Switch Mode

Chapter – 191

ရွှေနဂါးတံတွေး (အပိုင်း ၁)

Chapter – 191 ရွှေနဂါးတံတွေး (အပိုင်း ၁)

ချန်ရှန် သူ့မှာ ဒြပ်စင်ဆေး ဘယ်လောက်များများ ရှိနေ ပြီလဲဆိုတာ တွက်ကြည့်နေမိတယ် ။ သူအရင်က ပြုလုပ်ခဲ့ တာတွေကော တော်ဝင်သိုင်းပညာပြိုင်ပွဲမှာ ရရှိခဲ့တာတွေ ကော အကုန်ပေါင်းလိုက်ပါက စုစုပေါင်း အလုံး ၅၅၀၀ ရှိ နေပြီ ဖြစ်ပါတယ် ။ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင် တစ်ဦး အနေဖြင့် ဒီလောက်ထိ ပိုင်ဆိုင်ထားတာ ကို တွေးမိရင်း သက်ပြင်းရှည်ကြီးကို ချလိုက်မိတယ် ။ တခြားဆေးတွေ လုပ်ဖို့အတွက် ရှားပါး ဆေးပစ္စည်းများ စုဆောင်းကာ ဆေးလုပ်ဖို့ အချိန်တချို့ လည်း လိုချင်နေမိ ပါတယ် ။
“ကောင်မလေး ၊ ကျွန်တော် ဒြပ်စင် ၅ ခု ဒြပ်စင်ဆေး လုပ်ချင်လို့ ဆေးပစ္စည်းတွေ လိုချင်တယ် ၊ ဘယ်မှာရှာလို့ ရနိုင်မလဲဗျ”
ချန်ရှန် ပြုံးပြီး မေးလိုက်တယ် ။ မည်သူမျှ ရှိမနေဘူးဆို ပါက သူဟာ တူနဲ့တူမ တို့ကို ဒီလိုပဲ ပြုမူ ခေါ်ပြောနေကြပါ။
ဒြပ်စင်ငါးခု ဒြပ်စင်ဆေးဟာ ၂ ခု သို့မဟုတ် ၂ ခုထက် ပိုတယ့် ချီဓာတ်ကျင့်စဉ်များကို ကျင့်ကြံနေသူများအတွက် အသုံး ၀င်ပါတယ် ။ ရိုရိုး ဒြပ်စင်ဆေးထက် ပိုမို အသုံးဝင် ပြီး လိုအပ်သည့် ဆေးပစ္စည်းများကတော့ အလွန်ပင် ရှား ပါး လှကာ အသုံး ၀င်လှပါတယ် ။ ဈေးကွက် အတွင်းမှာ သ လင်းကျောက် ၂ သောင်းနဲ့ အထက် နဲ့ မှ ၀ယ်လို့ ရရှိနိုင် တာ ပါ ။
ချန်ဝူ နယ်မြေကြီး ထဲမှာ ချီဓာတ်အမျိုးအစား များစွာ ကို ကျင့်ကြံသော သိုင်းပညာရှင် ဟာ အလွန်ကို ရှားပါး လှ ပါတယ် ။ ထိုသို့ ကျင့်နိုင်သော သူများဟာလည်း အလွန်ကို ပါရမီး ပါလှပြီး ဂိုဏ်းတွေက သေချာ ပြုစုပျိုးထောင်ပေး ထား သူတွေပါပဲ ။ ဒါကြောင့်ပဲ ဒီ ဒြပ်စင် ၅ ခု ဒြပ်စင်ဆေး ဟာ အရမ်းကို ဈေးကြီးရခြင်း ဖြစ်ပါတော့တယ် ။
ဆေးဆရာမကြီး ဟာ ချန်ရှန် မှာ ယင် နဲ့ ယန် နတ် အတွင်းအား သွေးကြောတွေ ရှိပြီး ချီဒြပ်စင် ၅ ခုကို လေ့ ကျင့်နိုင်တာ သိနေတယ် ။ ဒီလို ကြောင့်ပဲ ဟွမ်ဂျိရှန် ပင် သူ ၏ တပည့် အဖြစ် လက်ခံခဲ့တာ မဟုတ်ပါလား ။ ထို့ကြောင့် ခု လို ဆေးမျိုးကို သူလို ချင်နေတယ် သူမ အတွက် အံ့သြ စရာ မဟုတ်ပါချေ ။
“လက်ရှိမှာတော့ ၊ ငါ လည်း မသိသေးဘူး ။ တနည်း အား ဖြင့် ဒီဆေး အတွက် ပစ္စည်းတွေကို အလွန်ပဲ ရှားတယ် ၊ ငါ မျက်စိတွေ နားတွေ ဖွင့်ထားပေးပါ့မယ်”
ဆေးဆရာမကြီး က ပြန်ပြောလိုက်ပါတယ် ။ သူတို့ ဟာ တခါတခါ ရန်ဆောင် တတ်ကြပေမယ့် ဆက်ဆံရေး က တော့ အလွန်ကောင်းမွန်တယ် လို့ ပြောလို့ရပါတယ် ။
“ကျေးဇူးပါ ။ အဆင်ပြေတဲ့အချိန်ကျ ခင်ဗျား ကြိုက်တဲ့ ဈေးသာ ပြောပါ ၊ ခင်ဗျား ရဲ့ ဦးရီးတော်လေး က ချမ်းသာ ပါတယ် ဗျ”
ချန်ရှန် စပ်ဖြဲဖြဲ ဆိုလိုက်ပါတယ် ။
ဆေးဆရာမကြီးက သရော်ဟန်ဖြင့် –
“မင်း သတိထားနေ ၊ မင်း က သလင်းကျောက် ၁ သန်း တန် နော် ၊ ဒါ့အပြင် လူအများစုကလည်း မင်းမှာ သားရဲ ဆေး ကြီး တွေနဲ့ ငရဲဝိဉာဉ်တော်မြက် အကြီးကြီးကို လျို့ ၀ှက်ဆန်းကြယ် နယ်ပယ်ထဲက ရရှိထားတယ် ဆိုတာ သိ နေကြတယ် ။ ဒါကြောင့်ပဲ မင်းဟာ ပိုပြီး အန္တရာယ် ရှိနေ တယ်”
ချန်ရှန် သိပ်ပြီးတော့ စိုးရိမ်စိတ် မဖြစ်ပါချေ ။ သူ အနည်းငယ် ဂရု တစိုက် နေရင်ကိုပဲ လူအများစု ဟာ သူ ဘယ်မှာလဲ ဆိုတာတောင် သိမည် မဟုတ်ပါ ။ ဒါကြောင့် သူ မကြောက်ရွံ့ တာ ဖြစ်ပါတယ် ။
“ကောင်မလေး ၊ ကျွန်တော့ကို တစ်ခု လောက် ကူညီ နိုင်မလား”
ချန်ရှန် တစ်စုံတခုကို သတိရဟန်ဖြင့် မေးလိုက်တယ်။
“ပြောကြည့်လေ”
“တည်ဆောက်ရေးဆေး သုံးလုံး နဲ့ နေကိုးစင်း မီး တောက် သစ်သီး ကို လုမျိုးနွယ် ဆီကနေ ရအောင် ကူညီ ပေး နိ်ုင်မလား”
ချန်ရှန် စပ်ဖြဲဖြဲ နဲ့ ပြောလိုက်ပါတယ် ။
“ကောင်မလေး ၊ ကျွန်တော့် မှာ ကမ္ဘာ့ ဗဟိုချက် နတ် သစ်သီး ရဲ့ အစေ့ တစ်စေ့ ရှိတယ် ။ ခင်ဗျားကို ပြောပြဖို့ ကျွန်တော် မကြောက်ပါဘူး ။ ခင်ဗျားကို ကျွန်တော် စားဖို့ ပေးခဲ့တယ့် အသီးအပိုင်းစဟာ နတ် သစ်သီးပဲ”
ဆေးဆရာမကြီး ၏ ကိုယ်ဟာ တုန်ခါသွားတယ် ။ သူမ ၏ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည်ဖြင့် သူမ အတော် ကို အံ့သြနေပြီး လေးလေး ပင်ပင် ပင် မေးပါတယ် ။
“ဒါ အမှန် ပဲလား”
ဆေးဆရာမကြီး ၏ မေးသံ အဆုံးမှာပဲ လက်သီးဆုပ် လောက် ရှိသော အနီရောင် ရတနာကျောက် တစ်ခုလို အရာ ဟာ ချန်ရှန် ၏ လက်ထဲ မှာ ပေါ်လာပါတယ် ။ကြည့် ရ တာ အလွန်ပင် လှပလှပြီး အလယ်မှာတော့ မီးတောက် တစ်ခု တောက်လောင် လျက် ရှိပါတယ် ။
“ငါ လုမျိုးနွယ် ဆီကနေ လောင်းကြေးကို ရအောင် ကူ ညီပေးပါ့မယ် ။ ဒါပေမယ့် မင်း ဒါကို စိတ်ထဲမှာပဲထား ၊ ဒီ နတ်သစ်သီး ကို အခု မစိုက်သေးနဲ့ ၊ ဆေးဘုရင်ခြံဝန်း ရဲ့ ပတ်ဝန်းကျင် အားပြည့်လာတာကို စောင့်ဦး ၊ နောက် မင်း မှာ မီးဝိဉာဉ်တော် ရှိတာကို ဘယ်သူမှ မပြောနဲ့နော်”
ဆေးဆရာမကြီး ခပ်လောလော ပင် ပြောပါတယ် ။ သူ့ ကို မှာကြားစရာရှိတာတွေ မှာကြားပြီးနောက်မှာ သူမလဲ ထွက် ခွာ သွားပါတော့တယ် ။
“ဒီမိန်းမ ဟာ ဘယ်သူများပါလိ့မ် ၊ အရင်က သူမနဲ့ များ ပတ်သက်ခဲ့ဖူးလား မသိဘူး”
ချန်ရှန် ခေါင်းကုတ်လျက် စဉ်းစားနေမိတယ် ။ သူ ဆေး ဆရာ မကြီး ၏ အကြောင်းကို ပိုပိုပြီး သိချင်လာ နေ ပါပြီ ။ သူနဲ့ ဆေးဆရာမကြီး ကြားက ရင်းနီးမှုဟာ ပိုမိုလာ တယ် လို့ လဲ သူခံစားနေရပါတယ် ။
ချန်ရှန်မိုးပြာသိမ်မွေ့ သစ်သီး ပင်၏ အရိပ်မှာ လဲ လျောင်း နေမိတယ် ။ နေရောင်ခြည်ဟာ သစ်ရွက်များကို ဖြတ်ပြီး သူ့မျက်လုံးကို စူးရှနေပါတယ် ။ နေရောင်ခြည် ကို မြင်တယ့် အခါ ရုတ်တရက် စိတ်ထဲ လင်းခနဲ ဖြစ်သွားမိ ပါ တယ် ။
“အမတော် မေးယို ၊ ကောင်းကင် နေ မီးဝိဉာဉ်တော် ဟာ မီးဝိဉာဉ်တော် ရဲ့ ဖန်တီးမှု တစ်ခုပဲမလား”
ချန်ရှန် မတ်တပ်ရပ်ရင်း မေးလိုက်ပါတယ် ။
ခရမ်းရောင် လ မီးဝိဉာဉ်တော် နဲ့ အပြာရောင် ကြယ် မီး ဝိဉာဉ်တော် တို့ဟာ မော်တယ်ကမ္ဘာကို မီးတောက် အသက်ဓာတ်တွေ ပေးနိုင်တယ် ။ ဘာလို့လဲ ဆိုတော့ ၎င်းတို့ဟာ မီးဝိဉာဉ်တော် ရဲ့ ဖန်တီးမှု ကြောင့်ပါ ။
“အတိအကျပဲ ၊ သက်ရှိအများစု ဟာ နေနဲ့ ခွဲခြားလို့ မရ ဘူးဆိုတာ မင်း မပြောနိုင်ဘူးမလား ။ ဒါဟာ ဘာကြောင့် လဲ ဆိုတော့ ကမ္ဘာမှာရှိတယ့် ဝိဉာဉ်တော် ချီဓာတ်တွေ ဟာ နေမင်းကြီးကြောင့်သာ ထုတ်လွှတ်နိုင်တာဖြစ်တယ် ။ အပြာရောင် ကြယ်မီး နဲ့ ခရမ်းရောင် လမီး တို့ဟာ ကမ္ဘာ့ အသက်ဓာတ်ကနေ ပေါက်ဖွားလာကြတာဖြစ်ပြီး ဒီ မီးတွေ ဟာ နေကနေပြီး လာကြတာပဲ ။ ဒါကြောင့် နေမီးတောက် ဝိဉာဉ်တော်က တခြား မီးဝိဉာဉ်တော် တွေထက် များစွာ အစွမ်းထက်နေရတာပဲ ။ သို့သော်လည်း မင်းနဲ့ ပေါင်းစပ် သွား တယ့် အခါ မှာ အဲဒိ ဝိဉာဉ်တော်ဟာလည်း မင်းနဲ့ အဆင့် တူလို ဖြစ်သွားတာပေါ့ ။ မင်းစွမ်းအားကြီးရင် သူ့ စွမ်းအားလည်း ကြီးလာမယ် သဘောပဲ”
စုမေးယို က ပြန်ပြောပါတယ် ။
ချန်ရှန် မျက်လုံး ကလယ်ကလယ် ဖြင့် ဆက်ပြောပါ တယ် ။
“ကျွန်တော မီးတောက်တွေ ထုတ်တဲ့အခါ အငွေ့ တချို့ ထွက်တယ် ။ ဒါ နေအလင်းရောင်နဲ့ မတူဘူးလား ။ ဒါဆို ရင် ကျွန်တော် ကနေ အသက်ဓာတ်တချို့ ကို မွေးဖွားလို့ ရနိုင်မလား”
“ဒါကတော့ မပြောတတ်သေးဘူး ။ ဒါပေမယ့် မင်း မီး ဝိဉာဉ်တော် ထဲမှာရှိတယ့် အသက်အားအင်ကို အရင်ဆုံး အာရုံခံရမယ်လို့ ငါတော့ ယူဆတယ် ။ ပြီးရင် အဲဒါကို ဆွဲ ထုတ်ကြည့် ၊ သစ်သားဓာတ် ချီ နဲ့ ပေါင်းစပ်လိုက်မယ် ဆို နဂါးတံတွေးဟာ အလွန်အရည်အသွေး ကောင်းမွန်လာ လိမ့်မယ် ။ ဒါပေမယ့် ဒါကလည်း ငါခန့်မှန်းကြည့်တာပါ”
စုမေးယို ၏ အသံမှာ စိတ်လှုပ်ရှားမှုများလည်း ပါဝင် နေ သလိုပါပဲ ။
နဂါးတံတွေးကျင့်စဉ် ဟာ နတ်အတွင်းအားကျင့်စဉ် သင်္ကေတ လေးခု ထဲမှ ဖြစ်ပါတယ် ။ ဒါဟာ တကယ်ကို ပဲ ကမ္ဘာကြီးကို တောင် ကိုင်လှုပ်နိုင်လောက်သည့် ကျင့်စဉ် ဖြစ်ပြီး ကြီးထွားမှု ရဲ့ သော့ချက်ပါပင် ။ ဒါ့အပြင် ၎င်းဟာ လေ့ကျင့်သူ ကို ပါ တိုးတက်စေတာဖြစ်ပြီး ၎င်းကို သာ စွမ်း အားကြီးလှသည့် နေမီး ဝိဉာဉ်တော် ရှိ အသက်ဓာတ် အား ဖြင့် ပေါင်းစပ်လိုက်မည် ဆိုပါက ပိုမို ကြောက်မက် ဖွယ် ကောင်းမည် မဟုတ်ပါလား ။
ချန်ရှန် ချက်ချင်းပင် သူ၏ စိတ်များကို ဖြေလျော့ လိုက် တယ် ။ အကြောများကိုလည်း လျော့လိ်ုက်ပြီး ကောင်း ကင် နေမီးဝိဉာဉ်တော်ထဲမှ အသက်ဓာတ်အား ကို ရှာဖွေ နေပါတယ် ။ ကောင်းကင် နေ မီးဝိဉာဉ်တော်ဟာ သူ၏ ကိုယ် နှင့် ပေါင်းစပ်ထားပြီး ဖြစ်ကာ ၎င်းဟာ ကမ္ဘာ့ ဝိဉာဉ် တော်ချီဓာတ်များကို စုတ်ယူရင်း တဖြည်းဖြည်း ကြီးထွား လာ တာပါ ။ ဒီလို မီးဝိဉာဉ်တော်ဟာ ကြီးထွားလာတာနဲ့ တဖြည်းဖြည်းချင်း သူ့ဟာသူ စွမ်းအင်တွေကို လည်ပတ် လာ တာ ပဲ ဖြစ်တယ် ။ အဲဒိအချိန်မှာ ချန်ရှန် ဟာ မီးဓာတ် စီးဆင်းမှုကို ရရှိမှာ ဖြစ်ပြီး ၎င်းကပင် မီးဝိဉာဉ်တော်ကို ဖွံ့ ဖြိုး လာ စေမှာ ပါပဲ ။
နဂါးတံတွေး ကျင့်စဉ်ဟာ ဆေးပင်များ ကြီးထွားရန် အသုံး ပြု နိုင်သော်လည်း ချန်ရှန် လုံလောက်တယ်လို့ မခံ စားရပါ ။ ဥပမာ အားဖြင့် သူ မိုးပြာရောင်သိမ်မွေ့ သစ်သီး ပင် ကို စိုက်မယ် ဆိုပါက နဂါးတံတွေးကို လအတော် ကြာ အောင် စုဆောင်းရမည် ဖြစ်တယ် ။ နောက်ထပ် လည်း အသီးတွေ သီးလာဖို့ လတွေကြာဦးမှာပါ ။ ဒီလိုအချိန်တွေ အတွင်းမှာ သူတခြား ကျင့်စဉ်တွေကို ကျင့်ကြံဖို့ အချိန်တွေ ကြာသွားမှာ ဖြစ်ပါတယ် ။ ဒါကို သာ တခြားဆေးဆရာများ မှ သိမည် ဆိုပါက သေလောက်အောင် ကို သတ်ပစ်ချင်နေ ကြမှာပါ ။ ဒီလို အရာကို ရထားတာတောင် မလုံလောက် ရ ကောင်းလားဟု အပစ်တင်ကြမည် ဖြစ်ပါတော့တယ် ။
သူ၏ နတ်အတွင်းအား အာရုံများဟာ သူ့ကိုယ်တွင်း စီး ဆင်းနေပြီး နေမီးဝိဉာဉ်တော် ရှိ အသက်ဓာတ်အား ကို လိုက်ရှာနေပါတယ် ။ နှစ်ရက်လောက် ကြာပြီးနောက်မှာ တော့ ရုတ်တရက် သူ၏ မျက်ခုံးများဟာ စိတ်လှုပ်ရှားမှု ကြောင့် မြင့်တက်သွားတယ် ။ သူတွေ့ ရှိသွားပုံပါပဲ ။
အသက်ဓာတ်အားလေးဟာ ရွှေရောင်အဆင်းဖြင့် နူး ညံ့သော အငွေ့ များ ရောယှက်နေပါတယ် ။ အလွန် ကို သေး ငယ်လှပြီး မီးဒြပ်စင် အစေ့လေးထဲမှာ ပုန်းခိုလျက် ရှိ နေတာပါ ။ ချန်ရှန် ၏ ကိုယ်လက်အင်္ဂါတွေ ၊ အရိုးတွေ ၊ သွေးတွေနဲ့ စွမ်းအင်သိုလှောင်ရာတွေမှာ အလွန်သေးငယ် လှသည့် မီးတောက်အမှုန်လေးတွေ များစွာ ရှိနေကြတယ်၊ ဒါဟာ နေမီးဝိဉာဉ်တော် နဲ့ ပေါင်းစပ်မှုကြောင့်ပါပဲ ။ သူ ၏ စိတ်ဝိဉာဉ် ကိုသာ ဖျက်ဆီးခြင်း မခံရပါက ဒီ အမှုန်လေး များဟာ သူကျင့်စဉ်ကျင့်တာနဲ့ အမျှ တိုးပွားလာမှာဖြစ်ပြီး သူ မီးတောက်တွေ ထုတ်လွှတ်တဲ့အခါမှာလည်း စွမ်းအား ပြင်းထန်သည့် မီးတောက်များအဖြစ် ရရှိစေမှာပါ ။
ချန်ရှန် ချက်ချင်းပင် နဂါးတံတွေး ကျင့်စဉ်ကို ပြုလုပ် လိုက်တယ် ။ ထို့နောက် သူ ဟာ ထိုအမှုန်များအတွင်းမှ အသက်ဓာတ်အား ကို စုပ်ယူလိုက်ပါတယ် ။ ဝိဉာဉ်တော် ချီဓာတ်များ သူ့ကိုယ်ကို ၀င်ရောက်လာတယ့် အခါ အဆိုပါ အမှုန်တွေဟာ ထပ်မံပြီး အသက်ဓာတ်အား ကို ဖြစ်ပေါ် စေ ပြန်ပါတယ် ။ ဒါဟာ သူ အဆိုပါ အသက်ဓာတ်အား ကို အဆက်မပြတ် စုပ်ယူနေလို့ပါပဲ ။
နေ့ဝက်လောက် ကြာပြီးချိန်မှာတော့ ချန်ရှန် မျက်လုံး များ ပွင့်လာပါပြီ ။ ခွက်အသေးလေး တစ်ခုကို ယူကာ သူ့ ပါးစပ်ကို ဟလိုက်တယ် ။ ချက်ချင်းပင် ဘောလုံးအရွယ် ရှိ ရွှေရောင်အရည်များ သူ့လျာပေါ်မှ ခွက်အတွင်းသို့ ကျသွား ပါတယ် ။
ထိုအချိန်မှာ ချန်ရှန် ဟာ အတော်ကို စိတ်လှုပ်ရှား လျက် ရှိနေတယ် ။ အဘယ်ကြောင့်ဆိုသော် သူအောင်မြင် သွားပြီ မဟုတ်ပါလား ။ ဒါပေမယ့်လည်း ယခုအရာ၏ အကျိုး သက်ရောက်မှုကို သူမသိသေးပါချေ ။
“ငါ တကယ်ကို အောင်မြင်သွားပြီပဲ ၊ ဟားးဟားး ၊ ငါ ဒါ ကို ရွှေနဂါး တံတွေးလို့ ခေါ်ရမယ်”
ချန်ရှန် ခွက်လေး အတွင်းမှ ရွှေရောင် အရည်လေးများ ကို ကြည့်ကာ ပျော်နေမိတယ် ။ ခန့်မှန်းခြေအရ အစက် ၄၀ လောက်တော့ ရလိမ့်မည် ဟု သူထင်မိပါတယ် ။
ချန်ရှန် မိုးပြာရောင် သိမ်မွေ့ သစ်သီး ပင်အောက်သို့ ရောက်ရှိနေပါပြီ ။ ဒီအပင်ကို သူ တကယ်ပဲ စမ်းသပ်ကြည့် ချင်နေတယ် ။
ချန်ရှန်ခန့်မှန်းချက်အရ ဒီအပင်ဟာ နောက်တစ်ခါ ပန်း ပွင့်ဖို့ အတွက် အနည်းဆုံး ၃ နှစ်လောက်တော့ ကြာဦးမှာ ပါ ။ နဂါးတံတွေးကို အသုံးပြုရင်တောင် မှပဲ အနည်းဆုံး နှစ် ၀က်လောက်တော့ ကြာပါလိ့မ်မယ် ။ သို့သော် လည်း ယခု ရွှေနဂါးတံတွေးကို အသုံးပြုမယ် ဆိုရင်တော့ . . .
ချန်ရှန် တွေးရင် စိတ်လှုပ်ရှားလာတယ် ။ ချက်ချင်း ပင် ခွက်အတွင်းရှိ ရွှေနဂါး တံတွေးများကို အမြစ်များပေါ် သို့ လောင်းချလိုက်ပါတယ် ။ ချက်ချင်းပင် အပင်ဟာ နဂါးတံ တွေးများအား စုပ်ယူသွားပါလေတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset