Switch Mode

Chapter – 173

မြေသြဇာကောင်းသည့်ကျွန်း

Chapter – 173 မြေသြဇာကောင်းသည့်ကျွန်း

ချန်ရှန် လျင်မြန်စွာပင် ခုန်ပျံသွားကာ အကြောတစ် ထောင်ပင်နှင့် ဆေးဖက်ဝင်သတ္တုသစ်သီးပင် တို့ရှိ အသီး များအား ခူးလိုက်ပါတယ် ။ ထို့နောက်ဂရုတစိုက်ပင် မြေ ကြီးပေါ်ချကာ ထားလိုက်တယ် ။ ဒါတွေကို သူဆေးဘုရင် ခြံဝန်းထဲ စိုက်ချင်လို့ပါပဲ ။
“အမတော် မန်ဂါ ၊ အဖြူရောင်ကျောက်စိမ်းရိုး မြက် နဲ့ တခြား ဆေးဖက်ဝင် အပင်တွေကို ကူခူးပေးပါဦး ၊ မြန်မြန် လုပ်နော် မဟုတ်ရင် ဟိုကောင်တွေ ရောက်လာနိုင်တယ်”
ချန်ရှန် လောပေးလိုက်တယ် ။
လျူမန်ဂါ ခပ်တိုးတိုး ညည်းလိုက်ပြီး ဒါဟာ သူမကို ပထမဆုံးအကြိမ် အမိန့်ပေးခြင်း ခံလိုက်ရတာပါပဲ ။ သို့ သော်လည်း သူမဟာ ဆေးပင်များကို စတူးပါတယ် ။ သူမ အတွက်တော့ ဒီဆေးပင်တွေကို တကယ်ကို မလိုအပ်ပါ ။ ဒါပေမယ့် ချန်ရှန်ဟာ သူမကို များစွာ ကူညီခဲ့တာဖြစ်ပြီး ယခင်တည်းက ချန်ရှန်ကို သူမ တစ်ခုခု ပြန်လည် လုပ်ပေး ချင်ခဲ့တာပါ ။
ချန်ရှန်၏ လက်မှ အဖြူရောင်အလင်းတန်းတစ်ခု လျင် မြန်စွာ ပျံသန်းသွားပြီး ချစ်စဖွယ် ယုန်လေး တစ်ကောင် ဖြစ်သွားပါတယ် ။ ဆေးပင်များပေါ် ပြေးလွှားရင်း ၎င်းယုန် ထိလိုက်သည့် အရာများဟာ မျက်စိတမှိတ်အတွင်း ပင် ပျောက်ကွယ်သွားကြပါတော့တယ် ။
“ငရှုပ်မလေး ၊ ဘာလို့ထွက်လာတာလဲ”
ချန်ရှန် အလျင်အမြန် ငေါက်လိုက်တယ် ။ လောဘကြီး လှသည့် နဂါးမလေးဟာ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ ပဲ ဆေးပင်များ ရှိရာကို ထွက်သွားလို့ပါ ။ ကံကောင်းစွာပင် ချန်ရှန် ဟာ တန်ဖိုးကြီး ဆေးပင်များစွာအား စုဆောင်းပြီး ပြီ ပဲ ဖြစ်ပါတယ် ။
“ကျွန်မ မအောင့်နိုင်တော့ဘူး ၊ အတော်ကို အရသာ ရှိတာကိုး ၊ မအောင့်နိုင်တော့ဘူး”
လောင်ဆုရီ စိတ်လှုပ်ရှားစွာ အော်ပြောပါတယ် ။
ယခုနေရာမှာ အဓိကအားဖြင့် ဒြပ်စင်ဆေး နှင့် အဖြူ ရောင် ကျောက်စိမ်းဆေး ပြုလုပ်ရာမှာ ပါဝင်သော ဆေး ပင်များ ပေါက်ရောက်တာ များပါတယ် ။ ထိုထဲမှာမှ အဖြူ ရောင်ကျောက်စိမ်းဆေး ပစ္စည်းများမှာ ပိုမိုပင် များပြားပါ သေးတယ် ။ အဓိကအားဖြင့်တော့ အလယ်လတ်အဆင့် နှင့် အဆင့်မြင့် ဝိဉာဉ်တော်အမျိုးအစား ဆေးပင်များပင် ဖြစ်ပါတယ် ။
“ဒါ ဝိဉာဉ်လွှင့်မြက်ပဲ”
ချန်ရှန် အဖြူရောင်မြက်အခွေလေးကို ကြည့်ြ့ပီး စိတ် လှုပ်ရှားစွာ ပြောပါတယ် ။ ယခုမြက်ဟာ အဆင့်နိမ့် သိမ် မွေ့ ဆေးအမျိုးအစားဖြစ်သော ဝိဉာဉ်တော် ဒြပ်စင်ဆေး ပြုလုပ်ရာမှာ လိုအပ်တယ့် အဓိက ဆေးပင်ပါ ။
ဒီမြက်အား ချန်ရှန် ရှာနေသည်မှာ အလွန်ပင် ကြာပါပြီ ၊ ဆေးဖော်စပ်နည်းမှာ ရှိပေမယ့် ဆေးပင်ကို ရှာမရဖြစ်နေ တာပါ ။ ဒန်ရှန်မျှော်စင်မှာပင် သူဒီအပင်ကို မတွေ့ ခဲ့ပါဘူး။
ဝိဉာဉ်တော် ဒြပ်စင်ဆေးဟာ သိမ်မွေ့ ဆေးတစ်မျိုး ဖြစ်ပြီး တည်ဆောက်ရေးဆေးနှင့် မတူသည့်အချက်မှာ ပြုလုပ်ရ မလွယ်ကူတာပါပဲ ။ အဓိကအားဖြင့် နတ်အတွင်း အားအာရုံကို မြင့်တင်ပေးပြီး သူ့မှာသာ ဒီဆေးရှိပါက ရှင် တို ဝိဉာဉ်တော်အား လျင်မြန်စွာ ဖွံ့ ဖြိုးစေနိုင်မှာပါ ။ အခု အခါ သူ၏ ရှင်တို ဝိဉာဉ်တော်လေး မှာ အလွန်ပင် ငယ် ရွယ်ပါသေးတယ် ။
ဒီလိုမြက်ကတော့ သိပ်အများကြီး မရှိပါ ။ အခုတစ်ရာ လောက်ပဲ ရှိပြီး ချန်ရှန် အလျင်အမြန်ပဲ သိမ်းဆည်းလိုက် တယ် ။ ၎င်း၏ အမြစ်ထိတိုင်အောင် တူးကာ သိမ်းလိုက် တာပါ ။ မှတ်တမ်းများအရ ယခု မြက်ဟာ နှစ်ပေါင်း ၂ ထောင် ၃ ထောင်လောက် ကြီးထွားဖို့ အချိန်လိုအပ်တာ ဖြစ်ပြီး ဖွံ့ဖြိုးလာပါကခြေထောက် အရှည်လောက် ထိ ရှိပါ တယ် ။ ယခု သူစုဆောင်းမိသည့် မြက်များအားလုံးဟာ ဖွံ့ ဖြိုးပြီး အရွယ်တွေပါပဲ ။
ချန်ရှန် ပတ်လည်ကို ကြည့်နေပြီး မကြာခင်မှာပဲ လက်မ အရွယ် ပန်းတစ်ပွင့်ကို တွေ့ လိုက်ရပါတယ် ။ ဒီပန်း ကိုလည်း သူလိုနေတာဖြစ်ပြီး ဒီအပင်ဟာ တခြားအပင် တွေ အောက်ကို ရောက်နေတာ ဖြစ်ပါတယ် ။
ဒီပန်းများ၏ ပွင့်လွှာများဟာ သိမ်မွေ့ စွာ ကွေးလျက် ရှိပြီး အလွန်ကို လှပလှပါတယ် ။ ချန်ရှန် ဒီပန်းများကို မြင် တယ့်အခါ သူ၏ ကိုယ်ဟာ စိတ်လှုပ်ရှားမှုကြောင့် တုန် လျက်ရှိပြီး အဘယ်ကြောင့်ဆိုသော် ဒီပန်းဟာ ဝိဉာဉ် တော် ဒြပ်စင်ဆေး ပြုလုပ်ရာမှာ ဒုတိယနေရာမှ လိုအပ် သော ဆေးပစ္စည်း ဖြစ်လို့ပါပဲ ။ နတ်ဝိဉာဉ်တော် ပန်း ဟု ခေါ်ပါတယ် ။ ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိဉာဉ်တော် ချီဓာတ်များအား စုပ်ယူတတ်သော အမျိုးအစားဖြစ်ပြီး နတ် အတွင်းအား အာရုံများစွာကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိပါတယ် ။ တကယ်ကို ရှားပါးပင်ပါပဲ ။
အပွင့် ၁၀၀ လောက်သာ ရှိပြီး ချန်ရှန် အမြန်ခူးလိုက် ပြန်ပါတယ် ။ ဒီလိုမှ မဟုတ်ပါက လောင်ဆုရီ လက်ချက် မိ သွားနိုင်ပါတယ် ။
၁၀ ရက်ခန့် ကြာပြီးနောက်မှာတော့ သူတို့ပတ်လည် မှာ ရှိသော ဆေးဖက်ဝင်ပစ္စည်းများ အားလုံးဟာ လုံးဝ ခူး ဆွတ် ရိတ်သိမ်းပြီး ဖြစ်ပါတယ် ။ ချန်ရှန် ၏ ခန့်မှန်းခြေ အရ ဒီဆေးပစ္စည်းများဖြင့် သူဟာ တည်ဆောက်ရေးဆေး အလုံး ရှစ်ရာခန့် ၊ ဒြပ်စင်ဆေး အလုံး တစ်သောင်း နှင့် အဖြူရောင် ကျောက်စိမ်းဆေး အလုံး ၅ ထောင်လောက် လုပ်နိုင်မှာပါ ။ ဒါပေမယ့် တချို့ ဆေးပင်လိုအပ်ချက် များ တော့ ရှိနေပါသေးတယ် ။
ဥပမာ – တည်ဆောက်ရေး ဆေး ပြုလုပ်ရန်အတွက် သူလိုအပ်သေးသည့် အရာမှာ မိုးပြာရောင်သိမ်မွေ့ သီး နှင့် သားရဲဆေးတို့ ဖြစ်ပါတယ် ။ ဒြပ်စင်ဆေး အတွက်ကတော့ ဝိဉာဉ်တော် သလင်းကျောက် နှင့် အဖြူရောင်ကျောက် စိမ်းဆေးအတွက် အဖြူရောင်ဝိဉာဉ်တော် အနှစ် အစရှိ သည့် အရာများ ပါ ။ ဒါပေမယ့်လည်း ဒါဟာ ပြသနာ တစ် ရပ်တော့ မဟုတ်ပါချေ ။
ချန်ရှန် မြေကြီးများ မွစာကြဲနေသော ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ရယ်မောရင်း –
“ငါချမ်းသာပြီကွ”
ဒီဆေးပစ္စည်းများကို သာ သူဆေးပြုလုပ်မည် ဆိုပါက သူတကယ်ကို ချမ်းသာတော့မှာပါ ။
လောင်ဆုရီမှာလည်း အတော်အတန် စားသောက်ပြီး ဖြစ်သဖြင့် ချန်ရှန် ၏ လက်သို့ ပြန်ရောက်လာပါတယ် ။ ဒါ ပေမယ့် သူမက ချန်ရှန် ဆေးပင်ကောင်းများစွာကို သိမ်း ဆည်းလိုက်သည့်အတွက် မကျေမနပ် ဖြစ်နေပါသေးတယ်
လျူမန်ဂါ မှာလည်း ဒီ ၁၀ ရက်လုံး နေ့နေ့ ညည အလွန် အလုပ်များနေပြီး ချန်ရှန် ဘာလို့ သူ့လို အလှပဂေး လေးတစ်ယောက်ကို ပင်ပန်းလှသည့် အလုပ်များအား လုပ် ခိုင်းသလဲဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ် ။
“အရင်က ဒီနေရာဟာ ပုံရိပ်ယောင်တွေနဲ့ ကာထား သလို ဖြစ်နေတာဖြစ်မယ် ။ ငါတို့ မြင်တွေ့ ခဲ့ရတာတွေဟာ လည်း ပုံရိပ်ယောင်တွေပဲ ။ မင်းက အမည်းရောင်လိပ် ချပ် ၀တ်ကို ရသွားတယ့် အခါကျ ဒီ ပုံရိပ်ယောင်တွေဟာလည်း ကွယ်ပျောက် သွားရတာ ဖြစ်မယ်”
လျူမန်ဂါ ပတ်ဝန်းကို ကြည့်ကာ ပြောဆိုပါတယ် ။
“ဒါဟာ နယ်ပယ် ထဲက နယ်ပယ် တစ်ခု မဟုတ်ဘူး ။ ဒါပေမယ့် အရမ်းကို ကြီးမားတယ့် စိတ်ကူးယဉ်ကမ္ဘာကြီး တစ်ခု ဖြစ်တယ် ။ နောက်ပြီး ငါတို့ဟာ ရေစုန်အတိုင်း စုန် ဆင်းလာတာကြောင့် ငါတို့ ကြုံတွေ့ ခဲ့တာတွေအားလုံး ဟာ ပုံရိပ်ယောင်တွေပဲ ဖြစ်ကြတယ်”
လျူမန်ဂါ ချန်ရှန် ၏ ဆေးများစားရင်း ဒီရက်တွေမှာ အားအင်ပြည့်ဖြိုးလာခဲ့ရပါတယ် ။
ချန်ရှန်လည်း ခေါင်းညိမ့် ပြလိုက်တယ် ။ သူဟာ သိပ် တော့ မပင်ပန်းလှပါဘူး အဘယ်ကြောင့်ဆိုသော် သူဟာ ချီဓာတ်များကို သုံးနိုင်သောကြောင့်ပါ ။ သူ၏ အနီရင့်ငှက် တောင်ပံများကို အသုံးပြု ပျံသန်းနေတာကြောင့်ပင် ရုတ် တရက် လောင်ဆုရီမှ –
“မပျံနေနဲ့ ၊ ဒီပတ်ဝန်းကျင်အနီးတဝိုက်မှာ အလွန် အား ပြင်းတယ့် သေစေနိုင်သော ချီဓာတ်တွေ ပျံ့ လွင့်နေတယ် ၊ ဒါကြောင့် သားရဲအသေများစွာလည်း ရှိတယ်”
ချန်ရှန် ၏ အနီရင့်ငှက် တောင်ပံများကို ကြည့်ရင်း လျူမန်ဂါ မနာလို ဖြစ်နေမိပါတယ် ။ ဒါပေမယ့် သူမသည် လည်း ဒီကျင့်စဉ်ကို သိနေတာကြောင့် သူမမှာလည်း တောင်ပံများ ရှိပါတယ် ။ ချန်ရှန် ကိုယ်တိုင် သင်ပေးထား တာကြောင့်ပါ ။
“အမတော်မန်ဂါ ၊ ကြည့်ရတာ ဒီနားတဝိုက်မှာ ကောင်း တာ တစ်ခုခုတော့ ရှိမယ်ထင်တယ်”
ချန်ရှန် ခပ်ပြုံးပြုံး ပြောလိုက်ပါတယ် ။ နောက်ဆုံး အချိန် ယခု လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ပွင့်ခဲ့တာဟာ လွန်ခဲ့သော နှစ်တစ်သောင်းက ဖြစ်ပြီး ဝိဉာဉ်တော်ချီ ဓာတ်များစွာဟာ လွင့်ပျံလာပြီး ဆေးပင်များကို ဖွံ့ ဖြိုးစေ တာ ဖြစ်မှာပါ ။
လောင်ဆုရီ ပြောကြားသောကြောင့် ချန်ရှန်ဟာ ကျွန်း ၏ အတွင်းပိုင်းသို့ လျှောက်လာပြီး လျူမန်ဂါ လည်း ဘေး မှာ ပါဝင်ပါတယ် ။ သူမဟာ ယခုနေရာအား အမည်းရောင် လိပ်ချပ်ဝတ်ကို ယူရန် လာခြင်း မဟုတ်သော်လည်း သူမ ၏ကိုယ်ရှိ အနီရင့်ငှက်ကြိုးက တော့ နိုးထလာခဲ့ပါပြီ ။ သူမ အတွက် အတော်ကို ကြီးမားသော အကျိုးရလဒ်ပင် ဖြစ်ပါ တယ် ။
တောအုပ်ကို ဖြတ်ပြီးနောက် သူတို့ဟာ ကျွန်း၏ အစွန် ပိုင်းသို့ ရောက်ရှိလာကြတယ် ။ အံ့အားသင့်စရာပင် ကျွန်း ၏ အစွန်းမှာတော့ ကြီးမားလှသော သားရဲအရိုးများ ရှိနေ ပါတယ် ။ သို့သော်လည်း အရိုးများဟာ ကျိုးကြေနေပြီး အသုံး မ၀င်လှပါချေ ။
ဒါပေမယ့် သေစေနိုင်သော ချီဓာတ်များအား ယခုနေ ရာတွင် တွေ့ သောကြောင့် ချန်ရှန် အလွန်အံ့သြသွားတယ် ၊ ဒီနားတဝိုက် ငရဲဝိဉာဉ်တော် မြက်ရှိနိုင်တာကို တွေးမိ တာကြောင့် ချန်ရှန် ပြုံးလိုက်မိပါတယ် ။
“ဒီမှာ”
လျူမန်ဂါ ရုတ်တရက် အော်လိုက်တယ် ။ သူမအရှေ့ ခပ်လှမ်းလှမ်း ကို ကြည့်လိုက်တယ့် အခါ ချန်ရှန် တုန်လှုပ် သွားပါတယ် ။ ရေများရဲ့ တစ်ဖက်ကမ်းမှ လူများစွာ ရုတ် တရက် ပေါ်လာတာကို မြင်တွေ့ လိုက်ရပြီး ၎င်းတို့ဟာ ကျွန်းဆီသို့ ကူးခတ်လာနေကြပါတယ် ။ အမြန်နှုန်းဟာ လည်း ကြောက်မခန်းလိလိပါပဲ ။
“ခုနကတော့ ပုံရိပ်ယောင် ရှိလို့ ။ အခုကျ အဲဒိပုံရိပ် ယောင် ပျောက်သွားတယ့်အခါကျ သူတို့ ဒီကျွန်းကို အာရုံ ခံမိသွားတာပဲ ။ သူတို့ဟာလည်း ငတုံးတွေတော မဟုတ် ကြတာကြောင့် ဒီနေရာမှာ တန်ဖိုးကြီး တစ်ခုခု ရှိမယ် ဆိုတာ သိနေကြတယ်လေ”
လျူမန်ဂါ ခပ်လောလော ပြောပါတယ် ။ တစ်ဖက်ကမ်း ကုန်းမြေကို ကြည့်နေရင်း သူမလည်း တုန်လှုပ်နေပုံပါ ။ အရင်က အဆိုပါကုန်းမြေနှင့် ယခုကျွန်းအား ပိုင်းခြားထား တာ ဖြစ်ပြီး မမြင်နိုင်ပါပေ ။ ယခုအခါမှာတော့ ပုံရိပ်ယောင် များ ပျောက်သွားသည့်အတွက် မြင်နိုင်နေပါပြီ ။
“အမတော် မန်ဂါ ၊ ခင်ဗျား မျက်နာကို ဖုံးထား ၊ သူတို့ ခင်ဗျား ဆိုတာ မသိစေနဲ့”
ချန်ရှန် ပြောလိုက်ပြီးနောက် အလျင်အမြန်ပင် အရိုး များအား လှန်လှောကြည့်ရှုနေပါတယ် ။
လျူမန်ဂါလည်း အနက်ရောင် ၀တ်ရုံတစ်ခုကို ထုတ် ကာ သူမတစ်ကိုယ်လုံးအား ခေါင်းအထိ ပတ်လိုက်ပြီး မျက် လုံးနေရာသာ ချန်ထားပါတယ် ။ ရေထဲမှ လူများဟာ နီးသထက် နီးလာကြပြီး လူတစ်ရာလောက် ရှိမှာပါ ။ ဒါ ပေမယ့် လျူမန်ဂါ ကြည့်ရသလောက် ရှန်းရှန်းကိုတော့ မတွေ့ ပါချေ ။
အရိုးများဟာ ချန်ရှန်မွှေနှောက်ရှာဖွေမှုကြောင့် ပြန့် ကျဲနေပါတယ် ။ သို့သော်လည်း သူ မည်သည့် ငရဲဝိဉာဉ် တော်မြက် နှင့် သားရဲဆေး တို့ကို မျှ မတွေ့ ရပါချေ ။
လူအုပ်ကြီးဟာ တဖြည်းဖြည်း နီးကပ်လာပြီး ကမ်းစပ် ကိုပင် ရောက်လုလု ဖြစ်နေပါပြီ ။ လျူမန်ဂါက လေးလေး နက်နက် လေသံဖြင့် –
“ချန်ရှန် ၊ ငါတို့ သူတို့ကို ဘယ်လို ရှောင်မလဲ”
ထိုအချိန်မှာ ချန်ရှန်ဟာ လူသားအရွယ် တောင်ပို့လေး တစ်ခုကို တွေ့ လိုက်ရတယ် ။ တစ်စုံတစ်ခု ရှိနေမယ်လို့ သူ ခံစားလိုက်ရပြီး ထိုတောင်ပို့အား ပုံဆောင်ခဲ တစ်ခု ပြုလုပ် ကာ ထိုးခွဲချလိုက်ပါတယ် ။ တောင်ပို့လေးဟာ ကွဲထွက် သွားပြီး အစိမ်းရောင် အငွေ့ များလည်း ထွက်လာတယ် ။ အုန်းသီးအရွယ် အစိမ်းရောင်လင်းနေသော အလုံးလေး များစွာကို တွေ့လိုက်ကြရပါတော့တယ် ။
ထိုအလုံများကို ကြည့်ရင်း ချန်ရှန် နှင့်လျူမန်ဂါတို့ တုန် လှုပ်သွားကြတယ် ။ တချိန်တည်းမှာပင် ထိုအလုံးများမှ အသက်ဓာတ်များ ထွက်နေတာကို ခံစားမိလိုက်ကြရပါ တယ် ။ သားရဲဆေးများ ဖြစ်နေတာကို အံ့သြဖွယ် မြင်တွေ့ လိုက်ကြရပြီး ၎င်းတို့ဟာ အတော်ပင် ကြီးမားပါတယ် ။
ရေထဲမှ ကမန်းကတန်းကူးလာသော လူများဟာ လည်း ထိုအရာကို တွေ့ ရှိသွားကြပြီး အလုံးများမှ စွမ်းအင် တစ်ခုခု ထွက်နေတာကိုလည်း ခံစားမိလိုက်ကြပါတယ် ။ သားရဲဆေး ဖြစ်တယ် ဆိုတာကို ယုံကြည်ဖို့ ခက်ခဲသော် လည်း သူတို့အတွက် စဉ်းစားရန် အချိန် မရှိပါချေ ။ ဒါဟာ ရတနာများပင် မဟုတ်ပါလား ။
လူတွေဟာ အော်ဟစ်ကာဖြင့် ပြေးလာနေတာကြောင့် ချန်ရှန်ဟာ အလျင်အမြန်ပင် သူ၏ နတ်အတွင်းအားအာရုံ များကို သုံးပြီး သားရဲဆေး ၅၀ အား သိမ်းဆည်းလိုက်ပါ တော့တယ် ။
“ဒါ ချန်ရှန် ပဲ ၊ ဒီကောင်လေးက ချန်ရှန် ကွ ၊ သားရဲ ဆေးတွေ အားလုံး သူသိမ်းသွားပြီ”
လူတစ်ယောက်က အော်ပြောပါတယ် ။ သူ၏ အသံမှာ မနာလိုမှုများနှင့် ဒေါသများ ရောပြွန်းနေသလိုပါပဲ ။
ချန်ရှန်လည်း ဂရုစိုက်ခြင်း မရှိပေမယ့် သူ၏ ခေါင်းကို ငုံကာ တောင်ပို့အတွင်း ကြည့်လိုက်တယ် ။ သူယူဆခဲ့ သည့် အရာဟု ထင်ရသော အရာအား တွေ့ လိုက်ရပါ တယ် ။ ၎င်းကတော့ လက်ဆေးဘေစင် အရွယ် အနက်ရောင် ဝိဉာဉ်တော် မြက်တွေပါပဲ ။ ချန်ရှန်လည်း ဆုပ်ကိုင်လိုက် ပြီး သူ၏ လက်အစုံဟာ တုန်ရီနေလျက် ရှိပါတယ် ။
“ဒါတကယ်ကို ငရဲဝိဉာဉ်တော်မြက် ပဲ ၊ ဒီသားရဲ အရိုးတွေရဲ့ စွမ်းအင်တွေအားလုံးကို ဒီမြက်က စုပ်ယူ လိုက်တာပေါ့”
ချန်ရှန် အသံ တုန်တုန် ရီရီ ဖြင့် ပြောလိုက်လေပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset