Chapter – 5 လီရှောင်းမာန်
သူတို့က ဘွဲ့ရပြီးနောက် သုံးနှစ် ကြာသွားသော်လည်း မိခင် တက္ကသိုလ်ကြီးက မပြောင်းလဲသွားချေ။ လူများသာ ပြောင်းလဲသွားခဲ့သည်။ သူတို့ လေးနှစ်တာလုံးနေထိုင်သင်ကြားလေ့လာခဲ့သော မိခင်ကျောင်းတော်ကြီးက မမေ့နိုင်သော အမှတ်တရများကို သယ်ဆောင်ထားခဲ့သည်။
အချို့သော ကျောင်းသူကျောင်းသားများက မြက်ခင်းများပေါ် သို့မဟုတ် ခြုံပုတ် အနီးအနားများတွင် တိတ်တဆိတ် စာဖတ်နေကြသည်။
ပတ်ဝန်းကျင်ကို သဟဇာတဖြစ်စေသည့်အပြင် ငြိမ်းချမ်းသော မြင်ကွင်းလည်း ဖြစ်ပေသည်။ ယဲ့ဖန်းတို့ကလည်း အတိတ်ကာလပင် ပြန်ရောက်သွားသလိုခံစားလိုက်ရပြီး အစစ်အမှန်လက်တွေ့ဘဝ၏ ရှုပ်ထွေးကြမ်းတမ်းမှုများမှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။
ပြီးနောက် လူတိုင်းက ဘဝနှင့်အိမ်မက်ကြား လွန်ဆွဲခဲ့ကြသည်။ အများစုက မြို့မှ ထွက်ခွာပြီး အဝေးသို့ထွက်ခွာသွားခဲ့ကြသည်။
ယဲ့ဖန်းနှင့် အချို့သော ကျောင်းသားကျောင်းသူ အချို့ကလွဲပြီး လူအများက ဘွဲ့ရပြီးနောက် ပထမဆုံးအကြိမ် မိခင် တက္ကသိုလ်သို့ ပြန်လာခဲ့ခြင်း ဖြစ်ပြန်သည်။
အနီးအနားရှိ ရေကန်ငယ်လေးပေါ်တွင် လှိုင်းများက ထနေသည်။ မြင်ကွင်းကလည်း အတိတ်ကအတိုင်းသာဖြစ်သည်။ ရေကန် အနီးအနားတွင် ဂစ်တာတီးတက်သူများ၊ သီချင်းဆိုတတ်သူများ၏ သာယာသော သံစဥ် တောက်ပလွန်းသော ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ရင်းနှီးကျွမ်းဝင်သော သံစဥ်က လူတိုင်း၏ နှလုံးသားတိုင်းကို မွှေနောက်ပြီး သူတို့၏ဘဝမှာ အပြစ်ကင်းစင်လွန်းသော ရွှေရောင်သက်တမ်းကာလတစ်ခုကို ပြန်တွေးမိကာ ဝမ်းနည်းမှုက ထွက်ပေါ်လာသည်။
အချိန်က အိမ်မက်ကဲ့သို့ သက်တန့်ရောင်စဥ်သဖွယ် ဖျက်ခနဲ ကုန်ဆုံးသွားခဲ့ပြီး ခါးသီးချိုမြိန်သောအရသာကို ဖြစ်စေခဲ့သည်။
တစ်ချိန်က ဂီတကို ချစ်မြတ်နိုးသောသူများက ယခုအချိန်အထိ ယခင်လို သီချင်းဆိုပြီး ဂီတာတီးနိုင်သေးလား မသေချာတော့ချေ။ သူတို့အနေဖြင့် ဘွဲ့ရသွားပြီးနောက် ထိုသူများကို ရှာဖွေရန် ခက်ခဲလာကြသည်။
” ငါကြားတာတော့ အဲ့ဒီအမြဲတမ်းမှိုင်ထွေနေတက်တဲ့ ဂီတာပညာရှင်ကအခြားမြို့ရဲ့ဘားမှာ ဆက်တီးနေတယ်လို့ကြားတယ်။ မကျေနပ်စရာကောင်းတဲ့ဘဝက သူကိုအများကြီးအိုစာသွားစေတယ်လေ။”
” နင်တို့တွေ ကျောင်းတုန်းက အရမ်းလှတဲ့ ဂီတ ပါရမီရှင်ကောင်မလေးကို မှတ်မိသေးလား။ အဲ့ဒီကောင်မလေးက နှင်းလိုမျိုး လှပပြီး ဖြူစင်ခဲ့တာလေ။ ပြောချင်တာက အခု အဲ့ကောင်မလေးက နိုက်ကလပ်တစ်ခုမှာ ဘားစားပွဲထိုးအနေနဲ့ လုပ်နေတယ် … ။ ”
လူတိုင်းက သက်ပြင်းချကြသည်။
အိမ်မက်နှင့် အစစ်အမှန်ကြား ရှုပ်ထွေးသည့် တိုက်ပွဲများကို လူတိုင်းနီးပါးက ကြုံတွေ့ရသည်။ ဘဝက လှည့်ကွက်တစ်မျိုးဖြစ်ပြီး သတ္တိများကို ဖိအားပေးနိုင်သလို လုံ့လ၊ ဝီရိယများကိုလည်း စိတ်ရှုပ်ထွေးသွားစေသည်။
အချိန်တစ်ခုကြာ တိတ်ဆိတ်နေပြီးနောက် လူအုပ်ကစတင်ပြီး ရှေ့သို့ ဆက်လျှောက်ကြသည်။ ထိုအချိန်တွင် လင်းကျားက ယဲ့ဖန်းအနီးသို့ လာသည်။
သူမက ပေါင်နားတွင် အနားစလေးများ ခေါက်ချုပ်ထားသည့် အဖြူနဲ့ အပြာ ရောစပ်ထားသောပေါ့ပါးသည့် ပိုးထည်ဝတ်စုံလေးကို ဝတ်ဆင်ထားခြင်းဖြစ်၏။ ယင်းက သူမ၏ လှပသောခြေထောက်များကိုပို၍ဆွဲဆောင်မှုရှိလာသလို ထိတွေ့ချင်စိတ်ဖြစ်လာစေသည်။
သူမ၏ ပျော့ပြောင်းနေသော ခါး တစ်နေရာတွင်လည်း အနက်ရောင်ခါးပတ်တစ်ခုက ရှိနေသေးသည်။သူမ၏ဆံပင်ရှည်များက ဖောင်းနေသော ရင်ဘက်ပေါ်တွင် ပြန့်ကျနေပြီး သူမ၏ ပြီးပြည့်စုံသောခန္ဓာကိုယ်ကိုထောက်ပံ့ပေးထားသည်။ သူမက နှစ်လိုဖွယ်ကောင်းသော စွဲမက်ဖွယ်မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားပြီး လှပသောမျက်နှာလေးက ဖြူဖွေးချော့မွှေ့နေသည့်အသားအရေနှင့် လိုက်ဖက်နေသည်။ သူမကို ပို၍ ဆွဲဆောင်မှု ပြင်းပြစေသလို သဘောကျစိတ်ဖြစ်လာစေတော့သည်။
“တကယ်တော့ နင့်မှာ ကားရှိနေသားဘဲ။ ဘာလို့ ငါ့ကို မပြောတာလဲ … ။”
“ငါ့မှာ ပြောဖို့ အခွင့်အရေး မရခဲ့ဘူး … ။”
“ဒ ါဆို ဘာလို့ ငါ့ကို ဒီနေ့ဟိုတယ်ကို မခေါ်သွားပေးတာလဲ … ။”
” ဒီလိုဆိုရင်တော့ ကျေကျေနပ်နပ်ကြီးကို အရှင်မကိုလိုက်ပို့ပေးရမှာပါ … ။”
နှစ်ယောက်လုံးက ရယ်ကြသည်။
ယဲ့ဖန်းနှင့်လျှိုယွန်ကျစ်တို့၏ ပါတီပွဲမှ ကိစ္စအကြောင်းကို လင်းကျားက ပြန်တွေးမိလိုက်သောအခါ ရှက်ရွံ့မိသည်။ သူမကလည်း ယဲ့ဖန်းအပေါ် မကောင်းမြင်လိုစိတ် မရှိစေလိုသောကြောင့် ဖြစ်သည်။ စကားပြောနေရင်းမှ သူမက တစ်ဖက်သို့လှည့်လိုက်သည်။
လင်းကျားက ဉာဏ်ကောင်းသော ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမက ပါးနပ်သည်။ သူမက ကိုယ်ကိုတိုင်အပေါ် မကောင်းသော သက်ရောက်မှုမျိုး မရှိစေအောင် စကားအနည်းငယ်သာ ယဲ့ဖန်းနှင့် ပြောခဲ့ခြင်းဖြစ်သည်။ ပါတီမှ ယခင် အရှက်ရဖွယ်ကိစ္စကို သူမကအလွန်အကြူးရှင်းပြနေလျှင် သူတို့၏ ဆက်ဆံရေးအပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်သေးသည်။ ထိုသို့သော အပြောင်းအလဲက အခြားသောကျောင်းသူကျောင်းသားများအပေါ် တွင်လည်း သက်ရောက်မှု ရှိသည်။
သူတို့ကလည်း ယဲ့ဖန်းနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေချင်ကြသည်။ သူတို့က မိခင်ကျောင်းတော်မှ ထွက်လာသောအခါ နေ့လယ်ရောက်လျှင် လူအုပ်က အစားအသောက်လမ်းထဲသို့ သွားလိုက်ကြပြီး နေ့လယ်စာစားရန်အတွက် ကောင်းမွန်သင့်သင့်သောစားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်သည်။
ဝမ်ကျစ်ဝမ်က ယဲ့ဖန်းကို သူတို့နှင့် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ ယဲ့ဖန်းက ပြုံးသာပြုံးလိုက်ပြီး သူတို့နှင့်ခွက်ချင်း တိုက်လိုက်ပြီး သူ၏ ယခင်သူငယ်ချင်းများနှင့်သာ သွားထိုင်နေသည်။
” ယဲ့ဖန်း …။ ငါ မနေ့က မူးနေလို့ပါ။ ငါ မူးရူးပြီး ပြောတဲ့စကားတွေကို စိတ်ထဲမထားနဲ့ … ။ ကျေးဇူးပြုပြီး မေ့ပေးပါလား … ။”
” ငါ မင်းကို ဒီနေ့ တောင်းပန်ချင်တာ ကျေးဇူးပြုပြီး ငါ့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ … ။”
သူ၏ဇနီးလောင်းက ဘဏ် အလုပ် အမှုဆောင်၏ တူမဖြစ်သူဟု ကြွားခဲ့သောကောင်လေးက မနေ့ကအဖြစ်အပျက်များကို နှိမ့်ချသောလေသံဖြင့် ရှင်းပြရန်ကြိုးစားလာသည်။ ခင်ပွန်းဖြစ်သူက ဒု ဥက္ကဋ္ဌအဖြစ်ရာထူးတိုးခံရပြီဆိုသော ကောင်မလေးကလည်း အပြုအမူပြောင်းပြီး ယဲ့ဖန်းကို တောင်းပန်လာပြန်သည်။
“အားလုံးဘဲ ခွက်ချင်း တိုက်ကြရအောင် … ။”
မနေ့ကနှင့်ယှဥ်သော် ယနေ့ လူ အများစုက ယဲ့ဖန်းကိုခွက်ချင်းလာတိုက်ကြသည်။ လေထု အခြေအနေကလည်း တက်ကြွပြီး ပျော်ရွှင်ဖွယ် ဖြစ်နေသည်။ အခြားသောဝိုင်းများမှ လူများကလည်း ယဲ့ဖန်းကို တစ်ယောက်ချင်း ခွက်လာတိုက်ကြသည်။ ယဲ့ဖန်းက ယဥ်ကျေးမှုအပြည့်ဖြင့် အားလုံးနှင့် လက်ခံ ခွက်ချင်းတိုက်ပေးသည်။ မနေ့က မသာယာသော စကားပြောဆိုသူများလည်း ပါသည်။
လျှိုယွန်ကျစ်ကလည်း ယနေ့တွင် တည်ငြိမ်နသည်။ မနေ့က ယဲ့ဖန်းကြောင့် အရှက်ရခဲ့သော်လည်းသူ၏မျက်နှာတွင် မည်သည့် ခံစားချက်မျှမပြသလို ပုံမှန်မဟုတ်သော အမူအရာများကိုလည်း မမြင်ရဘဲ မနေ့က ကိစ္စ ဘာမှ မဖြစ်ခဲ့သလိုသာ ပြုမူနေသည်။
“မင်းတို့ကောင်တွေ … ငါ မနေ့က ပစိဖိတ်သမုဒ္ဒရာရဲ့အခြားတစ်ဖက်ခြမ်းကနေ ဖုန်းခေါ်တာကို လက်ခံရရှိခဲ့တယ် .. ။ ”
ကျိုးရီက ထိုင်ခုံမှ ထပြီး အခြားသူများကို ပြောသည်။ သူက ကျော့ရှင်းယဥ်မွန်သော ကောင်ကလေးတစ်ယောက်ဖြစ်ပြီး ကောလဟာလအရ သူ၏ မိသားစုက အင်အားကြီးမားသည်ဟု ဆိုသည်။ ထိုအချက်ကလည်း အတန်းဖော်များအကြား လျှို့ဝှက်ချက် မဟုတ်ချေ။ ကျိုးရီက မနေ့က ဖျော်ဖြေရေးစင်တာအပြင်ဘက်တွင် ဝမ်ကျစ်ဝမ်ကို စောင့်စေခဲ့သည့်သူလည်းဖြစ်သည်။ လူတိုင်းက စကားပြောနေသည်ကို ရပ်ပြီး ကျိုးရီကို ကြည့်လိုက်သည်။ သူက သဘောကောင်းပြီး ယခင်က အတိုင်း ညင်သာသိမ်မွှေ့နေသေးသည်။
ကျိုးရီက သမုဒ္ဒရာတစ်ဖက်ခြမ်းတွင် ပညာသင်ကြားနေသော အခြားသော အတန်းဖော်သုံးယောက်က တရုတ်ပြည်သို့ ပြန်လာမည်ဖြစ်ကြောင်း ပြောသည်။ ထိုသို့ဖြင့် ခန်းမတစ်ခုလုံးမှာ သဘောတကျအော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။
…
“ဘွဲ့ရပြီးတဲ့နောက်မှာ ငါတို့အားလုံး ကမ္ဘာရဲ့နေရာတိုင်းကို ခွဲထွက်ပြီး ရောက်လာကြရတယ် … ။ လူတိုင်းမှာကိုယ်ပိုင်ဘဝလမ်းကြောင်း ရှိတယ် .. ။ ငါတို့အနေနဲ့ ပြန်ဆုံဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး … ။ ငါတို့အနာဂတ်မှာ ပြန်တွေ့ကြတဲ့အခါ ငါတို့က အဖေတွေ အမေတွေတောင် ဖြစ်နေလောက်ပြီ။ အဲ့ဒီနေ့ဘယ်လောက် မြန်မြန်ရောက်လာမလဲဆိုတာလည်း မသိနိုင်သေးဘူး … ။ အခုပြည်ပမှာ ကျောင်းသွားတက်တဲ့အတန်းဖော်သုံးယောက်က ပြန်လာပြီဆိုမှတော့ ဒီစုဝေးပွဲကို နောက်ထပ် နည်းနည်းပိုပြီးချဲ့ကားသင့်တယ်လို့ ငါ ထင်တယ် … ။”
အစားစားပြီးနောက် ယဲ့ဖန်းက အိမ်သို့ပြန်မောင်းသွားပြီးနောက် လက်ဖက်စိမ်းတစ်ခွက် ဖျော်သောက်သည်။ ထို့နောက် သူက ပြတင်းပေါက်အပြင်ဘက်မှ အပင်များကို တိတ်တဆိတ် ကြည့်ပြီး မှတ်ဉာဏ်များအတွင်းနစ်မြုပ်သွားပြန်သည်။
ဘဝမှာ အံ့အားသင့်စရာကောင်းသော ကိစ္စရပ်များကပျောက်ကွယ်သွားသည်။ လွမ်းဆွတ်တမ်းတမိသော ရင်းနှီးကျွမ်းဝင်သည့် ချစ်ခြင်းတရားများမှာလည်းပျောက်ကွယ်သွားပြီး ထိုအမျိုးမျိုးသော ကြယ်စင်များနှင့်သာ တူသည်။
ယဲ့ဖန်း၏ မှတ်ဉာဏ်ထဲတွင် လီရှောင်းမာန်ဆိုသောနာမည်က ဖျော့တော့နေခဲ့သည်မှာ ကြာလှချေပြီ။
လီရှောင်းမာန်က တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် နိုင်ငံခြားသို့ ပညာတော်သင် ထွက်သွားခဲ့သည်။ အစပိုင်း လအနည်းငယ်က သူမက ယဲ့ဖန်းနှင့် ဆက်ဆံရေးကောင်းရှိခဲ့ပြီး အဆက်အသွယ် မပြတ်ခဲ့သေးချေ။ အချိန်ကြာလာသည့်အခါ သူတို့၏ အီးမေးများနှင့် ဖုန်းခေါ်ဆိုမှုများကလည်း အရင်ကထက် ပို၍ နည်းပါးသွားပြီး အဆက်အသွယ်ကလည်း ပြတ်လုနီးပါးဖြစ်သွားသည်။
သူတို့ တစ်ယောက်ကို တစ်ယောက်မေ့သွားသည်ဟု သုံးနှုန်းခြင်းက အကောင်းဆုံးနည်းလမ်းပင် ဖြစ်ပေလိမ့်မည်။ ဖိနှိပ်ခံခဲ့ရသော ချစ်ခြင်းက နောက်ဆုံးတွင်အဆုံးသတ်သွားခဲ့သည်။
လီးရှောင်းမာန်က ပြန်လာတော့မည်ဟု ကြားသောအခါ သူမ၏ နာမည်ကို ကြားလိုက်ရသဖြင့် ထူးခြားသော ခံစားချက် အနည်းငယ်ကို ခံစားလိုက်ရသည်။ နှလုံးသားက ရင်းနှီးကျွမ်းဝင်ခဲ့သောနာမည်က ယခု မရင်းနှီးတော့ချေ။
…
အတန်းဖော်များက ထိုက်တောင်သို့ အတူသွားရန် စီစဥ်ကြပြန်သည်။ ကုန်ကျစရိတ်အားလုံးကို ဝမ်ကျစ်ဝမ်နှင့် ကျုံးရီက ခံမည်ဖြစ်သည်။ အခြားသူများအတွက် စရိတ်စက ကြီးလှသော်လည်း သူတို့အတွက် ဘာမှမဟုတ်ချေ။
သုံးရက်ကြာပြီးနောက် ထိုက်တောင်ခြေတွင် သုံးနှစ်လုံးလုံး မတွေ့ခဲ့ရသော ရင်းနှီးကျွမ်းဝင်သောပုံရိပ်ကို ယဲ့ဖန်းက မြင်လိုက်ရသည်။
လီရှောင်းမန်က ထိုနေရာတွင် ရပ်နေသည်။ သူမကကျော့ရှင်းကြည့်ကောင်းပြီး ကျက်သရေအပြည့် ရှိနေသေးသည်။ သူမက များများစားစား ပြောင်းလဲသွားခဲ့သည်။ သူမ၏ အရပ်က ၁၇၀ စင်တီမီတာဖြစ်ပြီး နေကာမျက်မှန်တပ်ထားသည်။ သူမ၏ အနက်ရောင်ဆံပင်ရှည်များကလည်း လေတွင် လွှင့်နေပြီး ရိုးရှင်းသော သာမန် ထသွားထလာ ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။
လီရှောင်းမာန်က ဒူးထိသာ ရောက်သောစကပ်နှင့် ကာတွန်းပုံနှင့် ရိုက်ထားသော တီရှပ်လေးကိုသာဝတ်ဆင်ထားလျက် ရှိသည်။ သူမ၏ သွယ်လျသည့်ပေါင်တံများကိုလည်း ပြလျက် ရှိသည်။
လီရှောင်းမာန်က နူးညံ့ပျော့ပြောင်း ကောင်းမွန်သောအသားအရည်နှင့် ဆွဲဆောင်မှုအပြည့်ရှိသော ပုံရိပ်မျိုးဖြင့် အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမ၏ မျက်ဝန်းများက ကြီးမားပြီး မျက်တောင်ရှည်များလည်း ရှိသည်။ ယင်းက သူမ၏ မျက်နှာလေးကိုပို၍ပင် ချစ်စဖွယ်ကောင်းသွားစေကာ သွက်သွက်လက်လက် ဖြစ်သွားစေသည်။ လီရှောင်းမာန်က ယုံကြည်မှုရှိပြီး ယခင်ကအတိုင်း တိတ်တဆိတ်သာနေတတ်သည်။
သူမက လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာပြီး လူတိုင်းနှင့် နွေးနွေးထွေးထွေး စကားပြောနေခဲ့သည်။
သူမ၏ အနားတွင်လည်း အရပ်ရှည်ရှည်နှင့် လူငယ်လေးတစ်ယောက် ရှိသည်။ ထိုသူက သူမ၏ အမေရိကန်မှ အတန်းဖော်ဟု သိရသည်။ အရှေ့တိုင်းမျက်နှာကျနှင့် နှိုင်းယှဥ်သော် ထိုသူက အနောက်တိုင်းမျက်နှာကျ ပုံစံမျိုး ရှိပြီး မြင့်မားသော နှာခေါင်း ခပ်ထိုင်းထိုင်းမျက်ဝန်းနှင့် ဆံပင်ကောက်ကောက်များကို ပိုင်ဆိုင်ထားသည်။
“ဟယ်လို … ငါက ခါသဲ့ပါ … ။ ထိုက်တောင်ကို ရောက်ဖူးချင်ခဲ့တာ ကြာပြီ … ။ နောက်ဆုံးတော့ ငါ ထိုက်တောင်ပေါ်ရောက်တော့မှာဘဲ .. ။”
သူ၏ တရုတ်လေသံက သိပ်မကောင်းချေ။ သူ၏ အဓိပ္ပါယ်ကိုသာ ခပ်ယဲ့ယဲ့ ဖမ်းလိုက်နိုင်ကြသည်။
နိုင်ငံခြားမှ ပညာတော်သင် ပြန်လာသော အခြားသောနှစ်ယောက်ကလည်း အခြားသော စိတ်လှုပ်ရှား တက်ကြွနေကြသည့်အတန်းဖော်များ၏ အဝိုင်းကို ခံလိုက်ရပြီး မေးခွန်းများကို ဖြေပေးနေသည်။ သူတို့၏ ပညာလေ့လာခဲ့ပုံ နေထိုင်မှု ပုံစံများကိုလည်း ကောင်းကောင်းမွန်မွန် ရှင်းပြပေးနေသည်။
သုံးနှစ်ကြာပြီးနောက် ယဲ့ဖန်းက လီရှောင်းမန်နှင့် ပြန်တွေ့ရသည်။ အချိန်က အနည်းငယ် အစီအစဥ် မကျဖြစ်နေသည်ဟုပင် ခံစားလိုက်ရသည်။
ပြန်လည်တွေ့ဆုံပွဲက သူတို့နှစ်ယောက်လုံးအတွက် ထူးခြားခြင်း မရှိချေ။ နှစ်ယောက်လုံးက ယဥ်ကျေးစွာနှုတ်ဆက်ကြသည်။ အချိန်အတော်ကြာ ကွဲကွာနေကြပြီးနောက် ပြန်လည်ဆုံတွေ့ရ၍ ယခု သူတို့၏ ဆက်ဆံရေးက အရင်ထက်ပင် ကြည်လင်နေလောက်သည်။
စကားတစ်ခွန်းပင် မဆိုတော့ဘဲ ယဲ့ဖန်းက သူမ၏ အနားမှဖြတ်သွားသည်။ တိတ်ဆိတ်ခြင်းက ထိုမြင်ကွင်းကိုထောက်ပံ့ပေးထား၏။
အပိုင်း ( ၅ ) ပြီး၏။