Switch Mode

Chapter – 202

နတ်ဓားစီရင်စု

Chapter – 202 နတ်ဓားစီရင်စု

ပြင်းထန်သော သိုင်းပညာ စီရင်စုရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ ဟာ ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ ။ ဒါကြောင့်ပဲ ဂိုဏ်းသားများဟာ သူတို့၏ သက်ဆိုင်ရာ ခြံဝန်းတွေထဲ ယခု အခါ နေထိုင်နေကြပြီ ဖြစ်ပါတယ် ။ နောက်လိုက်များ လည်း မစ်ရှင်များကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပြီး တ ခြား လူများထက် ပိုမို အကျိုးအမြတ်များ ရရှိနေကြပါပြီ ။
ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင် တို့ သုံးဦးဟာ ရွှေ ရောင် နောက်လိုက်ဆိုသည့် ဘွဲ့ ကို သာ ရရှိဖို့ အာရုံစိုက် နေကြတာ ဖြစ်ပေမယ့် ၎င်းတို့ဟာ လူပျင်းတွေလိုပါပဲ ။
ချန်ရှန် ဟာ ဆေးဘုရင် ခြံဝန်းထဲမှာ ညဆို နေထိုင် တာ ဖြစ်ပြီး နေ့ခင်းဘက် အားသည့် အချိန်များမှာတော့ ရှောင်ဒို တို့ဖြင့်သာ အချိန်ဖြုန်းလေ့ ရှိပါတယ် ။
ဒီနေ့မှာတော့ ချန်ရှန် ခန်းမငယ်ထဲသို့ လျှောက်လာပါ တယ် ။ ဆံပင်ဖြူရောင်ရှိသော အသက်ကြီးကြီး လူကြီး တစ် ဦး တည်ငြိမ်စွာ ရှိနေတာကို တွေ့ လိုက်ရပြီး ဒီလူကြီး ဟာ တခါက သက်ကြီးပညာရှင်များနှင့် အတူ ပါလာဖူးတာ ကို ချန်ရှန် အမှတ်ရလိုက်ပါတယ် ။ ဒီလူကြီးလည်း သက် ကြီး ခြံဝန်းမှ သက်ကြီး ပညာရှင်တစ်ဦး ဖြစ်ပါပေလိမ့်မယ် ။
“ငါ က ဆရာကြီး တန်ပဲ ၊ မင်းတို့ မစ်ရှင် အတွက် လာ ခဲ့တာ ဖြစ်တယ်”
ထိုလူကြီးက သူ့ကိုယ်သူ အပြုံးဖြင့် မိတ်ဆက်ပါတယ် ၊ ရှောင်ဒို ၊ ဆူဝဲလောင် နှင့် ဇုရွန် တို့ သုံးဦးဟာလည်း ယခု ခန်းမထဲ မှာ ရှိနေကြတာ ဖြစ်ပါတယ် ။
“ဆရာကြီး တန် ၊ ကျွန်တော်တို့ ဘာလုပ်ရမလဲဗျ”
ချန်ရှန် မေးလိုက်ပါတယ် ။ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းထဲမှာ သက်ကြီးပညာရှင်များသာ မက ငယ်ငယ်ရွယ် ရွယ် ဖြင့် သက်ကြီးပညာရှင် ဘွဲ့ ရရှိသူများလည်း ရှိပါ တယ် ။ ထိုလူများဟ စွမ်းအားဟာလည်း ပေါ့သေးသေး မ ဟုတ်ပဲ သက်ကြီးပညာရှင်များ နှင့် ယှဉ်နိုင်ကြပါတယ် ။ ထို သက်ငယ်ပညာရှင်များကို တွေ့ ပါက ဂိုဏ်းသားများဟာ ဦး ညွှတ် အရိုအသေ ပေးစရာမလိုပါချေ ။
“ငါ လာတာ မင်းကို တာဝန် တစ်ခု ပေးမလို့ပဲ”
ဆရာကြီး တန်ရဲ့ ပုံစံဟာ အနည်းငယ် လှုပ်လှုပ်ရှား ရှား ဖြစ်သွားသလိုပါပဲ ။
“မင်းသာလျှင် ဒီတာဝန်ကို ပြီးမြောက်စေနိုင်မယ် ၊ ဘာလို့ လဲ ဆိုတော့ မင်းပဲ အဲဒိနေရာကို မြန်မြန်သွားနိုင် မှာ မို့လို့ပဲ”
ချန်ရှန် ခေါင်းညိမ့်လိုက်တယ် ။ သူ့မှာ အနီရင့်ငှက် ၏ မီးတောင်ပံများ ရှိတာ ဖြစ်ပြီး ဘယ်နေရာကိုမဆို အလျင် မြန်ဆုံး နှုန်းဖြင့် သွားနိုင်ပါတယ် ။
“ငါတို့ရရှိထားတဲ့ သတင်းအရ နတ်ဓားဂိုဏ်း ရဲ့ အနီး တဝိုက်မှာ ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ နောက် လိုက်တွေဟာ မိစ္ဆာလမ်းက သိုင်းပညာရှင်တွေရဲ့ တိုက် ခိုက်မှုကို ခံလိုက်ရတယ် ။ ဒီ မိစ္ဆာတွေဟာ သိပ်တော့ မစွမ်း ကြ ပါဘူး ။ သူတို့ဟာ အဆင့် ၂ နဲ့ ၃ စစ်မှန်သော သိုင်းပညာနယ်ပယ် ပတ်ချာလည်လောက်ကပဲ”
ဆရာကြီးတန် က မစ်ရှင်ကို ပြောပြနေပါတယ် ။
ချန်ရှန် က သင်္ကာမကင်း ဟန်ဖြင့် –
“အဲဒိမှာ နတ်ဓားဂိုဏ်း ရှိနေတယ်မလား ၊ သူတို့ ကို အကူအညီ တောင်းလို့ မရနိုင်ဘူးလား”
ဆရာကြီး တန် မှ ခေါင်းခါယမ်းပြီး –
“နတ်ဓားဂိုဏ်း ဟာ တသီးတခြား နေကြတာဖြစ်ပြီး သူတို့ဟာ ဘယ်တော့မှ အပြင်လူကို မကူညီတတ်ကြဘူး ၊ သူတို့ကိုယ် သူတို့ တခြားအရေးကိစ္စတွေ နဲ့ မဆိုင်တော့ ဘူးလို့ သတ်မှတ်လိုက်ကြပြီးကတည်းက တခြား ဘယ် ဂိုဏ်း နဲ့ မှ အဆက်အသွယ် မလုပ်ကြတော့ဘူးကွ ။ သူတို့ ကိုယ် သူတို့ ချန်ဝူ နယ်မြေကြီးရဲ့ စွမ်းအားအကြီးဆုံး ဂိုဏ်း လို့ သတ်မှတ်ထားကြတာဖြစ်တယ် ။ ဒါပေမယ့် သူတို့ ဟာ အမြဲတမ်း ပြင်းထန်သော သိုင်းပညာဂိုဏ်းက ဖိနှိပ်တာကို ခံကြရတယ့် အတွက် ငါတို့ကို ဘယ်လိုနည်းနဲ့မှ ကူညီကြ မှာ မဟုတ်ဘူး”
ချန်ရှန် လည်း ဒါကိုတော့ ကြားဖူးပါတယ် ။ ဒါပေမယ့် နတ်ဓားဂိုဏ်းဟာ ဒီလောက်ထိ မလျော်မကန် ပြုလုပ်လိမ့် မယ်လို့ မထင်မှတ်ထားခဲ့မိပါဘူး ။ ချန်ရှန် ခေါင်းကို ညိမ့် ကာ ဖြင့် –
“ကျွန်တော့ တာဝန် ထားလိုက်ပါ”
“ဒါကို အဆင့် ၆ မစ်ရှင်လို့ သတ်မှတ်မယ် ။ မင်းလည်း သတိထားပါ”
ဆရာကြီး တန် မြေပုံရေးဆွဲထားသော စက္ကူချပ် တစ် ခု ကို ထုတ်ပေးပါတယ် ။ တချို့ သော အသေးစိတ် အချက် အလက်များအားလည်း ချန်ရှန် ကို ပြောပြပေးပါတော့ တယ် ။
ဆရာကြီးတန် ထွက်ခွာသွားပြီး နောက်မှာတော့ ဆူ ဝဲ လောင် က လေသံတီးတိ်ုးဖြင့် –
“ချန်ရှန် ၊ မင်း ဂရုစိုက်မှ ဖြစ်မယ် ။ ငါမှတ်မိသလောက် တော့ ဒီ လူဟာ လုရှန် နဲ့ အတော်ခင်တယ်ကွ”
ချန်ရှန် မျက်မှောင်ကြုတ်ကာ –
“ကျွန်တော် သတိထားမှာပါ”
ချန်ရှန် လည်း ဂိုဏ်းမှ ထွက်လာပြီးနောက်မှာတော့ ရှီ မန်မြို့ ၏ မြို့ ပြင်သို့ ရောက်ရှိလာတယ် ။ ညရောက်သည့် အ ခါ ဟိုတယ် တစ်ခုတွင်တည်းကာ ရုတ်ဖျက်ပြီးသည့် အခါ မှာတော့ မနက်စောစော မှာ ထွက်ခွာလိုက်ပါတော့ တယ် ။ ဒန်ရှန်တောင်ယွမ် ၏ သိုင်းပညာရှင်များ နှင့် ရော ယောင် ကာ လိုက်ပါသွားခြင်းပဲ ဖြစ်ပါတယ် ။
ဒီလိုလုပ်ခြင်းဟာ ပိုမိုလုံခြုံစေမည် ဖြစ်ပြီး ယခုအခါ သူ ဘယ်ရောက်နေလဲ ဆိုတာကို ဘယ်သူမှ မသိတော့တဲ့ အတွက် သူ့အတွက် ကြောက်စရာ မလိုပါချေ ။ သုံးရက် လောက် ထိုသူများနှင့် လိုက်ပါပြီးတယ့်အခါမှာတော့ သူ ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း နဲ့ အတော်ပင် ဝေး ကွာ သွားပြီ ဖြစ်ပါတယ် ။ ဒါကြောင့် ၎င်းတို့နှင့် လူစုခွဲကာ တော ထဲသို့ တစ်ဦးတည်း ထွက်ခွာသွားပါတော့တယ် ။
“နတ်ဓားဂိုဏ်းကို ရောက်ဖို့ မင်း တောင်ယွမ် စီရင်စု ကို ဖြတ်ကျော်ရလိမ့်မယ် ။ မင်း ဟို ဆက်စီ ဆန်ဆန် ကောင်မလေး ဟွာရှန်ယူ နဲ့ တွေ့ ဦးမှာလား”
စုမေးယို ခပ်တိုးတိုး ရယ်မောပြီး ပြောပါတယ် ။
“မတွေ့ ပါဘူး ၊ ကျွန်တော် မြန်မြန်သွားပြီး ဖြေရှင်းမှ ဖြစ် မယ် ဗျ”
ချန်ရှန် လေထဲသို့ ခုန်တက်ကာ သူ၏ တောင်ပံကြီး များ ကို ဖြန့်လျက် တောင်ယွမ်စီရင်စုသို့ ပျံသန်းလိုက်ပါ တော့တယ် ။
အတောင်ပံများ၏ ကူညီမှုကြောင့် ချန်ရှန် ဟာ အလွန် ကိုပဲ မြန်ဆန်လှပါတယ် ။ လေပေါ် ခပ်မြင့်မြင့် မှ ပျံသန်းနေ တာ ဖြစ်တာကြောင့် သူ့ကို မည်သူမျှ မတိုက်ခိုက်နိုင်ပါဘူး။ သူ့ဂိုဏ်းမှ ထွက်ခွာလာပြီးကတည်းက သတိကြီးစွာ နေနေ တာ ဖြစ်ပြီး သူ့ကို မုန်းတီးသူများဟာ များပြားလှပါတယ် ။ ဂိုဏ်းတွေကသာ မက မျိုးနွယ်စုများစွာကလည်း အလိုရှိ နေတာပါ ။
နတ်ဓားစီရင်စု ဟာ နတ်ဓားဂိုဏ်း၏ တရားစီရင်ခွင့် အောက်မှာ ရှိတာ ဖြစ်ပြီး ဒီနေရာမှ သိုင်းပညာရှင် အားလုံး ဟာ ဓားသိုင်းပညာရှင်တွေ ချည်းပါပဲ ။ သူတို့မျက်လုံးထဲ မှာ တော့ ဓားဟာ ပြိုင်ဖက်ကင်း လက်နက် တစ်ခုဖြစ်ပြီး တခြား လက်နက်များထက် သာလွန်တယ် ဟု မှတ်ယူထား ကြတာပါ ။
ချန်ရှန် ၁၀ ရက်လောက် တောင်ယွမ် စီရင်စုပေါ်မှ ဖြတ် ကာ အဆက်မပြတ် ပျံသန်းနေလျက်ရှိတယ် ။ ဒီတစ် ခေါက်ဟာ သူ့အတွက် နတ်ဓားစီရင်စုကို ပထမဆုံး အကြိမ် ရောက်ဖူးတာဖြစ်ပြီး တခြားစီရင်စုများလိုပဲ လှပ လှ ပါတယ် ။ များပြားသော ဝိဉာဉ်တော် ချီဓာတ်များ ၊ လှပ သော ပန်းများ နှင့် တောအုပ်များဟာ အလွန် လှပ ကြ ပါတယ် ။ ဒီနတ်ဓားဂိုဏ်း ၏ အဆုံးမှာတော့ ရေခဲလေ တောင် ကြား ဂိုဏ်း ရှိပါတယ် ။ ၎င်းဂိုဏ်း နှစ်ခု ကြားမှာ တော့ ရေခဲလေ ၀င်ရိုးစွန်းနယ်မြေ ဆိုတဲ့ နယ်နိမိတ်မျဉ်း တည်ရှိနေတာပါ ။
ရေခဲလေ၀င်ရိုးစွန်းနယ်မြေကို ရေခဲလေ စီရင်စု လို့လဲ ခေါ်ပါတယ် ။ ချန်ဝူ နယ်မြေ စီရင်စု ၉ စုထဲမှာ အသေးငယ် ဆုံးစီရင်စု ဖြစ်ပြီး အဆိုးဝါးဆုံး ပတ်ဝန်းကျင်အခြေအနေ ရှိ ပါတယ် ။ ဒီလိုကြောင့် လူဦးရေဟာလည်း နည်းပါးလျက် ရှိပြီး အခြေတကျ နေထိုင်သူ မရှိသလောက်ပါပဲ ။ ၎င်းဟာ ရေခဲလေ တောင်ကြား ဂိုဏ်း၏ တရားစီရင်ပိုင်ခွင့် အောက် မှာ တည်ရှိတာဖြစ်ပြီး ဒီလို လူဦးရေ နည်းပါးတာတောင် မှ ဒီ ရေခဲလေ ဂိုဏ်းဟာ အလွန်ကို စွမ်းအားကြီးမားနေတုန်း ပါပဲ ။
“ငါသာ မစ်ရှင်ကို မြန်မြန် ပြီးရင် ရေခဲလေ ဒေသကို သွား လည် ပြီး လန်ယုလန် ကို ရှာဦးမှပါ”
ချန်ရှန် သူ၏ မွေးစားနှမတော် ကို တွေ့ ချင်နေပါတယ် ၊ သူ၏ စိတ်ထဲ ဆံပင်အဖြူလေးကို စည်းထားသည့် ကောင် မလေး ပုံရိပ် ဖြတ်ခနဲ ပေါ်လာပြီး သူတို့ ဘုရင့်မြို့ တော် မှာ ကွဲသွားကတည်းက တခါမှ ပြန်ဆုံခြင်း မရှိတော့ပါဘူး ။
ပျံသန်းနေရင်း ချန်ရှန် ပိုပိုပြီး အေးလာသလို ခံစားရပါ တယ် ။ သူ နတ်ဓားဂိုဏ်း၏ နယ်စပ်ကို ရောက်ရှိနေပြီ ဆို တာ ခံစားမိလိုက်ပြီး မကြာခင်မှာပဲ မြို့ တစ်မြို့ ကို လှမ်း မြင် လိုက်ရပါတယ် ။ ထိုမြို့ မှာတော့ သလင်းကျောက် ကြော ရှိတာ ဖြစ်ပြီး ထိုအရာကို ပြင်းထန်သော သိ်ုင်းပညာဂိုဏ်း မှ တွေ့ ရှိခဲ့တာပါ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ နောက်လိုက်များဟာ ဂိုဏ်းအတွက် လိုအပ်သော သလင်း ကျောက်များအား တူးယူနေပေးသည်မှာ နှစ်ပေါင်း ၂၀ လောက်ပင် ရှိနေပါပြီ ။ ဒါကြောင့်ပဲ နတ်ဓားဂိုဏ်းဟာ ပြင်း ထန်သော သိုင်းပညာဂိုဏ်းကို မကျေနပ်နေတာလည်း ဖြစ် ပါတော့တယ် ။
နှစ်ပေါင်းများစွာ သလင်းကျောက်ကြော ကို တူးနေ တာ ပြသနာ မဟုတ်ပေ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း ဟာလည်း လျို့ ဝှက်စွာ တူးနေတာ မဟုတ်ပဲ နတ်ဓားဂိုဏ်း ကိုတောင် အသိပေးခဲ့ပါသေးတယ် .။ ချန်ဝူနယ်မြေ ကြီး ရဲ့ စည်းမျဉ်းများအရ ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ဒီ ကြီးမားလှသည့် သလင်းကျောက်ကြောကြီးအား နှစ် ၂၀ လောက် တူးယူနေနိ်ုင်တာပါ ။
ယခုအခါမှာတော့ မိစ္ဆာဂိုဏ်း ၏ တိုက်ခိုက်ခြင်းကို ခံရပြီး နတ်ဓားဂိုဏ်း အနေဖြင့်လည်း ဘာလုပ်ဆောင်မှု မှ မရှိပါချေ ။ တဖက်မှာတောင် ကျေနပ်ရင် ကျေနပ်နေကြဦး မှာပါ ။
ချန်ရှန် မြို့ သို့ရောက်ရှိခဲ့ပါပြီ ။ဒီမြို့ ကိုတော့ ရေခဲဓား မြို့ ဟု ခေါ်ပြီး လူတိုင်းဟာ ဓားများကို သူတို့၏ ခါး သို့ မ ဟုတ် နောက်ကျောဘက်မှာ ချိတ်ဆွဲထားကြပါတယ် ။ ဒါ ဟာ ဒီဒေသ ၏ ထုံးစံလို ဖြစ်နေပြီး ချန်ရှန်လည်း ၎င်းတို့ နှင့် ရောနှောသွားစေရန်အတွက် ဓားတစ်လက်အား သူ၏ ခါးမှာ ချိတ်ထားလိုက်ပါတော့တယ် ။
ဒီနေရာမှာ အလွန်အေးစက်လှတာဖြစ်ပေမယ့် သိုင်း ပညာရှင်ဟာ စွမ်းအားကြီးမယ် ဆိုပါက ဒီအအေးဒဏ်ကို မှုမည် မဟုတ်ချေ ။ သူတို့၏ ချီဓာတ်များကို လည်ပတ်စေ ခြင်းဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်မှာပါ ။ အ၀တ်အ စား ပါးပါး ၀တ်ဆင်ထားသော လူတိုင်းဟာ စွမ်းအားကြီး သိ်ုင်း ပညာရှင် များဟုပင် မှတ်ယူနိုင်ပါတယ် ။
ချန်ရှန် ဟာ ယခု အ၀တ်ထူထူကို ၀တ်ဆင်ထား ပြီး ဆရာကြီးတန်ဟာ လုမျိုးနွယ်နှင့် ပူးပေါင်းကာ သူ့အား လုပ် ကြံမှာကို စိုးရိမ်လျက် ရှိပါတယ် ။ ဒါကြောင့် အရေးကြီးဆုံး အလုပ် အနေဖြင့် သူဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း အား မိစ္ဆာဂိုဏ်းမှ တိုက်ခိုက်ခဲ့ခြင်း ဟုတ်မဟုတ်ဆိုတာ အရင် စုံစမ်းပါတယ် ။
ဟော်တယ် ခန်းထဲမှာတော့ လူအမျုိးမျိုးဟာ ရောထွေး လို့ ရှိနေကြပါတယ် ။ ချန်ရှန် လည်း ၀င်ရောက်လာခဲ့ပြီး အစား အသောက်များကို မှာစားရင်း စနည်းနာလျက် ရှိ တယ် ။ စားပွဲထိုး တစ်ယောက်အား သလင်းကျောက် သုံး တုံး ခန့် ပေးလိုက်ပြီးနောက် သူဟာ မေးမြန်းပါတော့တယ်။
“ညီလေး ရေ ၊ ငါက အပြင်ဖက်က လာပြီး ဒီကို ခုမှ ရောက်တာပါ ။ ဒီနားမှာ မိစ္ဆာလမ်းက လူတေများ နေထိုင် ကြလား”
ချန်ရှန် မေးလိုက်ပါတယ် ။
စားပွဲထိုးဟာ ပိန်ပိန်ပါးပါးဖြင့် ခပ်ပြုံးပြုံုး မျက်နှာထား ရှိပါတယ် ။ သူ့ကြည့်ရတာ ပျော်တတ်ပုံပါပဲ ။
“ကွဲကွဲပြားပြား သိမြင်စမ်းပါဗျာ ၊ ခင်ဗျား မသိသေးဘူး ထင်တယ် ။ ဒီမှာ မိစ္ဆာလမ်း ပညာရှင်တွေ ရှိပေမယ့် သူတို့ ဟာ ကျွန်တော်တို့ နတ်ဓားဂိုဏ်းကို ကြောက်တယ် ဗျ ။ ဒါ ပေမယ့် လည်း ဘာလို့ရယ်လို့ မသိ ပြီးခဲ့တယ့် လတုန်း က အဲဒိမိစ္ဆာလမ်း က ပညာရှင်တွေဟာ မြို့ ပြင်က မိ်ုင်းတွင်း ကို မကြာခဏ သွားသွား လုကြတယ် ဆိုပဲ ။ ပြင်းထန်သော သိုင်း ပညာဂိုဏ်း က လူအတော်များများ လည်း သူတို့ လက်ထဲ ကျသွားကြတယ်”
“ဒီကိစ္စနဲ့ ပတ်သတ်ပြီး အုပ်ချုပ်ရေးမှူး ရုံးကလည်း ဘာ မှ မစီစဉ်ဘူး ။ နတ်ဓားဂိုဏ်းကလည်း အတူတူပဲ ။ ပ ထ မ အချက်အနေဖြင့် သူတို့က ပြင်းထန်သော သိုင်းပညာ ဂိုဏ်းကို မုန်းတီးတယ်လေ ။ ဒါပေမယ့် ပြင်းထန်သော သိုင်းပညာဂိုဏ်းက လူတွေကလည်း မဆိုးလှပါဘူး ။ သူတို့ မြို့ ထဲကို လာတယ့် အခါတိုင်း ဆုတွေဘာတွေ ပေးလေ့ ရှိ တယ်ဗျ ။ သူတို့ဟာ နတ်ဓားစီရင်စုမှာ မိုင်းတွင်းလုပ်နေ ကြတာ ဖြစ်ပြီး နှစ် ၂၀ တောင် ကြာပြီလေဗျာ ၊ ဒါကြောင့် ပါ ၊ အခု နတ်ဓားဂိုဏ်း ရဲ့ အလှည့် ရောက်ပြီပေါ့ ။ သူတို့ နှစ် တစ်ဒါဇင်လောက် တူးကြမယ်ထင်တယ် ။ ဒီမိုင်း တွင်း ကြီးကို သာ ပြင်းထန်သော သိုင်းပညာဂိုဏ်းက ရှာမတွေ့ ခဲ့ ရင် ဒါတွေဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး ။ အခု ကျ တော့ တခြား ပညာရှင်တွေပါ ရောက်လာကြပြီလေ”
ချန်ရှန် နတ်ဓားဂိုဏ်းဟာ သိပ်မကျော်ကြားဘူးဆိုတာ သတိ ပြု မိလိုက်ပါတယ် ။ မြို့ ထဲရှိ လမ်းတစ်လျှောက်မှာ လည်း လူအများအပြားဟာ တောင်းစားနေကြတာကို သတိ ပြုမိပြီး ပြင်းထန်သော သိုင်းပညာစီရင်စုထဲမှာတော့ ဒါမျိုးတွေ မရှိပါချေ . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset