Chapter – 198 ယောကျာ်းတစ်ယောက်နှလုံးသား
ပြင်းထန်သော သိုင်ပညာဂိုဏ်း ၏ တံခါးဟာ ပွင့် လာ ပါတယ် ။ မူလက အော်သံများဖြင့် ညံနေသော လူများမှာ ရုတ်တရက် တိတ်ဆိတ်သွားကြတယ် ။ တံခါးပွင့်လာတာ နဲ့ ၎င်းတို့ဟာ အနည်းငယ်လန့်သွားပြီး နောက်ဆုတ်သွား ကြ ပါတယ် ။
ရုတ်တရက် အတွင်းမှ လူများစွာထွက်လာကြပြီး တစ် ဦးချင်ဆီဟာလည်း အလွန်ပင် စွမ်းအားကြီးကြတယ် ။ လူ အုပ်ကြီးဟာ အတော်ကို ထိတ်လန့်သွားကြပါတယ် ။ ပြင်း ထန်သော သိုင်းပညာဂိုဏ်းသာ သူတို့ကို ရိုက်နှက်သတ် ဖြတ်မည် ဆိုပါက သူတို့ မျိုးနွယ်များ အနေဖြင့်လည်း ဘာမျှ တတ်နိုင်မည် မဟုတ်ပါချေ ။
ယခု ချန်ရှန် အား လာရောက်စွပ်စွဲ ပြောဆိုနေသော လူ အများစုဟာ မျိုးနွယ်စု ကြီးများမှ ဖြစ်ပြီး တချို့ မျိုးနွယ် စုများဆို ခေါင်းဆောင် များနှင့် အကြီးအကဲများပါ ရောက်ရှိ လို့ နေကြတာ ဖြစ်ပါတယ် ။သူတို့၏ စွမ်းအားများဟာ လည်း စစ်မှန်သော သိုင်းပညာနယ်ပယ် အထက်များ ဖြစ် ကြပေမယ့် များစွာသော စွမ်းအားကြီးလှသည့် စစ်မှန်သော ဂိုဏ်းသားနောက်လိုက်များအား မြင်လိုက်ရတာကြောင့် သူတို့ကိုယ် သူတို့ပင် ယုံကြည်ချက်များ ပျောက်ဆုံးသွား သလို ခံစားလိုက်ကြရပါတယ် ။ တချိန်တည်းမှာပင် ၎င်းတို့ အားလုံးဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ အင်အား ကို ကြိတ်ပြီး ထိတ်လန့်မိသွားကြတယ် ။
ချန်ရှန် ဆရာကြီး ဝု မှ ဒီလို စစ်မှန်သော နောက်လိုက် ၂၀ ၃၀ လောက်ကို ခေါ်လာလိမ့်မယ် လို့ မထင်ခဲ့မိပါဘူး ။ အများစုဟာလည်း စစ်မှန်သော သိုင်းပညာ နယ်ပယ် အဆင့် ၉ အထက်ချည်း ဖြစ်ကြပါတယ် ။ တချို့ ဆို စစ်မှန် သော သိုင်းပညာနယ်ပယ် အထက်တွေတောင် ပါကြပါ သေးတယ် ။ ဒီလို လူများ ထွက်လာတာကြောင့် လူများစွာ ဟာ သေလောက်အောင် ကြောက်ရွံ့ သွားကြတာ ဖြစ်ပါ တယ် ။
ချန်ရှန် ကို စွပ်စွဲရန် လာသူများဟာ မျက်နှာဖုံး တပ် ထားသော ဆေးဆရာမကြီး နှင့် ကတုံးပြောင်ပြောင် လူကြီး တစ်ဦးတို့ကိုလည်း သတိပြုမိသွားကြတယ် ။ အား လုံး အေးစက်တောင့်တင်းသွားကြပြီး တုန်လှုပ်သွားကြပါ တယ် ။ ဒီလို ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ထိပ်သီး ၂ ဦး ၏ ဘေးမှာတော့ ချန်ရှန် ပါလာပါတော့တယ် ။
အားလုံးဟာ ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့လို အဆင့် ပညာရှင်များဟာ ချန်ရှန် အတွက် မားမားမတ်မတ် ရပ်တည်ပေးကြလိ့မ်မယ်လို့ မထင်မိခဲ့ကြပါ ။
“ခင်ဗျားတို့ အားလုံး ကျွန်တော့ကို ရှာနေကြတယ် မဟုတ်လား ၊ တချို့ အရာတွေက မျက်နာချင်းဆိုင် ဖြေရှင်း တာ ကောင်းတယ် လေ။ ကျွန်တော် ဒီ လူတွေက်ို မသတ် ခဲ့ဘူး ။ ဒုက္ခိတ ဖြစ်ရုံလောက်ပဲ လုပ်ခဲ့တာ ။ သူတို့ အနေ နဲ့ ဒီကို လာဖို့ မခက်ခဲလောက်ပါဘူး ။ ဒီကိစ္စဟာ သူတို့ နဲ့ ကျွန်တော်ကြားက ပြသနာလေ ။ အဲဒိလူတွေကို ခေါ်ပြီး ကျွန်တော့ရှေ့ လာခဲ့ကြ ဘယ်သူက ဘယ်လိုပြောလဲ သိ ချင်လို့ပါ”
ချန်ရှန် အေးစက်စက်ပြောလိုက်ပါတယ် ။ သူ၏ လက် ကို နောက်ကို ပစ်လျက် လူအုပ်ကြီးကို စိုက်ကြည့်ကာ ရှေ့ သို့ လျှောက်သွားရင်း ပြောတယ် ။
“ခင်ဗျားတို့ မလိုတာတွေ မပြောရင် ကောင်းမယ် ၊ နတ် လက်နက် အင်ပါယာ က နောက်လိုက်တွေကလည်း သက် သေခံထားတယ်မလား ၊ ခင်ဗျားတို့ လူတွေဟာ ချန်ရှန့် ဆီက လုဖို့ ပထမဆုံး ကြိုးစားကြတာလေ ။ သူတို့ ဒီလို ဖြစ် သွားခဲ့ကြရတယ် ဆိုတာလည်း ဒါကြောင့်ပဲ”
ဆရာကြီး ဝု က ခနဲ့ တဲ့တဲ့ ပြောပါတယ် ။ ၎င်း၏ အ ကြည့် တစ်ချက်ဖြင့်ပင် လူအားလုံးဟာ ရုတ်ရုတ်သဲသဲ မ လုပ်ရဲကြပါဘူး ။
ချန်ရှန် ကလည်း ကျယ်လောင်စွာဖြင့် –
“ပြောလေ ၊ ပြောကြလေ ၊ အခုကြ ဘာလို့ ပါးစပ်ပိတ် နေ ကြတာလဲ ။ ခုနတုန်းကကျ ခင်ဗျားတို့အားလုံး ကျွန် တော့ကို ပျော်ပျော်ကြီး ကျိန်ဆဲနေကြတယ်မလား ၊ ပြော လေ ကျွန်တော် ဟာ မိစ္ဆာကောင်ပါလို့ ၊ ပြောလေ ကျွန် တော်ဟာ ယဉ်ကျေးမှု မရှိဘူးလို့ ။ ဒါဟာ ကျွန်တော့ကို စွပ်စွဲနေတာ နဲ့ အတူတူပဲနော်”
ပြောနေရင်းဖြင့် ချန်ရှန် ၏ နှလုံးသားဟာလည်း ဆူ ပွက်လာပြီး သူ၏ ပုံစံမှာလည်း ဒေါသများထွက်မှုကြောင့် အမဲလိုက်ခြင်း ချီဓာတ်များ ထွက်လာပါတော့တယ် ။ ထိုလူ များလည်း အလွန်အမင်း ထိတ်လန့်သွားသောကြောင့် ခြေ လှမ်း အနည်းငယ်ပင် ဆုတ်ခွာသွားကြပါတယ် ။
“ငါ့ လုမျိုးနွယ် က မင်းဒုက္ခိတ ဖြစ်အောင်လုပ်လိုက်တဲ့ ဂျူနီယာ ရဲ့ ပြောပုံအရ မင်းဟာ သူ့ကို အကြောင်းပြချက် မရှိပဲ တိုက်ခိုက်ခဲ့တာတဲ့ ။ သူက သူ့ဘာသာသူ ကျွန်းကို ရတနာရှာဖို့ သွားတာတဲ့လေ”
သက်လက်ပိုင်းအရွယ် လူတစ်ယောက်က ကျယ် လောင်စွာဖြင့် ပြောဆိုပါတယ် ။
“နတ်လက်နက် အင်ပါယာက လူတွေကလည်း အမှန် ပြောနေတယ်လို့ ငါတော့ မထင်ဘူး ။ ငါထင်တာတော့ မင်း သူတို့ကို မင်းဘက်ပါအောင် စည်းရုံးထားလို့ပဲ ဖြစ်မယ်”
တခြားလူများလည်း သူတို့ရင်ထဲ ရှိတာတွေကို တစ် ယောက် တစ်ပေါက်ဖြင့် အော်ကြပါတော့တယ် ။
“မင်းသာ ငါတို့ ကလေးတွေကို အကြောင်းပြချက် မရှိ နာကျင်အောင် မလုပ်ခဲ့ဘူးဆိုရင် ငါတို့ကလည်း မင်းကို ဆု ငွေအများအပြား ထုတ်စရာ မလိုဘူးကွ”
“အတိအကျပဲ ၊ မင်းတို့ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းဟာ မင်းတို့ အကျိုးအမြတ်အတွက်ပဲ ကြည့်တယ် ၊ ဒါ မတရားပြီး လျော်ကန်သင့်မြတ်မှု မရှိတာပဲ”
“ချန်ရှန် ၊ မင်းငါတို့ကို ဖြေရှင်းချက်ပေးတာ ပိုကောင်း လိမ့်မယ်”
ချန်ရှန် မျက်မှောင်ကြုတ်လိုက်တယ် ၊ ထို့နောက် လေး လေး ပင် ပင် အသံဖြင့် –
“ခင်ဗျားတို့ အဲဒိ ဒုက္ခိတ ဖြစ်နေတယ့် လူတွေကို ခေါ် လာခဲ့ ၊ လူတိုင်းကို ကျေနပ်လောက်တယ့် ဖြေရှင်းချက်ပေး မယ်”
“ငါတို့ ဒီလိုလုပ်မှာ မဟုတ်ဘူး ၊ မင်းက သူတို့ကို ဒုက္ခိ တ ဖြစ်စေရုံနဲ့ မလုံလောက်သေးလို့လား ၊ ဒဏ်ရာတွေကို ကြီးသထက် ကြီးအောင် လုပ်ချင်သေးတာလား”
လူကြီး တစ်ယောက် က အော်ပြောပါတယ် ။
ဆေးဆရာမကြီး ၊ ဆရာကြီး ဝု နှင့် တခြားလူများဟာ ကြည့်ရုံသာ ကြည့်နေကြတယ် ။ အဘယ်ကြောင့်ဆိုသော် ချန်ရှန် ဟာ ဒီလူများနှင့် သူ့ဟာသူ ရင်ဆိုင်မှာ ဖြစ်ပြီး သူတို့ ကို ကြားမ၀င်ဖို့ ပြောခဲ့လို့ပါ ။ သူတို့လည်း သူတို့၏ ဦးရီး တော်လေး ဒီလူတွေနဲ့ ရင်ဆိုင်ဖို့ ဘယ်လိုစီစဉ်ထားသလဲ ဆိုတာကို ကြည့်ချင်နေကြပါတယ် ။
ချန်ရှန် ရုတ်တရက်ပဲ တည်ဆောက်ရေးဆေး တစ်လုံး ကို ထုတ်ယူလိုက်ပါတယ် ။ ထို့နောက် –
“ဒါဟာ အခြေခံ တည်ဆောက်ရေး ဆေးပဲ ၊ ဘယ်သူ ပဲ ဖြစ်ဖြစ် သူတို့ရဲ့ လူတွေဟာ ကျွန်တော့ဆီက အရင် လု ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ၀န်ခံတယ့်လူ ဆို ဒီ ဆေးကို ကျွန် တော် ပေးမယ်”
လူအုပ်ကြီးဟာ ရုတ်တရက် တိတ်ဆိတ်သွားကြပါ တယ် ။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပြီး တိုင်ပင်လျက် ရှိကြတယ် ။ သူတို့ဟာ ဒီအရင်က တည် ဆောက်ရေးဆေး ဆိုတာကို တဘ၀လုံး မမြင်ဖူးခဲ့ကြပဲ စာ အုပ်များထဲတွင်သာ တွေ့ မြင်ခဲ့ကြဖူးတာပါ ။ သူတို့အားလုံး ချန်ရှန် ဟာ တည်ဆောက်ရေးဆေး ၃ လုံး လုမျိုးနွယ် ဆီ မှ အနိုင်ရထားတာကို သိရှိကြပါတယ် ။ ဒီ တည်ဆောက် ရေး ဆေး တစ်လုံးကပင် သလင်းကျောက် သိန်းဂဏန်း တန်ကြေး ရှိပါတယ် ။ အဆင့် ၁၀ မော်တယ် သိုင်းပညာ ရှင်ကိုသာ ပေးမည် ဆိုပါက စစ်မှန်သော သိုင်းပညာ နယ် ပယ်သို့ ရောက်ရှိသွားနိုင်မှာပါ ။ လေလံပွဲမှာ ရောင်းချမယ် ဆိုရင်လည်း သလင်းကျောက် ငါးသိန်း ခြောက်သိန်း က တော့ ပြေးမလွတ်ပါချေ ။
ယခု မျိုးနွယ်ဝင်များဟာ သလင်းကျောက် သိန်း ဂဏန်း လောက်ကိုတော့ တတ်နိုင်ကြပေမယ့်လည်း ဒီလို တည်ဆောက်ရေးဆေးကို ၀ယ်မသောက်နိုင်ကြပါပေ ။ ဒါ ကြောင့်ပဲ ယခုအခါ ၎င်းတို့အားလုံးဟာ ဆွဲဆောင်မှု ကြီး မားလှသော မက်လုံးတစ်ခုနှင့် ရင်ဆိုင်နေကြရပါပြီ ။
လူအားလုံး လုံးဝ တိတ်ဆိတ်သွားတာကို ကြည့်ရင်း ချန်ရှန် နောက်ထပ် တည်ဆောက်ရေးဆေး တစ်လုံးကို ထပ်ထုတ်လိုက်ပြန်ပါတယ် ။ ထို့နောက် အေးစက်စွာ ပြုံး ကာဖြင့် –
“၂ လုံးဗျာ ၊ တစ်ယောက်ယောက်က သူတို့ မျိုးနွယ် ၀င်ဟာ ကျွန်တော့ဆီက လုချင်တယ် ဆိုတာကို ၀န်ခံမယ် ဆိုရင် ကျွန်တော် ဒီ တည်ဆောက်ရေး ဆေး ၂ လုံးပေး မယ် ။ ဒီ မှာ လူတွေအားလုံးအများကြီး ရှိကြတာ သက်သေ ပဲ ။ ကျွန်တော့် စကားကို လုံးဝ ရုတ်သိမ်းမှာ မဟုတ်ပေဘူး”
ဒါကို ကြည့်ရင်း ဆေးဆရာမကြီးဟာ အံကြိတ်လျက် ရှိနေတယ် ။ ချန်ရှန် ဆီသို့ နတ်အတွင်းအား အာရုံမှ တဆင့် ဆက်သွယ်ပြောဆိုလိုက်တယ် ။
“မင်း ငါ့ကို ဒီ တည်ဆောက်ရေးဆေး ၂ လုံး ပေးလိုက် ၊ ငါ သူတို့နဲ့ ရင်ဆိုင်ဖို့ မင်းကို ကူညီပေးမယ်”
ချန်ရှန် ကလည်း ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော် ဆိုတာ အရှုံးသမား တစ်ယောက် လုံးဝ မဟုတ်ဘူး ၊ ကောင်မလေး ခင်ဗျား ရဲ့ ဦးရီးတော်လေး ဘယ်လို ဖြေရှင်း မလဲ ဆိုတာ စောင့်ကြည့်နေ”
ရုတ်တရက်ပဲ သက်လတ်ပိုင်းအရွယ် လူတစ်ဦးက ထ အော်ပါတယ် ။
“ငါတို့မျိုးနွယ် က နောက်လိုက်ဟာ တကယ်ပဲ လုပ်ကြံ ပြောဆိုခဲ့ပြီး ငါ့ကို လိမ်ခဲ့တယ် ဆိုတာ ငါဝန်ခံပါတယ် ။ ခုန က ငါသေချာ စဉ်းစားကြည့်လိုက်တော့ သူ့စကားလုံးတွေ ဟာ မမှန်လောက်ဘူး လို့ ခံစားမိပြီး နတ်လက်နက်အင်ပါ ယာ က လူတွေဟာ အမှန်တိုင်းပြောနေတယ်လို့ ခံစားမိ တယ် ။ သူတို့ ပြောခဲ့သလိုပဲ ငါ့မျိုးနွယ်က နောက်လိုက် ဟာ မင်းဆီက လုယူဖို့ ကြိုးစားခဲ့တာ ဖြစ်မယ်”
ဒီလူကြီး ရဲ့ စကားကြောင့် လူအများဟာ ၎င်းကို ကြိတ် ပြီး ကျိန်ဆဲ မိကြပါတယ် ။ ခုနကပဲ ထိုသူဟာ ချန်ရှန် မျိုး နွယ်စုများစွာရဲ့ ကလေးတွေကို ဒုက္ခိတ ဖြစ်စေခဲ့ကြောင်း လွှတ်မထားသင့်ကြောင်း တိုက်တွန်းဆော်သြနေသူ ဖြစ် လို့ပါ ။ သို့သော်လည်း ယခု တည်ဆောက်ရေးဆေး ၂ လုံး အတွက်ဖြင့် သူဟာ သူ့မျိုးနွယ်ဝင်အပေါ် သစ္စာဖောက် သည် မဟုတ်ပါလား ။ ဒီလူမှာ ဒီလိုအကျင့်မျိုးရှိလိ့မ်မည် ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပါ ။
ချန်ရှန် က ပြုံးကာဖြင့် –
“ဒီတော့ ခင်ဗျားက ဒီကိစ္စမှာ မပါဘူးပေါ့”
ထိုလူကလည်း ခေါင်းညိမ့်ကာ –
“ဟုတ်တယ် မပါဘူး”
၎င်းတို့အားလုံးဟာ ဒုက္ခိတများ ဖြစ်နေကြသည့်အ တွက် ဒီကိစ္စကို ၎င်းတို့မှ ပါခြင်းဟာ ရလဒ်ကောင်း ရမှာ မ ဟုတ်ပါဘူး ။ သူလုပ်ခဲ့သည့် အရာများကို ပြောဆိုပြီး တည် ဆောက်ရေးဆေး ၂ လုံးရရှိမည် မဟုတ်ပါလား ။
“ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ ၊ ဘယ်မျိုးနွယ် က လူ တွေက မပါဘူးလဲ ဆိုတာ မှတ်မိအောင်လို့ပါ”
ချန်ရှန် မေးမြန်းလိုက်ပါတယ် ။
“ငါက လိမျိုးနွယ်က လိချန် ပဲ၊ ပြင်းထန်သော သိုင်း ပညာ စီရင်စုက ဖြစ်တယ် ။ ငါဟာ မျိုးနွယ်က အကြီး တစ် ယောက်ဖြစ်ပြီး ဒီကိစ္စတွေက ငါတို့ကို အနေခက်စေတယ်’
ထို သက်လတ်ပိုင်းအရွယ် လူက ချက်ချင်း ပြန်ဖြေပါ တယ် ။ ချန်ရှန် ၏ လက်ထဲရှိ ဆေး ၂ လုံးထံသို့လည်း စူး ရှ စွာ စိုက်ကြည့်လို့နေတယ် ။
ဒီမတိုင်ခင် အပြင်းထန်ဆုံး အော်ဟစ်ကျိန်ဆဲနေသူ ဟာ လိမျိုးနွယ်ဝင်များ ဖြစ်ပေမယ့်လည်း ယခုအခါမှာကျ ၎င်းတို့၏ ရပ်တည်ချက်ဟာ ပြောင်းလဲသွားကြပါပြီ ။ ဒီလူတွေ ဟာ လျော်ကြေးသဘောတောင်းဖို့ လာကြမှန်း ကို ချန်ရှန် သိပါတယ် ။ ၎င်းတို့ဟာလည်း ချန်ရှန် မှာ တန် ဖိုးကြီး ပစ္စည်းအများအပြာ ရှိနေတာကို သိကြပြီး ဒီလို လူ မျိုးများဟာ ကိုယ့်မျိုးနွယ်ကို ကိုယ်သစ္စာဖောက်ရန်လည်း ၀န်လေးသည့် လူများ မဟုတ်ပါပေ ။
ချန်ရှန် ဟာ သူပိုင်ဆိုင်မှုများကို အသုံးပြုကာ သူ့ဖြူစင် မှုအား သက်သေပြချင်ပုံပါပဲ ။
ချန်ရှန်လည်း ပျော်ရွှင်ဟန်ဖြင့် ပြုံးကာ ၀
“ကောင်းပြီ ၊ ဒီဆေး တွေ က ခင်ဗျားဟာပဲ ၊ ဒါပေမယ့် ခင်ဗျား ဒီမှာပဲနေဦး”
ဆေး ၂ လုံးအား ချန်ရှန် ဟာ လိချန်၏ လက်သို့ ပေး လိုက်ပါတယ် ။ ၎င်း၏ လက်များဟာ တုန်ရီလျက် ရှိပြီး သူ့ ဘ၀ တစ်လျှောက်မှာ တည်ဆောက်ရေးဆေးအား ပထမ ဆုံးအကြိမ် ထိတွေ့ ဖူးခြင်း ဖြစ်လို့ပါပဲ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းဝင်များဟာလည်း အ လွန်ပင် အံ့အားသင့်နေကြတယ် ။ ချန်ရှန် ဒီလိုမျိုး နည်း လမ်းကို သုံးလိမ့်မည် ဟု မထင်မှတ်ထားကြပါ ။ သူတို့ ရင် ထဲမှာ ချန်ရှန် အစား နှမြောနေမိကြပါတယ် ။
“ချန်ရှန် ၊ လိမျိုးနွယ် က လိမျိုးနွယ်ပဲ ၊ ငါတို့ လျို မျိုး နွယ် ကတော့ မတူဘူးကွ”
သက်လတ်ပိုင်း အရွယ် လူတစ်ဦးဟာ ရုတ်တရက် ထ အော်ပြန်ပါတယ် ။ သူဟာ လိချန်ကို မနာလိုလျက်ရှိပြီး လု ချန် ဒီလို အမြန်ပြောင်းလဲ သွားလိမ့်မယ်လို့ မထင်မှတ်ခဲ့ ပါ ဘူး ။ လူတွေဟာလည်း ပြန်လည် ဆူညံလာပြန်ပါတယ် ။
ချန်ရှန် အနည်းငယ် ပြုံးလိုက်ပြီးနောက် ထို တည် ဆောက်ရေးဆေးကိုပဲ လေးလုံး ထုတ်ယူလိုက်ပြန်ပါတယ်၊ ထိုကဲ့သို့ ဆေးလေးလုံးကို မြင်တာနဲ့ အားလုံးဟာသူတို့ မျိုးနွယ်ဝင်များ မဟုတ်မမှန် လီဇယ်ပြောဆိုမှုများအား လာ ရောက်ပြီး အလုအယက် ၀န်ခံကြပါတော့တယ် ။
လူငါးဆယ် ခြောက်ဆယ်လောက်ဟာ လာရောက် ၀န် ခံကြတာပါ ။ ဒါပေမယ့်လည်း ချန်ရှန် ဟာ ဆေးကို ထုတ်မ ပေးပဲ ပြုံးရယ်ကာဖြင့် –
“ကျွန်တော့်ရဲ့ ရိုးသားမှုကို သက်သေပြပေးခဲ့တယ့် လူ အားလုံးကို ကျေးဇူးတင်ပါတယ်”
ထိုသို့ ပြောပြီးသည် နှင့် သူ၏ ဆေးများအား ပြန်သိမ်း ယူလိုက်တယ် ။ အားလုံးဟာ မကျေမနပ် ဖြစ်သွားကြပါ တယ် ။
ထိုအချိန်မှာပဲ ၎င်းတို့ဟာ ချန်ရှန် ဆေးများအား ထုတ် ပြရုံပြခဲ့တာ ဖြစ်ပြီး ပေးမယ်လို့ မပြောတာကို သတိရသွား ကြပါတယ် ။ ဒါပေမယ့်လည်း ယခုအခါမှာတော့ ဘာမျှ မလုပ်နိုင်ကြတော့ပါပေ ။
“အေးဆေးပေါ့ ၊ ကျွန်တော် ခင်ဗျားတို့ကို လက်ဗလာ နဲ့တော့ မပြန်ခိုင်းပါဘူး ။ ဒီ တည်ဆောက်ရေးဆေး ၄ လုံး လိချန်ရဲ့ ခေါင်းကို ဖြတ်နိုင်တယ့်သူကို ဆုချမယ် ။ သူ့ကို သတ်လိုက်တာနဲ့ ဒီ ဆေး ၄ လုံးကို ပေးမှာ”
ချန်ရှန် ပြုံးကာ ဆက်ပြောလိုက်ပါတော့တယ် . . . ။