Chapter – 196 မိုးကြိုးသွားဖြတ်တောက်မှု
ချန်ရှန် မူလက ရှောင်တိမ်းဖို့သာ စဉ်းစားခဲ့တာပါ ။ ဒါပေမယ့်လည်း ထိုအချိန်မှာပဲ အလွန်ကို စွမ်းအားကြီးလှ တဲ့ အရာတစ်ခု သူ၏ လက်မှာ ဖြစ်ပေါ်လာသလို ခံစား လိုက်ပါတယ် ။ လောင်ဆုရီ ၏ ပြုလုပ်ချက်ကြောင့်ပါပဲ ။ ဒီ မတိုင်ခင်က လောင်ဆုရီဟာ သင့်လျော်တယ့် အခြေအနေ တစ်ခုမှာ ချန်ရှန် အား သူမ၏ အားအင်များကို ငှားမယ်လို့ ပြောခဲ့ဖူးပါတယ် ။ ယခုလောင်ဆုရီပို့သော အားဟာ ချန်ရှန် ထင်ထားတာထက်ကို များစွာ ပိုနေခဲ့ပြီး သူ့အား အဆင့် ၉ ပညာရှင်လောက်နီးပါးကို ဖြစ်ပေါ်သွားစေခဲ့ပါ တယ် ။
လက်သီးနှစ်ခု ဟာ ချီဓာတ်များ စိမ့်ဝင်ကာဖြင့် ထိ တိုက်သွားတယ့်အခါ တိုင်ဖွန်းမုန်တိုင်းကြီးတစ်ခုလိုပင် လေပြင်းများဟာ အငွေ့ များဖြင့် ရောယှက်ကာ တိုက်ခတ် သွားကြတယ် ။တောင်ကြားကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး လူအားလုံးဟာလည်း ကြောက်ရွံ့ နေကြ ပါတယ် ။ ကြီးမားခိုင်ခန့်လှသော သိုင်းပြိုင်ကွင်းကြီးမှာလဲ အစိတ်စိတ်အမွှာမွှာ အက်ကွဲလျက် အက်ကြောင်းရာများ ဖြ စ်ပေါ်လျက် ရှိပါတော့တယ် ။
ချန်ရှန် နှင့် လုရှန်တို့လဲ ပေါက်ကွဲမှုကြောင့် တစ် ယောက် တစ်နေရာဆီ လွင့်ထွက်သွားကြပြီး ပါးစပ်မှ သွေး များ ပြန်အန်ထွက်လာကြတယ် ။ လုရှန် ဟာ ချန်ရှန်မှာ ဒီ လို အားအင်မျိုးရှိလိမ့်မယ်လို့ ဘယ်လိုမှ မထင်မှတ်ထားခဲ့ ပါဘူး ။
ထိုအချိန်က ချန်ရှန် ၏ အားဟာ လောင်ဆုရီ ၏ ပံ့ပိုး မှုကြောင့် ဖြစ်ပြီး ဒီလိုသာ မဟုတ်ဘူးဆိုပါက သူလုံးဝ ခံ နိုင်ရည်ရှိမည် မဟုတ်ပေ ။
ချန်ရှန် မြေပြင်ပေါ် ကျ သွားတယ့်အခါ အလျင်အမြန် ပဲ ငရဲဝိဉာဉ်တော်မြက် အနည်းငယ်အား ထုတ်ကာ မျိုချ လိုက်ပြီး ဒြပ်စင်ဆေး ကိုလည်း သောက်လိုက်ပါတယ် ။ ဒီ လိုကြောင့်ပဲ သူရရှိသည့် နာကျင်မှုများဟာ သက်သာသွား ပြီး တစ်ဆက်တည်းမှာပင် သူ၏ မိုးပြာနဂါး ဓားအား ထုတ် ယူလိုက်တယ် ။
“နဂါးမလေး ၊ မင်း ဘယ်လောက် ကြာကြာ တောင့် ထား နိုင်သေးလဲ”
ချန်ရှန် မေးလိုက်တယ် ။ သူတကယ်ကိုပဲ လောင်ဆုရီ ၏ ကူညီမှုကို လိုအပ်နေတာပါ ။
“ခဏကြာကြာတော့ တောင့်ထားနိုင်ပါတယ် ။ ခင်ဗျား မြန်မြန်တော့လုပ်”
လောင်ဆုရီ ခပ်လောလောပြောပါတယ် ။ ချန်ရှန် အခု ဘာလုပ်မလဲဆိုတာကို သူမသိနေတယ်လေ ။
ချန်ရှန် သူ၏ နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေး များအား သုတ်လိုက်ပြီး ဒြပ်စင်ဆေးများကို အလျင်အမြန် စားနေမိတယ် ။ တစ်ချိန်တည်းမှာပင် သူ၏ အမည်းရောင် လိပ် ချပ်ဝတ်အား သူ၏ အ၀တ်များအောက်မှာ ပေါ်နေစေ လိုက်တယ် ။ ဒီလိုနည်းဖြင့် သူဟာ အပြင်ပိုင်းဆိုင်ရာ တိုက် ခိုက်မှုတွေကို သိပ်ပြီး ခံစားရတော့မည် မဟုတ်ချေ ။
သဲမုန်တိုင်းလိုတစ်ခုဟာ တောင်ကြားထဲမှာ တိုက်ခတ် နေလျက်ရှိပြီး ခဲများသဲများဟာ ပျံဝဲနေလျက် ရှင်းလင်းစွာ တွေ့ မြင်ရဖို့ ခက်ခဲလှပါတယ် ။ ချန်ရှန် သူ၏ မိုးပြာနဂါး ဓားကြီးကို ကိုင်ရင်း လုရှန် ၏ တည်နေရာအား နတ်အ တွင်းအား အာရုံများအသုံးပြုကာရှာဖွေလိုက်ပြီး ထိုနေရာ သို့ တရှိန်ထိုး ပြေးသွားပါတော့တယ် ။
လုရှန် ဟာ ဒေါသတကြီး ထိုးချလိုက်ခြင်းဖြစ်ပြီး ချန်ရှန် ကိုလည်း တော်တော် မုန်းနေပါတယ် ။ သူထိုးလိုက် သည့် လက်သီးချက်ဟာ အားမနည်းလှပေ ။ ချန်ရှန် သာ မတုန့်ပြန်နိ်ုင်ခဲ့ဘူး ဆိုပါက မသေရင်တော့ ဒုက္ခိတတော့ ဖြစ်မှာ ကျိန်းသေပါပဲ ။
တိုက်ခတ်နေသည့် သဲမုန်တိုင်းထဲမှာ လုရှန်ဟာ ထိုင် လျက် ရှိနေတာ ဖြစ်ပြီး သူ့ဆီသို့ အားပြင်းထန်သော အရာ တစ်ခု ချဉ်းကပ်လာတာကို ခံစားလိုက်ရတယ် ။ ဆရာကြီး လု ဟာ တိုက်ပွဲအတွေ့ အကြုံ ကြွယ်ဝသူ တစ်ဦးဖြစ်တာ နဲ့ အညီ လေပေါ်ကို ချက်ချင်း ခုန်တက်လိုက်ကာ ကျရောက် လာသည့် တိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်နိုင်ပါတယ် ။ မြေပြင် တစ်ခုလုံးဟာ တုန်ဟည်းသွားပြီး ချန်ရှန် ဟာ အပေါ် မှမိုးပြာရောင်ဓားဖြင့် ခုတ်ပိုင်းလိုက်တာကို လုရှန် မြင်တွေ့ လိုက်ရပါတယ် ။ သူသာ အလျင်အမြန် မရှောင် တိမ်းနိုင်ဘူး ဆိုပါက နှစ်ပိုင်း ပြတ်သွားမှာ အမှန်ပါပင် ။
ချန်ရှန် ၏ ပြင်းထန်လှသော ခုတ်အားကြောင့် မြေပြင် ပေါ်တွင် အရာကြီး ဖြစ်ပေါ်သွားကာ လျိုမြောင်ကြီး တစ်ခု လိုပါပဲ ။ သူ၏ ဓားခုတ်ချက် လွဲသွားပြီ ဆိုတာကို သိတာနဲ့ ချန်ရှန် ဟာ လျင်မြန်စွာပင် ပြန်လှည့်လိုက်ပြီး လုရှန်ရှိရာ သို့ ခုန်လိုက်ပါတယ် ။ ချန်ရှန် ၏ တုံ့ပြန်မှုဟာ အလွန်လျင် မြန်ပြီး အာရုံခံနိုင်မှုစွမ်း ဒီလောက်ထိ မြင့်မားလိမ့်မယ် လို့ ချန်ရှန် မမျှော်လင့်မိပါ ။
“ဟက်”
ချန်ရှန် ခပ်လှောင်လှောင် ရေရွတ်လိုက်မိတယ် ။ မိုးပြာ နဂါး ဓားမှ မိုးပြာနဂါး ချီဓာတ်များဟာ များပြားစွာ ထွက်ပေါ်နေလျက် ရှိတယ် ။ လျှပ်စီးသံများ တဖျစ်ဖျစ် မြည် လျက် လျှပ်စီးလှိုင်းတွေလည်း ထွက်ပေါ်လျက်ရှိနေတယ်။ ကောင်းကင်တခွင်လုံးမှာလည်း မှောင်မည်းလာပြီး လျှပ် စီးများ လက်နေပါတယ် ။ကျယ်လောင်လှသော မိုးခြိမ်းသံ များကြောင့် ဆူညံနေပြီး ထိုအချိန်မှာပဲ ချန်ရှန်ဟာ သူ့ဓား ကို ကောင်းကင်ပေါ်သို့ မြောက်တင်လိုက်တယ် ။ လျှပ်စီး များ တဖြတ်ဖြတ် လက်နေရာမှ ရုတ်တရက်ပဲ ပြင်းထန် လှ သည့် လျှပ်စီးကြောင်းများဟာ ကောင်းကင်ပေါ်မှကျလာ ပြီး မိုးပြာနဂါး မိစ္ဆာ ဓားသွားထံသို့ စုဆုံသွားပါတော့တယ် ။
ဒါဟာ နဂါး ၇ ကောင် သတ်ဖြတ်ခြင်းကျင့်စဉ်ထဲမှ မိုး ကြိုးသွား ဖြတ်တောက်မှု တိုက်ကွက်ပါ ။ များပြားလှသော လျှပ်စီးကြောင်းများကို ဓားသွားဆီသို့ စုဆုံစေတာဖြစ်ပြီး ရန်သူအား မိုးကြိုးပစ်သလိုအဟုန်ဖြင့် ထိမှန်စေမှာပဲ ဖြစ်ပါ တယ် ။
ထိုအချိန်မှာ ချန်ရှန် ဟာလည်း လျှပ်စီးစွမ်းအားများ ကို သူ၏ ကိုယ်မှ စုပ်ယူလိုက်တယ် ။ သူသာ ထာဝရမိစ္ဆာ ခန္ဓာ ကိုယ် အဆင့် ၂ သို့ မရောက်သေးဘူး ဆိုပါက ဒီလိုမျိုး ပြင်း ထန်လှသည့် လျှပ်စီးကြောင်းအားမျိုးကို ခံနိုင်မည် မဟုတ် ပေ ။ ထို့နောက်မှာတော့ ချန်ရှန်လည်း လုရှန် ရှိသည့် နေ ရာသို့ အာရုံခံကာ လျင်မြန်သော အရှိဖြင့် ဓားကြီးအား မြောက်ရင်း ပြေးသွားပါတော့တယ် ။
ကြောက်မက်ဖွယ် လျှပ်စီးများ တဖြတ်ဖြတ်လက်နေ သည့် မိုးပြာနဂါး ဓားကြီး ၏ စွမ်းအားဟာ အလွန်ကြီးမား လှပါတယ် ။ ချန်ရှန် ၏ ကိုယ်မှ စုပ်ယူထားသော လျှပ်စီး ဓာတ်များဟာလည်း ပေါက်ကွဲထွက်လာကြပြီး သူ၏ လက် မှ တဆင့် မိုးပြာနဂါးဓားကြီးအတွင်းသို့ စီးဝင်တာကြောင့် ဓားကြီး၏ စွမ်းအားဟာ အနှိုင်းမဲ့ ဖြစ်လို့နေပါပြီ ။
ကမ္ဘာမြေကြီးပင် တုန်ခါစေနိုင်သော မိုးကြိုးပစ်သံလို အသံများဟာ ရှီမန်တစ်မြို့ လုံးကိုတောင် ဖုံးလွှမ်းသွားကာ နေ့ ခင်းကြောင်တောင်မှာပင် အလွန်ကြောက်မက်ဖွယ် ကောင်းနေပါတော့တယ် ။
“ခွေးအိုကြီး ၊ ကျွန်တော်ပြောခဲ့သလိုပဲ အဆ ၁၀၀ မက ပြန်လည် ပေးဆပ်စေရမယ်”
ချန်ရှန် စိတ်တွင်း အော်ဟစ်လိုက်ပြီး သူ၏ မိုးပြာနဂါး ဓားကြီးအား မိုးကြိုးပစ်သလိုပင် လုရှန် ဆီသို့ ခုတ်ချလိုက် ပါ တော့တယ် ။ ခုတ်ချပြီးသည်နှင့်တပြိုင်နက် လျှပ်စီး များ ဟာ ပေါက်ကွဲထွက်လာပြီး လုရှန်ကို အစိတ်စိတ်အမွှာမွှာ ပင် ဖြစ်သွားစေပါတယ် ။ ထိုသို့ အနှိုင်းမဲ့လှသည့် မိုးပြာ နဂါး ဓားခုတ်ချက်ဟာ မြေကြီးကို ထိုးခွဲသွားစေတာကြောင့် အလွန် ကြောက်မက်ဖွယ်အသံကြီး မြည်ဟည်းကာ ဒေါသ ထွက်နေသော နဂါးကြီးတစ်ကောင် မြေကြီးထဲသို့ တိုးဝင် ခွဲပစ်လိုက်သလိုပင် မြေပြင်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကို ဖြစ်သွားပါတယ် ။ ဒီလိုရိုက်ခတ်မှုကြောင့် ခပ်လှမ်းလှမ်း ရှိ တောင်နရံကြီးမှာပင် လိုဏ်ခေါင်းလို အပေါက်အကြီးကြီး ဖြစ်ပေါ်သွားစေပါသေးတယ် ။
နေအလင်းရောင် တောင်ကြားဟာ စစ်မှန်သော သိုင်း ပညာ အဆင့် ၆ အောက်ရှိ ပညာရှင်များ အတွက်သာ တိုက်ခိုက်ခွင့် ပြုထားတာပါ ။ ဒီအဆင့် နှင့် အထက် တိုက် ခိုက်မည် ဆိုပါက တိုက်ခိုက်မည့် လူများဟာ သက်ဆိုင်ရာ သက်ကြီး ပညာရှင်ထံမှာ ခွင့်ပြုချက်ယူရမှာဖြစ်ပြီး ယခု အခါ ချန်ရှန် ဟာ လောင်ဆုရီ၏ ထောက်ပံ့ပေးမှုဖြင့် အဆင့် ကိုး ပညာရှင်အလား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
လူအများစု ဟာ တောင်ကြားထဲ ဘာတွေဘယ်လို ဖြစ် သွားလဲဆိုတာကို မမြင်နိုင်ကြပါ ။ သို့သော်လည်း ချန်ရှန် ဟာ အဆုံးသတ် တိုက်ကွက် ပြုလုပ်လိုက်တယ် ဆိုတာကို တော့ ခန့်မှန်းမိနေကြတယ် ။ အမြင်အာရုံစူးရှလှသည့် စစ်မှန်သော သိုင်းပညာရှင်များကတော့ ချန်ရှန် ၏ စွမ်းအင် ကို ရှင်းလင်းစွာ မြင်တွေ့ ခဲ့ကြပါတယ် ။ သူတို့ဟာ ဒီလို အလွန် စွမ်းအားကြီးစွာ တိုက်ခိုက်မှုကြောင့် အလွန် ပင် တုန်လှုပ်သွားပြီး ကိုယ့်ကိုကိုယ်ပင် ရှက်စိတ်ဝင်မိကြသလို ခံစားလိုက်ကြရတယ် ။
တောင်ကြားရှိ သဲများဟာ တဖြည်းဖြည်း လွင့်ပြယ် လာပါပြီ ။ လူတိုင်းဟာ ချန်ရှန် တောင်ကြားမှာ ရပ်နေပြီး သူ ၏ ဓားကြီးကိ်ု ဆုပ်ကိုင်ထားတာ မြင်လိုက်ကြရတယ် ။ ခပ်လှမ်းလှမ်းရှိ တောင်မှာလည်း ဟောင်းလောင်းပေါက် ကြီး ဖြစ်နေလျက် လိုဏ်ခေါင်းတူးထားသလိုပင် ဖြစ်နေပါ သေး တယ် ။
ချန်ရှန် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိတယ် ။ သူအလွန်ပဲပင်ပန်းနေပြီ ဖြစ်သော်လည်း အလွန်အမင်း ကို စိတ်လှုပ်ရှားနေတုန်းပါ ။ ခုနက တိုက်ခိုက်မှုများကို လောင် ဆု ရီ ဟာ အကူညီပေးထားပေမယ့်လည်း ဒီလိုရ လဒ်ကြောင့် သူအလွန်ပင် ကျေနပ်နေမိပါတယ် ။
ရှင်းလင်းစွာ မြင်လာရပြီ ဖြစ်တယ့် အတွက် ကြည့်ရှု နေသည့် လူတိုင်းဟာ မိန်းမောလျက် ဆွံ့ အနေကြပါတယ်။ ပိုမိုပြီး သူတို့ကို ထိတ်လန့် အံ့သြစေသည့် အချက်ကတော့ လုရှန်ကို လုံးဝ မတွေ့ ရှိရတော့ပဲ တူးခြစ်နေသည့် အပိုင်း အစ အချို့ မြေပြင်ပေါ် ပြန့်ကျဲနေတာကိုသာ တွေ့ ရှိခဲ့ကြ ပါတယ် ။
လုရှန် ဟာ ချန်ရှန် ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ ပြီလော . . .
လုရှန် ဟာ သက်ကြီးခြံဝန်းမှ ဖြစ်ပြီး စစ်မှန်သော သိုင်း ပညာနယ်ပယ် အဆင့် ၉ မှ ပညာရှင် ဖြစ်ပါတယ် ။ လူအ များ၏ လေးစားခြင်းကို ခံရပြီး အလွန် ဂုဏ်ရှိန်ကြီးလွန်းသူ ကြီးဟာ ယခုအခါအပိုင်းပိုင်းအစစ ဖြစ်သွားရပါပြီ ။
ချန်ရှန် ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ သက်ကြီး ပညာရှင် တစ်ဦးအား တကယ်ပဲ သတ်ဖြတ် လိုက်တာပါ ။ သူ ဘယ်လိုများ လုပ်ခဲ့တာပါလိ့မ် . . .
သူ၏ အဆင့် ဟာ စစ်မှန်သော သိုင်းပညာရှင် အဆင့် ၉ နှင့် တူညီနေပါသလား . . .
စသော ဒွိဟ အတွေးများဟာ လူတိုင်းကို ခေါင်းရှုပ် သွားစေပါတယ် ။ လုဇန်းနန် ကို သတ်တာဟာ မထူးဆန်း ပေမယ့် လုရှန်လို လူမျိုးအား သတ်နိုင်သည် ဆိုတာဟာ သူတို့ အတွက် မယုံကြည့်နိုင်စရာပါပင် ။ ဒါပေမယ့်လည်း ခုနက ရက်စက်ပြင်းထန်လှသော မိုးကြိုးသွား တိုက်ကွက် ကို မြင်တွေ့ လိုက်ကြရတာကြောင့် သူတို့အားလုံး မယုံ ကြည်လို့ မရတော့ပါချေ ။
တောင်ကြားတစ်ခုလုံးဟာ တိတ်ဆိတ်လို့နေတယ် ။ ခဏအကြာမှာတော့ ဆူညံလာပြီး ပွက်လောရိုက်ကုန်ကြ ပါ တယ် ။ သူတို့ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မည် မဟုတ် သော မြင်ကွင်း နှင့် အဖြစ်အပျက်ပါပဲ ။
“ဒီတစ်ခါတော့ သူ ဒုက္ခရောက်ပြီ ၊ သက်ကြီးပညာရှင် တစ်ယောက်ကို သတ်တာဟာ အတော်ပဲ အပစ်ကြီးတယ် ကွ”
“ချန်ရှန် က အတော်စွမ်းအားကြီးတဲ့ ကောင်ပဲ ၊ အခု သူ့ကို ဘယ်လိုလူမှ ရန်သွားစရဲတော့ မှာ မဟုတ်ဘူး”
“တကယ်ကိုပဲ သလင်းကျောက် ၁၀ သန်း ဆုငွေ ထုတ် ခံရအောင် ကို တန်ပါတယ် ။ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းဒီလောက်ကြီးတာ အံ့သြစရာပဲ”
“ဒီ ဓားကြီးဟာ လေးနက်အဆင့် လက်နက်တစ်မျိုး ပဲ ဖြစ်ရမယ်”
လူတိုင်းဟာ အမျိုးမျိုး ထင်ကြေး ပေးနေကြပါတယ် ။ ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင်တို့ဟာ ချန်ရှန် ၏ သူငယ် ချင်း ကောင်းများ ဖြစ်ကြပေမယ့်လည်း ယခုအခါ သူတို့ လည်း ဆွံ့အလျက် ချန်ရှန်ကို လန့်နေမိကြပါတယ် ။ အရင် က သူတို့ဟာ သူတို့နဲ့ ချန်ရှန် ၏ သိုင်းပညာကွာခြားချက် ဟာ သိပ်မကြီးလောက်ဟု ထင်ထားကြပေမယ့်လည်း ယခု အခါမှာတော့ သူတို့ဟာ ကောင်းကင် နဲ့ မြေကြီးလောက် ကွာတယ်လို့ ကို ခံစားမိလိုက်ကြပါတယ် ။
“ဘယ်လို ဖြစ်တာလဲ”
ဆရာကြီး ဝု ခပ်လှမ်းလှမ်း မှ ပျံသန်းလာပါတယ် ။ ခုန က ကျယ်လောင်လှသော မိုးကြိုးပစ်သံများဟာ ပတ်ဝန်း ကျင် တစ်ခုလုံးကို ရိုက်ခတ်သွားတာကြောင့် အဆင့်မြင့် ပညာရှင်ကြီးများကို အနှောက်အယှက်ပေးသလို ဖြစ်သွား ပါတယ် ။ သူတို့ စိတ်ထဲမှာလည်း အတော်လေး အံ့သြသွား မိကြတယ် ။
ဂုဒွန်ချန် ၊ ဆေးဆရာမကြီး နှင့် တခြား လူကြီးများလဲ မကြာမီ ရောက်ရှိလာကြတယ် ။ သူတို့အားလုံးဟာ သက် ကြီး ခြံဝန်းမှ ဖြစ်ပြီး တချိန်တည်းမှာပင် တခြားသော စွမ်း အားကြီး ပညာရှင်များဟာ ပျံသန်းလာနေကြပါတယ် ။ သူ တို့ ရောက်ရှိလာတယ့်အခါ တောင်ကြားတစ်ခုလုံးဟာ ကြောက်မက်ဖွယ် အငွေ့ များဖြင့် ဖုံးလွှမ်းလျက်ရှိပြီး ထို အဆင့်မြင့် ပညာရှင်များဟာ သူတို့ကိုယ်တိုင်ပင် တိုက်ခံ ရမှာကို ကြောက်တာကြောင့် ချီအကာအကွယ်များကို ပြု လုပ်လိုက်ကြတယ် ။
ကြည့်ရှုနေသည့် လူများကြားမှ မော်တယ်အဆင့် ပညာရှင်များဟာလည်း ကြောက်ရွံ့ မှုကြောင့် မြေပေါ်တွင် ငုံ့နေကျဆဲပါ ။
“ဘာလို့ မင်းပဲ ဖြစ်နေရတာလဲကွာ”
ဂုဒွန်ချန် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ချန်ရှန် ကို စိတ်ညစ်ဟန်ဖြင့်ကြည့်ကာ ပြောလိုက်ပါတော့ တယ် . . . ။