်ခဲ့ပါ သေးတယ် ။ ဒီလိုနည်းဖြင့် ချန်ရှန် ဟာ အလွယ်တကူပင် ရန်သူများ အား ရင်ဆိုင်ခဲ့ပြီး နောက်ဆုံး တိုက်ခိုက်မယ့် အ အချိန်မှာ အခက်အခဲ မရှိ ဖြစ်နေမှာပါ ။
“ယုလန် ၊ နတ်လက်နက် အင်ပါယာ ရဲ့ ဧကရီ နဲ့ မင်း တို့ ဂိုဏ်းချုပ်ရဲ့ ဆက်ဆံရေးကို သိလား”
ချန်ရှန် မေးလိုက်တယ် ။ ခပ်ဝေးဝေး မှာ ရှိသည့် ရွက် ဖျင်တဲအား ချိန်ရွယ်ရင်း မြှားကို မောင်းတင်လိုက်ပါတယ်။
“ကျွန်မလည်း မသိဘူး ။ သူလာတိုင်း အတော်ကို လျို့ ၀ှက်တယ် ။ သူမ ဘယ်ချိန်ရောက်ပြီး ဘယ်ချိန်ပြန်သွား တယ် ဆိုတာတောင် ကျွန်မ မသိလိုက်ဘူး ။ ကျွန်မတို့ ဂိုဏ်းချုပ်ကလည်း အတော်ကို လျို့ ဝှက်တာပဲ ။ သူ့ကို မြင်ရခဲတယ် ။ အများအားဖြင့် ကျွန်မတို့ ရေခဲလေ တောင် ကြား ကို သက်ကြီးပညာရှင်တွေက စီမံတာ များတယ် ။ ကျွန်မ ဆို အဲဒိဂိုဏ်းမှာ နေတာ ကြာပြီ ဒါပေမယ့် ဂိုဏ်း ချုပ် နဲ့ တွေ့ ဖူးတာ အကြိမ် ၂၀ ထက်မပိုဘူး”
လန်ယုလန် ပြန်ဖြေပါတယ် ။ သူမကိုယ် သူမလည်း မသေချာ ဖြစ်ကာ ဒီကိစ္စကို အလွန်ပဲ သိချင်နေမိပါတယ် ။
ချန်ရှန် သိပ်တော့ မအံ့သြတော့ချေ ။ အဘယ်ကြောင့် ဆိုသော် ဒန်ရှန်တောင်ယွမ်မှ ဂိုဏ်းချုပ်နှင့် ဆေးဆရာမ ကြီး တို့မှာလည်း ဒီလိုတွေ ကြောင့်ပါပဲ ။ အလွန်ကို စွမ်း အား ကြီးကြပေမယ့် အလွန်လည်း လျို့ ဝှက်လှပါတယ် ။ ဆေးဆရာမကြီး က လူရှေ့ သူရှေ့ ထွက်လေ့ ရှိတာကြောင့် အနည်းငယ် တော်သေးတယ် ဆိုရမှာပါ ။ သို့သော်လည်း ဒန်ရှန် တောင်ယွမ် ဂိုဏ်းချုပ်နှင့် ရေခဲလေ တောင်ကြား ဂိုဏ်းချုပ်တို့မှာ အတော့်ကိုပဲ လျို့ ဝှက်ကြပြီး ၂ ယောက် လုံးဟာ လူရှေ့ ထွက်ခဲလှပါတယ် ။ အားလုံးဟာ မိန်းမများ ဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ထိပ်သီးကြီး များ ဖြစ်ကြတယ် ။
ဆေးဆရာမကြီး ပြောပုံအရ ၊ သူမမှာ ခရမ်းရောင် လ မီး ဝိဉာဉ်တော် ရှိနေတာကြောင့် သူမကိုယ်သူမ ကာ ကွယ်ရန် ဖြစ်ပြီး မီးဝိဉာဉ်တော် မုဆိုးတွေရဲ့ ဖမ်းဆီမှာ ကို စိုးရိမ်နေတာပါ ။
ဒန်ရှန် တောင်ယွမ် ဂိုဏ်းချုပ်နှင့် ရေခဲလေ တောင် ကြား ဂိုဏ်းချုပ်တို့မှာလည်း ထိုကဲ့သို့ အကြောင်းပြချက် များ ရှိနေပါမည်လော . . . ၊ သူမတို့ ၂ ဦးလုံးမှာ မီး ဝိ ဉာဉ်တော် ရှိနေတာများလား . . . ။ ဒါမှ မဟုတ် တခြား စွမ်းအားကြီး အရာ တစ်ခုခု ရှိနေတာများလား . . . ၊ ချန်ရှန်စဉ်းစားရင်း ခေါင်းရှုပ်လာပါတော့တယ် ။
လွန်ခဲ့တယ့် စက္ကန့် အနည်းငယ်ကပဲ အဆင့် ၂ ပညာ ရှင် ၅ ဦးဟာ ချန်ရှန် ကြောင့် တိတ်တဆိတ် သေဆုံးသွားခဲ့ ရပါပြီ ။ ခဏမျှ နားလိုက်ပြီးနောက် ချန်ရှန် မှ လေးလေး ပင် ပင် ဖြင့် –
“ယုလန် ၊ မင်း အဆင်သင့်ပဲလား ၊ ငါ အဆင့် ၅ ပညာ ရှင်ကို ပစ်လိုက်ဦးမယ် ။ တကယ်လို့ ငါသတ်လို့ မသေရင် တော့ မင်းသွားချပေါ့”
လန်ယုလန် ၏ သွယ်လျသော လက်လေးများမှာ သူမ ၏ နောက်ကျောရှိ ဓားသို့ လှမ်းကိုင်လိုက်ပါတယ် ။ သူမ ကို ကြည့်ရသည်မှာ အလွန်ပင် စိတ်လှုပ်ရှားဟန် ရှိနေပြီး အဆင်သင့် ဖြစ်နေပုံပါပဲ ။
ချန်ရှန် သူ၏ ဒူးလေးအတွင်းသို့ စကြာဝဠာ ချီဓာတ် များ အား လောင်းထည့်လိုက်ပါတယ် ။ ဒူးလေးမှ ချီဓာတ် များ ထပ်မံ မစုတ်ယူနိုင်သည်ထိ ထည့်ပြီးနောက် မှာတော့ ချန်ရှန်လည်း ပစ်လွှတ်လိုက်ပါလေတော့တယ် ။
မြှား ဟာ အနည်းငယ် ကြီးမားပါတယ် ။ ချန်ရှန် ခပ် ကြီး ကြီး ရွက်ဖျင်တဲကို ပစ်လိုက်ပြီးနောက်မှာတော့ ခပ်တိုး တိုး အော်သံ တစ်ခု တဲအတွင်းမှ ထွက်လာပါတယ် ။ ရုတ်တရက်ပဲ သန်မာထွားကြိုင်းသော လူတစ်ဦး ရွက်ဖျင် တဲထဲမှ ခုန်ထွက်လာပြီး အမည်းရောင် ဓားကြီးကို ကိုင်ကာ ဒေါသတကြီး အော်ဟစ်နေပါတော့တယ် ။
“ဘယ်ခွေးက ငါ့ကို ချောင်းပစ်တာလဲကွ ၊ မြန်မြန် ထွက်လာခဲ့စမ်း”
လူထွားကြီးက အော်ဟစ်လိုက်ပါတယ် ။
လူကြီး ၏ အော်သံကြောင့် နောက်လိုက် ၁၀၀ ခန့်ဟာ စုရုံး ရောက်ရှိလာပြီး လန်ယုလန်မှာလည်း ဓားကို သူမ၏ ကျော မှ ဆွဲထုတ်လိုက်ပါတယ် ။ လက်တစ်ဖက်ဖြင့် ဓားကို ကိုင်လျက် ရပ်နေပုံမှာ ပိုမို အရိုင်းဆန်သွားစေသလိုပါပင် ။
“ဆံပင်ဖြူ မိစ္ဆာမလေး ၊ မင်းပဲလား”
ထိုလူ၏ စကားမဆုံးခင်မှာပင် လန်ယုလန်ဟာ သူမ၏ နေရာမှ ပျောက်ကွယ်သွားတယ် ။ မျက်စိတမှိတ် အတွင်း မှာပင် ခပ်ဝေးဝေး မှာ ရောက်ရှိနေပြီး လက် ၂ ဖက်လုံး တွင် ဓားကို ကိုင်ဆွဲလျက် ထိုလူအား ခုတ်ချလိုက်ပါတယ်၊ အေးစက်သော ချီဓာတ်များ ထွက်ပေါ်လာပြီး ၀င်ပေါက် အား ဖုံးလွှမ်းသွားစေလိုက်တယ် ။ ထိုသို့ အေးစက်သော ချီ ဓာတ်များ ဖြစ်ပေါ်ပြီး နောက်မှာပဲ ရုတ်တရက် မီးများဟာ ပေါက်ကွဲထွက်သွားပါတယ် ။ လူအားလုံးဟာ ထိတ်လန့် သွားကြပြီး အပူနှင့် အအေး ချီဓာတ်များ ပေါင်းစပ်မှုဟာ ၎င်း တို့ကို အတော်ကို ကြောက်ရွံ့ စေမိပါတယ် ။
လန်ယုလန် ၏ တိုက်ကွက်များဟာ ပြင်းထန်လှပါ တယ် ။ သို့သော်လည်း ထိုသို့ တိုက်ခိ်ုက်မှုများအား ဓား အမည်းတစ်ချောင်းက ပိတ်ဆို့ထားလျက် ရှိတယ် ။ ပေါက် ကွဲသံ ဖြစ်ပေါ်ပြီး နောက်မှာတော့ လန်ယုလန် ၏ ဓားနှင့် ထိုလူ ၏ ဓားတို့ ထိရိ်ုက်သွားကြပါတော့တယ် ။
ဒါကိုကြည့်ရင်း ချန်ရှန် ရေရွတ်နေမိတယ် ။ မီးနှင့် ရေခဲ ချီဓာတ်တို့၏ ပေါင်းစပ်မှု ချီဓာတ်များဟာ အလွန်ကို စွမ်း အားကြီးလှပါတယ် ။ ဒီလို မိန်းကလေးက ဒီလိုစွမ်းရည် မျိုး ပိုင်ဆိုင်လိမ့်မည်ဟု မည်သူမျှ ထင်မည် မဟုတ်ချေ ။
လန်ယုလန် ရဲ့ အဆင့် ၄ စစ်မှန်သော သိုင်းပညာ နယ် ပယ် ဟာ အဆင့် ၅ သိုင်းပညာနယ်ပယ် သို့ ၀င်ရောက် နေ သူ ၏ စွမ်းအားနှင့် ကောင်းကောင်းယှဉ်လို့ရနေပါတယ် ။ သူမ ဟာ ဓားပြားကြီးကို ကိုင်ထားသော်လည်း သူမ ဓား ခုတ်ချက်များဟာ သွက်လက်လှပြီး အားလည်း ပါလှပါ တယ် ။ အမြန်နှုန်းဟာလည်း ကြောက်မခမ်းလိလိပင် ဖြစ် ပြီး သူမ ပျောက်လိုက်ပေါ်လိုက်ဖြင့် တိုက်ခိုက်နေသော ကြောင့် သူမကို ဖမ်းရ အတော်ကို ခက်ခဲပါတယ် ။
ထိုလူဟာလည်း အဆင့် ၅ ပညာရှင် ပီပီ သူငယ် နှပ် စား တော့ မဟုတ်ချေ ။ လန်ယုလန် ၏ ဖိတိုက်ခြင်းကို ခံ နေရပေမယ့် သူမ၏ တိုက်ခိုက်မှုများအား ခုခံနိုင်နေစဲ ပါ။ လန်ယုလန် ၏ အမြန်နှုန်းဟာ လိုက်ဖို့ ခက်ခဲလှပေမယ့် ၎င်းမှာ ချီဓာတ်များ အလွန်များပြားစွာ ရှိနေတာကြောင့် ချီ အကာအကွယ်တစ်ခုကို လန်ယုလန် ၏ တိုက်ခိုက်မှုများ ကို ခံနိုင်ရည် ရှိနေပါတော့တယ် ။
ထိုလူဟာ အဆင့် ၂ နှင့် အဆင့် ၃ ပညာရှင်များ သူ့ထံ ရောက်ရှိလာမယ် ထင်နေတာပါ ။ အစကတည်းက သူ ကြာ ကြာ တောင့်မခံထားနိုင်လောက် ဟုလည်း မျှော်လင့် ခဲ့ပြီးသားပါ ။ အချိန်အတော်ကြာ စောင့်ဆိုင်းနေသော် လည်း ၎င်း၏ လူများဟာ ပေါ်မလာပဲ အဆင့် ၁ ပညာရှင် များနှင့် မော်တယ် ပညာရှင်များသာ ရောက်ရှိလာကြပါ တယ် ။ ၎င်းတို့ အားလုံးဟာ အလွန်အားနည်းသူများ ဖြစ် ကြပြီး လန်ယုလန် ၏ ချီဓာတ် တစ်ချက် အဝေ့မှာပင် လွင့် စင် ကုန်ကြပါတော့တယ် ။
ချန်ရှန် လန်ယုလန်ဟာ အတော်ကို အစွမ်းထက်တာ သဘောပေါက်သွားတယ် ။ ဒါကြောင့်သူမအတွက် သိပ်ပြီး စိုးရိမ်စိတ် မရှိတော့ပါ ။ ချန်ရှန် သူ၏ ခါးမှာရှိတယ့် ဓားကို ဆွဲထုတ်ကာ ခုန်လိုက်ပြီး မိစ္ဆာနောက်လိုက်များရှေ့ သို့ ရောက်ရှိသွားပါတယ် ။
“ရွှိ ရွှိ ရွှိ”
ထိုကဲ့သို့သော အသံများနှင့်အတူ ဓားကြီးကို ဝေ့ယမ်း လိုက်ပြီး ချီဓာတ်များကို ထည့်သွင်းလိုက်ပါတယ် ။ ထိုကဲ့ သို့ ချီဓာတ်များ များပြားစွာ ထည့်လိုက်သောအခါ အရိပ် များ ပေါ်လာပြီး သာမန်ဓားဟာ နတ်လက်နက် တစ်ခုအ သွင် သို့ ပြောင်းလဲ သွားပါတော့တယ် ။ အချိန် အနည်း ငယ် အတွင်းမှာပဲ များစွာသော အဆင့် ၁၀ ပညာရှင်များ ဟာ သေဆုံးသွားခဲ့ရပါပြီ ။ အားလုံးသော စစ်မှန်သော ဂိုဏ်းသားများဟာလည်း ချန်ရှန် ဟာ အလွန် အစွမ်းထက် တယ် ဆိုတာကို သိသွားကြတာကြောင့် ခြေလှမ်း အနည်း ငယ် ဆုတ်ခွာ သွားကြပါတော့တယ် ။
လန်ယုလန် နှင့် တိုက်ခိုက်နေရင်း ရန်သူဟာ နာမည် အချို့ ကို လှမ်းအော်နေပါတယ် ။ ၎င်းခေါ်သည့် နာမည် ပိုင် ရှင်များမှာ မကြာသေးမီက သူဒူးလေးဖြင့် သတ်ဖြတ်ခဲ့ သော လူများ ဖြစ်လိမ့်မည် ဟု ချန်ရှန် ခန့်မှန်းမိပါတယ် ။ ထိုလူကြီး ဘယ်လိုပင် အော်နေပါစေ ထိုလူများဟာ ထွက် လာနိုင်တော့မှာ မဟုတ်ပါဘူး ။
တိုက်ပွဲအတွင်း ရွက်ဖျင်တဲများ ဟာလည်း ချီလှိုင်း များ ကြောင့် လွင့်စင်ကုန်ရပါပြီ ။ ဒီလိုကြောင့်ပဲ အဆင့် ၅ ပညာရှင်ကြီးဟာ သူ့လူတွေ သေနေတာကို တွေ့ သွား ပါ တယ် ။ ဒါကြောင့် ၎င်းဟာ ပိုမို ဒေါသထွက်လာပြီး လန်ယု လန် ဆီသို့ အရှိန်အဟုန် ပြင်းစွာ တိုက်ခိုက်တယ် ။ သို့ သော်လည်း လန်ယုလန် ဟာ လွတ်သည်ဆိုရုံမျှ ရှောင် တိမ်းနိုင်နေတာကြောင့် ၎င်းဟာ ပိုမို စိတ်စောပြီး ဒေါသ များ ထွက်လျက် ရှိနေပါတော့တယ် ။
ချန်ရှန် ဟာ နောက်လိုက် အများအပြား ၏ ၀န်းရံ ခြင်း ကို ခံနေရပြီး အားလုံးဟာ အဆင့် ၁၀ မော်တယ် ပညာ ရှင် များ နှင့် အဆင့် ၁ စစ်မှန်သော ပညာရှင်များပါ ။ ချန်ရှန် ၏ မျက်လုံးထဲမှာတော့ ၎င်းတို့ဟာ ပုရွတ်ဆိတ် တစ်ကောင် ထက် ကို မပိုပါချေ ။
“အားလုံး စုကြ”
သက်လတ်ပိုင်း အရွယ် လူတစ်ဦးက အော်ပြောပါ တယ် ။ ချန်ရှန် ၏ လက်မှ ရွှေရောင် အလင်းတန်းများ စီး ဆင်းလာပြီး လျင်မြန်စွာပင် အုပ်စုလိုက်ကြီးအား ထိုးလိုက် ပါတော့တယ် ။ ချီဓာတ်များဟာ လူတိ်ုင်းရဲ့ နှလုံးသားကို ရိုက်ခတ်သွားကာ အားလုံးဟာ သေလောက်အောင် ထိတ် လန့် နေကြပါပြီ ။
ချန်ရှန် လက်သီးများ တစ်လုံးပြီး တစ်လုံး ပစ်သွင်းနေပြီး ချီဓာတ်လှိုင်းများဟာလည်း မုန်တိုင်းလို ထွက်နေလျက် ရှိတယ် ။ မြေကြီးများမှာလည်း အစိတ်စိတ် အမွှာမွှာ ကွဲထွက်ကာ အသံများစွာ မြည်ဟည်းပြီး အလွန် ကို ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။
နံရံပေါ်မှ ကြည့်ရှုနေသည့် လူများဟာ ကောင်လေး နှင့် ကောင်မလေး ၂ ယောက်တွဲ တိုက်ခိုက်မှုအား ရင်သပ် ရှုမော ကာ ကြည့်ရှုနေကြတယ် ။ ၎င်းတို့ ၂ ဦးမှထွက် သည့် ချီဓာတ်များဟာ မတူညီကြသော်လည်း ၂ ဦးလုံးမှာ အလွန် ပင် အစွမ်းထက်ကြလှပါတယ် ။ ၎င်းတို့ရှေ့ မှာ ရှိ နေသည့် အရာအားလုံးကို ရှင်းပစ်နေကြပါတော့တယ် ။
သွေးပျက်စွာ စူးစူး ဝါးဝါး အော်ဟစ်သံများ တောင် တစ်ခုလုံးမှာ ပျံ့ နှံ့နေပြီး လူတိုင်းဟာ တုန်လှုပ်နေကြတယ် ၊ ချန်ရှန်၏ တိုက်ခိုက်မှုများဟာ အလွန်ပင် ရက်စက်လှ ပြီး လက်သီးတစ်ချက်ချင်းဟာ ကျားခေါင်းများအဖြစ် ပြောင်း လဲ သွားကာ ချီဓာတ်များ ပျံ့ နှံ့သွားစေပါတယ် ။ ထိုးခံရ သည့်လူဟာ သေသွားပြီး ဘေးနားရှိလူများမှာလည်း ချီ ဓာတ် လှိုင်းများ ထိခိုက်ခြင်းကြောင့် အပြင်းအထန် ဒဏ် ရာ ရသွားစေပါတော့တယ် ။
စွမ်းအား အပြင်းထန်ဆုံး မျိုးဆက်သစ် ပညာရှင် ၂ ဦး ၏ တိုက်ပွဲ မဟုတ်ပါလား ။ နံရံပေါ်မှာ ကြည့်နေကြသည့် လူ များမှာ ချန်ရှန် ၏ ထိုးချက်များကို ကြည့်ရင်း ကြက် သီး များပင် ထမိနေကြပါတယ် ။ ဒီလို စွမ်းအားမျိုးကို ၎င်းတို့ တခါမှ မမြင်ဘူးပါချေ ။ တချိန်တည်းမှာပဲ ၎င်းတို့ စိတ်ထဲ အလွန် လှုပ်ရှား မိသွားကြတယ် ။ သူတို့ကို ကယ်မည့် လူ ရောက်လာပြီ မဟုတ်ပါလော . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset