Switch Mode

Chapter – 192

ရွှေနဂါးတံတွေး (အပိုင်း ၂)

Chapter – 192 ရွှေနဂါးတံတွေး (အပိုင်း ၂)

ရွှေရောင်နဂါးတံတွေး တွေဟာ မျက်စိတမှိတ်အတွင်း မှာပဲ ပျောက်ကွယ်သွားပြီး ချန်ရှန် နဲ့ စုမေးယို တို့ဟာ အလွန်ကို အံ့သြနေကြပါတယ် ။ အရင် သာမန်နဂါးတံ တွေး တုန်းက ဖြည်းဖြည်းချင်းလောင်းချရပြီး နည်းနည်းစီ စုပ် ယူ တာပါ ။ အကုန်လုံးလောင်းချပါက ကုန်စင်အောင် စုပ်ယူဖို့ အချိန်ကြာမြင့်မှာဖြစ်ပြီး အများစုဟာလည်း အသုံး မ၀င် ဖြစ်မှာပါ ။
စုပ်ယူမှုနှုန်းက မြန်ဆန်တာဟာ နဂါးတံတွေးရဲ့ အရည်အသွေး ကောင်းမွန်တယ်လို့ ယူဆရတာ ဖြစ်ပြီး ပိုမို လျင်မြန်စွာလည်း ဖွံ့ဖြိုးစေပါတယ် ။ အရင်နဂါးတံတွေး တုန်းက သူဟာ ရေရောပြီး စိမ့်ဝင်မှုကောင်းအောင် လုပ်ရ တာ ဖြစ်ပါတယ် ။
ချန်ရှန် ချက်ချင်းပင်သူ၏ခေါင်းကိုမော့ကာ ကြည့် လိုက်ပါတယ် ။ စ်ိတ်လှုပ်ရှားမှုနှင့်အတူ တုန်လှုပ်သွား တယ် ။ အဖူးလေး အခုလေးဆယ်ကို မြင်တွေ့ လိုက်ရပြီး တစ်ကြိမ်လောင်းတာနဲ့တင် ပန်းပွင့်တော့မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် အရေအတွက်ကလည်း ၂ ဆ ဖြစ်နေတယ် ။ ချန် ရှန် တွက်ချက်မှုအရ သူသာနေ့တိုင်း ခွက်လေးနဲ့ တစ်ခွက် လောင်းလောင်းပေးမယ် ဆိုပါက အသီးသီးဖို့ ၁ လ လောက်သာ ကြာမှာ ဖြစ်ပါတော့တယ် ။
“ဒါ . . . ဒါ ပန်းထပ်ပွင့်နေပြန်ပြီပေါ့”
ဆေးဆရာမကြီး ပြန်လာတယ့်အခါ သူ မိုးပြာအသီး ပင် ၏ ထူးခြားချက်ကို ခံစားလိုက်ရတယ် ။ ချက်ချင်းပင် ခေါင်းမော့ကြည့်တယ့်အခါမှာတော့ မိုးပြာရောင် မီးအိမ် လေး များနှင့် တူသော အဖူး ၄၀ ကို တွေ့ လိုက်ရပါတယ် ။ ဒီ မိုးပြာရောင်သိမ်မွေ့ သစ်သီးပင် ၏ တည်ရှိမှုကို အစက တည်းက သူနားမလည်နိုင်ဖြစ်ခဲ့ပြီး ပိုမို နားမလည်နိုင် ဖြစ် စေမိ တာ ကတော့ အသီးများဟာ ပိုမိုလျင်မြန်စွာ သီးလာ တာကိုပါပဲ ။ တစ်ခါသီးပြီးတာတောင် မကြာသေးပဲ အခု ထပ် ပွင့်နေပြန်ပြီ မဟုတ်ပါလား ။
ချန်ရှန် စပ်ဖြဲဖြဲဖြင့် –
“ကျွန်တော် နိုးလာလို့ ကြည့်လိုက်တာ အခုလို ရုတ် တရက်ကြီး အဖူးတွေ ပွင့်လာတာ တွေ့ တာပဲဗျ ။ ဟား ဟား ၊ ကျွန်တော်တော့ မကြာခင် အသီး အလုံး ၄၀ ရတော့ မှာပေါ့”
ချန်ရှန် ၏ ၀မ်းသာနေဟန်ကို ကြည့်ပြီး ဆေးဆရာမ ကြီး အတော်ပင် မနာလို ဖြစ်မိပါတယ် ။ ဒီအပင်ဟာ အလွန် ကို ထူးဆန်းနေတာကြောင့် သူမ သင်္ကာမကင်း ဖြစ်ကာ မေးလိုက်တယ် ။
“မင်း ဒီအပင်ကို တစ်ခုခုလုပ်ထားတာလား ၊ မိုးပြာသီး ဟာ ဝိဉာဉ်တော် ချီဓာတ်တွေ အများကြီးပါတယ် ။ ဒါကို သီးဖို့အတွက် ဒီလိုဝိဉာဉ်တော်ချီဓာတ်တွေ အများကြီး စုပ် ယူဖို့ လိုအပ်တယ် ။ ဒီလောက်ထိ မမြန်နိုင်ဘူး”
မိုးပြာရောင် သိမ်မွေ့ သီးပင်ဟာ ဝိဉာဉ်တော် ချီဓာတ် များစွာကို စုပ်ယူဖို့ လိုအပ်ပါတယ် ။ ရွှေနဂါးတံတွေးဟာ ဒီ အပင်ကို ပြောင်းလဲလိုက်ပြီး ဝိဉာဉ်တော် ချီဓာတ်တွေကို အမြန်စုပ်ယူစေလိုက်တာပါ ။ နက်ရှိုင်းသော မြေကြီးထဲမှ ဝိဉာဉ်တော်ချီဓာတ်များကို ဆွဲထုတ်ယူလိုက်ခြင်းပါပဲ ။ ဒါ ကြောင့် ချန်ရှန် ဟာ စစိုက်တည်းက စနစ်တကျ စိုက်ခဲ့ တဲ့ အပြင် ယခုလည်း ရွှေနဂါးတံတွေးကြောင့် အပင်ကြီးဟာ နေ့နေ့ညည ဝိဉာဉ်တော် ချီဓာတ်များအား စုပ်ယူနေခြင်း ပါ ။
တနည်းအားဖြင့် ချန်ရှန် ၏ နဂါးတံတွေးဟာ ဒီပန်းများ နှင့် အပင်ကို သွေးကြောများ အဖြစ်ပြောင်းလဲပေးလိုက် တယ် ။ ဒီလိုနဲ့ ဝိဉာဉ်တော်သွေးကြောများ ဖြစ်ပေါ်လာ ကာ ဝိဉာဉ်တော်ချီဓာတ်များအား အလွန်လျင်မြန်သော နှုန်းဖြင့် စုပ်ယူစေလိုက်ခြင်းပါပဲ ။ အထူးသဖြင့် ခုနက သူ လောင်းလိုက်သည့် ရွှေနဂါးတံတွေး ကြောင့် စုပ်ယူမှုအား ဟာ အမြင့်ဆုံး ဖြစ်လာစေပါတော့တယ် ။
ရွှေနဂါးတံတွေး၏ စွမ်းဆောင်ရည်ဟာ ထိုမျှ မကသေး ပါဘူး ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဒြပ်စင် အသက် ဓာတ်အား ပါဝင်နေလို့ပါ ။ ထိုအသက်ဓာတ်ဟာ နေရောင် ခြည်ကိုလည်း စုပ်ယူမိစေပြီး ပိုမို ဖွံ့ ဖြိုးစေလို့ပါပဲ ။
“ကျွန်တော် ပြောပြမယ်လေ ၊ ဒါပေမယ့် ခင်ဗျားရဲ့ ရုပ် ရည် အမှန်ကို ကျွန်တော့ကို ပြရမယ်”
ချန်ရှန် တခဏမျှ စဉ်းစားပြီးပြောလိုက်ပါတယ် ။
“ဟက် ၊ ငါမင်းကို ပြမှာမဟုတ်ဘူး ။ မင်းသိချင်စိတ် က သေလောက်အောင်ထိ ဖြစ်အောင် ငါလုပ်မှာမို့ပဲ”
ဆေးဆရာမကြီး ခပ်တိုးတိုး သရော်လိုက်ပါတယ် ။ ယခု အခါ သူမအတွက် လုပ်နိုင်သည့်အရာမှာ သူမ ပုံရိပ် အစစ် အကြောင်း စဉ်းစားရင်း ချန်ရှန် နေမထိထိုင်မသာ ဖြစ်အောင်သာ လုပ်ချင်နေမိတာပါ ။
သူမ ထပ်မေးလိုက်ပြန်ပါတယ် ။
“မင်း ခုနက ပြောခဲ့တာ အမှန်လား ၊ မင်း တစ်ခုခု ကို လုပ်ခဲ့တယ်ပေါ့”
ဒီလိုသာ ဆိုပါက ချန်ရှန် ၏ စွမ်းဆောင်ရည်ဟာ တ ကယ်ကိုပဲ အံ့ဖွယ်သရဲ ဖြစ်စေမှာ အမှန်ပါပဲ ။ မီးဝိဉာဉ် တော်ကို အမဲလိုက်သလို လိုက်နေသည့် သူများသာ ဒီကိစ္စ ကို သိသွားမည် ဆိုပါက ချန်ရှန် အဖို့ ဒုက္ခများမည် ဖြစ်ပါ တယ် ။
ချန်ရှန် နှုတ်ခမ်းမဲ့ကာဖြင့် –
“ကျွန်တော် က ကျ ခင်ဗျားကို ယုံကြည်လို့ ပြောပြဖို့ စိတ်ကူးတယ် ။ ခင်ဗျားကကျ ကျွန်တော့ကို မယုံကြည်ပေ ဘူး ။ ခင်ဗျား ဘာလို့များ ခင်ဗျားရဲ့ ပုံစံ အစစ်မှန်ကို မပြရ တာလဲ ။ နောက် ကျွန်တော်ကလည်း တခြားလူတွေကို ပြန်ပြောမယ့် လူစားမျိုး မဟုတ်ပါဘူး”
ဆေးဆရာမကြီး အနည်းငယ် တွေ သွားပုံပါ ။ ထို့ နောက် အေးစက်စွာပင် –
“ငါ့ မျက်နှာကို မင်းကို ပြမှာ မဟုတ်ဘူး ။ ငါ့မှာလည်း ငါ့ အကြောင်းပြချက်နဲ့ ငါရှိတယ် ။ စိတ်ချပါ ၊ ဒီလိုမပြတာ ကြောင့်နဲ့တော့ မင်းလျို့ ဝှက်ချက်ကို ငါသူများကို ပြောမှာ မဟုတ်ပါဘူး”
“မင်းကိစ္စတွေကို ဖြေရှင်းပြီးပြီ ၊ မင်းသတိထားဖို့တော့ လိုသေးတယ် ။ လုမျိုးနွယ်က မင်းကို သေအောင်မုန်းနေ တာကွ”
ဆေးဆရာမကြီး ချန်ရှန်ဆီကို အိတ်တစ်အိတ် ပစ်ပေး လိုက်တယ် ။
ချန်ရှန် အိတ်ကို ယူလိုက်ပြီး ကြည့်လိုက်ပါတယ် ။ ဒီနေ့မှာ ဆရာမကြီးဟာ လောင်းကြေးကို သွားယူပေးခဲ့ပြီး ချန်ရှန်ကို ကူညီပေးခဲ့ပါတယ် ။ ဒါ့အပြင် ချန်ရှန် ဟာ ဆေး ဘုရင်ခြံဝန်းထဲမှာ နေနေတာကြောင့် လုမျိုးနွယ်အနေနဲ့ လာပေးလို့ မရပါပေ ။ သို့သော်လည်း လုမျိုးနွယ်ဟာ သူတို့ လောင်းကြေးကို ပေးရရုံမျှ မက စစ်မှန်သော သိုင်းပညာရှင် အဆင့် ၂ နှစ်ယောက်ကို လည်း ဆုံးရှုံးခဲ့ရပါသေးတယ် ။ ဒါကြောင့် သူတို့ဟာ အတော်ကြီးကို စိတ်ဆိုးနေကြတယ် ။ ကြက်ကို ဖမ်းဖို့ ဆန်နဲ့ မြူဆွယ်ပေမယ့် ဆန်သာ ဆုံးသည့် အဖြစ်သို့ ရောက်ရပါတော့တယ် ။
နေကိုးစင်းမီးတောက် အသီးဟာ သိမ်မွေ့ အဆင့် နေ ကိုးစင်းမီးတောက်ဆေး ကို ပြုလုပ်ရာမှာ မရှိမဖြစ်လိုအပ် သည့် အသီးပါပေ ။ ဒီဆေးဟာ အဆင့်မြင့် သိမ်မွေ့ အ ဆင့် ဆေးပါ ။ တစ်လုံးတည်းသာ ဖြစ်ပေမယ့်လည်း အလွန်ကို တန်ဖိုးရှိလှပြီး အနီရောင်တောက်တောက် အသီးကြီးကို ကြည့်ရင်း ချန်ရှန် ပြုံးလိုက်တယ် ။
“အားသိပ်စိုက်စရာ မလိုပဲ ရပြီကွ”
ဆေးဆရာမကြီး ထွက်သွားတယ့်အခါ ချန်ရှန်လည်း နဂါးတံတွေး ကျင့်စဉ်ကို စတင်ပြုလုပ်ပါတယ် ။ သုံးရက် ကြာမြင့်တယ့်အခါမှာတော့ မိုးပြာရောင်သိမ်မွေ့ ပန်းများ ဟာ ပွင့်လာကြပါပြီ ။ မိုးပြာရောင်များ တောက်ပလျက် အ လွန်ပင် လှပလှပါတယ် ။
မနက်အစောပိုင်းမှာတော့ နေမင်းကြီးဟာ ရောင်စဉ် များ ဖြန်းပက်လျက်ရှိတယ် ။ ချန်ရှန်လည်း အပြုံးနဲ့ အတူ သိုင်းပညာ ခြံဝန်းသို့ ထွက်လာပါတော့တယ် ။ မိုးပြာသီး ပင်ဟာ မကြာတော့တယ့် အချိန်မှာ သီးတော့မယ် ဆိုတာ ကို သူသိနေတယ်လေ ။ ဒါကြောင့်ပဲ ရှောင်ဒိုတို့ကို ရှာရန် သူထွက်လာခြင်းဖြစ်ပါတယ် ။
၁၀ ရက်လောက် ကြာသွားတယ့် အခါ ရှောင်ဒို တို့ ဟာ လည်း ကမ္ဘာ့ ဗဟိုချက် နတ်သစ်သီးကို စားပြီးလို့ သန့်စင် ရာကနေ နိုးထလာခဲ့ကြပါပြီ ။ သူတို့ဟာလည်း ချန်ရှန်ကို စောင့်နေကြတာ ဖြစ်ပြီး ချန်ရှန် ကို မြင်ကြတာနဲ့ တပြိုင် နက် အသီးနဲ့ ပတ်သက်သော မေးခွန်းများကို ဝိုင်းဝန်း မေး မြန်းကြပါတော့တယ် ။ သို့သော်လည်း ချန်ရှန် ဟာ ဒီ အသီးကို အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ထဲမှ ရတယ်လို့သာ ပြောပြခဲ့တယ် ။
“ဒီလို ကောင်းမွန်တဲ့အရာကို ငါမင်းတို့ကို ပေးခဲ့တယ့် အတွက် မင်းတို့ အနေနဲ့လည်း မင်းတို့ ဘာတွေ ရရှိခဲ့သလဲ ဆိုတာကို ပြောပြသင့်တယ် ။ မင်းတို့ရဲ့ တိုးတက်မှုဟာ မနှေးပါဘူး”
ချန်ရှန် အပြုံးနဲ့ မေးလိုက်ပါတယ် ။
ဇုရွန် က ရယ်မောကာဖြင့် –
“ဘာမှ သိပ်မထူးပါဘူး ၊ ငါတို့ကံကတော့ ကောင်း တယ်ကွ ၊ ငါတို့ ကြီးမားလှတယ့် ထိပ်သီးအဆင့် သလင်း ကျောက်တုံးကြီးကို တွေ့ ခဲတယ် ။ဒီကောင် ၂ ကောင်က တော့ အချို့ ကို ရောင်းလိုက်ပြီလေ”
အများအားဖြင့် အလယ်အလတ် အဆင့် သလင်းတုံး များကို အရောင်းအ၀ယ်တွေ ပြုလုပ်ရာမှာ အသုံးပြုပါ တယ် ။ အဆင့်မြင့် သလင်းကျောက်များ နှင့် ထိပ်သီး အဆင့် သလင်းကျောက်တုံးများကိုတော့ ဘယ်တော့မှ အသုံးမပြုပါချေ ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ဟာ အ လွန်ကို ရှားပါးလို့ပါ ။ ဒီ ကျောက်တုံးတွေ မှာ ဆိုရင်တော့ ဝိဉာဉ်တော် ချီဓာတ်တွေ မပါဝင်ပါဘူး ။ အဘယ်ကြောင့် ဆိုသော် ဖိနှိပ်လိုက်ပြီးတဲ့ နောက်မှာ အထဲမှာ ရှိတယ့် ဝိဉာဉ်တော် ချီဓာတ်များဟာ သန့်စင်သော ချီဓာတ်များ အဖြစ်သို့ ပြောင်းသွားလို့ပါပဲ ။ လက်မ အရွယ် ထိပ်သီး အဆင့် သလင်းကျောက်တုံးသည်ပင်လျင် ချီဓာတ်များစွာ ပါဝင်တယ် ။ ဒါကို စုပ်ယူခြင်းအားဖြင့် သိုင်းပညာရှင်တို့ ၏ စွမ်းအားတွေကို တိုးတက်လာစေနိုင်ပါတယ် ။
“မင်းလိုချင်လား ၊ ငါမင်းကို နည်းနည်း ရောင်းမယ် လေ”
ဇုရွန် က ရယ်မောလျက် ပြောပါတယ် ။
“မလိုပါဘူးဗျာ ၊ ခင်ဗျားဟာ ခင်ဗျားပဲ သုံးပါ ။ ကျွန် တော်က အခု ဒြပ်စင်ဆေးကို လုပ်နိုင်တယ်လေ၊ ဒါကြောင့် ကျွန်တော့ ကျင့်စဉ်တွေအတွက် လိုအပ်တဲ့ချီဓာတ်တွေ ဟာ မရှားပါဘူး”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ် ။
“မှန်တယ် ၊ ကဲ အခု သိုင်းပညာခြံဝန်း ပြောင်းလဲခွဲဝေ တဲ့ ကိစ္စ စနေပြီ ။ ကျွန်တော်တို့ သွားကြည့်ရအောင်”
ရှောင်ဒို ခေါင်းကုပ်ကာဖြင့်ပြောပါတယ် ။ သူတို့ ၁၀ ရက်လောက် အချိန်ကုန်ဆုံးခဲ့တာကို မှတ်မိသွားလို့ပါ ။
ချန်ရှန် လည်း ရှောင်ဒိုတို့ ကိုယ်လက်သုတ်သင် တာ ကို ခဏစောင့်ပြီးနောက် ၎င်းတို့ဟာ လေးထောင့် ကွင်းပြင် ကျယ်ကြီး ရှိရာသို့ ရောက်ရှိလာခဲ့ကြပါတယ် ။ နေရာတိုင်း မှာ ခြံဝန်းခွဲဝေ မှု စာရင်းများအား ကြော်ငြာထားပြီး ဖြစ်ပါ တယ် ။
“ခြံဝန်း က ၁၅ ခုပဲ ရှိတာ တစ်ခြံမှာထားမယ့် အရေ အတွက်က ထောင်ကျော်တယ် ။ ဘယ်လိုနေရပါ့ ၊ နောက် ပြီး မော်တယ်ပညာရှင်တွေလည်း ပါသေး ဟူးးး”
မပျော်ရွှင်တယ့် အရိပ်အယောင်များဟာ ရှောင်ဒို ၏ မျက်နှာမှာ အပြည့်ပါပဲ ။ သူတို့ လေးယောက်လုံးကတော့ တစ်ခြံတည်းပါပဲ ။ ဒါဟာပဲ တမျိုး ၀မ်းသာစရာပါ ။
“ဝုကွမ်ချင် လည်း ဒီမှာပဲဟ ၊ ဟဲဟဲ အကိုတော် ချန်ရေ”
ရှောင်ဒို စပ်ဖြဲဖြဲဖြင့် ပြောပါတယ် ။
“ငါနဲ့ သူက ဆေးဘုရင်ခြံဝန်းမှာကော ဒီမှာကော တိုက် တိုက်ဆိုင်ဆိုင် ဆုံနေကြတာပေါ့ ၊ ဘယ်လိုပါလိ့မ်”
ချန်ရှန် ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် ။
“အိုးချင်းထား အိုးချင်းထိ ၊ ကြိုးချင်းထားတော့လည်း ကြိုးချင်း ငြိမှာပဲကွ မဟုတ်ဘူးလား”
ဇုရွန် မနှစ်မြို့ ဖွယ် ပြုံးကာ ပြောပါတယ် ။
“ပေါက်ကရတွေ ပြောမနေနဲ့ ၊ သူနဲ့ ကျွန်တော် က သူ ငယ်ချင်း မိတ်ဆွေ တွေပါဗျာ”
ချန်ရှန် လည်း ခြံဝန်းတွေရဲ့ စည်းမျဉ်းများကို ကြည့်နေ မိတယ် ။ ထိုအထဲမှာတော့ စည်းမျဉ်းတစ်ခုဟာ သူု့ကို စိတ် ဓာတ်ကျစေမိပါတယ် ။ နှစ်တိုင်းမှာ လူတိုင်းဟာ အလုပ် တစ်ခုကို ပြီးမြောက်အောင် လုပ်ရမည် ဖြစ်ပြီး ဒီလိုမဟုတ် ပါက ငရဲခြံဝန်းသို့သွားကာ အပစ်ခံယူရ မှာကြောင့်ပါ ။
ထိုအချိန်မှာပဲ ဆူဝဲလောင် က ရုတ်တရက် ထအော် တယ် ။
“ကြည့်စမ်း ၊ လုဇန်းနန် လည်း ငါတို့နဲ့ အတူတူပဲကွ ၊ ဒါ တကယ်တော့ စိတ်လှုပ်ရှားစရာပဲ ။ ငါ ငယ်ရွယ်တဲ့ စစ် မှန် သော သိုင်းပညာရှင် နာမည်အများစုကို တွေ့ တယ် ။ ဒါ တင် မကသေးဘူး တခြား မျိုးနွယ်တွေက ပညာရှင်တွေလဲ ပါတယ် ။ အားလုံးသော သူတွေဟာ မင်းကို မုန်းနေတယ့် လူတွေချည်းပဲ”
ဇုရွန် ကလည်း ခေါင်းညိ့မ်ကာ –
“မော်တယ် အဆင့် သိုင်းပညာရှင်တွေဟာ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်ကို မရောက်သေးသရွေ့ သူတို့ကို ကြောက်စရာမလိုပါဘူး ။ သူတို့ဟာ မိသားစုထဲမှာ အရေး ပေး ခံရမှာ မဟုတ်ကြလို့ပဲ ။ အဲ သူတို့ စစ်မှန်တဲ့ သိုင်းပ ညာနယ်ပယ်ကို ၀င်ရောက်သွားနိုင်ပြီဟေ့ ဆိုရင် တော့ မျိုးနွယ်ထဲမှာ သူတို့ဟာ ရတနာတွေလိုပဲ”
“ချန်ရှန် ၊ နောက်ဆုံးတော့ မင်း ပေါ်လာပြီပေါ့”
ဒေါသတကြီးဖြင့် အော်သံ တစ်ခု ခပ်လှမ်းလှမ်း မှ ရုတ် တရက် ထွက်ပေါ်လာပါတယ် ။
ချန်ရှန် အနည်းငယ် အံ့သြသွားမိတယ် ။ ဒါကတော့ လုဇန်းနန် ပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset