Switch Mode
Home Chapter -190

Chapter -190

မီးဝိညာဥ်တော်ဒုက္ခ

Chapter – 190 မီးဝိဉာဉ်တော်ဒုက္ခ

ချန်ရှန် အိတ်အတွင်း ကြည့်လိုက်တယ် ။ တကယ်ပဲ ဆေးပင် ၁၅ စုံစာ ဖြစ်ပြီး အားလုံးကို စီစီရီရီ ထည့်ထား ပါ တယ် ။ မိုးပြာရောင်သိမ်မွေ့ သီးတစ်ခုသာ လိုနေတာပါ ။
“ဒီ တော့ ၊ ဈေးစကားပြောကြတာပေါ့”
ချန်ရှန် ခပ်လှောင်လှောင် ပြုံးလိုက်တယ် ။ ဆေးဆရာ မကြီး ဖြစ်နေတာတောင် သူဟာ လျော့ပေးဖို့ စိတ်ကူး မရှိ ပါဘူး ။
“တစ်လုံးကို သလင်းကျောက် သုံးသိန်းပေးမယ် ။ မင်းကိုလည်း လိုအပ်တယ့် ဆေးပစ္စည်းတွေ အစုံပေးထား တာပဲ”
ဆေးဆရာမကြီး ချက်ချင်း ပြောပါတယ် ။ သူမ ဒီ မတိုင်ခင်တည်းက စဉ်းစားထားပြီးပုံပါပဲ ။
ဈေးဟာ နည်းနေသလို ခံစားရပါတယ် ။ အထူးသဖြင့် ချန်ရှန် ဟာ ဆေးပင်တစ်စုံစာဖြင့် ဆေး ၄ လုံး လုပ်နိုင်ပြီး တစ်စုံစာနဲ့ကို သလင်းကျောက် ၁၂ သိန်းရနိုင်ပါတယ် ။ မိုး ပြာ သီးတစ်လုံးတည်းကိုပဲ သလင်းကျောက် ၁၂ သိန်း နဲ့ ညီမျှပါတယ် ။
“လေးသိန်း”
ချန်ရှန်နားရွက်ကုပ်ပြီး ပြောလိုက်တယ် ။ လက်တစ် ဖက် ကလည်း လက်လေးချောင်း ထောင်ပြလိုက်တာပါ ။
“ဟက် ၊ မင်းထင်သလောက် ငါက မချမ်းသာပါဘူး”
ဆေးဆရာမကြီးက အေးစက်စက် ပြောပါတယ် ။
“ဦးရီးတော်လေး ၊ နည်းနည်းတော့ သနားဦး”
ချန်ရှန် နည်းနည်း ရယ်ချင်နေမိတယ် ။ ဆေးဆရာမ ကြီး ဟာ တကယ်ပဲ သူ့ကို ဈေးလျော့ပေးဖို့ တောင်းဆိုနေ လို့ပါ ။
“ကျွန်တော့်ရဲ့ တည်ဆောက်ရေးဆေးကို လေလံတင် မယ် ဆိုရင် ဒီ သုံးသိန်းထက်တော့ ပိုရမှာ အမှန်ပဲ ။ သေ သေချာချာ လုပ်ပြီးသာ ရောင်းမယ် ဆိုရင် ၂ ဆလောက် တောင် ရဦးမယ်”
ချန်ရှန် ခပ်လှောင်လှောင် လေး ပြောလိုက်ပါတယ် ။ ချန်ရှန် နည်းနည်းလေးမျှ လိုက်လျောပေးမှာ မဟုတ်ပါ ။ ဆေးဆရာမကြီးဟာ မချမ်းသာဘူးဆိုတာကို သူမယုံပါဘူး ၊ သူမဟာ နှစ်ထောင်ချီအောင် နေထိုင်ခဲ့သူဖြစ်ပါတယ် ။ ဒါ့အပြင် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်ပြီး အလွန်စွမ်း အား ကြီးပါတယ် ။ ဆေးတွေကို ကြီးကြပ်ရသူလည်း ဖြစ် ပြီး ဂိုဏ်းမှ သလင်းကျောက်များကို ကိုင်တွယ် သုံးစွဲ စီမံခွင့် ရသူလည်း ဖြစ်ပါတယ် ။ ဒီလိုလူ တစ်ယောက်က ဆင်းရဲ နိုင်ပါမည်လား . . .
ချန်ရှန်ကတော့ သူမဟာ အတော် ကြွယ်ဝလိမ့်မည် ဟု သာ ယုံကြည်နေမိတယ် ။
“မေ့လိုက်ပါတော့ ။ ကျွန်တော်ကတော့ ခင်ဗျားကို ရောင်းချင်တယ် ။ ဒါပေမယ့် ခင်ဗျားကတော့ ဒီလို ဈေး နည်းနည်းနဲ့ နှိမ်ဝယ်ဖို့ ကြိုးစားနေတယ် ။ ခင်ဗျားရဲ့ သိုင်း ပညာဦးရီးတော်လေး အသည်းကို ခွဲလိုက်သလိုပဲ”
“မင်းသဘောပဲ ၊ လေးသိန်းပေးမယ် ။ ဆေးလုပ်ပြီးရင် ငါ့ကို လာရှာပါ”
ဆေးဆရာမကြီး ခြေဆောင့်ကာဖြင့် လှည့်ထွက်သွား ပါ တော့တယ် ။ ယခုဈေးဖြင့်တောင် တခြားဆေးဆရာတွေ မလုပ်ပေးနိုင်ဘူးဆိုတာကို သူမ သိနေပါတယ် ။
ချန်ရှန် စိတ်ထဲကနေ ဆေးပင် ၁၅ စုံစာအတွက် တွက် ကြည့်နေမိတယ် ။ သူဟာ ဆေးအလုံး ၆၀ အတိအကျ ရရှိ မှာ ဖြစ်ပြီး ဆေးဆရာမကြီးအား အလုံး ၅၀ ပေးကာ သူ့ အတွက် ၁၀ လုံးချန်ထားမည်ဟု ဆုံးဖြတ်လိုက်ပါတယ် ။ ဒီလိုနည်းဖြင့် သူ့အတွက် သလင်းကျောက် သန်း ၂၀ ကို ရရှိတော့မည်ဟု တွေးနေမိပါတော့တယ် ။
သို့သော်လည်း ဒီလောက်များပြားတဲ့ပမာဏ အတွက် မည်သူမျှ သလင်းကျောက်ဖြင့် မပေးချေ ကြပါဘူး ။ အများ အားဖြင့် သလင်းကျောက်အစား ဆေးများဖြင့် သာ ပေးချေ ကြတာပါ ။ ဒီနေရာမှာသာ ဒြပ်စင်ဆေးဖြင့် ပေးချေ မည် ဆိုပါက ဆေး အလုံး ၄၀၀၀ နှင့် ညီမျှမှာပါ ။
ချန်ရှန် တည်ဆောက်ရေးဆေးကို စလုပ်ပါပြီ ။ သူ့ ခန်း မှန်းချက် အရ ရှောင်ဒိုတို့လည်း ပြန်လည်နိုးထဖို့ အနည်း ငယ်ကြာဦးမယ် ဆိုတာ သိနေပါတယ် ။
နဂါးမီးတောက် မီးဖို ၏ အကူအညီဖြင့် တည်ဆောက် ရေးဆေးလုပ်ရသည်မှာလည်း အလွန်ပင် မြန်ဆန်လှပါ တယ် ။ သို့သော်လည်း ချန်ရှန် အနေဖြင့် တစ်စုံစာကို လေး လုံးရစေရန် အတွက် အနည်းငယ်တော့ ဂရုစိုက်ရတယ် ။ ဒီလိုမှ မဟုတ်ပဲ စိတ်ရှိတိုင်း အမြန်လုပ်မယ် ဆိုပါက ဒြပ်စင်ဆေး လုပ်သလောက်ပဲ ကြာမှာပါ ။ အခုတော့ အနည်းငယ် နှေးနေပါတော့တယ် ။
တစ်နာရီဖြင့် ချန်ရှန် ဟာ ဆေးပင် ၅ စုံစာကို လုပ်နိုင် ခဲ့တယ် ။ တစ်စုံစာကို လေးလုံးနှုန်းပါ ။ ဒါ့အပြင် အရည် အသွေးကလည်း ပြိုင်ဖက်ကင်းပါပဲ ။ ချန်ရှန် ယခုရလဒ်ကို အတော်ပဲ ကျေနပ်နေမိတယ် ။ မီးဝိဉာဉ်တော် ၏ အစွမ်း ကို စိတ်ထဲမှ ကြိတ်ချီးမွမ်းလိုက်မိပါတယ် ။ မီးဝိဉာဉ်တော် ၏ အကူအညီဖြင့် ချန်ရှန် ဟာ ဆေးပင်များကို အလွန်လျင် မြန်စွာ ဖုတ်နိုင်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်တယ့် အတွက် သူ့အ တွက် အချိန်များစွာ ပိုနေတာပါ ။
သုံးနာရီ ကြာပြီးနောက်မှာတော့ ချန်ရှန် ဟာ ဆေးပင် ၁၅ စုံလုံးစာကို တည်ဆောက်ရေးဆေး အလုံး ၆၀ အဖြစ် ပြုလုပ်ပြီး ဖြစ်ပါတယ် ။ တစ်လုံးချင်းဆီ၏ အရည်အသွေး မှာ လည်း ပြောစရာပင် မလိုပါချေ ။ ချန်ရှန် ယခုပဲ သွား ပေးသင့် မပေးသင့်ကို ချီတုန်ချတုန် ဖြစ်လို့ နေပါတယ် ။ ဒီလို အမြန်နှုန်းကိုသာ ဆေးဆရာမကြီးသိပါက ထိတ်လန့် တုန်လှုပ်သွားမည် ကတော့ အမှန်ပါပင် ။
ချန်ရှန် ဟာ အစတည်းက ဒီလို စိတ်ကြီးဝင်တတ်လေ့ ရှိသည့် မိန်းမအား မှတ်လောက်သားလောက်အောင် ပညာ ပြချင်မိတာပါ ။ ဒါကြောင့်ပဲ သူဂုဏ်ယူဝံ့ကြွားဟန်ဖြင့် သူ့ အခန်းထဲမှ ထွက်လိုက်ပါတယ် ။ မကြာမီမှာပဲ ဆေးဆရာ မကြီး ၏ အခန်းသို့ ရောက်ရှိသွားကာ တံခါး ခေါက်လိုက်ပါ တယ် ။
ချန်ရှန် သူမကို အလွန်လျင်မြန်စွာ ပြန်လာတွေ့ တာ ကို ကြည့်ရင်း ဆေးဆရာမကြီးဟာ ခနဲ့တဲ့တဲ့ မေးလိုက်ပါ တယ် ။
“ဘာလဲ ၊ ဈေးက မကျေနပ်သေးပြန်ဘူးလား ၊ မင်း က ထပ်တင်ချင်သေးတယ်ပေါ့”
ချန်ရှန် ရယ်မောကာဖြင့် ပြောလိုက်ပါတယ် ။
“ခင်ဗျားဘက်က ပိုပေးချင်တယ် ဆိုရင်လည်း မငြင်းပါ ဘူး ဗျာ”
“ဒါဆို ဘာလာလုပ်တာလဲ”
ဆေးဆရာမကြီး မေးလိုက်ပါတယ် ။
“ကျွန်တော်က လာပို့တာလေ ၊ ဒီမှာ တည်ဆောက် ရေး ဆေးအလုံး ၅၀ ၊ ယူလိုက်”
ချန်ရှန် အိတ်အား ဆေးဆရာမကြီးထံ ပစ်ပေးလိုက်ပါ တယ် ။ သူမလည်း ချက်ချင်းပင် ဖမ်းကာ ယူလိုက်ပါတယ်။ သူမအနေနဲ့ မယုံကြည်နိုင်ဖြစ်နေမိတယ် ။ ချန်ရှန် ဟာ ဆေးပင် ၁၅ စုံလုံးစာကို ပြုလုပ်ပြီးပြီတဲ့လား . . .
ဆေးဆရာမကြီးလည်း အိတ်အတွင်းမှ ဘူးလေး ၁၀ ဘူးကို ထုတ်လိုက်တယ် ။ အထဲမှာတော့ ဆေး ၅ လုံးဆီ ရှိနေကြပါတယ် ။ အားလုံးဟာလည်း နွေးလျက်ပင် ရှိနေ ပြီး မွှေးပျံ့ သည့် ဆေးရနံ့ ဟာလည်း လေထုထဲ ပျံ့ လွှင့် လျက် ရှိပါတယ် ။ အရည်အသွေးကတော့ ပြောစရာမလို ပါချေ ။ အကြည့်တစ်ချက်ဖြင့်ပင် ဒါဟာ မကြာမီကမှ ပြု လုပ်ထားသော တည်ဆောက်ရေးဆေးများ ဆိုတာ သူမ သိနေပါတော့တယ် ။ တော်တော်ကိုပင် မယုံကြည်နိုင်စွာ အံ့သြနေမိပါတယ် ။
သုံးနာရီထဲဖြင့် ချန်ရှန် ဟာ ဆေးပင် ၁၅ စုံစာအား အခြေခံတည်ဆောက်ရေးဆေး ပြုလုပ်နိုင်လိုက်တာဖြစ်ပါ တယ် ။ ဒါ့အပြင် ဒီလိုအရည်အသွေးဟာ မရှိနိုင်ပါဘူး ။ ဆေးဆရာမကြီးအနေဖြင့် သူမကို လှည့်စားသည့် အရိပ် အယောင်ကိုလည်း လုံးဝ မတွေ့ မိပါ ။
“ဘယ်လိုများလဲကွာ”
ဆေးဆရာမကြီး မယုံကြည်နိုင်ဖြစ်နေပေမယ့် အစစ် အမှန်အဖြစ် သူမရှေ့ ရောက်ရှိနေပြီ မဟုတ်ပါလား ။
“ဟဲဟဲ ၊ ခင်ဗျားတစ်ယောက်ထဲမှာပဲ မီးဝိဉာဉ် တော် ရှိတာ မဟုတ်ပါဘူးဗျ”
ချန်ရှန် ခပ်လှောင်လှောင် ပြောလိုက်ပါတယ် ။
ဆေးဆရာမကြီး၏ တစ်ကိုယ်လုံးဟာ တုန်ရီသွားပါ တယ် ။ သူမ အသံ တုန်တုန်ယင်ယင်ဖြင့် –
“မင်း . . . မင်းမှာ မီးဝိဉာဉ်တော် ရှိတယ် ဟုတ်လား ၊ လာစမ်းပါဦး ငါ့ကို အဲဒိအကြောင်းပြောပြပါ”
သူမ ပြောပြီးတာနဲ့ ချန်ရှန် ကို သူမ အခန်းထဲ ခေါ်သွား ပါတော့တယ် ။
“ဘယ်လို မီးဝိဉာဉ်တော်များလဲ”
ဆေးဆရာမကြီးဟာ လေးလေးပင်ပင် ပဲ မေးပါတယ် ၊ သူမ ကြည့်ရတာ အသည်းအသန် ဖြစ်နေပုံပါပဲ ။ သူမ အနေ နဲ့ ဒီလို ဘာကြောင့်ဖြစ်နေလဲ ဆိုတာကို ချန်ရှန် မရှင်း ဖြစ်နေပါတယ် ။
ချန်ရှန် လေသံတီးတိုးဖြင့် –
“ကောင်းကင် နေ မီး ဝိဉာဉ်တော်ပဲ”
ဒီစကားလုံးများကို ကြားတယ့်အခါ ဆေးဆရာမကြီး ၏ ကိုယ်ဟာ အနည်းငယ် တုန်တက် သွားပါတယ် ။ သူ မ အသက်ကို ပြင်းပြင်းထန်ထန် ရှူလျက်ရှိပြီး ထိုင်ခုံတစ်လုံး တွင် တခဏမျှ ဘာမျှ မပြောနိုင်ပဲ ထိုင်လျက် ရှိနေတယ် ။ ချန်ရှန် လည်း သူမ၏ အပြုအမူကို ကြည့်ကာ နားမလည် နိုင် အောင် ဖြစ်နေရပါတယ် ။
“ဘာလဲ ၊ အခု ခင်ဗျား ရှုံးပြီလို့ တွေးနေတာလား ၊ ခင်ဗျား ပြောခဲ့တာနော် ၊ ကျွန်တော် ခင်ဗျားကို နိုင်ရင် ကျွန် တော် ဘာမေးမေး ပြန်ဖြေပါ့မယ်လို့ ပြောထားတယ် မလား”
ချန်ရှန် ရယ်မောရင်း ပြောပါတယ် ။
“ဟက် ၊ ဒီ ကောင်းကင် နေ မီးဝိဉာဉ်တော် က တ ကယ်ကိုပဲ ငါ့ရဲ့ ခရမ်းရောင် လ မီးဝိဉာဉ်တော် ထက်ကို ပို ကောင်းတယ် ။ ဒါပေမယ့် မင်းမှတ်ထားရမှာက ဘယ်လို ကိစ္စနဲ့ ဖြစ်ပါစေ မင်းမှာ မီးဝိဉာဉ်တော် ရှိတယ် ဆိုတာ ဘယ်သူ့ ကိုမှ မပြောပါနဲ့ ။ ငါ ကွမ်ချင်ကိုလည်း ဒီကိစ္စကို ဒီလိုပဲ သင်ပေးထားတယ် ။ ဒါကြောင့်မို့ သူလဲ သူ့ ရဲ့ မီး ဝိဉာဉ်တော်ကို ထုတ်ပြလေ့ မရှိဘူး ။ မင်းကံကောင်းတာ က မင်းမှာ ၇ှိတယ့် မီးဝိဉာဉ်တော်ဟာ သိပ်ပြီး ထွေထွေ ထူးထူး ပုံစံ မပြလို့ သိပ်မသိသာဘူးပဲ”
ဆေးဆရာမကြီး အလောတကြီး ပြောတယ် ။
ချန်ရှန် သင်္ကာမကင်း ဖြစ်နေမိတယ် ။ သူရုတ်တရက် ဆေးဆရာမကြီး ဘာလို့ လျို့ လျို့ ဝှက်ဝှက် နေနေလဲ ဆိုတာကို သဘောပေါက်သွားသလိုပါပဲ ။ သူမမှာလည်း မီး ဝိဉာဉ်တော် ပိုင်ဆိုင်သည် မဟုတ်ပါလား ။ ကြည့်ရတာ တော့ ကွမ်ချင်ကိုလည်း သူမ ဒီလိုပဲ မှာကြားထားပုံပါ ။
“ချန်ရှန် မင်းသေချာ နားထောင် ၊ မင်းကို ငါ ခြောက် လှန့်ဖို့ ကြိုးစားတာ မဟုတ်ရပါဘူး ။ ဒီ ကမ္ဘာမှာ ကြီးမားလှ တဲ့ လွှမ်းမိုးမှုကြီး တစ်ခုရှိတယ် ။ ဒီလွှမ်းမိုးမှုကတော့ ဒီလို မီးဝိဉာဉ်တော် ရှိတယ့် လူတွေကို ဖမ်းဆီးခြင်းပဲ ။ သူတို့ ဟာ လူတစ်ယောက်ရဲ့ မီးဝိဉာဉ်တော်ကို အရှိန်အဟုန် ပြင်းပြင်း နဲ့ ဆွဲထုတ်လို့ရတယ့် နည်းလမ်းတွေကို သိရှိကြ တယ်”
ဆေးဆရာမကြီး ရုတ်တရက် ရပ်တန့်လိုက်တယ် ။ သူ မ ၏ လက်သီးများကို ဆုပ်ကာ သူမ၏ အသံဟာလည်း လေးလေး ပင်ပင် ရှိနေသလိုပါပဲ ။ နာကျည်းဟန်ရှိပြီး ဆက် ပြော ပါတယ် ။
“ခရမ်းရောင် လ ကမ္ဘာမှာ သူတို့ဟာ မီးဝိဉာဉ်တော် ကို ပိုင်ဆိုင်တယ့် ဆေးပညာရှင်များစွာကို ဖမ်းဆီးခဲ့ကြ တယ် ။ နောက်ပြီးသူတို့ရဲ့ မီးဝိဉာဉ်တော် တွေကို ဆွဲ ထုတ်ပြီး သူတို့ ရဲ့ ကျင့်ကြံခဲ့တာတွေကိုလည်း ဖျက်ဆီးပစ် ကြတယ်”
ချန်ရှန် မျက်မှောင်ကြုပ်လိုက်တယ် ။ စုမေးယို နဲ့ ဘိုင် ယုယု တို့လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ် ။ သူမတို့လည်း ဒီကိစ္စကို သိပ်မသိကြပုံပါ ။
“ဒီအင်အားစု ဟာ အခုထိတော့ ဒီကမ္ဘာကို နယ်မချဲ့ သေးဘူး ။ အတိုချုပ်ပြောရရင်တော့ မော်တယ် ကမ္ဘာ အများစု ဟာ သူတို့အောက်မှာကျရောက် ရတာပဲ ။ သူတို့ ဟာ စွမ်းအားလည်း အတော်ကို ကြီးမားကြတယ် ။ သူတို့ ဟာ ရည်ရွယ်ချက် ရှိရှိ နိဗ္ဗာန်အဆင့် ထိပ်သီးတွေကို သူတို့ ကျင့်စဉ်တွေနဲ့ ဖိနှိပ်တယ် ။ ပြီးရင် အဲဒိလူရဲ့ မီးဝိဉာဉ် တော်ကို ယူတော့တာပဲ ။ ပြီးရင် သူတို့က ဒီ မီးဝိဉာဉ်တော်ကို ကောင်းကင်နယ်ပယ် ကို ပို့လိုက်ကြ တာ ပေါ့ ။ သူတို့ ဘယ်လိုတွေ ဆက်လုပ်ကြလဲ ဆိုတာ ကို တော့ ငါလဲ သိပ်မသိသေးဘူး”
ဆေးဆရာမကြီး က ပြောပါတယ် ။
ချန်ရှန် လည်း ခေါင်းညိမ့်ပြကာဖြင့် –
“ကျွန်တော် သေချာသတိထားပါ့မယ် ။ ကဲ အခု ပေး တော့”
ဆေးဆရာမကြီးဟာ ချန်ရှန် မီးဝိဉာဉ်တော် ရှိတာကို သိသွားတာကြောင့် ဒီလို ဆေးပညာမှာ မြန်ဆန်နေခြင်း ကို မအံ့သြတော့ပါချေ ။ ချန်ရှန် ၏ ဆေးပညာပါရမီ ကိုလည်း စိတ်ထဲမှ ကြိတ်ချီးမွမ်းနေမိတယ် ။ အချိန်တခဏအတွင်း မှာ ချန်ရှန် ဟာ သူမကို ကျော်သွားနိုင်မယ် ဆိုတာ သိနေ တယ် ။
ချန်ရှန်ဟာ အကျိုးအမြတ်များစွာကို တခဏအတွင်း ရ သွားတာကြောင့် ဆေးဆရာမကြီးဟာ လေသံတီးတိုးဖြင့် လှောင် မိတယ် ။
“မင်း သလင်းကျော်ယူမလား ၊ ဒြပ်စင်ဆေး ယူမလား”
“ဒြပ်စင်ဆေးယူမယ်”
ချန်ရှန် ဟာ ပမာဏကြီးကြီး ပေးချေရာမှာ သလင်း ကျောက် အစား ဒြပ်စင်ဆေးကို လက်ခံပေးချေကြတာ သိ ထားပါတယ် ။အလွန် လည်း အသုံးဝင်လှသည့် ဆေးဖြစ် ပြီး ဂိုဏ်းတိုင်းလိုလို ကလည်း လိုအပ်နေတာပါ ။ သလင်း ကျောက်ထက် သိမ်းဆည်း သယ်ဆောင်ရ လွယ်ကူတယ် ဆိုတာကိုလည်း ပြောပြနေစရာလိုတော့မည် မထင်ချေ ။
ဆေးဆရာမကြီး အံ့ကြိတ်ကာဖြင့် ချန်ရှန် ကို သလင်း ကျောက် ၄၀၀၀ ပေးလိုက်တယ် ။ တခြားဂိုဏ်းတွေက သာ ယခုလို တည်ဆောက်ရေးဆေးများအား တကြိမ်တည်းဖြင့် များစွာ ရနိုင်မည် ဆိုပါက ဆေး ၄ ထောင် မဆိုထားနှင့် ငါး ထောင်ပေးဝယ်ရန်လည်း တွန့်ဆုတ်နေမည် မဟုတ်ချေ ။ ဆေးဆရာမကြီးဟာ ချန်ရှန် သူမကို လျှော့ဈေးဖြင့် တကယ် ကို ပေးတာ ဖြစ်ကြောင်းကိုလည်း နားလည်သွား ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset