Switch Mode

Chapter – 188

ဆန္ဒစိတ်ရိုင်း

Chapter – 188 ဆန္ဒစိတ်ရိုင်း

ချန်ရှန် ရှောင်ဒို နဲ့ တခြားလူများရှိသည့် သူ၏ သိုင်းပ ညာခြံဝန်းသို့ သွားခဲ့တယ် ။ ရှောင်ဒိုနဲ့ ဇုရွန်တို့ ဟာ အလုပ် များနေတာကို တွေ့ လိုက်ရတယ် ။
“မြွေမျက်လုံး ကော”
ချန်ရှန် မေးလိုက်ပါတယ် ။ သူဟာ သူ့ သူငယ်ချင်း များ နှင့် မတွေ့ ရသည်မှာ ၃ လ လောက်ရှိပြီဖြစ်ပြီး သူအံ့သြမိ သည်မှာ ၎င်းတို့ ကိုယ်တွင်းရှိ ချီဓာတ်များဟာ အတော်ကို ပဲ တိုးတက်လာတာကို တွေ့ ရလို့ပါပဲ ။ သူတို့ ပြင်းပြင်းထန် ထန်ကို လေ့ကျင့်ခဲ့ပုံပါ ။
ချန်ရှန် ပြန်လာတာကို ကြည့်ရင် ရှောင်ဒို ဟာ သူ့လက် ထဲမှ သစ်ပင်ကို ချကာပြေးလာပါတယ် ။ ထို့နောက် ကျယ် လောင်စွာ ရယ်မောပြီး –
“အကိုတော် ချန် ၊ ခင်ဗျားကတော့ တကယ် ဆရာကြီး ပဲ ။ စစ်မှန်သော သိုင်းပညာရှင် အများပြားကို ဒုက္ခိတ ဖြစ် အောင် လုပ်ခဲ့တာပဲဗျာ”
ရှောင်ဒို ဟာ သတင်းတွေ ကို ကြားပြီး ဖြစ်ပါတယ် ။ သူ သည်လည်း စိတ်လှုပ်ရှားနေပြီး ချန်ရှန် အပေါ် နည်းနည်း တော့ စိုးရိမ်မိပါတယ် ။ အဓိကက တော့ ချန်ရှန် ဒုက္ခိတ ဖြစ်အောင် ပြုလုပ်ခဲ့သည့် ပညာရှင်တို့မှာ အဓိက မျိုးနွယ် ကြီးများမှ အများစု ဖြစ်လို့ပါပဲ ။
ဇုရွန်လည်း ပြုံးကာဖြင့် –
“ချန်ရှန် ၊ မင်း အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်မှာ ပစ္စည်းကောင်းတွေ အတော်များများ ရလာ တယ်မလား ၊ မင်း ရောင်းချင်တယ်ဆိုရင် ငါတို့ကြားက မိတ် ဆွေ ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ငါမင်းကို ဈေးကောင်းပေး ပြီး ၀ယ်မှာပါကွ”
ရှောင်ခြေထောက်ဖြင့် ကန်ကာဖြင့် မာန်မဲလိုက်တယ် ။
“သောက် ဖက်တီး စုတ်ကြီး ၊ ခင်ဗျားဟာ ကိုယ့် သူ ငယ်ချင်းကိုယ် အားပေးဖို့ စိတ်မကူးပဲ ၊ အမြတ်ထုတ်ဖို့ လောက်ပဲ ကြိုးစားနေ ။ ခင်ဗျား နဲ့ ကြာကြာပေါင်းမိပြီး လေ့ လာ လေ ၊ ခင်ဗျားရဲ့ အကျင့်ဆိုးတွေကို သိလေလေ ပဲ”
ထိုအချိန်မှာပဲ ဆူဝဲလောင် ပြန်လာရောက်ရှိလာပါ တယ် ။ ချန်ရှန် ကို မြင်တယ့် အခါ ပြုံးပြလိုက်ပြီး နှုတ် ဆက်ပါတယ် ။
“ငါ က မင်းကို ဘယ်တော့မှ ပြန်ပေါ်မလာပဲ ပုန်းနေပြီ မှတ်တာကွ”
“ခင်ဗျားကလည်း ကျွန်တော်က ဘာကို မှ ကြောက်တဲ့ လူ မဟုတ်ဘူးဗျ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်ပါတယ် ။
“ဟားဟား ၊ အခု ငါတောင် မှ မင်းကို နည်းနည်း ဖမ်း ချင်လာပြီ ။ လွတ်လပ်သောထာဝရ ပင်လယ်ဂိုဏ်း ၊ စစ်မှန် သော သိုင်းပညာဂိုဏ်း နဲ့ သားရဲဂိုဏ်းတို့ဟာ မင်းကို ဆု ငွေ ထုတ်ထားကြတယ် ။ တစ်ဂိုဏ်းစီဟာ သလင်းကျောက် တစ်သန်း ပေးကြမှာ ။ တခြား စစ်မှန်သော သိုင်းပညာရှင် တွေရဲ့ မျိုးနွယ်တွေဟာလည်း ဆုငွေ ထုတ်ကြတယ် ။ စု စု ပေါင်း လက်ရှိမှာ မင်းဟာ သလင်းကျောက် ၁၀ သန်းတန် ကွ”
ဇုရွန် ရယ်မောကဖြင့် ပြောဆိုပါတယ် ။
ချန်ရှန် သူ၏ စိတ်ထဲ တုန်လှုပ်သွားမိတယ် ။ သူ၏ ခေါင်းအား တကယ်ကိုပဲ သလင်းကျောက် ၁၀ သန်း ဆုငွေ ထုတ်ထားသည် မဟုတ်ပါလား ။ ဒီလိုများပြားလှသည် ပမာ ဏဟာ သူ့ကိုပင် အတော်တုန်လှုပ်သွားစေတယ် ။ သို့သော်လည်း မကြာမီမှာပင် သူဟာ နားလည်သွားပါ တယ် ။ သူဟာ ရာချီတဲ့ စစ်မှန်သော ပညာရှင်များအား ဒုက္ခိတ ဖြစ်စေခဲ့တာ ဖြစ်တယ် ။ မျိုးနွယ်စု တစ်စုဆီကပင် ပမာဏ အနည်းငယ် ဆုငွေထုတ်ပါက ယခုလိုမျိုး ပမာဏ ထွက်လာမည် ပင် မဟုတ်ပါလား ။
“လွန်ခဲ့တယ့် လအနည်းငယ်က လူတွေဟာ အစုအဖွဲ့ လေးတွေ ဖွဲ့ပြီး သားရဲတွေကို အမဲလိုက်နေကြတယ် ။ မင်း သတိထားသင့်တယ် ။ မကြာခင်မှာပဲ ရှီမန် မြို့ ကြီးဟာ မင်း ထွက်လာမှာကို စောင့်နေကြမယ့် လူတွေနဲ့ အသက်ဝင် တော့မယ်လို့ ငါထင်နေတယ်”
ဆူဝဲလောင် က ပြောပါတယ် ။
ရှောင်ဒို က လည်း –
“ဒီမှာတင် မရပ်သေးဘူး ။ မျိုးနွယ်စု အသေး လေးတွေ နဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့ အစည်းတွေက တောင် ခင်ဗျားကို မျက်စိကျနေကြတယ် ။ အကိုတော် ချန် ရဲ့ တန်ကြေးဟာ မနည်းဘူး ။ ခင်ဗျားကတော့ ကြောက်မှာ မဟုတ်ပါဘူး”
ချန်ရှန် ခပ်လှောင်လှောင် ပင် ၇ယ်မောကာ –
“ငါတို့ ရဲ့ ဂိုဏ်းချုပ်ရဲ့ စကားကလည်း ရှိနေတာပဲ ၊ ငါ ကြောက်စရာ မလိုပါဘူး”
ချန်ရှန် ကို ရန်မူမယ့် လူတွေဟာ ချန်ရှန် ထက် များ စွာ အစွမ်းထက်ရင်တောင်မှ သူ့နောက်မှာ ပြင်းထန်သော သိုင်း ပညာ ဂိုဏ်း တစ်ခုလုံး ရှိပါသေးတယ် ။ သက်ကြီး ခြံ ၀န်းဆိုတာလည်း ပေါ့သေးသေး မဟုတ်ပါချေ ။ အင်အား ကြီး မျိုးနွယ်တွေ ဘယ်လိုပေါင်းစည်းပြီး ဘယ်လိုပင် အစွမ်း ထက်ပါစေ ၊ ၎င်းတို့ဟာ သက်ကြီးခြံဝန်းမှ ပညာရှင် များကို တွန်းလှန်နိုင်မည် မဟုတ်ပါချေ ။ အခုအခါမှာ လူ နည်းစုမှ ထောက်ပံ့ထားသည့် အင်အားစု အနည်းငယ်ပါ ချန်ရှန်ကို သတ်ရန် ရောက်ရှိနေကြပါပြီ ။
“မင်းတို့ အခု အရမ်းအလုပ်များနေကြတာလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“အရမ်းတော့ အလုပ်မများပါဘူး ။ ခွဲတမ်းချထားတယ့် ကိစ္စဟာလည်း ကျွန်တော် တို့နဲ့ သိပ်မဆိုင်ဘူး ။ ကျွန်တော် တို့က အဲဒိခွဲဝေပေးတယ့် ရလဒ်ကို စောင့်ဆိုင်းနေရုံပဲ ။ ပြီးရင် သူတို့ ပြောတဲ့ ခြံဝန်းကို သွားရမှာပေါ့ ။ ဒီလို ခြံဝန်း အပြောင်းအလဲ ဟာ အပြင်စည်းက နောက်လိုက်တွေ အဖို့ ပဲ စိုးရိမ်စရာ ရှိလိမ့်မယ်”
ရှောင်ဒိုက ခပ်ပြုံးပြုံး ပြောပါတယ် ။
ချန်ရှန် ကမ္ဘာ့ ဗဟိုချက် နတ်သစ်သီး အပိုင်းအစ ၃ ခု အား ထုတ်လိုက်တယ် ။ သူဟာ ယန်ရှောင်ဒို တို့နဲ့ အတူတူ ကြာမြင့်စွာ နေထိုင်ခဲ့တာကြောင့် သူတို့ရဲ့ စရိုက်များနဲ့ သဘောထားများကို နားလည်နေတယ် ။ သူတို့ဟာ နှစ် ရှည်လများ ခင်မင်စွာ ပေါင်းသင်းလာကြသူများ ဖြစ်ကာ အတော်လည်း ခင်မင်ကြတာပါ ။ ဒါကြောင့်ပင် ချန်ရှန် ဟာ ၎င်းတို့အား နတ်သစ်သီးကို မြည်းစမ်းစေခြင်း ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် အနာဂတ်မှာ ဒီအပင်ကို သူစိုက်နိုင်မှာပါ
“ဒါ က အတော်ကောင်းမယ့် ပုံပဲ”
ဇုရွန် လက်များကို ပွတ်သပ်ကာ မျက်လုံးမှ အရောင် တဖျတ်ဖျတ် ခတ်ရင်း ပြောပါတယ် ။
ချန်ရှန် ပြုံးကာဖြင့် –
“အကိုတော် ဇု ၊ ခင်ဗျား စားချင်တယ် ဆိုရင် ကျွန် တော့ကို တစ်ခု ကူညီရမယ်”
“ပြောပါကွ”
ဇုရွန် အလွယ်တကူပင် လက်ခံခဲ့တယ် ။
“လုမျိုးနွယ် ရဲ့ အတွင်းအပြင်အခြေအနေ တွေကို သိ ဖို့ ကူညီပါ”
ချန်ရှန် လေသံကို နိမ့်ကာ ပြောလိုက်တယ် ။
ချန်ရှန် ရဲ့ တောင်းဆိုမှုကို ကြားပြီးနောက် ဇုရွန် ခေါင်း ညိမ့်ပြပါတယ် ။ ရှောင်ဒို နဲ့ ဆူဝဲလောင်တို့မှာလည်း တစ် ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ချန်ရှန်တော့ သူ့ ကိုယ်သူ ထပ်မံ ပျောက်ဆုံးနေစေမည့်အရာ တစ်ခုခု လုပ် တော့မယ် ဆိုတာကို သိနေကြတယ် ။ စိတ်ထဲလည်း အ နည်းငယ်တော့ စိုးရိမ်သွားကြပါတယ် ။
“ရှောင်ဒို ၊ မြွေမျက်လုံး ၊ မင်းတို့က မင်းတို့ မျိုးနွယ်ကို အောင်မြင်ဖို့ အမြဲ ကြိုးစားနေကြတယ် ။ မင်းတို့ မျိုးနွယ် တွင်း ပြိုင်ပွဲတွေကလည်း လူမဆန်ကြဘူးဆိုတာ ငါသိနေ တယ် ။ ညီအကို အရင်းတွေ အချင်းချင်းတောင်မှ အမြဲ တမ်း တစ်ယောက်နဲ့ တစ်ယောက် လ်ိမ်လည်လှည့်ဖျား ဖို့ ကြိုးစားနေကြတယ် ။မင်းတို့ မပင်ပန်းကြဘူးလား”
ချန်ရှန် ပြုံးကာ မေးလိုက်ပါတယ် ။
“အကိုတော် ချန် ၊ ခင်ဗျား ပြောချင်တာကို ပွင့်ပွင့်လင်း လင်း ပြောပါ”
ရှောင်ဒို မျက်နာထားတင်းတင်းဖြင့် ပြောပါတယ် ။
“အဖေ ကလည်း ကျွန်တော့ အတွက် ပင်ပန်းနေပြီ ၊ ကျွန်တော့ မိသားစုဟာ မနှစ်မြို့ စရာပါဗျာ ၊ သို့သော်ငြား လည်း အဲဒိမှာနေရတာပဲ ကျွန်တော် တမျိုးပျော်ပါတယ်”
ဆူဝဲလောင် ကလည်း ခေါင်းညိ့မ်ကာ –
“ဘာမျှ မရှိရင် ငါလည်း ပြန်ရမှာ အတော်ကို ပျင်းတာ ကွ ၊ ပထမအချက် ငါဟာ မျိုးနွယ်စု နေရာအတွက် ၀င်ပြီး မယှဉ်ပြိုင်ချင်ဘူး ။ သို့ပေမယ့် လူတစ်ချို့ က ငါဝင်ပြီး တိုက် ခိုက်မယ် ၊ သူတို့ကို ခြိမ်းခြောက်မယ်လို့ ထင်ပြီး စိုးရိမ်နေ ကြတယ် ။ ဒါကြောင့်ပဲ ငါက ၀င်ပါဖို့ ဆုံးဖြတ်လိုက်တယ် ၊ အဲဒါမှ ငါ့ကိုယ်ငါ ဖြုတ်ချလို့ ရမှာ”
ဇုရွန် လည်း သက်ပြင်းချကာနေပါတယ် ။ ဒီလို မျိုးနွယ် ကြီးများကြားမှ လူငယ်များဟာ ဒီလို နက်ရှိုင်းတဲ့ ခံစားမှု မရှိတဲ့လူ မရှိပါဘူး ။
ချန်ရှန် ပြုံးကာဖြင့် မေးလိုက်တယ် ။
“မင်းတို့ရဲ့ ကိုယ်ပိုင်အင်အားစု ကို ထုတ်ပြမယ်လို့ တွေးခဲ့ဖူးကြလား”
ဒါကို ကြားပြီးနောက်မှာ ရှောင်ဒို ၊ ဇုရွန် နဲ့ ဆူဝဲလောင် တို့ဟာ တွေသွားကြတယ် ။ သူတို့ စဉ်းစားဖူးကြပေမယ့် ဒီလိုလုပ်ဖို့ မလွယ်ကူပါချေ ။ ဒါပေမယ့် ချန်ရှန်က ယခုပြော တဲ့အခါ ချန်ရှန် ကိုယ်တိုင်ကိုက ဒီလို လုပ်ချင်တယ် ဆိုတာ ထင်ရှားနေပါတယ် ။
“ငါတို့ စုစည်းရင် ငါတို့ ကိုယ်ပိုင် အင်အားစုကို ကြိတ် ပြီး ပြုလုပ်လို့ရတယ် ။ အကိုတော် ဇုက အရင်းအနီးကို တာဝန်ယူ ၊ ရှောင်ဒို မင်းကတော့ လေ့ကျင့်ရေး နဲ့ ပျိုးထောင်ရေးကို တာဝန်ယူ ၊ မြွေမျက်လုံးက တော့ ကျွန် တော်တို့နဲ့ ပူးပေါင်းမယ့် လူတွေကို ရှာဖို့ တာဝန်ယူ”
ချန်ရှန် ရှင်းပြနေတယ် ။ သူဟာ ဒီအစီအစဉ်ကို အရင် ကတည်းက စဉ်းစားထားပြီးသားပါ ။
“ကိစ္စမရှိပါဘူး ၊ ကျွန်တော်လည်း သလင်းကျောက် တွေ စိုက်ပေးပါ့မယ် ။ အကိုတော် ဇု ကို တစ်ယောက်ထဲ အကုန်စိုက်ခိုင်းမယ် ဆိုရင် သူပါချင်မှာ မဟုတ်ဘူး”
ရှောင်ဒို က ချက်ချင်းပင် ခေါင်းညိမ့်ကာ ပြောပါတယ် ။
“အင်း ၊ ငါလည်း လက်ခံတယ် ၊ ငါတို့မှာ အဆင့် ၄ ဆေး ပညာရှင် ရှိနေပြီပဲ ။ ငါကတော့ အတော်ကို ယုံကြည် မှု ရှိနေပြီ”
ဆူဝဲလောင် ထောက်ခံပါတယ် ။ ချန်ရှန် ၏ ဆေးပညာ အမြန်နှုန်း နဲ့ ဆေးတွေရဲ့ အရည်အသွေးဟာ အားလုံး အသိပါပဲ ။ သူတို့မှာသာ ဆေးတွေ အများကြီး ရှိနေရင် တခြားလူတွေကို ဆွဲဆောင်နိုင်မှာ အမှန်ပါပင် ။ ပိုပြီး အရေးကြီးတာက သူတို့အင်အားစုကြီး လွယ်ကူစွာပဲ အား အင်တွေ တိုးကာ အင်အားကောင်းလာမှာ အမှန်ပါပဲ ။
ဇုရွန် သက်ပြင်းရှည်ကြီးချကာ ပြုံးကာဖြင့် –
“ငါလည်း ဒါကို လုပ်ချင်ပါတယ် ။ ဒါဟာ ငါ့ရဲ့ အကြီး မားဆုံး ရင်းနှီးမြုပ်နှံမှုလို့ ပြောလို့ရတယ် ။ စီးပွားရေး အပေးအယူ အကြီးစားပဲ ။ ဒါပေမယ့် ငါ့အတွက် အကျိုး အမြတ် ပြန်ရဖို့ကတော့ အတော်ကြာမှာပေါ့ကွာ”
ချန်ရှန် က ရယ်မောကာဖြင့် –
“ကောင်းပြီ ၊ ဒါကို ခင်ဗျားတို့ စားပြီးကြရင် ကျွန်တော် လမ်းညွှန်ပြသာတာကို လိုက်လုပ်ကြ ။ ရှောင်ဒို မင်းက သိုင်းစွမ်းရည်တွေနဲ့ ကျင့်စဉ်တွေ စုဆောင်းပါ ။ အကိုတော် ဇု ခင်ဗျားက အခု ပထမဆုံး လုမျိုးနွယ်အကြောင်း ရအောင် စုံစမ်းပေး ။ မြွေမျက်လုံး ခင်ဗျားက ဘယ်မျိုးနွယ် နဲ့မှ ဆက်စပ်မှု မရှိပဲ အရှုပ်အရှင်းကင်းတဲ့ လူတွေကို ရှာ ပေးပါ ။ ဒါပေမယ့် အဲဒိလူတွေဟာ အလွန်ကြိုးစားဖို့တော့ လိုလိမ့်မယ်”
ဇုရွန် ကလည်း –
“ညီတော်လေး ချန် ၊ မင်းက လုမျိုးနွယ်ရဲ့ အချက်အ လက်တွေကို ဘာလို့ လိုချင်နေရတာလဲ”
ချန်ရှန် ပုံစံ အေးစက်စက် ဖြစ်သွားပြီး –
“ကျွန်တော် အမည်းရောင်လိပ်တောင် ကို စုံစမ်းဖို့ သွားတုန်းက ဒီရှီမန်မြို့ နဲ့ သိပ်မဝေးခင်မှာပဲ အဆင့် ၂ ပညာရှင် ၂ ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ် ။ သူတို့ ၂ ဦးလုံးဟာ လုမျိုးနွယ် ဒါမှမဟုတ် ဆရာကြီး လု လွှတ်လိုက်တယ့် လူတွေ ဖြစ်တယ် ။ ကျွန်တော့ကို ဒီလို သတ်ချင်တယ့် လူတွေကို ကျွန်တော်ကတော့ ခွင့်မလွှတ် နိုင်ဘူး”
ရှောင်ဒို နဲ့ တခြားလူများလည်း ဒါကို ကြားတဲ့အခါ ချန်ရှန် ဘာလို့ လုရှန်ကို ရုတ်တရက် တိုက်ခိုက်ခဲ့လဲ ဆို တာ သဘောပေါက်သွားကြတယ် ။ သူတို့က ရန်စတာကို ချန်ရှန် ခွင့်မလွှတ်သင့်ဘူး မဟုတ်ပါလား ။ ချန်ရှန် လည်း ဘယ်လို လွှတ်မြောက်သွားပါလိ့မ် ဟု စဉ်းစားနေကြပါ တယ် ။
ဇုရွန် တို့လည်း ချန်ရှန် ပေးသော ကမ္ဘာ့ ဗဟိုချက် နတ် သစ်သီးကို စားပြီးသွားတဲ့အခါ သန့်စင်ခြင်း အခြေအနေသို့ ကူးသွားကြပါတယ် ။ ဒါကိုကြည့်ရင်း ချန်ရှန်လည်း တိတ် တဆိတ်ပင် သူ၏ ဆေးဘုရင် ခြံဝန်းသို့ ပြန်လာခဲ့ပါတယ်။ ခြံ ၀န်း တစ်ခုလုံး တိတ်ဆိတ်နေပြီး ဝုကွမ်ချင် ကိုလည်း မတွေ့ ရပါချေ ။ ဒါကြောင့်ပဲ သူ၏ ကိုယ်ပိုင် အခန်းငယ် လေးသို့ ပြန်သွားပါတော့တယ် ။
သူပြန်လာကတည်းက ချန်ရှန် ဟာ သူ၏ ကောင်း ကင် နေမီးဝိဉာဉ်တော် ကို အသုံးပြုပြီး ဆေးတွေလုပ်ပါက ဘယ်လိုမျိုး အကျိုးသက်ရောက်မှုများ ရှိမလဲ ဆိုတာကို ကြည့်ချင်နေတာ ဖြစ်ပါတောတယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset