Chapter – 193 ခေါင်းဖြတ်ကြေး
လုဇန်းနန် ၏ ပေါ့ဆမှုကြောင့် ၎င်း၏ မျိုးနွယ်ဟာ တည်ဆောက်ရေးဆေး သုံးလုံး နှင့် နေကိုးစင်းမီးတောက် သစ်သီးတို့အား ဆုံးရှုံးခဲ့ရတယ် ။ ဒီကိစ္စဟာ အားလုံးကို ဂယက်ရိုက်သွားစေနိုင်တယ် မဟုတ်ပါလား ။ သူ၏ ချန်ရှန် အပေါ် မုန်းတီးမှုကတော့ ပြောနေစရာလိုမည် မထင်ချေ ။
“ပြီးခဲ့တယ့် တခေါက်တုန်းက အရှုံးက မင်းအတွက် သိပ်မလုံလောက်သေးဘူး ထင်လို့လား”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ် ။ ယခုအချိန်မှာ တော့ ကွင်းထဲတွင် လူများစွာ ရှိနေကြတယ် ။ ယခုလို အချေ အတင် ပြောဆိုနေကြတာကို ကြည့်ရင်း သူတို့ဟာ ရုတ်တရက် စိတ်ဝင်စားလာကြပါတယ် ။
“သိုင်းပညာခြံဝန်းရဲ့ စည်းမျဉ်းအသစ်ထဲမှာ ပါတဲ့ အချက် တစ်ခု ရှိတယ် ။ စွမ်းရည်ခြင်း တူနေပါက စိန်ခေါ်မှု တွေကို ငြင်းခွင့်မရှိဘူးတဲ့ ။ ဒါဟာ ဂိုဏ်းသားအချင်းချင်း ပို မို သိုင်းဖလှယ် မိစေတယ်တဲ့လေ”
လုဇန်းနန် သူ လက်သီးများကို ဆုပ်လျက် ချန်ရှန် ကို အစိမ်းစားမတတ် မျက်ဝန်းများဖြင့် ကြည့်နေပါတယ် ။
လုဇန်းနန် ဟာ ချန်ရှန်ကို စိန်ခေါ်ချင်နေတာ သိသာပါ တယ် ။ သူတို့နှစ်ယောက်လုံး ဟာ စစ်မှန်သော သိုင်းပညာ နယ်ပယ်မှ ပညာရှင်များ ဖြစ်ကြတယ် ။ သိုင်းပညာခြံဝန်း ရဲ့ စည်းမျဉ်းတွေဟာလည်း ပြောင်းလဲသွားတာကြောင့် သူတို့၏ တိုက်ပွဲဟာ ဖြစ်တော့မယ် ဆိုတာ အထင်အရှားပါ ပေ ။ ဒါကြောင်ပဲ လူအုပ်ကြီးဟာ ပိုလို့ပင် စိတ်ဝင်စားလျက် ရှိကြပါတယ် ။
“မင်း သူ့ကို စိန်ခေါ်ချင်တယ် ဆိုရင် ငါ့ကို အရင်ကျော် ရမယ်”
သက်လတ်ပိုင်း အရွယ် လူတစ်ဦး လျှောက်လာကာ ရုတ်တရက် ချန်ရှန် ၏ အရှေ့ မှာ ၀င်ရပ်လိုက်ပါတယ် ။ ဒီ လိုလုပ်ရပ်ကြောင့် ချန်ရှန် သာ မက အားလုံးပါ အံ့အားသင့် သွားကြတယ် ။ ဒီသက်လတ်ပိုင်း အရွယ် လူကတော့ သာ မန်အဆင့် မဟုတ်သည့် ယောင်ဟိုင်ရှန်းပါပဲ ။ သူဟာ အရင် တခေါက်က ချန်ရှန် နဲ့ ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်သွားခဲ့ သ ဖြင့် ချန်ရှန့်ကို ဆရာတင်ခဲ့ရသူ တစ်ဦးပါ ။
“ဆ . . . ဆရာ ယောင် ၊ ခင် . . . ခင်ဗျား ဘာလို့ ဒီလို လုပ်တာလဲ”
လုဇန်းနန် ယောင်ဟိုင်ရှန်း ကို သိပါတယ် ။ လူတိုင်း ဟာ ယောင်ဟိုင်ရှန်း ဆိုတာ ချန်ရှန် ၏ တပည့်ခံခဲ့ဖူးမှန်း သိ ပေမယ့် သူတို့ဟာ ဒါကို သိပ်အတည် မယူခဲ့ကြပဲ ရယ် စရာအနေဖြင့်သာ သဘောထားခဲ့ကြတာပါ ။ ဒါ့အပြင် လူ အများစု ဟာ ယောင်ဟိုင်ရှန်းကို လေးစားကြတယ် ။ သူ ဟာ အဆင့် ၃ ဆေးပညာရှင်တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများ စွာ ဆေးပညာပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့သူ တစ်ဦးပါ ။ အားလုံး ၏ အသိမှတ်ပြုမှုကို ခံထားရသူလည်း ဖြစ်ပြီး ဂိုဏ်းအ တွင်းရှိ သူ၏ ပုံရိပ်ဟာ ကောင်းမွန်လှပါတယ် ။ သူ၏ ဆေး ပညာစွမ်းရည်ဟာလည်း မညံ့လှပေ ။ ပြင်းထန်သော သိုင်း ပညာစီရင်စုတိုင်အောင် သူ၏ ဂုဏ်သတင်းဟာလည်း မွှေး လို့ နေပါတော့တယ် ။
“သူက င့ါဆရာလေ”
ယောင်ဟိုင်ရှန်း ခပ်တည်တည် ပဲ ပြန်ဖြေလိုက်ပါတယ် ဒါသာ အရင်ကလို ဆိုပါက ဒီလို ပြောဖို့ သူ့အနေဖြင့် အလွန် ကို ရှက်ရွံ့ မိနေမှာပါ ။ ဒါပေမယ့်လည်း ယခုအခါ အခြေအနေများဟာ များစွာ ခြားနားလို့ နေပါပြီ ။ ယခုအ ချိန်မှာ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပ ညာရှင် တစ်ဦးဖြစ်ပြီး အဆင့် ၄ ဆေးပညာရှင် တစ်ဦး လည်း ဖြစ်နေပါတယ် ။ အရာရာတိုင်းဟာ ယောင်ဟိုင်ရှန်း ထက် သာလို့နေတယ် မဟုတ်ပါလား ။ အဆင့် ၁ ခု သာ ကွာခြားတယ် ဆိုပေမယ့်လည်း ထိုကွာခြားမှုသည်ပင် မြေ ကြီး နှင့် ကောင်းကင်လောက် အနေအထားမျိုးပါပဲ ။ သူ့ အနေဖြင့် ဒီလို ဆရာမျိုး နောက်ထပ် ရှာလို့ ရနိုင်မည် မထင်ပါချေ ။
ချန်ရှန် ကလည်း ပြုံးကာဖြင့် –
“ဟိုင်ရှန်း ၊ ခင်ဗျား က တစ်ချိန်လုံး တံခါးပိတ်ပြီး ကျင့် နေတာပဲ ၊ အခု အခြေအနေဘယ်လိုလဲ ၊ ဆရာ တစ်ဦး အနေနဲ့ ဒီနှစ်တွေထဲမှာ ကျွန်တော်ဟာ အတော်ပဲ အလုပ် များနေတာကြောင့် ခင်ဗျားကို ဆေးပညာမှာ လမ်းညွှန် ပြသ ဖို့ အချိန်မရှိခဲ့ဘူး ။ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ”
အရင်လို အခြေအနေမှာသာ ချန်ရှန် ဒီလိုပြောခဲ့မည် ဆိုပါက ရယ်စရာ ကောင်းနေပါလိ့မ်မည် ။ ဒါပေမယ့် အခု အခါမှာတော့ ဘယ်သူမှ မလှောင်ရယ် ၀ံပါချေ ။ အဘယ် ကြောင့် ဆိုသော် ယခုအခါ ယောင်ဟိုင်ရှန်းကို ဒီလိုပြော နိုင်သည့် စွမ်းရည်မျိုးကို သူပိုင်ဆိုင်ထားသည် မဟုတ်ပါ လော ။
ယခုအခါ ယောင်ဟိုင်ရှန်းဟာ သူ၏ ရင်ထဲမှာ ချန်ရှန် အား ဆရာအဖြစ် လက်ခံယုံကြည်နေပြီ ဖြစ်ပါတယ် ။ ချန် ရှန် အနေဖြင့်လည်း ဒီလို တပည့်မျိုးရရှိသည့် အတွက် အ လွန်ပင် ပျော်ရွှင်မိပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူ၏ လွှမ်းမိုးမှုကို ဆေးပညာရှင်ဆိုသည့် ဂုဏ်ဖြင့် ဖြစ်ပေါ်စေ ချင်တာ ဖြစ်ပြီး သူ၏ တည်ထောင်မည့် အင်အားစု အတွက် လည်း ယောင်ဟိုင်ရှန်းဟာ အထောက်အပံ့ ကောင်း တစ်ခု ဖြစ်မှာ ကြောင့်ပါပဲ ။
“မင်းရဲ့ တပည့် ငါဟာ အခု ဒြပ်စင်ဆေး နဲ့ အဖြူရောင် ကျောက်စိမ်းဆေး ကို ပြုလုပ်ဖို့ ကြိုးစားနေတယ် ။ အခု အခါမှာတော့ ဒြပ်စင်ဆေးကို ပြုလုပ်နိုင်နေပါပြီ ။ ဟိုဆေး က တော့ မလုပ်နိုင်သေးပါဘူး ။ င့ါမှာ ဆေးပင် လုံလုံ လောက်လောက် မရှိလို့ပါ”
ဟောင်ဟိုင်ရှန်း လေးလေး စားစား ပင် ပြန်ဖြေပါတယ် ၊ ချန်ရှန် ဟာ ဒီ ဒြပ်စင်ဆေး နဲ့ အဖြူရောင် ကျောက်စိမ်း ဆေး ကို ပြုလုပ်နိုင်တာ ဖြစ်ပြီး အရည်အသွေးကလည်း ပြိုင်ဖက် ကင်းလှပါတယ် ။ ဒီအချက်ကြောင့် သူဟာ ချန်ရှန် ကို အလွန်ပင် လေးစား အားကျနေတာ ဖြစ်ပါတယ် ။
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် အိတ်တစ်အိတ်ကို ထုတ် လိုက်တယ် ၊ ထို့နောက် သူ၏ တပည့်အား ပေးကာ ခပ်ပြုံး ပြုံးဖြင့် –
“ဒီ မှာ ဒြပ်စင်ဆေး နဲ့ အဖြူရောင်ကျောက်စိမ်းဆေး အ တွက် လိုအပ်တယ့် ဆေးပစ္စည်း အစုံ ၅၀ စာ ၊ ယူပြီး လေ့ ကျင့်လိုက်ပါ ၊ ကျွန်တော့် ကိစ္စကို ကြားဝင်ဖြေရှင်းပေး စရာ မလိုပါဘူး”
ယောင်ဟိုင်ရှန်း ကြောင်သွားပါတယ် ။ လူတိုင်းဟာ လည်း ထိုအိတ်ကို မယုံသင်္ကာဖြင့် ကြည့်နေကြတယ် ။ ဒီ အရာတွေ တကယ်ပဲ ပါလား မပါဘူးလားဆိုတာကို အလွန် ပဲ သိချင်နေကြပါတယ် ။ ချန်ရှန် ဟာ အလွန်ကို သဘော ကောင်းလွန်းနေသည် မဟုတ်ပါလား ။ တချီတည်းနဲ့ ဒီ လောက်ဆေးပင်အများကြီးပေးခြင်းဟာ အားလုံးအတွက် အတော်ကို အံ့သြစရာပါ ။
ယောင်ဟိုင်ရှန် အိတ်ကို ယူပြီး သူ၏ နတ်အတွင်းအား အာရုံဖြင့် ကြည့်ရှုလိုက်ပါတယ် ။ တစ်ကိုယ်လုံး တုန်တက် သွားပြီး တုန်ရီနေသော လေသံဖြင့် ကျေးဇူးတင်စကားကို အထပ်ထပ် အခါခါ ပြောလို့နေပါတယ် ။ ဒါကိုကြည့်ခြင်း အား ဖြင့် ဒီကိစ္စဟာ အမှန်တကယ်ဆိုတာကို လူတိုင်း နား လည် သဘောပေါက်သွားကြတယ် ။ သူတို့ စိတ်ထဲမှာ တော့ ချန်ရှန် တစ်ယောက် အမည်းရောင်လိပ် လျို့ ဝှက် ဆန်းကြယ် နယ်ပယ်မှ ပစ္စည်းကောင်းများစွာ ရရှိလာလိမ့် မည်ဟု ခန့်မှန်းနေမိကြပါတယ် ။ ချန်ရှန် ကိုလည်း မနာလို သော အကြည့်များဖြင့် ကြည့်ကာနေပါတော့တယ် ။
“လုဇန်းနန် ၊ မင်းငါ့ကို ထပ်စိန်ခေါ်မယ်ပေါ့ ၊ ကောင်း ပြီ ၊ ထပ်လောင်းကြဦးမလား”
ချန်ရှန် ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ပါတယ် ။ အံ့သြဟန် ဖြစ်နေသည့် လုဇန်းနန် ကို ရယ်မောကာ ကြည့်ရင်း ချန်ရှန် မေးလိုက်ပါတယ် ။
“ငါ . . . ငါ မင်းကို စ်ိန်ခေါ်ချင်တာ သိုင်းပညာ မှာ ဖလှယ်ဖို့ပဲ”
လုဇန်းနန် လောင်းချင်နေပါတယ် ။ ဒါပေမယ့် သူ့မှာ လောင်းစရာ ဘာမျှ မရှိချေ ။
ချန်ရှန် ၏ အမူအရာ ပြောင်းလဲ သွားတယ် ။ တည် ငြိမ် လေးနက် သွားသလိုပါပဲ ။ အချိန်နှင့် အမျှ လုမျိုးနွယ်တို့ ဟာ သူ့ကို သတ်ချင်နေတယ် ။ ဒါကြောင့် ၎င်းတို့အား အဆ တစ်သောင်းလောက် ပြန်ပေးဆပ်ခိုင်ရန် ဆုံးဖြတ် လိုက်ပါတော့တယ် ။
“မင်း ခေါင်းကို မင်း လောင်းနိုင်တာပဲ ၊ မင်း သဘော က ကော ၊ မင်းရှုံးရင် မင်းခေါင်းကို ငါဖြတ်မယ် ၊ ငါရှုံးရင်လဲ မင်းက ငါ့ခေါင်းကို ဖြတ်ပေါ့”
ချန်ရှန် ခပ်လှောင်လှောင်လေး ပြောလိုက်တယ် ။
“ငါ့ခေါင်းက သလင်းကျောက် ၁၀ သန်း တန်တာနော် ၊ မင်း လက်ခံမှာလား မခံဘူးလား”
ဒါဟာ အသက်ကို လောင်းကြေး ထပ်တာပဲ မဟုတ်ပါ လား ၊ တနည်းအားဖြင့် အသေသတ်ပွဲသဘောမျိုးပင် ။ ဒါ မျိုးကိုလည်း ဂိုဏ်းအတွင်းမှာ ခွင့်ပြုထားပါတယ် ။ သို့သော် လည်း ချန်ရှန် က ပိုတောင် မတန်သေးပါ ။ သူ၏ ခေါင်း ဟာ သလင်းကျောက် ၁၀ သန်းတန်တာ ဖြစ်ပြီး လုဇန်းနန် ကတော့ တန်ကြေး မရှိပါချေ ။
ချန်ရှန် ဟာ အစောပိုင်းထဲက လုဇန်းနန် တစ်ယောက် စစ်မှန်သော သိုင်းပညာ နယ်ပယ် အဆင့် ၂ သို့ ရောက်ရှိ နေပြီဆိုတာကို သိပြီး ဖြစ်ပါတယ် ။ သို့သော်လည်း သူ၏ ကိုယ်အတွင်းရှိ ချီဓာတ်များဟာ အရင်ကထက် အဆ များ စွာ သာလွန်နေပြီး ပိုမို အားပြင်းထန်နေပြီ မဟုတ်ပါလား ။
လုဇန်းနန် ရုတ်တရက် အရုးတစ်ယောက်လို ရယ်မော သွားတယ် ။
“ဟားး ဟားးး ၊ မင်းပဲ အမြဲ အနိုင်ရနေလိ့မ်မယ်လို့ မထင်ပါနဲ့ ။ ငါ့မှာ မင်းနဲ့ လောင်းဖို့ ဘာမှ မရှိဘူးဆိုတာ ၀န် ခံပါတယ် ။ ဒါပေမယ့် ငါ့မှာ လောင်းဖို့ အသက်ရှိနေသေး တယ် ။ ဒီတစ်ကြိမ်မှာတော့ ငါဆုံးရှုံးသွားတဲ့ အရာအား လုံး တင်မကဘူး အတိုးပါ ပြန်ယူပြမယ်”
ချန်ရှန် အေးစက်စွာ ပြုံးလိုက်တယ် ။ သူ ၏ စိတ် အတွင်း မှာလည်း –
“လု မျိုးနွယ်တို့ ၊ ငါ ပထမဆုံး လုဇန်းနန်ကို သတ် တော့မယ် ။ ပြီးရင်တော့ မင်းတို့နဲ့ တရားဝင် ရန်ဖက်ဖြစ် ကြောင်း ကြေညာတာပေါ့ ၊ လုဇန်းနန် ခေါင်းနဲ့ ကို ကြေညာ ပစ်မယ် ။ ငါဆိုတဲ့ ချန်ရှန်ကို အလွယ်တကူ အနိုင်ကျင့်လို့ မရဘူးကွ”
“မနက်ဖြန် မနက် နေအလင်းရောင် တောင်ကြား”
လုဇန်းနန်လည်း အေးစက်စွာ ပြောပြီးနောက် ထွက်ခွာ သွားပါတယ် ။
နေအလင်းရောင် တောင်ကြားဆိုတာဟာ သိုင်းပညာ ခြံဝန်းများစွာ၏ တဖက်မှာရှိတယ့် တောင်ကြားနေရာတစ် ခု ဖြစ်ပါတယ် ။ ထိုတောင်ကြားမှာ ရှိသည့် မြေဟာ အလွန် ပဲ မာကျောသည့်အပြင် ဒီတောင်ကြားတစ်ခုလုံးကို အထူး ပြုလုပ်ထားတာပါ ။ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင်များ တိုက်ခိုက်ကြလျှင်ပင် ဖျက်ဆီးရန် အလွန် ခက်ခဲပြီး ဒီနေရာဟာ စစ်မှန်သော သိုင်းပညာရှင်များ အချင်းချင်း ယှဉ်ပြိုင်ရန် အထူး ပြုလုပ်ပေးထားတာပါ ။
ဇုရွန် ဟာ လုမျိုးနွယ် ရဲ့ အချက်အလက်များကို စု ဆောင်းနေပြီဖြစ်ပြီး ရှောင်ဒို နဲ့ ဆူဝဲလောင်တို့ဟာလည်း နောက်ကြောင်းရှင်းသည့် စစ်မှန်သော သိုင်းပညာနယ်ပယ် မှ နောက်လိုက်များ နှင့် မော်တယ် ပညာရှင် အဆင့် ၁၀ တို့အား စတင် ရှာဖွေနေကြပါပြီ ။ သူတို့ အဖွဲ့ ကို အားသစ် လောင်းဖို့ပါပဲ ။
ချန်ရှန် ယောင်ဟိုင်ရှန်း နှင့်အတူ ပြင်းထန်သော ဆေး ပညာခြံဝန်း ထဲရှိ ယောင်ဟိုင်ရှန်း၏ နေထိုင်ရာကို လိုက်သွားပါတယ် ။ သူ၏ တပည့်အား ဒြပ်စင်ဆေး နှင့် အဖြူရောင်ကျောက်စိမ်းဆေးတို့ လုပ်နည်းအား လမ်းညွှန် ပြသပေးလျက် ရှိတယ် ။ သူ့အတွက်က ဒီအရာများ ပြုလုပ် ရန်မှာ အလွန်လွယ်ကူနေပါတယ် ။ သူ့ကိုဆရာလို့ ခေါ် သည့် အလျောက် ဆရာဆိုသည့် ဂုဏ်ပုဒ်နှင့်ညီအောင် ပြ သရမည် မဟုတ်ပါလား ။
ချန်ရှန် ဒြပ်စင်ဆေး နှင့် အဖြူရောင်ကျောက်စိမ်းဆေး တို့လုပ်ရာမှာ သူ၏ အတွေ့ အကြုံများကို ပြောပြနေပါ တယ် ။ သူ၏ လွယ်ကူ ရိုးရှင်းလှသော လမ်းညွှန်မှုများဟာ ဟိုင်ရှန်း အဖို့ အလွန်ပင် အကျိုးဖြစ်ထွန်းလှတယ် ။ ဒီလို အချက်များကြောင့် သူဟာ ချန်ရှန်ကို လေးစားပြီးရင်းလေး စားနေပါတော့တယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ သက်ကြီးပညာရှင် တို့ဟာလည်း ဂိုဏ်းသားများ ၏ အား နဲ့ ကျင့်ကြံမည့် ကျင့် စဉ်များကို အဆင်ပြေစေရန် စုပြီး ဆွေးနွေးနေကြတယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းအနေဖြင့် တခြားဂိုဏ်းများ အား လွှမ်းမိုးတိုက်ခိုက်ရန် ဒါမှမဟုတ် တခြားအလားတူ ကိစ္စမျိုးလုပ်ရန်အကြံအစည် ရှိနေတယ်လို့ ချန်ရှန် ခံစားမိ နေပါတယ် ။
ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င် ရောက်ခဲ့တာဟာ အနည်းငယ်ကြာပြီ ဖြစ်သော်လည်း ပဲ ဒဏ္ဍာရီလာ နတ်သိုင်းကျင့်စဉ်များ ဖြစ်တယ့် ကောင်းကင် အဆင့် ကျင့်စဉ်များကို မမြင်ရသေးပါဘူး ။ဒါဟာ ပြင်းထန် သော သိုင်းပညာရဂိုဏ်း၏ အဓိက လျို့ ဝှက်ချက် တစ်ခုပါ ၊ သာမန်အားဖြင့် လူတစ်ယောက်ဟာ စစ်မှန်သော သိုင်း ပညာနယ်ပယ်ကို ရောက်ပြီး ဂိုဏ်းအတွက် အချိန်ကြာမြင့် စွာ နေထိုင်ခဲ့သူ ဖြစ်မယ် ဆိုပါက ထိုသူဟာ အဆိုပါကျင့် စဉ် မျိုးထဲမှ တစ်ခုခုကို သင်ကြားနိုင်ပါတယ် ။ ဒီလိုမဟုတ် ပဲ သူတို့မှာသာ ဆရာရှိမယ် ဆိုရင်လည်း သူတို့ရဲ့ ဆရာမှ သူတို့ကို ဒီပညာရပ်များအား ပေးနိုင်ပါတာပဲ ဖြစ်တယ် ။
သို့သော်လည်း ယခုအခါ စည်းမျဉ်းများဟာ ပြောင်းလဲ ကုန်ပါပြီ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းဆီမှ ခွင့်ပြုချက် ရရှိသူဟာ နတ်ကျင့်စဉ်တွေကို သင်ကြားနိုင်မည်ဖြစ်ပြီး ဘယ်လို အဆင့်အတန်းမျိုးကို ခွင့်ပြုမယ် ဆိုတာကိုတော့ မကြေညာသေးပါဘူး ။
နောက်တစ်နေ့ မနက်မှာတော့ ချန်ရှန် ဟာ နေအ လင်းရောင် တောင်ကြားသို့ ရောက်ရှိခဲ့ပါတယ် ။ ပတ်ပတ် လည်မှာ တော့ ပရိတ်သတ်များဟာ ပြည့်လို့နေပြီး ချန်ရှန် ရောက်လာတယ့် အခါ ဇုရွန် ၊ ရှောင်ဒို နှင့် ဆူဝဲလောင်တို့ ဟာ ပြေးလာကြပါတယ် ။
“ညီတော်လေး ချန် ၊ လုဇန်းနန် ရဲ့ အင်အားဟာ မှန်းလို့ မရဘူး ။သူ့မှာ အလွန်အစွမ်းထက်တယ့် ဆရာတစ်ဦး ရှိ တယ် ။ သူ့ဆရာက ငါတို့လည်းသိပ်မသိတဲ့ ရှေး ပညာရပ်တွေ ကျွမ်းကျင်တယ် ။ နောက်ပြီး နဂါးသိုင်းစွမ်း ရည် ကိုလည်း တတ်ထားသေးတယ် ။ ငါ ထင်တာ တော့ လုဇန်းနန် လည်း ဒီပညာကို တတ်မယ်ထင်တယ်”
ဇုရွန် လေသံတီးတိုးဖြင့် ပြောလိ်ုပါတော့တယ် . . . ။