Chapter – 199 မက်လုံး
တည်ဆောက်ရေးဆေး ၄ လုံး ၊ သလင်းကျောက် အား ဖြင့် ၂ သန်း ကနေ ၃ သန်းလောက်ထိ ပမာဏအား စစ်မှန် သော သိုင်းပညာရှင် တစ်ဦးအတွက် ဆုငွေ ထုတ်လိုက် ခြင်းပါ ။ ဒါဟာ အလွန်ရက်ရောသည့် သဘောရှိပြီး အဓိက ဂိုဏ်းကြီးများပင် ဒီလို ဆုငွေ မထုတ်နိုင်ပါ ။
လိချန် ဟာ ဒါကို ကြားတယ့်အခါ လှုပ်လှုပ်ရှားရှား ဖြစ် သွားတယ် ။ ချက်ချင်းပင် သတိဝင်သွားပြီး စိတ်ထဲမှလည်း ချန်ရှန် ကို ကျိန်ဆဲနေလိုက်တယ် ။ တခြားလူများဟာ လည်း လိချန် ကို စိုက်ကြည့်နေပြီး သူတို့ လုပ်သင့် မလုပ် သင့် စဉ်းစားနေကြပုံပါပဲ ။
ချန်ရှန် ၏ ခေါင်းအား သလင်းကျောက် ၁၀ သန်းပမာ ဏ လောက် တန်ပေမယ့် မည်သူမျှ ချန်ရှန် ကို မဆန့်ကျင် ရဲပါ ။ အဘယ်ကြောင့်ဆိုသော် သူဟာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း၏ ၀င်ပေါက်မှာ ရှိနေတာကြောင့်ဖြစ်ပြီး တကယ်လို့ ချန်ရှန် လည်း အပြင်မှာသာ ဆိုပါက သူတို့ ဝိုင်း ပြီး တိုက်ခိုက်နိုင်ပါတယ် ။
“လိချန် က ငါ့အတွက်ပဲ”
လူကြီးတစ်ဦးက အေးစက်စက် အော်ကာ သူ၏ ဓား ရှည်ကြီးအား ဆွဲထုတ်လိုက်ပါတယ် ။ အေးစက်သော ချီ ဓာတ်များဟာ သူ၏ ဓားရှည်ကြီးမှ ထွက်လာတာကြောင့် လူ တွေဟာလည်း အနည်းငယ် ရှဲသွားကြတယ် ။
“၀မ်လု ၊ မင်း ဘယ်လို ဖြစ်ရတာလဲ”
လိချန် ဟာ ကြည့်နေရင်းက ကျယ်လောင်စွာ အော် ပြော လိုက်ပါတယ် ။ တချိန်တည်းမှာပဲ သူလည်း တဖြည်း ဖြည်းဖြင့် နောက်သို့ ဆုတ်ခွာနေလျက်ပါ ။
ချန်ရှန် စိတ်ထဲမှာတော့ ကြိတ်ရယ်မောနေမိတယ် ။ ဒီလူတွေဟာ တစ်နေရာထဲက လာတယ်ဆိုတာကို သူသိ နေတယ် ။ မျိုးနွယ်စု ကြီးများမှ ဖြစ်ကာ သူတို့ဟာလည်း ၎င်း မျိုးနွယ်များ၏ အစိတ်အပိုင်းများ ဖြစ်ကြတယ် ။ သူတို့ အချင်းချင်းကြားမှာ အမြဲ ပဋိပက္ခတွေ ဖြစ်နေလေ့ ရှိကြပြီး တစ်ယောက်ကို တစ်ယောက် အဆုံးသတ်ရန် အမြဲ အလစ် ချောင်းနေလေ့ ရှိကြပါတယ် ။
ဆေးဆရာမကြီး ၊ ဆရာကြီး ဝု နှင့် တခြားလူများဟာ ချန်ရှန် နည်းလမ်းကို ကြိတ်ပြီး ချီးမွမ်းနေကြတယ် ။ သို့ပေ မယ့်လည်း ချန်ရှန် တည်ဆောက်ရေးဆေး ၆ လုံး ရင်းရ မည့် အဖြစ်ကိုတော့ သိပ်တော့ ဘ၀င်မကျကြချေ ။
“ဟုတ်တယ် ၊ ငါတို့ ၀မ်မျိုးနွယ် နဲ့ မင်းတို့ လိမျိုးနွယ် ဟာ အရင်တည်းက မုန်းတီးနေခဲ့ကြတာ ၊ အဲဒိတော့ မင်း ကို ငါ သတ်တော့ ဘာဖြစ်လဲ”
၀မ်လု ကောက်ကျစ်ဟန် ရယ်မောပြီး ပုံမှန်မဟုတ် သော ခြေလှမ်းမျိုးဖြင့် လိချန်ဘေးသို့ ရောက်ရှိသွားတယ် ။ သူ၏ အေးစက်သောချီဓာတ်များ ဖုံးလွှမ်းနေသည့် ဓားရှည် ကြီးအား ဝှေ့ ယမ်းကာ ခုတ်ချလိုက်ပါတယ် ။
ထိုအချိန်မှာပဲ အေးစက်သော လေပြင်းများ အရပ် လေးမျက်နှာမှ တိုက်ခိုက်လာကြတယ် ။ ချန်ရှန် ၀မ်လုဟာ အဆင့် ၃ စစ်မှန်သော ပညာရှင်ဆိုတာကို သတိပြုလိုက်မိ တယ် ။ လိချန် ကတော့ အဆင့် ၂ ပညာရှင်ပါ ။ ဒီလို အဆင့် ကွာခြားမှုဟာ အတော်ကြီးမားလှပြီး လိချန် ၏ ပုံစံ ကြောက်ရွံ့ ဟန် ရှိနေတာ အံ့သြစရာ မရှိပါချေ ။
စက္ကန့် အနည်းငယ် အတွင်းမှာပင် လိချန် ဟာ ဓားချက် ၃ ချက် ခုတ်ခံလိုက်ရပေမယ့် သူ၏ ဒဏ်ရာများဟာ သွေး မထွက်ပါချေ ။ ရေခဲအဖြစ် ခဲနေခြင်းဖြစ်ပြီး သူတို့ တိုက်နေ သည့် နေရာမှာ ပြင်းထန်သော သိုင်းပညာဂိုဏ်း ၀င်ပေါက် ရှိ မြေကွက်လပ်မှာ ဖြစ်တာကြောင့် လွတ်လပ်စွာ တိုက် ခိုက်နိုင်ပါတယ် ။
သာမန် အခြေအနေတွေမှာ အဆင့် ၂ ပညာရှင်နှင့် အဆင့် ၃ ပညာရှင်တို့၏ ကွာခြားချက်ဟာ အလွန်ပဲ ကြီး မားပါတယ် ။ အဆင့် ၂ ပညာရှင် ဟာ အဆင့် ၃ ပညာရှင် နှင့် ရင်ဆိုင်တိုက်ခိုက်ရပြီ ဆိုပါက ဘာမှ ပြန်တိုက်နိုင်မှာ မဟုတ်ပါဘူး ။ ယခုလည်း လိချန်တစ်ယောက် ရှောင်တိမ်း ရုံကလွဲပြီး ဘာမျှ မတတ်နိုင်ပါချေ ။
တကယ်လို့ ချန်ရှန် လို သာမန်မဟုတ်သည့် လူတစ်ဦး ဟာ သာမန် အဆင့် ၃ ပညာရှင်နှင့် ရင်ဆိုင်မည် ဆိုပါက မြင်ကွင်းမှာ တမျိုးပြောင်းသွားနိုင်ပါတယ် ။ ချန်ရှန် သာ မိုးပြာနဂါး ဓားကြီး နှင့် အမည်းရောင်လိပ် ချပ်ဝတ်တို့အား သုံးမည် ဆိုပါက သာမန်အဆင့် ၃ ပညာရှင် အားလုံး နီးပါး ဟာ ဘယ်လိုမှ ခံနိုင်ရည် ရှိမည် မဟုတ်ပါချေ ။
“၀မ်လု ၊ ငါ လိချန် ၊ ငါသေရင်တောင်မှ မင်းလွယ်လွယ် ကူကူ အနိုင်မယူနိုင်စေရဘူး”
လိချန် ဒေါသတကြီး အော်ဟစ်လိုက်တယ် ။ ပြင်းထန် လှသော စွမ်းအားများ ဓားကြီးမှ လာနေတာတောင်မှပဲ သူ ဟာ လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပါတယ် ။ ဓားကြီး ဟာ ကျလာတာနဲ့ တပြိုင်နက် လိချန်ဟာ ၀မ်လု ၏ စွမ်း အင် သိုလှောင်ရာအား သူ့အားကုန် ရှိသလောက်ဖြင့် ပစ် ထိုးချလိုက်တယ် ။ ချီလှိုင်းများ ပြန့်ထွက်သွားပြီး တပြိုင် နက်တည်းမှာပင် လုချန် ၏ ရင်ဘတ်ဟာလည်း ဓားခုတ် ရာကြီး ဖြင့် ဖြစ်သွားပါတော့တယ် ။
၀မ်လု လည်း လိချန် မသေခင် ဒီလို အားပြင်းထန်လှ သည့် လက်သီးကို ထိုးသွားလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး ။ နောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်သွားပြီး ပါးစပ်ထောင့်မှ သွေးများ ထွက်ကျလာပါတယ် ။ ဓားကြီးမှာ ရှိသည့် အေး စက်သည့် ချီဓာတ်များဟာ လိချန်ကိုယ် ကို ခုတ်ပိုင်းလိုက် သံ အခါ တစ်ကိုယ်လုံးဟာ ရေခဲလို ခဲသွားပြီး သေဆုံးသွား ခဲ့ရပါပြီ ။
၀မ်လု သူ၏ ဓားအား လိချန် ထံမှ ဆွဲယူလိုက်ပြီး တည် ဆောက်ရေး ဆေး ၂ လုံးကိုပါ ယူလိုက်တယ် ။ ထို့နောက် သူ၏ ဗိုက်အား ဖိကာဖြင့် အေးစက်စွာ ပြုံးလိုက်ပါတယ် ။ သူ ဒဏ်ရာအနည်းငယ် ပြင်းထန်စွာ ရရှိပေမယ့် သူရရှိ သည့် အကျိုးမြတ်မှာ မနည်းလှပါပေ ။ ချန်ရှန် ဆီမှလည်း တည်ဆောက်ရေး ဆေး ၄ လုံး ထပ်ရမှာဖြစ်တာကြောင့် ယခု အခါ ၆ လုံး သူရရှိတော့မှာပါ ။ လုချန် ကို သတ်ရတာ ပင် တန်သည် ဟု တွေးနေမိပါတယ်။
ဒီလို သွေးပျက်ဖွယ် မြင်ကွင်းကို ကြည့်ရင်း လူတိုင်း ဟာ စိတ်ထဲတော့ နှမြောမိနေကြတယ် ။ အဘယ်ကြောင့် ဆိုသော် စစ်မှန်သော သိုင်းပညာရှင် တစ်ဦးသေဆုံးသွား ရ ပြီ မဟုတ်ပါလား ။ အများစုဟာလည်း ၀မ်လု ဆေး ၆ လုံး ရရှိသည့်အပေါ် မနာလိုဖြစ်နေကြတယ် ။ ဒါကိုသာ ဂရုတ စိုက် အသုံးပြုမည် ဆိုပါက ၀မ်လု အဆင့် များစွာ မြင့်တက် လာ နိုင်မှာ မဟုတ်ပါလား ။ အားလုံးဟာ ၀မ်လုထက် အား နည်းနေတာကြောင့် သူတို့ကိုယ်သူတို့ မုန်းမိနေကြတယ် ။
လူအားလုံးဟာ ချန်ရှန် ကို ဆန္ဒပြရန် တညီတညွတ် တည်း လာရောက်ခဲ့ကြသော်လည်း ယခုအခါမှာတော့ အ ချင်းချင်းပင် တည်ဆောက်ရေးဆေး အတွက်ဖြင့် တိုက် ခိုက် နေကြပါပြီ ။ ယခုလို အချင်းချင်း လူမဆန်စွာ သတ် ဖြတ် မှုများဟာ ၎င်းတို့ လောဘကြောင့်ဆိုတာ အားလုံး သက်သေပါပဲ ။
၀မ်လု ချန်ရှန် ရှေ့ သို့ လျှောက်လာပြီး ပြောပါတယ် ။
“ငါ လိချန်ကို သတ်လိုက်ပြီ ။ ငါ့အတွက် ဆု?”
ချန်ရှန် တည်ဆောက်ရေး ဆေး ၄ လုံးကို ထုတ်ယူကာ တခဏမျှ စဉ်းစားပြီးနောက် –
“ခင်ဗျားကို မပေးခင်မှာ ၊ တစ်ခုလောက် မေးချင်တယ် ၊ ခင်ဗျား အမှန်တိုင်း ဖြေရမယ် ၊ ဒီလိုမှ မဟုတ်ရင် ကျွန် တော် ပေးမှာ မဟုတ်ဘူး”
၀မ် လု မျက်မှောင် ကြုတ်သွားတယ် ။ သူ၏ မျက်နှာ ဟာ လည်း အနည်းငယ် ဒေါသထွက်သွားရုံပါပဲ ။ အေးစက် စွာ ဖြင့် –
“မေး”
“ကျွန်တော် စစ်မှန်တယ့် သိုင်းပညာရှင်တွေကို ဒုက္ခိတ ဖြစ်အောင် လုပ်တယ် ဆိုတာ သူတို့က ကျွန်တော့ကို လု ချင်လို့ ဆိုတာ ခင်ဗျား သိခဲ့သလား”
ချန်ရှန် ၀မ်လု ကို စူးစိုက်ကြည့်ပြီး မေးလိုက်ပါတယ် ။
“မသိဘူး”
၀မ်လု တခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်တယ် ။
ချန်ရှန် က ခနဲ့တဲ့တဲ့ ဖြင့် –
“ဒါဆို အခုခင်ဗျားလာတာ ခင်ဗျားတို့ ၀မ်မျိုးနွယ်က ဒုက္ခိတ ဖြစ်သွားတယ့် နောက်လိုက်တွေအတွက် ကျွန် တော့ကို တာဝန်ခံခိုင်းဖို့ လာတာမလား”
“ငါမင်းကို တာဝန် မခံခိုင်းပါဘူး ။ မင်းငါ့ကို တည် ဆောက်ရေးဆေး ပေးမှာလား မပေးဘူးလား ၊ ဒါမှ မဟုတ် မင်းရဲ့ စကားတွေကို လူတွေ အများကြီး ရှေ့ မှာ ပြန်ရုတ် သိမ်းမလို့လား”
၀မ်လု စိတ်ထဲမှာတော့ အတော်ဒေါသထွက်နေပါပြီ ။
“စိတ်မပူပါနဲ့ ၊ ခင်ဗျားကို ပေးမှာပါ ။ ကျွန်တော်က ကျွန်တော့ ရိုးသားမှုကို သက်သေပြချင်ရုံပါ ။ ခင်ဗျားကို မေး မယ် ။ ခုနတုန်းက ခင်ဗျား နဲ့ လိချန်ဟာ အသံ အကျယ် ဆုံးတွေ နဲ့ ကျွန်တော့ကို မိစ္ဆာ တစ်ကောင်လို သမုတ်ပြီး အသရေ ဖျက်ခဲ့ကြတယ်မလား ။ ဘာလို့ ရုတ် တရက် ချက်ချင်းပြောင်းလဲသွားကြတာလဲ ၊ ဒီတော့ ပြော စရာ ရှိတာက ခင်ဗျားတို့ဟာ ခုနက ကျွန်တော့ကို စွပ်စွဲ ကြတာ ဟုတ်တယ်မလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ငါ ၀န် ခံ ပါတယ် ။ ခုနတုန်းက ငါတို့ဟာ မင်းကို စွပ်စွဲ မိခဲ့ကြတယ် ။ ဒါပေမယ့် . . .”
“လုံလောက်ပြီ”
ချန်ရှန် ၏ အသံဟာ လေးနက်သွားပြီး ရုတ်တရက် သူ ၏ ကိုယ်မှ အမဲလိုက်ခြင်း ချီဓာတ်များဟာ ထွက်ပေါ်လာ ကြတယ် ။ လူများအားလံုးဟာ မိုးပြာရောင် အလင်းတစ် ချက် လတ်သွားတာကို မြင်တွေ့ လိုက်ကြရပြီး ၀မ်လု ၏ ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတာကို တွေ့ လိုက်ကြရ ပါတယ် ။
သွေးတွေဟာ မိုးပြာရောင် ဓားမှ တစက်စက် ကျနေပြီး ၀မ်လု၏ ခေါင်းတခြား ကိုယ်တခြား ခန္ဓာကိုယ်ကြီးကတော့ သွေးအိုင်ထဲ နစ်မြုပ်လျက် ရှိပါတယ် ။ချန်ရှန် ဟာ ၀မ်လု ကို သတ်လိုက်တာဖြစ်ပြီး ဒီလိုအပြုအမူဟာ အားလုံး အ တွက် အတော်ထိတ်လန့်သွားစရာပါ ။
ချန်ရှန် အေးစက်စွာ ပြုံးပြီး သူ့ဆီလာတယ့်လူများကို ကြည့်ကာ –
“နောက်ဆုံးတော့ သူကျွန်တော့ကို စွပ်စွဲခဲတယ့် ဆို တာ သူကိုယ်တိုင်ပဲ ၀န်ခံ သွားခဲ့ပြီ ။ ခင်ဗျားတို့ အားလုံး မျက်မြင်ပဲနော်”
လူတိုင်း၏ ရင်ခုန်သံဟာ မြန်လျက် ရှိတယ် ။ စိတ်ထဲ မှာ လည်း ချန်ရှန် ကို အတော်လန့်နေတယ် ။
၀မ်လု၏ ခေါင်းမပါသော အလောင်ကြီးမှ ဆေး ၂ လုံး အား ချန်ရှန် ဟာ ပြန်ယူလိုက်တယ် ။ သူ၏ အပြုအမူများ ကို ကြည့်ပြီး လူတိုင်းဟာ သူ့နည်းလမ်းကို လေးစားမိသွား ကြတယ် ။ ပထမ သူဟာ ဆေးတွေ ဆုံးတော့မလို ဖြစ်သွား ရာမှ ယခုအခါ သူဆုံးရှုံးရမယ့် ဆေးတွေ ပြန်ယူနိုင်ရုံသာ မက သူ့ကို စွပ်စွဲသူများကိုလည်း ၎င်းတို့ ပါးစပ်မှ ၎င်းတို့ ကိုယ်တိုင် ၀န်ခံလာအောင် လုပ်သွားနိုင်ပါတယ် ။ တချိန် တည်း မှာပင် ၀မ်လု ဟာ လိချန် ကို သတ်သွားသူ ဖြစ်ပြီး နောက်ဆုံး ၀မ်လုကို သတ်ခြင်းအတွက်သာ သူ ဖြေရှင်း ရန် လိုမှာပါ ။
“ခုနတုန်းက ကျွန်တော် တည်ဆောက်ရေးဆေး ၄ လုံး ထုတ်တုန်းက ခင်ဗျားတို့ကိုယ်တိုင်ပဲ ခင်ဗျားတို့မျိုးနွယ် က လူ တွေ အမှားပါလို့ ပြောခဲ့တယ် ။ အခုထိ ထွက်မသွားကြ သေးဘူးလား ။ ဒါမှ မဟုတ် ခင်ဗျားတို့က အသုဘ ချပေး ချင်နေကြသေးတာလား ။ ကျွန်တော် နောက်ထပ်သတ် ဖို့ လည်း ၀န်လေးမှာ မဟုတ်ဘူး”
ချန်ရှန် မျက်နာသေဖြင့် အားလုံးကို ကြည့်ကာ ပြော လိုက်တယ် ။
“အားလုံး ရှင်းသွားပြီ ၊ ခုနတုန်းက မင်းတို့ ကိုယ်တိုင် မင်း တို့ လူတွေ အမှားပါလို့ ၀န်ခံခဲ့ပြီးပြီ ။ ချန်ရှန် ကိုလည်း တာဝန် ခံ စရာ မလိုဘူးလို့ ပြောခဲ့ကြတယ် ။ ငါတို့အား လုံး ဒါကို သေချာ ကြားခဲ့ကြတယ်”
ဆရာကြီးဝု ရှင်းလင်းပြတ်သားသော အသံဖြင့် ပြော ပါတယ် ။
“မင်းတို့လိမ်ဝံ့ရင် လိမ်ကြ ၊ ငါတို့ အဆိုးတော့ မဆို နဲ့ ၊ ငါတို့ ဘက်က ယဉ်ကျေးနေတော့မှာ မဟုတ်ဘူးနော် ၊ ငါတို့ ဂိုဏ်းက နောက်လိုက်ကို အပုပ်ချနေတာတွေ ရပ် လိုက်ပါ”
ဆေးဆရာမကြီး ၏ အေးစက်သော အသံ ထွက်ပေါ် လာ ပါတယ် ။
လူတွေဟာ စိတ်ထဲ မကျေမနပ် ဖြစ်နေကြတယ် ။ ဒါ ပေမယ့်လည်း သူတို့ စိတ်ထဲ သူတို့ဟာ ၀မ်လုနှင့် လိချန်တို့ ထက်တော့ အများကြီးတော်သေးတယ်လို့ တွေးနေမိကြ ပါတယ် ။ အနည်းဆုံးတော့ သူတို့ အသက် မဆုံးရပေ ။ ပထမတော့ အားလုံးဟာ ချန်ရှန် ဆိုတာ ငယ်ရွယ်ပြီး ငနုံ ငအလေး ဟု ထင်မိခဲ့ကြတယ် ။ ဒါပေမယ့် ယခုအခါ ချန် ရှန် ဟာ တခဏအတွင်း အရာအားလုံးကို ရှင်းလင်းစွာ ဖြေ ရှင်းနိုင်ခဲ့သည် မဟုတ်ပါလား ။ သူတို့ ဘာမျှ ချေပလို့ပင် မရတော့ပါချေ ။
ဆေးဘုရင်ခြံဝန်းကို ပြန်ရောက်တဲ့အခါ ချန်ရှန် ကွပ် ပျစ် တစ်ခုပေါ်တွင် လှဲကာ မိုးပြာငွေ့ များဖုံးလွှမ်းနေသည့် အပင်ကြီး ကို ကြည့်ရင်း အသီးများ သီးမှာကို စောင့်နေ ပါ တယ် ။
ဆေးဆရာမကြီးဟာ မကြာခဏ လာပြီး အကဲခတ် လေ့ ရှိပါတယ် ။ ယခုအခါ အသီး ၄၀ သီးမည် ဖြစ်ပြီး အလွန် ရှားပါး ဖြစ်စဉ်ပါပဲ ။ ကြီးထွားမှုနှုန်းကလည်း သာမန် ထက် များစွာ မြန်ဆန်နေပါတော့တယ် . . . ။