Switch Mode

Chapter – 6

Chapter – 6

တိတ်ဆိတ်မှု ကြီးဆိုးနေသော အာကာပြင်ထဲတွင် ကြီးမားသောနဂါးလောင်းကိုးခုက ငြိမ်သက်ကာ ရှိနေသည်။ ကြေးနီရောင်အခေါင်းကလည်း ရိုးရှင်းစွာပင်ပြည့်စုံ၍ ခမ်းနားလွန်းလှသည်မှာ စကြာဝဠာကြီးစတင်ကတည်းက တည်ရှိခဲ့သည်နှင့် တူသည်။
ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီးလျှင် မော်နီတာတွင် ကြေးနီရောင်များမှ ထွက်လာသည့်လျှို့ဝှက်ဆန်းကျယ်သည့် လျှပ်အားလှိုင်းများကို အဓိပ္ပါယ်မဖော်နိုင်သေးချေ။ ထို့အပြင် အထဲတွင် ပါဝင်သောအရာကို ထုတ်ယူရန် မဖြစ်နိုင်ပြန်ချေ။
“လှုပ်လာပြီ …။ ”
” ဂြိုလ်ပတ်လမ်းကြောင်းကနေ ခွဲထွက်လာပြီ .. ။ အောက်ကို ကျလာပြီ …။”
ထိုအချိန်တွင် နိုင်ငံတကာအာကာသစခန်းထဲတွင် ရှိသော အာကာသ လက်ရွေးစင်အချို့၏မျက်လုံးများက ပြူးထွက်သွားသည်။ နဂါး အလောင်းကြီး ကိုးလောင်းက ဆွဲသော အခေါင်းမှာ ဂြိုလ်ပတ်လမ်းကြောင်းမှ ခွဲထွက်လာပြီး တဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လာသည်။
°°°°°
ထိုက်တောင်က အလွန်မြင့်မားပြီး ခမ်းနားကာ မဟာတောင်တန်းငါးခုမှ ခေါင်းဆောင်ဟုပင် တင်စားခေါ်ဆိုကြသည်။ ထို့အပြင် တစ်လောကလုံးတွင် နံပတ်တစ်တောင်တန်းဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ ရှေ့ခေတ်အစဥ်အဆက်ထဲက ထိုက်တောင်သည် အထွတ်အမြတ်ဆန်သော အချက်ကို ကိုယ်စားပြုသည်။
မြစ်ဝါမြစ်နှင့် ဝမ်မြစ်တို့ ဝိုင်းလျက် ဗဟိုပြင်ကျယ်၏ အရှေ့ဘက်ဆုံးအပိုင်းတွင် တည်ရှိသည်။ ရှေ့ယခင်ထဲက ထိုနေရာကို နေမင်း မွေးဖွားရာနေရာဟု သတ်မှတ်ကြပြီး သက်ရှိများအားလုံးက ထိုနေရာမှ ကြီးထွားလာသည်ဟု ယုံကြည်ကြသည်။
သူ့ထက် ပို၍ ကြီးကျယ်သော တောင်တန်းဟူ၍ မရှိတော့ချေ။ ထို့အပြင် သူ့ထက် ပိုသည့်ခမ်းနားကြီးကျယ်သော သမိုင်းကြောင်းလည်း မရှိနိုင်သေးချေ။
ထိုက်တောင်က အလွန်မြင့်မြတ်ပြီး အရှင်သခင် သုံးယောက်နှင့် ဧကရာဇ် ငါးပါး ခေတ်ကတည်းက ပိုင်ဆိုင်ထားသည့်အပြင် သမိုင်းကြောင်းကလည်း ရှည်လျားသည်။ ထို့ပြင် နတ်ဘုရားများနှင့် အနီးစပ်ဆုံး ပတ်သက်ခဲ့သောနေရာဟုလည်း ဆိုရပေမည်။
“ကောင်းကင်က လျှောက်လှမ်းမှီဖို့ ဝေးပါသေးတယ်။ ထိုက်တောင်မှာ စတေးခံ အခမ်းအနားတွေကိုတောင် ချခင်း ပြုလုပ်ပြီး နတ်ဘုရားတွေကို ဆုတောင်းခဲ့ကြတာတဲ့ … ။”
တစ်လောကလုံးကို ထိန်းသိမ်းကာ အုပ်ချုပ်နိုင်ခဲ့သည့် ပထမဦးဆုံး ချင် ဧကရာဇ် နှင့် ပါရမီ အလွန်ကြီးပြီး ခါင်းမာသော အမည်နာမရှိသည့် ဟန်ခေတ် ဧကရာဇ်ဝူတို့က ထိုက်တောင်ပေါ်တွင် အခမ်းအနားပွဲများ ကျင်းပခဲ့ဖူးသည်။
ထိုမတိုင်မှီ အချိန်ကတည်းက ထိုက်တောင်တွင် ဆက်ခံပွဲများပြုလုပ်ခဲ့သည့် ဧကရာဇ်ခုနှစ်ဆယ့် နှစ်ယောက်အတိ ရှိခဲ့သည်။
ချင် မင်းဆက်မတိုင်မှီ ရှေ့ဟောင်းစာအုပ် ကွမ်းကျစ်တွင် ထိုသို့ မှတ်တမ်း တင်ထားသည်။
” အတိတ်က ဟွိုင်ကလန်က ထိုက်တောင်ပေါ်မှာ အထွတ်အမြတ်ထား ပူဇော်ပွဲကို ကျင်းပခဲ့တယ် … ။ ကျန်းရိုယွန်ကလည်း ထိုက်တောင်ပေါ်မှာ အခမ်းအနားပွဲကို ကျင်းပခဲ့ဖူးတယ် .. ။ ရှန်းနုန်ကလည်း ထိုက်တောင်ပေါ်မှာ အခမ်းအနားပွဲကို ကျင်းပခဲ့ဖူးတယ် .. ။ ဟွမ် ဧကရာဇ်ကလည်း ထိုက်တောင်ပေါ်မှာ အခမ်းအနားပွဲကို ကျင်းပခဲ့ဖူးတယ် … ။ ယောင် မင်းဆက်ကလည်း အခမ်းအနားပွဲကို ထိုက်တောင်ပေါ်မှာ ကျင်းပခဲ့ဖူးတယ် .. ။ ယီ မင်းဆက်ကလည်း ထိုက်တောင်ပေါ်မှာ အခမ်းအနားပွဲကို ကျင်းပခဲ့ဖူးတယ် … ။ ” ဟူ၍ ဖော်ပြထားသည်။
ရှေ့ခေတ်ကာလ အတောအတွင်း မရေတွက်နိုင်သောသူတော်စင် ဧကရာဇ်များနှင့် ရှေးခေတ် ဧကရာဇ်များက သူတို့၏ ပူဇော်ပွဲများကို ထိုနေရာတွင် ကျင်းပရန် ချို့ယွင်းချက်မရှိ ရွေးချယ်လိုက်ကတည်းက ထိုက်တောင်ကို မြူလွှာအထပ်ထပ် ဝိုင်းလာစေပြီး လျှို့ဝှက်ဆန်းကျယ်သော အရှိန်အဝါကို ထောက်ပံ့ပေးနေစေသည်။
နွေဦး ရာသီနှင့် ဆောင်းဦး ရာသီ အတောအတွင်း သူတော်စင် ခုန်က ထိုက်တောင်သို့ ခရီးဆက်လာစေပြီး ရှေခေတ် အထိမ်းအမှတ်နေ့၏ မဟာ အခမ်းအနားများကို လိုက်လံရှာဖွေသော်လည်း များများစားစား ရှာကောင်းလောက်အောင် ဘာကိုမျှ မတွေ့ခဲ့ချေ။ သူ၏ တပည့်များက သူ့ကို မေးကြည့်သောအခါတွင်လည်းအဖြေ ပြန်မရခဲ့ချေ။
နောက်ပိုင်းမျိုးဆက်များကမူ အချို့သော ရှာဖွေတွေ့ရှိမှုများကို ရရှိခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်ဆယ့်နှစ်နှစ်မြောက်နေ့တွင် ဗိုလ်ချုပ်ဟုန်ကွေးက သူ၏တပ်ဖွဲ့များကို ဦးဆောင်ကာ ထိုက်တောင်ခြေတွင် အခြေစိုက်ထားခဲ့သည်။ ကံကောင်းခြင်းအားဖြင့် သူက ထိုတောင်ခြေတွင် ကျောက်စိမ်းစာလိပ်နှစ်စုံနှင့်အတူ ငါးရောင်ခြယ်မြေဓားဝါရောင်၊ ယဇ်ပုလ္လင်တစ်ခုကို ရှာတွေ့ခဲ့သည်။ ကျောက်စိမ်းစာလိပ်များက ကျောက်သားမြေစေးနှင့်ရွှေရောင်ကြိုးတို့ဖြင့် ချိတ်ပိတ်ခံထားရပြီး အောက်ခြေတွင် ရှိနေခြင်းဖြစ်သည်။
ချင် မင်းဆက် မတိုင်မှီခေတ်နှင့် ရှေ့ခေတ်အချိန်ကလကတည်းက ယနေ့အထိ ရှေ့ဟောင်းဧကရာဇ်တိုင်းက ထိုနေရာတွင် ပူဇော်ကျင်းပခဲ့သော ကိစ္စက လျှို့ဝှက်ဆန်းကျယ်နေသေးသည်။ သို့ပေမဲ့ မဖြေရှင်းနိုင်သည့်ကိစ္စလည်း ဖြစ်နေသေးပြန်သည်။
ယဲ့ဖန်းတို့အားလုံးက ဟိုတယ်တွင် တစ်ညနေခဲ့ကြသည်။ နောက်တစ်ရက်တွင် သူတို့က ထိုက်တောင်ပေါ်သို့ တက်ကြမည်။ ထိုအဖွဲ့ထဲက လူအများစုအတွက်ထိုက်တောင်ပေါ် ပထမဦးဆုံး တက်ဖူးခြင်း ဖြစ်​နေသည်။ သူတို့က ထိုနေရာသို့ တက်နေရင်းမှသာ ထိုတောင်ကြီးက မည်မျှခမ်းနားပြီး မြင့်မြတ်ဖွယ်ကောင်းကြောင်း သိရသည်။
တောင်ကို မြေမျက်နှာ အသွင်အပြင်တည်ဆောက်ပုံအရ လှေကားထစ်များနှင့် သုံးပိုင်း ခွဲခြားထားသည်။ တောင်ဘက်ပိုင်းတွင် မျက်နှာမူထားသည့် ကောင်းကင်သို့ဦးတည်နေသောလှေကားထစ်များနီးတူ ဖြစ်သည်။ တစ်ခုလုံးကို ဖွင့်ပေးထားပြီး ကောင်းကင်သို့ ထောင်တက်နေသော လမ်းကြောင်းမှတဆင့် ကျယ်ပြောသောတောင်ပေါ်သို့သွားသည့် ဆယ်ကီလိုမီတာခန့်ကျယ်သော လမ်းကို ဖန်တီးပေးထားသည်။ ဤနေရာမှ တောင်ပေါ်သို့ တက်နိုင်သည်။
အလွန်ဝေးကွာသော နေရာမှဖြစ်စေ နီးကပ်သွား၍ဖြစ်စေ အပေါ်သို့တက်ရသော ခံစားချက်က နှလုံးသားထဲတွင် ခမ်းနားကြီးကျယ်သောခံစားချက်မျိုးကို ဝင်ရောက်လာစေသည်။
ခမ်းနားကြီးကျယ်သော ထိုက်တောင်၏ အရှေ့တွင် မိမိဟာ ပွဲစင်တကာ ပြိုင်ဆိုင်နိုင်လွန်းပါ၏ဆိုသော ထူးခြားသော ခံစားချက်မျိုးကို ရရှိပေလိမ့်မည်။ နေ၊ လနှင့် ကြယ်စင်များကပင် ထိုက်တောင်၏ အရှေ့တွင်တိမ်ရိပ်များက နောက်မှနေသည်ဟု ထင်ရလောက်သည်။ ထိုခံစားချက်က စိတ်ဝိညာဥ်ကိုပင် သံသယဝင်စေလောက်သော အံ့ဩဖွယ်ခံစားချက်မျိုး ဖြစ်သည်။
ဧည့်လမ်းညွန်က ရှေးခေတ်က ကိစ္စပေါင်း အများအပြားကို ပြောပြနေသောအခါ လူအများစု၏ စိတ်ကူးများကလည်း ပြန့်ကျဲကုန်သည်။ လူအများစုက အမြဲတစေ အမည်မသိရသော လျှိုဝှက်ဆန်းကျယ်မှုများကို​ပြင်းပြတောင်းတကြသည်။
လီရှောင်းမာန်က ခါသဲနှင့်အတူ ဘေးမှ ယှဥ်၍ လျှောက်နေပြီး အချိန်များစွာ သူ့ကို ဘာသာပြန်၍ ရှင်းပြပေးနေသည်။ ထိုအချက်က ထိုအမေရိကန် လူငယ်ကို ထိုက်တောင်နဲ့ပတ်သက်၍ ပိုမို စိတ်ဝင်စားလာစေကာ မေးခွန်းများ ဆက်တိုက်မေးသည်။
လျှိုယွန်ကျစ်က ယဲ့ဖန်းကို စနောက်ချင်သလို ကြည့်လိုက်သည်။ ထို့နောက် အရှေ့မှ လူနှစ်ယောက်ကို ပြန်ကြည့်သည်။ သို့ရာတွင် သူ၏ ရည်ရွယ်ချက်ရှိရှိ ရန်စခြင်းကို ယဲ့ဖန်းက သိရှိလိုက်သည်။ သူက ဂရုပင် စိုက်မနေခဲ့ချေ။ ထိုအချက်က သူ့ကို စိတ်ပျက်သွားစေခဲ့သည်။ ပြောရလျှင် ယဲ့ဖန်းက သူ့ကို သတိပင် မထားမိချေ။ ဘာမျှမဖြစ်ဘဲ သူက တည်ငြိမ်နေသည်။
ယဲ့ဖန်းက ဟွမ် ဧကရာဇ်၏ အတွင်းစည်းမျဥ်းဆိုသောစာအုပ်ကို ဖတ်ထားပြီးလေပြီ။ ဤနေရာတွင် မည်မျှသော ကိုးကွယ်မှုဆိုင်ရာ အခမ်းအနားပွဲများကို ကျင်းပခဲ့ကြောင်းကို တွေးမိသောအခါ ရုတ်တရက် သူ့တွင်အဓိပ္ပါယ်မရှိသော အတွေးတစ်ခုက ဝင်လာသည်။
ရှေးခေတ်နေထိုင်မှုပုံစံပျောက်ဆုံးသွားရတယ်ဆိုတာ ထိုက်တောင်က တကယ်ကို သံသယဝင်ရန် မလိုလောက်သော တော်ဝင်မြေတစ်ခုပဲ။
သို့ရာတွင် သူက ခေါင်းကို ခါလိုက်သည်။ သူက အလွန်ပျင်းလွန်းနေသောကြောင့်သာ ထိုသို့ အသိဉာဏ်မရှိသောအတွေးကို တွေးနေခြင်း ဖြစ်သည်။
ထိုက်တောင်က ရှေးကျသောနွယ်ပင်များနှင့် စိမ်းလန်းနေပြီး စီးဆင်းနေသော စမ်းရေကန်လေးများနှင့် ရေတံခွန်လေးများကလည်း အများအပြား ရှိ​နေသည်။ ထို့ကြောင့် ခမ်းနားမှုအရာတွင် ဝိညာဥ်ပျောက်ရှနေခြင်း မရှိချေ။ ထို့ပြင် မြူဆိုင်းနေသော တိမ်စင်များနှင့် ပေါင်းစပ်လိုက်သော် ပို၍ လျှို့ဝှက်ဆန်းကျယ်သွားစေသည်။
သူတို့က တောင်သို့ တက်နေရင်းနှင့် မရေမတွက်နိုင်သော စိတ်ဝင်စားစရာကောင်းသည့် သမိုင်းဝင်နေရာများကိုလည်း တွေ့ရပြန်သည်။ ချောက်ကမ်းပါးမှမြင်ကွင်းများကလည်း မှင်သက်ဖွယ်ရာများဖြစ်သည်။
စတေးခံမြေပြင်မှတဆင့် သိုင်းဂူဘုရားကျောင်းများကိုကျော်ဖြတ်သွားပြီး ကောင်းကင်ချိတ်ပိတ်​ခြင်း ကျောက်စိမ်း ဧကရာဇ်တောင်ထိပ်သို့ သွားကြ၏။ ထိုအချိန်တွင် ဖြစ်ပေါ်လာသော ခံစားချက်မျိုးက မြေအောက်လောက တစ်ဆယ်ကီလ်ိုမီတာခန့်အကွာတွင် လှိုဏ်ဂူတံခါးတစ်ခုကို တည်ဆောက်ပြီး လူသားလောကနှင့် ချိတ်ဆက်လျက် တစ်ဖန်ကောင်းကင်နှင့်ချိတ်ဆက်ထားသည်ဟုပင် ထင်ရစေသည်။
ညနေခင်းတွင် လူအုပ်က ထိုက်တောင်ပေါ်သို့ ရောက်ကြပြီဖြစ်ပြီး ထိုနေရာအား ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ဟုလည်း ခေါ်သည်။
အောက်ဘက်ရှိ သန်းပေါင်းများစွာသော တောင်တန်းများကို ကြည့်ပြီး တစ်နေရာမှ ဝမ်မြစ်ကိုလည်း မြင်နေရပြီး ကွန်ဖြူးရှပ်၏ ” ထိုက်တောင်ပေါ် တက်ပြီး တလောကလုံးကို ငုံ့ကြည့်လိုက်စမ်းပါ …။ ” ဟူသော စကားကိုပင် သတိရသွားသည်။
” မင်းတို့သာ တောင်ထိပ်ပေါ် ရောက်သွားရင် အောက်ဘက်ကတောင်တန်းတွေကို ငုံ့ကြည့်လို့ ရပြီ .. ။”
စာပေပညာရှင်တစ်ယောက်၏ စကားက ထိုသို့ ပြောင်မြောက်နေသည်။
ထိုအခိုက် နေမင်းက အနောက်ဘက်သို့ ဝင်လေပြီ။ တိမ်စင်များက တောင်တိပ်ရှိ ရွှေရောင်အလင်းများနှင့်မျက်စိကို ဖုံးပြီး ရှားပါးသောရတနာများက တောက်ပနေသည်ထက်ပင် သာလွန်လှသည်။ ထိုသို့တွေ့ရသောမြင်ကွင်းက ယစ်မူးလွယ်စေသည်။
သို့ရာတွင်ရုတ်တရက် ကောင်းကင်ယံတွင် အမည်းရောင်အစက်အပြောက်များ ပေါ်လာပြီး တဖြည်းဖြည်းကြီးသည်ထက် ကြီးလာသည်။ ထို့အပြင် မိုးခြိမ်းသံများကိုလည်း ကြားလာရသည်။
ကောင်းကင်မှ အနက်ရောင်မြစ်တန်းရှည်ကြီးတစ်ခုကအောက်သို့ကျလာသလို ကြီးမားသောပစ္စည်းကိုးခုကကျဆင်းလာသည်။ ထိုအခါ ထိုက်တောက်ပေါ်ရှိ လူတိုင်းက အံ့ဩသည့်အမူအရာဖြင့် အေးခဲကုန်ကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် အံ့ဩတကြီး ကြည့်ကြသည်။
အောက်သို့ကျလာသောအရာက ရှေးဟောင်း ကြေးနီရောင်အခေါင်းကို ဆွဲသော ကြီးမားသည့် နဂါးအလောင်းများ ဖြစ်နေသည်။
နဂါး ဆိုသည်မှာ ဒဏ္ဍာရီလာ တည်ရှိမှုဖြစ်ပြီး နတ်ဘုရားများနှင့်အတူ ဘေးချင်း ယှဥ်နှိုင်စွမ်းရှိခဲ့ကာ သဘာဝလွန် နိယာမများ၏ အထက်တွင်လည်းဖြစ်သည်။ သို့ရာတွင် ယခုလို ဖွံ့ဖြိုးတိုးတက်နေသောသိပ္ပံခေတ်တွင် မည်သူကမျှ နဂါး၏ တည်ရှိမှုကို မယုံကြည်ကြချေ။
တောင်ပေါ်ရှိ ခရီးသွားများကလည်း အံ့ဩတကြီးဖြစ်သွားကြကာ အသက်ရှူပင်အောင့်ထားမိကြ၍ အော်ဟစ်ရန် မေ့လျော့သွားကြသည်။
အချိန်တစ်ခုကြာပြီးနောက် ထိုက်တောင်က ဆူပွတ်လာသည်။ လူတိုင်းက အထိတ်တလန့်ဖြစ်သွားကြကာ ထွက်ပြေးကြ၏။ သူတို့က အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးလျက် ချဥ်းကပ်လာသော အလောင်းကြီးများနှင့် ပတ်ပင်း မတိုးရန် ကြံစည်ကြသည်။
ထိုမြင်ကွင်းမှာ မှင်သက်ဖွယ်ကောင်းသည်။ သွေးကဲ့သို့နီရဲနေသော နေရောင်အောက်တွင် နဂါးများ ဆွဲထားသောအခေါင်းက ထိုက်တောင်ကို တည့်တည့်မတ်မတ် ဆင်းလာသည်။
လူတိုင်းက ထွက်ပြေးနေရင်းမှ ငယ်သံပါအောင်အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။
နဂါးအလောင်းကိုးခုက ဆွဲသော အခေါင်းမှာ အောက်သို့ လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။ သို့သော် ကျဆင်းသွားခဲ့ချိန်တွင် ထိုက်တောင်တစ်ခုလုံးက လှုပ်ခါသွားသည်။
တောင်တန်းကိုးခုကို ရစ်ပတ်နေသော ကြီးမားသည့် ပစ္စည်းကြီးတစ်ခု ကျရောက်လာသလို ဖြစ်သွားခဲ့ပြီး ကျောက်စိမ်း ဧကရာဇ်၏ ရုပ်ထုက အက်ကွဲရာအနည်းငယ်မှလွဲ၍ အခြားမဖြစ်ဘဲ ပျောက်ကွယ်သွားသည်။
ကြေးနီရောင် ရှေးဟောင်းအခေါင်းမှ ခြိမ်းခနဲမြည်သံနှင့်အတူ ထိုက်တောင်ကို ရိုက်ချခဲ့ခြင်းဖြစ်ပြီး တဖြည်းဖြည်း မှင်သက်ဖွယ်ကောင်းပြီး အရာရာကို မမြင်နိုင်တော့ချေ။
တောင်တန်းပေါ်တွင် နေထိုင်သူအများစုက သိပ်မကြာခင် တောင်ပေါ်မှဆင်းလာကြပြီး ထောင်ပေါင်းများစွာသောမြင်းများနှင့် စစ်သည်တော်များကို လွှတ်လိုက်သလိုမျိုး ခံစားချက်ကိုလည်း ရလိုက်သည်။
လူတိုင်းက သက်ရောက်ခံရသည်။ သူတို့က တောင်၏ မြေမျက်နှာသွင်ပြင်အနေအထားနှင့် ကျောက်တုံးများကြောင့် ခံစားချက်များ စုမရဖြစ်နေသည်။ သူတို့ ငိုမိသည့်အခြေနေကို စီးဝင်သွားသည်။
ထို့အပြင် တဆတ်ဆတ် တုန်ရီနေသော လက်က မရပ်တန့်တော့ချေ။ ပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သို့ရာတွင် ထိုက်တောင်ကမူ ဝရုန်းသုန်းကား ဖြစ်နှင့်နေလေပြီ။ လူပေါင်းများစွာကထွက်ပြေးနေကြသည်။
လူအများစုကမူ နောက်သို့ပြန်လှည့်လျက် ထိုက်တောင်ကို စိုက်ကြည့်ကာ ထွက်ပြေးကြသည်။
ကြီးမားသော နဂါးအလောင်းကြီးကိုးခုက နှစ်ရာကျော်ရှိခဲ့လောက်ချေပြီ။ သူတို့၏ ခန္ဓာကိုယ်အများစုက တောင်ထိပ်တွင် လှဲနေပြီး ခန္ဓာကိုယ်တစ်ခြားတစ်ဖက်ကမူ ချောက်ကမ်းပါးအောက်သို့ ပစ်ကျသွားသည်။
ယဲ့ဖန်းမှာ ကျောက်စိမ်းဧကရာဇ်က ထိုက်တောင်က်ို ဖျက်ဆီးချင်စိတ် ရှိ မရှိ မေးမြန်းချင်ခဲ့မိသည်။ သို့သော် မြေပြင်တွင်လည်း ကြောက်လန့်ဖွယ်ကောင်းသော အရာများဖြစ်နေ၍ မည်သည့်စကားမျှ မဆိုလိုက်နိုင်ချေ။ မီတာနှစ်ဆယ်ခန့် ရှည်လျားသော ကြေးနီရောင် အခေါင်းကြီးက ရိုးရှင်းသည်။ ခပ်ယဲ့ယဲ့သာ မြင်ရသော ရှေးခေတ်စာသားများနှင့် ပုံများကိုလည်း မြင်ရသေးသည်။

အပိုင်း ( ၆ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset