Chapter – 200 ပြင်းထန်သောသိုင်းပညာဂိုဏ်းသစ်
“ကျွန်တော် ခင်ဗျားကို ပြောမယ် ။ ယောကျာ်းလေး တစ်ယောက်ထဲ ရှိတယ့် နေရာကို အမြဲ လာနေတာ မသင့် တော်ဘူးနော်”
ချန်ရှန် ဆေးဆရာမကြီး လာနေတာကို ကြည့်ရင်း ပြောလိုက်ပါတယ် ။
“ဟက် ၊ ဒီ ဆေးဘုရင် ခြံဝန်းဆိုတာ ငါ့အပိုင်ကွ ၊ ငါသွားချင်တယ့် နေရာ ငါသွားမှာပဲ”
ဆေးဆရာမကြီးက လေသံအေးစက်စက် ဖြင့် ပြောပါ တယ် ။ ထို့နောက် သူမ ၏ ခေါင်းများကို မေ့ာကာဖြင့် အပင် ပေါ် မော့ကြည့်လိုက်ပါတယ် ။
ချန်ရှန် ပြုံးကာဖြင့် –
“ကြည့်မနေနဲ့ ၊ ခင်ဗျား ဟာတွေ မဟုတ်ဘူး ။ အပင် ပိုင် ရှင် ဖြစ်တယ့် ကျွန်တော်တောင် မစိုးရိမ်တာ ၊ ခင်ဗျား က ဘယ်နှယ့်ကြောင့် သိပ်ကဲနေတာတုန်း”
“ငါ ပန်းပွင့်လေးတွေကို တောင် ကြည့်လို့ မရဘူးလား”
ဆေးဆရာမကြီးက ပြန်ပြောပါတယ် ။
“ခင်ဗျားက ဒီ ပန်းတွေကို ကြိုက်လို့လား ၊ ခင်ဗျားရဲ့ ဦးရီးတော်လေး ဖြစ်တယ့် ကျွန်တော်က ခင်ဗျားအတွက် တစ်ပွင့် ခူးပေးမှာပေါ့”
ချန်ရှန် ပြောလိုက်တယ် ။ ခုန်မလို့ ပြင်နေတုန်းမှာပဲ ဆေး ဆရာကြီးက အလျင်အမြန် ဟန့်တားလိုက်ပါတယ် ။
“မလုပ်နဲ့ ၊ ဒီ ပန်းတစ်ပွင့်က အသီးတစ်လုံးနဲ့ ညီတယ် ကွ”
ဆေးဆရာမကြီးဟာ သူမ တကယ်ပဲ တည်ဆောက် ရေးဆေး လိုအပ်နေပုံပါ ။ ချန်ရှန် လည်း မေးလိုက်တယ် ။
“ခင်ဗျားက ဘာလို့ တည်ဆောက်ရေး ဆေးတွေ လိုနေ ရတာလဲ”
“ငါ့အကြောင်းနဲ့ ငါ့ပါ”
ဆေးဆရာမကြီး လေသံတီးတိုးဖြင့် ပြောလိုက်တယ် ၊ တခဏမျှ နေပြီးနောက် သူမလည်း ထွက်ခွာသွားပါတော့ တယ် ။
ချန်ရှန် လှပစွာ ပွင့်ဖူးနေသော မိုးပြာရောင် ပန်းများကို စိုက်ကြည့်နေရင်း ခုန်ကာ တစ်ပွင့် ခူးလိုက်ပါတယ် ။ ထို့ နောက် ဆေးဆရာမကြီး အခန်းသို့ သွားပါတော့တယ် ။
ဆေးဆရာမကြီး ဟာ အခန်းတံခါးကို ဖွင့်တာနဲ့ သတိ ပြုမိသွားပြီး ထအော်ပါတော့တယ် ။
“အရူးးးးး ၊ ဘာလို့ ခူးရတာလဲကွ”
ချန်ရှန် က စပ်ဖြဲဖြဲဖြင့် –
“ခင်ဗျား မကြာခဏလာလာပြီး ဒီပန်းတွေကို လာ ကြည့်တယ်လေ ၊ ခင်ဗျား မလိုချင်ဘူးလား ၊ ကျွန်တော က လက်ဆောင်ပေးတာပါ”
သူ၏ လက်ထဲမှ ပန်းများဟာ အလွန်ပဲ လှပလှပါတယ် ၊ အပင်မှ ခူးလိုက်ပြီး ဖြစ်သော်လည်း ၎င်းပန်းဟာ မိုးပြာ ရောင် အငွေ့ များ ရစ်သန်းလျက် အနံ့မှာလည်း မွှေးပျံ့ နေ ပါတော့တယ် ။
“မင်း ကတော့ ၊ ဟွန်းး ၊ တကယ့်ကို အရူးပဲ”
ဆေးဆရာမကြီး ဒေါသထွက်နေပုံပါပဲ ၊ သို့သော်လဲ ဘယ်လိုကြောင့်ရယ်မသိ သူမရင်ထဲ နွေးထွေးသော ခံစား မှုမျိုး ခံစားနေရပါတယ် ။
“ခင်ဗျား မလိုချင်ဘူး ဆိုလဲ ရတယ်လေ ၊ ကွမ်ချင်ကို ပဲ ပေးတော့မယ်”
ချန်ရှန် နှုတ်ခမ်းကို မဲ့ကာ ထွက်ခွာတော့မယ့်ဟန် ပြင် လိုက်ပါတယ် ။ ဆေးဆရာမကြီးက သူ့ကို လှမ်းဆွဲလိုက် ပြီး –
“မင်းကို ငါမလိုချင်ဘူးလို့ ဘယ်သူက ပြောလို့လဲ”
ဆေးဆရာမကြီး ပန်းကို ယူလိုက်ပြီး မွှေးလိုက်ပါတယ် ၊ သူမ၏ ရင်ထဲမှာလည်း အလွန်ကို ပျော်ရွှင်လျက်ရှိနေ တယ် ။ တော်တော်ကို ပဲ ကျေနပ်နေပြီး ဒါဟာ သူ့ဘ၀ မှာ ပထမဆုံးအကြိမ် ဒီလို တန်ဖိုးရှိလှသည့် ပန်းမျိုးကို လက် ဆောင်ပေးခြင်း ခံရတာပါ ။
“ဒါဆို ခင်ဗျား မျက်နှာဖုံးကို ချွတ်ပြ”
ချန်ရှန် မနေနိင်တော့ပဲ ထပ်ပြောလိုက်တယ် ။
“ဟွန်းး”
ဆေးဆရာမကြီးလည်း ခပ်လှောင်လှောင် လုပ်ကာ တံခါး ပိတ်သွားပါတော့တယ် ။
ဒါကို ကြည့်ရင်း စုမေးယို ဟာ မနာလို ဖြစ်နေပုံပါ ။
“ကောင်းပကွာ ၊ ဒီက အမတော်ကတော့ မင်းပါးကို တောင် နမ်းခဲ့သေးတာ ၊ အဲဒါတောင် ဘာလက်ဆောင်မှ မရခဲ့ဖူးဘူး”
ဘိုင်ယုယု ကလည်း ခနဲ့တဲ့တဲ့ဖြင့် –
“ဟက် ၊ ဒီ မိန်းမက သူ့မျက်နာဖုံးတောင် မချွတ်ပဲ မင်း ဆီက ဒီလို လက်ဆောင်မျိုးကို ရတယ်”
လောင်ဆုရီမှလည်း အသံသေးသေးလေးဖြင့် –
“ဟုတ်ပ ၊ လုံးဝ မျက်နာလိုက်လွန်းတာ ။ ကျွန်မမှာ လည်း ခင်ဗျားကို ကူညီလိုက်ရတာ အမော ၊ ဘာပန်းမှကို မပေးဖူးဘူး”
မိန်းမတွေရဲ့ မနာလိုမှုဟာ ကြောက်မခမ်း လိလိ ပါပဲ ၊ ချန်ရှန် အခုတော့ အတော်ကို နားလည် မိသွားပါပြီ ။ ဘိုင် ယုယု လို အေးစက်စက် မိန်းကလေးပင် ဒီလို မဟုတ်ပါ လား ။
“ဟဲဟဲ ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် အမတော် တို့ကို အ ၀တ်အစားတွေ ကျောက်မြတ်ရတနာတွေ အများကြီး ပေး ခဲ့ပါတယ် ဗျ ။ အမတော်တို့က ပန်းလိုချင်တယ် ဆိုလည်း ကျွန်တော် က ချက်ချင်းခူးပြီး ပေးဦးမှာ”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ် ။
စုမေးယို တို့ ဟာ ချန်ရှန် ဆီမှ ဒီလို စကားကြားရပေ မယ့် မခူးပေးဖို့ တားခဲ့ပါတယ် ။ ပန်းတစ်ပွင့်ဟာ အသီးတစ် လုံးနှင့် ညီမျှသည် မဟုတ်ပါလား ။ သို့သော်လည်း ချန်ရှန် ဟာ ပန်းသုံးပွင့် ခူးလိုက်ပြီး ၎င်းတို့အား ပေးလိုက်ပါတယ် ။ မိန်းမတွေဟာ မလိုချင်ဘူးပြောတယ်ဆိုရင် အဲဒိအရာကို သူတို့ အရမ်းလိုချင်နေတယ် ဆိုတာကို ချန်ရှန် သိနေပြီ မ ဟုတ်ပါလား ။
သူ အ၀တ်အစားတွေ ၀ယ်ပေးသည့်အခါတိုင်းလည်း ၎င်းတို့မှာ လုံလောက်ပြီ ၊ သူတို့မှာ အများကြီး ရှိတယ်လို့ ပြော ကြ ပါတယ် ။ ဒါပေမယ့်လည်း သူတို့လက်ထဲ အဲဒိ အ၀တ်တွေ ရောက်တယ့် အခါမှာတော့ ပျော်ရွှင်သွားကြပုံ မှာ သိသိသာသာပါပဲ ။
. . .
ချန်ရှန် လေးထောင့်ကွင်းပြင်ထဲသို့ စည်းမျဉ်းသစ် များ ကြည့် ရှုရန် ထွက်လာခဲ့တယ် ။
သိုင်းပညာခြံဝန်း ၃ ထောင်ဟာ ယခုအခါ ကြီးမားသည့် သိုင်းပညာ ခြံဝန်း ၅၀ အဖြစ် ပြောင်းလဲသွား ပြီ ဖြစ်ပါတယ် ။
ယခုအခါ အတွင်းစည်း ခြံဝန်းဟာ စုစုပေါင်း ၁၅ ခု သာ ရှိပြီး အားလုံးသော ခြံဝန်းများ၏ အားအင်ဟာ အတူတူပဲ လို့ ပြောလို့ရပါတယ် ။ သို့သော် ထို ခြံဝန်း ၁၅ ခုအတွင်း ရှိ နောက်လိုက်တစ်ဦးချင်းရဲ့ စွမ်းရည်ကတော့ ကွာခြားနေ မှာပါ ။
ပြင်းထန်သော သိ်ုင်းပညာဂိုဏ်း အတွင်း ပြိုင်ပွဲများ မြှင့် တင်ရန် အမျိုးမျိုးသော အသစ်များကို မိတ်ဆက်ထားပါ တယ် ။ ယခုအခါ သိုင်းပညာခြံဝန်းများကို အဆင့်မခွဲရ သေးပေမယ့် မစ်ရှင်များ ပြုလုပ်ပြီးပါက ခွဲခြားတော့မှာ ဖြစ် ပါတယ် ။ ၎င်းအဆင့်များမှာ ရွှေသိုင်းပညာ ခြံဝန်း ၊ ငွေ သိုင်းပညာ ခြံဝန်း နဲ့ ကြေးသိုင်းပညာခြံဝန်း ဆိုပြီး နံပတ် ပြား အရောင်များ ခွဲခြားထားပါတယ် ။ ရွှေသိုင်းပညာခြံဝန်း ကတော့ အကောင်းဆုံးပါ ။ ၎င်းခြံဝန်းမှ နောက်လိုက်များ ဟာ အလွန်တော်လွန်းတယ် ဆိုတာ ၎င်းတို့ ပြုလုပ်ခဲ့သော မစ်ရှင်များက သက်သေပါပဲ ။ တခြား ပြိုင်ပွဲများမှ ဆုများ စွာ လည်း ပိုင်ဆိုင်နိုင်မှာပါ ။ ငွေ သိုင်းပညာခြံဝန်း နှင့် ကြေး သိုင်းပညာ ခြံဝန်းတို့ကတော့ အနည်းငယ် နိမ့်ကျပါ တယ် ။
“အမယ်လေး ဟ ၊ ရွှေရောင်နံပတ်ပြား ရဖို့ ၊ နောက် လိုက် ဂိုဏ်းသားတွေဟာ အဆင့် ၁၀ မစ်ရှင်ပေါင်း ၁၀၀၀ အောင်မြင် ရမယ် ဆိုပါလား ၊ နောက်ပြီး ရွှေသိုင်းပညာ ခြံ ၀န်း ရောက်ဖို့အတွက်ဆို အဆင့် ၁၀ မစ်ရှင် အခု ၁၀၀ လုပ် ရမယ် တယ့် ၊ ဘယ်လိုတောင်လဲကွာ”
ရှောင်ဒို ကြော်ငြာသင်ပုန်းကို ဖတ်ရင်း ညည်းညူနေပါ တယ် ။
မစ်ရှင်များအား အဆင့် ၁ မှ ၁၀ ထိ ခွဲထားပြီး အဆင့် ၁၀ ကတော့ အခက်ခဲဆုံးပါ ။
“ငါတို့ဟာ ရွှေနောက်လိုက်တွေ မဖြစ်ခင်မှာ အဆင့် ၁ မစ်ရှင် အခု တစ်သောင်း လုပ်ရမယ် တဲ့ ။ ဒီလောက် အများ ကြီး ဘယ်လိုလုပ်နိုင်မှာလဲဟ”
ကိန်းဂဏန်းများကို ကြည့်ရင်း ဇုရွန် စိတ်ရှုပ်နေဟန် ပါ ၊ သူဒီလို မစ်ရှင်များစွာကို မလုပ်ချင်ပါဘူး ။ သူ့စိတ်ထဲ ဆု မရသည့် အလုပ်တွေ ဟု ထင်နေလို့ပါပဲ ။
ချန်ရှန် ပြုံးကာဖြင့် –
“ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ကြည့်ရတာ သလင်းကျောက်တွေ ရှားနေပုံပဲ ။ ချန်ဝူ နယ်မြေ တစ်ခုလုံး မှာ နောက်လိုက်ဂိုဏ်းသားတွေကို ဆွဲဆောင်နိုင်တယ့် အလုပ် ဆိုတာ နည်းနည်းပဲ ရှိတယ်”
“ငါ့ကိုတော့ ဒီလို မစ်ရှင်တွေ အများကြီး လုပ်ဖို့ မမျှော် လင့်လေနဲ့ ၊ ငါ တစ်နှစ်ကို တစ်ခုလောက်ပဲ လုပ်မယ် ။ ဒါပဲ”
ဇုရွန် ဟာ တကယ်ကိုပဲ အပျင်းထူသူပါ ။ သူ့အနေဖြင့် မစ်ရှင် ထောင်ချီ မဆိုထားနှင့် ရာဂဏန်းလောက်ပင် လုပ် ဖို့ စိတ်မပါပါဘူး ။
“နှစ်တိုင်းမှာ ရွှေနောက်လိုက်တွေဟာ ဒြပ်စင်ဆေး ၅၀၀ နဲ့ သလင်းကျောက် တစ်သန်း အကျိုးခံစားခွင့် ရှိ မယ် တဲ့ ။ ရွှေသိုင်းပညာခြံဝန်းရဲ့ နောက်လိုက်ဟာ တခြား လူ တွေထက် ပိုလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးခံစား ခွင့် ပိုရမှာပဲတဲ့”
ရှောင်ဒို နည်းနည်း အံ့သြဟန်ဖြင့် ပြောပါတယ် ။
“အာ့ဆို ရင်တော့ ရအောင် လုပ်မယ်ဟေ့”
ဒါကို မြင်လိုက်ရသည့် ဇုရွန် ၏ မျက်လုံးများဟာ အ ရောင်လက်လာ သလိုပါပဲ ။ ရွှေနောက်လိုက်များ၏ အကျိုး ကျေးဇူးများဟာ မနည်း မနောပင် မဟုတ်ပါလား ။
ဆူဝဲလောင် က တစ်နေရာကို ညွှန်ပြကာဖြင့် –
“အဆင့် ၅ မစ်ရှင် ကို ၂ ယောက် အများဆုံး စပြီးလုပ် နိုင်တယ် တဲ့ ။ အဆင့် ၆ ကနေ အဆင့် ကိုတော့ အများ ဆုံး လုပ်နိုင်တာ အယောက် ၅၀ အဆင့် ၁၀ ကတော့ အ ယောက် တစ်ရာ အဖွဲ့ဖွဲ့ ပြီး လုပ်နိုင်ပါတယ် တဲ့ ၊ ငါတို့ အင် အား နဲ့ဆို အခုအဆင့် ၅ မစ်ရှင် လောက်တော့ အများဆုံး လုပ်လို့ရမယ် ။ ၂ ယောက်နဲ့ တင် လုံလောက်ပါတယ်”
အဆင့် ၁၀ မစ်ရှင်ကို အယောက် ၁၀၀ ဖြင့် ပြုလုပ် နိုင် ပြီး အောင်မြင်သွားမယ် ဆိုပါက အားလုံး အောင်မြင်တဲ့ သ ဘော ပါ ။
သူတို့အားလုံး ရုတ်တရက် ချန်ရှန်ကို ကြည့်လိုက်ကြ တယ် ။ ချန်ရှန် သူတို့ နှင့် ရှိနေသမျှ အရာအားလုံးဟာ လွယ် ကူ နေမည် မဟုတ်ပါလား ။
“ငါ့ကို ကြည့်မနေနဲ့ ၊ ငါမင်းတို့နဲ့ အတူတူ လုပ်ရင် မင်းတို့က ငါ့ကိုပဲ မှီခိုနေကြလိ့မ်မယ် ။ အဲဒိအခါကျ မင်းတို့ ရဲ့ စွမ်းရည်တွေဟာ တိုးတက်တော့မှာ မဟုတ်ဘူး”
ချန်ရှန် ခပ်တိုးတိုး ပြောလိုက်ပါတယ် ။
“ငါက ကွမ်ချင်နဲ့ အတူတူ သွားမှာလေ ၊ မင်းတို့နဲ့ သွား ဖို့ မျှော်လင့် မနေနဲ့”
“ငိုးမတား ၊ မျိုးမစစ်လေး”
ဆူဝဲလောင် တို့ သုံးဦးသားဟာ တညီတညွတ်ထဲ ဆဲ ဆို ကြပါတော့တယ် ။
ပေးမည့် ဆု အနေဖြင့် ဆေးများသာ ဖြစ်သောကြောင့် ချန်ရှန် အနေဖြင့် စိတ်မပါလှပါ ။ သူ့အနေဖြင့် ဆေးများ ဟာ အချိန်မရွေးများ စွာ ပြုလုပ်လို့ ရနေတာဖြစ်ပြီး မစ်ရှင် ကို လုပ်မှ ရမည့် အရာမျိုးမဟုတ်ပါချေ ။ ဒီလို အချက် ကြောင့် သူ နောက်ထပ် ဘယ်နနှစ် ဘယ်နလ နေမှ ရွှေ နောက်လိုက် ဖြစ်လာမလဲ ဆိုတာကို ပြောဖို့ ခက်ခဲလှပါ တယ် ။
“ဒီမှာကြည့်စမ်း ၊ အဆင့် သတ်မှတ်ချက်တွေကွ ၊ ဆယ်ခု ဆက်တိုက် အောင်မြင်ရင် ကြေးစစ်သည် ဘွဲ့ ရမယ် ။ အခု ၃၀ နိုင်ရင် ငွေစစ်သည် နဲ့ အခု၅၀ ဆို ရွှေ စစ် သည် ဘွဲ့ ရမှာကွ ။ ရွှေစစ်သည်တွေဟာ နတ်ကျင့်စဉ်တွေ ကို သင်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပြီး ဂိုဏ်းချုပ်ကိုယ်တိုင် သင်ပေးမှာတဲ့”
ရှောင်ဒို အော်ပြောပါတယ် ။
“အကြိမ် ၅၀ ဆက်တိုက် နိုင်ဖို့ဆိုတာ အတော် မလွယ် ဘူး ၊ နောက် ပွဲစီစဉ်မယ် ဆိုတာကလည်း ထီထိုးရသလိုပဲ ၊ မင်း ချန်ရှန် သို့မဟုတ် တခြား ပညာရှင် တစ်ယောက်နဲ့ ချ ဖို့ ကြုံလာမယ်ဆို ဘယ်လိုလုပ်မလဲ”
ဇုရွန် ခေါင်းခါယမ်းလျက် ပြောပါတယ် ။ ရွှေစစ်သည် ၏ အကျိုးခံစားခွင့်များဟာ ကောင်းမွန်ပေမယ့်လည်း ရရှိ ဖို့ တော့ မလွယ်ကူပါချေ ။
ဆူဝဲလောင်ကလည်း အော်ပြောပြန်ပါတယ် ။
“ဒီကို ကြည့်ဦး ၊ ဘုရင့်သိုင်းပညာခြံဝန်း တဲ့ ၊ ဒါကကျ ထူးချွန်တဲ့ နောက်လိုက်တွေ အတွက်ပဲ ။ ကြေးစစ်သည် ဘွဲ့ ရတယ့် နောက်လိုက် မည်သူမဆို ငွေ သို့မဟုတ် သူ့ အထက်ကို ရရှိသွားတာနဲ့ ၀င်နိုင်မယ်တဲ့ ၊ ဒီခြံဝန်းရဲ့ ထိပ် သီး ခေါင်းဆောင် ကတော့ ဂိုဏ်းချုပ်ပဲတဲ့ဟ”
“စိတ်ဝင်စားစရာပဲ”
ချန်ရှန် ခေါင်းကုတ်ရင်း ပြောပါတယ် ။ သူ စိတ်ထဲမှ ဂိုဏ်း၏ စည်းမျဉ်းအသစ်များအား ချီးမွမ်းမိလိုက်တယ် ။
“မြွေမျက်လုံး ၊ အဖွဲ့ ဖွဲ့ ကြစို့”
ဇုရွန် ဆူဝဲလောင်၏ ပခုံးကို ကိုင်ကာ ပြောလိုက်တယ်။
“မင်း အကိုကြီး ဇု ရဲ့ ကံကို သိတယ်မလား”
ရှောင်ဒို ကတော့ ခေါင်းကုတ်ကာဖြင့် –
“ကျွန်တော်ကတော့ ဒုက္ခပဲ ၊ ကျွန်တော့ မိန်းမနဲ့ အဖွဲ့ ဖွဲ့ ရတော့မယ် နဲ့ တူတယ်”
ချန်ရှန် ရယ်မောကာ –
“ဟုတ်ပ ၊ မင်းလက်ထပ်ထားတာ ကြာပြီနော် ၊ ငါတို့ အားလုံးလဲ မင်းမိန်းမကို မမြင်ဘူးပါလား”
“မမြင်တာ ပဲ အကောင်းဆုံးပါဗျာ”
ရှောင်ဒို သက်ပြင်းချရင်း ဖြေပါတယ် ။
သိုင်းပညာခြံဝန်းများဟာ ပြန်လည် ပြုပြင်ပြီးပါပြီ ။ ချန်ရှန် ၊ ရှောင် ဒို နဲ့ သူတို့အဖွဲ့ ဟာ ခြံဝန်းအသစ်ထဲသို့ ၀င် သွားကြတယ် ။ သူတို့အတွက် စီစဉ်ပေးထားသော နေရာ မှာ အလွန်ပင် ကျဉ်းမြောင်းလှပြီး အတိအကျအားဖြင့် အိမ် အသေးလေးထဲတွင် လူအများကြီး စုနေသလိုပါပဲ ။ နေရာ အများစုကိုတော့ ပြိုင်ပွဲများ ကျင်းပရန် နှင့် လေ့ကျင့်ရန် ပြု လုပ်ထားပါတယ် ။
ချန်ရှန်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေတာ က တော့ လှပသည့် ကောင်မလေး ၂ ဦးကို တွေ့ လိုက်ရလို့ပါ ၊ တစ်ဦးမှာ ဇုရွန်၏ ညီမ ဇုရိုရူ ဖြစ်ပြီး နောက်တစ်ဦးမှာ ရှောင်ဒို ၏ အမ ယန်စုရီ တို့ပဲ ဖြစ်ကြပါတော့တယ် . . . ။