Chapter – 174 ဖျက်ဆီးခြင်း
လျူမန်ဂါ ဒီလိုတောင်ပို့ထဲမှာ ငရဲဝိဉာဉ်တော်မြက် ရှိ နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ အတော်လည်း ကြီး မားပါတယ် ။ သူမ ရေထဲမှလျင်မြန်စွာ တက်လာနေသော လူအုပ်ကြီးကို ကြည့်ကာ အော်လိုက်တယ် ။
“ချန်ရှန် ၊ မြန်မြန်လာ”
လာနေသော လူအုပ်ကြီးဟာ လမ်းတစ်လျှောက် သား ရဲများအား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေရာသို့ အမည်းရောင် ချပ်ဝတ်အား ရှာဖွေရန် ရောက်ရှိလာခြင်းပါ ။ ဒါပေမယ့် သူ တို့ဟာ ချီဓာတ်များ သုံးလို့ မရတာကြောင့် နည်းနည်းတော့ အခက်ကြုံနေကြတယ် ။ သူတို့ ရှေ့ မှာ ချန်ရှန်က ငရဲဝိ ဉာဉ်တော်မြက်နှင့် သားရဲဆေးတို့အား ယူသွားသည်ကို ကြည့်ရင်း မနာလို ဖြစ်နေကြပါတော့တယ် ။
“ဒါ ငရဲ ဝိဉာဉ်တော်မြက်ပဲ ၊ မြန်မြန်ချထားလိုက် ချန် ရှန် ၊ ဒီလိုမှမဟုတ်ရင် မင်းရဲ့ အသက်ကို ငါယူရလိ့မ်မယ်”
လူတစ်ယောက်ဟာ အသံကျယ်လောင်စွာဖြင့် ခြိမ်း ခြောက် ပြောဆိုပါတယ် ။ သူတို့ယုံကြည်နေတာကတော့ ချန်ရှန် ဟာ ချီဓာတ်များအသုံးမပြုနိုင်တာကြောင့် အလွန် အားနည်းမယ်လို့ပါပဲ ။ နောက်ပြီး သူတို့က အများကြီး မ ဟုတ်ပါလား ။
ချန်ရှန် ငရဲဝိဉာဉ်တော်မြက်အား သိမ်းပြီး လှည့်ကာ လူအုပ်ကြီးအား ရယ်ပြလိုက်ပါတယ် ။
“ငါက ဘာလို့ ချရမှာလဲ ၊ ငါက ဒီနေရာကို အရင် ရောက်ပြီး တွေ့ တာလေ ၊ ဒါ့ကြောင့် ငါ့ဟာပဲ”
လူတွေဟာ ချန်ရှန် ဘယ်လိုလုပ် ဒီနေရာကို အလွန် လျင်မြန်စွာ ရောက်လာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေ ကြတယ်။ ဒါပေမယ့်လည်း လူများစွာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲသို့ ၀င်ရောက်လာကြသည့်အတွက် ဘယ်သူ တွေ ရောက်နေလဲ ဆိုတာ မသိနိုင်ကြပါဘူး ။ ယခုအချိန် သူတို့ ခေါင်းထဲ ရှိတာက ငရဲ ဝိဉာဉ်တော်မြက်နှင့် သားရဲ ဆေး ဒါဇင်ပေါင်းများစွာပါပဲ ။ ချန်ရှန် ဟာ အရင်ရှာတွေ့ သူ သာ ဖြစ်ပေမယ့်လည်း ၎င်းတို့အတွက် ထိုကိစ္စဟာ အရေး မကြီးလှပါဘူး ။ သူတို့ဟာ လုယူနေချင်ကြတာ ဖြစ်ပြီး တကယ်လို့ ယခုသာ ချီဓာတ်များ အသုံးပြုလို့ ရမယ် ဆိုပါ က ဘယ်သူက အားနည်းတယ် အားကြီးတယ် ဆိုတာကို ပြောရခက်မှာပါ ။
ချန်ရှန် ထိုလူ သုံးလေးရာလောက်ကို စိုက်ကြည့်နေပါ တယ် ။ အများစုဟာ ဂိုဏ်းနောက်လိုက်တွေ ဖြစ်ပြီး အများ အားဖြင့် စစ်မှန်သော သိုင်းပညာဂိုဏ်းက လူများသာ ဖြစ် ကြတယ် ။ အနည်းစုမှာ စစ်မှန်သော သိုင်းပညာ အဆင့် ၃ သို့ ရောက်ရှိနေကြသော်လည်း သူတို့ဟာ ချီဓာတ်များ အသုံးမပြုနိုင်တာကြောင့် အပြင်ပိုင်းအားအင် သာ ရှိမှာပါ။
လူအုပ်ကြီးဟာ ကမ်းစပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အသက် ၀၀ ရှူနေကြပါတယ် ။
ထိုအချိန်မှာ လျူမန်ဂါ ရွှေရောင် အပြားတစ်ခုကို ထုတ် လိုက်တယ် ။ ထို အပြားပေါ်မှာတော့ စာလုံးများ ထွင်းထား ပါတယ် ။ ကောင်းကင်ဘုံ နတ်လက်နက် အင်ပါယာ ဟုပြီး ဖြစ်တယ် ။
“နတ်လက်နက် အင်ပါယာက ဂိုဏ်းသားတို့ မင်းတို့ အားလုံး ပြန်ကြတော့”
သူမ အေးစက်စက် ပြောလိုက်တယ် ။
ထိုအပြားကို ကြည့်ပြီးနောက် လူ နှစ်ဆယ် သုံးဆယ် လောက်ဟာ ချက်ချင်းပင် ရေထဲသို့ တစ်ယောက်ပြီး တစ် ယောက် ပြန်ဆုတ်ခွာသွားကြပါတယ် ။ သူတို့ဟာ ဒီလို တို ကင်ပြား ဘယ်သူ့ရှိမှာ ရှိလဲဆိုတာကို သိကြပြီး ချက်ချင်း ကို ဆုတ်ခွာသွားကြတာ ဖြစ်ပါတယ် ။
အံ့အားသင့်ဖွယ်ပါပဲ ။ ထိုလူများအကြားမှာ ပြင်းထန် သော သိုင်းပညာဂိုဏ်းမှ လူများစွာဟာလည်း ပါနေပါသေး တယ် ။ ချန်ရှန်လေး အေးစက်စက်ပင် –
“ပြင်းထန်သော သိုင်းပညာဂိုဏ်းသားတို့ မင်းတို့ကလဲ ငါ့ဆီက လုဖို့ အစီအစဉ် ရှိနေကြတာလား”
ချန်ရှန် သည်လည်း ဂိုဏ်းသားတစ်ဦးဖြစ်ပြီး သူဟာ အဆင့် ၄ ဆေးပညာရှင် တစ်ဦးဖြစ်သည့်အပြင် စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင် တစ်ဦးပါ ။ ၎င်းတို့ဟာ ချန်ရှန် ၏ အကြောင်းကို ကောင်းကောင်း သိကြ တာကြောင့် နောက်ထပ် လူ ၃၀ လောက်ဟာလည်း ဆုတ်ခွာသွားကြပြန်ပါတယ် ။ ဒါပေမယ့်လည်း ဂိုဏ်းတူ အချင်းချင်းကို လုချင်နေသေးသော ဂိုဏ်းသား အနည်း ငယ် တော့ ရှိနေပါသေးတယ် ။
“အမတော်မန်ဂါ ခင်ဗျား ဂိုဏ်းသားတွေကို မောင်း ထုတ်လိုက်တုန်းက ရှန်းရှန်းကို မတွေ့ မိဘူးလား”
ချန်ရှန် သူ့ရင်ထဲမှာ စိုးရိမ်နေပါတယ် ။ လျူမန်ဂါလည်း ထို့အတူပင် စိုးရိမ်နေတာ ဖြစ်ပြီး သူမ ထိုကဲ့သို့ စိုးရိမ်နေ ပေမယ့် ချန်ရှန် အနားကတော့ ထွက်ခွာခြင်း မရှိပါချေ ။
“မသိတော့ဘူး ၊ မင်းဒီလူတွေကို ဘယ်လိုလုပ်မလဲ”
လျူမန်ဂါ သူမ၏ နတ်အတွင်းအား အာရုံကို အသုံးပြု ကာ ပြောလိုက်ပါတယ် ။
“မြန်မြန်သွားရှာပါ ၊ ကျွန်တော် အတော် စိုးရိမ်နေပြီ ။ ကျွန်တော် က ချီဓာတ်အသုံးပြုလို့ရတယ် ၊ ခင်ဗျားတောင် ကျွန်တော့ကို အခုချိန် မနိုင်နိုင်ဘူး”
ချန်ရှန် လေးလေးနက်နက် ပြောလိုက်ပါတယ် ။
လျူမန်ဂါ မျက်မှောင်ကြုတ်သွားတယ် ။ချန်ရှန် ဟာ ယခုအခါ အမည်းရောင်လိပ် ချပ်ဝတ် နှင့် မိုးပြာနဂါးဓား အား ပိုင်ဆိုင်နေရုံသာမက ချီဓာတ်များလည်း အသုံးပြုလို့ ရနေပါတယ် ။ သူမအနေဖြင့် သူ့ကို စိုးရိမ်စရာမရှိတော့ပါ ။ ချန်ရှန် ဒီလိုတွေကို မနိုင်ဘူး ဆိုရင်တောင်မှ သူ့အနေဖြင့် ပျံသန်းပြေးလွှားလို့ ရသည် မဟုတ်ပါလော ။
ချန်ရှန် ၏ အကြိမ်ကြိမ် အခါခါ တိုက်တွန်းမှုကြောင့် လျူမန်ဂါလည်း ကမ်းစပ်သို့ ပြေးကာ သူတို့ အတူစီးလာ သော လှေအား စီးနှင်းသွားပါတယ် ။
“ဒီအမျိုးသမီးကို မလွတ်စေနဲ့”
လူတစ်ယောက် ဓားတစ်လက်ကို ထုတ်ကာ လျူမန်ဂါ ဆီ ပြေးသွားပါတယ် ။ သို့သော်လည်း သူသိပ်မပြေးမိခင် မှာပင် ချန်ရှန်ဟာ သူ၏ ရှေ့ မှ ပေါ်လာကာ ထိုလူနှင့် မျက်နှာချင်း ဆိုင် လိုက်ပါတယ် ။ ခပ်ပြင်းပြင်း လက်သီး တစ်ချက် ထိုလူ၏ ရင်ဘတ်အား ပစ်သွင်းလိုက်ပါတော့ တယ် ။ ချန်ရှန် ဟာ ယခု သူ၏ စကြာဝဠာ ချီဓာတ်များအား အသုံးပြုခြင်းဖြစ်ပြီး ထိုချီဓာတ်များဟာ အရောင်မရှိတာ ကြောင့် မမြင်နိုင်ပါဘူး ။ အလွန်တော့ ပြင်းထန်လှပါတယ်။ လက်သီးတစ်ချက် နှင့်ပင် ထိုလူဟာ ငယ်သံပင် ပါသွားပါ တော့တယ် ။
လူတိုင်းဟာ ချီဓာတ် အကာအကွယ် မရှိသောကြောင့် ဒီလိုချန်ရှန် ၏ ပြင်းထန်လှသည့် လက်သီးအား မည်သူမျှ ခုခံနိုင်မည် မဟုတ်ချေ ။
“ငါ့ကို ရှာဖို့ သတိရပါ”
လျူမန်ဂါ ခပ်တိုးတိုးပြောပြီး လှေငယ်လေးအား ခပ် မြန်မြန် လှော်ခတ်သွားပါတော့တယ် ။
ထိုအချိန်မှာပဲ ချန်ရှန် ဟာ သူ၏ နတ်အတွင်းအား အာရုံကို အသုံးပြုပြီး ရေဓာတ်ပါဝင်သော ချီဓာတ်ဖြင့် ရေ အား တွန်းလိုက်ပြီး လှေမြန်ဆန်စွာ သွားနိုင်ရန် လုပ်ပေး လိုက်ပါတယ် ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက် ကွယ် သွားပါတော့တယ် ။
“ချန်ရှန် ၊ မင်း . . . မင်း အဆင့် ၅ စစ်မှန်သော သိုင်းပ ညာရှင်ကို သတ်လိုက်တယ် ။ အဲလူက ငါတို့ စစ်မှန်သော သိုင်းပညာဂိုဏ်းကကွ”
လူကြီးတစ်ယောက်က ဒေါသတကြီး အော်ဟစ်ပါ တယ် ။
“အဲဒိတော့ ဘာဖြစ်လဲ ၊ ကျွန်တော့ မိတ်ဆွေကို တိုက် မယ့်လူဟာ ကျွန်တော်နဲ့ ရင်ဆိုင်ရမှာပဲ”
ချန်ရှန် ခနဲ့တဲ့တဲ့ ပြောလိုက်ပါတယ် ။
“ခင်ဗျားတို့ မသေချင်ရင် ပြန်လှည့်ကြ ၊ ကျွန်တော့ ပစ္စည်းတွေကိုတော့ လာလုဖို့ မကြိုးစားနဲ့ ။ မျှော်လင့်ချက် ကို ရှိမှာမဟုတ်ဘူး”
ချန်ရှန် လက်သီးလေး တစ်ချက် ဖြင့် အဆင့် ၅ စစ်မှန် သော သိုင်းပညာရှင်ကို သေမတတ် ခံစားစေလိုက်တာ ကို ကြည့်ရင်း လူတိုင်းဟာ ချန်ရှန် ဘယ်လောက် သန်မာ တယ် ဆိုတာ မြင်နေကြရပါတယ် ။ လူတစ်ချို့ ဆုတ်ခွာ သွားကြပြီး ရေထဲဆင်းကာ ကူးခတ်သွားကြပါတယ် ။
အခုအခါ ကမ်းစပ်မှာတော့ လူတစ်ရာလောက်သာ ကျန် ပါတော့တယ် ။ ၀တ်ရုံများဝတ်ဆင်ထားသည့် လူ ၃၀ လောက်ကိုတော့ ချန်ရှန် ရင်းနှီးနေသလို ခံစားနေရပါ တယ် ။
“လွတ်လပ်သော ထာဝရ ပင်လယ် ကလူတွေပါလား”
ချန်ရှန် အနည်းငယ် အံ့သြသွားပါတယ် ။ ဒီလို နေရာ ကို ရောက်လာနိုင်တာကို ကြည့်ခြင်းဖြင့် ၎င်းတို့ ၏ အားက လည်း မသေးလှပါချေ ။ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ လွတ်လပ်သော ထာဝရပင်လယ် ဂိုဏ်းသား ၃၀ ဖြစ်ပါ တယ် ။ ၎င်းတို့၏ စွမ်းအားများဟာ ခြုံကြည့်မည် ဆိုပါက မဆိုးလှချေ ။ တခြားဂိုဏ်းမှ ယခုနေရာသို့ ရောက်လာ သည့် လူတောင် အနည်းငယ်ပဲ ရှိပါတယ် ။
စစ်မှန်သော သိုင်းပညာဂိုဏ်း နောက်လိုက်များ၏ ချီ ဓာတ်များမှာ ထူးဆန်းစွာ သန့်စင်လျက် ရှိပါတယ် ။ သားရဲ ဂိုဏ်းသားများ၏ ချီဓာတ်များကတော့ အနက်ရောင်ဆန်ပြီး မိစ္ဆာချီဓာတ်များပါပင် ။ ဒါတွေဟာ ကျင့်ကြံသော သိုင်းပ ညာကျင့်စဉ်များနှင့် ဆိုင်ပါတယ် ။ ဒါကြောင့်ပင် လူအုပ်ကို ကြည့်ပြီး လွယ်ကူစွာ ခွဲခြားနိ်ုင်နေပါတော့တယ် ။
လွတ်လပ်သော ထာဝရပင်လယ် နောက်လိုက် ၃၀ တို့ ၏ ဘေးမှာတော့ စစ်မှန်သော သိုင်းပညာဂိုဏ်းနှင့် သားရဲ ဂိုဏ်းတို့ ရှိနေကြပါတယ် ။ ထိုဂိုဏ်းသုံးခု လုံးဟာ ချန်ရှန် ကို အလိုရှိနေကြတာဖြစ်ပြီး သူတို့ဟာ ချန်ရှန်ကို အတော် မုန်းနေကြသူပါ ။ ချန်ရှန် ကို သတ်ချင်နေကြတာဖြစ်ပြီး ဆုငွေ ထုတ်ယူချင်ကြပါသေးတယ် ။
“မင်းတို့အားလုံး ငါ့ပစ္စည်းတွေကို လုချင်တာလား”
ချန်ရှန် ခနဲ့တဲ့တဲ့ မေးလိုက်ပါတယ် ။
“ငါတို့ မင်းတစ်ခုခု ရထားတာကို မြင်လိုက်တယ် ။ ငါတို့ ခွဲဝေ ယူကြမလို့ပဲ ၊မင်း မြန်မြန် ငါတို့ကို ပေးသင့်နေ ပြီနော်”
လွတ်လပ်သော ထာဝရ ပင်လယ်ဂိုဏ်းမှ သက်လတ် ပိုင်းအရွယ် လူတစ်ဦးက ဆိုပါတယ် ။
“ခင်ဗျားတို့ မြင်လိုက်ကြတာ ကျွန်တော့ ချီးပဲ ဖြစ်လိမ့် မယ် ၊ ဘာလဲ မြည်းကြည့်ချင်ကြလို့လား”
ချန်ရှန် ယုတ်ယုတ်မာမာ ပြောလိုက်ပါတယ် ။ ဒီလို ပြောတာကို ကြားတယ့် အခါ ဝိုင်းရယ်ကြပြီး –
“စိတ်ကြီးဝင်နေတယ့် ကောင်လေး ၊ ဒီနေ့ ငါတို့ ပင် လယ်ဂိုဏ်းသားတွေ ဘယ်လောက်စွမ်းလဲဆိုတာ မင်းကို ပြမယ်”
ထိုသက်လတ်ပိုင်းအရွယ် လူ ရုတ်တရက် ဒေါသထွက် လာပုံပါ ။ ဓားကို ဝှေ့ ယမ်းကာ ချန်ရှန် ဆီသို့ ပစ်လိုက်ပါ တယ် ။ ချန်ရှန်လည်း ခြေလှမ်းလှမ်းကာဖြင့် ရှောင်တိမ်း လိုက်ပါတယ် ။ ထိုအချိန်မှာပဲ ပင်လယ် ဂိုဏ်းသားများ ဟာ ချန်ရှန် ဆီသို့ တဟုန်ထိုး သွားကြပါတော့တယ် ။ ဒါကို မြင် နေကြရသည့် တခြားဂိုဏ်းသားများဟာလည်း တခြားလူ ရ သွားမှာကို မလိုလားသောကြောင့် အလျင်မြန်ပင် တိုက် ခိုက်ရန် ပြေးသွားကြပါတယ် ။
ချန်ရှန် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်ပါ တယ် ။ လူတိုင်းဟာ ချန်ရှန် ဆီမှ ရုတ်တရက် ချီဓာတ် များ ပေါက်ကွဲ ထွက်လာတာကို မြင်လိုက်ကြရပြီး အလွန်အား ပြင်းလှတာကိုလည်း တွေ့ လိုက်ကြရပါတယ် ။ ပြင်းထန်လှ သည့် စွမ်းအားကြောင့် လူတိ်ုင်းဟာ သူတို့ရဲ့ ခြေလှမ်းများ ကို ရပ်တန့်လိုက်ကြပြီး ကြောက်ရွံ့ မှုများကိုလည်း ၎င်းတို့ ၏ မျက်နှာမှာ အထင်းသား ပေါ်နေကြပါတယ် ။ ချန်ရှန် ဟာ သူ၏ ချီဓာတ်များအား အသုံးပြုနိုင်နေတာဖြစ်ပြီး အလွန်ပဲ စွမ်းအားကြီး ပြင်းထန်လှတာကို သိရှိသွားကြတယ် ။
ချန်ရှန် ၏ မျက်လုံးများဟာ နီရဲလျက် ရှိနေပါတယ် ။ သူ၏ စကြာဝဠာချီဓာတ်များအား စုစည်းလိုက်ပြီး အမဲလိုက်ခြင်း နှလုံးသားကျင့်စဉ်ကို ကျင့်လျက် ကြောက် မက်ဖွယ် အငွေ့ များ ထွက်လို့ နေပါတော့တယ် ။ ထိုအငွေ့ များကြောင့် ၎င်းတို့ဟာ အသက်ရှူဖို့ပင် ခက်ခဲနေကြပြီး ကျွန်းတစ်ခုလုံးပင် အငွေ့ များ ပြည့်လို့ နေပါတယ် ။ ရေထဲ ရှိ လူများဟာလည်း အလားတူပင် ထိတ်လန့်တုန်လှုပ်နေ ကြပါတယ် ။ ၎င်းတို့ဟာ ခပ်ဝေးဝေးမှာ ရောက်ရှိနေကြပေ မယ့် ချန်ရှန် ထုတ်လွှတ်သော ချီဓာတ်များအား ခံစားမိနေ ကြရဆဲပါ ။ အားလုံးဟာ ချီဓာတ်ကို အသုံးမပြုနိုင်ကြတာ မို့ ၎င်းတို့ဟာ ချန်ရှန့်ရှေ့ မှာ ပုရွတ်ဆိတ်လေးများလိုပါပဲ ။
“ဟားး ဟားးး ၊ ခင်ဗျားတို့ ကျွန်တော့ကို သတ်ချင်ကြ တယ်မလား ၊ လာလေ . . . လာကြ”
ချန်ရှန် ရယ်မောနေတယ် ။ သူ၏မျက်နှာမှာ ရက်စက် မှုများပြည့်နေပြီး သူ၏ မျက်လုံများမှာလည်း သွေးဆာနေ သည့်အသွင် ဆောင်နေပါတယ် ။ ၎င်းတို့အားကြည့်နေ ခြင်းကြောင့် အားလုံးဟာ ကြောက်လန့်လို့နေတယ် ။
လူတစ်ရာလောက်ရှိသည့် လူအုပ်ကြီးဟာ မလှုပ်နိုင် ဖြစ်နေကြတယ် ။ ချန်ရှန်ဟာ သူ၏ ချီဓာတ်များကို တောင် တစ်လုံးကဲ့သို့ ဖိအားမျိုး ဖန်တီးကာ ၎င်းတို့အား ဖိထားခြင်း ပါ ။ အချို့ ဆိုလျှင် သွေးများအန်လျက် ဒဏ်ရာများ ရရှိနေ ကြပြီ ဖြစ်ပြီး အားလုံးဟာ ကြောက်ရွံ့ နေကြပါပြီ ။ ချန်ရှန် ၏ စွမ်းအားကို အားလုံးနားလည်သဘောပေါက်နေကြပြီး ချန်ရှန် ၏ အကြည့်တစ်ချက်ဖြင့်ပင် သေလို့ရနေတာပါ ။
“ချန်ရှန် ၊ မင်းငါတို့ကို သတ်ရင် သားရဲဂိုဏ်းဟာ ကမ္ဘာ ကြီး ပျက်သုဉ်းတဲ့ထိ မင်းကို လိုက်သတ်နေမှာပဲ”
လူငယ် တစ်ယောက်က ပြောပါတယ် ။ ထို့နောက်မှာ တော့ ထိုလူငယ်ဟာ သွေးများအန်ထွက်လာပြီး ဒူး ထောက် ကျသွားပါတယ် ။ တုန်လှုပ်စွာဖြင့် ကြည့်ရင်း –
“ချန်ရှန် . . . မင်း . . . မင်း ငါ့ စွမ်းအင်သိုလှောင်ရာ ကို ဖျက်ဆီးလိုက်ပြီ ။ နှစ်သုံးရာလောက်ကျင့်ကြံ ခဲ့တာတွေ သွားပါပြီ ။ ချန်ရှန် ၊ ငါမင်းကို သေချာပေါက် သတ် . . .”
ထိုမျှလောက်သာ ပြောနိုင်ပြီး ထိုလူငယ်ဟာ သွေးများ ထပ်မံ အန်ထွက်လျက် မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ် လဲ ကျသွားပါတော့တယ် . . . ။