Switch Mode

Chapter – 206

မိစ္ဆာဒူးလေး

Chapter – 206 မိစ္ဆာဒူးလေး

ချန်ရှန် နဲ့ လန်ယုလန် တို့ဟာ တောတွင်းမှာ ပုန်းနေ ကြတယ် ။ တောနက်ထဲမှ အုတ်နံရံများကို လေ့လာရင်း အကဲခတ်နေကြ ပါတယ် ။ အဘယ်ကြောင့်ဆိုသော် သ လင်းကျောက်မိုင်းတွင်းဟာ အလွန်ပဲ အရေးကြီးလှပြီး ပြင်း ထန်သော သိုင်းပညာဂိုဏ်းဟာ မိုင်းတွင်းကို ထူထည်းမြင့် မားသည့် နံရံများဖြင့် ကာရံထားခဲ့တာပါ ။
ချန်ရှန် ဒီလိုမျိုး ကြီးမားသည့် တည်ဆောက်မှုမျိုး ဒီလို တောနက်နက်ထဲမှာ ရှိနေလိမ့်မယ်လို့ မထင်မှတ်မိခဲ့ပါဘူး။
ဂိတ်ရှေ့ မှာလည်း ရွယ်ဖျင်တဲကြီးများ ထောင်ထားတာကို သူ သတိပြုမိခဲ့ပါတယ် ။ လူများစွာဟာ ကင်းလှည့်နေပြီး ထိုလူများဟာ တော်တော်ကို များပြားပြီး မိစ္ဆာ ယန် အင်အား စု က ပါ ။ ဒီလိုဝင်ပေါက်ရဲ့ ရှေ့ မှာ တကယ်ကိုပဲ အခိုင်အမာ စခန်းချထားဝံ့နေပါတယ် ။
“စုစုပေါင်း ၁၀၀ လောက်တော့ ရှိမယ် ။ ဒီလူတွေဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းက စစ်မှန်သော ပညာရှင် တွေထက် အများကြီး ပို စွမ်းအားကြီးကြတယ် ။ ဒါကြောင့် ပဲ သူတို့ ဒီလို ရဲရဲတင်းတင်း နေနေတာပဲ”
လန်ယုလန် ရှင်းပြပါတယ် ။
သူမ ချန်ရှန် ၏ လက်အား မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ချန် ရှန် အတင်းကာရော ပြေးဝင်သွားမှာကို စိုးရိမ်နေလို့ပါ ။ ဒါ ဟာ အလွန်ပင် အန္တရာယ် ရှိလွန်းသည် မဟုတ်ပါလား ။
“ယုလန် ၊ မင်းငါ့ကို စိုးရိမ်ဖို့ မလိုပါဘူး”
ချန်ရှန် ပြုံးကာပြောလိုက်ပါတယ် ။
“ကျွန်မ အကိုတော်ကို မစိုးရိမ်ပါဘူး ။ အကိုတော စွတ် လုပ်မှာကို စိုးတာ”
လန်ယုလန် ဟာ ဒီနေရာမှာ ၂ လ လောက်နေခဲ့တာ ဖြစ်ပြီး သူမ ဒီ ယန် မိစ္ဆာ ဂိုဏ်းရဲ့ အကြောင်းကို ကောင်း စွာ သိနေပါတယ် ။ ဒီ အင်အားစုသာ သိပ်ပြီး စွမ်းအားမကြီး ဘူး ဆိုပါက သူမအနေဖြင့် အစောပိုင်းတွေထဲက သုတ် သင် ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ် ။သူမစိတ်ထဲမှာတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ချန်ရှန် ဟာ သူမထက် အားနည်းမယ် ထင်နေတာပါ ။
ချန်ရှန် အမည်းရောင် ဒူးလေးကို ထုတ်ပြီး ပြုံးကာ –
“ယုလန် ၊ မင်းဒါကို သိလား”
ယုလန်လည်း တခဏမျှ တွေသွားပြီး –
“မိစ္ဆာ ဒူးလေး ပဲ ။ကျွန်မ ကြားတာတော့ ဒီဒူးလေးကို အကိုတော်က အဆိပ်တစ်ရာဂိုဏ်းက လူကို သတ်ပြီး ရတာ လို့ ကြားတယ် ။ နောက် အကိုတော်ကို ဒဏ်ရာရ စေပြီး လျိုရှိုယန် ဆိုတယ့် စစ်မှန်သော သိုင်းပညာဂိုဏ်း က လူက ပြန်ယူသွားတာ မဟုတ်ဘူးလား”
ချန်ရှန် ရယ်မောကာဖြင့် –
“မှန်ပါတယ် ၊ ဒါပေမယ့် လျိုရှိုယန်က သူ့တပည့်ကို ပေးလိုက်တယ်လေ ၊ သူ့တပည့်ကို ငါက သတ်လိုက်တဲ့ အခါ ကျ ဒါကို ပြန်ရတာပေါ့ ။ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းရဲ့ တော်ဝင် ပြိုင်ပွဲမှာ စစ်မှန်သော သိုင်းပညာဂိုဏ်း နဲ့ သားရဲဂိုဏ်းတို့ ငါတို့ ဂိုဏ်းကို ပြသနာ လာရှာတာ မင်း သိ သင့်တယ်”
လန် ယု လန် သူမ၏ ခေါင်းကို ညိမ့်လိုက်ပြီး တစ်ချိန်တည်း မှာပင် ချန်ရှန် ဟာ ကိုယ့်ကိုကိုယ် ပြန်ဂုဏ် ယူ မိသွားသလို ခံစားလိုက်ရတယ် ။ ပြိုင်ပွဲသုံးခုလုံး အနိုင် ရခဲ့ရုံမက လုမျိုးနွယ်ရဲ့ ပညာရှင်ကိုလည်း ရှုံးနိမ့်သွားစေပြီး သိုင်းပြိုင်ပွဲမှာ ဒုက္ခလာပေးသော လူ၂ ဦးကိုလည်း အနိုင်ရ ရှိ ခဲ့ပါသေးတယ် ။ ဒီအချိန်ကစပြီး ပြင်းထန်သော သိုင်းပ ညာဂိုဏ်းဟာ သားရဲဂိုဏ်း နှင့် စစ်မှန်သော သိ်ုင်းပညာ ဂိုဏ်းတို့နဲ့ အဆက်အသွယ် ပြတ်သွားတာပဲ ဖြစ်ပါတယ် ။
ထို့နောက်မှာတော့ ချန်ရှန် ဟာ အဆင့် ၃ စစ်မှန်သော ပညာရှင်ကို သတ်ခဲ့ပြီး အမည်းရောင်လိပ် လျို့ ဝှက်ဆန်း ကြယ် နယ်ပယ်ထဲမှာလည်း လူများစွာ အား ဒုက္ခိတဖြစ် စေခဲ့ပါသေးတယ် ။ လန်ယုလန် ဟာ ရေခဲလေ တောင် ကြား မှ ဘယ်မှမထွက်ပေမယ့် သတင်းတွေတော့ ကြား နေ ရပါတယ် ။ ချန်ရှန် နာမည် ဘယ်လောက်ကြီးသလဲ ဆို တာ အသိသာကြီးပါ ။
လန်ယုလန် ဟာ ဒီလို အကိုမျိုး ရှိသည့်အတွက် အလွန် ပင် ဂုဏ်ယူနေမိပါတယ် ။ ချန်ရှန် ကလည်း သူမ အပေါ် အတော် ချစ်ပြီး တည်ဆောက်ရေးဆေး ၃ လုံးအား ပေးစေခဲ့သည် မဟုတ်ပါလား ။
“အကိုတော် ၊ အခု ဘာလုပ်မှာလဲ”
လန်ယုလန် မေးလိုက်ပါတယ် ။
ချန်ရှန် လက်မောင်းမှာ ရှိတယ့် နဂါးမလေး ၏ အား ကောင်းလှသော အာရုံခံစွမ်းအားကြောင့် ချန်ရှန် ဟာ ရွက် ဖျင် တဲတွေထဲမှာ ရှိသည့် လူများ၏ အဆင့်ကို သိနေပါ တယ် ။
“အဆင့် ၅ စစ်မှန်သော ပညာရှင် တစ်ဦး ၊ အဆင့် ၃ ပညာရှင် သုံးဦး ၊ အဆင့် ၂ ပညာရှင် ငါးဦး ။ အဆင့် ၁ ပ ညာရှင် ဆယ်ဦး နဲ့ ကျန်တာတွေက မော်တယ် ပညာရှင် တွေ ချည်းပဲ ။ ငါက အခု ဒူးလေးကို သုံးပြီး အဆင့် ၃ ပညာရှင် သုံးဦးကို သတ်လိ်ုက်မယ် ၊ ပြီးရင် အဆင့် ၅ ပညာ ရှင်နဲ့ ရင်ဆိုင်လိုက်မယ် ။ မင်းက ကျန်တယ့် မော်တယ် ပညာရှင်တွေကို ချလိုက်”
ချန်ရှန် ပြောပြီး ရွက်ဖျင်တဲ တစ်ခုကို ချိန်ရွယ်လိုက်ပါ တယ် ။
“နေဦး ၊ ကျွန်မ က အဆင့် ၅ ပညာရှင် နဲ့ ရင်ဆိုင်လိုက် မယ် ၊ အကိုတော် က မော်တယ် ပညာရှင်တွေနဲ့ ရင်ဆိုင် လိုက်ပါ”
လန်ယုလန် ခပ်လောလော ပြောလိုက်ပါတယ် ။
“မလုပ်နဲ့ ၊ ငါပဲ ချမယ်”
ချန်ရှန် ကလည်း ပြန်ပြောတယ် ။ သူ့အတွက် က အဆင့် ၅ ပညာရှင်ဆိုတာ အသေးအဖွဲပါ ။ နောက်ပြီး သူ့မှာ အမည်းရောင်လိပ် ချပ်ဝတ် ရှိနေတာ ဖြစ်ပြီး သာမန် အဆင့် ၅ ပညာရှင်လောက်တော့ မမှုပါချေ ။ လန်ယုလန် ကတော့ မပြောတတ်ချေ ။
“အကိုတော် ၊ ကျွန် မ သူ့ကို ချလိုက်ပါမယ် ။ ကျွန်မ ရေခဲလေ တောင်ကြားမှာ နေခဲ့ပြီး ဘာမှ မလုပ်ရသေး ဘူး ၊ သူ့ကို မနိုင်တော့တဲ့အခါကျမှ အကိုတော် လာကူပေါ့”
လန်ယုလန် ချန်ရှန် ၏ လက်မောင်းကို ဆွဲကာ ဆွဲဆွဲ ငင်ငင် ပြောပါတယ် ။
ချန်ရှန် သူ့လက်ကို နူးညံ့တယ့် အရာ ၂ ခု က ထိတွေ့ တာကို ခံစားလိုက်ရပြီး သူမ၏ မျက်နှာမှာလည်း ရဲသွား ပါ တယ် ။
“အိုကေ ၊ ဒါပေမယ့် မင်းမှတ်ထားရမှာက သိပ်ပြီး မရဲ တင်းနဲ့”
လန်ယုလန် ပြုံးပြလိုက်ပြီး ခေါင်းညိမ့်လိုက်ပါတယ် ။ ချန်ရှန် ၏ ပါးကိုပါ အနမ်းတစ်ပွင့် ပေးလိုက်တာကြောင့် ချန် ရှန် ကြောင်အမ်းအမ်းပင် ဖြစ်သွားပါတော့တယ် ။
ချန်ရှန် ကြောင်တောင်တောင် ပုံစံဖြစ်နေသည်ကို ကြည့်ရင်း လန်ယုလန် က စပ်ဖြဲဖြဲဖြင့် –
“အကိုတော် က ရှက်နေတာလား”
ချန်ရှန် သူမ၏ ခေါင်းကို ထုကာပြုံးပြီး –
“မင်းက မင်းရဲ့ အကိုတော်ကို ကိုယ်ထိလက်ရောက် စော်ကားလိုက်တာပဲ သိလား”
လန်ယုလန် ချန်ရှန် ၏ လက်ကို လွှတ်လိုက်ပြီး သူမ ၏ ပတ်ဝန်းကျင်ကို သေချာစွာ အကဲပြန်ခတ်နေပါတော့တယ်
ချန်ရှန် သူ၏ နတ်မိစ္ဆာ ဒူးလေးကို မြောက်လိုက်ပြီး ရွက်ဖျင်တဲ တစ်ခုကို ချိန်ရွယ်ကာ ရယ်မောရင်း လေသံတီး တိုးဖြင့် –
“ဒီကောင်တွေ သိပ်ကြီးကျယ်တာပဲ ။ တဲတစ်ယောက် တစ်လုံးနဲ့ ဟားဟားး”
“အဆင့် ၇ ဝိဉာဉ်တော် လက်နက်တွေထဲမှာမှ အဆင့် ၃ ဖြစ်တဲ့ လက်နက် ဘယ်လောက်အစွမ်းကြီးလဲ ကျွန်မ တွေ့ တော့မှာပေါ့”
လန်ယုလန် အတော်ပင် စိတ်လှုပ်ရှားလျက် ရှိပြီး စူး စိုက်ကြည့်လျက် ရှိပါတယ် ။
ချန်ရှန် လည်း ပြုံးကာဖြင့် –
“ငါက ဒါကို သုံးခဲပါတယ် ။ ဒီကောင်တွေနဲ့ ကိစ္စ ပြတ် ရင် ငါမင်းကို ပေးပါ့မယ်”
ပြောနေရင်းဖြင့် ချန်ရှန် ဟာ သူ၏ စကြာဝဠာ ချီဓာတ် တွေကို ဒူးလေးအတွင်း ထည့်လိုက်တဲ့အခါ အမည်းရောင် မြှားတစ်စင်း ပေါ်လာပါတယ် ။ ချန်ရှန် သူ၏ နတ်အတွင်း အား အာရုံဖြင့် တဲများအတွင်းရှိ မိစ္ဆာ ယန် ချီဓာတ်တွေကို အာရုံခံလိုက်တယ် ။ ချန်ရှန် မြားကို လွှတ်လိုက်သည်နှင့် အမည်းရောင်မြှားဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွက် ဖျင်တဲသို့ ရောက်ရှိသွားပါတော့တယ် ။
“ချန်ရှန် ဟာ ထိုလူ၏ စွမ်းအင်သိုလှောင်ရာ ကို ချိန် ရွယ် ကာ ပစ်လိုက်တာ ဖြစ်ပြီး မြှားဟာ ထိုလူကို ထိမှန်တဲ့ အခါ စွမ်းအားပြင်းထန်လှသည့် ချီဓာတ်များ ပေါက်ထွက် လာ ပါ တယ် ။ ထိုလူ၏ ကိုယ်တွင်းရှိ အရာအားလုံးဟာ မျက်စိ တမှိတ်အတွင်းမှာပဲ ပျက်ဆီးသွားပြီး အသံပင် မထွက် နိုင်တော့ပါ ။ ချန်ရှန် ဟာ စကြာဝဠာ ချီဓာတ်များ ကို အသုံးပြုထားတာကြောင့် မြှားဟာ အလွန်ကို စွမ်းအား ကြီးနေမယ် ဆိုတာ ပြောနေစရာပင် မလိုတော့ပါချေ ။ မျက်စိတမှိတ် အတွင်းမှာပဲ အဆင့် ၃ ပညာရှင်၏ အသက် အား နှုတ်ယူနိုင်လိုက်ပြီ မဟုတ်ပါလား ။
“တော် တော် စွမ်းတာပဲ ၊ အကိုတော် က ဒါနဲ့ အတော် လိုက်တယ် ။ အကိုတော်ပဲ သိမ်းထားလိုက်ပါ”
လန်ယုလန် ပြုံးပြီးပြောလိုက်ပါတယ် ။ ဒူးလေးဟာ အ လွန်ကို တန်ဖိုးရှိကြောင်း သိသော်လည်း ချန်ရှန် ဆီမှာ ထား ခြင်းက သူ့အတွက် ပိုလုံခြုံမယ်လို့ ခံစားမိလို့ပါ ။
“ဟုတ်ပြီ ၊ ငါ နတ်လက်နက် အင်ပါယာ ကို သွားပြီး ရှန်းရှန် ဆရာနဲ့ တွေ့ မယ် ။ ပြီးရင် မင်းအတွက် လက်နက် ကောင်း တစ်ခု လုပ်ဖို့ ကူညီ ခိုင်းလိုက်ပါ့မယ်”
ချန်ရှန် ပြောလိုက်တယ် ။ ဆံသား အဖြူရောင် မိန်းမ လှ လေးနှင့် စကားပြောနေရင်းပင် ချန်ရှန် ဟာ နောက်ထပ် မြှား တစ်စင်းအား ပစ်လွှတ်ကာ အဆင့် ၃ ပညာရှင် ၏ အ သက်အား ထပ်မံ ယူဆောင် သွားပြန်ပါတယ် ။
ယခုအခါမှာတော့ ယခု နတ်မိစ္ဆာ ဒူးလေး အား ဘာလို့ အဆင့် ၇ ဝိဉာဉ်တော် လက်နက်တွေကြားမှာမှ အဆင့် ၃ နေရာ ထားထားလဲ ဆိုတာကို သူ သိလာပါတယ် ။ အလွန် ပင် စွမ်းအားကြီးတာဖြစ်ပြီး ထည့်သွင်းလိုက်သည့် ချီဓာတ် များမှာလည်း မြှားအဖြစ် ထွက်သွားသောအခါ ပိုမို များ ပြား သွားသလိုပါပဲ ။
လန်ယုလန် ပစ်ချက်ကို အတော်ပင် ချီးမွမ်းနေပြီး ပြုံး ကာဖြင့် –
“အကိုတော် ၊ ဂိုဏ်းချုပ်က ကျွန်မကို အစွမ်းထက် ဓား တစ်လက် ရအောင် ကူညီပေးမယ်လို့ ပြောထားတယ် ။ဒါ ပေမယ့် လိုအပ်တယ့် ပစ္စည်းတွေ တော့ သူမတွေ့ သေးဘူး ၊ ဒါနဲ့ အကိုတော် ရှန်းရှန်း ဆိုတာလည်း ကျွန်မလို နာမည် ကြီးပဲ မလား ၊ အဲဒိတော့ သူနဲ့ ကျွန်မ ဘယ်သူ ပိုလှလဲ ပြော ပါ ဦး”
ချန်ရှန် ကို မေးခွန်းသတ်ပါပြီ ။ ချွေးများပင်ထွက် လာ ကာ ရယ်မောရင်း –
“အရူးမလေး ၊ ဘာလို့ ငါ့ကို ဖြေရခက်အောင် လုပ်ရ တာလဲ ။ မင်းတို့ နှစ်ယောက်လုံး ဟာ အတူတူပဲ”
လန်ယုလန် ချိုသာစွာ ပြုံးလိုက်တယ် ။ သူမ၏ အပြုံး ဟာ အလွန်ပင် ချစ်စဖွယ် ကောင်းလှပါတယ် ။ ဒီလို အေး စက် ၊ မာနကြီးပြီး ရင့်ကျက်တယ့် အဖြူရောင် ဆံပင် မိန်း က လေး ဟာ ဒီလောက် ချစ်စဖွယ် ကောင်းမယ်လို့ ချန်ရှန် မထင်မိခဲ့ပါဘူး ။
“မင်းသူ့ကို ယောက်မ လို့ ခေါ်တာ ကောင်းမယ်”
ချန်ရှန် ရယ်မောရင်းဖြင့် နောက်ထပ် မြှားတစ်စင်း ပစ် လိုက်ပါတော့တယ် ။ ဒီလိုဖြင့် အဆင့် ၃ ပညာရှင် သုံးဦး ဟာ သေဆုံးသွားခဲ့ရပါပြီ ။ အကယ်၍ ယန် မိစ္ဆာ အင်အားစု မှ လူများသာ ကောင်လေးတစ်ဦးက မိန်းမလှလေး တစ်ဦး နဲ့ စကားပြောရင်း သူတို့ကို ရယ်ရယ်မောမော ဖြင့် ပစ်သွား တယ် ဆိုတာကို သိပါက ချက်ချင်းပင် ပြန်ပြေးလောက်ပါ တယ် ။
“မဟုတ်ဘူး ၊ ဒါက သူ့ကို ပိုပြီး အိုသွားသလို ခံစားရ စေ လိမ့်မယ် ၊ သူမကြည့်ရတာ ကျွန်မ ထက် နည်းနည်း ပဲ ကြီးပုံပါ ။ ဒါကြောင့် ကျွန်မ သူ့ကို အမတော် လို့ပဲ ခေါ်မယ်”
လန်ယုလန် အတော်ကို ပျော်နေပါတယ် ။ သူမချန်ရှန် နှင့် အတူတူ ရှိနေရလို့ဖြစ်ပြီး သူ့ရှေ့ မှာမို့သာ ယခုလို နေ တာ ဖြစ်ပါတယ် ။ တခြားလူများ ရှေ့ ဆိုပါက အေးစက်စက် မျက်နှာပေးဖြင့် ရက်စက်တတ်သော ကျားပျိုမလေးပါ ။ အ ဘယ်ကြောင့်ဆိုသော် သူမ ဟာ သူများတွေနဲ့ ဆို ချီတုံချ တုန် ဖြစ်တတ်သဖြင့် ဒီလို ပုံစံက သူမကို အနည်းနဲ့ အများ တော့ ကာကွယ်စေမှာမို့ပါ ။
အသံတစ်စက် မထွက်ပဲ လုပ်ကြံနိုင်လိုက်တာဟာ ချန် ရှန် အဖို့ မစ်ရှင် တ၀က်ပြီးပြီလို့တောင် ပြောလို့ရပါတယ် ။ သူ သာ အဆင့် ၄ သို့မဟုတ် ၅ ပညာရှင်တွေကို ပစ်လိုက် ပါ က တိုက်ပွဲမှာ ပိုမို ခက်ခဲသွားမှာဖြစ်ပြီး ယခုအခါမှာ တော့ သူကော လန်ယုလန် မှာ အနည်းငယ် အန္တရာယ် ကင်းသွားပြီ မဟုတ်ပါလား . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset