Chapter – 186 မတည်ငြိမ်သောအချိန်
ချန်ရှန် သူ၏ ကြီးမားလှသော အတောင်ပံကြီးများ ကို ဖြန့်ကျက်ကာဖြင့် ချောက်ကမ်းပါးပေါ် တက်လာခဲ့တယ် ၊ မြေပေါ်သို့ ဆင်းသက်လိုက်ပြီး နေရောင်ခြည်၏ နွေးထွေး မှုကို ခံယူလိုက်တယ် ။ သူဟာ အောက်မှာ ၃ လလောက် နေထိုင်ခဲ့တာ ဖြစ်ပြီး နေရောင်ခြည် ကင်းမဲ့နေတာကြောင့် သူ သက်တောင့်သက်သာ မဖြစ်ပါ ။
သူ၏ သားရဲငါးကောင် ပုံစံထဲမှာတော့ ဒြပ်စင်အစေ့ လေး ၁၅ စေ့စီဟာ လင်းလတ်တောက်ပလျက် ရှိနေပါ တယ် ။ ယခုအချိန်မှာ သားရဲပုံစံ ငါးခု ထဲမှာ ရှိနေသည့် ဒြပ်စင် အစေ့လေးများဟာ တူညီစွာ လင်းလက်လို့ ရှိနေ တယ် ။ သူ၏ လက်ရှိ စွမ်းအားနှင့် အရင်စွမ်းအားဟာ မိုး နှင့် မြေလိုပဲ ကွာခြားနေပါပြီ ။ သူဟာ လက်ရှိမှာ စစ်မှန် သော သိုင်းပညာ အဆင့် ၂ သာ ဖြစ်သော်လည်း အဆင့် ၃ လောက်ကို အေးဆေး စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေမိ ပါ တယ် ။
“လုမျိုးနွယ် ၊ ခင်ဗျားတို့ ကို ကျွန်တော် ဘယ်လိုလုပ် မလဲ စောင့်ကြည့် ၊ သွေးကြွေး ပြန်ဆပ်စေရမယ်”
ချန်ရှန် သူ၏ လက်သီးကို တင်းတင်း ဆုပ်ကာ ကြုံးဝါး လိုက်တယ် ။ တုန်ခါမှုကြီးဟာ မြေပြင်ပေါ်ကို ဖြတ်ကာ အရပ်မျက်နှာ အသီးသီးကို ပျံ့နှံ့ သွားတယ် ။ တောတွင်းမှ ငှက်များဟာလည်း လန့်ပြေးကြကုန်ပြီး သားရဲတချို့ အော် သံများဟာလည်း မြည်ဟည်းလျက် ရှိပါတယ် ။
ချန်ရှန် သူ၏ တောင်ပံများကို ဖြန့်ကာ တိမ်တိုက်များ အကြား ပျံသန်းနေတယ် ။ သူ၏ အတောင်ပံများ ၏ အရွယ် အစားအား သူလိုသလို ထိန်းချုပ်လို့ ရပါတယ် ။ ကြီးအောင် လုပ်မည် ဆိုပါက သူဟာ ပိုမိုလျင်မြန်စွာ ပျံသန်းနိုင်ပြီး စွမ်း အားဟာလည်း ပိုမို ကြီးမားပါတယ် ။ ဒါပေမယ့် ချီဓာတ် ကုန်ဆုံးမှုဟာလည်း ပိုမို များပြားလှတယ် ။ ယခုအချိန်မှာ သူ၏ အတောင်ပံ အသေးကိုသာ အသုံးပြုတာဖြစ်ပြီး ယခု လိုအသေးကပင် အရင် သူ့အတောင်ပံထက် ၁၀ ဆ မျှ ပိုမို မြန်ဆန်ပါတယ် ။ တောင်ပံများမှ ထွက်သော အငွေ့ များ ဟာ လည်း အရင်နှင့် ကွဲပြားခြားနားတယ် ။ အရင်က မီးလို အနီရောင် ရှိပြီး အခုအခါမှာတော့ နေအလင်းရောင်လိုပါ ။ နေနတ်သား ကြီးနှင့် ပင် တူနေပါသေးတယ် ။
ချန်ရှန် ဟာ အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်မှာတုန်းက စစ်မှန်သော ပညာရှင် အများပြားကို သတ်ပစ်ခဲ့တာပါ ။ ထိုသူများဟာ သားရဲဂိုဏ်း ၊ စစ်မှန် သော သိုင်းပညာဂိုဏ်း နှင့် ပင်လယ်ဂိုဏ်းမှ လူများဖြစ်ပါ တယ်။ လွန်ခဲ့တယ့် ၃ လအတွင်းမှာ ထိုဂိုဏ်းမှလူများဟာ ချန်ရှန် ကို လိုက်ရှာနေကြတာဖြစ်ပြီး ဒါပေမယ့်လည်း ချန် ရှန် ၏ အရိပ်အယောင်ပင် မတွေ့ ခဲ့ရပါချေ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း ၏ သဘောထားကတော့ ခပ်မာမာပါပဲ ။ သူတို့ဟာ ချန်ရှန် ကို ဒီကိစ္စများ အတွက် အပစ်ပေးလိမ့် မည် မဟုတ်ပေ ။
အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် သို့ ၀င် သူ မှန်သမျှ ချီဓာတ်များကို အသုံးမပြုနိုင်ဘူး ဆိုတာ လူ တိုင်း သိပါတယ် ။ ဒါပေမယ့် ချန်ရှန် ကတော့ သုံးနိုင် နေတယ် ။ ဒါကြောင့်ပဲ သူဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ ပညာရှင်များစွာကို ဒုက္ခပေးနိုင်ခဲ့တာဖြစ်ပြီး သူ့ဂိုဏ်း မှ လူများပင် ထိုအထဲမှာ ပါပါသေးတယ် ။ ဒါတင်မက ၎င်း တို့အား တခဏအတွင်း ဒုက္ခိတ ဖြစ်စေခဲ့တာပါ ။
ဒီသတင်း ပြန့်သွားတယ့် အခါ လူတော်တော်များများ ဟာ မယုံကြည်ကြပါဘူး ။ သို့သော်လည်း အချိန်ကြာလာ တယ့် အခါမှာ စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် သားရဲ ဂိုဏ်း တို့မှ စစ်မှန်သော ပညာရှင်တို့ သိသိသာသာ နည်း သွားတာကြောင့် ၎င်းတို့ဟာ ယုံကြည်လာရပါတယ် ။
အတုန်လှုပ်ဆုံးသတင်းကတော့ ချန်ရှန် ဟာ သူ့ဂိုဏ်း မှ လူတွေကိုပင် သက်ညှာမှု မပေးတာပါပဲ ။ ဒါပေမယ့် သူ ၏ လုပ်ရပ်အား လူအများစု က ထောက်ခံကြတယ် ။ အ ဘယ်ကြောင့်ဆိုသော် အဲဒိအချိန်မှာ စစ်မှန်သော သိုင်း ပညာရှင်အားလုံးဟာ သူ့ဆီမှာရှိတယ့် သားရဲဆေးနှင့် ငရဲ ဝိဉာဉ်တော်မြက်တို့အား လုယူချင်နေကြသည် မဟုတ်ပါ လား ။
အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲ မှာ သတင်းတစ်ခုလည်း ပေါ်ထွက်လာပါသေးတယ် ။ ပင် လယ်ဂိုဏ်းဆိုသည့် လွတ်လပ်သော ထာဝရပင်လယ် ဂိုဏ်း ပေါ်ပေါက်လာခြင်းပါ ။ ထိုအင်အားစု ဟာ ချန်ဝူ နယ် မြေကြီးရဲ့ ပင်လယ်ကမ်းခြေ အင်အားစုတစ်ခုဖြစ်ပြီး ကော လ ဟာလ များအရ ၎င်းတို့ဟာ ပြင်းထန်သော သိ်ုင်းပညာ ဂိုဏ်း ပြီးလျှင် စွမ်းအား အကြီးဆုံးဖြစ်နေပြီ ဟု ဆိုပါတယ်။
ဒါပေမယ့်လည်း သားရဲဂိုဏ်း ၊ စစ်မှန်သော သိုင်းပညာ ဂိုဏ်း နှင့် ပင်လယ်ဂိုဏ်းတို့ဟာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းကို ရည်ရွယ် တိုက်ခိုက်ခြင်း မပြုကြပါ ။ နောက်လိုက် များအကြား တိုက်ခိုက်ကြခြင်းသာ ဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး နှင့် မသက်ဆိုင်ပါချေ။
လျို့ ဝှက် သတင်းတစ်ခုကတော့ တုန်လှုပ်စရာ အ ကောင်းဆုံးပါပဲ ။ ချန်ရှန် ဟာ နိဗ္ဗာန် အဆင့် ပညာရှင် အချို့ နှင့် သားရဲဂိုဏ်းချုပ်ကို သတ်ဖြတ်ခဲ့သည့် သတင်းပါ ပင် ။ လူအများစု ဒီကိစ္စကို မသိပါချေ ။ ၎င်းတို့ဟာလည်း ထို ကိစ္စကို ထုတ်ဖော် မပြောကြားပါ ၊ အဘယ်ကြောင့် ဆို သော် မည်သူ့အတွက် မျှ အကျိုးမရှိလို့ပါပဲ ။ ဒါဟာ ချန်ဝူ နယ်မြေအတွင်းရှိ ဂိုဏ်းအချင်းချင်း ရန်တိုက်ပေးသလို သာ ဖြစ်စေမှာဖြစ်ပြီး ဒီလိုဖြစ်ပါက အားလုံးအတွက် ဆိုးကျိုးသာ ရရှိပေလိ့မ်မည် ဖြစ်ပါတယ် ။ ၂ ဖက်စလုံး မှာ ရှိသည့် သိုင်းပညာရှင်များသာ အထိနာမည် ဖြစ်ပြီး ကြားထဲမှ မိစ္ဆာဂိုဏ်း ၅ ဂိုဏ်းက သာ ကြားထဲမှ အကျိုး ဖြစ် ထွန်းသွားမှာ ဖြစ်ပါတယ် ။
ပြင်းထန်သော သိ်ုင်းပညာဂိုဏ်း အတွင်းရှိ ကျယ်ပြန့် သော လေးထောင့် ကွင်းပြင်ကြီး အတွင်းတွင် များစွာသော ဂိုဏ်းသူဂိုဏ်းသားများဟာ အံ့အားသင့်ဖွယ် စုရုံးရောက်ရှိ နေ ကြတယ် ။ ဂုဒွန်ချန် ၊ ဆရာကြီး ဝု နှင့် ဆေးဆရာမကြီး တို့ဟာ စင်မြင့်ပေါ်မှာ ရပ်နေကြပြီး သူတို့ အရှေ့ မှာတော့ ဂိုဏ်းသား တို့ တစ်ခါမျှ မမြင်ဘူးသည့် လူကြီးအချို့ နှင့် မ်ိန်း မကြီး အချို့ ရှိနေကြတယ် ။ ဒီလူကြီးတွေ နောက်မှာတော့ လူငယ် အရွယ် နှင့် သက်လတ်ပိုင်း အရွယ်ရှိ အုပ်စုတစ်စု ဟာ ခပ်အေးအေး ပုံစံဖြင့် ရှိနေကြပါတယ် ။ ၎င်းတို့၏ ကိုယ်မှ စွမ်းအားကြီးလှသော ချီဓာတ်များဟာ ထွက်နေ ကြပြီး အားလုံးကို ဂိုဏ်းအတွင်းရှိ မည်သည့်နောက်လိုက် မျှ မမြင်ဘူးကြပါချေ ။
များစွာသော ပြင်းထန်သော သိုင်းပညာဂိုဏ်း ၏ ဂိုဏ်း သားများကို အံ့အားသင့်နေစေပါတယ် ။ အဘယ်ကြောင့် ဆိုသော် ဒီနေ့မှာ အဆိုပါ သီးခြား စုရုံးနေကြသည့် လူများ ဟာ လည်း ဂိုဏ်းဝင်များပင်ဖြစ်ပြီး မြင်ရခဲလှသည့် အဆင့် မြင့် ပညာရှင်ကြီးများပင် ဖြစ်ပါတယ် ။ သက်ကြီးခြံဝန်းမှ သက်ကြီးပညာရှင်ကြီးများဖြစ်ပြီး သိုင်းပညာခြံဝန်း အမှတ် ၁ မှ ၁၀ ထိ မှ ပညာရှင်များလည်း အစုံအညီ ရောက်ရှိနေ ကြတယ် ။ ၎င်းတို့ဟာ ဂိုဏ်းကြီး၏ ကျောရိုး ဆိုလည်း မမှား ပါ ချေ ။
ထိုအချိန်မှာ အရေးကြီးလှသည့် ကိစ္စရပ်တစ်ခုအား ကြေညာရန် ရှိနေပုံပါပဲ ။ အမည်းရောင် လိပ် လျို့ ဝှက်ဆန်းကြယ် ကိစ္စ ပြီးကတည်းက ပြင်းထန်သော သိုင်းပညာဂိုဏ်းဝင်များဟာ တထင့်ထင့် ဖြစ်နေကြတာပါ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ သားရဲ ဂိုဏ်းချုပ်ကို သတ်လိုက်ရုံသာမက သားရဲဂိုဏ်း၊ စစ်မှန်သော သိုင်းပညာဂိုဏ်း ၊ ပင်လယ်ဂိုဏ်းတို့မှ နိဗ္ဗာန်အဆင့် ပညာ ရှင် ၇ ဦးအားလည်း သတ်လိုက်ပါသေးတယ် ။ ဒါဟာ နှစ် တစ်သောင်းအတွင်း နိဗ္ဗာန်အဆင့် ပညာရှင်များ သေးဆုံး မှုဟာ အများဆုံးပါပဲ ။
သို့သော်လည်း ဒီအချက်များကြောင့် တခြားအင်အား စုများ နှင့် လူအများဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း ကို ပိုမို ထိတ်လန့်လာကြပြီး အံ့အားလည်း သင့်နေကြပါ တယ် ။ ဒါတွေအားလုံးဟာ ချန်ရှန် လုပ်တယ်ဆိုတာလည်း အားလုံးအသိပါပင် ။
“အားလုံး အခုချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကို သိပြီးလို့ ထင်ပါတယ် ။ လွန်ခဲ့တယ့် နှစ်တစ်သောင်းက ငါတို့ဂိုဏ်း ဟာ ဒီလို အခြေအနေမျိုးကို ကြုံတွေ့ ခဲ့တယ် ။ အဲဒိတုန်း က ငါတို့ဟာ လွယ်ကူစွာပဲ ဖြေရှင်းနိုင်ခဲ့တယ် ။ အခုအခါမှာ လည်း ငါတို့ဟာ ကိုင်တွယ်ဖြေရှင်းနိုင်မှာပါပဲ ။ အခုလက်ရှိ မှာ မင်းတို့အားလုံးဟာ စိတ်ထင့်နေကြပြီး တခြားဂိုဏ်း တွေရဲ့ လက်စားချေမှာကို ကြောက်ရွံ့ နေမယ် ဆိုတာ ငါ သိပါတယ်”
ဂုဒွန်ချန် အသံကျယ်လောင်စွာ အော်ပြောလိုက်တယ် ၊ သူ၏ အသံဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း တစ်ခု လုံးတွင်းသို့ ဟိန်းလို့ နေပါတယ် ။
ဂုဒွန်ချန် တခဏမျှ ရပ်နားပြီးနောက် ဆက်ပြောပါ တယ် ။
“ငါ ဒီနေ့ အားလုံးကို ခေါ်ရတာက ကိစ္စ ၂ ခု ပြောမလို့ ပဲ ။ ပထမတစ်ခုက ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်း ဟာ တခြားဂိုဏ်းတွေရဲ့ လက်စားချေမှာကို လုံးဝ ကြောက် မှာ မဟုတ်ဘူး ။ သူတို့ ငါတို့ ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ဦးကို သတ်ဝံ့တယ် ဆိုရင် ငါတို့က သူတို့ ဂိုဏ်းသား ၁၀၀ ကို မြေ မြှုပ် ပစ်မှာပဲ ဖြစ်တယ် ။ ဂုဒွန်ချန် ဆိုတယ့် ငါ တာဝန်ယူ တယ်”
သူ၏ စကားလုံးများကြောင့် အားလုံးသော ဂိုဏ်းဝင် များဟာ စိတ်သက်သက်ရာ ရသွားကြတယ် ။ သူတို့ ဂိုဏ်း ချုပ်ရဲ့ စကားအရ သူတို့ ကြောက်စရာ မလိုတော့ပါချေ ။
“ဒုတိယ တစ်ခုက ငါတို့ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း စည်းမျဉ်းအသစ်တွေကို သတ်မှတ်မလို့ပဲ ။ ဒီနေ့က စ ပြီး သက်ကြီးခြံဝန်း နဲ့ ဆေးဘုရင်ခြံဝန်းမှအပ သိုင်းပ ညာ ခြံဝန်း ၅၀ မှာ အတွင်းစည်း ခြံဝန်း ၁၅ ခု အပြင်စည်း ၃၅ ခု ရှိတယ် ။ ဒီ အတွင်းအပြင် ခြံဝန်း ၅၀ ကို စစ်မှန်သော သိုင်းပညာနယ်ပယ်မှ နောက်လိုက်တွေ သို့မဟုတ် စွမ်း အား တူတွေက စီမံညွှန်ကြားလိမ့်မယ် ။ သူတို့မှာ သိုင်းပ ညာ အစွမ်းတွေကို တိုးတက်အောင် လုပ်ပေးဖို့ တာဝန်ရှိ တယ် ။ ဒါဟာ အတွင်းစည်း အလုံးစုံ ရဲ့ အရည်အသွေး တိုးတက်လာဖို့ ဖြစ်ပြီး လူတိ်ုင်းကလည်း အား ၂ ဆ ထည့် ပြီး ကြိုးစားဖို့ လိုတယ် ။ ၆ လ တစ်ကြိမ် စစ်ဆေးမှု ပြုလုပ် မယ် ။ ဒီလိုလုပ်လို့ အရည်အသွေးမပြည့်မီတယ့် နောက် လိုက်ကို ငရဲခြံဝန်းကို ပို့ပြီး ငရဲလေ့ကျင့်ခန်းတွေ ဆင်းစေ မှာ ဖြစ်တယ်”
ဂုဒွန်ချန် ၏ အသံဟာ အေးစက်စက်ပါ ။ လူတွေဟာ လည်း နားထောင်ရင်း ထိတ်လန့်နေကြပါတယ် ။
ငရဲ ခြံဝန်း ဆိုတာ ဘယ်လိုနေရာများပါသလဲ . . .
ထိုအချိန်မှာပဲ ဆေးဆရာမကြီးဟာ ချောင်း ၂ ချက်ခန့် ဟန့်ကာ လူအုပ်ကြီးအား ငြိမ်သက်စေလိုက်တယ် ။
“အနာဂတ်မှာ သက်သာချောင်ချိရေး ဆိုတာလည်း မရေရာဘူး ။ မင်းတို့ ဆေးလိုချင်ရင် ငါနဲ့ အပေးအယူ လုပ် ရမှာပဲ ။ ငါကနေပြီး တချို့ နောက်လိုက်တွေဟာ လေ့ကျင့် ခြင်း မပြုလုပ်ဘူး ၊ တက်တက်ကြွကြွ မရှိဘူး ၊ မစ်ရှင် တွေ မပြုလုပ်ဘူး ၊ဒါပေမယ့် အကျိုးအမြတ်တွေ ရနေတုန်းပဲ ဆို တာ တွေ့ ရင် ငါဆေးပေးမှာ မဟုတ်ဘူး ။ အခုကစပြီး မင်း တို့ ဆေးလိုချင်ရင် မင်းတို့ရဲ့ ခွန်အားတွေ အစွမ်းတွေ ကို အသုံးချပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ဖို့ လိုအပ် တယ် ။ အသေးစိတ် အချက်အလက်တွေကိုတော့ မင်းတို့ ခြံဝန်း ခေါင်းဆောင် တွေဆီမှာ မေးမြန်းနိုင်တယ်”
ထိုအချိန်မှာပဲ ဆရာကြီးဝု ကလည်း တည်ကြည်လေး နက်သော အသံဖြင့် –
“ဒီနေ့ကစပြီး မင်းတို့ရဲ့ စည်းချက်ကျမှုဟာ တိုးတက် လျင်မြန်လာရမယ် ။ ပြိုင်ပွဲတွေဟာ ရက်စက်ပြင်းထန်လာ မှာ ဖြစ်ပြီး ဆုတွေကလည်း မက်လောက်စရာ ဖြစ်လာမှာ ပဲ ။ ငါ ထူးချွန်တယ့် နောက်လိုက်တွေကို လေ့ကျင့် ပေးချင် တယ် ။ လာမယ့် နေ့တွေမှာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းဟာ သိုင်းပြိုင်ပွဲ အများအပြားကို ကျင်းပပြုလုပ်သွား မှာ ဖြစ်ပြီး လူတိုင်း တိုးတက်လာအောင်ဖြစ်တယ်”
ပြင်းထန်သော သိုင်းပညာဂိုဏ်းကြီးဟာ ရုတ်တရက်ပဲ ဒီလို ကြီးမားတယ့် ပြောင်းလဲမှုများ လုပ်သွားတာ ဖြစ်ပါ တယ် ။ ဒီလို ဖြစ်စဉ်ကြောင့် နောက်လိုက်အများစု ဟာ သင်္ကာမကင်း ဖြစ်နေကြတယ် ။ သူတို့ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း အနေဖြင့် တခြားဂိုဏ်းများနှင့် သိုင်းပညာ ဖလှယ်သည့် တိုက်ပွဲမျိုး ပြုလုပ်မည် မလုပ်မည်ကို လေး လေးနက်နက် တွေးတောနေကြပါတော့တယ် ။
“တန်းဖြုတ်လို့ရပြီ”
ဂုဒွန်ချန် ၏ အသံ ခပ်တိုးတိုး ထွက်ပေါ်လာတယ် ။ ဒါ ပေမယ့် သူ၏ တပည့်များကတော့ ကြီးမားလှသော တောင် ပံကြီး တစ်စုံ တဖြတ်ဖြတ် ခတ်ရင်း ကောင်းကင်အဝေး တစ်နေရာမှ ပျံသန်းလာနေတာကို ကြည့်နေကြပါတယ် ။ ထိုတောင်ပံများ ပိုင်ရှင်ကတော့ ချန်ရှန် ဖြစ်တယ် ။ သို့ သော်လည်း ယခုအတောင်ပံများဟာ အရင်ကထက် များ စွာ ကြီးမားနေပြီး နေကဲ့သို့ အလင်းရောင်အငွေ့ များလဲ ထွက်လို့နေပါတယ် ။
ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့ ချက်ချင်းပင် သတိ ပြုမိသွားပြီး စ်ိတ်သက်သာဟန်ဖြင့် သက်ပြင်းကိုယ် စီ ချလိုက်ကြပါတယ် ။ ဒါပေမယ့် သူတို့ အတော်အံ့သြ တုန်လှုပ်နေပါတယ် ။ အံ့အားသင့်ဖွယ်ပါပင် ချန်ရှန် ဟာ ငရဲ ချောက်ကမ်းပါးမှ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး သူ၏ တောင်ပံများမှ သက်သေပါပဲ ။ ဒါကိုကြည့်ခြင်းအားဖြင့် သူ၏ စွမ်းအင်များ အတော်တိုးတက်ခဲ့ပြီ ဆိုတာကို သိနိင် ပါတော့တယ် ။
ပူပြင်းလှသော ချီဓာတ်များဟာ ပြန့်ထွက်နေပြီး လူ တိုင်း မျက်စိကျိန်းစေလောက်သည့် မီးတောင်ပံကြီးများ အား မြင်တွေ့ နေကြရပါတယ် ။ အတောင်ပံကြီးများဟာ အလွန်ပင် ကြီးမားနေသော်လည်း လူအများစု ဟာ ချန်ရှန် ၏ စစ်မှန်သော ချီဓာတ် မီးအတောင်ပံများ ဖြစ်ကြောင်း မှတ်မိနေကြပါတော့တယ် . . . ။