Chapter – 184 ကမ္ဘာ့ဗဟိုချက်နတ်သစ်သီး
ချန်ရှန် တည်ဆောက်ရေးဆေး ၃ လုံးအား စားပြီး တစ် လလောက် လေ့ကျင့်ခဲ့ပါတယ် ။ ချန်ရှန် ထိုသို့ ဆေးများ စားနေသည်ကို ကြည့်ရင်း လောင်ဆုရီ မနာလို ဖြစ်နေပါ တယ် ။ သို့သော်လည်း ချန်ရှန် ဟာ သူမကို တချက်လှည့် မကြည့်ပဲ ဆေးများ စားနေတာကြောင့် သူမ အတော်ကို မကျေမနပ် ဖြစ်နေပါတော့တယ် ။
တည်ဆောက်ရေးဆေး သုံးလုံးစားပြီး ယင်ချီဓာတ် များ စုပ်ယူတာကြောင့် ချန်ရှန် ဟာ လျင်မြန်စွာ တိုးတက် ခဲ့ပါပြီ ။ များစွာသော ချီဓာတ်များဟာ သူ၏ စွမ်းအင်သို လှောင်ရာသို့ ရောက်ရှိနေပြီး သားရဲပုံစံများအသွင် ဖိနှိပ် လို့ နေပါတယ် ။ သေးငယ်လှသော ဒြပ်စင်စေ့လေးများဟာ တဖြည်းဖြည်း လင်းလက်လို့ လာနေပါပြီ ။ ယခုအခါမှာ မိုးပြာနဂါး သားရဲပုံစံမှာ ပိုမို လင်းလက်လျက် ရှိပြီး အနီရင့် ငှက် ၏ ပုံစံနှင့် အတူတူ ဖြစ်သွားပါတယ် ။ ဒါကြောင့် ချန် ရှန် အမည်းရောင်လိပ် အား စတင် လေ့ကျင့်ပါတော့တယ်။
အမည်းရောင်လိပ် နတ်ကျင့်စဉ်ဟာ အဓိကအားဖြင့် ခုခံရေးပိုင်းအတွက် ဖြစ်ပါတယ် ။ ထို အမည်းရောင်လိပ် ချီဓာတ်များ ပိုမို အားကောင်းလေလေ ချန်ရှန် ပိုပြီးလုံခြုံ လေ ပါပဲ ။ ဒါအပြင် သူဟာ အမည်းရောင်လိပ်ချပ်ဝတ် ကို ပါ ရရှိထားသောကြောင့် သူ၏ ခုခံနိုင်စွမ်းမှာ အလွန်ကြီး မားလို့ နေပါတယ် ။
လောင်ဆုရီဟာ ဒြပ်စင်ဆေးများအား နေ့တိုင်းစားနေ ရသော်လည်း ညည်းညည်းညူညူ ဖြင့်ပင် ဖြစ်နေပြီး သူမ လိုချင်တယ့် အရာကို သာ ပူဆာလျက် ရှိပါတယ် ။ သူမ လိုချင်တာ ၂ ခုပါ ။ ချန်ရှန် ၏ မိုးပြာသိမ်မွေ့ သစ်သီး နှင့် ကမ္ဘာ့ ဗဟိုချက် နတ်သစ်သီး ဖြစ်ပါတယ် ။ ဒီလောဘကြီး တဲ့ နဂါးမလေး ဟာ တကယ်ကိုပဲ စိတ်ရှည်လှတယ် ။ နေ့ တိုင်းသူမဟာ သားရဲကြီးအား တပူပူတကျည်ကျည် လုပ် လို့ နေပါတယ် ။
တစ်လလောက် ထပ်ကြာတယ့် အခါမှာတော့ ချန်ရှန် ဟာ သူ၏ အမည်းရောင်လိပ် သားရဲပုံစံတွင် အစေ့ ၁၀ စေ့ ဖြစ်အောင် လုပ်နိုင်သွားပြီ ဖြစ်ပါတယ် ။ဒီနေရာမှာ ယင် ချီ ဓာတ်များဟာ ရေဓာတ်ချီအဖြစ် ပြောင်းလဲလို့ လွယ်လှ တယ် ။ ဒါကြောင့်ပင် အမည်းရောင်လိပ် သားရဲ ကျင့်စဉ် ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင် နိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ နေ့တိုင်းမှာ ယင်ချီဓာတ်များဟာ ချန်ရှန် ၏ အဆက်မပြတ် စုပ်ယူခြင်းကို ခံနေရပါတော့တယ် ။
ချန်ရှန် ၏ စွမ်းအင်သိုလှောင်ရာတွင် ဒြပ်စင် အစေ့ လေး ၃၀ ဟာ လင်းလက်လို့ ရှိနေပါပြီ ။ ဒီအချိန်မှာ သူနဲ့ အဆင်တူများထက် သူ၏ ချီဓာတ်များဟာ ပိုမိုများပြားနေ မှာပါ ။ သို့သော်လည်း သူဟာ အဆင့် ၁ စစ်မှန်သော သိုင်း ပညာရှင် အဖြစ် ပဲ ရှိနေတုန်းပါ ။
အဆိုပါ ဒြပ်စင်အစေ့လေး ၁၀ စေ့စီဟာ ချီဒြပ်စင် ၅ ခု အဖြစ် ပေါင်းစပ်သွားတဲ့အခါမှာတော့ ချန်ရှန် ဟာ စစ်မှန် သော သိုင်းပညာနယ်ပယ် အဆင့် ၂ သို့ ရောက်ရှိမှာပါ ။ သူ၏ ချီဓာတ်များ အရည်အသွေးဟာ အထူးကောင်းမွန် မှာ ဖြစ်ပြီး စွမ်းအားဟာလည်း ဆတိုးဖြင့် တက်လာမှာ ဖြစ် ပါတယ် ။ သူသာ စကြာဝဠာ ချီဓာတ် စွမ်းအင်အား အသုံး ပြုမည် ဆိုပါက ပိုမို ကြောက်မက်ဖွယ် ကောင်းမှာ အမှန် ပါပင် ။
ချန်ရှန် ဟာ တခြား စစ်မှန် သော သိုင်းပညာနယ်ပယ် မှ ပညာရှင်များ နှင့် မတူပါဘူး ။ ၎င်းတို့ဟာ ချီဓာတ်များ အား သားရဲ ၉ ကောင် ပုံစံပြုလုပ်ပေါင်းစပ်ရတာပါ ။ ဒီ လို နည်းစနစ် မတူပေမယ့်လည်း စွမ်းအားကတော သိပ်မကွာ လှပါချေ ။
စစ်မှန်သော သိ်ုင်းပညာ နယ်ပယ် အဆင့် ၁ နှင့် ၂ ဟာ အလွန် ကွာခြားလှပါတယ် ။ အဘယ်ကြောင့်ဆိုသော် အဆင့် ၂ သို့ တက်လှမ်းမည့် သူဟာ သားရဲကိုးကောင် ချီ ဓာတ်များအား ပေါင်းစပ်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပြီး အတူ တကွ ပေါင်းစပ် ဖိနှိပ်လိုက်ရတာပါ ။ မြင့်မားတယ့် သိပ် သည်းမှု ၊ မြင့်မားသော အရည်အသွေးရှိသည့် ချီဓာတ် သားရဲ ပုံစံ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ် ။ အဆင့် ၃ သို့ တက် လှမ်းချင်ကလည်း ၎င်းတို့ဟာ ယခုလိုပင် သားရဲ ၉ ကောင် ပုံစံအား တူညီသော သိပ်သည်းဆ တူညီသော အရည်အ သွေး များဖြင့် ဖိနှိပ် ပေါင်းစပ် ရမည် ဖြစ်ပါတယ် ။ တစ်ဆင့် စီတိုင်းဟာ အရင်အဆင့်ထက် များစွာပိုမို အင်အားကြီး သွား မှာ ပါ ။ ချန်ရှန် ၏ နည်းစနစ်ကတော့ ဒြပ်စင်စေ့များ အား လင်းလတ်အောင် လုပ်ရတာပါ ။ ဒါကြောင့် ပေါင်းစပ် စေရန် မလိုအပ်ပါ ။ သူ၏ လေ့ကျင့်သည့် လုပ်ငန်းစဉ်ဟာ လည်း တခြားလူများ နဲ့ သိပ်တော့ မကွာလှပါပေ ။
နောက်ဆုံးအချိန်က ချန်ရှန်ဟာ အဆင့် ၂ စစ်မှန်သော ပညာရှင် ၂ ဦး ဖြင့် ရင်ဆိုင်ရတုန်းက သေမလို ဖြစ်ခဲ့တာပါ ၊ သူ၏ မိုးပြာနဂါး ဓားကြောင့်သာ မဟုတ်ရင် ဒီလို လျင်မြန် စွာ အနိုင်ရနိုင်ဖို့ မလွယ်ကူပါချေ ။
ချန်ရှန် ၏ မိုးပြာနဂါး ဓားဟာ ပေါင်သောင်းပေါင်းများ စွာ သော အလေးချိန်ကို ပိုင်ဆိုင်ရုံမက အားပြင်းထန်လှ သည့် ချီဓာတ် အကာအကွယ် များကိုလည်း လွယ်ကူစွာ ဖြိုခဲ ပစ်နိုင်ပါတယ် ။ သူသာ အားအင်အပြည့်ဖြင့် ပိုင်းချ လိုက်မည် ဆိုပါက ထိုအရာကို ခုခံနိုင်ဖို့ အတော်ကို ခက်ခဲ ပါတယ် ။ အလွန် အစွမ်းထက်လှသော နတ်လက်နက် တစ်မျိုးပါပင် ။
ချန်ရှန် လေ့ကျင့်နေပြီး လောင်ဆုရီ အိပ်နေစဉ်မှာပဲ ရုတ်တရက် ဟိန်းဟောက်သံကြီး ကြောင့် ၂ ဦးလုံး နိုးသွား ကြပါတယ် ။၂ ဦးစလုံး ခြင်္သေ့ကြီးအား ကျိန်ဆဲလိုက်ကြပြီး ရံဖန်ရံခါ ဟိန်းဟောက်သံများဟာလည်း တမျိုးတမည် တုန်လှုပ်စေနေပါတယ် ။
“နတ်ဘုရားရဲ့ ကမ္ဘာ့ဗဟိုချက် နတ်သစ်သီးတွေ မှည့်ပြီ ကွ ၊ ဟားဟားဟား”
သားရဲကြီး ရယ်မောနေပါတယ် ။
လောင်ဆုရီလည်း စိတ်လှုပ်ရှားဟန်ဖြင့် ရှိနေရာမှ သူမ အတွက် အကျိုးမရှိမှာကို သိသွားတာကြောင့် သူမ ၏ ချစ်စဖွယ် မျက်နာလေးမှာ စိတ်ပျက်ဟန် ဖြစ်သွားပြီး တီးတိုး ရေ၇ွတ်ပါတယ် ။
“ကျွန်မကိုလည်း ပေးမှာ မဟုတ်ပဲနဲ့ ဘာလို့ နိုးအောင် လုပ်ရတာလဲ ။ ပြန်လျော့်တယ့် အနေနဲ့ တစ်လုံးပေး”
သူ၏ လည်ဆံမွှေးများဖြင့် ခြင်္သေ့ကြီးဟာ အသီး တစ် လုံးကို ယူကာ ချန်ရှန်ဆီ ပစ်ပေးလိုက်ပါတယ် ။ မီးတောက် များ ရှိနေသည့် အလုံးလေး ပျံသန်းလာတာကို ကြည့်ရင်း ချန်ရှန် လျင်မြန်စွာပဲ ဖမ်းယူလိုက်ပါတယ် ။
အံ့သြစရာပါပင် အသီးဟာ အနည်းငယ် ကြီးမားပါ တယ် ။ ချန်ရှန် သူ၏ လက်နှစ်ဖက်ဖြင့် ထိန်းထားရပြီး ဒီလို မှ မဟုတ်ပဲ လက်တစ်ဖက်ဖြင့်သာ ဆိုပါက ပြုတ်ကျနိုင်ပါ တယ် ။
“ကောင်းပ ၊ အကြီးကြီးပဲ ။ တစ်ကိုက်လောက် ကိုက် လို့ ရမလား”
လောင်ဆုရီ တံတွေးမျိုချရင်း မေးပါတယ် ။ သူမ၏ မျက်လုံးများဟာ ချန်ရှန် လက်ထဲကိုင်ထားသော အသီးကို ကြည့်ရင်း အရောင်တဖျတ်ဖျတ် တောက်လျက် ရှိပါတယ်။
“ကောင်းပြီ ၊ တစ်ကိုက်ပဲနော် ၊ ဘာလို့လဲ ဆိုတော့ မင်း ပုံစံကြောင့်ပဲ ။ င့ါကို သဘောကောင်းလှချည်တော့ မထင်နဲ့”
ချန်ရှန် ဒီကောင်မလေး ဒီ ၂ လအတွင်း ဒါကိုအလွန် စားချင်နေတယ် ဆိုတာ သူသိပါတယ် ။ သနားလည်း သနားသောကြောင့် ကျွေးလိုက်ခြင်းပါ ။
လောင်ဆုရီ ကြက်များ အစာကောက်သလို ခေါင်းကို တဆတ်ဆတ် ညိ့မ်ပြပါတယ် ။ သူမ ဒီအရသာ ဘယ်လို ရှိ မလဲ ဆိုတာကို မြည်းကြည့်ချင်နေပါပြီ ။
ချန်ရှန် မြေပြင်ပေါ် ထိုင်ချလိုက်ပြီး အခွံထူထူကို ခွာ ကာ အနီရောင်အသားကို ပေါ်အောင် လုပ်လိုက်ပါတယ် ။ ခရမ်းချဉ်သီး နှင့်ပင် အလွန်တူနေတယ် ။ ချက်ချင်းပင် လောင်ဆုရီ သူမ၏ ပါးစပ်လေး ဟကာ ခေါင်းကို အနား တိုး လာပါတယ် ။ သူမလည်း အဆိုပါ အခွံအား ကိုက်ကာ ဖယ်လိုက်တယ် ။
သူမဟာ ကလေးမလေး ဖြစ်သော်လည်း အစာစားပုံ ကတော့ ကြောက်စရာပါ ။ အလွန်ပင် လျင်မြန်လှပြီး ချန် ရှန် မျက်တောင်တချက်အခတ်မှာပဲ သူမဟာ တစ်ကိုက် ကိုက်ပြီး ဖြစ်ပါတယ် ။ မျက်မှောင်ကြုတ်လျက် တစ်ခုခု ကို စဉ်းစားနေပုံပါပဲ ။ သို့သော်လည်း သူမမျက်လုံးများဟာ အသီးကို စိုက်ကြည့်နေဆဲပါ ။
“ဘယ်လို အရသာရှိလဲ”
ချန်ရှန် ပြုံးကာ မေးလိုက်တယ် ။
လောင်ဆုရီ က နှုတ်ခမ်းကို သက်ကာ လေသံ တီးတိုး ဖြင့် –
“ခုနတုန်းက ကျွန်မ မြန်မြန်စားလိုက်တာကြောင့် အရသာကို သိပ်မမြည်းစမ်းလိ်ုက်ရဘူး ။ နောက်တစ်ကိုက် လောက် ရနိုင်မလား ၊ အသီးက အကြီးကြီးပါ ။ ခင်ဗျား အတွက် အများကြီး ကျန်သေးတယ်”
ချန်ရှန် ပြုံးကာဖြင့် သူမ၏ ပါးလေးကို ဖျစ်ညှစ်လိုက် တယ် ။
“ကောင်းပြီး ၊ နောက်တစ်ကိုက် ကိုက်”
လောင်ဆုရီ ဆုတောင်း ပြည့်သွားပုံပါ ။ သူမ၏ ပါးစပ် ကို အကျယ်ကြီးဟကာ အကြီးကြီး ကိုက်ချလိုက်တယ် ။ ဒီ တစ်ကြိမ်မှာတော့ ဖြေးညှင်းစွာပဲ ဝါးကာ သေချာ စားလျက် ရှိတယ် ။ သို့သော်လည်း တခဏသာ ဝါးပြီး မျိုချလိုက်ပြန် ပါတယ် ။
“အရသာက တော်တော် ကောင်းတယ် ။ နောက်ထပ် တစ်ကိုက်လောက် ပေးပါဦး”
လောင်ဆုရီ က လေသံတီးတိုးဖြင့် ပြောပါတယ် ။ အသီးကို စိုက်ကြည့်နေဆဲပါ ။
ချန်ရှန် သူ၏ ခေါင်းကို ခါယမ်းလိ်ုက်တယ် ။ ထို့နောက် ဓားတစ်လက် ယူပြီး အသီးကို ၂ ခြမ်း ခြမ်းလိုက်ပါတယ် ။ ထိုအချိန်မှာပဲ လက်သီး အရွယ်လောက်ရှိသည့် အစေ့ အား အသီးရဲ့ အလယ်မှာ သူမြင်လိုက်ရတယ် ။ အတွင်း တွင် တောက်လောင်နေသော ကျောက်မျက်ရတနာ တစ်ခု လိုပင် အတော်ကို လှပါတယ် ။
“တစ်ယောက် တ၀က် ယူကြမယ် ။ ငါ့ကို ထပ်ပြီးတော့ မတောင်းနဲ့”
ချန်ရှန် အစေ့ကို သိမ်းထားလိုက်တယ် ။ နောင်မှာ သူ စိုက်ကောင်းစိုက်နိုင်လိမ့်မယ်လို့ ယုံကြည်နေမိပါတယ် ။ မူလက လောင်ဆုရီအား ထိုမျှလောက် အများကြီးပေးရန် စိတ်ကူး မရှိသော်လည်း အသီးဟာ ထိုမျှ လောက် ကြီးလိမ့် မည်ဟု မထင်မိလို့ပါ ။ ဒါကြောင့်ပဲ သူဟာ သဘောထား ကြီးကြီးဖြင့် လောင်ဆုရီအား ပေးလိုက်ခြင်း ဖြစ်ပါတယ် ။ ထို့နောက်မှာတော့ အသီးအား အလွှာများ ပိုင်းဖြတ်လိုက် တယ် ။ အသီးဟာ လက်ရှိမှာတောင် သူ့အတွက်အတော် များနေတာ ဖြစ်တာကြောင့် သူ့အနေဖြင့် ဘိုင်ယုယု နှင့် စု မေးယို တို့အားလည်း ပေးချင်နေပါတယ် ။ သူမတို့ကို လည်း မြည်းစမ်း စေချင်လို့ပါ ။
လောင်ဆုရီ ချန်ရှန် ဒီလောက် သဘောကောင်းလိမ့် မယ်လို့ မထင်မိခဲ့ပါ ။ စိတ်ထဲမှာ အတော်ပင် ကျေနပ်သွား ပြီး ချန်ရှန် ကို ချစ်စဖွယ်ပင် မျက်နှာချိုသွေးလျက် ရှိနေပါ တယ် ။ တချိန်တည်းမှာပင် သူမ စိတ်ထဲလည်း ဒွိဟ ဖြစ် နေမိတယ် ။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ဟန် ရှိပြီး သူရရှိတာကို ဖြည်းညှင်းစွာ ၂ ပိုင်းပိုင်းနေပါတယ် ။ ထို့ နောက် ချန်ရှန်အား တစ်ပိုင်း ပေးကာ –
“ကျွန်မ ပြန်ပေးပ့ါမယ် ။ ကျွန်မက အများကြီး မလိုပါ ဘူး ။ ကျွန်မက မြည်းကြည့်ချင်ရုံပါလို့ ပြောသားပဲ”
သူမဟာ အပြုံးချိုချို လေးဖြင့် ပြောပါတယ် ။ သို့သော် လည်း သူမ၏ မျက်လုံးထဲမှာတော့ ၀မ်းနည်းမှုများ အပြည့် ပါ ။ သူမ ပြုမူနေပုံဟာ အတော်ပင် ချန်ရှန် အဖို့ ရယ်စရာ ကောင်းနေပါတယ် ။
ချန်ရှန် သူ ခွေးလေးတစ်ကောင်ကို ကျွေးလိုက်သော အသားကို သူ့ဆီ ပြန်ပေးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါ ။ အံ့သြစရာပင် လောဘကြီးသည့် နဂါးမလေးဟာ သူ့ကို တ၀က် တိတိ ပြန်ပေးနေသည် မဟုတ်ပါလား ။ သို့ပေ မယ့် လည်း အသီးရဲ့ လေးပုံတစ်ပုံဟာ သူမပြောသလိုပင် မြည်း စမ်းရန် လုံလောက်ပါတယ် ။
“ဟက် ၊ နတ်ဘုရားရဲ့ အရာတွေကို ဖြုန်းတီးပစ်နေ တာပဲ ။ ဒီလောက်ပေးနေတာ တောင် များနေပြီ”
သားရဲကြီး က ခနဲ့တဲ့တဲ့ ပြောပါတယ် ။ ၎င်းလည်း တစ်လုံးအား စားနေပါတော့တယ် ။ ၎င်းဟာ စားနေသော် လည်း အသီးမှာ ၎င်း၏ သွားကြားပင် မညက်လိုက်ပါပေ ။
ချန်ရှန် ဖရဲသီးလို အသီးအား အပိုင်းများစွာ ဖြစ်အောင် လှီးနေပါတယ် ။ သူအေးအေးဆေးဆေး မြည်းစမ်းကြည့် ချင် တာ ဖြစ်ပြီး ကွင်းထဲမှ ညီအမ ၂ ယောက်မှာလည်း ထို့ အတူပါပင် ။ ချန်ရှန် ၏ အပြုအမူကို စဉ်းစားမိရင်း သူမ တို့ ၂ ဦးလည်း ရင်ထဲ ကျေနပ်နေကြပါတော့တယ် ။
ချန်ရှန် အချို့ ကို စားလိုက်တယ် ။ ဒီလို ကမ္ဘာ့ ဗဟို ချက် မီး အပင်မှ သီးသော အသီးဟာ ယခုလောက် အေး ပြီး ချိုမြလိမ့်မည်ဟု သူမထင်ခဲ့မိပါ ။ အရသာတော်တော် ကို ကောင်းပါတယ် ။ အရသာ အတော် တွေ့ လျက် ရှိနေ ပြီး ထပ်စားချင်စိတ်ကို ပေါ်လာစေပါတယ် ။ ဒါပေမယ့် သူ့အနေဖြင့် သူ၏ မိတ်ဆွေသူငယ်ချင်းများ နှင့် သိုင်းပညာ တူ ၊ တူမတော် များ အတွက် ချန်ထားရပါဦးမည် ။ ဒါ့ အပြင် နောင် သူ့ဆေးပညာအတွက် အသုံးဝင်နိုင်သည် မဟုတ်ပါ လား ။
အနည်းငယ် မျှ စားပြီးနောက် ချန်ရှန် သူ၏ စွမ်းအင် သိုလှောင်ရာတွင် ပူလာသလို ခံစားလိုက်ရပါတယ် ။ ထူး ဆန်းသော အပူဓာတ် စွမ်းအင် များ ကိုယ်အတွင်း ရုတ် တ ရက် လည်ပတ်နေသလို ခံစားနေရပြီး ခြေလက် အင်္ဂါ များ အရိုးများထိအောင် ပြန့်နှံ့ သွားပါတယ် ။ အစပိုင်းမှာ သိပ် ပြီး သက်တောင့်သက်သာ မဖြစ်ပေမယ့် ခဏကြာမှာတော့ အတော်ကိုပဲ နေလို့ထိုင်လို့ ကောင်းလာပါတယ် ။ သူ၏ ကိုယ် အတွင်း နွေးထွေးသော လေ တိုက်ခတ်နေသလိုပင် ခံစားနေရပါတော့တယ် . . . ။