Switch Mode

Chapter – 176

အတိတ်ကိုဖျော်ဖြေခြင်း

Chapter – 176 အတိတ်ကိုဖျော်ဖြေခြင်း

ချန်ရှန် ဆင်းလိုက်ပြီး တောင်ပေါ်ကို သွားလိုက်ပါ တယ် ။ တောင်ထိပ်မှ မြင်ကွင်းကတော့ ခပ်ရှင်းရှင်းပါပဲ ။ နေရာလွတ်မှာ လူ ၁၀ ယောက်လောက်ဟာ ရှိနေကြပါ တယ် ။ အကြည့်တစ်ချက်နဲ့ပင် ထိုလူများအကြား ချန်ရှန် ဟာ ဂုဒွန်ချန် ၊ ဆရာကြီးဝုနှင့် ဆေးဆရာမကြီးတို့အား မြင် လိုက်ရပါတယ် ။ ၎င်းတို့ဟာ လူကိုးယောက် နှင့် ရင်ဆိုင် နေကြရတာ ဖြစ်တယ် ။
ချောမောခန့်ညားသော ဂုဒွန်ချန် ၏ မျက်နှာမှာ ချွေး များဖြင့်နွမ်းနယ်ပုံပေါက်နေပေမယ့် ထီးဟန်နန်းဟန် ဆန် နေစဲပါ ။ ဆေးဆရာမကြီးဟာ သူမ၏ မျက်နှာတွင် မျက်နှာ ဖုံး တပ်ထားတာကြောင့် သူမ၏ အသွင်အပြင်ကိုတော့ မမြင်နိုင်ပါချေ ။ ဆရာမကြီးဝု ကတော့ စိတ်ဓာတ်ကျနေပုံ ပါပဲ ။
လူ ၉ ဦးထဲမှ ၃ ဦးဟာ ပင်လယ်ဂိုဏ်းက ဖြစ်ပြီး ကျန် တယ့် ခြောက်ဦးကတော့ သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်းတို့မှ ဂိုဏ်းချုပ်များနှင့် သက်ကြီး ပညာရှင် များ ဖြစ်ကြပါတယ် ။
ချန်ရှန် ဟာ စာအုပ်တွေထဲမှာ စစ်မှန်သော သိုင်းပညာ ဂိုဏ်းနှင့် သားရဲ ဂိုဏ်းတို့ ၏ ဂိုဏ်းချုပ်များ ပုံအား မြင်ဖူး ထားပါတယ် ။ ဒါကြောင့် မကြာခင်မှာပဲ သူတို့ကို တွေ့ ရှိ သွားတယ် ။ သားရဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ လူကောင်ခပ် ကြီး ကြီး ဖြစ်ပြီး သူ၏ နာမည်ကတော့ ဇန်ဂျူရွှန် ဖြစ်ပါ တယ် ။ တစ်ကိုယ်လုံးတွင် အမွှေးအမျှင်များ ရှိပြီး မုတ် ဆိတ်မွှေး များလည်း အများအပြားပါပဲ ။ ဂေါ်ရီလာလူဝံ ကြီး အလား အစိမ်းရောင်မျက်လုံးအစုံ ဖြင့် အလွန် ကြောက် စရာပါပဲ ။ ကြီးမားလှသော တူကြီးအစုံကို ကိုင်ထားပြီး သားရဲမိစ္ဆာကြီးအလား ဂုဒွန်ချန်တို့အား စိုက်ကြည့်နေပါ တယ် ။
စစ်မှန်သော သိုင်းပညာဂိုဏ်း၏ ဂိုဏ်းချုပ်ကတော့ သက်လတ်ပိုင်းအရွယ် ခပ်သန့်သန့် လူတစ်ယောက်ပါ ။ နာမည်ကတော့ တန်ရိချို ဖြစ်ပြီး အဖြူရောင်ပြောင် ၀တ်ရုံ ကို ၀တ်ဆင်ထားပါတယ် ။ ဓားရှည်တစ်လက်ကိုကိုင်ထား ပြီး ဆံပင်နှင့် မုတ်ဆိပ်ကိုလည်း သပ်သပ်ရပ်ရပ် ဖြီးသင် ထားပါတယ် ။ သားရဲဂိုဏ်းချုပ် နှင့် ယှဉ်ကြည့်ပါက အ တော်ကို ကွာခြားလှတယ် ။
ထိုအချိန်မှာပဲ ဂုဒွန်ချန် ၏ အသံကို ချန်ရှန် ကြားလိုက် ရပါတယ် ။
“ငါတို့ တိုက်နေတာ တော်တော် ကြာပြီ ။ ဆက်တိုက် ကြဦးမှာလား”
“အရူးပဲ ၊ မင်းက သေတော့မှာပါ ။ အတော်ပင်ပန်းနေ ပြီ မလား ၊ မကြာခင် မြေကြီးပေါ် လဲကျပြီး ရှုံးရတော့မှာပါ”
သားရဲ ဂိုဏ်းချုပ်က ပြောပါတယ် ။
“ဟဟ ၊ မင်းတို့က အလကားပါ ။ ငါတို့အခုချိန်ထိ ခုခံ နိုင်နေတာကို ကြည့်ခြင်းဖြင့် မင်းတို့ဟာ အသုံးမ၀င်တဲ့ ကောင်တွေဆိုတာ အသိသာကြီး”
ဆေးဆရာမကြီး ခပ်လှောင်လှောင် ပြောလိုက်ပါတယ်
စစ်မှန်သော သိုင်းပညာဂိုဏ်းချုပ်က ခပ်တည်တည် ဖြင့် –
“ငါတို့ ဒီလို ဆက်တိုက်နေရင် ဘယ်အချိန်တိုက်ပွဲ ပြီး မလဲ ဆိုတာ သိနိုင်မှာ မဟုတ်ဘူး ။ ဒီတော့ ငါတို့ဘက် က သုံးယောက် နဲ့ မင်းတို့ဘက်က တစ်ယောက် နဲ့ တိုက်မယ် ၊ မင်းတို့ နိုင်ရင် မင်းတို့က ငါတို့ထက် ပိုစွမ်းအားကြီးတယ် ဆို တာ လက်ခံပြီး ငါတို့ ဒီက ထွက်သွားပေးမယ်”
ဂုဒွန်ချန် ၏ ပုံစံဟာ အေးစက်သွားသလိုပါပဲ ။ သူုတို့ ဟာ ယခု အတော်ပင် ပင်ပန်းနေပြီ ဖြစ်ပြီး သူတို့သာ သုံး ယောက် တစ်ယောက်တိုက်မည် ဆိုပါက နိုင်ဖို့ အလွန် ခက် ခဲ မှာပါ ။
“ကဲ ငါ့လူတို့ ၊ သွားကြစို့ ၊ ချပ်ဝတ် ကိစ္စကို မေ့လိုက်ကြ ရအောင်”
ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့လည်း ဂိုဏ်းချုပ် သဘောကို လက်ခံလိုက်ကြပါတယ် ။ သူတို့ ဆက်တိုက် မည် ဆိုပါက ဒီနေရာမှာတင် သူတို့ သေသွားနိုင်ပါတယ် ။
“ထွက်သွားချင်နေတာလား ၊ နည်းလမ်းမရှိဘူး”
လူကြီးတစ်ယောက်က ခပ်လှောင်လှောင် ပြောပါ တယ် ။ ထိုလူဟာ ပင်လယ်ဂိုဏ်းမှ ဖြစ်ပြီး ယခုအခါ ၎င်းတို့ ဂိုဏ်းသုံးဂိုဏ်းဟာ တကြိတ်ထဲ တဉာဏ်ထဲ ဆိုတာကို ချန်ရှန် သဘောပေါက်လိုက်မိပါတယ် ။
ဂုဒွန်ချန် နဲ့ သူ့လူများဟာ အတော်ပင် နွမ်းနယ်နေကြ ပြီး ဒါဟာပဲ သူတို့ကို အမြစ်ပြတ် သုတ်သင်ရန် အခွင့်လမ်း ကောင်းတစ်ရပ်ပါပဲ ။ တန်ရိချို နဲ့ ဇန်ဂျုရွှန် တို့ဟာ လည်း ၎င်းတို့အား အမြစ်ဖြတ် ချင်နေကြတာပါ ။ ဒီလူတွေသာ သေသွားပါက ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ခေါင်း ဆောင် မရှိသည့် သိုးအုပ်လို ဖြစ်သွားမှာ ဖြစ်ပြီး ပြင်းထန် သော သိုင်းပညာစီရင်စု ကိုလည်း သိမ်းပိုက်နိုင်မည့် အခွင့် အရေး တစ်ရပ် ဖြစ်ပါတယ် ။
“ချ”
တန်ရိချို အေးစက်စွာ ပြောလိုက်ပါတယ် ။ ထို့နောက် သူ့လက်အောက်ရှိ သက်ကြီးအဆင့် လူနှစ်ဦးအား ဆရာ ကြီး ဝုဆီသို့ ညွှန်ပြကာ ခုန်ဝင်သွားကြတယ် ။ ပင်လယ် ဂိုဏ်းက လူ ၃ ဦးဟာလည်း ဂုဒွန်ချန် ထံသို့ သွားကြကာ ဆေးဆရာမကြီး ထံကိုတော့ သားရဲဂိုဏ်းချုပ်နှင့် သူ့လူများ က သွားကြပါတယ် ။ မကြာခင်မှာပင် ရေကုန်ရေခမ်း တိုက် ခိုက်ကြပါတော့တယ် ။
သူတို့အားလုံးဟာ ချန်ဝူ နယ်မြေကြီး တစ်ခုလုံးရဲ့ အဓိ က ထိပ်သီး သိုင်းပညာရှင်များ ဖြစ်ပေမယ့် ယခုအခါမှာ တော့ ချီဓာတ်များကို အသုံးမပြုနိုင်ပဲ အပြင်ပိုင်း စွမ်းအင် ဖြင့်သာ တိုက်ခိုက်ကြရပါတယ် ။ သို့သော်လည်း ၎င်းတို့ ဟာ စွမ်းအား ကြီးနေဆဲပါ ။ ချန်ရှန် ခန့်မှန်းကြည့်ရသ လောက် ၎င်းတို့ဟာ လက်ရှိ စစ်မှန်သော သိုင်းပညာနယ် ပယ် မှ အဆင့် ၅ ပညာရှင်လောက်ကို ရှိပါတယ် ။
ဂုဒွန်ချန် ၊ ဆရာကြီးဝု နှင့် ဆေးဆရာမကြီး တို့ သုံး ယောက် တစ်ယောက် တိုက်နေပုံမှာ အလွန်ပြင်းထန်ပါ တယ် ။ ဆရာကြီးဝု မှာ ပြင်းထန်သော လက်သီးချက် သုံး ခု လောက်ကို ခံစားထားရပါတယ် ။ ဆေးဆရာမကြီး ၏ အမည်းရောင်း ၀တ်ရုံမှာလည်း စုတ်ပြဲလျက်ရှိပြီး ဂုဒွန်ချန် မှာလည်း လက်ဝါးရိုက်ချက် အမြောက်အများ ခံနေရပါပြီ ၊ ဒီလိုပုံစံအတိုင်း ကြာကြာ ထ်ိန်းထားနိုင်မည် မဟုတ်ပါပေ ၊ ဒါကြောင့်ပဲ ရန်သူများဟာ စိတ်လှုပ်ရှားလျက်ရှိနေကြပြီး ၎င်းတို့၏ တိုက်ကွက်များမှာလည်း ပိုမို ရက်စက်ပြင်းထန် လာကြပါတယ် ။ တစ်ချက်ဆီတိုင်းဟာ အလွန်ပြင်းထန်လှ ပြီး ဒဏ်ရာအနာတရ အတော် ဖြစ်သွားစေမှာပါ ။
ချန်ရှန် ထိုက်ကျိနတ်နဂါး ကျင့်စဉ်ကို လည်ပတ်နေ ရင်း အသက်ပြင်းပြင်းရှူရင်း စိတ်ထဲမှ ကြုံးဝါးလိုက်တယ် ။
“ဘယ်လိုပဲဖြစ်ဖြစ် ငါဟာ သူတို့ရဲ့ သိုင်းပညာ ဦးရီး တော်ပဲ ၊ ဒါကြောင့် ငါသူတို့ အကျိုးအတွက် တစ်ခုခုလုပ်ရ မှာပဲ”
ပြောနေရင်းပင် ချန်ရှန်ဟာ ရုတ်တရက် ပျောက်ကွယ် သွားတယ် ။ သူ၏ အမြန်ဆုံးနှုန်းဖြင့် တောင်ထိပ်ကို သွား လိုက်တာ ဖြစ်ပြီး မကြာမီမှာပင် တိုက်ပွဲရှေ့ သို့ ရောက်ရှိ သွားပါတယ် ။
ထိုအချိန်မှာ ဆေးဆရာမကြီးဟာ သားရဲဂိုဏ်းက လူ သုံးဦးနှင့် ရင်ဆိုင်နေရတာ ဖြစ်ပြီး သူမ အနေဖြင့် ခုခံဖို့ အ တော်ကို ခက်ခဲသည့် အခြေအနေပါ ။ သားရဲဂိုဏ်းချုပ် ဟာ သူ၏ အလွန်ကြီးမားလှသော တူကြီးဖြင့် လျင်မြန်စွာ ထု ရိုက်လိုက်ပါတယ် ။ ဆရာမကြီးဟာ ထိုရိုက်ချက်ကို ရှောင် တိမ်းလိုက်နိုင်ပြီး တခြား လူ ၂ ဦး၏ ဓားဖြင့်ထိုးတာကိုလဲ ရှောင်လိုက်ပါတယ် ။ တစ်ခုခုအမှားယွင်း မဖြစ်သွားပါက သူမကို အတော် အထိနာသွားစေမည် ဖြစ်ပါတယ် ။
သားရဲဂိ်ုဏ်းသား တစ်ဦးဟာ ရုတ်တရက် ဓားတစ် လက်ကို ထုတ်လိုက်တယ် ။ မမျှော်လင့်ပဲ ဒုတိယ ဓားတစ် လက် ဖြစ်နေပြီး ဒါဟာ လှည့်ကွက်ပါပဲ ။ ထိုသူလည်း ဆရာ မကြီး၏ ရင်ဘတ်အား ထိုးလိုက်ပါတော့တယ် ။ ထိုဓား ချက် ဆရာမကြီးအား ထိုးမိလုနီးနီး အချိန်မှာပဲ ပြင်းထန်လှ သည့် ချီဓာတ်များ ရောက်ရှိလာပြီး ၎င်းချီဓာတ်များဟာ အလွန်ပင် စွမ်းအားကြီးလှကာ ကြောက်မက်ဖွယ်ရာပါပဲ ။ နဂါးတစ်ကောင် ကမ္ဘာကြီးကို မွှေနှောက်လိုက်သလိုပင် တိုက်ပွဲအား ၀င်ရောက် တိုက်ခတ်သွားပါတယ် ။
ထိုအချိန်မှာပဲ လူတိုင်းရဲ့ အကြည့်ဟာ ဆေးဆရာမ ကြီး၏ ဘေးကို ရောက်ရှိသွားတယ် ။ သူတို့အားလုံး ငယ် ရွယ်တဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ကြရပြီး ထိုပုံရိပ်ဟာ မိုးပြာ ရောင် အငွေ့ များထွက်နေသော ဓားတစ်လက်ကို ကိုင် ထားပါတယ် ။
“ချန်ရှန် ၊ မင်း လက်မြောက်လိုက်”
သားရဲဂိုဏ်းချုပ် ရုတ်တရက် ကြုံးဝါးလိုက်တယ် ။ သို့ သော်လည်း ချန်ရှန် ၏ ဓားဟာ ရက်စက်စွာပင် သက်ကြီး ပညာရှင်၏ ခါးအား ထိမှန် သွားပါတော့တယ် ။ ချွန်မြလှ သော ချီလှိုင်းများလိုက်ပါလျက် ထိုလူကြီးဟာလည်း စူးစူး ဝါးဝါး အော်ဟစ်ကာ ချန်ရှန် ၏ ခါးမှ ၂ ပိုင်းပိုင်းဖြတ်ခြင်း အား ခံလိုက်ရပါတယ် ။
ချန်ရှန် ဓားကြီးအား နောက်တစ်ကြိမ်မြောက်ကာဖြင့် ဇန်ဂျုရွှန် ထံသို့ ချိန်ရွယ်လိုက်တယ် ။ လူတိုင်းဟာ ချန်ရှန် တစ်ယောက် အတော် ဒေါသထွက်နေတာကို တွေ့ နေကြ ရတယ် ။ အမဲလိုက်ခြင်းနှင့်ဆိုင်သော ချီဓာတ်များ သူ၏ ကိုယ်မှ ထွက်လာပြီး သူ၏ စွမ်းအင်သိုလှောင်ရာရှိ ချီဒြပ် စင် ၅ ခုတို့ဟာလျင်မြန်စွာပင် ပေါင်းစပ်သွားကြတယ် ။ စကြာဝဠာ ချီဓာတ်များအဖြစ် ပြောင်းလဲပြီး မိုးပြာနဂါး ဓား အတွင်းသို့ ထည့်သွင်းလိုက်ပါတယ် ။ ကောင်းကင်မှာ လက်ခနဲ ဖြစ်သွားပြီး ပိုင်းချလိုက်ပါတော့တယ် ။
ဇန်ဂျုရွှန် သူ၏ ကြီးမားလှသော တူကြီးအား မြှောက် လျက် ချန်ရှန် ၏ ခုတ်ပိုင်းမှုအား ခုခံလိုက်တယ် ။ သို့သော် လည်း ပေါင်သောင်းပေါင်းများစွာ အလေးချိန်သူ့ကို ဖိချ တာကို ခံစားလိုက်ရပြီး သူ၏ ခြေနှစ်ဖက်လုံးမှာ မြေကြီးထဲ နစ်မြုပ်သွားပါတော့တယ် ။ ထိုအချိန်မှာပဲ ဆေးဆရာမကြီး ဟာ သူမ၏ ဓားကိုမြောက်ကာ ဇန်ဂျူရွှန်၏ ရင်အုံသို့ ထိုးချ လိုက်ပါတယ် ။ ကျန်ရှိနေသည့် သားရဲဂိုဏ်းသာတစ်ဦး ဟာ ကောင်းကင်ပေါ်မှ ခုန်ချလာပြီး ချန်ရှန်အား ဓားဖြင့် ချိန်ရွယ်လျက် ရှိတယ် ။
“သတိထား”
ဆေးဆရာမကြီး သတိပေးလိုက်တယ် ။ ဇန်ဂျုရွှန် မှာ ဓားဖြင့် ထိုးခြင်း ခံထားရသော်လည်း သူ့မှာ အားအင်တော့ ရှိနေပါသေးတယ် ။ သူ၏တူကို ဝှေ့ ယမ်းကာဖြင့် ဆေးဆ ရာမကြီးထံ ပစ်လွှတ်လိုက်တယ် ။ ချန်ရှန်ကို ဆေးဆရာမ ကြီး ကူညီမပေးနိုင်အောင်ပါ ။
ချန်ရှန် ဟာ ဇန်ဂျုရွှန်ကို အဆုံးမသတ်လိုက်နိုင်ပဲ ဓား ဖြင့် ထိုးခြင်း ခံလိုက်ရပါတယ် ။ ဒါပေမယ့်လည်း ဓားဟာ သူ၏ကိုယ်အား ဖောက်ဝင်သွားနိုင်ခြင်း မရှိပါချေ ။ အ မည်း ရောင်လိပ် ချပ်ဝတ်၏ ကာကွယ်ဟန့်တားမှုကြောင့် ပါပဲ ။
ရွှေရောင်အလင်းတန်းတစ်ခု ချန်ရှန် ဘယ်ဖက်လက် သီး မှ ထွက်ပေါ်လာပြီး သူ၏လက်ကောက်ဝတ်မှာတော့ ချီဓာတ်များ ထွက်နေပါတယ် ။ နဂါးငွေ့ များအဖြစ်သို့ ပြောင်းလဲကာ လက်သီးချက်အား ပစ်သွင်းလိုက်တယ် ။ သူ၏ လက်သီးချက်ဟာ သားရဲဂိုဏ်းသား၏ ရင်အုံသို့ ထိမှန် သွားပြီး ကျယ်လောင်သော အသံကြီး မြည်ဟည်း သွားပါတယ် ။ တောင်တစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားကာ သားရဲဂိုဏ်းသားလည်း စူးစူးဝါးဝါးကို အော်ဟစ်သွားပါ တော့တယ် ။ ထိုလူ၏ ရင်ဘတ်မှာတော့ ကြီးမှာသော အ ပေါက်ကြီး ဖြစ်ပေါ်နေပုံမှာ ထိတ်လန့်ဖွယ်ရာပါပဲ ။
ချန်ရှန်၏ လက်သီးတစ်ချက်ဖြင့်ပင် သားရဲဂိုဏ်းသား မှာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တာပါ ။ ထို့နောက် ခြေ တလှမ်းလှမ်းကာ နောက် သားရဲဂိုဏ်းသားဆီသို့သွားပြီး ထိုလူ၏ ခေါင်းအား လက်ဝါးစောင့်ဖြင့် ခုတ်ချလိုက်ပါတယ် သွေးများဟာ လျှံထွက်သွားပြီး ဇန်ဂျုရွှန် ၏ ကိုယ်သို့ပင် စင်ကုန်ပါတော့တယ် ။
ချန်ရှန် နောက်ထပ် သားရဲဂိုဏ်းမှ သက်ကြီးပညာရှင် တစ်ဦးအား သတ်လိုက်ခြင်း ဖြစ်ပါတယ် ။ ၎င်း ပညာရှင် ၂ ဦးလုံးမှာ နိဗ္ဗာန်အဆင့် ပညာရှင်များပါ ။ အတော်ကိုလဲ သန်မာကြပြီး ယခုချန်ရှန်ရှေ့ မှာတော့ သူတို့ဟာ မြက်ပင် လေးများလိုပါပဲ ။ ၃ ဦးရှိသည့် အနက် ၂ ဦးမှာတော့ သေ ဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ် ။
ချန်ရှန် ဆေးဆရာမကြီးနားသို့ လှမ်းလာတယ် ။ ဇန်ဂျူ ရွှန် ၏ မျက်လုံးများမှာ နီရဲလျက်ရှိပြီး မြေကြီးပေါ်ရှိ အ လောင်း ၂ လောင်းကို ကြည့်ရင်း ဒေါသကြောင့် တုန်လို့ နေပါတယ် ။ သူ၏ ခေါင်းကို လှည့်ကာ မီးဝင်းဝင်းတောက် သော မျက်လုံးများဖြင့် ချန်ရှန် အား ကြည့်ကာ –
“ချန်ရှန် . . . မင်း . . .”
ဂုဒွန်ချန် နှင့် ဆရာကြီး ဝု တို့မှာ ချန်ရှန် ရုတ်တရက် ပေါ်လာမှုကြောင့် အလွန်အံ့သြနေကြပါတယ် ။ ဒါ့အပြင် ချန်ရှန် ချီဓာတ်များကို အသုံးပြုလို့ရနေပြီး သားရဲဂိုဏ်းမှ ပညာရှင် ၂ ဦးအား မျက်စိတမှိတ်အတွင်းပင် သတ်လိုက် တာပါ ။ ဂုဒွန်ချန် နှင့် ဆရာကြီးဝု တို့လည်း သူတို့တိုက်ခိုက် မှုများကို ရပ်တန့်ကာ ဆေးဆရာမကြီး၏ ဘေးသို့ ရောက် ရှိလာတယ် ။ ထိုအချိန်မှာတော့ စစ်မှန်သောသိုင်းပညာ ဂိုဏ်းနှင့် ပင်လယ်ဂိုဏ်းသားတို့ စိတ်ထဲတွင်တော့ လန့်နေ ကြပါတယ် ။ သူတို့အားလုံး တစုတစည်းထဲနေလိုက်ကြပြီး ချန်ရှန် တိုက်ခိုက်မည်ကို စိုးရိမ်လို့ပါ ။
သူတို့အားလုံး ချန်ရှန် အဘယ်ကြောင့် ချီဓာတ်များ အသုံးပြုလို့ရတာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြပါ တယ် ။ သာမန်အားဖြင့် သူတို့ဟာ ချန်ရှန် ကို လက်ချောင်း တစ်ချောင်းဖြင့်ပင် သတ်နိုင်ကြတာပါ ။ သို့သော်လည်း အခုအခါမှာတော့ ချန်ရှန်ဟာ သူတို့ထက် များစွာ စွမ်းအား ကြီးနေသည် မဟုတ်ပါလား ။
ချန်ရှန် ဇန်ဂျုရွှန်အား အေးစက်စွာကြည့်နေတယ် ။ သူ၏ကိုယ်မှ အမဲလိုက်ခြင်းနှင့် ဆိုင်သော ချီဓာတ်များ ဟာ လည်း ပြင်းထန်စွာထွက်နေပြီး လူတိ်ုင်း၏ ရင်ထဲထိကို ပြန့် နှံ့နေသလိုပါပဲ ။ ၎င်းတို့အားလုံး အသက်ရှူမရသလိုပင် ဖြစ်ကာ ဒါဟာ သူတို့အတွက် ချန်ရှန် အလွန်အားကြီးနေ တာကို ပထမဆုံးအကြိမ် ကြုံတွေ့ ရတာပါ ။
ချန်ရှန် သူ၏ မိုးပြာနဂါးဓားကြီးအား တင်းတင်း ဆုပ် ကိုင်ထားပါတယ် ။ လွန်ခဲ့သော နှစ်တစ်သောင်းက သူ၏ ဆရာ ဟွမ်ဂျိရှန် ဟာ သားရဲဂိုဏ်း ဂိုဏ်းချုပ်ကို သတ်ခဲ့တာ ဖြစ်ပြီး ယခု ဒီနေ့မှာလည်း ၎င်းသားရဲဂိုဏ်း ၏ ဂိုဏ်းချုပ် အသစ်အား သတ်ဖြတ်ဖို့အခွင့်အရေးတစ်ရပ် သူ့မှာ ရရှိ လာခဲ့ပြီ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset