Chapter – 187 အမဲလိုက်ခြင်းချီဓာတ်
လူအချို့ သာ ချန်ရှန် ငရဲ ချောက်ကမ်းပါးထဲ ကျသွား တာကို သိပါတယ် ။ လုရှန် ဟာလည်း ဒီသတင်းကို မဖြန့်ရဲ ပေ ။ သတင်းပြန့်ပါက သူ့ကိုပဲ သံသယ၀င်ကြမည် မဟုတ် ပါလား ။ ဒါ့အပြင် ဂုဒွန်ချန် ကလည်း လျို့ ဝှက်ထားရန် ပြော လို့ပါ ။
ချန်ရှန် ကောင်းကင်ပေါ်မှ ဆင်းလာပြီးနောက် ထိုသက် ကြီး ပညာရှင်များ အရှေ့ မှာ မတ်တပ်ရပ်လိုက်တယ် ။ မျက် မှောင်ကြုတ်ကာ လူကြီးများအား သေချာ လိုက်ကြည့်နေ တယ် ။ မကြာမီမှာပဲ သူ၏ အကြည့်ဟာ လုရှန် ဆီမှာ ရပ် တန့် သွားပါတော့တယ် ။
ချန်ရှန် ပြန်လာတာကို ကြည့်ရင်း လုရှန် အတော်ကို အံ့သြမိနေတယ် ။ ချောက်ကမ်းပါးထဲ မကျမီ ချန်ရှန် ဟာ အတော်ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာကို သူသိပါ တယ် ။ ဒီလို ပြန်လွတ်လာတာဟာ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ သို့သော်လည်း အခု အသက်ရှင်ပြီး လူတိုင်းရှေ့ ရောက် လာနေပြီ မဟုတ်ပါလား ။
လုရှန် ဟာ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သူ ဖြစ်ပြီး ယခုအကြိမ်ဟာ သူ့ဘ၀ မှာ ပထမဆုံးအကြိမ် ထိတ်လန့် မိ ခြင်းပါ ။ သို့သော်လည်း မကြာခင်မှာပင် အိနြေ္ဒပြန်ဆယ် လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားပါတယ် ။ သူ ချန် ရှန် စွပ်စွဲချက်များ ဘယ်လိုပဲ ဖြစ်ပါစေ ပြသနာမရှိပါဘူး ၊ အလွန် ဆုံး သေရုံဟုသာ နှလုံးသွင်းလိုက်တာပါ ။
ချန်ရှန် ပြန်လာပြီးနောက် ဘာမျှ မပြောပါ လုရှန် ဆီ သို့ သာ စိုက်ကြည့်နေလျက် ရှိပြီး ချန်ရှန် ၏ မျက်လုံးများမှာ နာကျည်းဟန်များ ပြည့်လို့ နေပါတယ် ။ ဂုဒွန်ချန် တို့ ၃ ယောက် အဖွဲ့မှာ တစ်ခုခုတော့ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို သတိပြုမိလိုက်ကြတယ် ။ ဒီကိစ္စနှင့် ပတ်သက်ပြီးလည်း သံသယ ၀င်သွားကြပြီး လု မျိုးနွယ် ဟာ ချန်ရှန် ကို လောင်းကြေး ပေးရမည့် ကိစ္စကို အမှတ် ရသွားကြပါတယ်။ တည်ဆောက်ရေးဆေး သုံးလုံးနှင့် နေကိုးစင်းမီးတောက် သစ်သီး ကို ပေးရမှာ ဖြစ်ပြီး ချန်ရှန် သာ သေဆုံးသွားမည် ဆိုပါက . . .
သက်ကြီးခြံဝန်း မှ လူကြီး တစ်ဦးက ကျယ်လောင် စွာ ဖြင့် –
“ချန်ရှန် ၊ မင်းက တော်တော် ရိုင်းတာပဲ”
ထိုလူကြီး စကားဆုံးတယ့်အခါ ကြီးမားလှသော ဓား ကြီးဟာ ချန်ရှန် ၏ လက်ထဲ ပေါ်လာပါတယ် ။ သူ၏ ချီဓာတ်များအား ဓားကြီး အတွင်းသို့ လောင်းထည့်ပြီး မိုး ပြာရောင် အငွေ့ များ ထွက်လာစေပါတယ် ။ ချက်ချင်းပင် ချန်ရှန် ၏ ကိုယ်မှ အမဲလိုက်ခြင်း ချီဓာတ်များဟာလည်း ထွက်လာခဲ့ကာ သူ၏ ပုံရိပ်ဟာ ချက်ချင်း ပျောက်ကွယ် သွားပါတယ် ။ သက်ကြီး ပညာရှင်များ အားလုံးဟာ အံ့သြ သွားကြပြီး သူတို့သာ တစ်ခုခု လုပ်မည် ဆိုပါက မလွယ် ပါချေ ။ ဂုဒွန်ချန် အေးစက်စွာ ဟန့်တားလိုက်တယ် ။
“အားလုံး မလှုပ်ကြနဲ့”
ချန်ရှန် ရုတ်တရက် ဖိအားတစ်ခု သူ၏ ကိုယ်အား သက်ရောက်ဖုံးလွှမ်းသွားသလို ခံစားလိုက်ရတယ် ။ ဓားကို တင်းတင်း ဆုပ်ကိုင်ကာဖြင့် လွှဲနိင်အောင် ကြိုးစားနေပါ တယ် ။ မကြာခင်မှာပင် လုရှန် ၏ အရှေ့ တွင် ပေါ်လာပြီး အားလုံးဟာ တော်တော် ထိတ်လန့်သွားကြတယ် ။ ဘာလို့ ချန်ရှန် ဟာ လုရှန် ဟာ ရက်စက်စွာ ပြုမူချင်လဲ ဆိုတာ နား မလည် နိုင်ကြပါ ။ ဒီလို အရာမျိုးကို ဂိုဏ်းချုပ်၏ ရှေ့ မှာ ပင် လုပ်ရဲ သော ချန်ရှန် ၏ သတ္တိကိုတော့ ကြိတ်လေးစားနေ ကြပါတယ် ။ တကယ်ကို အလေးမထားပုံပါပဲ ။
ရှေ့ ဆုံးတန်းမှ သက်ကြီးပညာရှင်များနှင့် တချို့ သော စစ်မှန်သည့် သိုင်းပညာနယ်ပယ်မှ ပညာရှင်များဟာ ဘာ တွေဖြစ်နေသလဲဆိုတာကို မြင်နေကြတယ် ။ သူတုိ့အား လုံး ကြောင်ကာ ဆွံ့ အနေလျက် ချန်ရှန် ဟာ တကယ်ပဲ သက်ကြီး ပညာရှင် တစ်ဦးအား တိုက်ခိုက်ဝံ့နေသည် မ ဟုတ်ပါလား ။ သူ၏ ပုံစံဟာ ခပ်အေးအေး ပင်ရှိနေပြီး ယခု သက်ကြီးပညာရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် သူနောင်တ ရမည့် ပုံလည်း မပေါ်ပါ ။
ချန်ရှန် ဟာ သားရဲဂိုဏ်းချုပ်နှင့် နိဗ္ဗာန်အဆင့် ပညာ ရှင် အချို့ အား သတ်ဖြတ်ခဲ့သူ ဖြစ်ပြီး သူအနေနှင့် မည်သူ့ ကို ကြောက်ရပါမည်နည်း ။ ယခုအချိန်မှာ သူ့ဆီမှထွက်နေ သည့် ချီဓာတ်များဟာ မှန်းဆလို့ မရနိုင်အောင်ပဲ ။ သူဟာ အမဲလိုက်ခြင်း နှလုံးသား တိုက်ကွက်ကို ပြုလုပ်ထားတာ ကြောင့် ချီဓာတ်များဟာ အဆက်မပြတ် စိမ့်ထွက်လို့ နေပါ တယ် ။ ဒီအမဲလိုက်ခြင်း ချီဓာတ်များဟာ တစ်ဦးဦးကို သတ် ပြီးပါက ထိုလူ၏ ချီဓာတ်များကို စုပ်ယူစေတာ ဖြစ်ပြီး ချန်ရှန်ဟာ သားရဲဂိုဏ်းချုပ် နှင့်တကွ ပညာရှင်များစွာ ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သူ့မှာ ရှိသည့် ချီဓာတ်များဟာ မှန်း ဆလို့ မရအောင်ပင် ကြောက်စရာကောင်းနေပါတာ့ တယ် ။
ချန်ရှန် ဟာ ဂုဒွန်ချန်၏ တားဆီးခြင်းကို ခံလိုက်ရပြီး လှုပ်မရ ဖြစ်နေပေမယ့် ချီဓာတ်များမှာတော့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းအောင် ထွက်နေဆဲပါ ။ လူတိုင်း ၏ စိတ်ထဲ အတော်ပင် ထိတ်လန့်လျက် ရှိပြီး ယခုလို များ ပြားလှသည့် ချီဓာတ်များဟာ ၎င်းတို့ကို အသက်ရှူမ၀ ပင် ဖြစ်စေကာ နေရထိုင်ရ ခက်စေပါတယ် ။
စင်မြင့်ပေါ်မှာ ရှိနေသော ဂုဒွန်ချန် ၊ ဆေးဆရာမကြီး နှင့် ဆရာကြီးဝု တို့ဟာလည်း စိတ်ထဲ အတော်ပင် အံ့အား သင့် နေကြပါတယ် ။ ချန်ရှန် ဒီလောက်အဆင့် ရှိသည့် အမဲ လိုက်ခြင်း ချီဓာတ်များကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘာလို့ ပိုင် ဆိုင်နေသလဲ ဆိုတာကို သူတို့ စဉ်းစားရ ကြပ်နေပါတော့ တယ် ။ ယခု ထိပ်သီး သုံးယောက်ဟာလည်း သတ်ဖြတ်ခဲ့ မှုများကြောင့် အမဲလိုက်ခြင်း ချီဓာတ်များကို ပိုင်ဆိုင်ကြပေ မယ့် ချန်ရှန် ၏ ချီဓာတ်ကတော့ သူတို့ထက် များစွာ သာလွန် နေပါတယ် ။ ချန်ရှန် ၏ ခွန်အားကိုသာ ထည့် မ တွက်ပဲ ယခု ချီဓာတ်များကိုသာ မြင်မည် ဆိုပါက ချန်ရှန် အား နိဗ္ဗာန်အဆင့် ပညာရှင်ပေလား ဟုပင် အထင်မှားစေ နိုင်ပါတယ် ။
လုရှန် ဟာ ချန်ရှန် နှင့် အနီးဆုံး အနေအထားမှာ ရှိနေ တာကြောင့် ချန်ရှန်၏ များပြားလှသော ချီဓာတ်များကို ခံ စားမိတာကြောင့် သူ့စိတ်ထဲ အလွန်ထိတ်လန့် တုန်လှုပ် လျက် ရှိနေပါတော့တယ် ။
“ရပ်စမ်း ၊ ချန်ရှန် ဟာ သက်ကြီးပညာရှင် စီနီယာ တွေ ကို လျစ်လျူရှုပြီး တိုက်ခိုက်ဖို့ ကြိုးစားနေတယ် ။ ဒါ့အပြင် ဂိုဏ်းရဲ့ စည်းမျဉ်းကို လည်း သွေဖယ်တယ် ။ ဆရာကြီး ဝု သူ့ကို ခေါ်ပြီး အပစ်ပေးလိုက်ပါ”
ဂုဒွန်ချန် ကျယ်လောင်စွာ အော်ဟစ်လိုက်တယ် ။ ဆရာကြီး ဝု လည်း ပျံသန်းလာကာ ချန်ရှန် ၏နောက်သို့ ရောက်လာပြီး သူ၏ ပခုံးကို ကိုင်လိုက်ပါတယ် ။
ချန်ရှန် ၏ ချီဓာတ်များဟာ အနည်းငယ်လျော့ကျသွား သော်လည်း သူ၏ မီးဝင်းဝင်းတောက်သော မျက်လုံးများ က တော့ လုရှန်ကို စိုက်ကြည့်နေဆဲပါ ။
လုရှန် လည်း ချန်ရှန်ကို ဆွဲခေါ်သွားတာ မြင်ရတယ့် အခါ ကျေနပ်စွာ ပြုံးလိုက်ပါတယ် ။ သို့သော် သူ၏ စိတ်ထဲ မှာတော့ အနည်းငယ် စိုးရိမ်လျက်ရှိတယ် ။ ဒါပေမယ့် သူ ဟာ သက်ကြီး ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ ပုံရိပ်နှင့် ခွန်အား မှာ ချန်ရှန် ထက် များစွာသာလွန်တာကို စဉ်းစား လိုက်မိတယ် ။ ဒါ့အပြင် ချန်ရှန်ဟာ ရန်စလေ့ ရှိတာမို့ ဂိုဏ်းချုပ် အနေဖြင့် ချန်ရှန် ၏ စကားများကို ကြားပင်ကြား ချင်လိ့မ်မည် မဟုတ်ဟု သူယူဆလိုက်မိပါတယ် ။
ချန်ရှန် ဆရာကြီး ဝုနောက်မှ လိုက်လာတယ် ။ ပြင်း ထန်သော သိုင်းပညာဂိုဏ်း ၏ လျို့ ဝှက်ဆန်းကြယ် နယ် ပယ် ထဲမှ လျို့ ဝှက် နေရာ တစ်ခုမှာတော့ ဂုဒွန်ချန် နှင့် ဆေး ဆရာမကြီးတို့ စောင့်နေကြတယ် ။
“ဦးရီးတော်လေး ၊ မင်း ဘေးကင်းကင်း နဲ့ ပြန်လာတာ ငါတို့ ၀မ်းသာပါတယ် ။ သို့သော်လည်း နောင်မှာမင်း အာ ရုံ စိုက်သင့်တာက ဒီလို ရက်စက်တယ့် အပြုအမူမျိုး နောက် ထပ် မလုပ်ပါနဲ့ ၊ ငါအလုပ်လုပ်ရတာ အတော်ပင် ခက်ခဲလို့ ပါ”
ဂုဒွန်ချန် စိတ်ညစ်နေဟန် ဖြင့် ပြောပါတယ် ။
“ဟက် ၊ ဒီ လု ဆိုတဲ့လူ သေစေရမယ်”
ချန်ရှန် လက်သီး ဆုပ်လျက် ပြောပါတယ် ။
ဆေးဆရာမကြီးက အေးစက်စက်ဖြင့် –
“ဦးရီးတော်လေး ၊ မင်း ငရဲ ချောက်ကမ်းပါးထဲ တကယ် ပဲ ကျခဲ့တာလား”
ချန်ရှန် က ခနဲ့တဲ့တဲ့ဖြင့် –
“ကျွန်တော်က အဲဒိ လု ဆိုတဲ့လူ ရက်ရက်စက်စက် ပစ် ချလိုက်လို့ ကျသွားရတာ ။ သူ့ရဲ့ ပုံဆောင်ခဲ လက်ဝါးရိုက် ချက်ထိပြီး ကျွန်တော်ဟာ အပြင်းအထန်ဒဏ်ရာ ရခဲ့တယ် ၊ အမည်းရောင်လိပ် ချပ်ဝတ်ကြောင့်သာ မဟုတ်ရင် ကျွန် တော် ယင်ချီဓာတ်တွေကို ခုခံနိုင်မှာ မဟုတ်ဘူး ။ သေနေ တာ ကြာပြီ”
ဆရာကြီး ဝုက အတော်အေးစက်သော လေသံဖြင့် –
“ငါတို့ ဒီလူကို ယုံကြည်ခဲ့ကြတယ် ။ အဲဒါကိုသူက ဒီလို လုပ်ရဲတယ် ။ ခုနက သူ့ပုံစံက တည်တည်ငြိမ်ငြိမ်ပဲ ။ သူ့ စိတ်ထဲ မင်းပြောတာကို ငါတို့ ယုံမှာ မဟုတ်ဘူးလို့ ထင်နေ ကြပုံပဲ”
ဂုဒွန်ချန် သူ၏ လက်သီးဖြင့် ကျောက်စားပွဲအား ထိုး ကာ ကြေမွသွားစေလိုက်တယ် ။ သူ၏ မျက်နှာဟာ ဒေါသ များ ပြည့်လို့နေပါတယ် ။ လုရှန်ဟာ ချန်ရှန်ကို သတ်ရန် ကြိုးစားရုံမျှ မက သူတို့ကို ပါ လှည့်ဖြားခဲ့ပါတယ် ။ ဒီလို လုပ်ရပ်ဟာ သူ့ကို အလွန်ပဲ ဒေါသထွက်စေပါတော့တယ် ။
“ဂိုဏ်းချုပ် ၊ ကျွန်တော့စားပွဲတော့ ကွဲပြီ”
ဆရာကြီး ဝု ပြုံးပြီး ပြောလိုက်ပါတယ် ။
“ဒါက စားပွဲတစ်လုံး ထက် ဘာမျှ မပိုဘူး ။ ဒါလေးကို တောင် ခင်ဗျားက တွက်နေသေးတာလား”
ဂုဒွန်ချန် ရုတ်တရက် သူ၏ ကိုယ်ပိုင် အခန်းမဟုတ် တာကို သတိရမိသွားတယ် ။ ဒါကြောင့်ပဲ သူအမှတ်မထင် ပြုလုပ်လိုက်မိတာပါ ။
ဒါကို ကြည့်ရင်း ချန်ရှန် ရယ်နေမိပါတယ် ။
ဆေးဆရာမကြီးက ညင်သာသော လေသံဖြင့် –
“မင်း အသက်ရှင်လျက် ပြန်လာတာ တကယ်ကို ကောင်း တယ် ။ မင်း ငရဲ ချောက်ကမ်းပါးရဲ့ အောက်ခြေ အထိ ရောက်ခဲ့လား”
ဟွမ်ဂျိရှန် တောင်မျှ ၎င်းချောက်ကမ်းပါးကို သွားတုန်း က အောက်ခြေထိ မရောက်နိုင်ခဲ့ပါ ။ ဒါပေမယ့် ချန်ရှန် မှာ အမည်းရောင်လိပ် ချပ်ဝတ် နှင့် ကြီးမား အစွမ်းထက်လှ သည့် တောင်ပံကြီးများ ရှိနေသည့် အတွက် အပေါ်ပြန် တက်ရန်မှာ သူ့ အတွက် သိပ်တော့ ခက်ခဲမှာ မဟုတ်ပါဘူး၊
ချန်ရှန် သူ၏ သိုင်းပညာ တူနှင့် တူမများမှ သူ့ကို စိုး ရိမ် နေကြတာကို တွေ့ တာကောင့် သူ့စိတ်ထဲ အလွန်ကို ကျေ နပ် နေမိတယ် ။ သူထင်တာထက်ပင် သူ့ကို ဂရုစိုက်နေကြ ပါသေးတယ် ။ သူလည်း ပျော်ရွှင်ဟန်ဖြင့် ပြုံးကာ –
“ဒါပေါ့ ၊ ကျွန်တော် ပစ္စည်းကောင်းလေး တစ်ခုလဲ ယူလာသေးတယ် ။ လာကြ ၊ ခင်ဗျားတို့ရဲ့ ဦးရီးတော်လေး က ခင်ဗျားတို့ကို အရမ်းလွမ်းနေတာ”
ချန်ရှန် လက်ဝါးအရွယ် ကမ္ဘာ့ ဗဟိုချက် နတ်သစ်သီး ၃ ခုကို ထုတ်ယူလိုက်ပါတယ် ။ ထို့နောက် ပန်းကန် ၃ ချပ် ထဲ ထည့်ကာ ပေးလိုက်တယ် ။ ယခု ကမ္ဘာ့ ဗဟိုချက် သစ် သီး ဟာ ကမ္ဘာ့ ဗဟိုချက်မီးတောက် မှ ပေါက်ဖွားလာကာ မီးဓာတ်ရှိသော သိုင်းပညာရှင်များအတွက်သာ အကျိုးပြု တာ မဟုတ်ပဲ လူတိုင်းအတွက် အလွန်ကို အသုံးဝင်အဖိုး တန်တယ့် အရာတစ်ခုပါ ။
ခရမ်းချဉ်သီး လို ပုံစံ အသီးကို ကြည့်ရင်း မွှေးပျံ့ သည့် အနံတစ်မျိုး ကြောင့် ဂုဒွန်ချန်တို့ဟာ ဒီအရာကို အလွန် ပဲ မြည်းကြည့်ချင်နေကြပါတယ် ။ ဒီအရာဟာ ချန်ရှန် ချောက် ကမ်းပါး အောက်မှ သူတို့ အတွက် ယူလာခဲ့တာပါ ။
တစ်ယောက်ကို အပိုင်းအစ တစ်ခုစီမို့ သူတို့ဟာ တစ် ခါတည်း နဲ့ အကုန်စားလိုက်ကြတယ် ။ ထူးခြားလှသည့် အရသာကြောင့် သူတို့သုံးယောက်လုံးဟာ ချီးမွမ်းလို့ မဆုံး ကြတော့ချေ ။ သိပ်မကြာခင်မှာပဲ သုံးယောက်လုံးဟာ ရုတ် တရက် တင်ပလ္လင်ခွေ ထိုင်လိုက်ကြပြီး ကမ္ဘာ့ ဗဟိုချက် နတ် သစ်သီး ၏ စွမ်းအင် သူတို့ကိုယ်ထဲ လှည့်ပတ်စီးဆင်း မှုအား ခံယူနေကြတယ် ။
ချန်ရှန် ဒီ အသီးဟာ နိဗ္ဗာန်အဆင့် သိုင်းပညာရှင်များ အပေါ် ဘယ်လို မျိုး သက်ရောက်မှု ရှိမလဲ ဆိုတာကို ကြည့် ချင်နေမိတယ် ။ ထိပ်သီး သုံးယောက် ကမ္ဘာ့ ဗဟိုချက် အသီး၏ စွမ်းအင်များကို အပြည့်အ၀ အစာခြေဖျက်နိုင် စေ ရန် အတွက် ချန်ရှန် လည်း တိတ်တိတ်လေးပဲ ပြန်လည် ထွက်ခွာ သွားပါတယ် ။ ထို့နောက် ဆေးဘုရင်တောင် သို့ သွားကာ လုမျိုးနွယ် နှင့် စာရင်းရှင်းရန် ခရီးတစ်ခု ထွက်ဖို့ ပြင်ဆင်နေပါတော့တယ် . . . ။