Switch Mode

Chapter – 177

ဦးရီးတော်လေးရဲ့ ရက်စက်မှု

Chapter – 177 ဦးရီးတော်လေးရဲ့ရက်စက်မှု

ဇန်ဂျူရွှန် ကြောက်မက်ဖွယ် မျက်နာထားဖြင့် ချန်ရှန် ကို ကြည့်နေပါတယ် ။ ချန်ရှန် သတ်လိုက်သော ဂိုဏ်းသား နှစ်ဦးဟာ သားရဲ့ ဂိုဏ်း၏ ထိပ်သီးနှစ်ယောက်ပါ ။ ဒါပေမဲ့ ယခုအခါမှာတော့ စစ်မှန်သော သိုင်းပညာအဆင့်သာ ရှိ သော မှင်စာလေး ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါပြီ ။
ဂုဒွန်ချန်တို့ အဖွဲ့ ကတော့ ပိုမိုအံ့သြနေကြတာပါ ။ အရေးကြီးဆုံး အချိန်မှာမှ အံ့အားသင့်စွာပဲ ၎င်းတို့၏ ဦးရီး တော်လေး ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ် ။ သူတို့ ဦးရီးတော်လေး၏ စွမ်းရည်ကို ပထမဆုံးအကြိမ် အသိအ မှတ် ပြုလိုက်ကြတယ် ။ ဒါကြောင့် ရုတ်တရက်ပဲ ချန်ရှန် ကို ကြိတ်လေးစားသွားကြပါတယ် ။
“ကောင်လေး ၊ ဒီနေ့တော့ ငါမင်းကို သေချာပေါက် သတ်မယ်”
ဇန်ဂျူရွှန် ဒေါသတကြီးကို ပြောဆိုပါတယ် ။ သူ၏ တူကြီးအားလည်း ချန်ရှန်ကို ချိန်ရွယ်ကာ ဝှေ့ ယမ်းလျက် ရှိတယ် ။
ချန်ရှန် က ခနဲ့တဲ့တဲ့ဖြင့် –
“ခင်ဗျားကြည့်ရတာ ဒီလိုနေရာမှာ ခင်ဗျားကျွန်တော့ ကို မနိုင်ဘူးဆိုတာကို မေ့နေတယ် ထင်တယ်”
ချန်ရှန် သူ၏ မိုးပြာနဂါး ဓားကို တင်းတင်းဆုပ်ကိုင်ကာ ဇန်ဂျူရွှန် နဲ့ မျက်နာချင်းဆိုင် ရင်ဆိုင်လိုက်တယ် ။ ဓားသွား ပေါ်မှ ဝိဉာဉ်တော် သွေးကြောများဟာ လက်ခနဲ ဖြစ်သွား ပြီး မိုးပြာရောင်နဂါးကြီး ဓားသွားမှာ ပေါ်လာသလိုပါပဲ ။ ဒါဟာ ချန်ရှန် သူ၏ မိုးပြာနဂါး ချီဓာတ်များအား ထည့်သွင်း လိုက်ခြင်းကြောင့်ဖြစ်ပြီး ကျယ်လောင်လှသော အသံကြီး မှာ ဒေါသထွက်နေသော နဂါးကြီးဟိန်းဟောက်သံနှင့် တူ နေပါတော့တယ် ။
ချန်ရှန် ဟာ နဂါးဒေါသရိုက်ချက် ဆိုသည့် နဂါးခုနစ် ကောင်သတ်ဖြတ်ခြင်း ဆိုသည့် အကွက်များထဲမှ တစ် ကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ် ။ ဒါကို သုံးလိုက် တဲ့ နောက်မှာတော့ ချန်ရှန် ဟာ ဒေါသကြီးသွားသော နဂါး တစ်ကောင်လိုပါပဲ ။ အဆုံးမရှိသည့် မိုးပြာနဂါး ချီဓာတ်များ အား သူ၏ ဓားအတွင်းသို့ ထည့်သွင်းလိုက်တယ် ။
ချန်ရှန် အားပြင်းထန်စွာဖြင့် မိုးပြားနဂါးဓားကို ပိုင်းချ လိုက်ပါတော့တယ် ။ ထိုအချိန်မှာပဲ မိုးပြာရောင် လှိုင်းများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် အလွန် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပါတော့တယ်။
မိုးပြာနဂါးဓားကြီးဟာ ပေါင်သောင်းပေါင်းများစွာ လေး လံနေပြီး မြန်ဆန်သော အဟုန်ဖြင့် ၎င်းလမ်းကြောင်းမှာ ရှိ တဲ့ အရာမှန်သမျှကို ဖယ်ရှားပစ်နေပါတယ် ။ ကျယ်လောင် လှသည့် အသံများဟာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲ ပဲ့တင်ထပ်လျက် ရှိပြီး ဇန်ဂျူရွှန်၏ တူကြီးမှာလည်း ဓား ချက်ကြောင့် ပျက်စီးသွားခဲ့ပြီး ဖြစ်ပါတယ် ။ ကြီးမားလှ သော ဓားကိုယ်ထည်ကြီးဟာ ဇန်ဂျူရွှန်၏ ကိုယ်အား ရိုက် ခတ်သွားပြီး အပေါက်ကြီး ဖြစ်သွားပါတော့တယ် ။ သွေး များဟာလည်း ပြင်းထန်စွာ ထွက်လျက်ရှိပြီး အတော်ကို လူမဆန်လှသော မြင်ကွင်းပါပင် ။
သွေးများစွာ ဟာ လေထဲသို့ ပန်းထွက်နေလျက် လူ တိုင်း စိတ်ထဲမှာတော့ ဇန်ဂျုရွှန် သေပြီဆိုတာ သိလိုက်ကြ ပါတယ် ။
စွမ်းအားကြီးလှသည့် သားရဲဂိုဏ်းချုပ်ကြီးကတော့ လူ ငယ်လေး တစ်ယောက်၏ လက်မှာ သေခဲ့ရပါပြီ ။ ရက်ရက် စက်စက်ကို အသတ်ခံလိုက်ရတာ ဖြစ်ပြီး လူတိုင်းဟာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လျက် ရှိနေကြ ပါတယ် ။ ချန်ရှန် ၏ မျက်နှာမှာ တည်ငြိမ်လျက်ပါပဲ ။ ယခု လို ဂိုဏ်းချုပ်ကြီး တစ်ယောက်အား သတ်ခဲ့တာတောင် ဘာမှ မဖြစ်ခဲ့သလိုပင် အေးအေးဆေးဆေး ပါ ။
တန်ရိချို တစ်ယောက် မျက်နှာ ဖြူဖတ်ဖြူလျော်ဖြင့် လန့်လျက်ရှိပါတယ် ။ သားရဲဂိုဏ်းချုပ်ဟာ သူ့ထက်တော့ အားနည်းသူ မဟုတ်ပါ ။ အခုတော့ ၎င်း၏ ကံကြမ္မာ ဟာ လမ်းဆုံးသွားပြီ ဖြစ်တာကြောင့် သူ့အနေနှင့် သွေးပျက် မတတ်ပါပဲ ။
ဂုဒွန်ချန် ၏ ပုံစံမှာလည်း တည်ငြိမ်လျက်ပါပဲ ။ ချန်ရှန် ကိုဘာကြောင့် ဟွမ်ဂျိရှန် လက်ခံခဲလဲဆိုတာ သူကောင်း စွာ နားလည်သွားပြီ ဖြစ်ပါတယ် ။ ဒီလိုမျိုး စွမ်းအင်ဖြင့် သူတို့တောင် လုပ်နိုင်မည် မထင်ပါပေ ။ သူတို့သာ ချန်ရှန် နေရာ ဆိုပါက ချီတုန်ချတုန် ဖြစ်နေမှာ အမှန်ပါပဲ ။ နောက် ပြီး ဂိုဏ်းချုပ်တစ်ဦးကို သတ်ခြင်းဖြစ်ပြီး ချန်ရှန်ကတော့ မျက်တောင် တစ်ချက် မခတ်ပဲ ရန်သူကို ဓားချက်ဖြင့် သေ သည်အထိ သွေးအေးစွာ ရက်စက်ခဲ့တာပါ ။
ချန်ရှန် ခပ်အေးအေးပင် စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် လွတ်လပ်သော ထာဝရ ပင်လယ် ဂိုဏ်းမှ လူများအား ကြည့်နေတယ် ။ သူ၏ မျက်လုံးများမှာတော့ သွေးဆာနေ သော အရိပ်အယောင် အပြည့်ရှိပြီး သူဟာ နိဗ္ဗာန်အဆင့် ပညာရှင်သုံးဦးအား တုန့်ဆိုင်းခြင်း မရှိပဲ သတ်ဖြတ်ခဲ့တာ ပါ ။
ချန်ရှန် ဒီလို ချီဓာတ်သုံးနိုင်မည်ကို မည်သူ သိပါမည် နည်း ။ နောက်ပြီး သူတို့ဟာလည်း ယခု အမည်းရောင် လိပ် လျို့ ဝှက် ဆန်းကြယ်နယ်ပယ် တွင် ချီဓာတ်များ အသုံးမပြု နိုင်တာကြောင့် ဂိုဏ်းချုပ်ပင် သေသွားရခြင်းဆိုသည်မှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပါချေ ။
စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် ပင်လယ် ဂိုဏ်း တို့ မှာ ကြောက်ရွံ့ နေကြပါပြီ ။ ယခုအချိန် သူတို့ ကိုယ်မှာ ခုခံ စရာ သံချပ် သို့မဟုတ် လက်နက် တစ်ခုခု ရှိနေမယ် ဆိုရင် တောင် ချန်ရှန် နဲ့ ရင်ဆိုင်နေရသည့်အတွက် လွယ်ကူမည် မဟုတ်ပါချေ ။ ဓားပြားကြီးကိုင်ထားသော သွေးဆာနေ သည့် နတ်ဘုရားတစ်ပါးလိုပင် အလွန်ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူတို့ အတွက် နိုင်ဖို့ အခွင့်အရေး မရှိလို့ပါပဲ ။
“ချန် ရှန် မင်းဘာလုပ်ချင်တာလဲ”
ဆရာကြီးဝု တန်ရိချိုထံသို့ လျှောက်သွားသော ချန်ရှန် ကို အလျင်အမြန်ပဲ မေးလိုက်ပါတယ် ။
“တစ်ယောက်မှ အလွတ်မပေးဘူး”
ချန်ရှန် ရက်စက်ဟန်ဖြင့် ပြောကာ ချက်ချင်းပင် လေ ထဲ ခုန်သွားပါတယ် ။
“ချန် ရှန် ၊ မင်းဒီလို လုပ်ရင် မင်းရဲ့ ပြင်းထန်သော သိုင်း ပညာဂိုဏ်းအတွက် ရန်ငြိုး . . .”
စကားပင် မဆုံးလိုက်ပါ ၊ ကောင်းကင်မှ အားကောင်း လှသော ချီဓာတ်များဖြင့် လုပ်ထားသည့် ရွှေရောင် ပုံဆောင်ခဲကြီးတစ်ခု ရုတ်တရက် ပေါ်လာပါတယ် ။ အရှိန် ပြင်းစွာပင် အောက်သို့ ကျလာပြီး ထိုအချိန်မှာပင် တန်ရိချို ဟာ ဝိဉာဉ်တော် မှော်ဓာတ်လုံးတစ်ခုကို ထုတ်လိုက်ပါ တယ် ။ ထို့နောက်မှာတော့ တန်ရိချို အနီရောင်အလင်း တန်း အဖြစ် ပြောင်းလဲသွားကာ လျင်မြန်စွာပင် ဆုတ်ခွာ သွားပါတယ် ။
ကြီးမားလှသော ပုံဆောင်ခဲကြီးမှာ ပြင်းထန်လှသော အားဖြင့် ကျရောက်လာပြီး ဖိအားမှာ ပေါင်သောင်းပေါင်း များစွာ ရှိနေပါတယ် ။ အရှိန်ပြင်းစွာပင် ကျရောက်လာပြီး ပင်လယ်ဂိုဏ်းသားများနှင့် စစ်မှန်သော သိုင်းပညာ ဂိုဏ်း သားတို့ကို ဖုံးလွှမ်းသွားပါတော့တယ် ။ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ပေါက်ကွဲမှုတွေပါ ဖြစ်ပေါ်သွားတယ် ။ ချီ ဓာတ်များ ပေါက်ကွဲမှုကြောင့် ထူထည်းလှသော မြေလွှာ မှာ ကျောက်ခဲများ လွင့်ပျံလျက် အလွန် တုန်လှုပ်ဖွယ်ရာ ပါပဲ ။
အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ် တွင် ချန်ရှန်ကို မည်သူမျှ မလွှမ်းမိုးနိုင်ပါ ။ သူရုတ်တရက်ပဲ သူ၏ ချီဓာတ်များဟာ မကုန်ခမ်းတာကို ခံစားမိလိုက်တယ် ။ သူ ချီဓာတ်များစွာအား အသုံးပြုတာတောင်မှ လျင်မြန်စွာ ပြန် လည် ပြည့်သွားပြီး ယခုနယ်ပယ်ရှိ ဝိဉာဉ်တော်ချီဓာတ် များမှာ သူစိတ်ရှိသလို စုပ်ယူလို့ ရနေသလို ဖြစ်နေပါတယ်
ပုံဆောင်ခဲကြီး ပျောက်ကွယ်သွားပြီး နိဗ္ဗာန်အဆင့် ပညာရှင် ၅ ဦးတို့မှာ ကျိုးပဲ့ကုန်လျက် မြှုပ်နှံခြင်း ခံလိုက်ရ ပါတယ် ။ တစ်ကိုယ်လုံး ရစရာမရှိပဲ ဆိုးရွားစွာ သေဆုံး သွားခဲ့ရပါပြီ ။
မူလကတော့ ၎င်းတို့ဟာ ချန်ဝူနယ်မြေကြီး၏ ထိပ်ဆုံး ဆိုသည့် နေရာမှာ ရပ်တည်နေကြသူများ ဖြစ်ပြီး ယခုအခါ မှာတော့ သေခြင်းတရားကို ရင်ဆိုင်လိုက်ကြရပါတယ် ။ အားလုံးဟာ အရုပ်ကလေးများလိုပါပဲ ။
“တစ်ယောက် လွတ်သွားပြီ”
ချန်ရှန် မြေပေါ်ခပ်ဖြေးဖြေး ဆင်းသက်လာပြီး မျက်မှောင်ကြုတ်ကာ တန်ရိချို ပျောက်ကွယ်သွားသော နေရာကို ကြည့်နေပါတယ် ။
ဂုဒွန်ချန် ၊ ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့ သက် ပြင်းကိုယ်စီ ချလိုက်ကြတယ် ။ နှစ်တစ်သောင်း အတွင်း တခါမှ မကြုံစဖူး ဖြစ်ရပ်ပါပဲ ။ တစ်နေ့ထဲမှာပဲ နိဗ္ဗာန်အဆင့် ပညာရှင်များစွာဟာ သေဆုံးသွားခဲ့ရပြီး တည်ငြိမ်လျက် ရှိ သော ချန်ရှန်ကို ကြည့်ရင်း ၎င်းတို့ပင် လန့်နေမိကြပါတယ်
“လူထူးဆန်းကြီးရဲ့ တပည့်က စွမ်းချက်ပဲ”
ထိုသို့သော အတွေးဟာ ၎င်းတို့ ၏ စိတ်ထဲမှာ ဖြစ်ပေါ် လျက် ရှိနေတယ် ။ ဒါပေမယ့်လည်း သူတို့ ဖြေရှင်းရမည့် ကိစ္စများကို စဉ်းစားမိသည့် အခါမှာတော့ ခေါင်းကိုက်သွား ကြပါတော့တယ် ။
“ဟဲဟဲ ၊ ဦးရီးတော် ပီပီ ကယ်တင်ပေးတယ်နော် ၊ ခင်ဗျားတို့က ကျွန်တော့မြင်တာတောင် မနှုတ်ဆက်ကြ သေးဘူးလား”
ချန်ရှန် ရယ်မော ပြောဆိုလိုက်ပါတယ် ။ သူ၏ ကိုယ်မှ ချီငွေ့ များဟာလည်း လေနှင့် အတူ ပျောက်ကွယ်သွားခဲ့ ပါပြီ ။
“နှုတ်ဆက်ပါတယ် ဦးရီးတော်လေး”
သုံးယောက်သား အရိုအသေ ပြုလိုက်ကြတယ် ။ ချန် ရှန် လည်း ကျေနပ်သွားပြီး ခေါင်းညိမ့်လိုက်ပါတယ် ။
“ထွက်ကြစို့ ၊ ကျွန်တော် အမည်းရောင်လိပ် ချပ်ဝတ် ကို ရပြီးပြီ”
ချန်ရှန် ဂုဏ်ယူဟန်ဖြင့် ပြောလိုက်ပါတယ် ။ ၎င်းတို့ ဟာ ချန်ရှန် ချပ်ဝတ်ကို ရရှိခဲ့လိ့မ်မည်ဟု ဘယ်လိုမှ မမျှော် လင့်ထားပါဘူး ။
သုံးယောက်သား ထပ်မံ အံ့အားသင့်သွားရပြန်ပါပြီ ။ ချန်ရှန် ဘာကြောင့်ချီဓာတ်များ အသုံးပြုနိုင်တာလဲ ဆိုတာ ကိုလည်း နားလည်သွားကြပါတယ် ။ သူတို့၏ ဆရာထံမှ ကြားဖူးသလိုပင် အမည်းရောင်လိပ် ချပ်ဝတ်ကို ရရှိသူဟာ ယခုလျို့ ဝှက်ဆန်းကြယ်နယ်ပယ် တွင် ဘုရင်တစ်ပါး ဖြစ် နေသည် မဟုတ်ပါလော ။
“ဦးရီးတော်လေး ၊ မင်းထွက်သွားရင် ဒုက္ခအကြီးကြီး တွေနဲ့ ရင်ဆိုင်ရလိ့မ်မယ် ။ ဒီမှာတော့ မင်းက တကယ့်ကို ဘုရင်တစ်ပါးပေါ့ ။ ဒါပေမယ့် အပြင်မှာဆိုရင် အပြင်က လူ တွေ အမြင်မှာ မင်းဟာ ပုရွတ်ဆိတ် တစ်ကောင်ထက် မပို ဘူး”
ဂုဒွန်ချန် ပြောလိုက်ပါတယ် ။
ချန်ရှန်ကလည်း ရယ်မောကာဖြင့် –
“အကြီးဆုံး တူတော်လေး ၊ ခင်ဗျားဆိုလိုချင်တာက အပြင်ထွက်ရင် ခင်ဗျားအမြင်မှာ ကျွန်တော်က ပုရွတ်ဆိတ် လား”
ဂုဒွန်ချန် စိတ်ဆိုးဟန်ဖြင့် –
“ငါပြောနေတာ မင်းအပြင်ထွက်ရင် ဒုက္ခရောက်လိ့မ် မယ် ။ ဒီမှာ နေတာ ပိုလုံခြုံတယ်”
ဆေးဆရာမကြီးကလည်း –
“ဂိုဏ်းချုပ်ပြောတာ မှန်တယ် ။ မင်းဒီမှာနေပြီး နိဗ္ဗာန် အဆင့်ရောက်အောင် ကျင့်ကြံတာ အကောင်းဆုံး ဖြစ် လိမ့်မယ် ။ ဒီနေရာမှာရှိတယ့် ဝိဉာဉ်တော် ချီဓာတ်တွေ ဟာ မင်းအဲဒိအဆင့်ကို ရောက်ဖို့ လုံလောက်ပါတယ်”
ချန်ရှန် ခေါင်းကို ခါယမ်းပြီး –
“၀င်ပေါက်ပိတ်သွားရင် ကျွန်တော်က ဘယ်လိုလုပ်က မှာလဲ ။ ဒါ့အပြင် အရင်နဲ့ မတူတာက ဒီလျို့ ဝှက်ဆန်းကြယ် နယ်ပယ်ဟာ ချပ်ဝတ် မရှိတော့တာကြောင့် ဝိဉာဉ်တော် ချီဓာတ်တွေ ဘယ်အချိန် ပျောက်ကွယ်သွားမလဲ ဆိုတာ မသေချာဘူး”
“ခင်ဗျားတို့ ကျွန်တော့ကို ကာကွယ်ရမယ်”
ချန်ရှန် ပြောလိုက်ပါတယ် ။ သူ၏ လက် ၂ ဖက်အား နောက်ပစ်ကာ ဖြင့် –
“ခင်ဗျားတို့ ကျွန်တော့ကို မကာကွယ်နိုင်ရင် ကျွန်တော် ကန့်သတ်နယ်မြေကို သွားရလိ့မ်မယ် ။ ဒါပေ မယ့် ဆရာနဲ့ တော့ နှစ်အကြာကြီးနေမှာ မဟုတ်ဘူး ။ ဒီလူ တွေကို သတ်ခဲ့တယ် ဆိုတာကလည်း ခင်ဗျားတို့ အတွက် သတ်ခဲ့တာပဲ”
ဂုဒွန်ချန် ၊ ဆေးဆရာမကြီး နှင့် ဆရာကြီးဝုတို့ သုံးဦး လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပါ တယ် ။ သက်ပြင်းကိုယ်စီချလျက် သူတို့၏ ဦးရီးတော်လေး အား မကိုင်တွယ် နိုင်တော့ပါချေ ။ ချန်ရှန်ဟာလည်း သူတို့ ကို တကယ်ကို ကယ်တင်ခဲ့တာ ဖြစ်ပြီး ချန်ရှန်သာ ရောက် မလာပါက သူတို့ အသတ်ခံနေရလောက်ပါတယ် ။
ချန်ရှန် အသားစများကြားမှ သိမ်းဆည်းရာလက်စွပ် လေး ကို ကောက်ယူလိုက်တယ် ။ ထို့နောက် သုံးယောက် သားထံသို့ ပစ်ပေးကာ ရယ်မောရင်း –
“ကျွန်တော် ဒါကို မလိုဘူး ။ ဒါကို ကျွန်တော်က ဆုချ တယ်လို့ သဘောထားလိုက်ပါ ။ ခင်ဗျားတို့ ကြိုးစားခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်”
ထိုလက်စွပ်လေးထဲမှာတော့ သလင်းကျောက်များ နှင့် ဆေးအချို့ ရှိနေပါတယ် ။ သို့သော်လည်း ချန်ရှန်ဟာ ဘာမျှ မတွေးတောတော့ပဲ သူ၏ တူတူများအား ဆုချ လိုက်တာပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset