Switch Mode

Chapter – 185

သိမ်မွေ့ဒြပ်စင်ငါးခုဆေး

Chapter – 185 သိမ်မွေ့ ဒြပ်စင်ငါးခုဆေး

ကမ္ဘာ့ ဗဟိုချက်နတ် သစ်သီးကို စားပြီးနောက် ချန်ရှန် ၊ စုမေးယို နှင့် ဘိုင်ယုယု တို့ဟာ မျက်လုံးများပိတ်လျက် နွေးထွေးမှုကို ခံစားနေကြတယ် ။ လောင်ဆုရီကတော့ တဇွတ်ဇွတ်စားနေပြီး သူမဟာ ရှင်တို ဝိဉာဉ်တော်ကို လေ့ကျင့်ထားတာကြောင့် အသီးရဲ့ ခန္ဓာကိုယ်အပေါ် ပေး တဲ့ ကောင်းကျိုးကို ခံစားနိုင်ခြင်း မရှိပေ ။ သူမ အတွက် တော့ အရသာ ရှိရုံသက်သက်ပါပင် ။
ချန်ရှန် သူ၏ မျက်လုံးများကို ဖွင့်လိုက်သော အခါ ၁၀ ရက်လောက် ကြာသွားပြီ ဖြစ်ပါတယ် ။ ဒီလောက်ထိ သူ မမျှော်လင့်ထားပဲ ယခုလို အသီးအပိုင်းအစလေး အနည်း ငယ်ကပင် သိမ်မွေ့ လှတယ့် ခံစားမှုများ ပေးစွမ်းကာ သူ၏ အပြင်ပိုင်း စွမ်းအင်အား များစွာ တိုးတက်စေပါတော့တယ်။
“အမတော် မေးယို ၊ အမတော် ယုယု ၊ ကျွန်တော့ ကိုယ်ထဲမှာ ထူးဆန်းတယ့် စွမ်းအင်တစ်မျိုး ရှိနေတယ် ။ ရွှေရောင်အလင်းတန်း လိုပဲ”
ချန်ရှန် သူ၏ ကိုယ်တွင်း သူ့ကိုယ်သူ ကြည့်ကာ အံ့သြ နေပါတယ် ။ ဒါကြောင့် လျင်မြန်စွာ ညီအမ နှစ်ယောက် အား မေးခြင်း ဖြစ်ပါတယ် ။
“မင်း က တကယ်ပဲ ထာဝရ မိစ္ဆာ ခန္ဓာကိုယ် အဆင့် ၂ ကို ရောက်သွားပြီ ။ ဒီ အသီးက မင်းအတွက် အံ့အားသင့် ဖွယ် ကောင်းလောက်အောင်ကို အသုံးဝင်တာပဲ ။ ကောင်း ပကွာ”
စုမေးယို အံ့သြမှုနှင့် အတူ ပြောပါတယ် ။
ဘိုင်ယုယု ကလည်း –
“ငါတို့ဟာ ကမ္ဘာ့ ဗဟိုချက် နတ်သစ်သီး ရဲ့ စွမ်းအင် တွေကို ၂ ရက်လောက်နဲ့ အပြီးသတ် သန့်စင်နိုင်ခဲ့တယ် ၊ ဒါပေမယ့် မင်းကတော့ ၁၀ ရက်ကြာတယ် ။ ဒါဟာ မင်း ကိုယ် ဘယ်လောက် အားနည်းသေးလဲဆိုတာကို ပြတာပဲ ၊ ဒီ အသီးရဲ့ စွမ်းအင်တွေကို အပြည့်အ၀ စုပ်ယူပြီးတဲ့ အခါ မှာတော့ ရရှိလာတယ့် အကျိူးကျေးဇူးဟာ သိသိသာသာ ပါပဲ”
“ဒါက နတ်သစ်သီးပဲ ၊ အမတော် တို့ နှစ်ယောက် အတွက် လည်း အတော် အကျိုးရှိသွားတယ်မလား”
ချန်ရှန် မယုံသင်္ကာဖြင့် မေးလိုက်ပါတယ် ။ ယခု ကမ္ဘာ့ ဗဟိုချက် နတ်သစ်သီးဟာ အရမ်းကို အဆင့်မြင့်တဲ့ ဆေး ပစ္စည်း တစ်ခု ဖြစ်ပါတယ် ။
“ငါတို့ နည်းနည်းပဲ စားတာ ၊ ဒါ့အပြင် ငါတို့ဟာ ၎င်းရဲ့ စွမ်းအင်ကို အကုန်လုံး မစုပ်ယူနိုင်ဘူး ။ ဒါကို တခြား ဆေး ပစ္စည်းတွေနဲ့ ရောပြီး ဆေးလုပ်လိုက်ရင် အကျိုးအတော် ရှိ မှာ ။ ဒါဟာ နတ်သစ်သီး ဖြစ်တာကြောင့် မင်းဒါကို အသုံးပြု ပြီး ဆေးလုပ်မယ်ဆို နတ်ဆေးလုံးကို ရလိ့မ်မယ်”
စုမေးယို ၏ စကားလုံးများဟာ ချန်ရှန်ကို အတော် အံ့သြ စေမိပါတယ် ။ သူ့မှာလည်း ယခုအသီးရဲ့ အစေ့ ရှိ နေပြီး ဒီလိုအပင်မျိုးကို စိုက်ချင်နေတယ် ။
တစ်ခု သိရမှာက ချန်ရှန် ဟာ အသီးအား မရန် လက် နှစ်ဖက်လုံးအား အသုံးပြုရပါတယ် ။ အသီးဟာ အတော် ကို ကြီးတာ ကြောင့်ပါ ။ သူတို့ဟာ အသီးရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုသာ စားသုံးကြတာဖြစ်ပြီး ဒါကပင် သူတို့ အား အကျိုးကျေးဇူး အများကြီး ပေးစွမ်းပါတယ် ။ သူသာ အများကြီး ထပ်စားမယ် ဆိုပါက ဘယ်လို သက်ရောက်မှု ရှိမလဲ ဆိုတာ သူမခန့်မှန်း ရဲ ပါချေ ။ လောင်ဆုရီ က တော့ သူမ၏ မျက်နှာမှာ ကျေနပ်နေမှုများအား တွေ့ ရှိရတယ် ။ ချန်ရှန် အတွက် သူမ တစ်ခုခု စားရပြီး ကျေနပ်တယ့် ပုံစံကို ပထမဆုံး အကြိမ် တွေ့ ဖူးခြင်းပါ ။
“ကောင်လေး ၊ နတ်ဘုရား က မင်းပြန်လာမှာကို စောင့် နေ တယ် ။ နတ်ဘုရားကို စိတ်ပျက်အောင် မလုပ်ပါ နဲ့”
သားရဲကြီးက လေးလေးပင်ပင် ပြောပါတယ် ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာဖြင့် –
“ငါ ထွက်သွားပြီးရင် မင်းကို သေချာပေါက် လာပြီး ကယ် မှာ ပါ”
လောင်ဆုရီ နှင့် ချန်ရှန် တို့ ဆုတ်ခွာသွားကြတယ် ။ သားရဲကြီးဟာလည်း ထပ်ခါတလဲလဲ ဟိန်းဟောက်ကာ သူတို့ကို နှုတ်ဆက်နေသလိုပါပင် ။ သို့သော်လည်း လောင်ဆုရီဟာ နောက်ပြန်လှည့်ကြည့်လျက် ရှိနေပြီး ရှေး ကျလှသည့် မီးမိစ္ဆာကောင်ကြီး ၏ ကမ္ဘာ့ ဗဟိုချက် နတ် သစ်သီး ကို လွမ်းဆွတ်နေပုံပါ ။
“ကောင်မလေး ၊ ဒီအကြောင်းကို တွေးမနေနဲ့တော့ ၊ အနှေးနဲ့ အမြန် ငါဒီအပင်ကို စိုက်နိုင်မှာပါ”
ချန်ရှန် သူမ၏ ခေါင်းကို ထိကာ ပြောလိုက်တယ် ။
“ဒီလို ဖြစ်လာဖို့ ဘယ်နနှစ် ဘယ်နလ ကြာဦးမလဲ ဆို တာ မသိတော့ပါဘူး”
လောင်ဆုရီ လျာထုတ်ကာ ပြောင်ပြလိုက်ပြီး အလင်း တန်းအဖြစ် သူ၏ လက်သို့ ၀င်ရောက်သွားပါတော့တယ် ။
ချန်ရှန် လိုဏ်ခေါင်းဝ သို့ ရောက်ရှိလာပါတယ် ။ ချောက်ကမ်းပါး ၏ တဖက်တချက်ကို ကြည့်ရင်း သားရဲ ကြီး ပြောတာကို အမှတ်ရလိုက်တယ် ။ ယခု ချောက်ကမ်း ပါးကြီး၏ နက်ရှိုင်းသော အဆုံး ၂ ဖက်တွင် သက်ရှိများ ရှိ နေတယ် ။ ထိုသက်ရှိများဟာ အလွန်ပင် အန္တရာယ် ကြီးမားလှပြီး သားရဲကြီးဟာ ချန်ရှန်အား ယခုအနီးတဝိုက် မှလွဲပြီး မသွားရန် သတိပေးခဲ့ပါတယ် ။
အစိမ်းရောင်အငွေ့ များ ယှက်သန်းနေတာကို ကြည့် ရင်း ချန်ရှန် သူ၏ အနီရင့်ငှက် ချီဓာတ်များကို သူ့ကိုယ်မှာ ထုတ်လွှတ်လိုက်တယ် ။ ကောင်းကင် နေ မီးဝိဉာဉ်တော် နှင့် အနီရင့်ငှက် ချီဓာတ်များ ပေါင်းစပ်သွားတယ့်အခါ အလွန်ကို စွမ်းအားကြီးများသွားပြီး သူ၏ နောက်ကျောမှ ပေ ၁၀၀ လောက်ရှိသည့် ကြီးမားသော တောင်ပံကြီး ၂ ဖက် ပေါ်လာပါတယ် ။ မီးတောက်များဟာ အလွန်ပင် အား ပြင်းထန်လှပြီး ယင်ချီဓာတ်များအား လွင့်စင်သွားစေပါ တော့ တယ် ။
ချန်ရှန် သူ၏ ကြီးမားလှသော မီးတောင်ပံကြီး ၂ ဖက်အား ကြည့်ရင်း အံ့အားသင့်မိနေပါတယ် ။ ဒါဟာ မီး ဝိဉာဉ်တော်ဖြင့် ပေါင်းစပ်ခြင်း၏ သက်သေပါပဲ ။ သူ အလို ရှိသလို မီးတောက်များအား ထိန်းချုပ်လို့ ရပြီး အဆပေါင်း များစွာ စွမ်းအားကြီးလှပါတယ် ။
ထိုသို့ကြီးမားလှသည့် တောင်ပံများ၏ ရိုက်ခတ်မှုဖြင့် ချန်ရှန် ဟာ လျင်မြန်စွာပင် မြေပြင်မှ အထက်သို့ တက် သွားပါတယ် ။ယင်ချီဓာတ် အလွှာပေါင်း များစွာကို ဖြတ် သန်းပြီး ယခုအခါ ထိုချီဓာတ်များမှာ သူ့အတွက် ဘာမျှ မဟုတ်တော့ပါချေ ။ ဒါဟာ အမည်းရောင်လိပ် ချပ်ဝတ် ၏ ခုခံအားကြောင့်လည်း ဖြစ်ပြီး ဒါသာမရှိပါက သူ့အတွက် ယခုလောက်တော့ လွယ်ကူမည် မဟုတ်ချေ ။
“အပေါ်ရောက်ဖို့ မင်းအနည်းငယ်တော့ ကြာဦးမယ် ၊ ဒါ ကို အသုံးချပြီး မင်း အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်မှာ ရခဲ့တဲ့ ဆေးကို ကြည့်သင့်တယ်”
စုမေးယို က ရုတ်တရက် ပြောလိုက်ပါတယ် ။ သူမ လည်း ထိုကိစ္စကို ယခုမှ သတိရသွားပုံပါ ။
ချန်ရှန် ချောက်ကမ်းပါး ထဲ ပျံဝဲရင်း –
“ဒီ ဆေးက ဘာဆေးလဲ”
နောက်ဆုံးတစ်ခေါက် သူ မိုးပြာနဂါးဓားသွားကို ရ တုန်းက နဂါးသွေးဆေးကို သူရရှိခဲ့တယ် ။ အဲဒိတုန်းက လည်း သူ၏ ထာဝရမိစ္ဆာ ခန္ဓာကိုယ်အား အဆင့် ၁ သို့ တိုးတက်သွားစေခဲ့ပြီး ယခု အမည်းရောင်လိပ် တောင် မှ ရရှိသည့် ဆေးဟာလည်း အစွမ်းထက်လိ့မ်မည်ဟု သူယုံ ကြည်နေမိတယ် ။
ဘိုင်ယုယု က –
“အဲဒါက သိမ်မွေ့ ဒြပ်စင်ငါးခု ဆေးပဲ ၊ အဆင့်မြင့် မြေ ကြီး အဆင့် ဆေးပေါ့ ။ အဲဒိထဲမှာ ချီဒြပ်စင် ငါးခု ရဲ့ ချီဓာတ် တွေ အများကြီး ပါဝင်တယ် ။ အလွန်ကို တန်ဖိုးကြီးပြီး တော့ နဂါးသွေးဆေးထက်တောင် ရှားပါးသေးတယ်”
အံ့အားသင့်ဖွယ်ပါပဲ ၊ ၎င်းဆေးဟာ အဆင့်မြင့် မြေကြီး အဆင့် ဖြစ်ပြီး ချန်ရှန် တံတွေးပင် မျိုချမိပါတယ် ။ အရင် နဂါးသွေးဆေး ကို သူသောက်ခဲ့တုန်းက အစွမ်းထက်သည် မှာ မှန်သော်လည်း တိကျလှသည့် အဆင့် သတ်မှတ်ချက် မရှိ်ခဲ့ပါဘူး ။ ဒါပေမယ့် ယခု ဆေး၏ အဆင့်ကတော့ သူ့ ကို အလွန်ကို တုန်လှုပ်သွားစေပါတယ် ။ အဆင့်နိမ့် သိမ်မွေ့ အဆင့် ဖြစ်သော တည်ဆောက်ရေးဆေး ပင်လျှင် အလွန် တန်ဖိုးရှိနေတာကြောင့် ယခု အဆင့်မြင့် မြေကြီး အဆင့် ဆိုတာကတော့ တွေးပင် မတွေးရဲတော့ပါချေ ။
ချန်ရှန် သိမ်မွေ့ ဒြပ်စင် ၅ ခု ဆေးကိုထုတ်လိုက်တယ် ၊ ၎င်းဟာ အဖြူရောင် ဖြစ်ပြီး ခိုဥ အရွယ် အစား ရှိပါတယ်။ တခဏမျှ ကြည့်ပြီးနောက်မှာတော့ သူမျိုချလိုက်ပါတော့ တယ် ။ လောင်ဆုရီကတော့ သိပ်မကျေနပ်ဟန်ဖြင့် အသံ ပေးလို့နေပါတယ် ။
သိမ်မွေ့ ဒြပ်စင် ၅ခု ဆေး ဟာ သူ့ကိုယ်ထဲ ၀င်ရောက် သွားပြီးနောက်မှာတော့ ဆေးအတွင်းမှ ချီဒြပ်စင် ၅ ခု တို့ ဟာ လျင်မြန်စွာ ပြန့်ကွဲထွက်သွားပါတယ် ။ မြစ်ကြီး တစ် စင်း ရုတ်တရက် စီးဆင်းသွားသလိုပင် သူ၏ ခြေလက် အင်္ဂါများ အပါအ၀င် တစ်ကိုယ်လုံးဟာ ခံစားလိုက်ရပါ တယ် ။ တခဏမျှ ဆေးအာနိသင်များ လည်ပတ်ပြီးသည့် အခါမှာတော့ စွမ်းအင်များဟာ သူ၏ စွမ်းအင်သိုလှောင် ရာ ဆီသို့ ၀င်ရောက်သွားပါတယ် ။ ဆေးမှ ချီဓာတ်များ ဟာ အဆုံးမရှိတော့သလိုကို ထုတ်လွှတ်နေပါတော့တယ် ။
ချန်ရှန် ဟာ ပျံသန်းနေတာဖြစ်ပြီး တဖက်မှာလည်း သူ၏ စွမ်းအင်များကို သန့်စင်ရန် အာရုံပြုနေရပါတယ် ။ တစ်ရက်မျှ ကြာပြီးနောက်မှာတော့ သိမ်မွေ့ ဒြပ်စင်ဆေး ဟာ ချီဒြပ်စင် ငါးခု ၏ ချီဓာတ်တို့ဟာ ပုံမှန် လည်ပတ်စီး ဆင်းသွားပါတော့တယ် ။ သူ့စိတ်ထဲ အတော် တုန်လှုပ် ခြောက်ခြား နေမိတယ် ။ သူ့မှာသာ ဒီလိုဆေးနောက်တစ် လုံး ရှိပါက သူ၏ စွမ်းအင်များ ချက်ချင်းကို အချိန်တိုအ တွင်း တိုးတက်လာမည် မဟုတ်ပါလား ။ သို့သော်လည်း ဒီ ဆေးကို လုပ်ဖို့ ဆေးပစ္စည်းများဟာလည်း အလွန်ကို ရှား ပါးလှမည် ဆိုတာကို သူသိနေပါတော့တယ် ။
“ဒီဆေးကိုတော့ လုပ်ဖို့ မစဉ်းစားလေနဲ့ ၊ ဒီလို ဆေး အမျိုးအစားဟာ ကောင်းကင်နယ်ပယ် အဆင့်က လူတွေ ပဲ အသုံးများတာ ။ ဒါပေမယ့် မင်း ဒြပ်စင် ၅ ခု ဒြပ်စင် ဆေး ဆိုတာကို ကြိုးစားကြည့်လို့ ရတယ် ။ အဲဒါက အဆင့်နိမ့် သိမ်မွေ့ အဆင့် ဆေး တစ်မျိုးပဲ ။ ဒါပေမယ့် အဲဒိဆေး အတွက် လိုအပ်တယ့် ဆေးပစ္စည်းတွေဟာလည်း တည် ဆောက်ရေးဆေး လိုပဲ ရှားပါးလှတယ်”
စုမေးယို က ပြောပြပါတယ် ။
ဒီလို ဆေးပစ္စည်း တွေနဲ့ ပတ်သက်ပြီး ချန်ရှန် ခေါင်း ကိုက်ရပါတယ် ။ သူဟာ အတော်ကို ကြွယ်ဝစွာပဲ စု ဆောင်း မိနေပြီ ဖြစ်ပြီး ဒီ ရှားပါးဆေးပင်တွေကို လိုချင်လှ ပါတယ် ။ ထိုရှားပါး ဆေးပင်များအား တွေ့ မည် ဆိုပါက ဘယ်ဈေးနဲ့မဆို သူအလျင်မြန်ပင် ၀ယ်မိမှာပါ ။ နောက်ပြီး နဂါးတံတွေး အကူအညီဖြင့် ဒီလို ဆေးပင်တွေ အများကြီး စိုက်နိုင်သည် မဟုတ်ပါလော ။
“ကျွန်မလည်း စားချင်တယ်”
လောင်ဆုရီ ညည်းတွားလိုက်ပါတယ် ။
“ဘယ်သူက မစားချင်ပဲ နေမလဲ”
ချန်ရှန် သူ့ကိုယ်သူ ပြောလိုက်တယ် ၊ သူထပ်စားချင် ပေမယ့် လည်း မရှိတော့ချေ ။ သို့သော်လည်း သူ့ကိုယ် အတွင်းရှိ ဆေးမှာ အပြည့်အ၀ အစာချေဖျက်ခြင်း မရှိသေး ပါ ။
သားရဲငါးကောင် ၏ ပုံစံ အတွင်းမှာ ချီဓာတ်များဟာ အဆက်မပြတ် ဖိနှိပ်ခြင်းကို ခံနေရပါတယ် ။ ဒြပ်စင်အစေ့ လေးများဟာလည်း တစ်ခုပြီးတစ်ခု လင်းလတ်လာပြီး အလွန်လျင်မြန်လှပါတယ် ။ ချန်ရှန် ၏ နှလုံးခုန်သံများလဲ မြန်ဆန်လျက် ရှိပြီး ဒါတွေဟာ အဆင့်မြင့် မြေကြီးအဆင့် ဆေး၏ အစွမ်းပါပဲ ။ ယခုတော့ အဆင့် မြင့် ဆေးပညာရှင် ကြီးများဟာ ဘာကြောင့် တော်ဝင်သိက္ခာပုဒ်များဖြင့် ရပ် တည်နေရလဲ ဆိုတာကို သူ နားလည် သွားပါပြီ ။ ဒီလို ဆေး စွမ်းကောင်းတွေကြောင့် သိုင်းပညာရှင်တို့ဟာ ၎င်းတို့၏ စွမ်းရည်များ အလျင်အမြန် တိုးတက်လာမည် မဟုတ်ပါ လား ။
“ဟဟ ၊ အမြန်နှုန်းကတော့ ကြောက်မခမ်း လိလိပါပဲ လား”
ချန်ရှန် စိတ် အလွန်လှုပ်ရှားလျက် ရှိပါတယ် ။ ထို အချိန်မှာ သူ့ကိုယ်အတွင်းရှိ ဒြပ်စင် ငါးခု ၏ ချီဓာတ်များ ဟာ ပျံသန်းနေတာကို ပိုမို မြန်ဆန်နေစေပါတယ် ။ ဒါကို ပဲ သူ့မှာ အတော် ကျေနပ်လျက် ရှိတယ် ။
“ဟားး ဟားး ဟားးး”
ချန်ရှန် ၏ ရယ်သံကြီး မှာ ချောက်ကမ်းပါးကြီး တစ်ခု လုံးအား ပဲ့တင်ထပ်လျက် ရှိပါတယ် ။ တစ်ချိန်တည်းမှာ ပင် သူဟာ ချောက်ကမ်းပါးကြီးကို တက်နိုင်ရုံမျှမက အဆင့် ၂ စစ်မှန်သော သိုင်းပညာရှင်အဖြစ်လည်း ရောက်ရှိခဲ့ပါပြီ ။ ဒီလို လွယ်လွယ်ကူကူ ဖြင့် ဖြတ်သန်းနိုင်မှုများကြောင့်

သူ ဟက်ဟက်ပက်ပက် ပင် ရယ်မောနေမိခြင်း ဖြစ်ပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset