Switch Mode

Chapter – 180

လျှို့ဝှက်ဆန်းကြယ်သားရဲဟိန်းသံ

Chapter – 180 လျို့ ဝှက်ဆန်းကြယ်သားရဲဟိန်းသံ

“လုရှန် ၊ ဒါအမှန်ပဲလား ၊ သူတကယ်ပဲ ငရဲ ချောက် ကမ်းပါးထဲ ကျသွားတယ်ပေါ့”
ဂုဒွန်ချန်၏ ပုံစံ ဖြူဖတ်ဖြူလျော် ဖြတ်ကာ မေးမြန်းပါ တယ် ။ ဆေးဆရာမကြီး နှင့် ဆရာကြီးဝု တို့လည်း တုန် လှုပ်နေကြပါတယ် ။
“ကျွန်မ သွားပြီး ကြည့်လိုက်မယ် ၊ ကယ်ကောင်း. . .”
ဆေးဆရာမကြီး လှည့်ထွက်လိုက်ပေမယ့် ဂုဒွန်ချန် ၏ တားဆီးခြင်းကို ခံလိုက်ရပါတယ် ။
“မသွားနဲ့ ၊ ငါတို့ သူ့ကံတရားကို စောင့်ကြည့်ရမှာပဲ”
ဂုဒွန်ချန် သက်ပြင်းရှည်ကြီး ချလျက် ပြောပါတယ် ။ သူ၏ မျက်နှာမှာ ၀မ်းနည်းမှုများ အပြည့်ပါပဲ ။
ဆရာကြီး ဝု လည်း အပြာရောင်မိုးကောင်းကင်ကြီး ကို ကြည့်ရင်း သက်ပြင်းချလိုက်တယ် ။ ချန်ရှန်ဟာ ဒုက္ခများ စွာကို ကြုံတွေ့ ခဲ့သော်လည်း နိဗ္ဗာန်အဆင့် ပညာရှင် အချို့ ကို သတ်ပစ်ခဲ့နိုင်တယ် ။ သို့သော်လည်း ဒါဟာ သူတို့ကို ကယ်တင်ဖို့ အတွက်ဖြစ်ပြီး ပြင်းထန်သော သိုင်းပညာ ဂိုဏ်း၏ နှစ်ရှည်လများ မစ်ရှစ်တစ်ခုဖြစ်သည့် အမည်း ရောင်လိပ် ချပ်ဝတ် အားလည်း ရအောင် ယူဆောင်ပေးနိုင် ခဲ့သူပါ ။ ဒါ့အပြင် သူတို့၏ သိုင်းပညာ ဦးရီးတော်လေး လဲ ဖြစ်နေသေးပါတယ် ။ သို့သော်လည်း အခုအခါ မှာ ချန်ရှန် ဟာ ကပ်စိုက်သလို ဘေးအန္တရာယ်ဆိုးနှင့် ကြုံတွေ့ သွား ခဲ့ ရသည့်အတွက် သူတို့ ၃ ဦး အလွန် ၀မ်းနည်းနေရတာပါ ။
“ကျွန်တော့ကို ၀တ်ရုံမည်းအ၀တ် လူအချို့ ဝိုင်းရံခြင်း ခံခဲ့ရတယ် ။ သူတို့က အရမ်းကို အစွမ်းထက်တယ် ။ ဒါ ကြောင့် ကျွန်တော်လည်း ချန်ရှန်ကို အာရုံမစိုက်နိုင်တော့ ပဲ နောက်ဆုံးမှာတော့ သူဟာ အမည်းရောင်ဝတ် လူ ၂ ဦး ကို ဆွဲခေါ်ပြီး ချောက်ထဲကျသွားတာပဲ”
လုရှန် ရေရွတ်နေပါတယ် ။ သူကတော့ ဆေးဘုရင် တောင်မှ လုမျိုးနွယ်ဝင် ဆရာကြီး လုပါ ။ ထိုအချိန်မှာပဲ သူ စိတ်ထဲ ကြိတ်တုန်လှုပ်သွားပါတယ် ။ ချန်ရှန်ဟာ ယခု ထိပ်သီး ၃ ယောက်၏ အမြင်မှာ အလွန်အရေးပါနေသည် ကို တွေ့ နေရတယ် မဟုတ်ပါလား ။
အဓိကကတော့ ဆေးဆရာမကြီးပါ ။ ပုံမှန်အားဖြင့် လူများစွာဟာ ဆေးဆရာမကြီး ချန်ရှန်ကို မုန်းနေတယ် ဆိုတာပဲ သိကြပါတယ် ။ သို့သော်လည်း အခုချိန်မှာ ဆေး ဆရာမကြီး ၏ ပုံစံ ဟာ အတော်ပြောင်းလဲနေပါတယ် ။ သူ မ ၏ အသံမှာ သက်သေပါပဲ ။
ချန်ရှန် ၏ အနေအထား မဆိုထားနှင့် နိဗ္ဗာန် အဆင့် ပညာ ရှင်များပင် ထိုချောက်ထဲသို့ ကျပါက အသက် ရှင် ရန် အတော် ခက်ခဲမည် ဖြစ်ပါတယ် ။
ချန်ရှန် သာ တကယ်လို့ လျင်မြန်စွာ ဒဏ်ရာများမှ သက်သာသွားပြီး အနီရင့်ငှက် တောင်ပံများဖြင့် ပျံသန်း နိုင်ပါက လွတ်ကောင်းလွတ်နိုင်ပါလိမ့်မည် ။ သို့သော် သူ ဟာ ယခု နက်ရှိုင်းစွာ ကျသွားတာကြောင့် စုပ်ယူမှုအား က လည်း အလွန်ကြီးမားလှတယ် ။ သူ၏ အနီရင့်ငှက် ၏ တောင်ပံများကို အသုံးပြုလျှင်တောင် ပျံသန်းရန် အလွန် ခက်ခဲမှာဖြစ်ပြီး စုပ်ယူမှုကြောင့် တဖြည်းဖြည်း ကျသွား မှာပါ ။
အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ဝိဉာဉ်တော် ချီဓာတ် များဟာလည်း ပြင်းထန်သော သိုင်းပညာစီရင်စု သို့ မျော လွင့်လျက် ရှိပါတယ် ။ ဒါကြောင့်ပင် ပြင်းထန်သော သိုင်း ပညာစီရင်စု မှာ ဝိဉာဉ်တော် ချီဓာတ်များဟာ ပိုမိုများပြား လာရပါတယ် ။ ထိုအချိန်မှာပဲ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းဟာ လူတချို့ စေလွှတ်ကာ နယ်စပ်သို့ တခြားဂိုဏ်းမှ လူများ လာမလာကို စစ်ဆေးခိုင်းနေပါတော့တယ် ။
စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် သားရဲဂိုဏ်းဟာ ထိ ခိုက်ဆုံးရှုံးမှု အတော်ကို ဖြစ်သွားတာပါ ။ စစ်မှန်သော သိုင်း ပညာ နယ်ပယ်မှ ပညာရှင်များစွာ သေကြေကြရုံမျှ မက နိဗ္ဗာန် အဆင့် ပညာရှင်များ နှင့် ဂိုဏ်းချုပ်ပင် သေဆုံး ခဲ့ကြရပါတယ် ။ ဒါပေမယ့် ထိုအကြောင်းအရာကို လူအ နည်းငယ်သာ သိကြတယ် ။ စစ်မှန်သော သိုင်းပညာဂိုဏ်း မှ ဂိုဏ်းချုပ် တန်ရိချိုဟာ သားရဲဂိုဏ်းအား ၎င်းတို့၏ ဂိုဏ်း ချုပ် တိုက်ပွဲမှာ ကျဆုံးသွားကြောင်း အသိပေးလိုက်တာပါ။ ဒါကြောင့် သားရဲဂိုဏ်းဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း အပေါ် ပိုမို အညိုးထားလျက် ရှိပါတော့တယ် ။
အဆိုပါ သတင်းမှာ အုတ်အုတ်ကျက်ကျက် ဖြစ်လို့ နေ ပါတယ် ။ လွန်ခဲ့သော နှစ်တစ်သောင်းက ပြင်းထန်သော သိုင်း ပညာဂိုဏ်းမှ သားရဲဂိုဏ်းချုပ်အား သတ်ခဲ့တာဖြစ်ပြီး ယခု နှစ်တစ်သောင်းအကြာ မှာတော့ အလားတူပင် ထပ်မံ ဖြစ် ပွားခဲ့ရပါတယ် ။ သို့သော်လည်း ဒီကိစ္စဟာ သားရဲ ဂိုဏ်းမှ စတင်ပြီး တခြားလူ စောင့်ရှောက်ထားသော ရတ နာကို လိုချင်သောကြောင့်ပြန်ခံရတာ ဖြစ်ပြီး ဒီလိုတွေ ဖြစ် တာ အထူးအဆန်းတော့ မဟုတ်ဟု လူများစွာဟာ သိနေ ကြတယ် ။
အခုအခါမှာတော့ သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်း ပညာဂိုဏ်း တို့ဟာ အပြင်ပိုင်းမှာ သာ မကျေနပ်ချက်များ ပြောဆိုနေကြသော်လည်း ဘာမျှတော့ မလုပ်ရဲပါချေ ။ အ ဘယ်ကြောင့်ဆိုသော် သူတို့ဟာ ပြင်းပြင်းထန်ထန်ကို ဆုံး ရှုံးသွားခဲ့ရတာဖြစ်ပြီး သူတို့ပေါင်းစည်းနေမယ်ဆိုတောင် ချန်ရှန် တို့ ဂိုဏ်းအား လှုပ်ခါအောင် လုပ်ဖို့ ခက်ခဲနေဦးမှာ ပါ ။
ချန်ဝူနယ်မြေကြီး တစ်ခုလုံးရှိ သိုင်းပညာဂိုဏ်းများ အကြားမှာ ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ သမိုင်း ကြောင်း အစဉ်အလာ အကြီးဆုံးပါ ။ နယ်မြေကြီး တစ်ခု လုံး၏ များစွာသော သိုင်းပညာရှင်များဟာ ထိုဂိုဏ်းမှ ဖြစ် ပြီး ဂိုဏ်းများစွာ ၏ သိုင်းပညာကျင့်စဉ်တွေဟာလည်း ပြင်း ထန်သော သိုင်းပညာဂိုဏ်းမှသာ ပြန့်ပွားလာတာ ဖြစ်ပါ တယ် ။ ချန်ဝူ နယ်မြေ တစ်ခုလုံးရှိ သိုင်းမျိုးနွယ်ကြီးများ၏ သိုင်းဘိုးအေကြီးများဟာလည်း ပြင်းထန်သော သိုင်းပညာ ဂိုဏ်းနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေကြသည် ချည်းပါပဲ ။ ဒီလိုမျိုး ခိုင်မာသည့် ရပ်တည်မှုကို နောက်မှ ပေါ်လာသည့် ဂိုဏ်းများမှ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါချေ ။
မူလက ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ သိုင်းစွမ်း ရည် ကျင့်စဉ်များအား ပြန့်ပွားစေချင်ပေမယ့်လည်း ဂိုဏ်း များစွာ ပေါ်လာသည့်အခါ ၎င်းဂိုဏ်းများ ၏ ခံယူချက်များ ဟာ လည်း မတူညီကြပါ ။ သူတို့ဟာ အမြဲတမ်း အဖိုးတန် ရတနာများအား လုယူချင်နေကပြီး ပြည်သူတွေကိုလည်း ဖိနှိပ်အနိုင်ကျင့်လေ့ ရှိကြတယ် ။ ဒါကြောင့်ေ၇ွးချယ်စရာ မရှိပဲ ချန်ဝူနယ်မြေကြီးအား စီရင်စု ၉ စု အဖြစ် ပိုင်းခြား လိုက်ပါတယ် ။ အင်အားစုများ၏ ထိန်းချုပ်မှုအောက်မှာ ထားလိုက်ခြင်းဖြင့် တူရာတူရာ စုသွားကြသည့် သဘောပါ။
သို့သော်လည်း လွတ်လပ်သော ထာဝရ ပင်လယ် ဂိုဏ်း ဆိုသည့် ဂိုဏ်းတစ်ဂိုဏ်း ပေါ်လာခြင်းကိုတော့ ဂုဒွန် ချန် တစ်ယောက် ခေါင်းကိုက်ကာ နေပါပြီ ။
“လူထူးဆန်းကြီး ငါ့ဆရာ ပဲ ဒီနေရာမှာ နေ၀ံ့တယ် ၊ ဒီနေရာကသာ ငါပြန်ထွက်နိုင်ရင် သေတယ့်ထိ ဒီကို မလာ ဘူး”
ချန်ရှန် အမှောင်ထဲမှာ ပြုတ်ကျနေဆဲပါ ။ သူ၏ ချီ အငွေ့ များဟာလည်း ယင်ချီဓာတ် များ ပိတ်ဆို့မှုကြောင့် အရောင်အဝါ မထွက်နိုင်တော့ပါ ။ ဒါပေမယ့် နဂါးမလေး က တော့ အဖြူရောင်အလင်းတန်းအဖြစ် သူမ၏ ကိ်ုယ်မှ ထွက်ပေါ်နေဆဲပါပဲ ။ ထိုအဖြူရောင်အလင်းတန်းလေး ဟာ အလွန်ပင် လှပလှပြီး သူမဟာလည်း အနည်းငယ် ထွား လာ သလိုပင် ။ ယခုတောင် ဒီလို ချစ်ဖို့ကောင်းနေရင် ကြီးလာပါက သူမ ဘယ်လိုတောင် လှပလိ့မ်ပါမည်နည်း ။
“ငါတို့ ဘယ်တော့မှ အောက်ခြေကို ရောက်မှာလဲ”
ချန်ရှန် ခပ်တိုးတိုး ရေရွတ်လိုက်မ်ိတယ် ။ ယခုအချိန် မှာ သူ့အနေဖြင့် ပြန်မတက်နိုင်တော့တာကြောင့် အောက် ကိုသာ ကြည့်ကာ စဉ်းစားနေလျက် ရှိပါတယ် ။ ကံကောင်း စွာပင် သူဟာ အမည်းရောင်လိပ် ချပ်ဝတ်အား ရရှိခဲ့လို့ သာ အခုချိန် အသက်ရှင်နေတာ ဖြစ်ပါတယ် ။ ဒီလိုမှ မဟုတ်ပါက ချီဓာတ်များ ထိမှန်မှုကြောင့် သေနေလောက် ပါပြီ ။
လောင်ဆုရီက ပြန်ပြောတယ် ။
“ခင်ဗျား အောက်ကို ထိသွားတယ့် အခါမှသာ သိမှာ ပေါ့ ၊ ကျွန်မ ရှင့်ကို အမည်းရောင်လိပ် ချပ်ဝတ်ကို ရအောင် ကူညီပေးခဲ့တယ်နော် ။ ဒါကြောင့် ခင်ဗျားပေးထားတယ့် ကတိကို ခင်ဗျား သတိရပါ ။ ဒါကြောင့် ဒြပ်စင်ဆေး ပေး”
ချန်ရှန် မှတ်မိတာပေါ့ ။ သူ့မှာလည်း ဒြပ်စင်ဆေးဆို တာ မရှားလှပါ ။ ဒါ့အပြင် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ထဲ မှ ဆေးပစ္စည်း များစွာလည်း ရရှိလာသည် မဟုတ်ပါလား၊ သူ့ကိုသာ အချိန်လုံလုံလောက်လောက် ပေးပါက ဒီဆေး ပင် များကို ဆေးအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်ပါတယ် ။
အောက်ကို မြန်မြန် ရောက်စေဖို့အတွက် ချန်ရှန်ဟာ လောင်ဆုရီအား သူ့ကို လွှတ်စေလိုက်တယ် ။ အောက်သို့ ရောက်ခါနီးမှသာ သူ့ကို ပြန်ဖမ်းဆွဲစေမည် ဖြစ်ပြီး ချန်ရှန် ယခု ငရဲချောက်ကမ်းပါးမှာ အောက်ခြေဆိုတာတော့ ရှိနေ မယ်လို့ ကျိ်န်းသေ ထင်မိပါတယ် ။ ငရဲချောက်ကမ်းပါး ကြီး ဟာ ယင်ချီဓာတ်များ ထူထပ်မှုကြောင့် မည်သူမျှ အောက် ကို မရောက်ဖူးပေမယ့် သူ့မှာက အမည်းရောင်လိပ်ချပ်ဝတ် နှင့်အတူ ကျင့်စဉ်များ ကျင့်ကြံနိုင်သောကြောင့် ဒီလိုနေရာ မျိုးမှာ အသက်ရှင်နေနိုင်သေးတာပါ ။
လျင်မြန်စွာ ပြုတ်ကျနေပြီး များပြားလှသော ယင်ချီ ဓာတ်များဟာ သူ့မျက်နှာကို ရိုက်ခတ်လျက်ရှိတယ် ။အ လွန်ကို အေးစိမ့်စိမ့် ဖြင့် ချန်ရှန် စိတ်လှုပ်ရှားလျက် ရှိနေပါ တယ် ။
ချန်ရှန် ဟာ တဖြည်းဖြည်း ပြုတ်ကျလာတယ့် အတွက် သူ့ဒဏ်ရာများဟာ အနည်းငယ်တော့ သက်သာနေပါပြီ ။ ကျင့်စဉ်များကိုလည်း ကျင့်ကြံခဲ့တာကြောင့် သူယခုလို နေနိုင်တာပါ ။
နေ့တ၀က်လောက် ကြာပြီးနောက်မှာတော့ ချန်ရှန် ရုတ်တရက် သူ့အောက်မှာ တစ်ခုခုထူးခြားသလို မြင်လိုက် ရတယ် ။ လျင်မြန်စွာပင် လောင်ဆုရီအားခေါ်ကာ သူ့ကို မထားစေလိုက်ပါတယ် ။
“ငါတို့ အောက်ကို ရောက်ပြီလားမသိဘူး”
ချန်ရှန် အောက်ရှိ အရောင်ခပ်ဖျော့ဖျော့ကို ကြည့်ရင်း ပြောလိုက်ပါတယ် ။
“နဂါးမလေး ၊ မင်းအာရုံတစ်ခုခု ရလား”
လောင်ဆုရီ သူမ၏ လှပသော မျက်လုံးများအား ပိတ် ကာ တခဏမျှ ကြာအောင် နေပြီးနောက် ကျေနပ်ဟန်ဖြင့်-
“ကျွန်မတို့ ရောက်ပြီ ။ အလွန်ပြင်းထန်တယ့် သက်ရှိ အငွေ့ တစ်ခုလည်း ရှိနေတယ် ။ ကမ္ဘာတစ်ခုလိုပဲ”
ချန်ရှန် ၊ စုမေးယို နှင့် ဘိုင်ယုယု တို့ဟာ ချက်ချင်း ပဲ တုန်လှုပ်သွားကြတယ် ။ ဒီလိုနေရာမျိုးမှာ သက်ရှိဟာ တကယ်ပဲ နေထိုင်နေပါ့မလား ၊ သူတို့ နားလည်မိတာက တော့ အဆိုပါ သက်ရှိဟာ ယခုယင်ချီဓာတ်များအား ခံနိုင်ရည်ရှိပြီး အလွန်စွမ်းအားကြီးမယ် ဆိုတာပါပဲ ။
ချန်ရှန် တို့လည်း အံ့အားသင့်နေကြတုန်းမှာပဲ ရုတ်တ ရက် ကျယ်လောင်လှသော ဟိန်းသံကြီးတစ်ခု ချန်ရှန် နား ကို ရိုက်ခတ်လာပါတယ် ။ မိုးခြိမ်းသံကြီးလိုပင် ချန်ရှန်တို့ ဟာ ကြားလိုက်ကြရပြီး သူတို့ အံ့အားသင့်သွားတာက တော့ ယခုအသံဟာ သူတို့ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ထဲ ရှိနေစဉ် ကြားလိုက်ရသော အသံနှင့် တစ်ထပ်တည်း တူလို့ပါပဲ ။
ဒီလို မျိုး သားရဲကြီးတစ်ကောင် ငရဲချောက်ကမ်းပါးထဲ မှာ ရှိနေလိမ့်မယ်လို့ သူတို့ မမျှော်လင့်မိခဲ့ကြပါ ။
“ဒီကောင်ကြီးက မတော်တဆ ကျသွားပြီး ဒီနေရာမှာ ပိတ်မိနေတာလား”
ချန်ရှန် ပြောလိုက်တယ် ။ ဒီသားရဲကြီးဟာ ယင်ချီ ဓာတ်များအား ခံနိုင်ရည်ရှိနေပါတယ် ။ သန်မာမှုမရှိပဲ ဒီလို နေနိုင်မည်မဟုတ်ပေ ။
“ဝုန်းး”
ချန်ရှန် ရေထဲ ကျသွားပါတယ် ။ အေးစက်လှသော အ အေးဓားဟာ သူ့အရိုးထဲထိ စိမ့်ဝင်လာခဲ့တယ် ။ အမည်း ရောင်လိပ် ချပ်ဝတ်သာ မရှိပါက အေးခဲပြီးတော့ သေသွား နိုင်မှာပါ ။
“မင်း အောက်မှာ ရေရှိနေတာ သိရဲ့ နဲ့ ငါ့ကို လွှတ်ချ တယ်ပေါ့”
ချန်ရှန် လေသံတီးတိုးဖြင့် မာန်မဲလိုက်ပါတယ် ။ ထို့ နောက် ခုန်လိုက်ပြီး သူ၏ တောင်ပံနှစ်စုံလည်း သူ့နောက် ကျောမှာ ပေါ်လို့လာပါတယ် ။ သို့သော် လည်း ထိုတောင်ပံ မှ မီးတောက်များမှာ ယင်ချီဓာတ်များကြောင့် ငြိမ်းကာ သွား ရပါတော့တယ် ။
လောင်ဆုရီ က စပ်ဖြဲဖြဲ ဖြင့် –
“ထားလိုက်ပါတော့ ၊ ကျွန်မ ဆွဲထူပေးမယ်”
သူမ ချန်ရှန် ၏ လက်ကို ဆွဲကာ ကမ်းစပ်သို့ ခေါ်သွား ပါတယ် ။
အံ့အားသင့်စွာပဲ ချောက်ကမ်းပါးကြီးအောက်မှာ မြစ် တစ်စင်း ရှိနေပါတယ် ။ဒါပေမယ့် အစိမ်းရောင်အငွေ့ များ ဟာ ရစ်သန်းလျက် ချောက်ကမ်းပါးကြီးကို တောက်ပနေ စေပါ တယ် ။
ကမ်းစပ်ကို တက်နေတုန်းမှာပဲ အော်သံကြီးကို တစ်ခါ ထပ်ကြားလိုက်ရပြန်ပါတယ် ။ တုန်ခါမှုကြောင့် ရေများ ပင် လှိုင်းအနည်းငယ် ဖြစ်ပေါ်သွားပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset