Chapter – 203 သူ့အတတ်သူစူး
ချန်ရှန် မြေပုံမ၀ယ်ခင်မှာ မြို့ နဲ့ပတ်သက်တယ့် သ တင်း အချက်အလက်များအား စုဆောင်းရင်း အတော်ကြာ လှည့်ပတ် ကြည့်ရှုနေပါတယ် ။ သူဝယ်တယ့် မြေပုံမှာ တော့ ရေခဲဓားမြို့ ရဲ့ အနီးတဝိုက်မှာရှိတယ့် တောင်တွေ ရဲ့ အကွာအဝေးတွေ ကို ပါ အသေးစိတ်ပါဝင်နေပါတယ် ။ သူ့ ကို ဆရာကြီးတန် ပေးလိုက်သော မြေပုံနှင့် နှိုင်းယှဉ်ကြည့် လိုက်တယ့် အခါမှာတော့ လမ်းကြောင်း ၂ ခု ကွဲလွဲနေတာ ကို တွေ့ လိုက်ရတယ် ။ သူလဲ အတော်ကို အံ့သြသွားမိပါ တယ် ။ လမ်းကြောင်း ၂ ခုလုံးဟာ မိုင်းတွင်းကို ဦးတည်နေ တာ ဖြစ်သော်လည်း ဆရာကြီးတန် ပေးသော မြေပုံမှ လမ်းကြောင်းဟာ အတော်ကို ရှည်လျားပြီး လှည့်ပတ်သွား ရတယ် ။ ချန်ရှန် ၀ယ်ခဲ့သည့် မြေပုံမှာတော့ ရှင်းလင်းပြီး လူသွားလမ်း ပင် ရှိနေပါသေးတယ် ။
“ကြည့်ရတာ ဆရာကြီးတန် က ငါ့ကို လုပ်ကြံလိုက် တာ ပဲ”
ချန်ရှန် စိတ်ထဲ သရော်လိုက်မိတယ် ။
“ငါ သူတို့ဘာတွေစီစဉ်ထားလဲဆိုတာ သိချင်တယ် ၊ ဖြစ် နိုင် ရင် ငါ့ကို သတ်ပစ်ချင်တယ့် လူတွေအကုန်လုံး ကို သတ်ပစ်လို့ ရတာပေါ့”
ချန်ရှန် လည်း ရေခဲမြို့ မှ ထွက်ခွာလာပြီး ဆရာကြီးတန် ပေးသော မြေပုံမှ လမ်းကြောင်းအတိုင်း ထွက်လာခဲ့ပါ တော့တယ် ။
တောအုပ်ထဲ ၀င်ပြီးနောက်မှာတော့ ချန်ရှန် တကယ် ပဲ လမ်းကြောင်းတစ်ခုကို တွေ့ လိုက်ရတယ် ။ အနည်းငယ် စစ်ဆေးကြည့်ရှုလိုက်တယ့်အခါ အဆိုပါလမ်းကြောင်း ဟာ မကြာသေးမီကမှ ပြုလုပ်ထားသလိုမျိုး ဖြစ်နေပါတယ် ၊ ဒါကို သတိပြုမိသွားတဲ့အတွက် ဆရာကြီးတန် ပေးလိုက် သော လမ်းကြောင်းဟာ သူ့အတွက် ထောင်ချောက် တစ် ခုဆိုတာ သေချာသွားပါတော့တယ် ။
လုမျိုးနွယ် ရဲ့ စွမ်းအားအကြီးဆုံး လူ ဟာ မိစ္ဆာလမ်း ဂိုဏ်းများမှ ဖြစ်ပြီး ထို မိစ္ဆာ စွမ်းအင်တွေအား လုဇန်းနန် အား သင်ပေးခဲ့တာပါ ။ ဒါကို ကြည့်ခြင်းအားဖြင့် လုမျိုးနွယ် ဟာ မိစ္ဆာလမ်း ဂိုဏ်းများနှင့် အဆက်အသွယ်ရှိနေတယ် ဆို တာ အသိသာကြီးပါပင် ။
ချန်ရှန် လမ်းကြောင်းအတိုင်းမလျှောက်သွားပဲ မြင်ရ သည့် နေရာလောက်မှ တဖြည်းဖြည်း ခြင်း သွားနေပါတော့ တယ် ။ သတိကြီးစွာထားပြီး လောင်ဆုရီကိုလည်း တစ် ခုခု ပတ်ဝန်းကျင်တွင် ထူးခြားပါက အသိပေးရန် မှာကြားထား ပါ သေးတယ် ။
နေ့ဝက်လောက် ထိုလမ်းကြောင်းအတိုင်း လျှောက် သွားမိတယ့် အခါမှာတော့ လောင်ဆုရီ ရုတ်တရက် ထကာ အော်ပါတော့တယ် ။
“အငွေ့ တစ်ခုကို အာရုံခံမိတယ် ၊ ဒီလူဟာ သူ့အသက် ရှူပုံကို ထိန်းသိမ်းပြီး ကွယ်ပျောက်နေစေပေမယ့် ကျွန်မ အာရုံခံမှုကတော့ ပျောက်အောင် ပုန်းလို့ မရပေဘူး ၊ ဒီလူ က ခင်ဗျားထက် အများကြီး စွမ်းအားကြီးတယ်”
ချန်ရှန် အံ့အားသင့်သွားပြီး မေးလိုက်တယ် ။
“ဘယ်အဆင့် လောက် လဲ ၊ ဘယ်မှာလဲ”
“သူက စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၅ လောက် ရှိမယ်ထင်တယ် ။ သူ့ရဲ့ အဓိကအားက သူ့ ရဲ့ ချီ ဓာတ်ပဲ ။ တော်တော် အားကောင်းတဲ့ ယန် ချီဓာတ်ပဲ ။ နောက် ထွက်တယ့် အငွေ့ ကလည်း အတော်ပြင်းတယ်”
လောင်ဆုရီ ပြန်ပြောပါတယ် ။
“သူ့ကို အာရုံခံမိသလောက်တော့ မြေကြီးထဲ ပုန်းနေ တာပဲ ၊ တကယ့် ပရော်ဖက်ရှင်နယ် လူသတ်သမားပဲ”
အဆင့် ၅ စစ်မှန်သော သိုင်းပညာနယ်ပယ် တဲ့ လား ၊ ချန်ရှန် တကယ်ကို လုပ်ကြံခံရတော့မလို့ပါ ။ တကယ်ကို အန္တရာယ်များတဲ့ အခြေအနေပါပဲ ။
“မိစ္ဆာ ယန် အင်အားစုက မိစ္ဆာယန် ချီဓာတ်ဖြစ်လိ့မ် မယ် ။ ဒီ မိစ္ဆာ ယန် အင်အားစုဟာ မိစ္ဆာလမ်း ဂိုဏ်းတွေထဲ မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်းနဲ့ အလားသဏ္ဍာန် တူ တယ် ။ ဒီလို မိစ္ဆာလမ်း ဂိုဏ်းတွေထဲမှာ အင်အားအကြီး ဆုံး ဂိုဏ်းပဲ ။ ဒီ မိစ္ဆာလမ်း ဂိုဏ်းတွေဟာ လက်ယာဂိုဏ်း တွေနဲ့ ပဋိပက္ခတွေ ရှိကြပေမယ့် လက်ယာဂိုဏ်းတွေ ရဲ့ မိုင်းတွင်းတွေမှာ ကျူးကျော်ဝံ့ကြတယ် ။ ဒီ မိစ္ဆာ စီရင်စု ဟာ ဆင်းရဲနေကြလို့များလား”
ဘိုင်ယုယု က မသေချာသလို မေးပါတယ် ။
မိစ္ဆာစီရင်စု ဧရိယာ ဟာ မသေးငယ်လှပေမယ့် အဲဒိ အထဲ မှာ ကြီးမားတယ့် မိစ္ဆာလမ်း ဂိုဏ်းများ နှင့် ရေတွက် မရနိုင်တယ့် ဂိုဏ်းငယ်များစွာ ရှိနေကြပါတယ် ။သူတို့ဟာ မိစ္ဆာ လမ်းကို လျှောက်လှမ်းကြပေမယ့် သူတို့ဟာလည်း ရင်းမြစ် များစွာကို လိုအပ်နေဆဲပါ ။
“သတ်ရမလား ၊ မသတ်ရဘူးလား”
ချန်ရှန် စုမေးယို တို့ထံမှ သဘောထားကို မေးလိုက်ပါ တယ် ။
“မသတ်နဲ့ ၊ သူ့စိတ်ကို လွှမ်းမိုးလိုက်”
ဘိုင်ယုယု က အေးစက်စက်ပြောပါတယ် ။
ချန်ရှန် သူမ၏ အကြံကြောင့် တုန်လှုပ်သွားတယ် ။ ဒီလို လွှမ်းမိုးတတ်တယ့် မိစ္ဆာ ကျင့်စဉ်ကို အသုံးပြုရန်မှာ အဆင့် သိပ်မကွာမှသာ အဆင်ပြေမှာပါ ။ ယခုရန်သူဟာ အဆင့် ၅ ဖြစ်နေတာကြောင့် သူ့ထက် အဆင့်များစွာ မြင့် နေ တယ် ဆိုတာ ပြောနေစရာပင် မလိုတော့ချေ ။
“လက်ရှိ မင်းရဲ့ အခြေအနေဟာ အရင်ကထက် အများ ကြီး ပိုကောင်းနေပြီ ။ မင်းရဲ့ ကိ်ုယ်ဟာလည်း ချီဓာတ်များ စွာ နဲ့ အလိုက်အထိုက် နေနိုင်တယ်လေ ၊ မင်းကိုယ်မင်း သေ မှာ မစိုးရိမ်ပါနဲ့”
ဘိုင်ယုယု က သူ့ကို ပြောပြပါတယ် ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်လိုက်တယ် ။ သူဟာ ယခု အဆင့် ၂ စစ်မှန်သော သိုင်းပညာရှင်ဖြစ်ပြီး သူ၏ အားအင် အစစ်အမှန် ဟာ အဆင့် ၄ နီးပါးလောက်ကို ဖြစ်နေတာပါ ၊ ဒါကြောင့် သူနဲ့ အဆင့် ၅ ဆိုတာ အဆပေါင်းများစွာ ကွာ ခြားလွန်းတာတော့ မဟုတ်ပါချေ ။ ဒါ့အပြင် သူတို့ဟာ ယခု အခါ တစ်ယောက်ချင်း တွေ့ တာဖြစ်ပြီး ဘေးနားမှာလည်း မည်သူမျှ မရှိပါဘူး ။ ရန်သူဟာလည်း မိစ္ဆာလမ်း နောက် လိုက် ဖြစ်သဖြင့် လွှမ်းမိုးတတ်သော မိစ္ဆာ သိုင်းစွမ်းရည် အား အသုံးပြုနိုင်ပါတယ် ။
“ဒီ လွှမ်းမိုးတတ်တဲ့ နတ်မိစ္ဆာ စွမ်းရည်ဟာ နေ့အလင်း ဘက်မှာ မမြင်သင့်တာကြောင့် မင်းသုံးရင် မြန်မြန်လုပ်ဖို့ တော့ လိုတယ်”
ဘိုင်ယုယု ပြောပြပါတယ် ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာဖြင့် လောင်ဆုရီ ၏ သတိပေးချက်အတိုင်း တဖြည်းဖြည်း ရှေ့ သို့ လှမ်းသွားပါ တယ် ။ ဖြည်းညင်းစွာ ပင် သစ်ရွက်များကြား တိတ်တိတ် ဆိတ်ဆိတ် ဖြင့် လျှောက်နေပါတယ် ။ အသံအနည်းငယ် မျှ လေး ထွက်ရုံဖြင့် ရန်သူဟာ သူ့ကို ရိပ်မိသွားစေနိုင်တာ ကြောင့်ပါ ။
မိစ္ဆာ ယန် အင်အားစုရဲ့ နောက်လိုက်ဟာ မြေကြီးထဲ မှာ ပုန်းနေတာကြောင့် ရန်သူလာမလာကို ၎င်းဟာ အကြား အာရုံ သို့မဟုတ် တုန်ခါမှုကို သာ အာရုံခံနိုင်ပြီး သူ့ဆီ လာမလာ ကို ဆုံးဖြတ်နိုင်မှာပါ ။ ချန်ရှန် သာ သစ်ပင် တွေပေါ်မှ သွားမယ် ဆိုပါက မည်သည့် တုန်ခါမှုမျှ မဖြစ် နိုင်သောကြောင့် သူ့ကို သတ်ဖြတ်ရန် မလွယ်ကူပါချေ ။ အသံ အနေအထားအရဆိုရင်လည်း သစ်ရွက်သံများဖြင့် ရောနှောနေနိုင်မှာပါ ။
“သူက အခု ဒီအောက်မှာပဲ ၊ မြေကြီး အလွှာပါးပါးလေး ရဲ့ အောက်မှာ နေနေတာ ၊ ခင်ဗျား လက်သည်းတွေနဲ့ သူ့ကို ကုတ်လို့ ရနိုင်တယ်”
လောင်ဆုရီ မြေပြင်ပေါ် ညွှန်ပြကာ ပြောပါတယ် ။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို ထုတ် လွှတ် လိုက်တာကြောင့် ထိုသူ၏ တည်နေရာကို ရှာဖွေ တွေ့ ရှိသွားတယ် ။ ထိုလူဟာ အားကောင်းလှသည့် ချီ ဓာတ်များကို ပိုင်ဆိုင်တာဖြစ်ပြီး အသင့်အနေအထား ရှိပုံ ပါ ။ ကျားတစ်ကောင်ဟာ အားအင်တွေ စုဆောင်းရင်း သား ကောင် အလာကို ချောင်းနေသလိုပုံပါပဲ ။
ချန်ရှန် ၏ လက်မှာ ချီဓာတ်အလွှာများ ဖြစ်ပေါ်လာပါ တယ် ။ ဒါဟာ နူးညံ့သော အငွေ့ လက်ချောင်း အကွက်ပါ ၊ စကြာဝဠာ ချီဓာတ်ကိုပါ အသုံးပြုကာ တချိန်တည်းမှာပင် ထိုက်ကျိ နတ်နဂါး စွမ်းရည်ကိုပါ လည်ပတ်စေလိုက်ပါ တယ် ။ သူ၏ အသက်ရှူသံ တစ်ခုလုံးကို ပြောင်းလဲလိုက် ပြီး သစ်ပင်ပေါ်မှ ခုန်ချကာ သူ၏ လက်ငါးချောင်းဖြင့် လှံထိပ်ဖျားများ ကဲ့သို့ ပြုမူလိုက်တယ် ။ ထိုလူ ပုန်းအောင်း နေ သည့် နေရာသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်သွားလိုက် ပါတော့ တယ် ။
ချန်ရှန် ရဲ့ ပစ်မှတ်ဟာ ပါးလွှာသည့် မြေကြီးအောက် မှာ ရှိနေတာဖြစ်ပါတယ် ။ ဒီလို ပါးလွှာသည့် မြေကြီးမဆို ထားနှင့် မာကျောသည့် သံကိုယ်ထည် ဖြစ်နေရင်တောင်မှ ပဲ ချန်ရှန် ၏ နူးညံ့သော အငွေ့ လက်ချောင်း ၅ ချောင်း မှာ လွယ်ကူစွာ ထိုးဖောက်နိုင်မှာပါ ။ ထိုလူမှာသာ စွမ်းအား မြင့် ချပ်ဝတ် တစ်ခုခု မရှိပါက ဒဏ်ရာပြင်းပြင်းထန်ထန် ရ သွားစေမှာ အသေအချာပါပင် ။
ချန်ရှန် သူ၏ လက်ကို ဆန့်ထုတ်ကာဖြင့် မြေကြီးကို ထိုးဖောက်လိုက်တယ် ။ မြေကြီးထဲမှ လူလည်း သူ၏ ကိုယ် အား အန္တရာယ်ရှိသည့် အငွေ့ တစ်ခုကို အာရုံခံလိုက်မိပေ မယ့် လည်း နောက်ကျသွားခဲ့ရပါပြီ ။ ချန်ရှန် မြေကြီး သို့ ထိုး ဖောက် ၀င်ရောက်သွားသည့်အခါ သူ၏ လက်မှာ ပူ ပြင်းပြီး စေးကပ်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရပါ တယ် ။
ချန်ရှန် ချက်ချင်းပင် လွှမ်းမိုးတတ်သည့် မိစ္ဆာ စွမ်းရည် ကို အလျင်အမြန် ထုတ်သုံးလိုက်တာကြောင့် ဆန့်ကျင် ဘက် ချီဓာတ်များဟာ သူ၏ လက်မှတဆင့် တစ်ကိုယ်လုံး သို့ ပြန့်နှံ့စိမ့်ဝင်သွားပါတော့တယ် ။ စုပ်ယူသည့်နှုန်းဟာ အလွန်ပင် မြန်ဆန်တာကြောင့် ထိုလူလည်း မြေကြီးထဲမှ ထွက်လာတယ် ။ ဒါပေမယ့်လည်း ချန်ရှန် ၏ လက်ဟာ သူ၏ ဗိုက်အား ဖိထားလျက်ပါပဲ ။
ထိုလူ၏ပုံစံဟာ သက်လက်ပိုင်းအရွယ် လူတစ်ဦး ဖြစ် ပြီး သူ၏ မျက်နှာတစ်ခုလုံးဟာ နာကျင်မှုကြောင့် ရှုံ့ တွလို့ နေပါတယ် ။ သူ၏ စွမ်းအင် သိုလှောင်ရာမှ ချီဓာတ်များ အဆက်မပြတ် ဆုံးရှုံးနေတာကို ခံစားလိုက်ရပြီး တချိန် တည်းမှာပဲ နာကျင်နေပေမယ့် ထိုထက်ပိုခံစားရခက်သည့် ထုံကျင်သော ဝေဒနာကို တစ်ကိုယ်လုံး ခံစားလိုက်ရတယ် ၊ သူ၏ အာရုံကြောများမှာ လည်း တစ်ကိုယ်လုံး ထုံကျင် ကာ အားအင်မရှိတော့ကြောင်း ဦးနှောက်ကို သတင်းပေး လျက် ရှိနေပါတော့တယ် ။
“မင်း . . . မင်း ချန်ရှန် လား”
ထိုလူဟာ စကားအနည်းငယ်ပဲ ဟ နိုင်ပါတယ် ။
ချန်ရှန် ဘာမျှ ပြန်မပြောပဲ သူ၏ အာရုံကို စူးစိုက်ကာ ဆန့်ကျင်ဘက် ချီဓာတ်များအား သူ၏ ကိုယ်တွင်းသို့ စုပ် ယူ နေပါတော့တယ် ။ ထိုလူလည်း ချန်ရှန် သူချောင်းနေ တာ ကို ချန်ရှန် သိသွားကြောင်း သဘောပေါက်သွားပါ တယ် ။
“မင်းဘယ်လို သိတာလဲ”
ထိုလူက ရုန်းကန်ရင်း မေးလိုက်ပါတယ် ။ သူမယုံ ကြည် နိုင် ဖြစ်နေပါတယ် ။ သူဒီလောက် ပိပိရိရိ ပုန်းနေ တာ ဖြစ်ပြီး သူ့ကိုယ်သူလည်း သူ၏ စွမ်းရည်ကို ယုံကြည်မှု ရှိလျက် ရှိနေတယ် ။
ချန်ရှန် ဘာမျှ ပြန်မပြောပဲ ထိုလူ၏ ချီဓာတ်များကို သာ အဆက် မပြတ် တဖြည်းဖြည်း ချင်းစုပ်ယူနေတယ် ။ ထို သူ ၏ တစ်ကိုယ်လုံး တုန်နေလျက် ရှိပြီး အသက်တော့ ရှင်နေ တုန်းပါပင် ။
“ကျွန်တော် ခင်ဗျားရဲ့ စွမ်းအားတွေကို စုပ်ယူလိုက်ပြီ ၊ ဒါကြောင့် ခင်ဗျားကို အေးအေးဆေးဆေး သေခွင့်ပေးပါ့ မယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းက ဆရာကြီးတန် နဲ့ လုမျိုးနွယ်တို့ရဲ့ ပူးပေါင်းကြံစည်မှုကို ကျွန်တော် သိတယ် ဗျ ။ ဆရာကြီး တန် ပေးလိုက်တယ့် လမ်းကြောင်းမှာ တစ် ယောက် ယောက် ကတော့ ကျွန်တော့ကို လုပ်ကြံမယ် ဆို တာကိုလည်း ကျွန်တော် တွက်ဆမိတယ် ။ ဒါကြောင့် ကျွန် တော် က ပြန်ပြီး ကြင်ကြင်နာနာ နဲ့ ဆက်ဆံလိုက်ရ တာပဲ”
ချန်ရှန် ခပ်လှောင် လှော င် ပြောလိုက်ပါတယ် ။
ထိုလူ မခံမရပ်နိုင်ဖြစ်နေပုံပါပဲ ။ သို့သော်လည်း သူ ၏ မျက်လုံးများမှာတော့ ကြောက်ရွံ့ ပုံပေါ်နေပါတယ် ။ မိစ္ဆာ လမ်း ကို လိုက်နေသည့် လူတစ်ယောက် အနေဖြင့် ချန်ရှန် မှာ ယခုလိုမျိုး တခြားလူ၏ ချီဓာတ်များ ကို စုပ်ယူနိုင်သည့် အစွမ်းမျိုး တတ်နေတာကို တွေ့ သည့်အခါ မနာလိုစိတ် များ ဖြစ်ပေါ်လို့နေတယ် ။ဒီလို စွမ်းရည်မျိုးဟာ မိစ္ဆာလမ်း ဂိုဏ်းတွေမှ လူတိုင်း လိုချင်တောင့်တသည့် ပညာရပ်မျိုး ဖြစ်နေလို့ပါပဲ ။
“ခင်ဗျား က မြေကြီထဲမှာ အကြာကြီး ပုန်းနေတာ မလား ၊ အခုတော့ အဲဒိမှာပဲ ထာဝရ နေပေတော့”
ချန်ရှန် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး သူ၏ လက် ဖြင့် ထိုသူအား နောက်လန်ကျအောင် လုပ်လိုက်ပြီး သတ် လိုက် ပါတော့တယ် ။ အလောင်းပါ မြေကြီးများဖြင့် ဖုံးလွှမ်း ကာ ထားလိုက်ပတယ် ။
ချန်ရှန် ဟာ အဆင့် ၅ ပညာရှင်၏ ချီဓာတ်များ အား လုံးကို လွှမ်းမ်ိုးယူငင်လိုက်တာကြောင့် ဒီချီဓာတ်တွေကို ဖိနှိပ် သန့်စင်ရန် အတွက် နေရာတစ်နေရာ အမြန်ကို လို အပ်နေပါပြီ ။ ဒီ ချီဓာတ်များဟာ အလွန်ကို များပြားလှပေ မယ့်လည်း သူသန့်စင်လိုက်တယ့်အခါမှာ ၃၀ မှ ၄၀ ရာခိုင် နှုန်းလောက်ပဲ ရနိုင်မှာပါ ။ အဘယ်ကြောင့်ဆိုသော် ထို ချီ ဓာတ်များထဲမှာ များစွာသော မသန့်စင်မှုများ ပါဝင်နေလို့ပါ ပဲ ။ ချန်ရှန်ဟာ ၎င်းတို့ကို အကြိမ်များစွာ သန့်စင်ရမှာဖြစ် ပြီး လုံးဝ သန့်စင်သွားပါက သူ၏ သားရဲငါးကောင် ပုံစံ အတွင်းသို့ ပေါင်းစပ်လိုက်ရမှာ ဖြစ်ပါတယ် ။
သုံးရက်ခန့် ကြာပြီးနောက်မှာတော့ ချန်ရှန် နိုးထလာခဲ့ ပါပြီ ။ ဒီမတိုင်ခင်က သူ၏ သားရဲပုံစံများမှာ ဒြပ်စင်စေ့ ၁၅ စေ့ စီသာရှိနေခဲ့ပေမယ့် ယခုအခါမှာတော့ သားရဲပုံစံ တစ်ခု ချင်းစီ တိုင်းမှာ ၁၇ စေ့ စီ ရှိနေပြီ ဖြစ်ပါတယ် ။စုစု ပေါင်းအားဖြင့် ၁၀ စေ့ တိုးလာတယ့် သဘောပါ ။ ထိုလူ ၏ ချီဓာတ်များမှာ အလွန်ကို ပြင်းထန် အားကောင်းလှသော် လည်း ချန်ရှန် ကတော့ အနည်းငယ်လေးသာ ရရှိလိုက် တာပါ ။
နိုးလာပြီးနောက် ချန်ရှန် လည်း မိုင်းတွင်းရှိရာသို့ ဆက် လျှောက်လာခဲ့တယ် ။ နာရီဝက်လောက် လျှောက်လှမ်း လာ ပြီးသည့် နောက်မှာတော့ ရုတ်တရက် ရင်းနှီးသော အသံ တစ်သံကို ကြားလိုက်ရပါတယ် ။
“ဒါ ယုလန် ရဲ့ အသံပဲ”
ချန်ရှန် ရင်ထဲ တချက်လှုပ်ခါသွားတယ် ။ သူ၏ ခြေလှမ်း များကိုလည်း ခပ်မြန်မြန် လှမ်းကာ သွားပါတော့ တယ် . . . ။