Chapter – 183 သားရဲကြီးနောက်ကြောင်း
ချန်ရှန် ခံစားခဲ့ရသော နာကျင်မှုဟာ သေသည်ထက် ပင် ပိုမိုဆိုးရွားပါတယ် ။ တစက်ကလေးမျှ သက်သာရာမရ ပဲ ဆက်တိုက်နာကျင်ခဲ့ရတာပါ ။ ထိုအချိန်မှာ သူဟာ သာ မန် မီးဖိုဖြင့် တည်ဆောက်ရေးဆေးအား လုပ်ကြည့်ချင်နေ တာ ဖြစ်ပြီး ကောင်းကင် နေ မီးဝိဉာဉ်တော် ဘယ်လိုမျိုး တောင် အစွမ်းထက်မလဲ ဆိုတာ ကြည့်ချင်နေပါတယ် ။
နောက်ပြီး ယခုနေရာမှ သူဘယ်လိုပြန်ထွက်ရမလဲ ဆို တာကို တွေးတောရင်း ပူပန်နေမိတယ် ။ ယခု ငရဲချောက် ကမ်းပါးကြီးဟာ အလွန်နက်ရှိုင်းလှပြီး အမျိုးမည်မသိ သော ဆွဲငင်အားကြီးကလည်း ရှိနေပါသေးတယ် ။ အဲဒါ ကြောင့် သူ၏ အနီရင့်ငှက် တောင်ပံများအား အသုံးပြုရန် အလွန်ပင် ခက်ခဲနေပါတယ် ။
“ငါ အခု နေလို့ ကောင်းသွားပြီ ။ နှစ် ၅ ထောင် အတွင်း ဒီနေရာကိုလာပြီး မင်းကို ကူညီပါ့မယ်”
ချန်ရှန် လေအပြည့် ရှူရှိုက်ရင်း ပြောလိုက်ပါတယ် ။ သူ၏ မျက်နှာမှာ ပျော်ရွှင်မှုများ ကို အတိုင်းသားမြင်နေရ ပြီး သူနောက်ဆုံးမှာတော့ သူလိုချင်လှတဲ့ မီးဝိဉာဉ်တော် နှင့် ပေါင်းစပ်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။
“ခြင်္သေ့ကြီး ၊ ကျွန်မတို့ကို အပေါ်ကို ဘယ်လို ပို့မှာလဲ”
လောင်ဆုရီက မေးလိုက်တယ် ။
သားရဲကြီးကလည်း ပြန်ဖြေလိုက်ပါတယ် ။
“ဒီနေရာမှာ ဆွဲငင်အား တစ်ခု ရှိနေတယ် ။ ဒါဟာ ဘာ လို့လဲ ဆိုတော့ နတ်ဘုရား က ထုတ်လွှတ်တယ့် အပူချီ ဓာတ်တွေ နဲ့ ယင် ချီဓာတ်တွေ ရောထွေးသွားလို့ပဲ ။ အခု နတ်ဘုရားက မင်းကို မီးဝိဉာဉ်တော် ကို ပေးလိုက်တာမို့ မင်းကို ဆွဲငင်အားက သက်ရောက်စေနိုင်မှာ မဟုတ်ဘူး ။ အဲဒါကိုတောင်မှ မင်းပြန်မတက်နိုင်ဘူးဆိုရင် ဒါမင်းညံ့လို့”
ချန်ရှန် ယခုအခါ လောင်ဆုရီ၏ အကူအညီမပါပဲ အေး ဆေး ထွက်ခွာနိုင်ပါပြီ ။
အနီရင့်ငှက် တောင်ပံများဖြင့် ပျံသန်းနိုင်တာ ဖြစ်ပြီး သူ၏ အနီရင့်ငှက်သားရဲပုံစံထဲမှ အစေ့လေးများ ၁၀ စေ့ ကြောင့် ပိုမိုပြီး အားကောင်းလို့ နေပါတယ် ။ အဆင့် ၂ စစ် မှန်သော ပညာရှင် နဲ့ တန်းတူလို့ သတ်မှတ်လို့ ရနေပါပြီ ။
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် –
“ဒီလိုဆိုရင် အေးဆေးပေ့ါ”
သားရဲ ကြီးက ခေါင်းငုံ့ကာဖြင့် ချန်ရှန်ကို ကြည့်ပြီး –
“မင်း အခု သွားတော့မှာလား ၊ နတ်ဘုရား ဘာကြောင့် ဒီနေရာမှာ ပိတ်မိနေတယ် ဆိုတာကို မသိချင်တော့ဘူး လား”
သားရဲကြီးဟာ ယခုနေရာမှာ ပိတ်မိနေတာ ကြာပြီ ဖြစ် ပြီး အခုအခါ သူ့ကို မျှော်လင့်ချက် ပေးနိုင်သည့် လူတစ် ဦး ကို မြင်လိုက်ရသည့်အတွက် တစ်ခုခု ပြောချင်နေသေးပုံပါ ၊ ၎င်း၏ အော်သံကြီးကို နားထောင်ရုံဖြင့် ၎င်း ဘယ်လို အထီးကျန် ဆန်ပြီး ၀မ်းနည်းနေရတယ်ဆိုတာကို သိနိုင်ပါ တယ် ။
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် မြေပြင်ပေါ် လဲလျောင်းလိုက် တယ် ။ သူ၏ခေါင်းအား အေးစက်စက် ကျောက်တုံး တစ်ခု ဖြင့် အုံးလိုက်ပြီး သားရဲကြီးကို စိုက်ကြည့်ကာ –
“ငါအလျင်လိုဖို့ မလိုပါဘူး ၊ မင်းရဲ့ အကြောင်းကို နား ထောင်ချင်တယ်”
တကယ်တော့ သူနားထောင်ချင်တာ သိချင်တာက သားရဲကြီးကို ပိတ်လှောင်သွားသူ အကြောင်းကိုပါ ။
သားရဲကြီးဟာ သက်ပြင်းရှည်ကြီး တစ်ခု ချဟန်ဖြင့် သူ၏ ဇာတ်ကြောင်းကို မနားတမ်း ပြောပြပါတယ် ။ အလွန် ကို ကြာမြင့်ခဲ့သော အချိန်ကာတစ်ခု ၊ သူ့ကိုယ်သူပင် မည် မျှ ကြာသွားခဲ့ပြီမှန်း မသိတော့ချေ ။ သူသိတာက ထိုအချိန် မှာ သူဟာ နေမီးဝိဉာဉ်တော်ကို အမှီပြုပြီး မွေးဖွားလာပါ တယ် ။ သူ၏ စွမ်းအားတွေ ပိုမို တိုးတက်လာစေရန် အ တွက် ဒီနေရာသို့ ရောက်ခဲ့ပြီး ယခု နက်ရှိုင်းလှတဲ့ နေရာ မှာ ဒဏ္ဍာရီလာ ကမ္ဘာ့ဗဟိုချက်မီး ကို လာရှာတာပါ ။
သူ ကမ္ဘာ့ ဗဟိုချက် မီး ကို တွေ့ တဲ့အခါ အကုန်အစင် ဝါးမျိုလိုက်တယ် ။ ပြီးတဲ့အခါ သူဒီနေရာမှာပဲ အိပ်ပျော် သွားခဲ့တယ် ။ သူနိုးလာတယ့်အခါ ဒီနေရာဟာ ယင်ချီ ဓာတ်တွေ ထူထည်းတဲ့နေရာ ဖြစ်နေပြီး ဒါတင်မက စွမ်း အားကြီးလှတယ့် လျို့ ဝှက်ဆန်းကြယ် လူသားတစ်ဦး ပေါ် လာတယ် ။ စွမ်းအားများစွာဖြင့် သူ့ကို ဒီနေရာမှာ ပိတ်မိ နေလိုက်စေပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ကမ္ဘာ့ ဗဟိုချက် မီး အားလုံးကို မျိုချခဲ့လို့ပါ ။
“ဟက် ၊ နတ်ဘုရားက ကမ္ဘာ့ ဗဟိုချက် မီး ကို အကုန် မျိုမချခဲ့ဘူး ။ ဒီလိုသာ မျိုချခဲ့လို့ကတော့ ငါ့ကို ဘယ်သူက ဖမ်းနိုင်မှာလဲ ။ အများဆုံး ကမ္ဘာ့ ဗဟိုချက် မီး က ထွက်တဲ့ အစေ့လေးလောက်ပဲ မျိုချခဲ့တာ”
သားရဲကြီးက ဒေါသတကြီး ပြောဆိုပါတယ် ။
“ကံကောင်းတာက အဲဒိ ကမ္ဘာ့ ဗဟိုချက် မီး အပင် က ဒီ မှာပဲ ။ မကြာခင် အသီးတောင် သီးတောမယ်”
တဖက်မှာ ဆေးများကို ပဲစေ့များလို ဝါးစားနေတယ့် လောင်ဆုရီဟာ သားရဲကြီးပြောတယ့် စကားတစွန်းတစ ကြားလိုက်ရတယ့် အခါ သူမ စိတ်လှုပ်ရှားသွားပုံပါပဲ ။ မျက်လုံးများပင် အရောင်တောက်လာပြီး –
“ဘယ်မှာလဲ အသီး ၊ ဘာ အသီးလဲ”
ချန်ရှန် သူမ၏ ခေါင်းကို ထုကာ ရယ်မောရင်း –
“မင်းကတော့ နေ့တိုင်း စားဖို့ပဲ သိတယ် ။ တနေ့ မင်း နဂါး ဖက်တီး ကြီး ဖြစ်လိမ့်မယ်”
သားရဲကြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးအား တဖက်သို့ ရွှေ့ သွားပါတယ် ။ သူရွှေ့ သွားတယ့်အခါမှာ တော့ ပေ ၄၀ လောက်မြင့်သည့် အနီရောင် အရွက်များနှင့် အပင် ပေါ်လာပါတယ် ။ အပင်ထိပ်ဖျားမှာတော့ လုံးဝန်း သော အရာလေး လေးခုဟာ မီးများတောက်လျက် သီးနေ တယ် ။ ဒါဟာ ကမ္ဘာ့ ဗဟိုချက် မီး အပင်ပါပဲ ။
“မင်းကတော့ အပင် ထိပ်ဖျားကို ပဲ မြင်နိုင်တယ် ။ ဒါပေ မယ့် ဒီအပင်က ကြီးလာတယ့်အခါ မြေလွှာထဲကို တိုးဝင် နစ်မြုပ်သွားတယ် ။ ကမ္ဘာ့ ဗဟိုချက် မီး ကလည်း အောက် မှာရှိနေတယ် ။ နတ်ဘုရားကတော့ အပင်ထိပ်ဖျားက သီး နေတာကိုပဲ စားနိုင်ခဲ့တယ်”
သားရဲကြီးအသံဟာ မတရားမှု ခံစားနေရသလို ပြော ပါတယ် ။ ဒီမတရားမှုကတော့ သူဟာ ဒီနေရာမှာ နှစ်ပေါင်း များစွာ ပိတ်လှောင် ခံထားရလို့ပါ ။
လောင်ဆုရီ ၏ လှပသော မျက်လုံးများဟာ အရောင် တဖျတ်ဖျတ် လတ်လျက် အပင်ထိပ်ဖျားတွင် သီးနေသော ဖွံ့ ဖြိုးခါနီး အသီးများကို စိုက်ကြည့်လို့နေပါတယ် ။ နှုတ် ခမ်းကိုလည်း လျာဖြင့် သပ်လျက်ရှိပြီး သူမ၏ ပုံစံမှာ လ ပေါင်းများစွာ အငတ်ခံရသူလိုပါပဲ ။
“ခြင်္သေ့ကြီး ၊ ကျွန်မကို တစ်လုံးလောက် ပေးနိုင်မ လား”
လောင်ဆုရီ အချိုသာဆုံး ပြောလိုက်ပါတယ် ။ သူမ၏ မျက်လုံးများတွင် အသနားခံမှုများ ပါဝင်နေပြီး သားရဲကြီး အား ရွှန်းရွှန်းစားစား ကြည့်လို့ နေပါတယ် ။
“နဂါးမလေး ၊ နတ်ဘုရား ဒီနေ့ အထိ မင်းတို့ နန်းသွေး ပါတယ့် နဂါးမျိုးနွယ်ကို မကျေနပ်လှဘူး ။ ငါဒီနေရာမှာ ကမ္ဘာ့ ဗဟိုချက် မီး ကို လာရှာတယ် ဆိုတာ မင်းတို့ မျိုးနွယ် က တစ်ယောက်ပဲ သိတယ် ။ ငါနိုးလာတယ့် အခါမှာတော့ လူတစ်ယောက်ရဲ့ ပိတ်လှောင်ခြင်းကို ခံခဲ့ရတယ် ။ အဲဒိ လူ ဟာ မင်းတို့ နဲ့ ဆက်စပ်နေမယ် မဟုတ်လား”
သားရဲကြီးဟာ သူ၏ တင်ပါးဖြင့် အပင်အား ပိတ်ဆို့ ရင်း ပြောပါတယ် ။
“တကယ့် ကပ်စီးနှဲ”
လောင် ဆုရီ နှုတ်ခမ်းဆူကာ ပြောပါတယ် ။ ထို့နောက် ချန်ရှန် ၏ အင်္ကျီ လက်ကို ဆွဲကာဖြင့် အသနားခံသော မျက်လုံးလေးဖြင့် ချန်ရှန်ကို ကြည့်ကာ ချစ်စဖွယ် ပြောပြန် ပါတယ် ။
“အကိုတော် ချန်ရှန် ၊ ကျွန်မ စားချင်တယ် ၊ ကျွန်မ မအောင့်နိုင် . . .”
ချန်ရှန် နှုတ်ခမ်းကို မဲ့ကာ သူမမျက်နာကို ဆွဲဖျစ်ရင်း-
“ငါလည်း မတတ်နိုင်ဘူး ၊ ဒီခြင်္သေ့ကြီး ငါ့တောင် ပေးပါ့ မလာ မသိဘူး”
“နတ်ဘုရားက မင်းကို တစ်လုံး ပေးနိုင်တယ် ။ ဒါပေမဲ့ ဒီမှာ ခဏစောင့်ဖို့တော့ လိုတယ် ။ ဘာလို့လဲ ဆိုတော့ ဒါ တွေက မမှည့်သေးဘူး ။ ဒီအချိန်အတောတွင်း ဒီမှာနေပြီး ကျင့်ပေါ့ ။ မင်းမှာ ထိုက်ကျိနတ်နဂါး ကျင့်စဉ် နဲ့ ယင်ယန် နတ်အတွင်းအား သွေးကြောတွေ ရှိတာပဲ ဒီမှာကျင့်ကြံ တာ ပိုပြီး မြန်ဆန်လိ့မ်မယ်”
လောင် ဆုရီ ချန်ရှန် ၏ လက်ကို ဆွဲကာဖြင့် –
“အကိုတော် ချန် ၊ ကျွန်မ စားချင် . . .”
ချန်ရှန် ရယ်မောကာဖြင့် –
“မရဘူး ၊ ငါ့မှာ လည်း တစ်လုံးပဲ ရှိတာ ၊ ငါကြိုးစား ရ မှာပဲ ။ မင်း စားချင်တယ် ဆိုရင် ဟဲဟဲ ၊ မင်းသိတယ်မလား”
သူ ပါးစပ်ကို ဟပြီး အစိမ်းရောင် အရည်လေးကို ထုတ် လိုက်ပါတယ် ။ ထိုအရာဟာ နဂါးတံတွေးပါပဲ ။ အပင်တွေ ဖွံ့ ဖြိုးမှုအား မြန်ဆန်စေပါတယ် ။
ဒါကို ကြည့်ရင်း လောင်ဆုရီ စိတ်လှုပ်ရှားမှုနှင့် ခေါင်း ညိမ့်လိုက်ပါတယ် ။ ထို့နောက်မှာတော့ ခုန်ပေါက်နေပါ တော့တယ် ။
“ဒီ ကမ္ဘာ့ ဗဟိုချက် မီး အပင်ကို စိုက်ဖို့တော့ မမျှော် လင့်နဲ့ ၊ ဒါသာမန် အပင်မဟုတ်ဘူး ။ အဓိကကတော့ အသီးသီးဖို့ အတွက် ကမ္ဘာ့ ဗဟိုချက် မီး ရဲ့ စုပ်ယူနိုင်စွမ်း အပေါ် မူတည်တယ်”
နဂါးကြီး က အထင်သေးဟန် ဖြင့် ပြောပါတယ် ။
“ဟေ့ ခြင်္သေ့ကြီး ၊ ခင်ဗျားမှာ လေးခုတောင် ရှိတယ် လေ ၊ ကျွန်မကို လည်း တစ်လုံးပေးပါ ။ ကျွန်မလည်း နောင် မှာ အင်အားကြီးလာပြီး ခင်ဗျားကို ကူညီနိုင်မှာပေါ့ ။ ကျွန် မ မျိုးနွယ် မှာ ခင်ဗျားပြောတဲ့လူကို တွေ့ ရင် ကျွန်မ သူ့ကို ကူရိုက်ပေးမယ်လို့ ကတိပေးတယ်”
လောင်ဆုရီ နှုတ်ခမ်းစူ ကာ ဖြင့် ပြောနေပါတယ် ။ သူမ၏ ပုံစံမှာ အတော် ချစ်ဖို့ ကောင်းလှတယ် ။
သားရဲကြီးဟာ လူသား မဟုတ်တာကြောင့် ဘယ်လိုပဲ လှပ ချစ်စဖွယ်ကောင်းနေပါစေ သူ၏ မျက်လုံးထဲမှာတော့ သူမ နှင့် ကျောက်တုံး ဆိုတာ အတူတူ ပါပဲ ။
“ငါ မပေးနိုင်ဘူး”
သားရဲကြီး သူ၏ မျက်လုံးများကို ပိတ်ကာ မြေပေါ် လဲ လျောင်းလိုက်တယ် ။ လောင်ဆုရီ အား လုံးလုံး ဂရုမစိုက် တော့ပါချေ ။
ချန်ရှန် လည်း ပြုံးကာ မြေကြီးပေါ် တင်ပလ္လင်ခွေ ထိုင် ရင်း တည်ဆောက်ရေးဆေး တစ်လုံးအား မျိုချလိုက်တယ် ၊ စတင်ကျင့်ကြံလျက် ရှိပြီး သူ ၏ စွမ်းအားများကို မြန်မြန် တိုးတက်ချင်လှပါပြီ ။ သိုင်းပညာအဆင့် နယ်ပယ်တွေ များစွာ ၀င်ရောက်ရန် သူ အလှမ်းကွာဝေးလွန်းပါသေး တယ် ။
“ဟိုလူ လု ၊ ခင်ဗျား ကျွန်တော့အပေါ် လုပ်ခဲ့တယ့် အကြွေးကို ပြန်ဆပ်ဖို့ မစဉ်းစားနေနဲ့ ၊ ကျွန်တော်က ၁၀ ဆ မဟုတ်ဘူး အဆ ၁၀၀ ပြန်ယူမှာ မို့လို့ပဲ”
ချန်ရှန် စိတ်ထဲ မှ ကြိတ်ကြုံးဝါးနေမိတယ် ။ ထို့နောက် မှာတော့ သူ၏ နတ်ကျင့်စဉ်များကို ကျင့်ကြံပါတော့တယ် ။ တဖက်မှာ သူဟာ ယင်ချီဓာတ်များကို စုပ်ယူရင်း တဖက် မှာတော့ တည်ဆောက်ရေးဆေးကို သန့်စင်နေပါတယ် ။ ထို့နောက် သူ၏ ချီဓာတ်များအား ဖိနှိပ်ကာ သားရဲ ငါး ကောင် ပုံစံပေါ်အောင် လုပ်နေပါတော့တယ် ။
သူ၏ လေ့ကျင်မှုများ ကြောင့် အချိန်ကိုတောင် မသိရှိ နိုင်တော့ပဲ လောင်ဆုရီမှာလည်း စားလိုက်အိပ်လိုက်ဖြင့် အေးအေးဆေးဆေးပဲ ရှိနေပါတယ် ။ ခြေထောက်ကား ယား လက်ကားယားဖြင့် မြေကြီးပေါ် လိပ်တစ်ကောင်လို ပင် အိပ်စက်လျက်ရှိပြီး သူမ၏ ပါးစပ်ထောင့်မှ သွားရေ လေးများပင် ကျလို့ နေပါတယ် ။ သူမ ၏နှာခေါင်းမှာတော့ နှာရည်လေးများဟာ ပူပေါင်းများလို ပိန်လိုက်ဖောင်းလိုက် ရှိနေပြီး အတော်ကို ညစ်ပတ်နေပါတော့တယ် . . . ။