Chapter – 201 လုမျိုးနွယ်လျို့ ဝှက်ချက်
ချန်ရှန် ဟာ ဆေးဘုရင်ခြံဝန်းထဲ နေသော်လည်း ဒီနေ ရာမှာ သူ့အတွက် နေရာပေးထားပါတယ် ။ လှပပြီး ချစ်စရာ ကောင်းသော ကောင်မလေး နှင့် ရင့်ကျက်တည်ငြိမ်သော အလှ ပိုင်ရှင်လေး တို့ကို တွေ့ လိုက်ရတယ့်အခါ ချန်ရှန် အတော်ပဲ အံ့သြသွားမိတယ် ။
“ရိုရူ ၊ မင်း ဘယ်လို ရောက်လာတာလဲ”
ဇုရွန် ခပ်မြန်မြန်ပဲ မေးလိုက်ပါတယ် ။
“အမတော် ၊ ဒါ ယောကျာ်းလေးတွေ နေတယ့် နေရာ လေ ၊ အမတော်တို့ မိန်းကလေး တွေ မ၀င်လာသင့်ဘူး”
ရှောင်ဒို ရိုရူ ကိုပါ လှမ်ကြည့်ရင်း ပြောလိုက်ပါတယ် ။
ယန်စုရီ မှ နွေးထွေးသော အသံဖြင့် –
“စိတ်မပူပါနဲ့ ၊ ငါရိုရူနဲ့ အတူတူ မင်းကို တွေ့ ချင်လို့ လာ တာ”
ချန်ရှန် ဇုရွန် ၏ ခါးကို ဖက်ရင်းမေးလိုက်တယ် ။
“ဘယ်လိုတွေ များ ဖြစ်ကြတာလဲဗျ ၊ ခင်ဗျား ညီမ နဲ့ ရှောင်ဒို က ဘယ်လိုများ ပတ်သက်နေလဲ”
“ကောင်းပြီ ၊ ငါ ဒီ မျိုးမမစ်လေး ယန် ကို ငါ့ယောက်ဖ အဖြစ် ဘယ်တုန်းကမှ အသိအမှတ် မပြုချင်ခဲ့ဘူး ။ ဟူးးးး ၊ ငါလည်း ဘယ်လိုမှ မတတ်နိ်ုင် ။ မင်းအမြင်ပဲ ဟေ့”
ဇုရွန် မျက်နာ ပျက်ယွင်းပြီး ပြောလိုက်တယ် ။ ရှောင်ဒို မှာလည်းး သက်ပြင်းသာ ချလို့နေပါတော့တယ် ။
ချန်ရှန် လည်း အတော်ကို ရယ်ချင်သွားမိတယ် ။ ဒါပေ မယ့်လည်း စိတ်ထိန်းကာ –
“ဒါဆို သူတို့က ကြိုက်နေပြီးတော့များ ခင်ဗျားက ကျွန် တော်နဲ့ မိတ်ဆက်ပေးဖို့ ဘာလို့ ကြိုးစားခဲ့တာလဲ”
“ဟားဟား ၊ မင်းသာ ရိုရူကို ကြိုက်ကြည့်ပါလား ၊ သူ ဒီ လို မျိုးမစစ်လေး ယန် ကို လက်ထပ်လို့ ရမှာ မဟုတ်ဘူး ၊ ဘယ်လို ပြောရမလဲ ၊ မင်းက ဒီကောင်လေးထက် အများ ကြီး အစွမ်းထက်တယ်လေ”
ဇုရွန် အရှက်မရှိလေသံ ဖြင့် ပြောပါတယ် ။
ချန်ရှန်လည်း ရယ်မောကာဖြင့် –
“ရှောင်ဒို ၊ မင်းမိန်းမက မဆိုးပါဘူးကွ ၊ ဘာလို့ မင်းက စိတ်ပျက်တယ့် ပုံ ပေါက်နေရတာလဲ”
“သူမက ကောင်းပါတယ် ။ ဒါပေမယ့် ဒီလို ၀က်ကြီး ကို ယောက်ဖ တော်ရတာ ကျွန်တော့ အတွက် အတော် အန် ချင်စရာပဲ”
ရှောင်ဒို စိတ်ဓာတ်ကျသည့် လေသံဖြင့် ပြောပါတယ် ။
“မျိုးမစစ်လေး ယန် ၊ မင်းငါ့ကို အကိုတစ်ယောက်လို တ လေး တ စား ခေါ်သင့်တယ်”
ဇုရွန်လည်း သိပ်ပြီး သက်တောင့်သက်သာ ဖြစ်ပုံ မပေါ် သလိုပါပဲ ။
“ငါက ငါ့ညီမကို မင်းကို ပေးထားတယ် ။ မင်းဒီလို အဖိုး တန်လေးကို ရတာတောင် ငါ့ကို ၀က်လို့ ခေါ်ဝံ့သေးတယ် ပေ့ါ”
“ကျွန်တော် ခင်ဗျား ညီမကို လက်ထပ်တာ ခင်ဗျား ကံ ကောင်းတာပဲ”
ရှောင်ဒို က ပြန်အော်ပြောလိုက်တယ် ။
“မင်းက မျောက်လိုပဲ ၊ ကိုယ့်ကိုကိုယ် မြောက် မနေနဲ့ ၊ ငါ့ညီမက မင်းကို သနားလို့ လက်ထပ်ခဲ့တာ”
ဇုရွန် လည်း ပြန်အော်ပါတော့တယ် ။
မကြာမီမှာပင် စကားများကြပါတယ် ။
“အဟမ်း အဟမ်း”
ခပ်လှမ်းလှမ်းမှ ဇုရိုရူး ၏ ချောင်းဟန့်သံ ထွက်လာပါ တယ် ။
“ရှောင်ဒို ၊ နင် ငါ့ကို ဘယ်လို ကတိပေးထားသလဲ”
သူမ၏ အသံဟာ စည်းကမ်းထုတ်ထားသလိုပါပဲ ၊ ယန် ရှောင်ဒို ၏ အသံ ချက်ချင်းကို တိတ်သွားတော့တယ် ။
ချန်ရှန် ရုတ်တရက် ဇုရိုရူ ဟာ ရိုရူလို့ ခေါ်တာကို သ တိ ထားမိ သွားပြီး တကယ်တော့ သူမ မနူးညံ့တာကို တွေ့ ရှိ လိုက်ရတယ် ။ နေ့တိုင်း ရှောင်ဒို ဟာ ရိုရူ စည်းကမ်း ဘယ် လိုကြီးကြောင်း အမိန့်တွေပေးကြောင်း ညည်းညူနေလေ့ ရှိတယ် ။ ချန်ရှန် ဒါကို စဉ်းစားမိရင်း သူ၏ မျက်နှာဟာ ခပ် ပြုံးပြုံး ဖြစ်သွားပါတော့တယ် ။
( ရိုရူ ဟူသည် မှာ နူးညံ့သော ဟု အဓိပ္ပာယ် ရပါတယ်)
ချန်ရှန် ရှောင်ဒို၏ ကျောအား ပုတ်ရင်း ရယ်မောကာ –
“မင်း တကယ်ပဲ အိမ်ထောင် ကျခဲ့ပြီပေါ့ ၊ ဒါတောင် ငါ့ ကို မဖိတ်ဘူးနော် ။ ဒါ ညီအကို သံယောဇဉ် မရှိတာပဲ”
“သူ အထူးသဖြင့် မင်းကို မဖိတ်တာပဲ ။ ဒီအရူးက ဒီ အရာကို မင်းမသိအောင် တစ်သက်လုံး ဖုံးကွယ်ထားချင် တာ ကွ ၊ ဟားဟားးဟားး”
ဇုရွန် ရယ်မောနေပါတော့တယ် ။
“ညီတော် ချန် ၊ မင်းက တော်တော် ဒိတ်အောက် နေ ပြီ ကိုကွ ၊ ဇုမျိုးနွယ် နဲ့ ယန်မျိုးနွယ် တို့ မင်္ဂလာပွဲတောင် မသိ လိုက်ဘူးပေါ့”
ဇုရိုရူ နဲ့ ယန်စုရီ တို့လည်း အနားရောက်လာကြပါ တယ် ။ ချန်ရှန် တစ်ခါလောက် သူတို့အား စူးစိုက်ကြည့်မိ တယ် ။ ရိုရူဟာ ချိုသာပြီး နူးညံ့ပုံပါပဲ ၊ ယန်စုရီ နဲ့ ယှဉ်ပါက အတော်ကို ကွာခြားလျက်ရှိပါတယ် ။
“အကိုတော်ချန် ၊ ရှောင်ဒို က ရှင့်အကြောင်း ခဏခဏ ပြောပါတယ် ။ သူပြောသလောက်တော့ ရှင်က အတော်ပဲ အလုပ်များနေတယ် ဆို ၊ ဒါကြောင့်ပဲ ကျွန်မတို့ မဆုံဖြစ်ကြ တာပဲ”
ဇုရိုရူ ခပ်ပြုံးပြုံးဖြင့် ပြောပါတယ် ။
ချန်ရှန် ရယ်မောပြီး တည်ဆောက်ရေးဆေး ၂ လုံးကို ထုတ်ယူလိုက်ပါတယ် ။ သူလည်း တစ်လုံးအား ရှောင်ဒို အား ပေးပြီး နောက်တစ်လုံးကို ရိုရူကို ပေးလိုက်ပါ တယ် ၊
“မင်းတို့ မင်္ဂလာဆောင်တုန်းက ငါ့ဟာ ဘာမှ မပေးနိုင် ခဲ့သလို လာလည်း မလာနိုင်ခဲ့ဘူး ။ ဒါကို ငါပေးတဲ့ လက် ဆောင်လို့ သတ်မှတ်လိုက်ပါ”
ဇုရွန်ရဲ့ မျက်လုံးများဟာ ရုတ်တရက် တောက်ပသွား သလိုပါပဲ ။
“ညီတော် ချန် ၊ မင်းက တကယ်ကို ကြင်နာတတ်တာ ပဲ”
ပြောနေရင်းဖြင့် သူဟာ ရိုရူလက်ထဲမှ ဆေးကို လှမ်း ယူလိုက်တယ် ။ သို့သော်လည်း သူမယူနိုင်ခင်မှာပဲ သူ၏ လက်အား ရှောင်ဒိုက ရိုက်ချလိုက်ပါတော့တယ် ။
ယန်စုရီ ဟာလည်း ရှောင်ဒို ထံမှ ချန်ရှန် ၏ ရက်ရော တတ်ပုံကို ကြားသိထားတယ် ။ ဒါပေမယ့် ဒီလောက်ထိ ရက်ရောလိမ့်မယ်လို့ သူမ မထင်ထားမိပါ ။ တည်ဆောက် ရေးဆေးအား အလွယ်တကူ ဘာမှ မဖြစ်သလို ဟန်ဖြင့် ထုတ်ပေးလိုက်ခြင်းကြောင့် အတော်ကို အံ့သြမိသွားတယ် ၊ ရှောင်ဒိုတို့ မင်္ဂလာဆောင်တုန်းက တန်ဖိုးအကြီးမားဆုံး လက်ဖွဲ့ မှာ သလင်းကျောက် သိန်းဂဏန်းလောက်ပါ ။ သူမ ရုတ်တရက်ပဲ ရှောင်ဒို က သူမကို ဘာလို့ ချန်ရှန်နဲ့ လက် ထပ်စေချင်သလဲ ဆိုတာကို နားလည်သွားပါတော့တယ် ။
ရှောင်ဒို နဲ့ ရိုရူ တို့ အတော်ကို အံ့သြနေကြပါတယ် ။ သူတို့ သိထားတာက ချန်ရှန် ဟာ တည်ဆောက်ရေးဆေး ၃ လုံးကို လုမျိုးနွယ် ထံမှ အနိ်ုင်ရရှိထားတယ် ဆိုတာ ဖြစ် ပြီး သူတို့ကို ခုလောက် ရက်ရောစရာမလိုဟု ထင်နေမိကြ ပါတယ် ။
ဇုရွန် က မေးလိုက်တယ် ။
“ငါ လက်ထပ်ရင်လည်း မင်းဒီလို လက်ဆောင်မျိုး ပေး မှာလား”
ချန်ရှန် ရယ်မောကာဖြင့် –
“ဒါပေါ့ဗျ”
“ဟား ဟား ၊ ကောင်းတယ် ၊ ငါ ခဏခဏ လက်ထပ် မှ ပါ”
ဇုရွန် ရယ်မောကာပြောဆိုနေတာကြောင့် ရှောင်ဒို လဲ ပိတ်ကန် ပစ်လိုက်ပါတော့တယ် ။
ချန်ရှန် ကို စိတ်ဝင်စားစရာ အချက်ကတော့ ဆူဝဲ လောင် ၀င်လာတယ့်အခါ သူဟာ ဘာမှလည်း ၀င်မပြော ဘယ်သူ့ကိုမှလည်း မကြည့်ပါပဲ ယန်စုရီကတော့ ၎င်းကို ခိုး ကြည့်နေတာ မြင်တွေ့ လိုက်ရလို့ပါပဲ ။
“ငါတို့ သွားတော့မယ်”
ယန်စုရီ ရိုရူ ၏ လက်ကို ဆွဲကာဖြင့် ထွက်ခွာသွားကြပါ တော့တယ် ။
“ဒီနေရာမှာ မိန်းကလေး ရှိနေတာ ဗရမ်းဗတာနိုင်တာပဲ ၊ ဟူုးးးး ၊ ငါတို့ စကားပြောတာက အစ ဆင်ခြင်ရမယ့် ပုံပဲ”
ရှောင်ဒို သက်ပြင်းချရင်း ပြောလိုက်ပါတယ် ။
ဇုရွန် မှ ရယ်မောကာ ဖြင့် –
“ဟေး ၊ မင်းတို့ သတိထားမိကြလား ၊ မျိုးမစစ်လေး ယန် ရဲ့ အမဟာ မြွေမျက်လုံးကို ခိုးကြည့်နေတယ် ကွ ၊ ဟား ဟား ဟား”
ဆူဝဲလောင်လည်း ဇုရွန်ကို ကြည့်ကာ အထင်သေး ဟန် ဖြင့် –
“ငါ့ရဲ့ စန်း ပဲ ၊ ငါ့ကို လူတိုင်းက မုန်းနေမယ်လို့ မထင်ပါ နဲ့ ကွ ။ တစ်ယောက်ယောက် ရဲ့ ချစ်ခြင်းကိုတော့ ခံရဦးမှာ ပါဟ”
ချန်ရှန် တို့အားလုံးလည်း ဗိုက်နှပ်ရသည်ထိ ရယ်မော ကြပါတော့တယ် ။
“ဟက် ၊ ကျွန်တော်တို့ မိန်းမတွေ အကြောင်း မပြော တော့ဘူး ၊ ကျွန်တော်တို့ရဲ့ လုပ်ငန်းအကြောင်းပဲ ပြောကြ တာပေါ့”
ရှောင်ဒို က ပြောလိုက်တာပါ ၊ သူ့စိတ်ထဲ မြွေမျက်လုံး အား ယောက်ဖခေါ်ရမည့် အဖြစ်ကို တွေးမိရင်း စိတ်မသက် မသာ ဖြစ်လာပါတယ် ။ သူဟာ ရိုရူနဲ့ လက်ထပ်တာ ကြာ ပြီ ဆိုပေမယ့် ဇုရွန်ကို သူ၏ ယောက်ဖ အဖြစ် အကိုလို့ မခေါ်ဖူးပါဘူး ။ ဒီလို မခေါ်ပေမယ့်လည်း အရိပ်မည်းကြီး တစ် ခု လို သူ့စိတ်ထဲ ခံစားနေရပါတော့တယ် ။
“မျိုးမစစ်လေး ယန် ၊ အရင်ကတော့ မင်းရဲ့ လျို့ ဝှက် ချက် ချန်ရှန် ကို မပြောပြဘူးလို့ ငါ ကတိပေးခဲ့တယ် ၊ ဒါပေ မယ့် အခုတော့ ချန်ရှန် က သူ့ဟာသူ သိသွားတာနော် ၊ ငါ လည်း မတတ်နိုင်ဘူးဟေ့”
ဇုရွန် ပြုံးကာဖြင့် ပြောလိုက်ပါတယ် ။ ယန်ရှောင်ဒို တစ် ယောက် သူ၏ လျို့ ဝှက်ချက်အား ထိန်းထားပေးရန် ဇုရွန်နှင့် ဆူဝဲလောင်တို့ကို အတော်များများ ဖို့ခဲ့ရမယ်လို့ ချန်ရှန် သဘောပေါက်လိုက်ပါတယ် ။
“ဘာများ ဖြစ်လို့လဲကွာ ၊ မင်းမိန်းမ က ထင်သလောက် မရိုင်းပါဘူးကွ ၊ နောက် ဇုရွန် ရဲ့ ညီမလေးပါဟ”
ချန်ရှန် ရယ်မောကာ ပြောဆိုလိုက်တယ် ။
“အတိအကျ ပဲ ၊ အဲဒိ ဇုရွန် ရဲ့ ညီမ ဖြစ်နေလို့ ကို ကျွန် တော် ခံစားနေရတာ”
ရှောင်ဒိုလည်း တံခါးသွားပိတ်လိုက်တယ် ။ ထို့နောက် မှာတော့ သူတို့ ၄ ဦးလည်း သူတို့ ကိုယ်ပိုင်အင်အားစု ဖွဲ့ မည့် အစီအစဉ်အား ဆွေးနွေးကြပါလေတော့တယ် ။
ထိုအချိန်မှာပဲ ဇုရွန် က အလန့်တကြားဖြင့် –
“ငါ လုမျိုးနွယ် ဆီ သွားချောင်းတုန်းက အံ့သြစရာ ကောင်းတာတွေ တွေ့ ခဲ့တယ် ။ ငါထင်တာတော့ ပြင်းထန် သော သိုင်းပညာဂိုဏ်း လည်း သိမယ် ထင်တယ် ။ ဒါပေ မယ့် သူတို့အတွက်တော့ ဘာမှ မဖြစ်ပါဘူး”
“လုမျိုးနွယ်ရဲ့ အင်အားအကြီးဆုံးဟာ လုရှန် မဟုတ် ဘူး ၊ မိစ္ဆာလမ်းဂိုဏ်းကို ၀င်ထားတယ့် လူတစ်ယောက်ပဲ ၊ ဘာလို့လဲဆိုတော့ ဒါဟာ သူတို့ လုမျိုးနွယ် အတွက် သိက္ခာ ကျစေမယ်လေ ၊ ဒါကြောင့် သူတို့ထဲမှာ အင်အား အကြီးဆုံးဟာ လုရှန် ဆိုပြီး ကြေညာခဲ့တာပဲ ။ ဒါပေမယ့် အခုတော့ လည်း လုရှန်က ချန်ရှန် သတ်လို့သေပြီလေ”
ချန်ရှန် မျက်မှောင်ကြုတ်ကာဖြင့် –
“နောက်ဆုံးအကြိမ် ကျွန်တော် လုဇန်းနန် နဲ့ တိုက်ခဲ့ တုန်းက လုဇန်းနန် ဟာ အလွန် မိစ္ဆာဆန်တယ့် သိုင်းကွက် ကို သုံးခဲ့တယ် ။ ဒါဟာ အဲဒိ လုမျိုးနွယ်က လူ သင်ပေးထား တာများလား”
“ဖြစ်နိုင်ပါတယ် ။ လုမျိုးနွယ်နဲ့ အဲဒိ မိစ္ဆာဂိုဏ်းက လူ ဟာ အပေးအယူတွေ ရှိတယ့်ပုံပဲ ။ ဒါပေမယ့် ဒါကလည်း ငါ တို့ဂိုဏ်းကိုတော့ မခြိမ်းခြောက်နိုင်ပါဘူးကွာ ။ နောက် ငါ တို့ ပြင်းထန်သော သိုင်းပညာဂိုဏ်း အနေနဲ့လည်း လုမျိုး နွယ် ဟာ မိစ္ဆာလမ်းဂိုဏ်းနဲ့ အဆက်အသွယ် ရှိနေတယ် ဆို တာမျိုး သက်သေမပြနိုင်ဘူး မဟုတ်လား”
ဆူဝဲလောင် က ပြောပါတယ် ။
မိစ္ဆာလမ်းဂိုဏ်းနှင့် ပူးပေါင်းတယ်ဆိုတာ လက် ယာ ဂိုဏ်းများ အဖို့ သည်းမခံနိုင်စရာပါ ။
“ကျွန်တော် ဆေးဘုရင်တောင်ကို သွားစုံစမ်းရမယ် ၊ လု မျိုးနွယ် နဲ့ ဇာတ်လမ်းက မပြီးသေးဘူး”
ချန်ရှန် သူ၏ လက်သီးကို ဆုပ်ကာ အေးစက်စက် ဆို ပါတယ် ။
“ငါ အခု ယာယီတော့ အဆင့် ၁၀ မော်တယ် ပညာရှင် ၅ ယောက် ကို ရှာတွေ့ ထားတယ် ။ ဒီ ၅ ယောက်က ရိုး သား ကြပုံပါပဲ ။ ဒါပေမယ့် သူတို့ဟာ ဆင်းရဲကြတယ် ။ မကြာခဏ လူချမ်းသာ ကလေးတွေရဲ့ အထင်သေးခြင်း ကို ခံကြရတယ် ။ သို့ပေမယ့်လည်း သူတို့ရဲ့ အပြုအမူတွေ အကျင့်တွေကတော့ ပြောစရာမလိုဘူးကွ ၊ အားလည်း အ တော်အသင့် ကောင်းမွန်ကြတယ် ။ ပြောရမယ် ဆို အဆင့် ၁၀ မော်တယ် ပညာရှင်တွေထဲ အတော်ဆုံးလူတွေလို့ ကို ပြောလို့ရတယ်ကွ ။ အခု ဖွဲ့ စည်းပုံ အသစ်အရ သူတို့ဟာ ခြံဝန်း အမှတ် ၂၀၀ မှာ နေကြရတယ်”
ဆူဝဲလောင်က ပြောပြပါတယ် ။
“ကျွန်တော်တို့ကလည်း အဲလိုလူတွေပဲ ရှာနေတာ၊ ဒါပေမယ့် သူတို့ဒီကို အရင်လာနိုင်အောင် ကြိုးစားမှ ရလိမ့် မယ် ။ ကျွန်တော်တို့ အနေနဲ့လည်း သူတို့ကို ခဏလောက် လေ့လာ ကြည့်ကြတာပေါ့ ။ သူတို့သာ အမှန်အကန်တွေ ဆို ကျွန်တော်တို့ဟာ သူတို့ကို သေချာ ပျိုးထောင်ပေးမှာ ပဲ ဗျ”
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာ ပြောလိုက်ပါတော့ တယ် . . . ။