Switch Mode

Chapter – 179

ငရဲချောက်ကမ်းပါး

Chapter – 179 ငရဲချောက်ကမ်းပါး

ချန်ရှန် ၏ လက်ကောက်ဝတ်ဟာ ထိုပိန်ပိန်ပါးပါး လူ ကြီး ၏ အသေဆုပ်ကိုင်ခြင်းကို ခံထားရပါတယ် ။ ချန်ရှန် ဟာ အတော်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတာ ဖြစ်ပြီး သူ၏ ချီဓာတ်များကိုလည်း အသုံးမပြုနိုင်ပါဘူး ။ တစ်ကိုယ် လုံး နာကျင်နေလျက် ရှိပြီး သူဟာ ပျံသန်းနေတယ့် အပြား ပေါ် မှာ ဖြစ်တာကြောင့် ရေလွတ်မြောက်ခြင်း အကွက်ကို လည်း မသုံးနိုင်ပါဘူး ။
“ကောင်လေး ၊ မင်း မသေချင်ရင် မင်းမှာရှိတယ့် အရာ မှန်သမျှ ငါ့ကို မြန်မြန်ပေးပါ ။ ငါကမင်းကို ဒုက္ခိတ ဖြစ်စေ ရုံလောက်ပါပဲ ။ မသတ်ချင်ဘူး”
ထိုပိန်ပိန်ရှည်ရှည် နှင့် လူကြီး ပျော်ရွှင်ဟန်ဖြင့် ပြောပါ တယ် ။
ချန်ရှန် ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ သက်ကြီး ပညာရှင်တစ်ဦး မှ ယခုလို လုပ်ရပ်မျိုးလုပ်လိ့မ်မည် ဟု သူ မမျှော်လင့်မိပါ ။ ဒီလူကြီးဟာ ဂုဒွန်ချန် ၏ ယုံကြည်မှုကို ခံ ထားရတာဖြစ်တာကြောင့် ချန်ရှန် အနေဖြင့်လည်း ယုံယုံ ကြည်ကြည့်ပင် လိုက်ပါသွားခဲ့ပြီး ပြင်ဆင်မှုမရှိတာမို့ တိုက်ခံခြင်းကို အပြည့်အ၀ ခံစားလိုက်ရတာပါ ။ ယခု ပညာ ရှင်ကြီးဟာ အလွန်ပင် အစွမ်းထက်လှပြီး ရိုက်ချက် တစ်ချက်ဖြင့်ပင် ချန်ရှန် သေမလို ဖြစ်သွားရပါတယ် ။
ထိုလူကြီး ၏ လက်နက်ပျံကြီးမှာ အလွန်ပင် လျင်မြန် လှပါတယ် ။ ထို့နောက် မကြာခင်မှာပင် ၎င်းတို့ဟာ အသူ တရာ နက်လှပြီး အဆုံးမရှိလှသည့် ချောက်ကြီး တစ်ခုပေါ် သို့ ရောက်ရှိလာပါတော့တယ် ။
ဒီနေရာကတော့ အမည်းရောင်လိပ် လျို့ ဝှက်ဆန်း ကြယ် နယ်ပယ် နှင့် နီးလှသော နာမည်ကျော်နေရာ တစ်ခု ပါ ။ ငရဲချောက်ကမ်းပါးလို့ ခေါ်ပါတယ် ။ အောက်ခြေမှာ ဘာရှိသလဲဆိုတာကို မည်သူမျှ မသိကြပဲ ဒီချောက် ကြီး ဟာ စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် ပိုင်းခြားထားသော မျဉ်းလိုပါပဲ ။ ဟွမ်ဂျိရှန် တစ်ခါ ဆင်းသက်ခဲ့ဖူးပြီး သူလည်း ၁၀ ရက်လောက် အကြာမှာ ပြန်တက်လာရပါတယ် ။ အဘယ်ကြောင့်ဆိုသော် အောက်ခြေမှာရှိသော ယင် ချီ ဓာတ်များအား ကြံ့ ကြံ့ မခံ နိုင်လို့ပါ ။
“ကောင်လေး ၊ မင်း ငါ့ကို မပေးရင် မင်ကို ပစ်ချရလိ့မ် မယ်”
ပိန်ရှည်ရှည် လူက ချန်ရှန် လက်ကောက်ဝတ် ကို ဆုပ် ကိုင်လျက် ပြောပါတယ် ။
“ပြင်းထန်သော သိုင်းပညာဂိုဏ်းက ပြန်သိသွားမှာ ကို ခင်ဗျား မကြောက်ဘူးလား ။ ကျွန်တော် ခင်ဗျားကို ပေး ရင်လည်း ခင်ဗျားက ကျွန်တော့ကို နှုတ်ပိတ်တယ့် အနေနဲ့ သတ်မှာပဲမလား”
ချန်ရှန် အေးစက်စက် ပြောလိုက်ပါတယ် ။ သူ့မှာ ယခု ပြေးစရာနယ်မြေ မရှိပါ ။ ချောက်ကမ်းပါး ၏ အလယ်မှာ လွင့်နေတာ ဖြစ်ပြီး ပျံသန်းခြင်းလည်း မပြုလုပ်နိုင်ပါဘူး ။ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ခုန်ချ ရန်ပဲ ရှိပါတော့တယ် ။
“ဟဟ ၊ မင်းက ဒီလိုဆိုမှတော့ ၊ မင်းမသေခင် ငါ့မင်းကို အသိပေးပါဦးမယ် ။ ငါ့မျိုးရိုးနာမည် က လု တဲ့ ၊ ဒါဆို အခုမင်း ဘာကြောင့် ခုလို ခံရလဲ ဆိုတာ သိလောက် ပြီ ထင်တယ်”
ပိန်ရှည်ရှည် လူက ရယ်မောပြောဆိုပြီးသည် နှင့် ချန်ရှန် ဗိုက်အား သူ၏ လက်ဝါးဖြင့် ရိုက်ကာ အဝေးသို့ ပစ် လွှတ်လိုက်ပါတော့တယ် ။
ချန်ရှန် မျက်လုံးများ ပြာဝေလျက် ပိန်ရှည်ရှည် လူကြီး အား ကြည့်ကာ ချောက်ကမ်းပါးကြီး အတွင်းသို့ လျင်မြန် စွာ ထိုးကျ သွားပါလေတော့တယ် ။ အပေါ်မှ ထိုလူကြီး၏ ရယ်သံမှာ ကြားနေရတုန်းပါပဲ ။
လွန်ခဲ့သော နှစ်တစ်သောင်းက ချန်ဝူနယ်မြေကြီး ရဲ့ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်ဟာ ဒီနေရာမှာ မရပ် တည်နိုင်ခဲ့ပေ ။ တခြားလူများအတွက်တော့ အသက်ရှင်ဖို့ ပင် မျှော်လင့်ချက် မရှိပါ ။ ယခုနေရာဟာ လူတစ်ဦးကို လုပ် ကြံဖို့ အကောင်းဆုံးနေရာဖြစ်ပြီး အသတ်ခံရမယ်ဆိုပါက ၎င်း၏ ဝိဉာဉ်အား လေထုထဲမှ ဆင့်ခေါ်လို့ပင် ရနိုင်ပါ တယ် ။ ချောက်ကမ်းပါးအတွင်း ကျသွားသူအတွက် ပြန် လမ်းမရှိ သေဆုံးမည်မှာ အမှန်ပါပင် ။
အစောပိုင်းက ချန်ရှန် ပြင်းထန်သော သိုင်းပညာဂိုဏ်း မှ ထွက်သွားတဲ့အခါ ဆရာကြီးလု ဟာ ချန်ရှန် ကို လုပ်ကြံ ရန် လူများ စေလွှတ်ခဲ့တယ် ။ ဒီလိုဆရာကြီးလုကို ဂုဒွန်ချန် နှင့် အဖွဲ့ က ယုံကြည်ကိုးစားလိမ့်မည်ဟု ချန်ရှန် မထင်မိခဲ့ ပါ ။ ဆရာကြီးလုသာ မဟုတ်ပါက ဒီလိုခံရစရာ လုံးဝ မရှိ ပဲ ဂိုဏ်းသို့ ပြန်ရောက်မည် ဖြစ်ပါတယ် ။
ချန်ရှန် ၏ ပုံရိပ် မြင်ကွင်းမှ ပျောက်ကွယ်သွားတယ့် အခါမှာတော့ ဆရာကြီးလုလည်း ပျံသန်းပျောက်ကွယ် သွားပါတော့တယ် ။
ချန်ရှန် အောက်ကို ကျလာတယ့်အခါ အေးခနဲ ခံစား လိုက်ရပြီး ထိုအချိန်မှာပဲ သူ၏လက်မှ အငွေ့ တစ်ခုထွက် သွားပြီး ကောင်မလေး တစ်ယောက် ပေါ်လာပါတယ် ။ လောင်ဆုရီ သူ၏ လက်အား ကိုင်ဆွဲထားရင်း –
“အောက်ကနေဆွဲထားတဲ့ ဆွဲအားက တော်တော် စိတ် ရှုပ်စရာပဲ အလွန်အားကောင်းလွန်းတယ်”
ချန်ရှန် သူ့တစ်ကိုယ်လုံး လှုပ်ပင် မလှုပ်နိုင်ပါ ။ သူ့ကို နဂါးမလေးမှ ကယ်တင်လိမ့်မည်ဟု သူယုံကြည်နေမိပါ တယ် ။ ထို့ကြောင့် ပြုံးကာဖြင့် –
“ငါ့ကို ဒီအတိုင်းလေးပဲ ဆွဲထားလိုက် ၊ မြေကြီးပေါ်ကို အရှိန်နဲ့ မကျစေနဲ့”
ချန်ရှန် လက်ထဲမှာ ငရဲဝိဉာဉ်တော်မြက် ရှိနေတယ် ။ လောင်ဆုရီ သူ၏ လက်ထဲမှ ယူသွားပြီး လျာထုတ်ကာ မြည်းကြည့်နေတယ် ။ အရမ်းကို စားချင်နေပြီး ထိုငရဲဝိ ဉာဉ်တော်မြက် ၏ အရသာကို အလွန်ပင် သဘောကျနေ ပါတော့တယ် ။ သို့သော်လည်း ချန်ရှန် အားပြည့်ရန်အ တွက် စားဖို့ လိုတယ် ဆိုတာကို သိတာကြောင့် သူမ လျာဖြင့်ထိုးကြည့်ပြီးတာနဲ့ ချန်ရှန် ပါးစပ်ထဲသို့ ထိုးထည့် ပေးလိုက်ပါတယ် ။ မနာလိုအကြည့်ဖြင့် ချန်ရှန် အား စိုက် ကြည့်နေ၇င်း လောင်ဆုရီ သူမတံတွေးပင် သူမ မျိုချလိုက် မိတယ် ။ ပါးစပ်လေး ဟကာဖြင့် မေးပါသေးတယ် ။
“အရသာရှိတယ်မလား”
ချန်ရှန် ရယ်မောကာဖြင့် –
“ကောင်မလေး ၊ ငါသာမသေခဲ့ဘူးဆိုရင် ၊ ငါ့မှာ အခွင့် ရှိရင်ပေါ့ ၊ မင်းဒီထက်အရသာရှိတယ့် အရာတွေ အများ ကြီး စားရမှာပါကွာ ၊ ငါ့မှာ နဂါးတံတွေး ကျင့်စဉ် ရှိတယ် ဆို တာမေ့မနေနဲ့”
“ကျွန်မ သိပါတယ် ။ သိပ်တော့ မအောင့်နိုင်တော့ဘူး”
လောင်ဆုရီ ချန်ရှန်လက်ကို ဆွဲထားတာကြောင့် သူတို့ ပြုတ်ကျတယ့် အရှိန်ဟာ နှေးကွေးသွားပါတယ် ။ အောက် မှ ဆွဲစုပ်အားသာ မရှိပါက ချန်ရှန် လို လူ ၁၀ ယောက် ပင် အသာလေး ဖြစ်မှာပါ ။
သူမ အစောပိုင်းထဲက ပေါ်လာပါက ဆရာကြီးဝု သူမ ကို မြင်သွားမှာပါ ။ လောင်ဆုရီ အနေဖြင့် ဆရာကြီး ဝု ကို ရင်ဆိုင်နိုင်မည် မဟုတ်ပါချေ ။ သူမဟာ နဂါး တစ်ကောင် ဖြစ်သော်လည်း အလွန်ပင် ငယ်သေးသည် မဟုတ်ပါလား ၊ ဒါကြောင့်ပဲ ဆရာကြီး လု ထွက်သွားသည်ထိ စောင့်ကာ ထွက်သွားသည့် အခါမှ ထွက်လာရဲတာ ဖြစ်ပါတယ် ။ တ ကယ်တော့ သူမ အစွမ်းဖြင့် လမ်းလျှောက်ပြီးပင် ထွက်သွား လို့ ရပြီး လွတ်မြောက်နိုင်ပေမယ့် ချန်ရှန် ကို ကယ်ဖို့ ဆုံးဖြတ်လိုက်တယ့်အတွက် ဆွဲထားကာ အကျမ နာအောင် ပြုလုပ်ပေးခြင်းပါ ။
အောက်ခြေမှာ တကယ်ကိုပဲ ယင်ချီဓာတ်များဟာ သိပ်သည်းလှပြီး အေးစက်လှသည့် ချီဓာတ်လှိုင်းများဟာ တစ်ခုပြီးတစ်ခု သူ့ကို ရိုက်ခတ်နေတယ် ။ ချန်ရှန် နာကျင် မှုကြောင့် ညည်းညူနေမိပါတော့တယ် ။
“အမတော် မေးယို ၊ အမတော် ယုယု ၊ ဒီနေရာကို သိကြလားဗျ”
ချန်ရှန်မေးလိုက်ပါတယ် ။
“ငါကြားဖူးတာတော့ ဒီနေရာဟာ အလွန်ကြောက်ဖို့ ကောင်းတယ် ဆိုတာပဲ ၊ ဒါထက်တော့ ဘာမှ မသိဘူးကွ”
စုမေးယို က ပြန်ပြောပါတယ် ။ သူမ အသံမှာလည်း စိုးရိမ်မှုများ ပါဝင်နေတယ် ။
ဘိုင်ယုယု ကလည်း –
“ဒီနေရာဟာ ငါ့ကျင့်စဉ်တွေ လေ့ကျင့်ဖို့ အလွန်ကို ကောင်းမှာပဲလို့ ငါတစ်ခါ တွေးဖူးတယ် ။ ငါ ခဏတဖြုတ် လာဖူးသေးတယ် ။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ငါ တောင့်မခံနိုင်တော့ဘူးလေ”
ချန်ရှန် ယင်ချီဓာတ်များ အလွန်များပြား ထူထည်းလာ တာကို ခံစားလိုက်ရတယ် ။ ဒီလိုသာ ဆက်ခံစားရမည် ဆို ပါက သူသေမည်မှာ ကျိန်းသေပါပင် ။
“သောက်ရေးမပါတာ ၊ ငါ့မှာ ယင် နဲ့ ယန် နတ်အတွင်း အား သွေးကြောတွေ ရှိတယ် ။ ဒါ ယင်ချီဓာတ် အနည်း ငယ်ပါ ။ ငါဘာလို့ တောင့်မခံနိုင်ရမှာလဲ”
ချန်ရှန် အားတင်းပြောလိုက်ပြီး လျင်မြန်စွာပင် ထိုက် ကျိ နတ်နဂါး ကျင့်စဉ်အား အာရုံသွင်းလိုက်တယ် ။ ထို သို့ဖြင့် သူ့ကိုယ်အတွင်း စိမ့်ဝင်နေသော ယင် ချီ ဓာတ်များအား စုပ်ယူ ကာ နေပါတော့တယ် ။
အစပိုင်းမှာ ထို ယင်ချီဓာတ်များအား စုပ်ယူရတာ အတော်ပင် ခက်ခဲနေပြီး စစ်မှန်သော ချီဓာတ်များ အဖြစ် သာ ပြောင်းလဲ နိုင်ပါတယ် ။ နောက်တစ်ခါ ထိုက်ကျိ နတ် နဂါး ကျင့်စဉ်ကို ပြုလုပ်ပြီး သူ၏ ချီဒြပ်စင် ငါးခုကို သန့် စင် လိုက်တယ့် အခါမှာတော့ အနည်းငယ် အဆင်ပြေသွား သ ယောင်ပါ ။ အစပိုင်းမှာ သူဟာ ဒီလိုသာ လုပ်နိုင်ပေမယ့် ၂ နာရီလောက် ကြာတယ့် အခါမှာတော့ သူရုတ်တရက် ယင် ချီဓာတ်များအား ပိုမို စုပ်ယူလာနိုင်တာကို သတိပြုမိသွား ပါတယ် ။ ဒါပေမယ့် သူသန့်စင် နိုင်သော နှုန်းမှာ နှေး လာ တာကြောင့် အတော် ခက်ခဲလာပြန်ပါတယ် ။
ယင်ချီဓာတ်များဟာ တစထက်တစ သိပ်သည်းလာ ကာ အောက်ရောက်လေ ပိုများလာလေ ဖြစ်ပါတယ် ။ ဘာ ကြောင့် လူများ တောင့်မခံနိုင်လည်း ဆိုတာကို ချန်ရှန် ကောင်းစွာ နားလည် သွားပါပြီ ။ အရှိန်ပြင်းစွာ စီးဆင့်ပြီး စိမ့်ထွက်နေပုံမှာ ငရဲပြည်မှ ထွက်နေသလိုပါပင် ။
ချန်ရှန် ၏ ပုံစံမှာ တဖြည်းဖြည်း ဖြူဖတ်ဖြူလျော် ဖြစ် လာ ပါပြီ ။ တစ်ကိုယ်လုံးလည်း အေးစက်တောင့်တင်း လျက် ရှိနေပြီး သူ့ဆရာ ဟွမ်ဂျိရှန် ပင် မနေနိုင်ခဲ့သော နေ ရာပါ ။ သူကိုယ်တိုင်လည်း နေနိုင်လိမ့်မည် ဟု ယုံကြည် ချက် မရှိသလိုဖြစ်နေပြီး အခုချိန်မှာတော့ လောင်ဆုရီ ၏ အားကို သာ အားကိုးနေရပြီး အကျမနာဖို့ပဲ ပြုလုပ်နိုင်တာ ပါ ။
လောင်ဆုရီ မှာ ရှင်တို ဝိဉာဉ်တော်အား အစထဲက ကျင့်ကြံနိုင်သူ ဖြစ်တာကြောင့် ယခု ယင်ချီဓာတ်များမှာ သူမ အဖို့ ဂရုစိုက်စရာ မလိုပါချေ ။ ဒါပေမယ့်လည်း ချန် ရှန် သူမကို ကြိတ်ပြီး စိုးရိမ်နေမိပါတယ် ။ အောက်တွင် အန္တရာယ် တစ်ခုခု ရှိနေမည် ဆိုပါက သူမအနေဖြင့် ရင် ဆိုင် နိုင်မည် မဟုတ်ပါချေ ။
“အာ ၊ မင်းမှာ အမည်းရောင်လိပ် ချပ်ဝတ် ရှိတယ်လေ ၊ ထုတ်ကြည့်လိုက် ၊ ယင်ချီဓာတ်တွေကို တားဆီးနိုင်မလား ကြည့်တာပေါ့”
စုမေးယို ရုတ်တရက် ပြောလိုက်ပါတယ် ။ သူမစကား ကို နားထောင်ရင်း ချန်ရှန် ခေါင်းထဲ လက်ခနဲ ဖြစ်သွားမိ တယ် ။ အတွေးတချက် နှင့်ပင် ရွှေရောင်အလင်းတန်းများ သူ့ကိုယ်တွင် ပေါ်လာပြီး တစ်ကိုယ်လုံးကို ရစ်ပတ်သွားပါ တယ် ။ သူ၏ ခေါင်းမှာတော့ ပေါ်နေတုန်းပင် ဖြစ်ကာ ကိုယ်ကို ထိမှန်နေသော ချီဓာတ်များမှာတော့ ချပ်ဝတ် အစွမ်းကြောင့် မ၀င်နိုင်တော့ပဲ သူလဲ အတော်ပင် နေရတာ သက်သာသွားပါတော့တယ် ။
ယင်ချီဓာတ်များဟာ အလွန် များပြားနေတုန်းပါ ။ သို့ သော်လည်း ၎င်းယင်ချီဓာတ်များနှင့် အတူ ယင် ဝိဉာဉ် တော် ချီဓာတ်များလည်း လိုက်ပါလာလျက်ရှိနေတယ် ။ ထိုက်ကျိနတ်နဂါး ကျင့်စဉ် အစွမ်းကြောင့် သူဟာ ထိုအရာများကို သန့်စင်နိုင်ပါတယ် ။ ၎င်းတို့အား သန့်စင် သော ချီဓာတ်များအဖြစ် ပြောင်းလဲပစ်တာပါ ။ သားရဲ ငါး ကောင်၏ ဒြပ်စင် ၅ ခု အကူအညီဖြင့် သူဟာ ၎င်း ချီဓာတ် များအား စစ်မှန်သော ချီဒြပ်စင် ငါးခု အဖြစ်ပြောင်းလဲကာ သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်း သိမ်းဆည်းလိုက်ပါ တော့တယ် ။
ကျနေစဉ်အတွင်း ချန်ရှန် ဟာ ပြန်လည် အားဖြည့်နေ တယ် ။ တချိန်တည်းမှာပဲ ကျင့်စဉ်များကို အားထုတ်နေပါ တယ် ။ သူ့မှာ မူလထဲက ယင် နဲ့ ယန်နတ်အတွင်းအား သွေး ကြောများ ရှိတာကြောင့် သူ၏ အားထုတ်မှုဖြင့် ယင် ချီဓာတ်များအတွင်းမှာ ရှိတယ့် ဝိဉာဉ်တော် ချီဓာတ်များ စွာကို စုပ်ယူ ကာ လျင်မြန်စွာ သန့်စင်ပစ်နေတာပါ ။ ဒါလိုနဲ့ သူ၏ မိုးပြာနဂါး သားရဲပုံစံအတွင်းမှာ ဒြပ်စင်အစေ့လေး ဟာ တစ်ခုတိုးသွားခဲ့ပြီး ယခုအခါ လေးစေ့ ရှိနေပြီ ဖြစ်ပါ တယ် ။ သူ့မှာ အစေ့ ၁၀ ခု သာ ရှိသွားပါက တခြားသားရဲ ပုံစံများကို စတင် လေ့ကျင့်နိုင်မှာ ပါ ။ ထို သားရဲ ငါးကောင် ပုံစံမှာ စုစုပေါင်း အစေ့ ၅၀ သာရှိသွားမည် ဆိုပါက သူ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၂ သို့ တက်လှမ်း နိုင်မှာပဲ ဖြစ်ပါတော့တယ် ။
လောင်ဆုရီ ချန်ရှန်ကို ဆွဲနေရင်း အကျနှေးအောင် ပြု လုပ်နေပါတယ် ။ အလွန်ပင် ခက်ခဲ ပင်ပန်းလှသော အ လုပ်မျိုး ဖြစ်သောလည်း သူမကတော့ အေးဆေးစွာပင် ဆေး များနှင့် အသီးများပင် စားနိုင်နေပါသေးတယ် ။ ချန် ရှန် နဲ့ လိုက်ကတည်းက သူတို့ဟာ သဘောတူ ချက်များ ပြုလုပ်ထားတာကြောင့် ဒီလိုအချက်ကြောင့်ပဲ သူမ ချန် ရှန် ကို မစွန့်ခွာ သွားခြင်းပါ ။ ချန်ရှန် ယခုလို ထိုက်ကျိနတ်နဂါး ကျင့်စဉ်ကို ပြုလုပ်နေတာကြောင့် သေချာပေါက် ကောင်း မွန်တဲ့ ရလဒ် ဖြစ်ပေါ်မယ်ဆိုတာကိုလည်း သူမသိနေပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset