Chapter – 175 လျို့ ဝှက်ဆန်းကြယ်နယ်ပယ်ကိုကြီးစိုးခြင်း
“ချန်ရှန် ၊ မင်းဘာလုပ်တာလဲ”
လူကြီးတစ်ယောက်က တုန်တုန်ရီရီဖြင့် ပြောပါတယ် ။ ချန်ရှန် သနားစိတ်ဝင်အောင် လုပ်ပြောတာလည်း ဖြစ်နိုင် ပါ တယ် ။ စွမ်းအားကြီး လူတွေပင် ချန်ရှန် လက်အောက် ကျရှုံးရတာကြောင့် သူတို့ဟာ ကြောက်ရွံ့ လို့နေပါတယ် ။
ခုနကပဲ လူအားလုံးဟာ ချန်ရှန်ကို ခြိမ်းခြောက်ပြီး ပြေး လာကြပေမယ့် အခုအခါမှာတော့ သူတို့ဟာ သေလူတွေ လို ဖြစ်နေကြရပါပြီ ။ သူတို့ မျက်နှာမှာ ကြောက်ရွံ့ မှုများ နှင့် အားငယ်မှုများ အပြည့်ပါပဲ ။
“ကျွန်တော် ခင်ဗျားတိုိ့ကို သတ်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ခင်ဗျားတို့ အားလုံးကို အမှိုက်တွေ ဖြစ်အောင် လုပ်မယ် ။ အုပ်စုဖွဲ့ အနိုင်ကျင့်တယ့် အရသာက ဘယ်လို ရှိလဲဆိုတာ သိအောင် လုပ်ပေးမယ် ။ နာကျင်မှုဆိုတာ ဘယ်လိုလဲဆိုတာ သိအောင် လုပ်ပေးမှာပါ”
ချန်ရှန် ဒေါသတကြီး အော်ပြောလိုက်ပါတယ် ။
ပြင်းထန်လှသည့် ချီဓာတ်များ သူ့ဆီမှ ပေါက်ကွဲ ထွက် လာပြီး ကျွန်းတစ်ခုလုံး တုန်ခါသွားပါတယ် ။ လူတစ်ရာ လောက်ရှိသည့် လူအုပ်ကြီးမှ လူတစ်ယောက်ချင်းစီဟာ သွေးပျက်မတတ်အော်ဟစ် နေကြတယ် ။ မြေကြီးပေါ် လူး လှိမ့်ကာဖြင့် သွေးများထွက်လျက် ညည်းတွားနေကြတယ် ၊ လူတိုင်းဟာ ကြောက်ရွံ့ မှု နှင့် ဒေါသကို တချိန်တည်း ခံစားနေကြရတယ် ။ ဒါပေမယ့်လည်း သူတို့ ဘာမျှ မလုပ် နိုင်ကြပါချေ ။
အားလုံးဟာ ဒုက္ခိတ နီးပါး ဖြစ်နေကြပြီး ၎င်းတို့ရှိ ချီဓာတ်များကိုလည်း ချန်ရှန်ဟာ ဖျက်ဆီးနေလျက်ရှိတယ် ၊ တခဏအတွင်းမှာပင် သူတို့ ကျင့်ကြံအားထုတ်ခဲ့မှု များ ဟာ အလဟသ ဖြစ်သွားရသလို ၎င်းတို့၏ စွမ်းအင် သို လှောင်ရာဟာလည်း ပျက်ဆီး သွားခဲ့ပါပြီ ။ ၎င်းတို့ ပြန် လည်ကျင့်ကြံအားထုတ်လို့ ရတောမည် မဟုတ်ပဲ ထိုခံစား ချက်ဟာ ၎င်းတို့အတွက် သေတာထက်ပင် ဆိုးရွားမှာပါ ။
ယခုလူတွေထဲတွင် မြင့်မြတ်သော နယ်ပယ် ၃ ခုကို ၀င်ရောက်ထားသည့်သူများ အနည်းငယ် ပါဝင်ပါတယ် ။ ၎င်းတို့အားလုံးလည်း ချန်ရှန်၏ ဒေါသတကြီး တုန့်ပြန် မှု များကြောင့် ဒုက္ခိတ ဖြစ်ကြရပါပြီ ။
“ချန်ရှန် ၊ ငါတို့ ပင်လယ်ဂိုဏ်းသားတွေ မင်းကို ခွင့် မလွှတ်ဘူး”
ပင်လယ်ဂိုဏ်းမှ လူကြီးတစ်ဦးဟာ ဒေါသတကြီး ပြော ဆိုပါတယ် ။ သူ၏ မျက်လုံးများမှာ ဒေါသများ ပြည့်လို့နေ ပါတယ် ။
ချန်ရှန် ဘယ်လိုကြောင့်လဲတော့ မသိပါချေ ။ သူယခု လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ထဲမှာ ရောက်နေခိုက် သူ၏ စွမ်းအားများဟာ အပြင်မှာထက် ပိုမို ပြင်းထန်နေသလို ခံ စားလိုက်ရတယ် ။ ထူးဆန်းစွာပင် ဝိဉာဉ်တော် ချီဓာတ် များအား သူအလိုရှိသလို အသုံးပြုလို့ ရနေပါတယ် ။ ဒီလို ထူးခြားလှတယ့် ဖြစ်စဉ်ဟာ ချပ်ဝတ် ကို ရရှိခြင်းနှင့် ဆက် စပ်နေလိ့မ်မည်ဟု သူထင်နေပါတယ် ။
“ချန်ရှန် ၊ အစကတော့ သားရဲဂိုဏ်းဟာ မင်း ပြသနာ ရှာတဲ့အတွက် မင်းကို အလိုရှိတယ့် စာရင်းသွင်းခဲ့တာ ဖြစ် တယ် ။ ဒါပေမယ့် အခုတော့ မင်းဇာတ်သိမ်းပြီ ။ ငါတို့ သားရဲဂိုဏ်းဟာ မင်းကို ငါတို့ရဲ့ အကြီးမားဆုံး ရန်သူ အဖြစ် သတ်မှတ်လိုက်ပြီ ။ မင်းစောင့်နေပါ ၊ ငါတို့ ဂိုဏ်း ချုပ်ဟာ မင်းကို လိုက်သတ်လိ့်မ်မယ်”
သားရဲဂိုဏ်းသား တစ်ဦးက ဒေါသတကြီး အော်ဟစ်ပါ တယ် ။
“အဲဒိတော့ ဘာဖြစ်လဲ ၊ ခင်ဗျားက အမှိုက်သာသာပဲ ဟာ ၊ ကျွန်တော် ခင်ဗျားတို့ကို သတ်သတ် မသတ်သတ် ခင်ဗျားတို့အားလုံး အမှိုက် ဖြစ်သွားမှာပဲ ၊ ဒါတောင် ပါးစပ် သရမ်းနေသေးတယ်”
ချန်ရှန် စကားကြောင့် လူအုပ်ကြီးဟာ တုန်လှုပ်သွား ကြတယ် ။ သူတို့ကိုယ်သူတို့ အနာဂါတ်မှာ ဘယ်လိုနေရ မလဲ မသိအောင်ပင် စိတ်ဓာတ်ကျနေကြပုံပါ ။
“ချန်ရှန် ၊ မင်းငါတို့ကို သတ်တာပိုကောင်းမယ် ၊ ဒီလို မှ မဟုတ်ရင် ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်းကို ပြန် သွားပြီး ဂိုဏ်းချုပ်ကို တိုင်ရလိမ့်မယ် ။ အဲဒိကျ မင်းအပစ် ပေးခံရမှာပဲ ၊ ငါတို့ ဟာ တစ်ဂိုဏ်းထဲသား အချင်းချင်း တွေ ပဲ ငါတို့ကို မင်းက ဒီလို ရက်စက်မလို့လား”
လူတစ်ယောက်က အော်ပြောပါတယ် ။
လူအုပ်ကြီးထဲမှာ ပြင်းထန်သော သိုင်းပညာဂိုဏ်းက လူအချို့ လည်း ကျန်နေသေးတာပါ ။ ချန်ရှန် နဂိုထဲက သိ ပေမယ့်လည်း သူသနား ညှာတာမည် မဟုတ်ပေ ။
“ကျွန်တော် ခင်ဗျားတို့ကို ကြိုပြောတယ်လေ ၊ ခင်ဗျား တို့က လောဘတွေ အရမ်းတက်နေကြတာကိုး ၊ ခင်ဗျား တို့သာ လောဘမကြီးခဲ့ရင် ဒီလိုတွေ ဖြစ်လာစရာ မရှိဘူး”
ချန်ရှန် အေးစက်စက် ပြောလိုက်ပါတယ် ။ ထို့နောက် သူ၏ အနီရင့်ငှက် မီးတောင်ပံများအား ထုတ်ကာ တစ်ဖက် ကမ်းသို့ ပျံသန်းသွားပါတော့တယ် ။
လူတစ်ချို့ ရေပြန်ကူးလာကြတယ် ။ ထိုအထဲမှ အချို့ ဟာ စစ်မှန်သော သိုင်းပညာဂိုဏ်း ၊ သားရဲဂိုဏ်း နှင့် ပင် လယ် ဂိုဏ်းမှ လူများဖြစ်ပါတယ် ။ သူတို့ဟာ ကြောက်ရွံ့ နေကြပြီး သူတို့ သာ ချန်ရှန် ပြန်ဖို့ ပြောတုန်းက မပြန်ခဲ့ပါ က သူတို့လည်း ကမ်းစပ်မှ လူများလို လဲကျနေရလောက် ပြီ ဖြစ်ပါတယ် ။
ချန်ရှန် ဒီလိုဒဏ်ရာရ လဲကျနေသူတွေ ရဲ့ အကျိုးဆက် ကို ကောင်းကောင်း သိပါတယ် ။ ဒါပေမယ့်လည်း သူ နောင်တ မရပါ ။ လူအုပ်လိုက်ကြီး သူ့ကို သတ်ဖို့ ကြိုးစား တာကို သူ သနားနေစရာ မလိုအပ်ပါချေ ။
လျူမန်ဂါ နှင့် သူ့ဂိုဏ်းသားများဟာ ချန်ရှန် နဲ့ အတော် အဝေးဝေးကို ရောက်နေပါပြီ ။ သူအမြန်ပျံသန်းကြည့်ရှု သော်လည်း အရိပ်ယောင်ပင် မတွေ့ ပါချေ ။ ထို့နောက် မှာတော့ ဆက်လက် ပျံသန်းသွားပါတော့တယ် ။ ဒီလူတွေ ဘာကြောင့် ဒီကျွန်းကို လာကြသလဲ ဆိုတာ နားမလည် နိုင်အောင် ဖြစ်နေပါတယ် ။ သားရဲများစွာ ရှိနေတာတောင် မှပေါ့ ။
ချန်ရှန် ကုန်းမြေကို ကြည့်နေမိတယ် ။ ရှုခင်းက သူ မြင်နေကျနဲ့ မတူပဲ ကွဲပြားနေတာကို သူတွေ့ လိုက်ရပါ တယ် ။ သားရဲ များ၏ အရိပ်အယောက်ကိုလည်း မတွေ့ ပေ မယ့် ရုတ်တရက် လှေငယ်လေးတစ်စီး မြစ်ထဲ အလွန် လျင်မြန်စွာ သွားနေတာကို တွေ့ လိုက်ရပါတယ် ။
ချန်ရှန် လှေပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်တယ် ၊ လျူမန်ဂါ၏ ခေါင်းတစ်ခုလုံးအား အမည်းရောင် အ၀တ် ဖုံးလွှမ်းထားပြီး မျက်လုံးသာ ချန်ထားပါတယ် ။ သို့သော် လည်း သူမ၏ မျက်လုံး အနေအထားအရ တစ်ခုခုကို စိုးရိမ် လျက် ရှိတယ်ဆိုတာ သိနိုင်တယ် ။
“ဘယ်လို ဖြစ်တာလဲ”
ချန်ရှန် ခပ်မြန်မြန် မေးလိုက်ပါတယ် ။
“ကိစ္စအတော်များများ ဖြစ်သွားတာပဲ ။ မင်းတို့ ဂိုဏ်း က ထိပ်သီး သုံးယောက် နဲ့ စစ်မှန်သော သိုင်းပညာဂိုဏ်း ရယ် သားရဲ ဂိုဏ်းက ပညာရှင်တို့ တိုက်ခိုက်ကြတယ် ။ လူများစွာဒီထဲဝင်လာကြတယ့် အခါ ချီဓာတ် အသုံးမပြု နိုင်တာကို သိတယ့်အတွက် ပြန်ထွက်သွားတယ် ။ တချို့ လည်း ကျန်သေးတာပေါ့ ။ ရှန်းရှန်း ကတော့ ၀င်မလာဘူး”
လျူမန်ဂါ ပြန်ပြောပါတယ် ။
“ဒါဆို အေးဆေးပေါ့”
ချန်ရှန် သက်ပြင်းချလိုက်ပါတယ် ။
“ငါကြားတာတော့ မင်းတို့ဂိုဏ်းက ထိပ်သီး ၃ ယောက် ခံနေရတယ် ကြားတယ် ။ နောက် လမ်းတလျှောက် လွတ် လပ်သော ထာဝရပင်လယ် ဂိုဏ်းဆိုတာကိုလည်း ကြားမိ သေးတယ်”
လျူမန်ဂါ ပြောဆိုပါတယ် ။
သူမဟာ ချန်ရှန် ကို စိုးရိမ်နေမိတယ် ။ ချန်ရှန် ခုနက လူများကို သနားညှာတာလိမ့်မှာမဟုတ်ဘူး ဆိုတာကို သိ နေတယ် ။ ဒီလိုလုပ်လိုက်ခြင်းဖြင့် ချန်ရှန် ကို အဆိုပါ ဂိုဏ်း များမှ ရန်ငြိုးဖွဲ့မှာကို စိုးရိမ်တာပါ ။ သူ့ကို ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ စောင့်ေ၇ှာက်ထားပြီး ဘယ်သူမှ မထိရဲ တာ မှန်ပေမယ့်လည်း ယခုအခါမှာ ထိုဂိုဏ်း၏ ထိပ်သီး ၃ဦး ဟာ ခံနေရတယ့်အတွက် ချန်ရှန် အတွက် စိုးရိမ်စရာ ပါပဲ ။
“အမတော် မန်ဂါ ၊ ခင်ဗျား အရင်က ဒီ ပင်လယ် ဂိုဏ်း ဆိုတာကို ကြားဖူးလား”
ချန်ရှန် မေးလိုက်ပါတယ် ။
လျူမန်ဂါ ခေါင်းခါယမ်းပြီး –
“စောင့်ဦး ၊ ငါမင်းတို့ ဂိုဏ်းကို ကူညီပေးပါ့မယ် ။ ဒါပေ မယ့် ငါရဲ့ ပုံစံ အစစ်အမှန်ကို ချပြလို့ မဖြစ်ဘူး ။ ဒီလိုမှ မဟုတ်ရင် ဒီကိစ္စဟာ ငါ့ နတ်လက်နက်အင်ပါယာ ရဲ့ ပြည် သူတွေကို ပါ ထိခိုက်စေလိ့မ်မယ်”
ချန်ရှန် ခေါင်းညိမ့်ကာ ရယ်မောလိုက်ပြီး –
“အမတော်မန်ဂါ ၊ ခင်ဗျား ကျွန်တော့ကို ဒီ အမည်း ရောင်လိပ် လျို့ ၀ှက်ဆန်းကြယ် နယ်ပယ် မှာသာ ထားခဲ့ စမ်းပါဗျာ ၊ ဒီက ပြသနာတွေ အားလုံး ကျွန်တော် ကြည့်လုပ် လိုက်မယ် ၊ ဟဲဟဲ”
ချန်ရှန် နတ်လက်နက် အင်ပါယာ၏ ဧကရီ ဖြစ်သူ လျု မန်ဂါဟာ အင်ပါယာတစ်ခုလုံး ၏ အရေးပါ အရာရောက် ဆုံးသော သူဆိုတာ သိပါတယ် ။ အဆိုပါ အင်ပါယာ ၏ အင်အားစုဟာ တစ်ဦးတည်းအပေါ် မှီခိုတာမဟုတ်ပါဘူး ၊ နိုင်ငံသားတိုင်းအပေါ် မှီခိုတာ ဖြစ်တာကြောင့် သူမသာ ရန် ငြိုးဖွဲ့ ခြင်း ခံရပါက သူမ၏ ပြည်သူတွေပင် နစ်နာထိခိုက် မည် ဖြစ်ပါတယ် ။
ချန်ရှန်ဟာ ချီဓာတ်များကို အသုံးပြုနိုင်ပြီး နတ်လက် နက် ၂ ခုကိုလည်း ပိုင်ဆိုင်ထားတာကြောင့် လျူမန်ဂါ တခ ဏမျှ စဉ်းစားပြီး လေသံတီးတိုးဖြင့် မေးလိုက်ပါတယ် ။
“မင်းအစီအစဉ်က . . .?”
သူမ စကားဆုံးအောင် မပြောလိုက်ပါဘူး ။
အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ကို ၀င်ရောက်ပြီးသည့်အခါ မည်သူမျှ ချီဓာတ်များအား အသုံး မပြုနိုင်ပေ ။ ချန်ရှန် တစ်ယောက်သာလျှင် အသုံးပြုနိုင်တာ ပါ ။ သူ၏ လက်ရှိ အင်အားနှင့် နှိုင်းယှဉ်မည် ဆိုပါက ဂိုဏ်း ချုပ်များပင် သူ့ကို နိုင်နိုင်မည် မဟုတ်ပါ ။ အဆိုပါ ဂိုဏ်းချုပ် များဟာ ၎င်းတို့၏ အပြင်ပိုင်း စွမ်းအင်ကိုသာ အားပြုနေ ကြရတာ ဖြစ်ပါတယ် ။
ထိုလူတွေဟာ နှစ်ပေါင်းများစွာ ၎င်းတို့၏ ချီဓာတ်များ ကို ကျင့်ကြံခဲ့တာဖြစ်ပြီး သူတို့ လေ့ကျင့်တယ့်အခါ သူတို့ ရဲ့ ကိုယ်ကိုလည်း အနည်းနှင့်အများတော့ သန်မာစေမှာ ပါပဲ ။ ၎င်းတို့ ကိ်ုယ်ဟာ နတ်မိစ္ဆာ ခန္ဓာကိုယ် အဆင့် ငါး သို့ မဟုတ် ခြောက် လောက်တော့ ရှိလိ့မ်မည်ဟု ချန်ရှန် ခန့် မှန်းမိပါတယ် ။ သူ့မှာ မိုးပြာနဂါး နတ်မိစ္ဆာ ဓားသွားနှင့် အမည်းရောင်လိပ် ချပ်ဝတ် ရှိနေပြီး စွမ်းအားပြင်းထန်လှ သည့် သူ၏ ချီဒြပ်စင် ၅ ခုမှ စကြာဝဠာ ချီဓာတ်ကိုလည်း အသုံးပြုလို့ ရနေပါတယ် ။ ဘယ်လိုအဆင့် ထိပ်သီး ဖြစ် နေပါစေ သူကြောက်စရာလိုမည် မဟုတ်ပေ ။
“အမတော် မန်ဂါ ၊ အခု အခြေအနေက တော်တော် ကို အရေးကြီးနေပြီ ။ နောက် ဒါကျွန်တော့ဂိုဏ်းရဲ့ ကိစ္စပဲ ၊ ကျွန်တော်တို့ ဘာသာပဲ ဖြေရှင်းနိုင်ပါတယ်”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ် ။ ယခုအခါမှာ သူသေ ချာပေါက် ပြသနာတွေကို ဖန်တီးတော့မှာပါ ။ ချက်ချင်းပင် အဆိုပါ ဂိုဏ်းချုပ်ထိပ်သီးများနှင့် တိုက်ခိုက်ချင်လှပါပြီ ။
လျူမန်ဂါ သက်ပြင်းချကာ –
“မင်းမှာ အချိန်ရှိရင် နတ်လက်နက် အင်ပါယာကို လာပြီး ငါ့ကို လာရှာပါ ။ ဒီတိုကင်ပြားက မင်းကို ငါတို့ အင် ပါယာမှာ အစစအရာရာ အဆင်ပြေစေလိမ့်မယ်”
ချန်ရှန် ရွှေရောင်အပြားလေးကို ယူပြီး ပြုံးကာဖြင့် –
“အဲဒိအချိန်ကျ ၊ ခင်ဗျားနဲ့ သိပ်ရင်းရင်း နှီးနှီး မနေဘူး နော် ၊ ရှန်းရှန်း မနာလိုဖြစ်လိမ့်မယ်ဗျ”
လျူမန်ဂါ ၏ လှပသော မျက်နာလေး နီသွားကာ အေးစက်စက်ဖြင့် ပြန်ပြောပါတယ် ။
“မြန်မြန်သာသွားပါ ၊ မင်းဂိုဏ်းချုပ်ကို ကူလိုက်ဦး”
ချန်ရှန် သိရသလောက် ဂုဒွန်ချန် နှင့် တခြားလူများ ဟာ ဒီနေရာရှိ နေရာလွတ်တစ်ခုမှာ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ် ။ သူတို့ဟာ အချိန်ကြာမြင့်စွာ တိုက်ခိုက်နေကြ တာဖြစ်ပြီး သူအကျိုးမြတ်များစွာ ရရှိသည့် ကာလတည်း က ဖြစ်ပါတယ် ။
ချန်ရှန် ကောင်းကင်မှာ ပျံသန်းသွားတာကို ကြည့်ရင်း လျူမန်ဂါ သက်ပြင်းချလိုက်မိပါတယ် ။ ယခုအမည်းရောင် လိပ် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ထဲတွင် ဖြစ်ပွားသွားခဲ့ သည့် ချန်ရှန်နှင့်ပတ်သတ်သော အရာအားလုံးဟာ ယုံနိုင် ဖွယ်ရာပင် မရှိပါချေ ။ သူမကိုယ်တိုင်လည်း အိပ်မက်လိုပင် ခံစားနေရပြီး တချိန်တည်းမှာပင် တခုခုကို သတိရနေသလို ရှင်းမပြနိုင်သည့် ခံစားမှုမျိုး သူမရင်ထဲ ဖြစ်ပေါ်နေလျက် လည်း ရှိပါတော့တယ် ။
ခပ်လှမ်းလှမ်းရှိ တောင်ထိပ်နားမှာတော့ တိုက်ခိုက် သံများဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့ လွင့်နေပါတယ် ။ လက်နက်အချင်းချင်း ထိခိုက်သံများဖြစ်ပြီး ပေါက်ကွဲသံ များလည်း တခါတရံ ထွက်လာပါတော့တယ် . . . ။