Switch Mode

Chapter – 178

သစ္စာဖောက်ခြင်း

Chapter – 178 သစ္စာဖောက်ခြင်း

ချန်ရှန် ဂုဒွန်ချန်တို့ နောက်မှ လိုက်လာခဲ့တယ် ။ မြစ် တလျှောက် သွားနေရင်း ချန်ရှန် စစ်မှန်သော သိုင်းပညာ နယ်ပယ်မှ လူ ၁၀၀ လောက်နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပုံများ အား ပြောပြပါတယ် ။ ဒါ့အပြင် တချို့ မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်း မှ ဖြစ်နေတာကိုပါ ပြောပြလိုက်တယ် ။ ၎င်းတို့ဟာ ဘာမှ မပြောနိုင်ကြပါ ။ ချန်ရှန် ဟာ ဂိုဏ်းချုပ် များကိုတောင် သတ်ရန် လက်မတွံ့ ခဲ့တာကြောင့် စစ်မှန် သော ပညာရှင်တွေလောက်ကို တော့ စာဖွဲ့ နေစရာမလိုပါ။
“ပင်လယ်ဂိုဏ်းဆိုတာ ဘယ်လိုလဲ ၊ ကြည့်ရတာတော့ အတော် စွမ်းပုံရတယ်”
ချန်ရှန် မေးလိုက်ပါတယ် ။
“သူတို့က အတော် စွမ်းတာပေ့ါ ။ လွန်ခဲ့တယ့် နှစ်များ စွာထဲက ပင်လယ်ရပ်ခြားမှာ နေထိုင်ကြပြီး သူတို့မှာ နိဗ္ဗာန် အဆင့် ပညာရှင် များစွာ ရှိကြတယ် ။ ဒါပေမယ့် ငါတို့ ပြင်း ထန်သော သိုင်းပညာဂိုဏ်းဟာ ချန်ဝူ ရဲ့ ထပ်ဆုံးနေရာမှာ ရပ်တည်လာခဲ့တာ အတော်ကြာပြီ ။ ငါတို့ဟာ ပေါ့သေး သေး မဟုတ်ဘူးကွ”
ဂုဒွန်ချန် ပြန်ပြောလိုက်တယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ တကယ်ကို စွမ်း အားကြီးပါတယ် ။ လက်ရှိမှာ ချန်ရှန်ဟာ ဂိုဏ်း၏ စွမ်းအား အစစ်မှန်ကို မမြင်ဖူးသေးပေမယ့် ဂိုဏ်းအတွင်းမှာ ငုံ့လျိုး နေတယ့် ပညာရှင်များစွာ ရှိတယ်ဆိုတာ ချန်ရှန် သိနေပါ တယ် ။ ထိုလူများဟာ ဂုဒွန်ချန် ထက်တော့ နိမ့်မည် မထင် ပါ ။ ကောင်းကင်နယ်ပယ် အဆင့်အား တက်နိုင်သူ အများ ကြီး မရှိသော ကြောင့် ဂိုဏ်းထဲမှာပဲ နိဗ္ဗာန်အဆင့် ပညာရှင် များစွာ ရှိနေတာပါ ။ ၎င်းတို့ဟာ ဂိုဏ်း၏ ကြောက်စရာ အ ကောင်းဆုံး ပညာရှင်တွေပဲ ဖြစ်ပါတယ် ။
“ဒီ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် က ကြည့်ရတာ လူ လုပ်ထားတာ ဖြစ်မယ် ။ ချပ်ဝတ်ကို ယူလိုက်တာနဲ့ပဲ မ တည်ငြိမ် ဖြစ်သွားပြီ”
ဆေးဆရာမကြီး ကောင်းကင်တွင် ပျံ့ ကြဲနေသော ဝိ ဉာဉ်တော် ချီဓာတ်များအား ကြည့်ရင်း ပြောနေပါတယ် ။
ချန်ရှန် လည်း ခေါင်းညိမ့်ကာဖြင့် –
“ဒါကြောင့်ပဲ ကျွန်တော်တို့ မြန်မြန်သွားဖို့ လိုတယ်”
ဒီလိုသာ မဟုတ်ပါက ချန်ရှန် ယခုနေရာမှာ နေဦးမှာပါ ၊ ဒီမတိုင်ခင် သူဒီကို ရောက်စက ထူးဆန်းလှသည့် သားရဲ အသံကြီးကို ကြားခဲ့ရပါတယ် ။ အဆိုပါ သားရဲအား မမြင်ရ သေးပဲ အသံနဲ့တင် သူအတော် ကျောချမ်းမိနေပါတယ် ။
“ကြည့်ရတာ အော်သံက ဒီ လျို့ ဝှက်ဆန်းကြယ် နယ် ပယ်က လာတာ မဟုတ်လောက်ဘူး ။ တစ်နေရာက လာ ပြီး ဒီကနေ ကြားရတာ ဖြစ်နိုင်တယ်”
လောင်ဆုရီ က ပြောပါတယ် ။ သူမ၏ နတ်အတွင်း အား အာရုံဟာ အတော် ကောင်းမွန်လှပြီး ထူးဆန်းလှပါ တယ် ။ နိဗ္ဗာန်အဆင့် ပညာရှင်တွေ ထက်ပင် ပိုမိုပြီး အာ ရုံခံနိုင်နေသလိုပါပဲ ။
ချန်ရှန် ထပ်မေးလိုက်ပါတယ် ။
“အဲဒါ ဘာအကောင်ကြီးလဲ”
လောင်ဆုရီ တခဏမျှ စဉ်းစားကာ –
“ကျွန်မလည်း မသိဘူး ၊ ဒီအသံနဲ့ ပတ်သက်ပြီး ကျွန်မ မှတ်ဉာဏ်ထဲမှာ မရှိဘူး”
ချန်ရှန် ဂုဒွန်ချန်တို့နောက်လိုက်လာရင်း သူတို့ လာခဲ့ တဲ့ လမ်းကြောင်းအတိုင်း ပြန်နေခြင်းပါ ။ ထိုအချိန်မှာ သူ့ အနာဂတ် အစီအစဉ်နှင့် ပတ်သက်ပြီး စဉ်းစားနေမိတယ် ။ သူဟာ ဆေးဖက်ဝင် ပစ္စည်းများစွာ ရရှိခဲ့တာဖြစ်ပြီး ထိုအ ရာများနှင့် ဆေးများလုပ်ကာ စွမ်းအားတိုးတက်အောင် ကျင့် ကြံ မှာပါ ။ စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် သားရဲ ဂိုဏ်းတို့မှ လက်စားချေခြင်းကို လည်း သူ့အနေနဲ့ သိပ် မကြောက်မိပါ ။ အနည်းငယ်လောက် ရုပ်ဖျက်ရုံဖြင့် သူ့အား မှတ်မိနိ်ုင်မည် မဟုတ်ပဲ သူနည်းနည်းလောက် သတိထားနေရင်ကို ဘာမျှ ဖြစ်မည် မဟုတ်ပေ ။
သူ့ကို လိုက်ရှာမယ် ဆိုရင်လည်း ဂုဒွန်ချန် နှင့် တခြား လူများက သူ့ကို ကာကွယ်ပေးမှာ အမှန်ပါပင် ။ အဲလိုမှ အလုပ်မဖြစ်လည်း နောက်ဆုံးအဆင့် သူကန့်သတ်နယ် မြေမှာ အပစ်ပေးခံရင်း သူ့ဆရာ လူထူးဆန်းကြီးနှင့် အချိန် ခဏကြာအောင် နေရုံပါ ။ သူသေတယ်လို့ ကောလဟာလ များထွက်တယ့်အထိစောင့်ကာ ပြန်ထွက်လာရုံပါပဲ ။
“ဆေးဆရာမလေး ၊ ခင်ဗျား အရင်က ပြောခဲ့တယ် မလား ၊ ကျွန်တော့ကို ခင်ဗျားရှုံးတာနဲ့ လက်ထပ်မယ်ဆို ၊ အခု တိုက်ကြရအောင်”
ချန်ရှန် ရုတ်တရက် ပြောလိုက်ပါတယ် ။ သူ၏မျက်နှာ မှာလည်း စပ်ဖြဲဖြဲ အပြုံးတစ်ခုကို မြင်နေရတယ် ။
ဆေးဆရာမကြီး၏ ဆွဲမက်ဖွယ်ကိုယ်လုံး ရုတ်တရက် တောင့်သွားတယ် ။ အေးစက်စွာပင် –
“ဒီကိစ္စ ကို ထည့်တွက်မနေနဲ့”
“ခင်ဗျားလိမ်နေတယ် ဆိုတာ သိတယ်နော် ၊ ဒါပေမယ့် ကျွန်တော် ဘယ်နေရာမှာမဆို စိန်ခေါ်နိုင်တယ်လို့ ခင်ဗျား ပြောခဲ့တာကို ကျွန်တော် မှတ်မိနေသလိုပါပဲ”
ချန်ရှန် နှုတ်ခမ်းမဲ့ကာ ပြောလိုက်ပါတယ် ။
ဆေးဆရာမကြီး ဘာမျှထပ်မပြောတော့ပါ ။ တိတ် ဆိတ်ခြင်းနှင့်သာ တုန့်ပြန်လိုက်ပါတယ် ။ ဒီနေရာမှာသာ သူမနှင့် ချန်ရှန် တိုက်မည် ဆိုပါက သူမရှုံးမည်မှာ အသေ အချာပါပင် ။
“ငတုံးလေး ၊ ခင်ဗျားမှာ ကောင်မလေး မရှိဘူးလား ၊ ဒါမှမဟုတ် ခင်ဗျားဟာ အတောင် မစုံတဲ့ ငှက်ပေါက်လေး ပေါ့ ၊ ဟားး ဟားး . . .”
ချန်ရှန် ရယ်မောလိုက်ပါတယ် ။
ဂုဒွန်ချန် စိတ်ထဲ မပျော်ရွှင်ပါ ။ လူထူးဆန်းကြီး တစ်ဦး သာသူ့ကို ယခုလို ခေါ်ရဲတာပါ ။ ဒါပေမယ့်လည်း သူဘာမျှ မပြောတော့ပါ ။
“ဦးရီးတော်လေး ၊ မင်းနည်းနည်းမှ မစိုးရိမ်မိဘူးလား ၊ မင်းဟာ စီနီယာအရ ကောင်းမွန်တဲ့ ပုံရိပ်အဖြစ် စံပြနေရ မယ် မဟုတ်ဘူးလား”
ဂုဒွန်ချန် မေးလိုက်ပါတယ် ။
ချန်ရှန် သူ၏ နားကို ကုတ်ကာဖြင့် လှောင်ရယ်လိုက်ပါ တယ် ။
“ခင်ဗျားတို့ ကျွန်တော် နဲ့ ရှန်းရှန်း ရဲ့ ကိစ္စကို ကြိုတင် သဘောပေါက်သင့်တယ် ။ သူမဟာ ကျွန်တော့မိန်းမလေ ၊ အဲဒိတော့ သူမကို ခင်ဗျားတို့ တွေ့ တယ့်အခါ ဘယ်လို ခေါ် မှာလဲ”
“ဦးရီးတော်လေး ၊ မင်းရဲ့ ပုံရိပ်ဟာ သာမန်မဟုတ်ဘူး ၊ ရှန်းရှန်းတောင် မင်းကို နားလည်နိုင်မှာ မဟုတ်ပေဘူး”
ဆေးဆရာမကြီး အေးစက်စက်ပြောပါတယ် ။
ချန်ရှန် လျာထုတ်ပြကာဖြင့် လက်နောက်ပစ်ရင်း အေး ဆေးစွာ လျှောက်နေတယ် ။
မကြာမီမှာပင် မြစ်ရဲ့ အဆုံးသို့ ရောက်ရှိလာပါတယ် ။ မြစ်ဘေးမှာတော့ ကြီးမားလှသော အဖြူရောင်အလင်း တန်းကြီးများ ဝိုင်းနေလျက် ရှိတယ် ။ ဒါကို လျို့ ဝှက်ဆန်း ကြယ်နယ်ပယ် ၏ အလွန်လို့ သိကြပါတယ် ။
“ငါတို့နား ကပ်နေပါ ။ ငါတို့ အပြင်ရောက်ရင် မင်းသေ ချာပေါက် အန္တရာယ်နဲ့ ကြုံတွေ့ ရမှာပါ”
ဂုဒွန်ချန် ခပ်လောလော ပြောလိုက်ပါတယ် ။ သူတို့ ဟာ ဆေးများစွာစားပြီး အားအင် အသင့်အတင့် ပြန်လည် ပြည့်ဖြိုးနေကြပါပြီ ။ သူတို့အပြင်ရောက်တယ့်အခါ တိုက်ပွဲ ကြီးဖြစ်လိမ့်မယ်ဆိုတာ သူတို့ အသေအချာ ကြည့်နေကြ တယ် ။ အရေးကြီးဆုံးကတော့ ချန်ရှန်ကို ကာကွယ်ဖို့ပါပဲ။
လမ်းကြောင်းအတိုင်း ဖြတ်သန်းပြီးနောက် ချန်ရှန် သူ့ ရှေ့ မှာ ကျောက်တုံးများ ပြန့်ကျဲနေတာကို တွေ့ လိုက်ရပါ တယ် ။ သူအသေချာသိတာကတော့ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်သာ ပိတ်သွားပါက တောင်ကြီးတစ်ခုလုံး ပျက်ဆီး မယ် ဆိုတာပါပဲ ။
လျို့ ဝှက်ဆန်းကြယ်နယ်ပယ် နှင့် အပြင်နယ်ပယ် တို့ ၏ အချိန်ကွာခြားချက်ဟာ အလွန်ကြီးမားပါတယ် ။ ချန်ရှန် ဟာ အထဲမှာ ၂ လ ကြာနေခဲ့တာ ဖြစ်ပြီး အပြင်မှာတော့ ရက် ၂၀ လောက်ပဲ ကြာသေးတာပါ ။
မကြာခင်မှာပဲ ချန်ရှန် တန်ရိချိုကို တွေ့ လိုက်ရတယ် ။ စစ်မှန်သော သိုင်းပညာဂိုဏ်းမှ ဂိုဏ်းချုပ်ပါ ။ အလွန်ဒေါ သ ထွက်သော မျက်လုံးများဖြင့် ချန်ရှန်အား စိုက်ကြည့်နေ ပါတယ် ။ သူ့ ဘေးမှာတော့ လူကြီးအချို့ ရှိနေတယ် ။ သူတို့ အားလုံး၏ ကိုယ်မှ အလွန်အားပြင်းလှသော ချီဓာတ်များ ထွက်နေတာကို မြင်နိုင်တယ် ။ အားလုံးဟာ နိဗ္ဗာန်အဆင့် ပညာရှင်များ ဖြစ်ပြီး ဒါကိုကြည့်ရင်း ချန်ရှန် အနည်းငယ် စိတ်တွေ လေးလံသွားရပါတယ် ။
ခပ်လှမ်းလှမ်းမှာတော့ လူများစွာ ကြည့်နေကြတယ် ။ အထဲမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို တော့ မသိကြ ပေမယ့် ချန်ရှန် ဂုဒွန်ချန် နောက်မှ ကပ်လိုက်လာတာကို ကြည့်ခြင်းအားဖြင့် စစ်မှန်သော သိုင်းပညာဂိုဏ်းအား တစ်ခုခု စိတ်ဆိုးအောင် လုပ်ခဲ့ပြီဆိုတာကို သိနေကြပါ တယ် ။
တန်ရိချို ဟာ အထဲမှာ ဖြစ်ပျက်ခဲ့သည်များကို မထုတ် ဖော် မပြောကြားခဲ့ပါဘူး ။ အုပ်စုလိုက် အမြစ်ဖြတ် သုတ် သင်ဖို့ ကြိုးစားစဉ်မှာပဲ ချန်ရှန် ဟာ ရုတ်တရက် ပေါ်လာ ကာ အားလုံးကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်ပါတယ် ။ တန်ရိ ချို တစ်ဦးသာ လွတ်မြောက်နိုင်ခဲ့တာ ဖြစ်ပြီး ဒါဟာလည်း ကံကောင်းလို့ပါပဲ ။ ချန်ရှန် တို့လည်း ဒီကိစ္စကို ထုတ်ဖော် မပြောကြားလောက်ဘူးဆိုတာ သူသိနေပါတယ် ။
“ဒါ ပြင်းထန်သော သိုင်းပညာ စီရင်စုပဲ ။ ငါမင်းတို့ကို ပြောထားတယ် ။ ငါတို့မင်းတို့ကို မမြင်ချင်ဘူးလို့လေ ။ မြန် မြန် သွားကြတော့”
ဂုဒွန်ချန် ၏ အသံဟာ မိုးခြိမ်းသံလိုပင် ကျယ်လောင် လှပြီး တန်ရိချို တို့အား စိုက်ကြည့်လျက် ပြောပါတယ် ။
ဆရာကြီး ဝု လက်များဝှေ့ ယမ်းကာဖြင့် လူအချို့ ကို ခေါ်လိုက်တယ် ။ဒီလူတွေဟာ သက်ကြီးခြံဝန်းမှ သက်ကြီး ပညာရှင်များ ပင် ဖြစ်ပါတယ် ။ သူတို့ဟာ ပေါ်လာခဲလှပြီး အားလုံးဟာ အလွန် အစွမ်းကြသူတွေပါ ။
“ချန်ရှန် ကို ကာကွယ်ပြီး ထွက်သွားကြတော့”
ဂုဒွန်ချန် ပြောလိုက်တာပါ ။ ခုနတည်းက သူ့ရှေ့ မှာ ရှိတယ့် လူတွေဟာ အနည်းငယ်သာ ရှိတယ့်အတွက် သူ အနည်းငယ် စိတ်အေးနေပါတယ် ။ သူ ၊ ဆရာကြီး ဝု နှင့် ဆေးဆရာမကြီးတို့ဖြင့်ပင် ရင်ဆိုင်ဖို့ လုံလောက်ပါ တယ် ။
သက်ကြီးပညာရှင်များ ၏ ကာကွယ်မှုဖြင့် ချန်ရှန်ဟာ ထိုနေရာမှ အေးဆေးစွာပင် ထွက်ခွာသွားပါတယ် ။ ဂုဒွန် ချန်နှင့် အဖွဲ့ သား ၂ ဦးတို့ဟာ စောင့်ကြည့်နေကြတာမို့ တန်ရိချိုတို့ဟာ မလှုပ်နိုင် ဖြစ်နေကြတယ် ။ သူတို့ တစ်ခုခု လုပ်တာနဲ့ တိုက်ပွဲကြီး ဖြစ်သွားမှာ အမှန်ပါပင် ။ ချန်ရှန် ဟာ နိဗ္ဗာန်အဆင့် ပညာရှင် ၂ ဦးအား သတ်ဖြတ်ပစ်ခဲ့ ခြင်း အား တန်ရိချို တစ်ယောက် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ ။
“သူတို့ကို လိုက်ဖမ်းကြ ၊ ချန်ရှန်ကို သတ်ပစ်”
တန်ရိချို ကျယ်လောင်စွာ အော်ပြောလိုက်ပါတယ် ။ အလင်းတန်းများ ပျံသန်းလာပြီး ချန်ရှန်တို့ဆီ ဦးတည်လာ ပါတယ် ။
ထိုအရာကို မြင်သော သက်ကြီးပညာရှင်များ အနည်း ငယ်တော့ ထိတ်လန့်သွားကြပါတယ် ။ ပိန်ပိန်ရှည်ရှည် လူ ကြီး ဟာ လေးထောင့်ပုံ အပြားကြီးတစ်ခုအား ထုတ်လိုက် ပါတယ် ။ ထိုအပြားကြီးဟာ အလွန်ပဲ ကြီးမားလှပြီး လူများ စွာကိုပင် တင်ဆောင်နိုင်တယ် ။
“မင်းတို့ ကာပေးထားကြ ၊ ငါ ချန်ရှန်ကို ခေါ်ပြီး ထွက်ပြေးမယ်”
ထို ပိန်ပိန်ရှည်ရှည်လူကြီးဟာ ခပ်လောလော ပြော ဆို လိုက်ပါတယ် ။ချန်ရှန် ကို ဆွဲကာ အပြားကြီးအား ထိန်းချုပ် ရင်း တဟုန်းထိုး ပြေးသွားပါတော့တယ် ။
ထိုအပြားကြီး၏ ပျံသန်းမှုဟာ အတော်ကို မြန်ဆန်လှ ပါတယ် ။ အဆင့်မြင့် ဝိဉာဉ်တော် လက်နက် တစ်မျိုးဖြစ် မည်ဟု ချန်ရှန် ကောက်ချက်ချလိုက်မိတယ် ။ မျက်စိတ မှိတ်အတွင်းမှာပဲ အမည်းရောင်လိပ်တောင် ၏ အဝေးကို ရောက်ရှိသွားပါတော့တယ် ။
“ဆရာကြီး ၊ ဒီပစ္စည်းက အတော် ကောင်းတာပဲ ၊ ဘယ်က ရလာသလဲ”
ချန်ရှန် မေးလိုက်ပါတယ် ။ ထိုပိန်ပိန်ရှည်ရှည် လူကြီး အား ကြည့်လို့နေပါတယ် ။
ချန်ရှန် ယခု လူကြီးကို မသိပါဘူး ။ သို့သော်လည်း ဂိုဏ်းမှ သက်ကြီးပညာရှင်များဟာ အလွန်အစွမ်းထက်လှ တယ်ဆိုတာကိုတော့ သူသိနေတယ် ။
“ဒါက လက်ဆောင် တစ်ခုပဲ”
ထိုလူကြီးက ရယ်မော ပြောဆိုပါတယ် ။
ထိုအချိန်မှာပဲ ချန်ရှန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့် ကာ မျက်မှောင်ကြုတ်လျက် –
“ဒါ ဂိုဏ်းကို ပြန်တယ့် လမ်း မဟုတ်ဘူးထင်တယ်”
ထိုသို့ ပြောအပြီးမှာပဲ ပိန်ပိန်ရှည်ရှည်လူကြီးဟာ ချန်ရှန်၏ စွမ်းအင်သိုလှောင်ရာသို့ ပုံဆောင်ခဲတစ်ခု ပစ် လိုက်ပါတယ် ။ အရိုးများပင် တုန်ခါသွားရပြီး နာကျင်မှု ကြောင့် သူမလှုပ်နိုင်တော့ပါဘူး ။ အတွင်းအပြင် ကလီစာ များအားလုံး ပြောင်းဆန်ကုန်သလို ဖြစ်ကာ ထိုပိန်ပိန် ရှည် ရှည် လူကြီးကို အံ့သြစွာ စိုက်ကြည့်မိနေတယ် ။
ချန်ရှန် ၏ ပါးစပ်မှ သွေးများ အန်ထွက်လာတယ် ။
“ဘာကြောင့်လဲ . . .”
ချန်ရှန် နာကျင်မှုနဲ့ မေးလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset