Switch Mode

Chapter – 189

အံ့သြဖွယ်အမြန်နှုန်း

Chapter – 189 အံ့သြဖွယ်အမြန်နှုန်း

ချန်ရှန်ဟာ ဆေးပညာရှင် တစ်ဦးဖြစ်ပြီး ဆေးပညာ ကို သူအလိုရှိတယ့် အချိန်တိုင်း ထုတ်သုံးနိုင်ပါတယ် ၊ ခေါင်းထဲမှ ပျောက်ပျက်သွားမည့် အရာမျိုးမဟုတ်သလို သူများလုယူလို့လဲ မရပါဘူး ။ ယခု သူ့မှာ ဆေးပင်တွေ အများကြီး ရှိနေပြီး ဒါတွေကိုသာ ကောင်းစွာ အသုံးမချ နိုင် ပါက ဆေးအသစ်တွေကို ပြုလုပ်ရန် ခက်ခဲတော့မှာပါ ။ ယခု အချိ်န်မှာ သူဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ကို သာ အရည်အသွေးအကောင်းဆုံး ပြုလုပ်နိုင်သေးတာပဲ ဖြစ်ပါတယ် ။
စစ်မှန်သော ဒြပ်စင်ဆေး ဆိုတာဈေးကောင်းပြီး အသုံး များတယ့် ဆေးတစ်မျိုးပါ ။ ဒီဆေးကို ဂိုဏ်းတွေမှာ ဂိုဏ်း သားများအား ပေးလေ့ရှိကြတယ် ။ အဘယ်ကြောင့်ဆို သော် ဒီဆေးဟာ များစွာသော ချီဓာတ်များ ပါဝင်လို့ပါပဲ ။
အရင်က ချန်ရှန် ဆေးပင်တစ်စုံစာဖြင့် ဆေးလုပ်ရာမှာ နာရီဝက် ကြာမြင့်ပါတယ် ။ ဒါပေမယ့်လည်း ကောင်းကင် နေ မီးဝိဉာဉ်တော်နဲ့ ပြုလုပ်မည်ဆိုပါက သူဟာ မီး တောက်များကို နေကဲ့သို့ စွမ်းအင် အပူမျိုး ပေးနိုင်မှာ ဖြစ် ပြီး ဆေးပင်တွေကိုလည်း လျင်မြန်စွာ ဆေးဖက်ဝင်အမှုန် များအဖြစ် လုပ်နိုင်မှာပါ ။ တချိန်တည်းမှာပဲ ဆေးဖက်ဝင် ဝိဉာဉ်တော်ချီဓာတ် တွေနဲ့ ပေါင်းစပ်စေနိုင်မှာ ပါ ။ ယခု အခါမှာတော့ ဆေးဆရာတွေဟာ မီးဝိဉာဉ်တော်တွေ နဲ့ ဆေးတွေကို လွယ်ကူလျင်မြန်စွာ လုပ်နိုင်သလဲ ဆိုတာ သူ ကောင်းကောင်း နားလည်သွားပါပြီ ။ မီးဝိဉာဉ်တော် က ထွက်တယ့် မီးတောက်ဟာ ဆေးပင်များကို လွယ်ကူစွာ ဖုတ်ယူနိုင်မှာ ဖြစ်ပြီး ဆေးဖက်ဝင် ချီဓာတ်များနဲ့ ပေါင်း စပ် စေနိုင်လို့ပါပဲ ။
ချန်ရှန် ဟာ သာမန် မီးဖို အစုတ်လေးကို အသုံးပြုပြီး ဒြပ်စင်ဆေး ပြုလုပ်ပါတာ တစ်စုံစာကို နာရီဝက်ကြာမြင့်ပါ တယ် ။ ဒါ့အပြင် တစ်ကြိမ်တည်းဖြင့် ဆေးငါးလုံးပြုလုပ် နိုင် တာဖြစ်ပြီး အရည်အသွေးလည်း ကောင်းမွန်လှတယ် ။ နဂါး မီးတောက် မီးဖိုနဲ့သာဆိုပါက နှုန်းဟာ မည်မျှထိ အောင် ကြောက်စရာ ကောင်းလိ့မ်ပါမည်နည်း . . .
အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ထဲမှာ သူဟာ ဆေးပစ္စည်းများစွာကို အလုံအလောက် ရရှိ ခဲ့တာဖြစ်ပြီး ဒြပ်စင်ဆေးပြုလုပ်ရန် အစုံ တစ်သောင်း စာ လောက်ရ ရှိခဲ့ပါတယ် ။ တစ်စုံကို အနည်းဆုံးတော့ လေးလုံး ရနိုင်ပေလိမ့်မည် ။
“အခု နဂါးမီးတောက် မီးဖိုကို သုံးပြီး လုပ်ကြည့် ၊ ငါ အမြန်ဆုံး နှုန်းဟာ ဘယ်လောက်ရှိသလဲ ဆိုတာ သိချင် တယ်”
စုမေးယို စိတ်လှုပ်ရှားစွာ ပြောဆိုပါတယ် ။ လောင် ဆုရီမှာတော့ အားလုံးထဲမှာ စိတ်အလှုပ်ရှားဆုံးပါ ။ အဘယ်ကြောင့်ဆိုသော် သူဒီလို ဒြပ်စင်ဆေးတွေကို မကြာ ခဏ အများကြီး စားနိုင်မည် မဟုတ်ပါလား ။
“ဟုတ်ပီဗျာ”
ချန်ရှန် ရင်ခုန်သံတွေ မြန်နေပြီး နဂါးမီးတောက် မီးဖို ကို ထုတ်ယူလိုက်တယ် ။ သူသာ ဆေးတွေကို မြန်မြန် လုပ် နိုင်မည် ဆိုပါက အချိန်တခဏအတွင်း ဆေးတွေ အများကြီး ရမည် မဟုတ်ပါလား ။ ဒီလို အသုံးများလှသည့် ဒြပ်စင်ဆေးဟာ သူ့ အတွက် ရှားပါးတော့မည် မဟုတ်ပါ ချေ ။
တစ်နာရီ ကြာပြီးနောက်မှာတော့ ချန်ရှန်ဟာ ဒြပ်စင် ဆေး ၁၀ စုံစာကို ပြုလုပ်နိုင်ခဲ့တယ် ။ ဒီလို နဂါးမီးတောက် မီးဖို နဲ့ မီးဝိဉာဉ်တော် ပေါင်းစပ်မှုက ဒီလောက်ထိ ဖြစ် လာလိ့မ်မယ်လို့ သူမထင်မိခဲ့ပါ ။ ဆေးလုပ်ရတာ ပိုမို လွယ် ကူပြီး ချောချောမွေ့ မွေ့ ဖြစ်နေပါတယ် ။ သာမန်မီးဖိုထက် ၁၀ ဆမျှ မြန်ဆန်နေတယ် မဟုတ်ပါလား ။
အံ့အားသင့်ဖွယ်ရာအချက်ကတော့ သူဟာ ဆေးတစ် စုံ စာကို ၅ လုံးအထိ ရရှိခဲ့တာဖြစ်ပြီး ဆေးတစ်လုံးချင်းဆီ ရဲ့ အရည်အသွေးဟာလည်း အလွန်ပဲ ကောင်းမွန်လှပါ တယ် ။
“ဟား ဟား . . .”
ချန်ရှန် ကျယ်လောင်စွာ ရယ်မောမိတယ် ။ ဆေး ၁၀ လုံးအား လောင်ဆုရီအားပေးလိုက်ပါတယ် ။ ယခုအချိန်မှ စ ပြီး သူ့အတွက် ဒီဆေးဟာ အပေါများဆုံး အရာ ဖြစ်တော့ မှာပါ ။ သူ၏ ကိုယ်ပိုင် အင်အားစုတပ်ကို တည်ထောင်ရန် လည်း ပိုမို ယုံကြည်ချက် ရှိလာတော့တယ် ။
နောက်တစ်နာရီ ကြာတယ့် အခါမှာတော့ ချန်ရှန် ဟာ အဖြူရောင် ကျောက်စိမ်း ဆေးပင် အစုံ ၂၀ စာ ပြုလုပ်ပြီး ဖြစ်ပါတယ် ။ တစ်စုံမှာ ၂လုံးဖြစ်ပြီး ဒီလို နှုန်းမျိုးကိုသာ ဆေးဆရာမကြီး သိသွားပါက နေ့ခင်းကြောင်တောင် သရဲ အခြောက်ခံရသည် ဟုပင် ထင်သွားနိုင်မှာပါ ။ စုမေးယို ပင် ယုံရ ခက်ခက် ဖြစ်နေပါတော့တယ် ။
“အမတော် မေးယို နဲ့ ယုယု အမတော်တို့ အခု ဆေး တွေ အများကြီး စားနိုင်တော့မယ် ။ ဒါဆို အမတော်တို့ စွမ်း အင်တွေ ပြန်ကောင်းလာမှာ မဟုတ်လား”
ချန်ရှန် မေးလိုက်ပါတယ် ။
“အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး ။ ဆေးအနိမ့်တွေ ကို ဖြုန်းတီးပစ်သလိုပဲ ဖြစ်မှာ ။ ငါတို့ကို ပြန်ကောင်းစေချင် ရင် အဆင့်မြင့် ဆေးတွေ ရမှသာ ဖြစ်နိုင်မယ် ။ ဒီဆေးတွေ ကတော့ မင်းအားတွေ တိုးလာဖို့ ကိုယ့်ဟာကိုယ်ပဲစားပါ”
ဘိုင်ယုယု က ပြန်ပြောပါတယ် ။
ငါးရက်ကြာပြီးနောက်မှာ ချန်ရှန် အပြင်ဘက်တွင် တစ် ယောက်ယောက် ရောက်နေသလို ခံစားလိုက်ရတယ် ။ ဒီ ငါးရက်အတွင်းမှာ သူဟာ ဒြပ်စင်ဆေး အလုံး ၁၂၀၀ နဲ့ အဖြူရောင်ကျောက်စိမ်းဆေး အလုံး ၁၂၀ တို့ကို ပြုလုပ်ပြီး ပါပြီ ။ ဒါတွေကို သလင်းကျောက်နဲ့ လဲမည်ဆိုပါက ပမာဏ အတော်များများ ရရှိမှာပါပဲ ။ ဒါပေမယ့်လည်း ချန်ရှန် ဒါတွေကို မဆင်မခြင် ရမ်းမလုပ်ပါဘူး ။ တန်ဖိုးကြီးတယ့် ဆေးပင်တွေနဲ့သာ အလဲအလှယ် ပြုလုပ်ရန် ဆုံးဖြတ်ထား လို့ပါ ။ ဒါ့အပြင် သူ၏ စွမ်းအင်များကိုလည်း လျင်မြန်စွာ တိုးတက်နိုင်သည် မဟုတ်ပါလား ။
ချန်ရှန် ရေမိုးချိုးကာ ခန်းမထဲ ထွက်လာပါတယ် ။ ဂုဒွန် ချန် ၊ ဆေးဆရာမကြီး နဲ့ ဆရာကြီးဝု တို့ကို သူတွေ့ လိုက် ရ ပြီး သူ့ကို စောင့်နေကြပုံပါပဲ ။ ဂုဒွန်ချန် နှင့် ဆရာကြီး ဝု တို့၏ ပုံစံဟာ အတော်လန်းဆန်းနေပုံပါ ။ သူတို့၏ မျက်နှာ တွင် အပြုံးများ ကိုယ်စီဖြင့် ရှိနေကြပြီး ကမ္ဘာ့ ဗဟိုချက် အသီး ဟာ သူတို့ကို အကျိုးအမြတ်တော်တော်ပေးသွား လောက်တယ်ဟု ချန်ရှန် ထင်နေမိပါတယ် ။
ဒီအချက်ကြောင့် ချန်ရှန် အတွက် သေချာသွားတာ တစ်ခုကတော့ စုမေးယိုနဲ့ ဘိုင်ယုယု တို့ဟာ ဒီ ထိပ်သီး ကြီး ၃ ဦးထက် များစွာ အစွမ်းထက်မယ် ဆိုတာပါပဲ ။ ၎င်း ညီအမ ၂ ယောက်ပြောပုံအရ ဒီအသီးဟာ သူမတို့ကို အနည်းငယ်သာ အကျိုးဖြစ်ထွန်းနိုင်တယ် ဆိုလို့ပါ ။ အ ဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ဟာ အဆင့်တစ်ခုကို ရောက်ရှိနေပြီ ဖြစ်တယ့် အတွက် ဒီလို အသီးအနည်းငယ် က သူမတို့ကို မည်သည့် သက်ရောက်မှုမျှ ပေးနိုင်ခြင်း မရှိ ပါ ချေ ။
“ဦးရီးတော်လေး ၊ ဘယ်လို အရာမျိုးပါလိမ့်ကွာ ၊ ဒါကို စားပြီး ငါရဲ့ ကိုယ်ဟာ စွမ်းအးတွေ အတော်တိုးလာသလို ခံ စားရတယ်”
ဂုဒွန်ချန် ရယ်မောရင်း ပြောဆိုပါတယ် ။ ယခုအခေါက် သူ ဟာ ချန်ရှန် ကို ဦးရီးတော်လေး ဟု ရှောရှောရှူရှူ ပင် ခေါ်လိုက်တာ ဖြစ်ပြီး မည်သည့် ၀မ်းနည်းသည့် ဟန်ပန်မျှ မတွေ့ ရပါချေ ။ အရင်လိုမျိုး ပုံစံ လုံးဝ မဟုတ်ပါ ။
ဆရာကြီး ဝု ကလည်း ရယ်မောကာဖြင့် –
“ဦးရီးတော်လေး ၊ မင်း ငရဲချောက်ကမ်းပါးထဲကနေ ပစ္စည်းကောင်းတွေ အများကြီး ရခဲ့တယ် ဟုတ်တယ်မလား ကွ”
ဆေးဆရာမကြီးကတော့ သရော်သလိုလိုဖြင့် –
“ဒါကို သာ ဆေးလုပ်ရင် ပိုပြီး အသုံးဝင်သွားမှာပဲ ။ အစောကြီးတည်းက သိရင် ငါမစားပါဘူး”
“သေချာတာပေါ့ ၊ ကောင်မလေး ခင်ဗျား ဟာ သိပ်သိ တာပဲ ။ ဟဲဟဲ ၊ ကျွန်တော် ခင်ဗျားတို့ ၃ယောက် ကို အထူး ချန်ပေးထားတာ ၊ ဒီက ဦးရီးတော်လေး က ခင်ဗျားတို့ကို အလွန်မျှ တ ကြင်နာပါတယ်”
ချန်ရှန် ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်တယ် ။ ခြေထောက် များကို ချိတ်ကာဖြင့် ပျော်ရွှင်စွာ ပြုံးနေပါတယ် ။
ဂုဒွန်ချန် တို့ ချန်ရှန်ဟာ တကယ်ပဲ ဦးရီးတော် တစ်ဦး လို အစစ်အမှန် ပြုမူနေသလို ခံစားလိုက်ကြရတယ် ။ သူတို့ ကို အရေးကြီးဆုံး အခြေအနေမှာ လာကယ်ရုံမက ဒီလို တန်ဖိုးကြီးအရာကိုလည်း ပေးစွမ်းခဲ့ပါသေးတယ် ။ အခု ချိန်မှာ ချန်ရှန်ဟာ အားနည်းနေပြီး ဒီလို အသီးဟာ သူ့ အတွက် အလွန်အသုံးဝင်မှာကို အားလုံးအသိပါ ။ ဒါပေမဲ့ လည်း သူတို့ကို တချို့ တ၀က်ပေးခဲ့တာကြောင့် သူတို့ ဟာ ချန်ရှန်ကို နှလုံးသားထဲက ကျေးဇူးတင်နေမိကြပါတယ် ။
“ဟဲဟဲ ၊ ကျွန်တော့ကို ခင်ဗျားတို့ ကျေးဇူးတင်ဖို့ မလို ပါဘူး ။ ဦးရီးတော် တစ်ယောက် အနေနဲ့ လုပ်သင့်လုပ် ထိုက်တာ ကို လုပ်တာပါ”
ချန်ရှန် ဂုဏ်ယူဟန်ဖြင့် ပြုံးပြီး ပြောပါတယ် ။ ပြီးမှ လေ သံ တီးတိုးဖြင့် –
“ကျွန်တော် လုမျိုးနွယ်ကို ဆန့်ကျင်ဖို့ စီစဉ်နေတယ် ။ သိပ်မကြာခဲ့တဲ့ချိန်တုန်းး ကျွန်တော် အမည်းရောင်လိပ် တောင်ကို စုံစမ်းဖို့ သွားခဲ့တယ်လေ ၊ လမ်းမှာ အဆင့် ၂ ပညာရှင် ၂ ဦးက ကျွန်တော့ကို လမ်းမှာ သတ်ဖြတ်ဖို့ ကြိုး စားခဲ့ကြတယ် ။ သူတို့ဟာ လုမျိုးနွယ် က လွှတ်လိုက်တဲ့ လူတွေပဲ ။ ကျွန်တော် သေမလိုတောင် ဖြစ်သွားခဲ့တာ ။ ဒီ လု မျိုးနွယ်ဟာ ကျွန်တော့ကို ထပ်ခါထပ်ခါကို နှောင့်ယှက် နေတာ ၊ သူတို့ကို ခွင့်မလွှတ်နိုင်ဘူးဗျာ”
“မင်း သဘော ပါပဲ ကွာ ၊ ဒါမင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ၊ ဒီလူအိုကြီးတွေက ကြားမ၀င်ဘူးဟေ့”
ဆရာကြီး ဝု ရယ်မောရင်း ပြောဆိုပါတယ် ။
“မင်း အတော် သတိထားရမယ် ။ လုရှန် ဟာ မင်းထက် အများကြီး စွမ်းအားကြီးတယ် ။ မင်းက သူ့ကို သွားရန်စ ထားတာကြောင့် သူကလည်း မင်းကို တုန့်ပြန်လိမ့်မယ်”
ဂုဒွန်ချန် သတိပေးပါတယ် ။
ချန်ရှန် ဟာ ကြောက်ရွံ့ ခြင်းတော့ မရှိပါချေ ။ ဂုဒွန်ချန် နှင့် ဆရာကြီး ဝု တို့ ထွက်သွားပြီးနောက် ဆေးဆရာမကြီး ကို သူမေးလိုက်တယ် ။
“ကွမ်ချင်ကော ဘယ်မှာလဲ ၊ကျွန်တော် ရောက်လာ ကတည်းက မမြင်ပါလား”
“ဟက် ၊ သူမ တံခါးပိတ် ကျင့်နေတယ် ။ မင်းက သူမ ကို ဘာလို့ ရှာနေတာတုန်း”
ဆေးဆရာမကြီးက သရော်ဟန်ဖြင့် မေးပါတယ် ။
“ဒါကို သူ့ကို ပေးလိုက်ပါ”
ချန်ရှန် ကမ္ဘာ့ ဗဟိုချက် နတ်သစ်သီး အပိုင်းအစ တစ်ခု ကိုထုတ်ကာ ပေးလိုက်တယ် ။
ဆေးဆရာမကြီးဟာ တခဏမျှ အံ့သြသွားတယ် ။ ချန် ရှန် ဒီလောက် ရက်ရောလိမ့်မည်ဟု သူမမထင်မိချေ ။ ဒီလို အရာမျိုးကို ဝုကွမ်ချင်အား ပေးတာကြောင့်ပါပဲ ။ ဒီအသီး ဟာ အဆင့်မြင့် ဝိဉာဉ်တော်သီးဖြစ်မယ် ဆိုတာကို ဆေး ဆရာမကြီး ကျိန်းသေ သိနေပါတယ် ။ ဝုကွမ်ချင်လို စစ်မှန် သော သိုင်းပညာနယ်ပယ် အဆင့် လူအတွက် အကျိုးများ စွာ ဖြစ်ထွန်းမည်မှာ မလွဲပါချေ ။
“မင်းဟာ ရှုပ်ရှုပ်ယှက်ယှက် နိုင်တာပဲ ၊ ကိုယ့်မှာ သတို့ သမီးလောင်း ရှိတာတောင်မှ”
ဆေးဆရာမကြီး ၏ နူးညံ့သော လှောင်သံ ထွက်လာ ပါတယ် ။ သူမ ကြည့်ရတာ မနာလို ဖြစ်နေပုံပါပဲ ။ ချန်ရှန် အံ့သြမိသွားတယ် ။
“ဒါကို မင်း ဆေးလုပ်ဖို့ အသုံးပြုမှာလား”
ဆေးဆရာမကြီး ဒါကို ဆေးလုပ်ဖို့ အတွက် စိတ်အား ထက်သန်နေပါတယ် ။
“ဒါပေ့ါဗျ ၊ ကျွန်တော် ဖြစ်နိုင်တယ့် တစ်နေ့တော့ လုပ် မှာပါ ။ ခင်ဗျားကို ဘယ်လို လုပ်ရတယ် ဆိုတာကို သိလား ၊ ဘယ်ဆေးပင်တွေ နဲ့ ရောစပ်ရမလဲ ၊ အတော်တော့ ကြိုး စားရမယ် ထင်တယ် ။အမှားလည်း လုံးဝ ခံမှာ မဟုတ်ဘူး ၊ ဒါပေမယ့် ကျွန်တော် အနည်းငယ်ပဲ စိုးရိမ်မိတာပါ ။ ခင်ဗျား အတွက်တော့ ဒီအမှားတွေဆိုတာ မရှိသလောက် နည်းမှာ ပေါ့”
ချန်ရှန် နှုတ်ခမ်းများ မဲ့ကာ ပြောလိုက်ပါတယ် ။
ဆေးဆရာမကြီး အသံတိုးတိုးလေး လှောင်လိုက် တယ် ။ ချန်ရှန် သူမကို ပိုပြီး စိတ်ဝင်စားအောင် လုပ်နေ သည် မဟုတ်ပါလား ။
“ဒီမှာ တည်ဆောက်ရေးဆေး လုပ်ဖို့ ငါစုထားတဲ့ ဆေး ပစ္စည်းတွေ ။ စုစုပေါင်း ၁၅ စုံစာပဲ ။ မင်းအရင်က ပြော ခဲ့ တယ်မလား ။ ငါ တည်ဆောက်ရေးဆေး ၀ယ်ချင်ရင် မင်း ဆီက ရနိုင်တယ်ဆို”
ဆေးဆရာမကြီး ချန်ရှန်အား အိတ်တစ်အိတ် ကို ပေး လိုက်ပါတယ် ။ တစ်နေ့မှာ သူမအနေနဲ့ တခြားလူအား ဆေး လုပ်ပေးဖို့ အကူအညီတောင်းရလိ့မ်မယ်လို့ သူမ မမျှော်လင့်ခဲ့ပါချေ ။ သူမထက် ချန်ရှန် ဟာ တည်ဆောက် ရေးဆေးကို ပိုမို ကောင်းမွန်ပြီး အရေအတွက်များများ ပြု လုပ်နိုင်လိမ့်မယ်လို့ မည်သူထင်ပါမည်နည်း ။ သူမဟာ တစ်စုံစာကို မှ ၂ လုံးပဲ လုပ်နိုင်တာ ဖြစ်ပါတော့တယ် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset