Chapter – 204 မမျှော်လင့်သောတွေ့ ဆုံမှု
လန်ယုလန် ၏ ပုံစံဟာ ချန်ရှန် မျှော်လင့်ထားတာနဲ့ အများကြီး ကွဲပြားခြားနားနေပါပြီ ။ ဒါကြောင့် ချန်ရှန်လဲ သင်္ကာမကင်း ဖြစ်လာပြီး စိုးလည်း စိုးရိမ်သွားမိပါတယ် ။ အဘယ်ကြောင့်ဆိုသော် လန်ယုလန် ဟာ တစ်ဦးဦးနဲ့ တိုက်ခိုက်နေတာကို အာရုံခံမိလိုက်လို့ပါ ။
ချန်ရှန် ခပ်မြင့်မြင့် သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ပြီး ကြည့်လိုက်တယ့်အခါ ရုတ်တရက် ဆံပင်အဖြူနှင့် ကောင် မလေး သူ့မြင်ကွင်းထဲ ၀င်လာပါတော့တယ် ။
လန်ယုလန် ၏ အဖြူရောင်ဆံပင်ဟာ တွဲလောင်းကျ လျက်ရှိပြီး သူမ၏ ထက်မြတ်ဟန်ရှိသော မျက်နှာမှာ အေး စက်မှု အငွေ့ များ ဖုံးလွှမ်းလျက် ရှိတယ် ။ မျက်တောင် များ မှာ ကော့ညွတ်လျက် ရှိကာ မျက်လုံးမှာလည်း စူးရှတောက် ပလျက် ရှိပါတယ် ။ အမည်းရောင် ၀တ်ရုံကို ၀တ်ဆင်ထား ပြီး သူမရှေ့ ရှိ ရန်သူများကို စူးစိုက်ကြည့်ရှုလို့ နေပါတယ် ။ သူမ၏ နောက်ကျောမှာတော့ ဓားရှည်တစ်လက်ကို ဆွဲ လျက်ရှိပြီး သူမပုံစံမှာ ရင့်ကျက်မှု ၊ လှပမှု ၊ တည်ငြိမ်မှု ၊ မာနကြီးမှု စသည်တို့ ပြည့်စုံပြီး အလွန်ကို ကြည့်ကောင်း လှ ပါတယ် ။
“ယုလန် ကြည့်ရတာ အသက်နှစ်ဆယ်တောင် မပြည့် သေးပဲ အတော် ရင့်ကျက်နေတာပဲ”
ချန်ရှန် ကြိတ်ပြီး ချီးမွမ်းလိုက်တယ် ။
“အဖြူရောင် ဆံပင်နဲ့ မိစ္ဆာမလေး ၊ မင်းဟာ ငါတို့လမ်း ကြောင်းကို ခဏခဏ ပိတ်ဆို့နေတယ် ။ ဒီနေ့ ငါတို့ဘက် မှာ လူအများကြီးပဲ ။ ဟားဟား မင်းတော့ သေပြီပေါ့”
ပြောနေရင်းဖြင့် လူတစ်ယောက်ဟာ သူ၏ ဓားကို လန်ယုလန် ဆီသို့ ထိုးချလိုက်တယ် ။ တခြား လူငါးဦး ဟာ လည်း တချိန်တည်းမှာ တိုက်ခိုက်မှုတွေကို စတင်လိုက်ပါ တယ် ။
ချန်ရှန် ခုန်မ၀င်လို့ ရှိစဉ်မှာပဲ ရုတ်တရက် အေးစက် သည့် ချီဓာတ်များ ပျံနှံ့ လာတာကို ခံစားလိုက်ရတယ် ။ အေး စက် သော ချီဓာတ်များဟာ လန်ယုလန်၏ ဆွဲမက် ဖွယ် ကိုယ်မှ ထွက်လာပြီး သူမ၏ ပတ်လည်မှာ ရေခဲနံရံ အချို့ ရုတ်တရက် ပေါ်လာပါတော့တယ် ။ ထိုလူများ၏ ဓား များ ကို ရေခဲများဟာ ကာရံလိုက်ပြီး တချိန်တည်းမှာပဲ လန် ယုလန် ၏ ပုံရိပ်ဟာ ပျောက်ကွယ်သွားတယ် ။ မကြာခင် မှာပဲ ဒါဟာ အလွန်လျင်မြန်သည့် အရှိန်ကြောင့်ဆိုတာ သဘောပေါက်လိုက်မိပါတယ် ။ လန်ယုလန် ဟာ ချန်ရှန် ကို သူမဟာ အမြန်နှုန်းမှာ အထူးလေ့ကျင့်ထားကြောင်း သတိရလိုက်မိတယ် ။
ချန်ရှန် ဟာ သူ၏ နတ်အတွင်းအား အာရုံကို အသုံးပြု ပြီး လန်ယုလန် ၏ ပုံရိပ်ကို ဖမ်းမိပေမယ့် သူမနောက်ကို လိုက်ဖမ်းမည် ဆိုပါက ဖမ်းမိမမိ ပြောရခက်ပါလိ့မ်မယ် ။
အေးစက်သော အလင်းတစ်ချက်နဲ့ အတူ လန်ယုလန် ဟာ သူမ၏ ကျောမှ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး ဝှေ့ ယမ်း လိုက်ကာ လူတစ်ယောက်အား နှစ်ပိုင်း ပြတ်သွားစေပါ တယ် ။
“ရွှိ ရွှိ ရွှိ”
လန်ယုလန် လျင်မြန်စွာပင် ခုတ်ပိုင်းလိုက်သဖြင့် အားလုံး၏ ခေါင်းများ ဟာ ပြတ်တောက်သွားပြီး သွေးများ မြေပြင်ပေါ် ကျသွားပါတော့တယ် ။ ခဏအကြာမှာပဲ ၎င်း သွေးများဟာ လှပသော ရေခဲအသွင်သို့ ပြောင်းလဲသွားပါ တယ် ။
ချန်ရှန် သက်ပြင်းတစ်ချက် ချလိုက်မိတယ် ။ ဒီကောင် မလေး ဒီလောက် ရက်စက်နေမယ်လို့ သူမထင်မိပါဘူး ၊ သို့သော်လည်း လန်ယုလန်၏ အဖေဟာ ကျော်ကြားတဲ့ စစ်သူကြီး တစ်ဦး ဖြစ်ပြီး အလွန် ရက်စက်တတ်သူတစ်ဦး ဆို တာ သူသိထားပါတယ် ။ သူမအဖေ ၏ စိတ်ဓာတ်များ ခို အောင်း နေမည်ဆိုတာ သံသယ ဖြစ်ဖွယ် မရှိပါချေ ။
“ပုန်းနေတုန်းပဲ လား ၊ မြန်မြန် ထွက်လာခဲ့ ။ နောက် ထပ် လူသတ်ဖို့ ငါဝန်လေး နေမှာ မဟုတ်ဘူး”
လန်ယုလန် အေးစက်စွာ ပြောလိုက်တယ် ။ သူမ ၏ အသံဟာ မာကျောနေလျက် ရှိပြီး ရက်စက်မှုတွေပင် ပါဝင် နေသလိုပါပဲ ။
ချန်ရှန် သက်ပြင်းတစ်ချက် ချလိုက်တယ် ။ လန်ယု လန် ဟာ တကယ်ပဲ စစ်မှန်သော သိုင်းပညာ အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ချီဓာတ်များမှာလည်း များပြား အား ကောင်း လှပါတယ် ။ ဒါ့အပြင်လန်ယုလန် ဟာ မီး နှင့် ရေခဲ ကောင်းကင် သွေးကြော ၂ စုံ ရှိတာဖြစ်ပြီး နတ် သွေး ကြောများထက် တဆင့်သာ နိမ့်ပါတယ် ။
ခုနကပဲ လန်ယုလန် ဟာ အဆင့် ၂ ပညာရှင်များ၏ ဝိုင်းရံ တိုက်ခိုက်တာကို ခံခဲ့ရပေမယ့် လူတိုင်းကို ၂ ချက် ၃ ချက်ဖြင့် ကိစ္စပြတ်စေခဲ့တာပါ ။ချန်ရှန် ကို အံ့အားသင့်စေ တာ က တော့ သူမဟာ ထိုလူများအား သတ်ဖြတ်ရာတွင် မျက်တောင် တစ်ချက် မခတ်ပဲ သွေးအေးစွာ လုပ်ဆောင် ခဲ့ လို့ပါပဲ ။
ချန်ရှန် သစ်ပင်ပေါ်မှ ကောင်းကင်သို့ ပျံသန်းသွားပြီး လန် ယု လန် ၏ ရှေ့ မှာ ဆင်းသက်လိုက်ပါတယ် ။ သူမ၏ အေးစက်စက် မျက်နာထားတင်းတင်းကို ဆံပင်အဖြူရောင် နှင့် လူရိုင်းမလေးကို ကြည့်နေမိတယ် ။ သူမ တစ်ကိုယ်လုံး ၏ အစိတ်အပိုင်းတစ်ခုချင်းဆီဟာ အတော်ကို ဆွဲဆောင် မှု ရှိလှတယ် ။ သူမ၏ အဖြူရောင်ဆံပင်များ နှင့် အတူ စေ့စပ်သော ကိုယ်ဟန် ၊ ပြ်ိုင်ဖက်ကင်း ရင့်ကျက်လှသည့် မျက်နှာ နှင့် တင်းရင်းသော ရင်သားတို့မှာ ချပ်ဝတ်များ ဖုံးနေပေမယ့်လည်း လူတိုင်းကို ၂ ခါပြန်ငေးမောနေစေမိ မှာ ပါ ။
“မော့ကြည့်စမ်း ၊ ငါမင်းရဲ့ မျက်လုံးတွေကို ထိုးကော် ပစ်ရမလား”
လန်ယုလန် ဒေါသတကြီး အော်ပြောပါတယ် ။ ချန်ရှန် ၏ မျက်လုံးများဟာ သူမကို အတော်ကြာ ကြည့်နေမိတာ ဖြစ်ပြီး အထူးသဖြင့် သူမ၏ တင်းရင်းထွားကြိုင်းသော ရင် သား များကို ပါ ။
လန်ယုလန် ဟာ ချန်ရှန်ကို မမှတ်မိပါဘူး ။ ချန်ရှန် ဟာ ရုပ်ဖျက်ထားတာကြောင့် သူ၏ ပုံဟာ သက်လတ်ပိုင်း အ ရွယ် လူတစ်ယောက်နှင့် တူနေပြီး သူတို့ ၂ ယောက် ဆုံတွေ့ ခဲ့တုန်းက ချန်ရှန် ဟာ ငယ်ရွယ်သူ လူငယ်တစ်ဦး မဟုတ်ပါလား ။
“မင်း ပုံစံ အစစ်မှန်ကို မထုတ်ပြရင် မင်းခေါင်းကို ငါ ဖြတ် ရ လိမ့်မယ် ။ မင်း ဘယ်သူလဲ ၊ ဒီကို ဘာလာလုပ်တာ လဲ ၊ မင်းပုံစံက နတ်ဓားဂိုဏ်းက ငပျော့ကောင် မျိုးမစစ် တွေ နဲ့ တော့ မတူလိုပဲ”
လန်ယုလန် ချန်ရှန် ၏ ခါးမှ ဓားကို ကြည့်ကာ ပြောဆို ပါ တယ် ။
ချန်ရှန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး ကာ ဖြင့် –
“ယုလန် ၊ ငါပါ ချန်ရှန် ပါဟ”
ထိုသို့ ပြောလိုက်သည်နှင့် လန်ယုလန် ဟာ အနောက် သို့ အနည်းငယ် ဆုတ်ခွာသွားတယ် ။ ထို့နောက် ပြန်လှမ်း လာ ပြီး ချန်ရှန် အား အနီးကပ် ကြည့်ကာ မျက်လုံးချင်း အနီးကပ် ဆုံကြည့်လိုက်ပါတော့တယ် ။
“အကိုတော် . . . တကယ်ပဲ အကိုတော်လား”
လန်ယုလန် မယုံကြည်နိုင်နေတုန်းပါ ။ သူမ ချန်ရှန် ကို မမှတ်မိဖြစ်နေပါတယ် ။ အသံဟာ သူမနှင့် အတော် ရင်းနှီး ကာ နေပေမယ့် ချန်ရှန် နှင့် မဆုံဖြစ်တာကြာတာမို့ သူမ အဖို့ ယုံကြည်ရန် အတော် ကို ခက်ခဲနေပုံပါ ။ သူမပုံစံမှာ သတိအနေအထား ရှိနေတုန်းပါပဲ ။
“ဟဲဟဲ ၊ ဟို ငတုံး မင်းသားက မင်းကို အဆိပ်အပ်တွေ နဲ့ ဒဏ်ရာရအောင် လုပ်တယ်လေ ၊ နောက်ကျ ငါမင်းကို ကူ ညီ ခဲ့တယ်လေ ၊ ဆေးဖက်ဝင် သတ္တု သစ်သီးတောင် ပေး ပြီး ပြင်းထန်သော သိုင်းပညာဂိုဏ်းကို လွှတ်လိုက်တာ မလား”
ချန်ရှန် ရယ်မော ပြောဆိုလိ်ုက်ပါတယ် ။ ရုတ်တရက် သူ၏ လက်မှာ ရေများ စီးဆင်းသွားပြီး မျက်နှာပေါ်မှ မိတ် ကပ် များကို ဖျက်လိုက်သဖြင့် ငယ်ရွယ်ပြီး ချောမောခန့် ညား သော ချန်ရှန် ၏ အသွင် ပေါ်လာပါတော့တယ် ။
“အကိုတော်”
အဆိုပါ မျက်နှာကို မြင်ပြီးနောက် လန်ယုလန် ၏ မျက်လုံးများဟာ ရုတ်တရက် စိုစွတ်လာတယ် ။ အရှိန်နဲ့ ချန်ရှန် ကို ပြေးဖက်ကာ အလွန် ပျော်ရွှင်နေပုံပါ ။ ခေါင်း မာ ပြီး သွေးအေးသည့် ဆံပင်အဖြူရောင် ကောင်မလေးမှာ ယခု အခါ ငိုနေပါတော့တယ် ။
“ကောင်မလေး ၊ ဘာလို့ ငိုရတာလဲကွာ ၊ ရယ်ပါ ၊ ရယ် လိုက်”
ချန်ရှန် ရယ်မောနေတယ် ။ သူမ၏ လှပနူးညံ့သော မျက် နှာ လေးကို ပွတ်သပ်ပေးနေမိတယ် ။ သူတို့ဟာ အတူ တကွ အကြာကြီး မနေခဲ့ပေမယ့် ဘာလို့ရယ်တော့ မသိပါ ။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ တစ်ဦးကို တစ် ဦး အရမ်းကို လွမ်းဆွတ်နေမိကြလို့ပါ ။
လန်ယုလန် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြပါတယ် ။ သူမဟာ အရမ်းကို ချစ်စရာ ကောင်းနေပြီး မိုးရွာပြီးကာစမှာ ပေါ်သည့် သက်တန့်လို ပင် ချန်ရှန် စိတ်ထဲ ကြည့်ကောင်းနေပါတော့တယ် ။
“ယုလန် ၊ မင်း အတော်ထွားလာတာပဲ ၊ နောက် အ တော် လည်း စွမ်းအားကြီးလာတယ်နော် ။ ခုနတုန်းက တောင် မင်းက င့ါကို ဆုံးမတော့မလို့ပဲ”
ချန်ရှန် ပြောလိုက်တာပါ ။ လန်ယုလန် သူမခေါင်းကို ငုံ့သွားပါတယ် ။ အေးစက်စက် ဖြင့် မာနကြီးသော မျက်နှာ ထားမှာ သူမ မျက်နှာ မဟုတ်တော့ သလိုပင် ။
ချန်ရှန် သူမ၏ လှပသော အဖြူရောင်ဆံနွယ်များ ကို ပွတ်သပ်နေရင်း စပ်ဖြဲဖြဲ ဖြင့် –
“ယုလန် ၊ မင်း ရေခဲလေ တောင်ကြားမှာ အဆင်ပြေ ရဲ့ လား ၊ အဲဒိမှာ မင်းကို ဘယ်သူမှတော့ နှောက်ယှက်ရဲမယ် မထင်ဘူး”
“အကိုတော် ၊ ကျွန်မအေးဆေးပါ ။ ကျွန်မကို စိုးရိမ် စရာ မလိုပါဘူး”
လန်ယုလန် ချိုသာသော အပြုံးတစ်ပွင့်ကို ထုတ်ပြ လိုက်တယ် ။ သူမဟာ ဒီလို ချိုသာပြီး ချစ်စဖွယ်ကောင်း သည့်ပုံ ပေါ်တတ်သူမဟုတ်ပေမယ့် ယခုအချိန်မှာတော့ အ တော်ကို ချစ်စရာ ကောင်းနေပါတော့တယ် ။
“ကောင်းပ ၊ ငါတို့ စကားပြောဖို့ တစ်နေရာရာ သွားရ အောင်လေ”
ချန်ရှန် မြေပြင်ပေါ် သွေးများဖြင့် ပြန့်ကျဲနေသော အ လောင်းများကို ကြည့်ကာ သူမ၏ မျက်နှာလေးကို ဖျစ်ညှစ် ရင်း ပြောလိုက်တယ် ။
လန်ယုလန်လည်း အမိန့်နာခံတတ်သော ကလေးတစ် ဦး လို ပင်ခေါင်းညိမ့်ကာ ပြလိုက်ပါတယ် ။ သူမ၏ ရင်ထဲ မှာ ချန်ရှန် အပေါ် မည်သည့် စိတ်မျှ မရှိပေမယ့် အလွန်ကို ကျေးဇူးတင်နေတာပါ ။ ချန်ရှန် ဟာ သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးသူဖြစ်ပြီး ဒီလိုသာမဟုတ်ပါက သူမ ယနေ့ လို အခြေအနေများ ဖြစ်လာမှာ မဟုတ်ပဲ စွမ်းအားကြီးသူ တစ်ဦး ဖြစ်လာမည် လည်း မဟုတ်ပါ ။
လန်ယုလန် မီးတောက်များထုတ်ကာ အလောင်းများ ကို လောင်ကျွမ်းစေလိုက်ပြီး ချန်ရှန် လက်ကို ဆွဲ၍ သူမ သွားနေကျ လျို့ ဝှက်လိုဏ်ခေါင်းတစ်ခုဆီသို့ ဦးဆောင် သွား ပါတော့တယ် ။
“အကိုတော် ၊ ကျွန်မ အကိုတော် အကြောင်းတွေ အများ ကြီး ကြားတယ့်အခါ တော်တော် စိုးရိမ်မိနေတာ ၊ ပထမတော့ ပြင်းထန်သော သိုင်းပညာဂိုဏ်းကို သွားပြီး အကိုတော် ကို ရှာမလို့ပဲ ၊ ဒါပေမယ့် ဂိုဏ်းချုပ်က ကျွန်မ ကို ခွင့်မပြုဘူးလေ ။ သူ ပြောတာတော့ ကျွန်မက သိပ်ပြီး စွမ်းအား မကြီးသေးဘူးတဲ့”
လန်ယုလန် ချန်ရှန်အား ပန်းရနံ့များပါသော ဝိ်ုင်အား ပေးပါတယ် ။ သူမဒီလောက်ထိ ပျော်ရွှင်ပြီး ဝိုင်များပင် သောက်လိမ့်မယ်လို့ သူမမျှော်လင့်ထားပါဘူး ။
ချန်ရှန် ပြုံးကာဖြင့် –
“ယုလန် ၊ မင်း အရင် သန်မာအောင်လုပ်တာ ပိုပြီး တော့ ကောင်းပါတယ် ။ အကိုတော် က ကိုယ့်ကိစ္စတွေ ကိုယ် ရှင်းနိုင်ပါတယ် ။ ငါ့အတွက် မစိုးရိမ်ပါနဲ့”
လန်ယုလန် သူမ၏ လျာကို ထုတ်ကာ ပြောင်ပြလိုက် ပါ တယ် ။ ချန်ရှန် ရှေ့ မှာသာ သူဟာ သာမန်မိန်းကလေး တစ်ဦးလို နေတာ ဖြစ်ပါတယ် ။
“ဟွန်း ၊ အကိုတော်က ကျွန်မအပေါ် အလွန်ကောင်း လွန်းတယ် ။ ခဏခဏ တည်ဆောက်ရေးဆေးတွေ ပို့နေ တယ် ။ ဒီတောင်ကြားမှာ လောဘသားတွေ အများကြီး ရှိ တယ် ဗျ ၊ ကျွန်မ အကိုတော်ကို ဘယ်လိုများ ကူညီရမလဲ”
လန်ယုလန် ဟာ စိတ်ဓာတ်မာကျောသူ တစ်ဦး ဖြစ်ပါ တယ် ။ သူမဟာ ချန်ရှန် ၏ စောင့်ရှောက်မှုကို နည်းနည်း လေးမျှ မခံယူချင်ပါဘူး ။ အမြဲတမ်း သူမ၏ အားများကို တိုး တက်အောင် ကျင့်ကြံနေလေ့ရှိပြီး တစ်နေ့မှာ ချန်ရှန်အား ကူ ညီ နိုင်ရန် အတွက်ပါ ။ ချန်ရှန် ဟာ အရမ်းစွမ်းအားကြီး တယ် ဆိုတာသိတာတောင်မှ သူမဟာ ကူညီချင်နေသေး ပါတယ် ။
ချန်ရှန် ပြုံးကာဖြင့် –
“မင်းကကော ဒီကို ဘာလာလုပ်တာလဲ ၊ ပြင်းထန် သော သိုင်းပညာဂိုဏ်းကို မိစ္ဆာလမ်း သိုင်းပညာရှင်တွေ အနိုင်ကျင့်တာကို ကူညီဖို့များလား”
လန်ယုလန် သူမ၏ ခေါင်းကို ညိမ့်ကာဖြင့် –
“နတ်ဓားဂိုဏ်းဟာ မိစ္ဆာလမ်း သိုင်းပညာရှင်တွေနဲ့ လက်ချင်းချိတ်ပြီး လွန်ခဲ့တယ့် ဆယ်နှစ်တည်းက ဒီနေရာ မှာ မိုင်းတူးခဲ့တယ့် ပြင်းထန်သောသိုင်းပညာဂိုဏ်းဝင်တွေ ကို ပထုတ်ပစ်ချင်နေကြတာပဲ”
ချန်ရှန် မျက်မှောင်ကြုတ်သွားမိတယ် ။ ဒီလိုကိစ္စ ဟာ ဖုံးကွယ်ထားသော ကိစ္စတစ်ခုဆိုတာ ချန်ရှန် ခန့်မှန်းမိပြီး သား ပါ ။
“ဒါအမှန်ပဲလား”
ချန်ရှန် ခပ်မြန်မြန် မေးလိုက်ပါတော့တယ် . . . ။