Chapter – 194 မိစ္ဆာနဂါးသိုင်းကျင့်စဉ်
ချန်ရှန် ဒီစကားကို ကြားတယ့်အခါ မဲ့ပြုံးတစ်ချက် သူ ၏ နှုတ်ခမ်းမှာ ပေါ်သွားပါတယ် ။ ဒီလို နဂါးသိုင်းစွမ်းရည် တွေကို သူလုံးဝ မကြောက်ရွံ့ မိပါ ။ အဘယ်ကြောင့် ဆို သော် သူဟာ ဒီလိုနဂါးစွမ်းရည်တွေထဲကမှ အစွမ်းဆုံးဖြစ် သည့် ထိုက်ကျိနတ်နဂါးကျင့်စဉ်ကို ပိုင်ဆိုင်ထားသည် မ ဟုတ်ပါလား ။ ဒီ ထိုက်ကျိ နတ်နဂါး ကျင့်စဉ်၏ လေးနက် မှုကို နားလည်လာတာနဲ့ အမျှ တခြားနဂါးသိုင်းစွမ်းရည် တွေကို မကြောက်ရွံ့ တော့သည်သာ မက နဂါးကျင့်စဉ် အသစ်တွေကိုပါ ပြုလုပ်နိုင်နေပါတယ် ။
မနေ့နေ့လည် ကတည်းက ဇုရွန်ဟာ တစ်ညလုံး စုံစမ်း နေ တာ ဖြစ်ပါတယ် ။ သူဘာလို့ လုဇန်းနန် တစ်ယောက် ယုံကြည်ချက်တွေ ရှိလွန်းနေတာလဲ ဆိုတာကိုသိချင်နေပါ တယ် ။ ဒီလို နဂါးသိုင်းစွမ်းရည်မျိုးကို အာမခံချက် အနေ ဖြင့် ရှိနေလိမ့်မယ်လို့ ဇုရွန် မထင်မှတ်ထားခဲ့မိပါ ။ ချန်ဝူ နယ်မြေတစ်ခုလုံးမှ သိုင်းပညာရှင်များ၏ မျက်လုံးထဲမှာ ဒီ နဂါးသိုင်းစွမ်းရည်ဟာ တမျိုး ကြောက်စရာ ကောင်းနေပါ တယ် ။ ဒီစွမ်းရည် ဟာ နတ်သိုင်းစွမ်းရည်များ နဲ့တောင် တူ နေပါသေးတယ် ။
လုဇန်းနန် ဟာ ရောက်ရှိနေပြီ ဖြစ်ပြီး သူဟာ ရွှေရောင် လင်းလက်သည့် ချပ်ဝတ်တစ်မျိုးကို ၀တ်ဆင်ထားပါတယ်။ အကြည့်တစ်ချက်ဖြင့်ပင် ဒီချပ်ဝတ် ၏ အရည်အသွေးဟာ မညံ့လှဘူးဆိုတာ သိနိုင်ပါတယ် ။ ဒီလို ချပ်ဝတ်မျိုးကို ပိုင် ဆိုင်သောသူဟာ တိုက်ခိုက်မှုတွေကို အတော်အသင့် ခံ နိုင်ရည်ရှိမှာဖြစ်ပြီး တစ်ယောက်ချင်း တိုက်ခိုက်စဉ် အ တွင်းမှာလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရခြင်းမှ ကင်း ဝေးစေနိုင်မည် ဖြစ်ပါတယ် ။
“ဘုရင့်ချပ်ဝတ်ပဲ ၊ အဆင့် ၇ ဝိဉာဉ်တော် ချပ်ဝတ် တစ် မျိုး ပေါ့ ။ ဒီကောင် တော်တော် ချမ်းသာတာပဲ”
ဆူဝဲလောင် သူ၏ စွေစောင်းစောင်း မျက်လုံးဖြင့် လု ဇန်းနန် ကို ကြည့်ကာ ပြောပါတယ် ။
ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ မျှတ မှု ရှိစေရန်အတွက် လက်နက်များ အား တိုက်ပွဲ အတွင်း အသုံးပြုခွင့် မရှိပေ မယ့် အကာအကွယ် ချပ်ဝတ်တော့ ၀တ်ဆင်နိုင်ပါတယ် ။ ပြီးခဲ့သည့် တစ်ခေါက်က လုဇန်းနန်ဟာ ချန်ရှန် ကို ဆေးပ ညာမှာ ရှုံးနိမ့်ခဲ့ပါတယ် ။ သို့သော်လည်း လုဇန်းဟာ သူ၏ ခွန်အားအပေါ်မှာ ယုံကြည်ချက်ရှိနေတယ် ။ ချန်ရှန် ဟာ စစ်မှန်သော ပညာရှင် အမြောက်အများအား ဒုက္ခိတ ဖြစ် အောင် လုပ်ခဲ့သည်မှာ မှန်သော်လည်း ဒါဟာ ချန်ရှန် က ချီဓာတ်များကို အသုံးပြုနိုင်တာဖြစ်ပြီး တခြားလူများမှာ သုံး နိုင်ခြင်း မရှိလို့ပါ ။ အဲဒိနေရာမှာ သူသာဆိုလည်း ဒီလိုပဲ လုပ်နိုင်မယ် လို့ လုဇန်းနန် အနေဖြင့် ယုံကြည်နေမိတယ်။
ရှောင်ဒို နဲ့ တခြားလူများလည်း ချန်ရှန် နားမှ ပြန်လည် ထွက်ခွာသွားပြီး တောင်ကမ်းပါးယံနား မှ ပွဲကို ကြည့်ရှုရန် သွားနေပါတယ် ။ သူတို့ ပတ်ဝန်းကျင်ကို တချက် အကဲ ခတ်ကြည့်တယ့် အခါ မည်သည့် သက်ကြီး ပညာရှင် မျှ ရှိ မနေတာကို သတိထားမိလိုက်ကြတယ် ။
“ချန်ရှန် ၊ မင်းရဲ့ အပြုအမူတွေကို မင်း နောင်တရဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး ။ ဘာလို့လဲဆိုတော့ မင်း ဒီနေ့ သေမှာ မို့လို့ပဲ”
အော်ပြောနေရင်းမှပဲ လုဇန်းနန် ၏ မျက်လုံးများမှာ အနီရောင်သို့ ပြောင်းလဲ သွားပါတယ် ။ မူလက ဖြူဝင်းနေ သော မျက်နှာမှာလည်း အမည်းရောင်ချီများ အပြည့် ဖုံး အုပ်သွားပြီး အမည်းရောင် မျက်နှာကြွက်သားအချို့ လည်း ဖောင်းတက်လာတယ် ။ သူ၏ ပုံစံမှာ ကြောက်မက်ဖွယ်ရာ ပါပဲ ။
ရုတ်တရက် မိစ္ဆာချီဓာတ်တစ်ခု လုဇန်းနန် ၏ ကိုယ်မှ ထွက်လာတာကြောင့် ချန်ရှန် ခြေလှမ်း အနည်းငယ်ပင် ဆုတ်လိုက်မိတယ် ။ လုဇန်းနန်၏ ပြောင်းလဲနေသော ပုံစံ ကို ကြည့်ရင်း ချန်ရှန်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ် ။ သူ့စိတ်ထဲမှာလည်း အနည်းငယ် တုန်လှုပ်နေမိပါတယ် ။
“ဒါ မိစ္ဆာနဂါးသိုင်းစွမ်းရည် ပဲ ၊ မိစ္ဆာလမ်းကိုလိုက်တဲ့ သိုင်းပညာရှင်တစ်ဦးကနေ နဂါးသိုင်းစွမ်းရည်ကို အထူး ပြု ပြင်ထားတာဖြစ်တယ် ။ ဒီလို အမျိုးအစား နဂါးသိုင်း စွမ်းရည်ဟာ လူတွေကို အထိနာစေတယ် ။ လေ့ကျင့်တဲ့ လူ ကော ခံရတယ့်လူတွေကိုပါ အလွန်အထိနာစေမှာ ဖြစ် ပြီး စစချင်းအဆင့်မှာတော့ လေ့ကျင့်သူဟာ သူ့ကိုယ်သူ ဘာ မှ သတိထားမိမှာ မဟုတ်သေးဘူး ။ ဒါ့အပြင် ဒါဟာ သူတို့ရဲ့ စွမ်းအားတွေကို အလွန်လျင်မြန်တဲ့နှုန်းနဲ့ တိုးလာ စေတာပဲ ။ သို့သော်လည်း လေ့ကျင့်သူဟာ အဆင့်မြင့် အခြေအနေ တစ်ခုကို ရောက်တဲ့အခါ သူ့စိတ်သူ မနိုင်တော့ ပဲ အသိတရားတွေ ပျောက်ဆုံးသွားလိမ့်မယ် ၊ နောက်ဆုံးမှာ တကယ်ကို ပြင်းထန်လှတယ့် အယူမှား မိစ္ဆာ တစ်ဦးအဖြစ်ကို ရောက်သွားမှာပဲကွ”
ဘိုင်ယုယု အံ့သြဟန် ဖြင့် ပြောပါတယ် ။ ဟိုးမူလအစ ကတည်းက သူမဟာ မိစ္ဆာလမ်းကို လိုက်ခဲ့တာ ဖြစ်ပြီး ဒီလို အရာတွေနဲ့ ပတ်သက်ပြီး အလွန်ကို ရင်းနီးကျွမ်းဝင်ပါ တယ် ။
လုဇန်းနန် ၏ နဂါးသိုင်းစွမ်းရည်ဟာ ချန်ရှန်ကော ပရိတ်သတ်များကိုပါ ထိတ်လန့်နေစေပါတယ် ။ ပိုပြီး တုန် လှုပ်သွားစေတယ့် အချက်ကတော့ လုဇန်းနန် ၏ လက် များဟာ ရုတ်တရက် အမည်းရောင် အချောင်းများ အသွင် ပြောင်းသွားပြီး ဖြည်းညင်းစွာ ဖောင်းတက်လာတယ် ။ ထို မှ တဆင့် အမည်းရောင် နဂါး လက်သည်းများအဖြစ် သို့ ပြောင်းသွားကာ လက်သည်းထိပ်ဖျားဟာလည်း အလွန် ကို ရှည်လျားလှတယ် ။ ကြည့်လိုက်ရုံဖြင့် ပင် ကြက်သီးထ ဖွယ် ကြောက်ရွံ့ စရာပါပဲ ။
“ချန်ရှန် ဒါ မင်းသေရမယ့် အချိန်ပဲ”
လုဇန်းနန် ၏ အသံဟာ ကျယ်လောင်လှပြီး ဒေါသ ထွက်နေသည့် သားရဲကြီးတစ်ကောင် ပြောလိုက်သလိုပါပဲ ၊ အမည်းရောင် အကြေးခွံလို အရာများလည်း သူ့မျက်နှာ မှာ ဖုံးလွှမ်းလျက် ရှိနေပြီး အမည်းရောင် ချီဓာတ်များပြည့် လို့ နေပါတယ် ။ သူ့သွင်ပြင်နဲ့ သူ့ လက်သည်းချွန်ကြီးများ မှာ အလွန်ကြောက်မက်ဖွယ်ရာပင် ။
လုဇန်းနန် ၏ ပုံစံမှာ သားရဲလူသားကြီး အသွင်သို့ ဆောင်လျက် ရှိတယ် ။
လူတိုင်းဟာ မအီမသာ ဖြစ်ကြလျက်ရှိပြီး ကြောက် မက် ဖွယ် မိစ္ဆာ ချီဓာတ်များဟာ တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းလို့နေပါတယ် ။ချန်ရှန် ၏ စိတ်ထဲမှာတော့ ရှုပ်ထွေး လျက်ရှိနေတယ် ။
“သူ့မှာ ဘယ်လိုဆရာမျိုးများ ရှိတာပါလိ့မ် ၊ ဒီလို စွမ်း အင်ကို သင်ကြားပေးတဲ့အတွက် သူက အခုတော့ ဒီလို ဖြစ်သွားရပြီပေါ့”
ချန်ရှန် စိတ်ထဲ တွေးနေမိတာပါ ။ ထိုအချိန်မှာပဲ အမည်းရောင်အငွေ့ တစ်ခု ရုတ်တရက် သူ့ဆီသို့ ပျံသန်း လာပါတယ် ။ လေပြင်းမှာပါ ရောပါလျက်ရှိပြီး ရက်စက်လှ သည့် အင်အားဖြင့် ချဉ်းကပ်လာနေပါပြီ ။
လျှပ်စီးလက်သလိုပင် ချန်ရှန် ဟာ တစ်ဖက်ကို ရှောင် တိမ်းလိုက်ပြီး သူသာ အနည်းငယ် နောက်ကျသွားမည် ဆို ပါက နဂါးနက်ကြီး လက်သည်းများဖြင့် အပိုင်းခံလိုက်ရမှာ အသေအချာပါပင် ။ သူ့မှာ အမည်းရောင်လိပ်ချပ်ဝတ် ရှိ သော်လည်း ဒီလို ကြောက်စရာ မိစ္ဆာချီဓာတ်တွေနဲ့ ရင်ဆိုင် ရမည် ဆိုပါက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိမှာ မလွဲပါချေ။
ဒီမိစ္ဆာနဂါးသိုင်းစွမ်းရည်ဟာ လေ့ကျင့်သူအား တ ကယ့် ကိုပင် စွမ်းအားများ ကြီးထွားလာစေပါတယ် ။ ခုနက လုဇန်းနန် ဆီမှ တိုက်ခိုက်မှုကို မြင်ပြီးတာကြောင့် ချန်ရှန် သက်ပြင်းချလိုက်မိတယ် ။
ချန်ရှန် ငိုင်နေတုန်းမှာပဲ လုဇန်းနန် ဟာ လေကဲ့သို့ အဟုန်ဖြင့် ခုန်တက်သွားပြီး သူ၏ လက်သည်းများကို ထုတ်ကာ ချန်ရှန်၏ မျက်နာဆီသို့ ဦးတည်လိုက်ပါတယ် ။ ချွန်ထက်လှသည့် လက်သည်းထိပ်ဖျား ၅ ခုဟာ တဖြတ် ဖြတ်လတ်ပြီး ဓားချွန်ငါးချောင်းလိုပင် စွမ်းအားကြီး ချီဓာတ် များလိုက်ပါလျက် ချန်ရှန်ဆီသို့ တဟုန်းထိုး လာနေတယ် ။ ချန်ရှန်လည်း တခါထပ်မံ ရှောင်တိမ်းလိုက်သော်လည်း မျက်နှာသို့ ရှပ်ထိသွားသောကြောင့် သွေးများကျလာပါ တော့တယ် ။
လုဇန်းနန် ဟာ အလွန် လျင်မြန်လှတယ် ။ ချန်ရှန် ရှောင်တိမ်းလိုက်တာနဲ့ ချက်ချင်း နောက်ထပ်တိုက်ကွက် များ သုံးကာ ဆက်တိုက်တိုက်ခိုက်နေတယ် ။ ကြီးမားချွန် ထက်လှသော လက်သည်းများဖြင့် တိုက်ခိုက်နေသည် မှာ စွမ်းအားကြီး လက်နက် နှစ်ခုကို သုံးနေသလိုပါပဲ ။
ထိုအချိန်မှာတော့ ချန်ရှန် ဟာ ဘာလက်နက်မှ အသုံး မပြုနိုင်ပါဘူး ။ ခေါင်းများ ငုံ့ကာ ဖြင့်ရှောင်တိမ်းနေလျက် ရှိပြီး သူဒီလို အလွန်လျင်မြန်စွာ ရှောင်တိမ်းနေတာတောင် မုန်တိုင်းလို ပြင်းထန်လှသည့် လက်သည်းချက်များဟာ သူ့ ဆီသို့ ဆက်ကာဆက်ကာ ကျရောက်နေပါတော့တယ် ။ ရုတ်တရက် ချန်ရှန် ဟာ ကွင်းပြင်ထဲမှာပျောက်ကွယ်သွား တာတောင် လုဇန်းနန် ဟာ ချန်ရှန် ၏ တည်နေရာအား မှန် ကန်စွာ ခန့်မှန်းနိုင်နေပါတယ် ။ လုဇန်းနန် သားရဲတပိုင်းပုံ ပြောင်းသွားကတည်းက သူ၏ အာရုံငါးပါးဟာ အဆများစွာ ကောင်းမွန်သွားပြီး ၎င်းနှင့် ရင်ဆိုင်ရ အတော် ခက်ခဲစေပါ တယ် ။
လုဇန်းနန် ချီဓာတ်အများအပြားကို သူ့လက်မှာ စုဆုံ စေလိုက်ပါတယ် ။ ဒီလို လက်ဖြင့် တိုက်ခိုက်လိုက်သည့် အခါတိုင်းမှာ သူဟာ ပြင်းထန်လှသည့် အား နှင့် အဟုန်ကို စုဆုံစေနိုင်တာကြောင့် လက်သည်းကြီးများမှာ ပိုမို စွမ်း အားပြင်းထန်နေပါတော့တယ် ။
ထိုအချိန်တွေမှာ ချီလှိုင်းများ၏ တစ်ချက်စီ ရိုက်ခတ် မှု များကြောင့် မြေကြီးတွေမှာ လက်သည်းရာများဖြင့် ပြည့် လို့ နေပါပြီ ။
“ဒီကောင် ဟာ ငါ့ထက်ကို ပိုမြန်နေတာပဲ”
ချန်ရှန် စိတ်ထဲ ကြိတ်ပြီး တုန်လှုပ်နေမိတယ် ။ အနည်းငယ်မျှလေးသာ ပိုမို မြန်ဆန်နေတာ ဖြစ်ပေမယ့် လည်း ချန်ရှန် ဟာ ပြန်ပြီး တိုက်မရ ဖြစ်နေစေပါတယ် ။
လုဇန်းနန်း ၏ တိုက်ခိုက်မှုတွေ ကျရောက်တယ့် အခါ တိုင်း သူ၏ စွမ်းအင် နှင့် အရှိန်ဟာ ကြည့်ရှုနေသည့် အဆင့် ၃ အဆင့် ၄ ပညာရှင် ပရိတ်သတ်များကိုပင် ရှက် ရွံ့ မိစေပါတော့တယ် ။
ဒါပေမယ့် သူတို့ဟာ ချန်ရှန်ကို ပိုပြီးကြောက်ရွံ့ မိ ကြ တယ် ။ အဘယ်ကြောင့်ဆိုသော် ဒီလိုပြင်းထန်လှသည့် တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်နေရတာတောင် မျက်နှာမှာ ခြစ် ရာအနည်းငယ်မှအပ ဘာမျှ ကြီးကြီးမားမား မဖြစ်ပါချေ ။ ချန်ရှန် ဟာ ဒဏ်ရာ ကြီးကြီးမားမား ရရှိခြင်း မရှိပဲ သူ၏ အ သက်ရှူသံဟာလည်း ပုံမှန်ပါပဲ ။ သူ၏ မျက်နှာမှာလဲ ထိတ် လန့်တုန်လှုပ်ဟန် မရှိပဲ တည်ငြိမ်လျက်ပင် ရှိပါတယ် ။ သူ ဟာ ဖြေးဖြေးမှန်မှန်ဖြင့် လုဇန်းနန် ၏ တိုက်ကွက်များ ကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ယူနေတာပါ ။ လုဇန်းနန်ဟာ အလွန်ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်နေပေ မယ့် ချန်ရှန် ၏ ခုခံမှုဟာ ပိုမို ပြောင်မြောက်လှသည် ဟု ပြောနိုင်သည် မဟုတ်ပါလား ။
အချိန်တစ်ခုကြာအောင် တိုက်ခိုက်နေပေမယ့် အနိုင် အရှုံးရလဒ် သိသိသာသာ ထွက်ပေါ်မလာတာကြောင့် လုဇန်းနန် ဟာ စိတ်မရှည် ဖြစ်လာပုံပါပဲ ။ ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ဖြစ်ပေါ်လာပြီး လု ဇန်းနန် ၏ ကိုယ်မှ အမည်းရောင် မိစ္ဆာချီဓာတ်တွေ ထွက်ပေါ်လာပါတယ် ။ သူ၏ လက်နှစ်ဖက်အား လျင်မြန် စွာ မြောက်လိုက်ပြီး သူ၏ ပုံစံဟာလည်း ရက်စက်သည့် သွင်ပြင်ပေါက်နေပါတယ် ။တစ်ကိုယ်လုံးဟာ ဖောင်းကာ လာကာ ကြီးလာပြီး ထိုမြင်ကွင်းကို ကြည့်နေသည့် ပရိသတ် များဟာ စိတ်ထဲ တဆစ်ဆစ် ခံစားနေရတယ် ။
“မင်းခေါင်းကို ငါ လိုချင်တယ်”
လုဇန်းနန် ပုံဆောင်ခဲတစ်ခုကို ထုတ်လိုက်တယ် ။ ယခု အချက်ဟာ အရင်အချက်တွေထက် များစွာ လျင်မြန် လှပြီး ဒီလို ရုတ်တရက် အရှိန်ပြောင်းလဲသွားမှုကြောင့် ချန် ရှန် ဟာ သတိလက်လွတ်ဖြစ်သွားတယ် ။ ဒါပေမယ့်လည်း သူဟာ တိုက်ပွဲအတွေ့ အကြုံ ကြွယ်ဝသူ ပီပီ ချက်ချင်း ပင် သူ၏ ခေါင်းမှာ ရေမျက်နှာပြင် တစ်ခု ပေါ်လာပါတယ် ။ အမည်းရောင် လက်သည်းကြီးဟာ ရေမျက်နှာပြင်ကို ထိုး ခွဲ သွားပြီး ချန်ရှန်လည်း လွင့်ထွက်သွားပါတယ် ။
ချန်ရှန် လွင့်ထွက်သွားရာသို့ လုဇန်းနန်ဟာ အမည်း ရောင် အခိုးအဖြစ်သွားကာ သူ၏ လက်သည်းများဖြင့် ထပ်မံ ခုတ်ချပြန်တယ် ။
ချန်ရှန် ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးအား ချီအကာ အကွယ်တစ်ခု ပြုလုပ်လိုက်တယ် ။ ဒါဟာ အမည်းရောင် လိပ် ကျင့်စဉ်ထဲမှ အကာအကွယ် ကျင့်စဉ် တစ်မျုိးပါ ။ အ လွန်ကို စွမ်းအားကြီးလှသည့် ခုခံနိုင်အားပဲ ဖြစ်ပါတယ် ။ ထိုသို့ပြုလုပ်ပြီးသည်နှင့် မြေကြီးတစ်ဖက်သို့ လှိမ့်ချလိုက် ပါတော့တယ် ။
လုဇန်းနန်၏ ခုတ်ချမှုဟာ ချန်ရှန် ကို လွဲသွားသော် လည်း မြေပြင်တစ်ခုလုံးဟာ ထိုတိုက်ခိုက်မှုကြောင့် ကွဲ ကြေ တုန်ခါသွားရပါတော့တယ် ။
ဒီလို ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ချန်ရှန် ဟာ ရှောင်တိမ်းသွားလိုက်သည့် အတွက် လုဇန်းနန်ဟာ အလွန်ပဲ ဒေါသထွက်သွားပါတယ် ။ စူးစူးဝါးဝါး အော်သံ ကြီး ပြုလုပ်လျက် ချန်ရှန် လှိမ့်နေရာသို့ ထပ်မံ ခုတ်ချလိုက် ပြန်ပါတယ် ။
ဒီလိုမျိုး ရိုက်ချက်ကြောင့် မြေပြင်ကြီးတစ်ခုလုံးဟာ ထပ်မံ တုန်လှုပ်သွားရပြီး လုဇန်းနန် ၏ စွမ်းအား ဘယ် လောက်ပြင်းထန်လဲဆိုတာ တွေ့ နိုင်ပါတယ် ။ချန်ရှန် ၏ အောက်ရှိ မြေပြင်ဟာ ကွဲကြေပျက်ဆီးခဲ့ရပြီး ချန်ရှန် က တော့ ဘာမျှ မဖြစ်ပါချေ ။ သူ၏ အမည်းရောင်လိပ် အကာ အကွယ်သာ ကွဲကြေပျက်ဆီးသွားခဲ့ရတယ် ။
လုဇန်းနန် ၏ ရိုက်ချက်ဟာ ချန်ရှန် ကို လာနေစဉ်မှာ ပဲ ချန်ရှန် ဟာ သူ၏ လက်များကို ဆန့်ထုတ်ကာ လုဇန်းနန် ၏ ခြေကျင်းဝတ် အား ပြန်လည်တိုက်ခိုက်လိုက်တယ် ။ ရုတ်တရက် ကျိုးကြေသွားသံ တစ်ခုကို ကြားလိုက်ရပြီး လု ဇန်းနန် ၏ စူးစူးဝါးဝါး အော်သံကြီးဟာလည်း ထွက်ပေါ်လို့ လာပါတယ် ။ ချန်ရှန် ဟာ နူးညံ့သောသိမ်မွေ့ လက်ချောင်း တိုက်ကွက်ကို သုံးလိုက်တာဖြစ်ပြီး ဒီ စွမ်းရည်ဟာ ဝိဉာဉ် တော်လက်နက်တွေကို တောင် အလွယ်တကူ ချိုးဖဲ့ဖျက် စီး ပစ်နိုင်ပါတယ် ။ ယခုအချိန်မှာ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၂ ကို ရောက်ရှိနေတာ ဖြစ်ပြီး စကြာဝဠာ ချီဓာတ်များကိုလည်း ပိုင်ဆိုင်နေတာကြောင့် လုဇန်းနန် ၏ ခြေကျင်းဝတ်အား အသာအယာပင် ကျိုး ကြေသွားစေပါတော့တယ် ။
လုဇန်းနန် ၏ ခြေကျင်းဝတ် ကြေသွားသောအခါ သူ ၏ ခြေထောက် တစ်ချောင်းလုံး မှာ ဖော်မပြနိုင်သော နာကျင် ခံစားမှုမျိုး ခံစားလိုက်ရပါတယ် ။
ဒီလို ရုတ်တရက် အလွန်ကြီးမားလှသော နာကျင်မှု ကြောင့် လုဇန်းနန် သွေးများ အန်ထွက်သွားတယ် ။ သူ၏ ကြီးမားလှပြီး ဖောင်းကားနေသော ခန္ဓာကိုယ်ကြီးဟာလဲ တဖြည်းဖြည်း သေးကာ သေးကာ ဖြင့် . . . ။