Chapter – 195 နှစ်ယောက်တစ်ယောက်
လုဇန်းနန်ရဲ့ ခြေကျင်းဝတ်ဟာ ကျိုးသွားရပြီး အတော် ကို နာကျင်ရတယ့် ခံစားမှုပါ ။ သူအတော် ဒေါသထွက် သွားပြီး ပြင်းထန်သော ပုံဆောင်ခဲတစ်ခုကို ချန်ရှန်ဆီ ပစ် လွှတ်လိုက်ပါတယ် ။ လုဇန်းနန် ဟာ သူ၏ အားအင်များ အကုန်လုံး ပါဝင်သော ပုံဆောင်ခဲကို ချန်ရှန် ခေါင်းအား ခုတ်ချလိုက်တာပါ ။
ချန်ရှန် ၏ တုံ့ပြန်မှုကလည်း အံ့မခန်းပါပင် ။ သူ၏ လက်ကို မြောက်ကာ လုဇန်းနန် ၏ လက်သည်းချက် အား ကြိုဆိုလိုက်တယ် ။ နှစ်ခု ရိုက်ခတ်သံဟာ အလွန်ပင် ကျယ်လောင်လှပြီး မြေပြင်တစ်ခုလုံး တုန်ဟည်းလျက် တောင်တွေပင် လှုပ်ခါသွားရပါတယ် ။
လုဇန်းနန် ၏ စူးစူးဝါးဝါး အော်သံကြီး ထွက်ပေါ်လာ တယ် ။ သူ၏ ကြီးမားလှသော လက်ကြီးမှာ သွေးများ ဖြင့် ဖုံးလွှမ်းသွားပါတယ် ။ ချန်ရှန် သူ၏ လက်အား ခုနက ဆန့် ထုတ်လိုက်တာဖြစ်ပြီး သူ၏ နူးညံ့သော အငွေ့ လက် ချောင်းအား သုံးကာ ကောင်းကင်ဖြိုပုံဆောင်ခဲ တိုက်ကွက် ကိုပါ အသုံးပြုလိုက်တာဖြစ်ပါတယ် ။ ဒီလို မြေကြီးအဆင့် သိုင်းစွမ်းရည်ကြောင့် လုဇန်းနန် ၏ လက်ဟာ ကျိုးကြေ သွားရပြီး ကြောက်စရာ စွမ်းအားပြင်းထန်လှသည့် ချီဓာတ် များမှာလည်း လက်မှတဆင့် ကိုယ်အတွင်းသို့ ၀င်သွားပါ တော့တယ် ။
ဒီလို ကြောက်မက်ဖွယ် စွမ်းအားပြင်းထန်လှသည့် ချီ ဓာတ်များမှာ လုဇန်းနန် ၏ လက်အတွင်း တဆစ်ဆစ်ဖြင့် အရိုးများအား ကျိုးကြေကုန်စေလျက် တွဲလောင်းကျကာ အသုံးမ၀င်သော လက်အဖြစ်သို့ ရောက်ရှိသွားပါတော့ တယ် ။
ချန်ရှန် ဟာ လုဇန်းနန်၏ တိုက်ကွက်ကို တိုင်မင်ကိုက် စွာ ဖြင့် တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ လုဇန်းနန် ၏ လက်နှင့် ခြေထောက်အား သုံးမရအောင် ကျိုးကြေသွားစေပါတယ် ။ လုဇန်းနန်မှာတော့ စူးစူးဝါးဝါး အော်ဟစ်ရင်းဖြင့်သာ ပိုမိုဒေါသထွက်လျက် ရှိနေတယ် ။ သူ၏ ကျန်ရှိနေသေးသော ခြေတစ်ချောင်းကို အမှီပြုကာ ချန်ရှန် ဆီသို့ ခုန်သွားတယ် ။ သူ၏ ကြီးမားချွန်ထက်လှ သော မိစ္ဆာလက်သည်းကြီး ငါးချောင်းဖြင့် အမည်းရောင် ချီငွေ့များထွက်ကာ ချန်ရှန် သို့ ပြင်းထန်စွာ ခုတ်ချလိုက်ပါ တယ် ။
ချန်ရှန် မရှောင်တိမ်းပါပေ ။ သူလည်း သူ၏ မိုးပြာနဂါး ချီဓာတ်တွေအား ကိုယ်တွင်းလည်ပတ်စေလျက် လက်တစ် ခုလုံးမှာ စီးဆင်းစေလိုက်တယ် ။ ထို့နောက်မှာတော့ မိုးပြာ နဂါး လက်သည်းကြီးများ အဖြစ် ပြောင်းလဲလိုက်ပါတော့ တယ် ။
မိုးပြာနဂါး လက်သည်း နှင့် အမည်းရောင်နဂါးလက် သည်း တို့ဟာ အချင်းချင်း ရိုက်ခတ်သွားကြတယ် ။ သို့ သော်လည်း ချန်ရှန်ဟာ သူ၏ မိုးပြာနဂါး ချီဓာတ်အားလုံး ကို အသုံးပြုပြီး ထုတ်လွှတ်လိုက်တာကြောင့် သူ၏ တိုက် ခိုက်မှုဟာ လုဇန်းနန် နှင့် ယှဉ်ပါက အလွန်ပင် ကွာခြားလှ ပါတယ် ။
လက်သည်းတွေ ရဲ့ ရိုက်ခတ်မှုကြောင့် တောင်ကြား တစ်ခုလုံးဟာ ထပ်မံ လှုပ်ခါ သွားရပြန်ပါပီ ။ ကျယ်လောင် လှသော အသံများဟာလည်း တဆက်တည်းထွက်ပေါ်လာ ပြီး လုဇန်းနန် ၏ သွေးပျက်မတတ် ငယ်သံပါအောင် အော် လိုက်သော အသံကိုပါ ကြားလိုက်ကြရပါတယ် ။ သူ၏ လက် တစ်ချောင်းလုံးမှာ ပျောက်ကွယ်သွားပြီး ချန်ရှန် ၏ မိုးပြာနဂါး လက်သည်းဟာ သူ၏ လမ်းကြောင်းမှာ ရှိတဲ့ အရာအားလုံးကို ပြတ်သွားစေပုံပါပဲ ။
လုဇန်းနန် သူ၏ မူလပုံစံကို ပြန်ပြောင်းသွားပါပြီ ။ ချန် ရှန် ခုနကသာ သူသေချာဂရုမစိုက်ခဲ့ပါက သေချာပေါက် လု ဇန်း နန် ၏ လက်သည်းချက်ဖြင့် အသက်ဆုံးရမည် ကို တော့ ၀န်ခံရပေလိ့မ်မည် ။ လုဇန်းနန် လူတစ်ဝက် သားရဲ တစ်ဝက် ဖြင့် ရှိနေစဉ်မှာ သူဟာ အားအင်များပိုမိုကောင်း မွန် လာပြီး အမြန်နှုန်းမှာလည်း ကြောက်မခန်း လိလိပါပင် ၊ အထူးသဖြင့် ပြင်းထန်လှသည့် ပေါက်ကွဲအားမှာ ချန်ရှန် ကိုပင် မျက်ခုံးလှုပ်စေခဲ့ပါတယ် ။
“ချန်ရှန် . . . မင်း . . . မင်း စစ်မှန်သော သိုင်းပညာ နယ်ပယ် အဆင့် ၂ ပဲလား”
လုဇန်းနန်ရဲ့ အမူအရာဟာ ကြောက်ရွံ့ မှုကြောင့် တုန် လျက်ရှိနေပြီး တစ်ကိုယ်လုံးလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေ ပါတယ် ။
လုဇန်းနန် ဟာ သူ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၂ သို့ ၀င်ရောက်နိုင်ခဲ့ပြီး မိစ္ဆာနဂါး သိုင်းကိုလည်း တတ်ကျွမ်းနေတာကြောင့် ဒီတစ်ကြိမ်တော့ ချန်ရှန် သူ့ကို မခြိမ်းခြောက်နိုင်ဟု ယုံကြည်ခဲ့တာပါ ။ ချန်ရှန် လည်း အဆင့် ၂ ရောက်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး ။ ဒါ့ အပြင် ချန်ရှန် မှာက မိုးပြာနဂါးဓားသွားလည်း ရှိတာကြောင့် ၎င်း၏ အားမှာ အလွန်ကြီးပြီး စစ်မှန်သော သိုင်းပညာ နယ်ပယ် မှ အဆင့် ၃ ပညာရှင်ကိုပင် သတ်ဖြတ် နိုင်ခဲ့သည် မဟုတ်ပါလား ။
ရုတ်တရက် ပဲ ချီဓာတ်များဟာ ချန်ရှန် ၏ ဘယ်ဘက် လက်မှ ထွက်လာပြီး ဓားသွားတစ်လက် အဖြစ် ပြောင်းလဲ သွားပါတယ် ။ အားကောင်းလှသော ချီဓာတ်များဖြင့် ပြုလုပ်ထားတာကြောင့် ဓားသွားဟာ အလွန်ပင် ထက် လှ သည့်ဟန် ရှိပြီး တချို့ သော ဝိဉာဉ်တော်အဆင့် လက် နက်များဖြင့် ပင် နှိုင်းယှဉ်နိုင်ပါသေးတယ် ။
“ချန်ရှန် ၊ မင်း ငါ့ကို မသတ်နိုင်ပါဘူး”
လုဇန်းနန် တစ်ယောက် အထိတ်ထိတ်အလန့်လန့် ဖြင့် အလျင်အမြန်ပင် ပြောလိုက်တယ် ။
ချန်ရှန် ဟာ မျက်နာသေဖြင့် လုဇန်းနန်အား စိုက်ကြည့် လျက် ရှိတယ် ။ ထို့နောက်မှာတော့ လျှပ်စီးလို လျင်မြန် သော အရှိန်ဖြင့် လုဇန်းနန်၏ လည်ပင်းအား ပိုင်းချကာ ခေါင်းပြတ်သွားစေပါတော့တယ် ။
မျက်လုံးများပြူးလျက် ကြောက်ရွံ့ မှုများ ပြည့်နေသော လုဇန်းနန်၏ ခေါင်း မြေပြင်ပေါ်မှာ ပြတ်ကျသွားတာကို မြင် တဲ့အခါ လူတိုင်းဟာ ကြက်သီးထလောက်အောင် ကြောက် လန့်မိသွားကြပါတယ် ။ အထူးသဖြင့် စစ်မှန်သော သိုင်း ပညာနယ်ပယ် မှ ပညာရှင်တို့ဟာ မော်တယ်ပညာရှင်များ ထက် တိုက်ပွဲအခြေအနေကို ပိုမိုနားလည်ကြပြီး ချန်ရှန် ၏ စွမ်းအားက သူတို့ကို အတော်ပဲ တုန်လှုပ်စေတယ် ။
လူ ၂ သောင်းလောက်ဟာ လာရောက် ကြည့်ရှုကြ တာ ဖြစ်ပြီး သူတို့အားလုံး လုဇန်းနန် ခေါင်းဖြတ်ခံရတာ ကို မြင်တယ့် အခါ ဆူညံသွားကြပါတယ် ။ လုဇန်းနန် ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ ရှားပါး ပါရမီ ရှင်တစ်ဦး ဖြစ်ရုံမက ဆေးဆရာ တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ထင်ရှားကျော်ကြားလှသော ပြင်းထန်သော သိုင်းပညာစီ ရင်စု မှ လုမျိုးနွယ် ၏ ရတနာ တစ်ပါးပါ ။ ယခု ချန်ရှန် ဟာ လုဇန်းနန် ကို သတ်လိုက်သည့် အတွက် ချန်ရှန် နှင့် လု မျိုးနွယ် တို့၏ အမုန်းမီးတောက် ကတော့ တိုးသထက် တိုး လာမှာ အသေအချာပါပင် ။
ချန်ရှန် ကိုင်းညွှတ်ကာ လုဇန်းနန် ၏ အိတ်အား ယူ လိုက်တယ် ။
“လုဇန်းနန်”
ကျယ်လောင်လှသော အသံကြီးဟာ ခပ်ဝေး ဝေး မှ ပြန့်လွင့်လာပါတယ် ။ ချန်ရှန် ရုတ်တရက် စွမ်းအားကြီးတဲ့ ချီဓာတ်တစ်ခု သူ့ နားကို ချဉ်းကပ်လာတာ ခံစားလိုက်ရ တယ် ။ ဒါကြောင့် ချက်ချင်းပင် နောက်ကို ခုန်လိုက်တယ့် အချိန်မှာပင် လုဇန်းနန်၏ အလောင်းအနားသို့ လူကြီးတစ် ယောက် ရောက်လာပါတယ် ။
လုရှန် ပါပဲ ၊ ချန်ရှန် ကို ဆန့်ကျင် လုပ်ကြံခဲ့သော ဆရာ ကြီး ဝု ဖြစ်ပြီး ချန်ရှန် အနေဖြင့် ယခုလိုအခြေအနေ မှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ပါ ။
“ချန်ရှန် ၊ ဒါ မင်းလုပ်တာလား”
လုရှန် ချန်ရှန် မျက်နှာအား စေ့စေ့ကြည့်ကာ ဒေါသတ ကြီး ပြောဆိုပါတယ် ။
“သူ နဲ့ ကျွန်တော် က ခေါင်းဖြတ်ကြေး လောင်းထား တာ လေ ၊ သူရှုံးတယ် ၊ ဒါကြောင့် ကျွန်တော်က ဖြတ်တာ”
ချန်ရှန် ခပ်အေးအေး ပဲ ပြန်ဖြေလိုက်တယ် ။ တချိန် တည်းမှာပင် သူ၏ ချီဓာတ်များအား ကြိတ်ပြီး စုဆောင်းနေ လိုက်ပါတယ် ။ လုရှန် ၏ ရုတ်တရက်တိုက်ခိုက်မှုအား ကာ ကွယ်ရန်ပါ ။ ဘယ်လိုပဲဖြစ်ဖြစ် လုရှန် ဟာ သူ့ထက် အဆ ပေါင်းများစွာ စွမ်းအားကြီးတယ် ဆိုတာ အသိသာကြီးပါပဲ။
လုရှန် ချန်ရှန် အား မီးဝင်းဝင်း တောက်သော မျက်လုံး များဖြင့် ကြည့်ကာ –
“ချန်ရှန် ၊ မင်းဟာ ငါတို့ မျိုးနွယ်ရဲ့ နေကိုးစင်း မီး တောက် သစ်သီး နဲ့ တကွ တည်ဆောက်ရေးဆေး သုံးလုံး ကိုပါ အနိုင်ရရှိပြီးပြီလေ ။ ဘာလို့ ဒီလိုမျိုးထပ်လုပ်ရတာလဲ ၊ မင်း က အကြောင်းပြချက် မရှိပါပဲနဲ့ ငါတို့ လုမျိုးနွယ်ရဲ့ ရှားပါး ပါရမီရှင် တစ်ယောက်ကို သတ်ပစ်တယ်”
“ဟားး ဟားးး ဟားးး”
ချန်ရှန် ရုတ်တရက် ရယ်မောလိုက်တယ် ။
“ခွေးအိုကြီး ၊ ခင်ဗျားလဲ အကြောင်းရင်းမှန်ကို သိပြီးပြီ မလား ၊ ဒါတောင်လာပြီး ဟောင်နေတယ် ။ သူက ကျွန်တော့်ကို အရင်စိန်ခေါ်တာ နောက် ကျွန်တော် နဲ့ ခင် ဗျားတို့ လုမျိုးနွယ်ရဲ့ အထုံးက ဘယ်တော့မှ ပြေမှာ မဟုတ် ဘူး”
“နောက်ဆုံး တစ်ခေါက်က ကျွန်တော် ပြင်းထန်သော သိုင်းပညာဂိုဏ်းက ထွက်သွားတုန်း အဆင့် ၂ ပညာရှင် ၂ ယောက်ကို လွှတ်ပြီး ကျွန်တော့ကို လုပ်ကြံခဲ့တာ ခင်ဗျား တို့ လုမျိုးနွယ် ပဲ ။ ကံကောင်းလို့ ကျွန်တော့မှာ လက်နက် ကောင်းရှိနေတာကြောင့် ဒီကောင် ၂ ကောင်ကို သတ်နိုင် ခဲ့တယ်”
ဒါကို ကြားလိုက်တယ့်အခါ လုရှန် ရဲ့ ရင်တွေ တုန် သွားပါတယ် ။ လုမျိုးနွယ် ၏ အဆင့် ၂ ပညာရှင် ၂ ဦးမှာ ချန်ရှန် ကြောင့် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား ။ ဒါကပဲ လုရှန် ဒေါသကို ပိုမိုထွက်စေခဲ့တယ် ။
လုရှန်၏ တုန်လှုပ်နာကျင်နေဟန်ကို ကြည့်ရင်း ချန်ရှန် ဆက်ပြောပြန်တယ် ။
“ခင်ဗျားတို့ လုမျိုးနွယ်က အဲဒိတုန်းက လောင်းကြေး ကို မပေးချင်ဘူးလေ ။ ဒါကြောင့်ပဲ ကျွန်တော့်ကို ထပ်ခါ တလဲလဲ လုပ်ကြံခဲ့တယ် ။ ဒီလို လူလွှတ်သတ်တာနဲ့ မကျေ နပ်ပြန်ပဲ ခင်ဗျားကိုယ်တိုင်ပဲ ကျွန်တော့ကို ဒဏ်ရာအကြီး အကျယ် ရစေပြီး ငရဲချောက်ကမ်းပါးထဲ တွန်းချခဲ့ပြန် တယ် ၊ ကံကောင်းလို့ ခုလို ပြန်လာနိုင်ခဲ့တာ”
“ချန်ရှန် ငါ့ကို ပေါက်ကရ စွပ်စွဲချက်တွေ လာမလုပ်နဲ့ ၊ ငရဲချောက်ကမ်းပါးထဲ ပြုတ်ကျပြီး အသက်ရှင်လျက် ပြန် လာခဲ့တယ်ပေါ့ ၊ မင်းမှာ သက်သေရှိမှပြောပါကွာ”
လုရှန် က ပြန်ပြောပါတယ် ။
သူ၏ အသံမှာ ကျယ်လောင်နေသောကြောင့် လူအား လုံးဟာ ကြားသွားကြတယ် ။ အားလုံးဟာ အံ့အားသင့် သွားကြပါတယ် ။ သို့သော်လည်း အများစု ဟာ ချန်ရှန် ကို သင်္ကာမကင်း ဖြစ်နေကြတယ် ။ ငရဲ ချောက်ကမ်းပါးထဲ ကျ သွားသည့် မည်သူမဆို ပြန်မတက်လာနိုင်တာ အမှန်ပင် ဖြစ်လို့ပါပဲ ။
ချန်ရှန် လည်း လုရှန်ဟာ အသက်ကိုသာ အသေခံမှာ ဖြစ်ပြီး အမှန်ကို မပြောလောက်ဘူးဆိုတာ သိတာကြောင့် ခပ်လှောင်လှောင်ပဲ ပြောလိုက်တယ် ။
“ခင်ဗျားတို့ လုမျိုးနွယ် က ပါရမီရှင် အလောင်းကို သယ်ပြီးသွားတော့ ၊ သူ့သေတွင်း သူလာတူးတာပဲ”
လုရှန် ရင်ထဲမှ ဒေါသ ဟာ ရေဆူမှတ်သို့ ရောက်ရှိ သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။
“ချန်ရှန် ၊ မင်းဟာ ငါတို့ လုမျိုးနွယ်ကို ထပ်ခါထပ်ခါ ရန်စနေတာပဲ ။ မင်းဟာ လုဇန်းနန်ကို ဉာဏ်နီဉာဏ်နက် သုံးပြီး တိုက်ခိုက်ခဲ့ရုံမက ငါတို့ လုမျိုးနွယ်ကိုလည်း စွပ်စွပ် စွဲစွဲ တွေ ပြောဆိုတယ် ။ ငါမင်းကို သတ်မယ် ၊ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တော့ဘူး”
လုရှန် စိတ်ထဲ ဘယ်လိုမှ မခံစားနိုင်တော့ပဲ ချန်ရှန် ဆီသို့ ခုန်လာပါတယ် ။ သူ၏ ပြင်းထန်လှသော ချီဓာတ် များအား လက်တွင် စုဆုံစေလျက် လက်သီးတစ်ချက် ပစ် သွင်းလိုက်တယ် ။ လက်သီးလားရာနှင့် အတူ မြေကြီးများ ပါ အက်ကွဲလာပြီး လေပြင်းများလည်း တိုက်ခတ်လာပါ တယ် ။
ဒါဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၉ ပညာရှင် ၏ အားဖြစ်ပြီး ချန်ရှန် ၏ တိုက်ခိုက်မှုထက် အဆ ပေါင်းများစွာ ပြင်းထန်ပါတယ် ။
လုရှန် ၏ ကြောက်မက်ဖွယ် လက်သီးချက်ကြီး လာနေ တာကို ကြည့်ရင်း လူတိုင်းဟာ ချန်ရှန်တော့ မျှော်လင့်ချက် မရှိတော့ပဲ သေလောက်မယ်ဟု ယုံကြည်နေကြတယ် ။ သူတို့ ထင်သလို လက်သီးချက်ကြောင့် ချန်ရှန် အစိတ်စိတ် အမွှာမွှာ မဖြစ်သွားပဲ တုံ့ပြန်တိုက်ခိုက်လိုက်တာကို မြင် လိုက်ကြရပါတယ် ။ သူ၏ တိုက်ခိုက်မှုဟာ လျင်မြန်လှပြီး အလွန်လည်း စွမ်းအားကြီးပုံပါပဲ ။ချီဓာတ်ပေါက်ကွဲမှုများ လည်း လိုက်ပါလျက် ချန်ရှန် ၏ လက်သီးချက်ဟာလည်း လေပြင်များနှင့် အတူ လမ်းကြောင်းရှိ အရာအားလုံးအား အမှုန့် ဖြစ်သွားစေပါတော့တယ် . . . ။