Switch Mode

Chapter – 197

နာမည်ကြီးခြင်း

Chapter – 197 နာမည်ကြီးခြင်း

ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ပညာရှင်များ အား လုံးဟာ တောင်ကြားသို့ ရောက်ရှိနေကြပါပြီ ။ တောင်ကြား တွင်းဖြစ်ပျက်နေသမျှကို မြင်တွေ့ ပြီးတဲ့ နောက်မှာတော့ သူတို့ အားလုံးဟာ ထိတ်လန့်သွားကြပါတယ် ။ ခင်းကျင်း ထား သော အထူးအုတ်ချပ်များဟာလည်း အလဲလဲအပြိုပြို ဖြစ်လျက်နေတယ် ။ အဆိုပါ အုတ်များဟာ အလွန်ခိုင်ခံ့လှ တာ ဖြစ်ပြီး ဖျက်ဆီးဖို့ မလွယ်ပေမယ့် ယခုအခါမှာတော့ အစိတ်စိတ်အမွှာမွှာပါပဲ ။ ခပ်လှမ်းလှမ်းရှိ တောင်ကြီးပင် အပေါက်ကြီး ဖြစ်သွားတာကို မြင်တွေ့ ကြတာကြောင့် အားလုံးဟာ ပိုမို တုန်လှုပ်နေကြပါတယ် ။
“ချန်ရှန် ဘယ်လို ဖြစ်တာလဲ”
ဂုဒွန်ချန် လေးလေးပင်ပင် နဲ့ မေးလိုက်တယ် ။ ချန်ရှန် ၏ လက်ရှိ အနေအထားကို လေ့လာမိသလောက် ပြင်း ထန်တဲ့ တိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်ထားတယ် ဆိုတာကို သိ နေပါတယ် ။ ခါတိုင်း ချန်ရှန် ပုံစံဟာ ယခုလို မဟုတ်လို့ပါ။
“ကျွန်တော် လုရှန် နဲ့ လုဇန်းနန် ကို သတ်လိုက်တာ”
ချန်ရှန် သူ၏ ဓားကြီးကို ပခုံးပေါ်ထမ်းရင်း မြေပြင်ပေါ် ပြန့်ကျဲ ကာ နေသော အသားစများကို ကြည့်ကာ ပြောပါ တယ် ။
“အခုပဲ ခင်ဗျား တက်နင်းနေတာ သူတို့ အသားစတွေ”
ဂုဒွန်ချန် တခဏမျှ အံ့အားသင့်သွားပြီး ချန်ရှန် ပြရာ ကို လှမ်းကြည့်လိုက်တယ် ။
ရောက်ရှိလာသည့် စစ်မှန်သော သိုင်းပညာရှင်တို့လဲ သူတို့၏ ခေါင်းကို ငုံ့ကာ ကြည့်လိုက်တယ့်အခါမှာတော့ တူးခြစ်နေသည့် အပိုင်းအစများစွာကို တွေ့ လိုက်ကြရပါ တယ် ။ အတော်ပဲ တုန်လှုပ်သွားကြတယ် ။ ချန်ရှန် တ ကယ်ပဲ လုရှန်ကို သတ်လိုက်သတဲ့ . . . ၊ ဘယ်လို ဟာသ မျိုး ပါလိမ့် ဟု စဉ်းစားမိလိုက်ကြတယ် ။ လုရှန် ဟာ အဆင့် ၉ စစ်မှန်သော ပညာရှင် တစ်ဦးဖြစ်ပါတယ် ။ လုဇန်းနန် ကို သတ်တာတော့ မယုံကြည်စရာ မရှိပါချေ ။
လူအများစု လုဇန်းနန် နဲ့ ချန်ရှန် တို့ ခေါင်းဖြတ်ကြေး ယှဉ်ပြိုင်ကြတာကို သိနေကြတယ် ။ လုဇန်းနန်ကို သတ် ဖြတ်နိုင်တာဟာ ဘာမျှ မဖြစ်ပေမယ့် လုရှန် ကတော့ သတ် ဖြတ်ရန် လွယ်ကူသူ မဟုတ်ပါ ။
“ဒါ မင်းတကယ်ပဲ လုပ်ခဲ့တာပေါ့”
ဆရာကြီးဝု ပျက်ဆီးနေသည့် တောင်ကြားကြီးကို ကြည့်ကာ မယုံသင်္ကာဖြင့် မေးလိုက်ပါတယ် ။
ချန်ရှန် သူ၏ မိုးပြာနဂါးဓားကြီးကို သိမ်းကာ ခါးကို ဆန့်ရင်း ဖြေလိုက်ပါတယ် ။
“လုရှန် က ကျွန်တော့်ကို အရင် စလုပ်တာပဲ ၊ ရက် ရက်စက်စက်ပဲ လုပ်ခဲ့ပြီး ကျွန်တော့အသက်ကို နုတ်ယူချင် ခဲ့တာဗျ ၊ ကျွန်တော် ပြန်တိုက်ခဲ့တယ် ။ နောက် သူဟာ ကျွန်တော့ကို ထပ်တလဲလဲ ကို သတ်ဖြတ်ချင်နေတာ အားလုံး အသိပဲ ။ အခုတော့ သူ့ကို ကျွန်တော် သတ်ပစ် လိုက်ပြီ ။ ကျွန်တော့ကို အပစ်မတင်လေနဲ့ ၊ ယုံတာမယုံ တာ တော့ ခင်ဗျားတို့ အပိုင်းပဲ”
ချန်ရှန် လည်း ပြောပြီးသည်နှင့် ခြေလှမ်းကြဲကြီးများ ဖြင့် ထွက်ခွာသွားပါတော့တယ် ။ဂုဒွန်ချန်တို့ အဖွဲ့ နှင့် သက်ကြီး ပညာရှင်များ အဖွဲ့ ကတော့ နေခဲ့ကြပြီး လုရှန် ၏ အလောင်းကို လိုက်ရှာကြပါတယ် ။ တွေ့ တဲ့အခါ မြေမြှုပ် ပေးလိုက်ကြပြီး နောက်လိုက်ဂိုဏ်းသား အမြောက်အများ ကို ခေါ်ကာ ဖြစ်ပွားခဲ့ပုံများကို အသေးစိတ်မေးမြန်း ကြ ပ တယ် ။
နာရီဝက်လောက် ကြာပြီးနောက်မှာတော့ ဂုဒွန်ချန် နဲ့ အဖွဲ့ နှင့် သက်ကြီးပညာရှင်များ အဖွဲ့ ဟာ ကိစ္စတစ်ရပ်လုံး ကို သိရှိသွားကြတယ် ။ အားလုံးဟာ တုန်လှုပ်သွားကြကာ အဘယ်ကြောင့်ဆိုသော် ချန်ရှန် ဟာ လုရှန်အား တကယ် ပဲ သတ်ဖြတ်လိုက်ခြင်းကြောင့်ပါ ။
ချန်ရှန် ဟာ အဆင့် ၉ ရှိသည့် လုရှန်ကို သတ်ဖြတ်ပစ် လိုက်ခြင်းဟာ ဂိုဏ်းတစ်ခုလုံးအား ဟိုးလေးတကျော် ဖြစ် သွားစေခဲ့တယ် ။ ရှီမန် တစ်မြို့ လုံးဟာလည်း ဒီအကြောင်း ကို ပြောနေကြပြီး လူတိုင်းဟာ အံ့သြလို့ နေကြတယ် ။ ရှီမန် မြို့ ထဲမှာ ချန်ရှန် ကို သတ်ဖို့ စောင့်ဆိုင်းနေသည့် အဖွဲ့ အသွယ်သွယ် တို့ဟာ ရောက်ရှိနေခဲ့ကြတာ ကြာပြီ ဖြစ်ပြီး ယခုသတင်းဟာ အမှန်ပင် ဖြစ်ကြောင်း ကြားသိခဲ့ တဲ့ အခါမှာတော့ တစ်ဖွဲ့ ချင်းပဲ ထွက်ခွာကုန်ကြပါတယ် ။ အဆင့် ၉ စစ်မှန်သော သိုင်းပညာရှင်တောင် မှ ချန်ရှန် ၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရတာကြောင့် မော်တယ်အဆင့် ပညာရှင်များ နှင့် စစ်မှန်သော သိုင်းပညာနယ်ပယ် ရောက် ခါစ လူများအဖို့ ကိုယ့်သေတွင်းကိ်ုယ်လာတူးသလိုပင် မ ဟုတ်ပါလား ။
သို့သော်လည်း တချို့ သော လူများကတော့ မစွန့်ခွာ ကြ သေးပါ ။ချန်ရှန် ဟာ လုရှန်ကို ကံကောင်းလို့ သတ်နိုင် ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ် ။ အဘယ် ကြောင့် ဆိုသော် တိုက်ခိုက်နေစဉ် အတွင်းမှာ လျှပ်စီး တစ် ချက်ဟာ လတ်သွားပြီး ချန်ရှန် ဟာ ထိုလျှပ်စီးလတ်တာ ကို အခွင့်ကောင်းယူပြီး လုရှန်အား သတ်ဖြတ်နိုင်ခဲ့တာ ဟု ယုံကြည်နေကြတယ် ။ တနည်းအားဖြင့် အသက် ၂၀ ၀န်း ကျင် အတွေ့ အကြုံနုနယ်လှသည့် ကောင်လေး တစ်ဦး ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၉ ရှိသည့် သက်ကြီး ပညာရှင်တစ်ဦးအား သတ်ဖြတ်နိုင်သည်မှာ လုံးလုံး မဖြစ်နိ်ုင်ဟု ထင်နေကြတာပါ ။ အဆိုပါ လူများ ဟာ ဒီ အကြောင်းအရာကို ယုံကြည်နေကြပြီး တခြားလူများကို လည်း ဝါဒဖြန့်လျက် ရှိနေကြတယ် ။
ချန်ရှန် ဟာ ထိုအချိန်တုန်းက လောင်ဆုရီ၏ ထောက် ပံ့မှုကို ယူထားပြီး မိုးကြိုးသွား ဖြတ်တောက်မှု တိုက်ကွက် ကို ပြုလုပ်ခဲ့တာပါ ။ ထိုတိုက်ကွက်ဖြင့် လျှပ်စီးကြောင်းများ ကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်အနိုင်ယူခဲ့တာပဲ ဖြစ်ပါ တယ် ။
ချန်ရှန် ဟာ သုံးလလောက် ပျောက်ဆုံးနေပြီးကာမှ ယခု ပြန်ပေါ်လာသည့် အချိန်မှာတော့ ဒီလို ကိစ္စကြီးကို ပြု လုပ်လိုက်တာပါ ။ ဒီအကြောင်းဟာ ချန်ဝူ နယ်မြေကြီး တစ် ခုလုံးကို ပြန့်နှံ့ သွားခဲ့ပြီး နာမည်ကြီးလျက်ရှိတယ် ။ ဒီ မတိုင်ခင်က များစွာသော မျိုးနွယ်များ နှင့် ဂိုဏ်းများဟာ ချန်ရှန် ကို သတ်ဖို့ ရှာနေကြတာဖြစ်ပြီး ယခုအခါမှာတော့ ချန်ရှန် ဟာ ဂိုဏ်းပြန်ရောက်နေကြောင်း သိရှိသွားခဲ့ကြပါ တယ် ။ သို့သော်လည်း ဒီလိုကိစ္စကြီးသာမက ဒီမတိုင်ခင် ကလည်း ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာရှင်များစွာ အား လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ ဒုက္ခိတ ဖြစ်စေခဲ့ ပါသေးတယ် ။ ဒီဖြစ်စဉ်မှာ မျိုးနွယ်စုများစွာရဲ့ လူငယ်များ စွာ ပါဝင်ကြတာကြောင့် သူတို့ ရင်ကို ခွဲလိုက်စေသလိုပါပဲ။
“ချန်ရှန် ကို ထုတ်ပေးကြ ၊ ဒီကောင်လေးရဲ့ နှလုံးသား ဟာ မြွေတွေ ကင်းမြီးကောက်တွေလိုပဲ အဆိပ်ပြင်းထန်လှ တယ် ။ သူ မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကို ကျင့်ထားမယ် ထင်တယ် ၊ ဒါကြောင့်ပဲ သူ့ စွမ်းအားဟာ တော် တော်ကြီးနေတာပေါ့ ။ သူဟာ လက်ယာဂိုဏ်းသား မဟုတ် ဘူး ။ လျို့ ဝှက်ဆန်းကြယ်နယ်ပယ်ထဲမှာတုန်း က သူဟာ ငါတို့ လိမျိုးနွယ်ရဲ့ မျိုးဆက်သစ် စစ်မှန်သော ပညာရှင် လေး ကို ဒုက္ခိတ ဖြစ်အောင်လုပ်တယ် ။ ငါတို့ သူ့ကို ဘယ် လောက်တောင် ပြုစုပျိုးထောင်ထားရလဲ သိလားကွ”
သက်လတ်ပိုင်းရွယ် လူကြီး တစ်ဦးက ပြောပါတယ် ။
ဒီမျိုးနွယ်စု များဟာ သူတို့၏ မျိုးဆက်သစ်ကို ငွေကုန် ကြေးကျ များစွာ ပြုစုပြိုးထောင်ခဲ့ကြတာ ဖြစ်တယ် ။ နောက်ကျတော့ ၎င်းတို့အား ဂိုဏ်းများသို့ စေလွှတ်ကာ ပို မို အားကြီးလာအောင် ပြုလုပ်စေခဲ့တယ် ။ ထို့နောက်မှာ မှ မိသားစုစီ ပြန်လည် ခေါ်ယူခဲ့ကြတာပါ ။ ဒီစစ်မှန်သော သိုင်း ပညာ ရှင် လူငယ်များဟာ ၎င်းတို့ မျိုးနွယ်စုများ အတွက် ရတနာများပါပဲ ။
“မှန်တယ် ၊ မင်းတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်း ဟာ ချန်ဝူနယ်မြေမှာ ပထမဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်တယ်။ ဒါပေမယ့် မင်းတို့ ဟာ ဒီလို ဗီလိန် တစ်ကောင်ကို မွေးမြူ ထားတယ် ။ ချန်ရှန် ကို မြန်မြန် ထုတ်ပေးကြ”
“ချန်ရှန် မသေသေးသရွေ့ ငါတို့ မသွားနိုင်ဘူး”
“သူဟာ မိစ္ဆာတစ်ကောင် ၊ စစ်မှန်သော သိုင်းပညာ ရှင် တွေကို ရာနဲ့ချီ ဒုက္ခိတ ဖြစ်စေခဲ့တာ ၊ ငါတို့အားလုံး သူ့ကို တစ်စစီ လုပ်ပစ်ရမှ ကျေနပ်မယ်”
“. . .”
လူများစွာဟာ စစ်မှန်သော သိုင်းပညာဂိုဏ်း ၏ ၀င် ပေါက်မှာ စုရုံးရောက်ရှိနေကြပြီး အော်ဟစ်နေကြပါတယ် ။ သူတို့ပြောသော စစ်မှန်သော သိုင်းပညာရှင်များမှ ချန်ရှန် ဆီမှ လုယူချင်ကြတယ့် အကြောင်းတော့ မပါပဲ ချန်ရှန် ပြု လုပ်ခဲ့တာတွေကိုသာ မီးမောင်းထိုး ပြောဆိုနေကြတာပဲ ဖြစ် တယ် ။ အကြောင်းပြချက် မရှိပဲ ဒုက္ခိတ ဖြစ်စေသလို စွပ်စွဲ ပြောဆိုနေကြပါတော့တယ် ။
ချန်ရှန် ဟာ လုရှန် နှင့် လုဇန်းနန်တို့အား သတ်ပြီး သူ ၏ ဆေးဘုရင်ခြံဝန်းထဲမှာပဲ ရက်အတော်ကြာ နားနေခံတာ ပါ ။ လုရှန် ဟာ ချန်ရှန်အား အရင်ဆန့်ကျင်ခဲ့တာဖြစ်တာ ကြောင့် ချန်ရှန် ဟာ ၄င်ကို သတ်ဖြတ်ခြင်းအတွက် မည်သည့် အပစ်မျှ ပေးခံရခြင်း မရှိပေ ။ အဓိကအချက်က တော့ ဂုဒွန်ချန် နှင့် ဆရာကြီး ဝုတို့ဟာ လုရှန် တစ်ယောက် ချန်ရှန် အား သတ်ဖို့ စီစဉ်ခဲ့တယ့် ကိစ္စအား အတည်ပြုပေး ခဲ့လို့ပါပဲ ။
မျိုးနွယ်စု များစွာဟာ ချန်ရှန် ကို စွပ်စွဲဖို့ လာတာ ဖြစ်ပြီး ချန်ရှန် ၏ ဂိုဏ်းမှ ဂိုဏ်းသားအများစုကလည်း ချန်ရှန် ဟာ ဂိုဏ်းကို ပြသနာ ရှာနေတယ်လို့ ထင်နေကြပါတယ် ။ သား ရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်းတို့မှ ပညာရှင် များစွာတို့အား ဒုက္ခိတ ဖြစ်စေခဲ့ခြင်းကြောင့် ၎င်းတို့ဟာ အနည်းနဲ့ အများတော့ ရန်ငြိုးဖွဲ့ခံရမှာ ကို ကြောက်နေမိ ကြ ပါတယ် ။ ဒါပေမယ့် ဒါဟာလည်း သူတို့ ဂိုဏ်းအနေ ဖြင့် ဂုဏ်ယူကျေနပ်စရာ ပင် မဟုတ်ပါလား ။
လူအများစု ဟာ ချန်ရှန် ထိုသို့ စစ်မှန်သော သိုင်းပညာ ရှင်များစွာတို့အား ဒုက္ခိတ ဖြစ်စေခြင်းမှာ ၎င်းထံမှ ပစ္စည်း များ အား လုယူချင်လို့ဆိုတာ သိကြပါတယ် ။ ဒါ့အပြင် သူ၏ ဂိုဏ်းမှ လူများကိုပင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒါကို တော့ နတ်လက်နက် အင်ပါယာမှ ပညာရှင် ဂိုဏ်းသားတို့ က ထောက်ခံပေးကြပါတယ် ။
ဒီအချက်ဟာ လျူမန်ဂါ ၏ ချန်ရှန် အပေါ် အပြည့်အ၀ ထောက်ခံပေးမှုကြောင့်ဖြစ်ပြီး သူမ၏ ဂိုဏ်းသားများမှလဲ သက်သေခံပေးခဲ့ကြပါတယ် ။
“သူတော်စဉ်လေးတွေ အတော်ပဲ သူတော်ကောင်း တရားနဲ့ ပြည့်စုံနေကြပုံပဲ ။ ဒီသူတောင်းစားလေးတွေက ငါ့ ဆီ က လုဖို့ ကြိုးစာတာလေ ။ ငါကတောင် ပြန်ချဖို့ ပျင်းနေ တာ ။ ဒီကောင်တွေကို တခါတည်း နှုတ်ပိတ်ပစ်လိုက်ရမှာ ကွာ”
ချန်ရှန် အတော်ကို ဒေါသထွက်နေပါတယ် ။ ၀င်ပေါက် မှ တဆင့် အော်နေသော လူများကို ချန်ရှန် မြင်နေရတယ်
“မင်း ဘာ လုပ် မလဲ”
ဆေးဆရာမကြီး မိုးပြာရောင် သိမ်မွေ့ ပင်ပေါ်ရှိ ဖူးပွင့် နေသော ပန်းများအား ကြည့်ရင်း မေးလိုက်ပါတယ် ။
“မင်းဒီမှာ အေးအေးဆေးဆေး ခဏနေလိုက်ဦး ပေါ့ ၊ ဒီ ကိစ္စတွေ ကောလဟာလ တွေ ပျောက်သွားတဲ့အထိ လေ”
ချန်ရှန် သူ၏ ပေါင်ကို ပုတ်ကာဖြင့် –
“မတတ်နိင်ဘူး ၊ ကျွန်တော် ထွက်ကမှာပဲ ၊ ခင်ဗျား သွား ပြီး ကတုံးလေးကို ခေါ်ခဲ့ ။ ခင်ဗျား တို့ ၂ ယောက် ကျွန်တော်နဲ့ အပြင်ကို လိုက်ခဲ့ပေးပေါ့ ။ ခင်ဗျားတို့ရဲ့ ဦးရီး တော်လေး သူတို့နဲ့ ဘယ်လို ကစားမလဲ ဆိုတာ စောင့် ကြည့် လိုက်”
ချန်ရှန် သူ၏ နားခိုရာ ပြန်ရောက်ကတည်းက လောင် ဆုရီ ဟာ နားနေခဲ့တာပါ ။ သူမ၏ ကမ္ဘာ့ ဗဟိုချက်သီး တ ၀က်အား စားသောက်ရင်း သူမ၏ အားအင်များ ဟာလည်း ပြန်လည် ပြည့်ဖြိုးလာခဲ့ပါတယ် ။
“မင်း ဘယ်လို လုပ်မလို့လဲ”
ဆေးဆရာမကြီး မေးလိုက်ပါတယ် ။
“မကြာခင် ကျွန်တော် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ခင်ဗျားတို့ သိမှာပေါ့ ။ ဒါပေမယ့် ကျွန်တော် တစ်ခုစိုးရိမ် တာ က ဒီ အရှက် မရှိတယ့် လူတွေကြောင့် ကျွန်တော် တိုက်ခိုက်မိသွားနိုင်တယ် ။ ခင်ဗျားနဲ့ ကတုံးလေးတို့က သူ တို့ကို ပါးစပ်မသရမ်းအောင် ပြောပေးပေါ့”
ချန်ရှန် နှုတ်ခမ်းကို မဲ့ကာ မဲ့ပြုံးပြုံးလိုက်ပါတယ် ။
ချန်ရှန် မဲ့ပြုံးပြုံးတာကို ကြည့်ရင်း ဆေးဆရာမကြီး ဟာ ပြသနာတော့ တက်တော့မည် ဟု တွေးနေမိပါတော့ တယ် ။
ဆရာကြီး ဝု ရောက်ရှိလို့လာပါပြီ ။ သူဟာ ချန်ရှန် ကို အပြင်ရှိ လူများနှင့် မတွေ့ ဆုံရန် ဘာမျှ အကြံဉာဏ် မပေး ပါဘူး ။ သူတားလည်း ချန်ရှန် က သွားမည် ဆိုတာ သူကြို သိနေတယ်လေ ။ သူ၏ ဦးရီးတော်လေးကို ပြောမရမှာ သိ တယ့် အတွက် အပြင်ရှိလူများကိုသာ ဖိအားပေးရန် ဆုံး ဖြတ်လိုက်ပါတယ် ။ ဆရာကြီး ဝု လည်း ဂိုဏ်းအတွင်း ရှိ စစ်မှန်သော သိုင်းပညာရှင် အမြောက်အများကို ခေါ်ယူ လိုက်တယ် ။ ၎င်းတို့အား တိုက်ခိုက်ဖို့ အတွက် ခေါ်ယူခြင်း မဟုတ်ပဲ သြဇာအာဏာ လွှမ်းမိုးမှု ရှိနိုင်စေရန် ခေါ်ယူခြင်း သာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset