Switch Mode

Chapter – 182

ကောင်းကင်နေမီးဝိညာဥ်တော်

Chapter – 182 ကောင်းကင်နေမီးဝိဉာဉ်တော်

တခဏမျှ စဉ်းစားပြီးနောက် တချိန်တည်းမှာပင် စုမေး ယိုနှင့် ဘိုင်ယုယု တို့ဖြင့် ဆွေးနွေးမိပါတယ် ။ သူ၏ တချို့ လျို့ ဝှက်ချက်များအား ပြောသင့်မပြောသင့် ချင့်ချိန်လျက် ရှိပါတယ် ။
“ငါနဲ့ အပေးအယူ တစ်ခုလောက် လုပ်မလား ၊ ငါ့ရဲ့ တချို့ သော လျို့ ဝှက်ချက်တွေကို ထုတ်ပြောသင့် မပြော သင့် ငါစဉ်းစားနေရလို့ပါ”
ချန်ရှန် မေးလိုက်ပါတယ် ။ ဒါဟာ ဘိုင်ယုယု အကြံ ပေးချက်အတိုင်း ဖြစ်ပြီး သူသာ အကျိုးအမြတ်တစ်ခုခု ရ မည်ဆိုပါက သူ၏ လျို့ ဝှက်ချက် တချို့ အား ထုတ်ဖော် ပြောကြားရန် ကြောက်ရွံ့ နေမည် မဟုတ်ပါ ။
“ကောင်းကင် နေ မီးဝိဉာဉ်တော် ၊ နတ်ဘုရားကို သာ မင်း အပေါ်မျှော်လင့်လို့ ရအောင် လုပ်နိုင်မယ် ဆိုရင် မင်း ရဲ့ စွမ်းအားတွေ အမြန် တက်လာနိုင်ဖို့ အတွက် မင်းကို ငါ ကောင်းကင် နေ မီးဝိဉာဉ်တော် ကို ပေးမယ်”
သားရဲကြီး က ဂုဏ်ယူဟန်ဖြင့် ပြောပါတယ် ။
ကောင်းကင် နေ မီးဝိဉာဉ်တော် . . .
ဒီအရာကို ကြားတယ့်အခါ လောင် ဆုရီ ၊ ဘိုင်ယုယု နှင့် စုမေးယို တို့ဟာ ပါးစပ်အဟောင်းသားဖြစ်ပြီး သက် ပြင်း ကိုယ်စီ ချလိုက်မိကြပါတယ် ။
မီး ဝိဉာဉ်တော်များ ဟာ အလွန်ပင် ရှားပါးလှပါတယ် ၊ ၎င်းတို့ကို အဆင့် အမျိုးမျိုး ခွဲခြား သတ်မှတ်နိုင်ပြီး အခြေ ခံအားဖြင့် မီးဝိဉာဉ်တော်များအား ၎င်းတို့၏ အရောင်များ ကို ကြည့်ပြီး ခွဲခြား နိုင်ပါတယ် ။ အနီမှ စတင်ပြီး လိမ္မော် ၊ အဝါ ၊ အစိမ်း ၊ မိုးပြာ ၊ အပြာ နှင့် နောက်ဆုံး ခရမ်းရောင် တို့ပဲ ဖြစ်ပါတယ် ။ ဒီလိုနည်းဖြင့် အဆင့်အနိမ့်မှ အမြင့်ထိ စီထားခြင်း ဖြစ်ပြီး အနီကတော့ အနိမ့်ဆုံးဖြစ်ကာ ခရမ်း က တော့ အမြင့်ဆုံးပါ ။ ဝုကွမ်ချင် ၏ အပြာရောင်ကြယ်မီး ဝိဉာဉ်တော်မှာ အဆင့်မြင့် မီးဝိဉာဉ်တော်အဖြစ် သတ် မှတ်လို့ ရနိုင်ပါတယ် ။ ဆေးဆရာမကြီးကတော့ ခရမ်း ဆို သည့် အမြင့်ဆုံးအဆင့်ကို ပိုင်ဆိုင်ထားတာပါ ။
သို့သော်လည်း ကောင်းကင် နေ မီးဝိဉာဉ်တော် က တော့ အဆိုပါ မီးဝိဉာဉ်တော်များထက်ပင် ပိုမို ကောင်းမွန် ပါသေးတယ် ။ အဆိုပါ မီးဝိဉာဉ်တော်၏ အရောင်ဟာ သာမန် အနီရောင် မီးတောက် နှင့် တူသော်လည်း ၎င်း ဟာ သမိုင်းမှာ အစောဆုံး မီးပါ ။ များပြားလှသော မီးတောက် များ ရှိပြီး ခရမ်းရောင် လမီး ဝိဉာဉ်တော် ၏ အထက်မှာ ရှိနေပါတယ် ။
ဖော်ပြပြီးခဲ့သလိုပင် အားလုံးသော မီးဝိဉာဉ်တော် များဟာ ကြယ်များမှ ပေါက်ဖွားလာခြင်း ဖြစ်ပါတယ် ။ အဆိုပါ မီးဝိဉာဉ်တော်များဟာ သာမန်အမျိုးစားများ ဖြစ် ပြီး နေ အမျိုးအစားကတော့ ကြယ်များထက် ပိုမို စွမ်းအား ကြီးလှပါတယ် ။
“တကယ်ကို ကောင်းတယ်”
စုမေးယို နဲ့ ဘိုင်ယုယု တို့ ပြောလိုက်ပါတယ် ။ လောင် ဆုရီမှာလည်း လက်ခုပ်တီးကာ ချန်ရှန် အား ကြည့်လို့နေ တယ် ။
ချန်ရှန် စုမေးယို နှင့် ဘိုင်ယုယု တို့ ပြောစကားများ အရ ကောင်းကင် နေ မီးဝိဉာဉ်တော် ဟာ အလွန် အစွမ်း ထက်တာကို သိသွားပါတယ် ။ သူကိုယ်တိုင်လည်း အလွန် ပင် စိတ်လှုပ်ရှားနေပြီး ဒီလို မီးဝိဉာဉ်တော်မျိုးကို လိုချင် နေတာ ဖြစ်ပါတယ် ။ ထိုအရာ၏ အစွမ်းဖြင့် သူ၏ ဆေး လုပ်သည့် လုပ်ငန်းစဉ်မှာ အလွန် လွယ်ကူလာမှာပါ ။ နဂါး မီးတောက် မီးဖို အစွမ်းကြောင့် ချန်ရှန် ဟာ တခြားလူများ ထက် ဆေးလုပ်ရာမှာ ပိုမို မြန်ဆန်ပါတယ် ။ ဆေးဆရာ မကြီး ကတော့ ဒီလို မီးဖိုမရှိပဲ နဲ့ကို မြန်ဆန်နေတာ ဖြစ်ပြီး ဒါဟာ သူမမှာ ရှိသည့် ခရမ်းရောင် လ မီးဝိဉာဉ်တော် အစွမ်းကြောင့်ပါပဲ ။
ချန်ရှန် သက်ပြင်းရှည်ကြီးချကာ သူ့ခန္ဓာကိုယ် ကို ဖြေ လျော့လိုက်တယ် ။ ချက်ချင်းပင် သူ၏ ခေါင်းအထက် တွင် ထိုက်ကျိ ယင် နဲ့ ယန် ပုံသေကားချပ် တစ်ခု ပေါ်လာပါ တယ် ။ ပုံရိပ်ယောင် လား အစစ်လား ပင် ပြောရ အတော် ခက်ပြီး ထို ပုံသေချပ်ကိုတော့ သားရဲ ပုံစံငါးခုက စောင့် ကြပ်နေပါတယ် ။
“ယင် နဲ့ ယန် နတ်အတွင်းအား သွေးကြောပဲ ၊ ဒါ ထိုက် ကျိ နတ်နဂါး ကျင့်စဉ်မလား”
သားရဲကြီး ၏ အသံမှာ အံ့သြမှုများ ဖြင့် ပြည့်နေတယ် ၊ ချန်ရှန် ၏ ခေါင်းအထက်မှ ပုံသေချပ် အား ကြည့်ရင်း ၎င်း ၏ မျက်လုံးများမှ မီးများ တောက်လာပါတယ် ။
ထိုအချိန်မှာ ချန်ရှန် ဟာ သူ၏ မိုးပြာနဂါးဓားအား ထုတ် ကာ မိုးပြာရောင် ချီဓာတ်များ လောင်းထည့်လိုက်ပါ တယ် ။ ချက်ချင်းပင် မိုးပြာငွေ့ များ ဓားသွားမှ ပေါက်ကွဲ ထွက်လာပြီး ဓား၏ အလယ်မှာ သက်ရှိ မိုးပြာနဂါးကြီး၏ ပုံမျိုး ပေါ်လာပါတော့တယ် ။ ကျယ်လောင် လှသော နဂါး ဟိန်းသံ ကြီးများမှာလည်း ကြောက်မခမ်းလိလိ ထွက်ပေါ် လာပါတယ် ။
“မိုးပြာနဂါး နတ်မိစ္ဆာ ဓားသွားပဲ”
သားရဲကြီး ၏ အသံမှာ ထပ်မံ အံ့သြသွားသည့် အသံ ပါပဲ ။
ချန်ရှန် သူ၏ ထိုက်ကျိ ယင်နှင့် ယန် ပုံသေချပ်အား သိမ်းလိုက်ပါတယ် ။ လိုအပ်တယ့် အချိန်တိုင်း သူဟာ ထုတ် ယူ နိုင်တာဖြစ်ပြီး ခပ်တည်တည်ပင် –
“ဒီလောက် ဆို လုံလောက်ပြီလား ၊ ငါ့မှာ နဂါးမလေး နဲ့ လည်း သဘောတူညီချက် ရှိသေးတယ် ။ သူအချိန်တော် ကြာထိ ငါနဲ့ အတူ ရှိနေဦးမှာပဲ”
သားရဲကြီးဟာ ရုတ်တရက်ပဲ အဆက်မပြတ် ဟိန်း ဟောက် ပါတော့တယ် ။ အလွန်ကျယ်လောင် လွန်းသော ကြောင့် ချန်ရှန် ၏ နားပင် ပေါက်ကွဲမထွက်ပါပဲ ။ မကြာ ခင်မှာပဲ သားရဲကြီးဟာ ထူးဆန်းသော ရယ်သံတမျိုးဖြင့် ရယ်ကာ ရေရွတ်ပြောဆိုပါတယ် ။
“နတ်ဘုရား က မကြာမီမှာ ထွက်ခွာ ရတော့မယ် ကွ ၊ ဟားး ဟားးး ဟားးး . . .”
ချန်ရှန် နှုတ်ခမ်းကို မဲ့ကာ ထိုင်ချလိုက်ပါတယ် ။ သူ၏ နားများကို အုပ်ထားပြီး လောင်ဆုရီမှာလည်း သူ့လက်ကို ကိုင်လျက် ရှိတယ် ။ သူမ၏ မျက်လုံးထဲတွင်လည်း မနှစ် မြို့ မှုများကို တွေ့ နေရပြီး သားရဲကြီး ရယ်နေတာကို ကြည့် နေပါတယ် ။သူမဟာ နန်းသွေးပါသော နဂါး တစ်ကောင် ဖြစ်သောကြောင့် ဒီလိုအရာတွေကို မကြောက်ရွံ့ ပေမယ့် ရုတ်တရက် ရယ်သံကြီးက သူမကို မနှစ်မြို့ စေပါဘူး ။
“အော်မနေနဲ့ ၊ ခင်ဗျား ကောင်းကင် နေ မီးဝိဉာဉ် တော် ချန်ရှန် ကို ပေးလိုက် ။ ပြီးရင် ကျွန်မတို့ ထပ်ဆွေး နွေးကြတာပေါ့”
လောင် ဆုရီ အော်ပြောလိုက်ပါတယ် ။
“ငါမင်းကို လွှတ်ပေးဖို့ အတွက် စွမ်းအား ဘယ် လောက်လောက်ထိ လိုအပ်တယ် ဆိုတာကို မင်းသိလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“နိဗ္ဗာန်ဒုက္ခအဆင့် ၅ လောက်ဆို လုံလောက်ပါတယ် ၊ နတ်ဘုရား ရဲ့ ခန့်မှန်းချက်အရ နှစ် ၅ ထောင် အတွင်းမှာ မင်း အဲဒိ အဆင့်ကို ရောက်လိမ့်မယ်”
သားရဲကြီး က စိတ်လှုပ်ရှားစွာ ပြောဆိုပါတယ် ။ နှစ် ၅ ထောင် ဆိုတာ သူ့စိတ်ထဲ မြန်တယ်လို့ ခံစားမိပါတယ် ။ ပါးစပ်အဟောင်းသားဖြင့် ငေးနေမိတယ် ။
နိဗ္ဗာန်အဆင့် ဒုက္ခ ကိုးခု ရှိပြီး တစ်ခု အောင်မြင်တိုင်း မှာ စွမ်းအားဟာ ဆတိုးဖြင့် တိုးလာတာ ဖြစ်ပါတယ် ။ နိဗ္ဗာန် ဆင့် ပညာရှင်များ ကြားမှာ ဒုက္ခ ဘယ်နခု ဖြတ်သန်း ပြီးပြီလဲဆိုတာ လျို့ ဝှက်ချက်အနေဖြင့် ထားကြပါတယ် ။ ဒါ ကြောင့် လူတိုင်းဟာ ဂိုဏ်းချုပ်တွေ အဆင့် ဘယ်နခု ဖြတ် သန်းပြီးပြီလဲ ဆိုတာကို မသိကြပါဘူး ။ စုမေးယို နှင့် ဘိုင် ယုယု တို့ပင် မပြောနိုင်ပါ ။ သို့သော်လည်း ချန်ရှန် သိနေ တာက တော့ ၎င်း ညီအမ ၂ ဦးဟာ စစ်မှန်သော သိုင်းပ ညာ ဂိုဏ်း နှင့် သားရဲ ဂိုဏ်း ဂိုဏ်းချုပ်များထက်တော့ ပိုမို ကြောက်မက်ဖွယ် ကောင်းတယ် ဆိုတာပါပဲ ။
သူ၏ စီနီယာ အကိုတော် ဖြစ်တယ့် ဂုဒွန်ချန် မတိုင်မီ အရင် ဂိုဏ်းချုပ်ဟာ သူတစ်ခါမျှမမြင်ဘူးပဲ ထို နိဗ္ဗာန် ဒုက္ခ ကိုးခု ကို ဖြတ်ကျော်ပြီး ကောင်းကင်အဆင့်ကို တက်သွား ပြီ ဖြစ်ပါတယ် ။ သာမန်အခြေအနေတွင် အဆိုပါ နိဗ္ဗာန် အဆင့်အား ကျော်ဖြတ်နိုင်ပါက ကောင်းကင်အဆင့် သို့ အလိုလို တက်လှမ်းသွားမှာ ဖြစ်ပါတယ် ။
ဆေးဆရာမကြီး ၊ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ တခြားသော ပညာရှင်များ နှင့် နတ်လက်နက် အင်ပါယာ မှ လျူမန်ဂါ တို့ဟာ ထိပ်သီး စာရင်းဝင်သူတွေပါ ။ ဒါပေမယ့် လည်း ၎င်းတို့ဟာ ကောင်းကင်နယ်ပယ် ကို မရောက်ရှိ သေးပါဘူး ။ ဒါကြောင့်ပင် ထိုသို့ နိဗ္ဗာန် ဒုက္ခ ကိုးခု အား အောင်မြင်ရန် မည်မျှ ခက်ခဲကြောင်းတွေ့ နိုင်ပါတယ် ။
“ဒါဆို ငါတို့ သဘောတူညီမှု တစ်ခုခုတော့ လုပ်ဖို့ လို တယ်”
ချန်ရှန် ပြောလိုက်ပါတယ် ။
“မလိုဘူး ။ နတ်ဘုရားက ကောင်းကင် နေ မီးဉာဉ် တော် မင်းကို ပေးတယ့် အခါကျ ကိုယ်ပိုင်အသိတစ်ခု ထည့်သွင်းပေးလိုက်မှာ ဖြစ်တယ် ။ မင်း နှစ် ၅ ထောင်ပြည့် လို့ ဒီကို ပြန်မလာရင် မီးဝိဉာဉ်တော် ဟာလည်း ပျောက် ကွယ် သွားလိမ့်မယ်။ ဒါဟာ အစွမ်းအထက်ဆုံး မီးဝိဉာဉ် တော် မဟုတ်ပေမယ့်လည်း မင်းကိုတော့ အတော် ဆွဲ ဆောင်နေမယ် ဆိုတာ ငါသိနေတယ်”
ချန်ရှန် အတော် အံ့သြသွားပါတယ် ။ ကောင်းကင် နေ မီးဝိဉာဉ်တော်ဟာ အစွမ်းထက်ဆုံး မဟုတ်ဘူးဆိုပါက မည် သို့ သော မီးဝိဉာဉ်တော်ဟာ အစွမ်းထက်ဆုံး ဖြစ်ပါ မည်နည်း ။ ထိုအချိန်မှာပဲ သားရဲကြီး၏ မေးရိုးကြီးများဟ သွားကာ သေးငယ်သော မီးလုံးလေး ဖြေးညှင်းစွာ ပျံသန်း လာပါတယ် ။နေလုံး အသေးစားလေးနှင့်ပင် တူနေပါသေး တယ် ။
“ဒီ မီးဝိဉာဉ်တော် နဲ့ ပေါင်းစပ်ခြင်းက အတော် နာ ကျင်စေလိ့မ်မယ် ။ ဒါပေမယ့် လူသားတွေ အလိုချင်ဆုံး အရာပဲ ။ မင်း ကြံ့ကြံ့ခံနိုင်မှ ဖြစ်မယ်”
သားရဲကြီး၏ စကားဆုံးသည်နှင့် မီးလုံးလေးဟာ ချန် ရှန် ၏ ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားပါတော့ တယ် ။
ချန်ရှန် ရုတ်တရက် အော်လိုက်မိတယ် ။ ဝုကွမ်ချင် သူမ၏ အပြာရောင် ကြယ်မီးဝိဉာဉ်တော် ဖြင့် ပေါင်းစပ် တုန်းက နာကျင်နေသော ပုံရိပ်ကို သူမြင်ဖူးသော်လည်း ဒါ ဟာ မြင်ရုံဖြစ်ပြီး ကိုယ်တိုင်ကြုံရတာ မဟုတ်ပေ ။ ယခု အချိန်မှာတော့ ချန်ရှန် ဟာ နာကျင်မှုကြောင့် မြေပေါ်လူး လှိမ့်လျက် အော်ဟစ်နေပါတော့တယ် ။
ချန်ရှန် သူ့ကိုယ်အား ပူပြင်းလှသည့် နီရဲနေသော သံ ပြား ၂ ပြားမှ ဖျစ်ညှစ်ထားသလို ခံစားနေရပါတယ် ။ အပူ ဓာတ်ဟာ သူ၏ အရေပြားကို ဖောက်ကာ ကိုယ်ထဲသို့ ၀င် နေတယ် ။ တစ်ကိုယ်လုံး အချိန်မရွေး ပြာဖြစ်သွားနိုင်သ လို ကို ခံစားနေရပါတယ် ။
“တောင့်ထား ၊ အနီရင့်ငှက် နတ်ကျင့်စဉ်ကို အာရုံပြု”
စုမေးယို အလျင်အမြန် အော်ပြောပါတယ် ။ ထိုအချိန် မှာ သူမနှင့် ဘိုင်ယုယု တို့ ၂ ယောက်လုံး စိတ်အိုက်လျက် ရှိပြီး သို့သော်လည်း ချန်ရှန်သာ ယခု မီးဝိဉာဉ်တော် နှင့် အောင်မြင်စွာ ပေါင်းစည်းနိုင်သွားပါက အလွန်အစွမ်း ထက်သွားမှာကို သူမတို့ သိနေပါတယ် ။ ဆေးပညာမှာ တော့ ပြောနေစရာ မလိုတော့ချေ ။
ချန်ရှန် အနီရင့်ငှက် ကျင့်စဉ်အား အာရုံပြုပြီးတယ့် အခါမှာတော့ ပြင်းထန်လှသည့် အပူများဟာ သူ၏ စွမ်း အင် သိုလှောင်ရာ အတွင်းရှိ အနီရင့်ငှက် သားရဲပုံစံ အတွင်း သို့ ၀င်သွားကြပါတော့တယ် ။ ချက်ချင်းပင် ထိုက် ကျိ နတ်နဂါး ကျင့်စဉ်အား ပြုလုပ်လိုက်ပြီး သူ၏ ကိုယ် တွင်း ၀င်ရောက်နေသည့် စွမ်းအင်များအား သန့်စင်လိုက် ပါတယ် ။ ထို့နောက် မီးဝိဉာဉ်တော်ဖြင့် ပေါင်းစပ်မှုအား ပိုမို လျင်မြန်သွားပါစေတော့တယ် ။
သုံးရက်နှင့် သုံးည ကြာပြီးသည်ထိ ချန်ရှန် ဟာ မြေမှာ လှိမ့်ပြီး အော်ဟစ်နေဆဲပါ ။ သူ၏ လည်ချောင်များမှာလဲ အော်ဟစ်မှုကြောင့် ကွဲလုမတတ် ဖြစ်နေပါပြီ ။ ထိုအချိန် မှာပဲ သူ၏ ညည်းညူသံ တိုးသထက် တိုးသွားပြီး နာကျင် မှုများလည်း လျော့ကျသွားပါတယ် ။ သူ၏ခေါင်းမှ ခြေ ထိ သွေးများအပါအ၀င် တစ်ကိုယ်လုံးဟာ စွမ်းအားကြီး အပူ စွမ်းအင်တွေ ပါဝင်နေသလို ခံစားနေရတယ် ။ သူအလို ရှိ သလို မီးတောက်များကို လည်း လုပ်ယူနိုင်ပါပြီ ။ အဆို ပါ မီးတောက်များဟာ သူအရင် လေ့ကျင့်ခဲ့သော အနီရင့် ငှက် မီးတောက်များ နှင့် မတူပဲ ပိုမိုပြီး အင်အားပြင်းထန် နေ ပါ တော့တယ် ။
ကောင်းကင် နေ မီးဝိဉာဉ်တော်ဟာ ချန်ရှန် ၏ ကိုယ် နှင့် ပေါင်းစပ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု လိုပင် ဖြစ်သွားတာပါ ။ဒါ့အပြင် သူ၏ ရှင်တို ဝိဉာဉ်တော် နဲ့ပါ ပေါင်းစပ်သွားပါသေးတယ် ။ သေလောက်အောင် နာ ကျင်မှုများ ခံစားခဲ့ရပေမယ့်လည်း ရရှိသော အကျိုးအမြတ် မှာလည်း အံ့မခန်းပါပင် ။
ချန်ရှန် အနီရင့်ငှက် သားရဲ ပုံစံကို ကြည့်လိုက်တယ့် အခါ ဒြပ်စင်အစေ့လေး ၁၀ စေ့ဟာ လင်းလက်တောက်ပ နေ တာကို အံ့အားသင့်ဖွယ် တွေ့ ရှိလိ်ုက်ရပါတယ် ။ သူ ဟာ မိုးပြာနဂါး ပုံစံအတွက် ဒြပ်စင်စေ့များကို သာ အရင် တိုးအောင် အဓိကထား ကျင့်ခဲ့ပေမယ့်လည်း မထင်မှတ်ပဲ အနီရင့်ငှက် ၏ ဒြပ်စင်အစေ့များသာ ၁၀ စေ့အထိ တိုးခဲ့ တာပါ ။ ဒါဟာ ယခု မီးဝိဉာဉ်တော်ဖြင့် ပေါင်းစပ်စေခြင်း ကြောင့် များစွာသော မီးဓာတ်များကို ရရှိသွားပြီး အနီရင့် ငှက် သားရဲပုံစံအတွင်း ဖိနှိပ်ခြင်း ခံလိုက်ရတာပဲ ဖြစ်ပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset