Switch Mode

Chapter – 205

မုန်တိုင်း

Chapter – 205 မုန်တိုင်း

“အမှန်ပဲ ၊ ကျွန်မ ဒီရောက်တာ ၂ လလောက်ရှိပြီ ၊ နတ် ဓားဂိုဏ်းနဲ့ မိစ္ဆာယန် အင်အားစုက နောက်လိုက်တွေ ပတ် သတ်နေတာကို အမှတ်တမဲ့ ကြားဖူးတယ် ။ ကျွန်မတို့ ဂိုဏ်းချုပ် ပြောပုံအရ နတ်ဓားဂိုဏ်း အတွင်းမှာပဲ အချင်း ချင်း တိုက်နေကြတာ နှစ်များစွာ ကြာပြီဆိုပဲ ၊ နတ်ဓား ဂိုဏ်းရဲ့ မြောက်ပိုင်း ခေါင်းဆောင်ဟာ မိစ္ဆာ ယန် ဂိုဏ်း နဲ့ ပတ်သက်နေတယ် ၊ ဒါပေမယ့် သက်သေ မရှိတာကြောင့် ကျွန်မတို့ ဂိုဏ်းချုပ်ဟာ ဘာမှ မလုပ်နိုင်ခဲ့ဘူး”
လန်ယုလန် ပြောပြပါတယ် ။
ချန်ရှန် အလင်းရောင်ဝင်နေသော ဂူပေါက်မှ ကျောက် တုံးများကို ကြည့်ရင်း –
“ယုလန် ၊ မင်း ဒီမှာ ၂ လလောက် နေခဲ့တယ်ဆိုတော့ အတော်ကို မလွယ်ခဲဘူးပဲ”
“ကျွန်မ လေ့ကျင့်နေတုန်းမှာ ရင်ဆိုင်ခဲ့တယ့် အရာ တွေ နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး ။ အခုဆို ပိုတောင် ဆိုး ပါသေးတယ်”
လန်ယုလန် ပြုံးလျက်ပြောပါတယ် ။
“အကိုတော် ၊ ကျွန်မက အကိုတော်ထက် ပိုပြီး စွမ်းအား ကြီးနေတာတော့ အသေချာပဲ ။ ကျွန်မက အခု အဆင့် ၄ စစ်မှန်သောပညာရှင်လေ ။ နောက် ကျွန်မမှာ ရေခဲ နဲ့ မီး နတ်သွေးကြောတွေ ရှိတယ် ။ ဒါပေမယ့် လည်း ကျွန်မ ဘေးမဖြစ်စေဖို့ အတွက် ဂိုဏ်းချုပ်က ကျွန်မမှာ ကောင်းကင် အဆင့် သွေးကြောပဲ ရှိတာလို့ ကြေညာခဲ့ တာ ပဲ”
ချန်ရှန် ဒါကို ကြားပြီးတယ့် အခါ အတော် အံ့သြသွား ပါ တယ် ။ ဘိုင်ယုယု နဲ့ စုမေးယို တို့လည်း အတော်ပင် အံ့ အား သင့်နေကြပြီး လန်ယုလန် ဟာ တကယ်ပဲ နတ် အတွင်း အား သွေးကြောတွေ ရှိနေသည် မဟုတ်ပါလား ၊ သူမ ယခုလောက် လျင်မြန်စွာ တိုးတက်လာသည်မှာ အံ့သြ စရာ မရှိပါချေ”
ချန်ရှန် ကမ္ဘာ့ ဗဟိုချက် သစ်သီး အပိုင်းအစ တစ်ခုကို ထုတ်လိုက်ပြီး လန်ယုလန် ကို ပေးလိုက်ပါတယ် ။။
“ယုလန် ၊ သေချာတော့ မပြောနိုင်ဘူးပေါ့လေ ။ ငါက အဆင့် ၂ စစ်မှန်သော ပညာရှင်သာ ဖြစ်တယ် ဆိုပေမယ့် ငါသာ မင်းကို တကယ် တိုက်မယ်ဆိုရင် ဟဲဟဲ . . .”
ချန်ရှန် ရယ်မောကာ ပြောဆိုပါတယ် ။
ကမ္ဘာ့ ဗဟိုချက် သစ်သီးကို စားပြီးနောက်မှာ ချိုသာစွာ ပြုံးနေရာမှ မျက်မှောင်ကြုတ်သွားတယ် ။
“အကိုတော် ဒါ တကယ်ကို ကောင်းတဲ့ အသီးပဲ”
သူမ ၏ မျက်စိကို ခဏကြာမှိတ်လိုက်ပြီး နောက်မှာ တော့ ပြန်ပွင့်လာပါတယ် ။
ချန်ရှန် တခဏမျှ အံ့သြမိသွားတယ် ။ ဆေးဆရာမကြီး နှင့် ဂုဒွန်ချန်တို့လို ထိပ်သီးတွေပင် ဒီအသီးကို သန့်စင်ရန် အတွက် ရက်အချို့ ကြာပါတယ် ။ ဒါပေမယ့်လည်း လန်ယု လန် ကတော့ တခဏနဲ့ပင် ပြန်လည် နိုးထလာပါတော့ တယ် ။
“ယုလန် ၊ မင်း ဒါကို မသန့်စင်ဘူးလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ကျွန်မ သန့်စင်ပြီးပြီ ၊ ဒါဟာ ကျွန်မရဲ့ အထူး မီး နဲ့ ရေခဲ သွေးကြောတွေ ကြောင့်ပဲ ။သူ့ဟာသူ သန့်စင်ပေးပြီး ကျွန်မရဲ့ ကိုယ်ထဲကို အားအင်တွေ ပေါင်းသွားစေတာ”
လန်ယုလန် ချန်ရှန် ကို မွှေးပျံသော ဝိုင်တစ်ခွက် ထပ် မံ ထည့်ပေးပြီးတော့ ပြောလိုက်ပါတယ် ။
“အကိုတော် ၊ အကိုတော် က ကျွန်မထက် တော် တယ် လို့ ပြောတယ်နော် ၊ ကျွန်မတို့ တိုက်ကျရင် ဘယ်လိုလဲ”
လန်ယုလန် သူမ၏ လက်သီးကို ဆုပ်ကာ စိတ်လှုပ် ရှားမှု အပြည့်ဖြင့် ပြောပါတယ် ။ ချန်ရှန် သူမ၏ မွေးစား ညီမတော် ယခုလောက်ထိ ရန်လိုတတ်မယ်လို့ မထင်ထား ခဲ့ပါဘူး ။
“မစိုးရိမ်နဲ့ ၊ ငါ့ ကိစ္စတွေ အရင် ဖြတ်ပါရစေဦး ၊ ပြီးတဲ့ အခါ ကျ ၊ ပြင်းထန်သော သိုင်းပညာဂိုဏ်း သွားပြီး တိုက် ခိုက် ကြည့်ကြတာပေါ့”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ် ။သူ့ မှာ ယခုလို စွမ်း အားကြီး ညီမတော် တစ်ဦး ရှိတယ့်အတွက် သူဂုဏ်ယူနေ မိ ပါတယ် ။
“အင်း ၊ ကျွန်မရဲ့ ဂိုဏ်းချုပ်ကတားရင်တောင်မှ ပဲ ကျွန် မ ပြင်းထန်သော သိုင်းပညာဂိုဏ်းကို လိုက်ခဲ့ပါ့မယ်”
လန်ယုလန် စိတ်လှုပ်ရှားစွာ ပြောဆိုပါတယ် ။
“မင်းတို့ ဂိုဏ်းချုပ်က မိန်းမလား”
ချန်ရှန် မေးမြန်းလိုက်တယ် ။
“အင်း ၊ ဒါပေမယ့် သူ့မျက်နှာကို ကျွန်မ မမြင်ဘူးဘူး ၊ သူက အကိုတော်တို့ ဂိုဏ်းက ဆေးဆရာမကြီးနဲ့ တူတူပဲ ၊ မျက်နှာဖုံး တစ်ခုကို အမြဲ ၀တ်ထားတယ် ။ ကျွန်မ ပြင်း ထန်သော သိုင်းပညာဂိုဏ်းကို သွားတုန်းက ဆေးဆရာမ ကြီး ကပဲ ကျွန်မကို ဂိုဏ်းချုပ်ဆီ လွှတ်လိုက်တာ ။ နောက် သူကပဲ ဖြောင့်ဖြောင့် ဖြူးဖြူး သွားစေခဲ့တာပဲ ။ ဆေးဆရာ မကြီး ဟာ ကျွန်မအပေါ် အတော် ကောင်းပါတယ် ။ အဲဒိ ဆေးဆရာမကြီး နဲ့ နတ်လက်နက် အင်ပါယာက ဧကရီ ရဲ့ ဆက်ဆံရေးကလည်း ကောင်းလောက်တယ် ။ နောက်ဆုံး အခေါက်က ကျွန်မကို တည်ဆောက်ရေးဆေး ပေးသွား တာ ကောင်းကောင်းမွန်မွန်ပဲ ။ အကိုတော် ရဲ့ သတို့သမီး လောင်းက ရွှီရှန်းရှန်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိ ဘူး”
နောက်ဆုံး စကားကို ပြောတဲ့အခါ လန်ယုလန် ၏ အသံ ဟာ မနာလိုသံ ပေါက်နေသလိုပါပဲ ။
ချန်ရှန် ဆေးဆရာမကြီး ၊ နတ်လက်နက် အင်ပါယာ ၏ ဧကရီ သခင်မ လျူမန်ဂါ ၊ ရေခဲလေ တောင်ကြား ဂိုဏ်းချုပ် နှင့် ဒန်ရှန်တောင်ယွမ် ၏ ဂိုဏ်းချုပ်တို့ အကြောင်းကို စဉ်း စားမိတယ့် အခါ ခေါင်းရှုပ်သွားမိပါတယ် ။ ဒီ ထိပ်သီး ၄ ဦး ဟာ တစ်ယောက်တစ်နေရာဆီမှ ဖြစ်ပြီး ဆေးဆရာမကြီး ကတော့ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ထိပ်သီး တစ်ဦး ပဲ ဖြစ်ပါတယ် ။ သူမတို့ အားလုံးဟာ မိန်းမတွေ ဖြစ်ကြပြီး နတ်လက်နက် အင်ပါယာ ၏ ဧကရီ လျူမန်ဂါမှ လွဲပြီး အားလုံးဟာ အလွန် လျို့ ဝှက်ဆန်းကြယ်ကြပါတယ် ။ ပိုပြီး ပတ်သက် ဆက်နွယ်မှုလည်း ရှိနေလိမ့်မယ်လို့ ချန်ရှန် ထင်နေပါတော့တယ် ။
“ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ မိုင်းတွင်းကြော ဟာ အခုလက်ရှိမှာ မိစ္ဆာ ယန် အင်အားစုရဲ့ နောက်လိုက် တွေ လုယူလိုက်ပြီ ။ ဒါပေမယ့် အကိုတော်တို့ ပြင်းထန် သော သိုင်းပညာဂိုဏ်းရဲ့ ဂိုဏ်းသားတွေဟာ သူတို့နဲ့ ရင် ဆိုင်ဖို့ မလွယ်ဘူး ။ လက်ရှိမှာ အတိအလင်း မကြေညာ သေး ပေမယ့် မိစ္ဆာယန် အင်အားစုကလည်း သိပ်ပြီးတော့ မရဲဝံ့ဘူး ။ သူတို့ကိုယ် သူတို့လဲ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းသာ ဒေါသထွက်သွားရင် မလွယ်ဘူးဆိုတာ သိကြပါ တယ် ။ ကျွန်မလည်း အဲဒိ မိစ္ဆာယန် အင်အားစုနဲ့ ရင်ဆိုင် ပြီးပြီ ၊ တချို့ ကိုတောင် သတ်လိုက်သေး”
လန်ယုလန် ဟာ ချန်ရှန် နဲ့ ဆုံတွေ့ ရမယ်လို့ မမျှော် လင့် ခဲ့မိပါဘူး ။
“အကိုတော် ၊ ဒီကိစ္စကို ညင်သာစွာ ဖြေရှင်းဖို့ အတွက် က ကျွန်မတို့ဟာ အနည်းဆုံး စစ်မှန်သော သိုင်းပညာ နယ် ပယ် အဆင့် ၆ လောက် ရှိနေမှ အဆင်ပြေမယ် ။ နောက် အကိုတော် လို အဆင့် ၂ သာ ရှိနေသေးတယ့် ပညာရှင်ကို ဘယ်လိုကြောင့် လွှတ်လိုက်လဲဆိုတာကိုလည်း နားမ လည် နိ်ုင်ဘူး ။ နောက် အဖော်တွေဘာတွေလဲ မပါဘူး”
လန်ယုလန် ချန်ရှန်ကို ကြည့်ကာ ပြောလိုက်ပါတယ် ။
ချန်ရှန် က ခနဲ့တဲ့တဲ့ လေသံဖြင့် –
“လူတစ်ဦးက ငါ့ကို သတ်ချင်သေးတယ် ။ ဒါပေမယ့် . . .”
ချန်ရှန် လန်ယုလန်အား သူကြုံတွေ့ ခဲ့ရသော လုပ်ကြံ ခံရသည့် အဖြစ်အပျက်ကို ပြန်ပြောပြလိုက်ပါတယ် ။ ချီ ဓာတ် လွှမ်းမိုးတယ့် အကြောင်းတော့ မပါပါချေ ။
“အကိုတော် ၊ အကိုတော်က တကယ်ကို အလုပ်ကြံပဲ ခံနေရတာပဲ”
လန်ယုလန် ပြောလိုက်တယ် ။
“အကိုတော် က တကယ်ပဲ အ ဆင့် ၅ ပညာရှင်ကို သတ်ခဲ့တာကိုး ။ အဲဒိလူဟာ ကျွန်မတွေ့ ခဲ့ဖူးတဲ့ ခေါင်း ဆောင် တစ်ဦးဦး ပဲ ဖြစ်မယ်ထင်တယ်”
ချန်ရှန် က ဂုဏ်ယူဟန်ဖြင့် –
“လုရှန် ဆိုတဲ့ အဆင့် ၉ ပညာရှင်ကိုလည်း ငါသတ်ခဲ့ သေးတယ် ။ အဆင့် ၅ လောက်ကိုတော့ ထည့်မတွက်နေ ပါဘူး”
“ဒါကိုတော့ ထည်မပြောနဲ့လေ ၊ အဲဒိတုန်းက အကို တော် က လျှပ်စီးအားကို အမှီပြုခဲ့တာကိုး ။ နောက် ဒါက အတော် အန္တရာယ်ရှိတယ်”
လန်ယုလန် အသံတုန်တုန် ဖြင့် ပြောပါတယ် ။
တချိန်တည်းမှာပဲ သူမ၏ လှပသော မျက်လုံးလေးများ မှာ စစ်ပွဲအရိပ်အယောင်တွေ ယှက်သန်းလို့နေတယ် ။ သူမ ၏ အကိုတော် နှင့် တိုက်ခိုက်ချင်နေပုံပါပဲ ။
ချန်ရှန် လန်ယုလန် ၏ တိုက်ချင်ခိုက်ချင်နေသည့် အမူ အရာကို ကြည့်ရင်း ရယ်မာကာဖြင့် –
“ငါ မိုင်းတွင်းကို သွားတော့မယ် ။ ပြီးရင် ဟိုကောင်တွေ ကို မောင်းထုတ်မယ် ။မင်း ငါနဲ့ လိုက်မလား”
လန်ယုလန် ချန်ရှန် ၏ ချောမောခန့်ညားသော မျက်နှာ ကို စိုက်ကြည့်ကာ စိတ်မထိန်းနိုင်တော့သဖြင့် ထိလိုက်ပါ တယ် ။ ထို့နောက် ပြုံးကာဖြင့် –
“တစ်ယောက်ယောက် ကသာ ကျွန်မကို ဒီလိုပြောခဲ့ မယ်ဆို ကျွန်မအဲဒိလူကို အရူး ကိုယ့်သေတွင်းကိုယ်တူးနေ တာ လို့ ပြောမိမှာပဲ ။ ဒါပေမယ့် အကိုတော် က ခုလို မ ကြောက် မရွံ့ ပြောမှတော့ ဒီက ညီမတော် ကို ဘာမေးစရာ လိုဦးမှာလဲ”
ချန်ရှန်လည်း ပြုံးကာဖြင့် –
“မင်းက တကယ် မကြောက်ဘူးပေါ့”
“ဒါပေါ့ ၊ လာ အခုပဲ သွားကြစို့ ။ ကျွန်မ အမြဲ စဉ်းစား နေ မိတာ က တနေ့မှာ အကိုတော် နဲ့ အတူတူ ကမ္ဘာ တခွင် လှည့်ပြီး သွားဖို့ပဲ ။ ဒါကျွန်မ ဆန္ဒ တစ်ခုပါ”
လန်ယုလန် သူမ၏ ကြီးမားသော ဓားကို နောက်တွင် ပြန်ထားကာ ပြောဆိုပါတယ် ။
လန်ယုလန် လည်း ပြောပြီးနောက် အမှန်တကယ်ပဲ ထွက်ခွာသွားပြီး ချန်ရှန်အား ဂူတွင်းမှ ဦးဆောင်ခေါ်ဆောင် ခဲ့ပါတယ် ။ ထို့နောက် တောတွင်းသို့ ၀င်ကာ သတိထား ရင်း လမ်းလျှောက်လာခဲ့ကြတယ် ။ ထိုအချိန်မှာ လန်ယု လန် ဟာ အတော်ပဲ စိတ်လှုပ်ရှားနေမိပါတယ် ။ ချန်ရှန် နှင့် အတူ ယခုလို သွားလာချင်တာ သူမ၏ ဆန္ဒပါ ။
“ယုလန် ၊ ပထမ ငါက ရေခဲလေ တောင်ကြားကို ၀င်ပြီး မင်းကို ရှာဖို့ စီစဉ်ထားတာ ။ အခု မင်းနဲ့ မမျှော်လင့်ပဲ တွေ့ ရတာ ငါအတော်ပျော်တယ် ။ ငါမင်းကို အမြဲဆက်သွယ် ချင် ခဲ့တာပါ ။ ဒါပေမယ့်လည်း မတတ်နိုင်ခဲ့ပါဘူးကွာ”
ချန်ရှန် လေသံ တီးတိုးဖြင့် ပြောလိုက်ပါတယ် ။
“ကျွန်မ ကို ဂိုဏ်းချုပ်က တံခါးပိတ် ကျင့်ဖို့ တိုက်တွန်း ခဲ့တယ် ။ သူက ကျွန်မကို စည်းကမ်းအတော် တင်းကြပ် တယ်လေ ။ ဒီလိုမှ မဟုတ်ရင်လည်း ဒီလို ငယ်ငယ်ရွယ် ရွယ် နဲ့ အစွမ်းဘယ်ကြီးပါ့မလဲ ။ သူက ကျွန်မကို ခုလာ မယ့် မုန်တိုင်းအတွင်းမှာ ခြေကုပ်ယူနိုင်စေချင်တာကြောင့် အမြန်တိုးတက်စေချင် ရတာပဲ ။ ဒီိလိုမှ မဟုတ်ရင် အဲဒိ အချိန် သေချာပေါက် ကျွန်မလည်း သေမှာပဲ”
လန်ယုလန် က ပြောပြပါတယ် ။
မုန်တိုင်းကြီး ဆိုပါလား . . .
ချန်ရှန် ရုတ်တရက် နယ်ပယ် ၃ ခုကြားက တိုက်ပွဲကြီး ကို သတိရသွားမိတယ် ။ ဒါကို သတိရမိတာနဲ့ သူ့ကိုယ် တစ်ခုလုံး ချွေးများ ရွှဲနစ်သွားပါတယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း ကလည်း ပြောင်းလဲမှုများ အများအပြား ပြုလုပ်ခြင်းဟာ ဒီမုန်တိုင်း အတွက် ပြင်ဆင်တာ ဖြစ်နိုင်ပါ တယ် ။ ဂုဒွန် ချန် နှင့် ဆရာကြီး ဝု တို့ဟာ ဒီလိုကိစ္စကြီးကို မသိ စရာ မရှိပါချေ ။
နှစ်တစ်သောင်းတိုင်းမှာ ၊ ကောင်းကင်နယ်ပယ် သုံးခု ဟာ စုဆုံကာ လမ်းကြောင်းဖြစ်ပေါ်သွားပြီး တိုက်ပွဲကြီး ဖြစ် ပေါ်လာပါလိ့မ်မည် ။
“အင်း ၊ ယုလန် မင်း ဒီထက်ပိုပြီး ကြိုးကြိုးစားစား ကျင့် သင့်တယ် ။ ဒီမုန်တိုင်းက အတော်ကို ကြောက်စရာဖြစ်မှာ ၊ ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်းကလည်း ဒီအတွက် ကြိုတင် ပြင်ဆင်နေကြတယ် ။ ငါမင်းကို တည်ဆောက် ရေး ဆေးတွေ ပေးမယ်”
ချန်ရှန် လေးလေးနက်နက် ပြောလိုက်ပါတယ် ။
“မလိုပါဘူး ၊ တည်ဆောက်ရေးဆေးက ကျွန်မ အ တွက် သိပ်ပြီး အသုံး မ၀င်လှဘူး ။ ကျွန်မရဲ့ လျင်မြန်စွာ ကျင့်ကြံနိုင်တယ့် အကြောင်းရင်းက တည်ဆောက်ရေး ဆေး မဟုတ်ဘူး ။ ကျွန်မ ရဲ့ နတ်အတွင်းအား သွေးကြော တွေ နဲ့ ကျွန်မ ကျင့်ကြံတဲ့ နေရာကြောင့်ပဲ ။ နောက် လူ မဆန်လောက်အောင် ပြင်းထန်လှတယ့် ကျင့်စဉ်တွေ ကြောင့်ရောပေါ့ ။ အကိုတော်ချန် ဆေးတွေကို အကိုတော် ပဲ သုံးလိုက်ပါ”
လန်ယုလန် ချန်ရှန် ကို အတော်ကျေးဇူးတင်နေမိ ပါ တယ် ။ ချန်ရှန်ကို မည်သို့ ပြန်ပေးဆပ်ရမလဲ ဆိုတာကို အမြဲ စဉ်းစားနေတာ ဖြစ်ပေမယ့် ဘာမှမလုပ်နိုင်ဘူး ဖြစ် နေပါတယ် ။ချန်ရှန် ဟာ အဆင့် ၄ ဆေးပညာရှင် ဖြစ် နေ တာ ကြောင့် ချန်ရှန် အတွက် ဆေးဆိုတာ ရှားပါးသော အရာ မဟုတ်တာကို သူမသိနေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset