Chapter – 181 ရှေးဟောင်းမီးမိစ္ဆာကောင်ကြီး
လောင်ဆုရီ၏ ပြောစကားအရ ယခုနေရာတွင် သက် ရှိအငွေ့ အသက်များ ရှိနေပါတယ် ။ ဒါပေမယ့်လည်း ချန် ရှန် အရိပ်အယောင်ပင် မတွေ့ ရပါ ။ ယခုနေရာဟာ အလွန် ထူးဆန်းနေပြီး အစိမ်းရောင်အငွေ့များ ထွက်နေတာ ကြောင့် အံ့သြခြင်းကို သာ သူခံစားရပါတယ် ။ ဒါ့အပြင် လျို့ ဝှက်ဆန်းကြယ်လှသော အော်သံကြီးကြောင့် သက်ရှိ တချို့ ရှိနေမည် ဆိုတာတော့ ပြောနေစရာမလိုတော့ပါချေ။
ချန်ရှန် တခဏမျှ စဉ်းစားပြီးနောက် တစ်နေရာသို့ ဦးတည်လျှောက်လှမ်းသွားပါတယ် ။ ထိုဦးတည်ရာက တော့ သားရဲကောင်အသံ ကြားရာသို့ပါ ။ ထိုအော်သံ ဟာ ငိုသံလိုဖြစ်နေပြီး တစ်ခုခု အကူညီတောင်းနေတယ်လို့ သူ ခံစားမိနေပါတယ် ။
“ကောင်မလေး ၊ မင်း သားရဲတွေကိုလည်း နားလည် နိုင်တယ်မလား ၊ အခု သားရဲအော်နေတာ ဘာပြောနေတာ လဲဆိုတာ မင်း နားလည်တယ်မလား”
ချန်ရှန် မေးလိုက်ပါတယ် ။ လောင်ဆုရီဟာ ချန်ရှန် နောက်မှ ဆေးများ ပလုပ်ပလောင်း စားရင်း လိုက်လာတာ ပါ ။ သူမအတော် ကို ချစ်ဖို့ ကောင်းတာပါ ။
“ဒီကောင်ကြီးဟာ သာမန်လိုပဲ ဟိန်းနေတာပါ ။ တ ခြား ဘာကိုမျှ ပြောနေတာမဟုတ်ဘူး ။ ဒါပေမယ့် ကျွန် မ သူ့ကို မေးနိုင်တယ် ။ ကျွန်မတို့ အကြောင်းကိုလည်း ပြော ပြနိုင်တာပေါ့”
လောင်ဆုရီ ဒြပ်စင်ဆေးများအား စားရင်း ပြောနေပါ တယ် ။
ချန်ရှန် ထိုအချိန်မှာ အမည်းရောင်လိပ် ချပ်ဝတ်အား ၀တ်ဆင်ထားပြီး ယင်ချီဓာတ်များ တိုက်စားခြင်းမှ ကာ ကွယ်ထားတာပါ ။ ဒါပေမယ့် သူ့ကို အံ့သြစေတယ့် အချက် ကတော့ အောက်မှာရှိတယ့် ယင်ချီဓာတ်များဟာ သိပ်ပြီး မပြင်းထန်လှလို့ပါပဲ ။
“မင်း အဲဒိကောင်အကြောင်းကို မေးကြည့်ပေး ၊ သူက စွမ်းအားကြီးရင် ငါတို့ အတွက် အကျိုးရှိနိုင်တာပေါ့”
ချန်ရှန် လောင်ဆုရီ၏ ခေါင်းကို ကိုင်ပြီး ပြောလိုက်ပါ တယ် ။ သူမ၏ ခေါင်းဆောင်းလေးမှာတော့ အဖြူရောင် အ လင်းတန်းလေး ထွက်လို့ နေတယ် ။
လောင်ဆုရီ တစ်ကိုယ်လုံးမှာ အဖြူရောင် အ၀တ်စား ကို ၀တ်ဆင်ထားပြီး အတော်ကို ချစ်စဖွယ်ကောင်းလှပါ တယ်။ ချန်ရှန် ချစ်ဖို့ကောင်းလှသည့် ကလေးမလေး မျက် နှာကို ကြည့်ရင်း ကိုက်ပစ်ချင်စိတ်ကို မနည်းထိန်းထားရပါ တယ် ။
လောဘကြီးသည့် နဂါးမလေးဟာ တခဏမျှ စဉ်းစား ပြီးနောက် –
“ကျွန်မကို ဒြပ်စင်ဆေး တစ်လုံးကျွေး ကျွန်မ လုပ်ပေး မယ်”
ချန်ရှန် သူမမျက်နာကို ခပ်ကြမ်းကြမ်းပင် မော့ပစ်ကာ ပါးစပ်ထဲသို့ ဒြပ်စင်ဆေး တစ်လုံး ပစ်ထည့်ပေးလိုက်တယ် ၊ လောင်ဆုရီဟာ ၂ ချက် ၃ ချက်လောက်ပဲ ကိုက်ပြီးတဲ့ အခါ သူမ၏ ပါးစပ်လေးအား အနည်းငယ်ဟ လိုက်တယ် ။ ထို့နောက် နဂါးသံတစ်ခုကို ပြုလုပ်လိုက်တာကြောင့် ချန်ရှန် နေ့ခင်းကြောင်တောင်မှာပင် လန့်သလို ဖြစ်သွားရ ပါတယ် ။
သိပ်မကြာခင်မှာပဲ ကျယ်လောင်လှသော အသံကြီး ဟာ ခပ်ဝေးဝေးမှ ထွက်လာတယ် ။ ဒီတစ်ချိန်မှာတော့ အော်သံဟာ အရင်အခေါက်များနှင့် ကွာခြားပါတယ် ။ အော် သံဟာ စိတ်လှုပ်ရှားပုံပေါက်နေပြီး ပဲ့တင်သံပါ အ နည်းငယ် ပါနေပါသေးတယ် ။
လောင်ဆုရီ မျက်တောင်များ ပုတ်ခတ်ကာဖြင့် –
“ဒီကောင်ကြီးက ရှေးဟောင်းမီးမိစ္ဆာကောင်ကြီးပဲ ၊ ဒီ နေရာမှာ ပိတ်မိနေတာ ၊ အတော် ကံဆိုးတယ့်ကောင်”
“ရှေးဟောင်းမီးမိစ္ဆာကြီးတဲ့လား”
ချန်ရှန် အံ့လည်းအံ့သြ ပြီး သံသယလည်း ဖြစ်နေမိပါ တယ် ။ သူဒီလိုအမျိုးအစား သားရဲကို တစ်ခါမျှ မကြားခဲ့ ဖူး ပါ ။
စုမေးယို က –
“ဒါမီးတောက်တွေကနေ ပေါက်ဖွားလာပြီး ဒြပ်စင် ၅ ခု ထဲက ထူးဆန်းတဲ့ သားရဲကြီးမလား ၊ ဒီကောင်ဟာ အတော်ကို စွမ်းအားကြီးတယ် ။ မွေးကတည်းက ကြောက် မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်တာဖြစ်ပြီး ဥပမာအားဖြင့် ဒီ ကောင်ကြီး ပါးစပ်ဟပြီး မီးမှုတ်လိုက်ရင် တောင်တစ်လုံး ကို တောင် ပြာကျသွားစေနိုင်တယ်”
ချက်ချင်းပဲ ထိုသားရဲကြီးဟာ ဟိန်းပြန်ပါတယ် ။ ချန် ရှန် ထိုအသံကြားရာအတိုင်း လျှောက်သွားရင်း စဉ်းစားနေ မိတယ် ။ အဆိုပါသားရဲကြီးဟာ ပိတ်မိနေတာ ဖြစ်တယ့် အ တွက် သူ့အတွက် ကြောက်စရာ မရှိပါချေ ။
လောင်ဆုရီ ဟာ ရယ်မောကာဖြင့် –
“ဒီကောင်ကြီးရဲ့ ကံက အတော်ကို ဆိုးတာ ၊ ဒီနေရာ မှာ ပိတ်မိနေတာ လူတစ်ယောက်ကြောင့် ပဲ ။ အမည်း ရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ပွင့်လာတဲ့အခါ မှ သာ အချို့ သော ကန့်သတ်ထားတယ့် အရာတွေဟာ ပြို ကွဲလာတယ် ။ အဲဒါကြောင့်ပဲ သူ့အသံကို ကြားနိုင်သွား တာ ၊ အခုအခါ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်က ပိတ်သွား ပြီ ဖြစ်တာကြောင့် ဒီလိုတွေ ဆက်မဖြစ်တော့ပါဘူး ။ ဒါ ကြောင့် သူဟာ အသံသာ ထုတ်လွှတ်နိုင်ပြီး ထွက်မလာ နိုင်သေးဘူး”
ချန်ရှန် အနည်းငယ် အံ့အားသင့်သွားပါတယ် ။ အ မည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် အား ဖန်တီး ခဲ့သောသူဟာ သားရဲကြီးကို ပါ ပိတ်မိစေခဲ့ပါတယ် ။ ထိုလူ ဟာ မည်သူများပါနည်း ။ အလွန့်အလွန်ကို စွမ်းအားကြီး မည်တော့ အသေချာပါပင် ။ ထိုလူဟာ အမည်းရောင်လိပ် လျို့ ဝှက် ဆန်းကြယ် နယ်ပယ် နှင့် မိုးပြာနဂါး လျို့ ဝှက်ဆန်း ကြယ် နယ်ပယ် ကို ပြုလုပ်ခဲ့ရုံမျှမက ရှေးဟောင် နတ်မိစ္ဆာ သားရဲကြီးကို ပါ ပိတ်မိစေခဲ့ပါသေးတယ် ။
“ဒီကောင်ကြီးက ခင်ဗျားကို မေးနေတယ် ။ သူ့ကို ကယ်မလားတဲ့ ၊ သူ့ကို ကယ်တင်မယ်ဆို သူတကယ်ကို ကျေးဇူးတင်မှာပါတဲ့”
လောင်ဆုရီ ဆက်လက်ပြောဆိုပါတယ် ။ ဟိန်းသံများ အား သူမမှ ဘာသာပြန်ပေးနေခြင်းပါ ။
ချန်ရှန် မျက်မှောင်ကြုတ်ကာဖြင့် –
“ကယ်ရမှာလား ၊ ငါတိုကို စားပစ်ရင် ဘယ်လိုလုပ်မ လဲ”
လောင်ဆုရီ က ပြန်ပြောတယ် ။
“ဒီကောင်ကြီး ရဲ့ နတ်အတွင်းအားအာရုံ နဲ့ စွမ်းအား ကို ပိတ်ဆို့ခြင်း ခံထားရတယ် ။ ဒါကြောင့်မို့ သူက ဟိန်း ဟောက်ပြီးသာ အသိပေးနိုင်တယ် ။ ဒါပေမယ့် ခင်ဗျား သူ့ အနားကပ်မယ် ဆိုရင်တော့ သူ့မှာ ရှိနေတယ့် နတ်အတွင်း အား အာရုံအနည်းငယ်နဲ့ သူ့ကို ဆက်သွယ်နိုင်တယ် ။ ဒီ လိုအဆင့် သားရဲကြီးဟာ လူတွေနဲ့ တိုက်ရိုက် ဆက်သွယ် နိုင်တယ်”
ချန်ရှန် သူ့ခေါင်းကို ညိ့မ်ကာဖြင့် ပြေးသွားတယ် ။ ဒီ သားရဲကြီးကို သူတွေ့ ချင်လှပါပြီ ။
သုံးနာရီလောက်ကြာတယ့် အထိ ချန်ရှန် မြစ်အောက် ဖက်အတိုင်း ပြေးနေတုန်းပါ ။ ပတ်ဝန်းကျင်ဟာ သိပ်ပြီး အေးစက်မှု မရှိတော့တာကို ခံစားမိလိုက်ပြီး အသံကြီးဟာ လည်း တဖြည်းဖြည်း နီးကပ်လာကာ ရှင်းရှင်းလင်းလင်း ကြားနေရပါပြီ ။ မကြာခင်မှာပဲ ကျောက်နံရံတစ်ခုမှာ အ လွန်ကြီးမားသော လိုဏ်ခေါင်းကြီးတစ်ခုကို သူမြင်လိုက်ရ တယ် ။ ထိုလိုဏ်ခေါင်းဝ မှ မီးလို အရောင်လှိုင်းများဟာလဲ တစ်ခုပြီးတစ်ခု ထွက်နေပါတော့တယ် ။
“ဒီကောင်ကြီး က တော်တော် ပဲ ကြီးသလား”
လိုဏ်းခေါင်းဝင်ပေါက်ကြီး က ချန်ရှန် အား တမျိုးတ မည် ခြောက်လှန့်သလို ဖြစ်နေပါတယ် ။
“အတော် ကို ကြီးတယ် ။ အနည်းဆုံးတော့ တောင် ငယ် တစ်လုံးလောက်ကို ကြီးမားတယ်”
လောင်ဆုရီ ပြောပြပါတယ် ။
ချန်ရှန် ပြေးကာ လိုဏ်းခေါင်းကြီးနား ကပ်ကြည့် တယ် ၊ ချီဓာတ်လှိုင်းများ ဟာ အထဲမှ ထွက်နေသလို ခံစားလိုက် ရပါတယ် ။ အပူဓာတ်များကိုလည်း ခံစားနေရပြီး ဒါဟာ ပင် ထိုသားရဲကြီး ဘယ်လောက်စွမ်းအားကြီးသလဲ ဆိုတာကို ပြသလျက် ရှိပါတယ် ။
လောင်ဆုရီ ချန်ရှန်ကို ဆွဲကာ လေထဲ ပျံသန်းလိုက်ပါ တယ် ။ မြစ်အတိုင်းပျံသန်းသွားပြီး လိုဏ်ခေါင်း ထဲသို့ ၀င် ရောက်သွားတယ် ။ အထဲမှာတော့ အနီရောင်အငွေ့ များ ဟာ ထွက်ပေါ်လို့နေတယ် ။ ချန်ရှန် ဆက်ဝင်သွားတယ့် အခါ ပိုမိုပူပြင်းတဲ့ အပူချိန်ကို ခံစားလိုက်ရပါတယ် ။
“နတ်ဘုရားက အတွင်းကျဆုံး အပိုင်းမှာပါ ၊ မင်း ဘာ မှ မစိုးရိမ်ပါနဲ့ ၀င်ခဲ့ပါ ။ နတ်ဘုရားကသာ မင်းကို လုပ်ချင် ရင် ခုလိုတောင် လမ်းလျှောက်နေနိုင်မှာ မဟုတ်ဘူး”
စွမ်းအားကြီးလှသည့် အသံတစ်ခု ချန်ရှန် စိတ်ထဲ ရိုက် ခတ်လာပါတယ် ။ မင်းမိန့်ဆန်သော အသံမျိုးပါပင် ။
ချန်ရှန် စိတ်ထဲ ရေရွတ်လိုက်တယ် ။
“နတ်ဘုရားတဲ့လား ၊ ဒီနေရာမှာ ပိတ်မိနေတာတောင် ၊ ခုလို စိတ်ကြီးဝင်နေတုန်းလား”
“ဒီလို လူသားတစ်ဦး နဲ့ နဂါးသိုက် က နန်းသွေးပါတဲ့ နဂါးတစ်ကောင် အတူတူ ရှိနေလိ့မ်မယ်လို့ ငါမထင်ခဲ့မိ ဘူး”
သားရဲကြီးက ပြောပါတယ် ။
နဂါးသိုက် . . . ၊ နန်းသွေး . . .
ချန်ရှန် လှည့်ပြီး ချစ်စဖွယ် ကောင်မလေးကို ကြည့် လိုက်တယ် ။ စားဖို့လောက်သာ သိသော လောင်ဆုရီ ဟာ နဂါးသိုက်မှ အထင်ကရ နဂါး တစ်ကောင် ဖြစ်နေလိမ့်မယ် လို့ သူမမျှော်လင့်ခဲ့ပါ ။ အရင်က ဒီလို နဂါးတွေ တည်ရှိနေ တယ်ဆိုတာကို သူမယုံကြည်ခဲ့ပေမယ့် စုမေးယို နှင့် ဘိုင်ယုယု တို့ အား ဆုံတွေ့ ခဲ့ချိန်မှာတော့ ထိုသို့သော လျို့ ၀ှက်ချက် ကိစ္စများအား သူသိရှိခဲ့ရပါတယ် ။ ဒီလို အထင် ကရ သက်ရှိများအကြောင်းအား နားလည်ခဲ့ပြီး ယခုလို နန်းသွေးပါသော နဂါးသိုက်မှ နဂါး ဟာ ထိုသို့ သော အထင် ကရများထဲမှ အစွမ်းထက်ဆုံး အရာတစ်ခုပါ ။
ချန်ရှန် ထောင့်ချိုးအချို့ ဖြတ်ကျော်ပြီးတယ့် အခါမှာ တော့ သားရဲကြီးကို တွေ့ လိုက်ရပါပြီ ။ အလွန်ကို ကြီးမား ပြီး တောင်တစ်လုံးလိုပင်ရှိကာ ခြင်္သေ့နှင့် တူပါတယ် ။ တစ် ကိုယ်လုံး မီးများလောင်ကျွမ်းနေပြီး လက်သည်းများမှာလဲ အလွန် ကြီးမားလှပါတယ် ။ ကြီးမားလှပြီး ကြောက်စရာ ပုံစံကြောင့် မြင်ရရုံဖြင့်ပင် လိပ်ပြာလွင့်မတတ် ဖြစ်စေမှာပါ
“အမည်းရောင်လိပ် ချပ်ဝတ်ကို မင်းတကယ်ပဲ ရရှိခဲ့ ပြီ ပေါ့ ။ မင်းလို အားနည်းတဲ့ လူသားက ဘယ်လိုများ ရခဲ့တာ လဲ ။ နန်းသွေးပါတယ့် နဂါးလေးရဲ့ အသိအမှတ်ပြုခံရရုံ မျှ မက စွမ်းအားကြီးမားတယ့် နတ်လက်နက်ကိုပါ ရခဲ့ပြီပေါ့”
သားရဲကြီးက ပြောပါတယ် ။ ထိုအချိန်မှာ ၎င်းဟာ ထောင့်တစ်နေရာမှာ လှဲနေတာဖြစ်ပြီး ချန်ရှန်နှင့် သိပ်မ ဝေးလှပါချေ ။ ရှေ့ မှာတော့ အစိမ်းရောင်မျက်နှာပြင် တစ်ခု ရှိနေပြီး ချန်ရှန်ဟာ ထိုမျက်နာပြင်ကို ဘာမျှ မလုပ်နိုင်ပါ ဘူး ။
ချန်ရှန် သိပ်တော့ မပျော်ရွှင်မိပါ ။ သားရဲကြီးဟာ စိတ် ကြီးဝင်ဟန် ရှိလို့ပါပဲ ။ ဒါပေမယ့် သူ့ကိုတော့ သိပ်အထင် သေးပုံ မရှိပါချေ ။
“မင်း ငါ့ကို မကူညီစေချင်ဘူးလား”
ချန်ရှန် သာမန်လိုပဲ မေးလိုက်ပါတယ် ။ ဒီလို အကျဉ်း ချခံထားရသော သားရဲကြီးအား သူကြောက်စရာမလိုပါ ။
“မင်း နဲ့ နန်းသွေးပါတယ့် နဂါးမလေးတို့ ရဲ့ စွမ်းအင် ဟာ ငါထင်ထားတာထက်ကို အများကြီး ဆိုးရွားတာပဲ ၊ မင်း နတ်ဘုရားကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး”
သားရဲကြီးက ခပ်အေးအေး ပြောပါတယ် ။
ချန်ရှန် က ပြုံးကာဖြင့် –
“အခု မကယ်နိုင်ဘူး ဆိုတာနဲ့ နောင်ဘယ်တော့ မှ မကယ်နိင်ဘူးလို့ မယူဆနဲ့ ၊ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန် တရားတစ်ခုကတော့ ငါဟာ ဒီနေရာကို ပထမဆုံးလာနိုင် တဲ့ လူတစ်ယောက်ဖြစ်တယ် ။ ဘာလို့လဲ ဆိုတော့ ငါ့မှာ အမည်းရောင်လိပ် ချပ်ဝတ် ရှိနေလို့ပဲ ။ မင်းက ဒီနေရာမှာ အကြာကြီး နေခဲ့တယ် ။ ငါ့ကို သာ ဒီကနေ ထွက်ခွာခွင့် ပေးရင် ငါစွမ်းအားတွေ တိုးလာမယ့် အချိန်ကို စောင့်ပါ ။ သေချာပေါက် မင်းကို လာကယ်မှာပေါ့”
ကြီးမားလှသော တောင်ကြီးအရွယ်ရှိသည့် ခြင်္သေ့ကြီး ဟာ ခေါင်းကို ငုံ့လိုက်ပြီး ချန်ရှန် အား မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပါတယ် ။
“မင်းရဲ့ အစွမ်းကို ပြပါ ။ နတ်ဘုရားကို မျှော်လင့်ချက် ရှိအောင် လုပ်နိုင်ရင် နတ်ဘုရားကလည်း မင်းနဲ့ အပေး အယူ လုပ်မှာပေါ့”
သားရဲကြီးဟာ လေးလေးပင်ပင် ပြောလိုက်ပါတော့ တယ် . . . ။