Chapter – 172 နူးညံ့သောအနီရင့်ငှက်ကြိုး
လျူမန်ဂါဟာ ထိပ်သီးပညာရှင်တစ်ဦး ဖြစ်ပြီး နှစ် တစ် သောင်းလောက် အသက်ရှင် နေထိုင်ခဲ့သူလည်း ဖြစ်ပါ တယ် ။ သို့သော်လည်း ယခုလို ရှက်ရွံ့ ဖွယ်ရာမျိုး တခြား ယောကျာ်းတစ်ဦး၏ ရှေ့ တွင် ဖြစ်ပေါ်ခဲ့ခြင်းမျိုး မရှိခဲ့ပါချေ။ ဒီအချိန်မှာ သူမဟာ အချိန်တွေကို နောက်ပြန်ဆုတ်ပစ်ချင် တာ ဖြစ်ပြီး သူမအတွက် တကယ်ကို ရှက်ဖွယ်လိလိ ဖြစ်ခဲ့ တာပါ ။ ချန်ရှန်ကို စိတ်ထဲမှ ကျိန်ဆဲမိနေပေမယ့် သူ့အပစ် လည်း မဟုတ်ပါ ။
သူ့ကြောင့်သာမဟုတ်ပါက သူမအနေဖြင့် ဒီလိုစွမ်း အားကြီးလက်နက်အား အသုံးပြုနည်းပင် သိမည် မဟုတ် ပါချေ ။ ချန်ရှန်ကြောင့်သာ ဒါကို သူမ ရရှိခဲ့တာပါ ။
သူမအနေဖြင့် ချန်ရှန်ကို အထင်လည်း မသေးမိပါဘူး ၊ တဖက်မှကြည့်မည်ဆိုပါကလည်း ချန်ရှန်ဟာ တစ်မျိုးဆွဲ ဆောင်မှုရှိနေသည့်အပြင် ချောမောလှသည် မဟုတ်ပါ လား ။ အားလုံးသော အချက်အလက်များကြောင့် သူမဟာ ချန်ရှန် အပေါ် စိတ်ထဲ မထားတော့ပါချေ ။
လျူမန်ဂါ အ၀တ်အစားများဝတ်ပြီး ပြန်လှည့်လာကာ ချန်ရှန့်ကို ရှက်အမ်းအမ်း ဖြင့် ကြည့်နေတယ် ။ ထို့နောက် ခေါင်းငုံ့ကာ နေပါတော့တယ် ။
ချန်ရှန်လည်း သူမကို ကြည့်ရင်း ခေါင်းကုတ်မိတယ် ။ သူ့အနေနဲ့လည်း ဘာပြောရမှန်းမသိဖြစ်ကာ ခုနက ကိစ္စ နှင့် ပတ်သက်ပြီး သူလည်း ရှက်လို့နေပါတယ် ။
“အဟွတ် . . . အဟွတ် ၊ အမတော် မန်ဂါ ၊နောက် ခါ ခုလို မလုပ်နဲ့ ၊ ကျွန်တော် အတော် အနေရခက်တယ်ဗျာ”
ချန်ရှန် ချောင်း ၂ ချက်ခန့် ဟန့်ကာ လျူမန်ဂါကို ပြော လိုက်ပါတယ် ။ ဘယ်ယောကျာ်းသားမျှ မမြင်ဘူးသေး သော အရာအား သူ့အနေနဲ့ မြင်လိုက်ရတာမို့ တမျိုးတော့ ကျေနပ်စရာ ကောင်းလှပါတယ် ။
ချန်ရှန်လည်း သူ၏ လက်များကို လွှဲကာ ပြုံးကာဖြင့် –
“မေ့လိုက်ပါဗျာ ၊ ခေါင်းထဲထည့်စရာ မလိုပါဘူး”
လျူမန်ဂါ ခြေဆောင့်ကာဖြင့် အံ့ကြိတ်လျက် ရှိနေပါ တယ် ။ သူမ၏ ဘ၀မှာ ပထမဆုံးအကြိမ် အရှက်ရဆုံး ကိစ္စ တစ်ခု ဖြစ်ရပြီး ဒါချန်ရှန်ကို သူမကပင် ကြည့်ခွင့်ပြုခဲ့သည် မဟုတ်ပါလား ။ ချန်ရှန်ကတော့ သူမထံမှ အကျိုးအမြတ် များစွာ ရရှိသွားခဲ့ပါပြီ ။
“မျိုးမစစ်လေး ၊ ဒီကိစ္စကို ဘယ်တော့မှ ဘယ်သူ့ကို မှ မပြောလေနဲ့”
လျူမန်ဂါ အေးစက်စက် ပြောပါတယ် ။
“စိတ်ချပါဗျာ ၊ တကယ်လို့ ကျွန်တော်က ပြောတယ် ဆိုရင်တောင် ဘယ်သူမှ ယုံလိ့မ်မှာ မဟုတ်ဘူးဗျ”
ချန်ရှန် ရယ်မော ပြောဆိုပါတယ် ။
“ဒါနဲ့ အနီရင့်ငှက် နတ်လက်နက်က ဘယ်လိုလဲ ၊ နာမည်ကကော ဘာတဲ့လဲဗျ”
ချန်ရှန် မှ လက်နက်အကြောင်းပြောတဲ့အခါ လျူမန်ဂါ ရုတ်တရက် စိတ်လှုပ်ရှားလာကာ သူမလက်ကို ဆန့်ထုတ် လိ်ုက်ပြီး အနီရောင်ဖဲကြိုးတစ်ခု ပေါ်လာပါတယ် ။ သူမ လည်း ပြီးခဲ့သော ကိစ္စများအား မေ့ပျောက်သွားသလို ဖြစ် ကာ –
“နာမည်ကတော့ နူးညံ့သောအနီရင့်ငှက်ကြိုး တဲ့ ၊ မီး ဓာတ်ရှိတယ် ။ အကောင်းဆုံးအချက်ကတော့ ဒါက ဒီလို ပိုးဖဲကြိုးလို ဖြစ်နေပြီး အကြီးဆုံးနဲ့ အရှည်ဆုံးလုပ်မယ်ဆို ရင် တောင်ကြီးတစ်လုံးလောက်ကို လုပ်နိုင်တယ် ။ ချီဓာတ် ကို ထည့်တဲ့အခါ ပြင်းထန်တယ့် မီးတောက်တွေကို ဖျန်း နိုင်လိမ့်မယ် ။ အများအားဖြင့်တော့ ငါက ဒါကို ကိုယ်မှာ ရစ် ပတ်ပြီး ချပ်ဝတ်လို အနေနဲ့ ၀င်ရောက်လာတယ့် တိုက်ခိုက် မှုတွေကို ခုခံထားတာပဲ ။ ဒါပေမယ့် လက်နက်လိုလည်း သုံးလို့ရတယ် ။ ဆိုလိုတာကတော့ အသုံးဝင်တယ့် နေရာ အတော်များတယ်ကွ”
ပြောနေရင်း သူမလက်ထဲရှိ အနီရင့်ငှက်ကြိုးဟာ ရုတ် တရက် ပိုးသားကြိုးလို ဖြစ်လာပါတယ် ။ လျူမန်ဂါ၏ ထိန်း ချုပ်မှုဖြင့် ၎င်းကြိုးဟာ သံပြားပျံလို ဖြစ်သွားပြီး ကျောက် ဆစ်ရုပ်ကို ထိုးဖောက်သွားပါတယ် ။ ထိုမှတဖန် ကြိုးဟာ ဖဲကြိုးအဖြစ် ပြောင်းသွားပြီး မီးတောက်များဖြင့် ကျောက် ဆစ်ရုပ်အား လောင်ကျွမ်းသွားစေပြန်ပါတယ် ။
လူကိုယ်ကိုသာ ထိမှန်မည်ဆိုပါက အတော်ကို အထိ နာမည်မှာ အမှန်ပါပင် ။
“ဒါက ကြိုးတစ်ခု သာ မဟုတ်သေးဘူး”
လျူမန်ဂါ ခပ်တိုးတိုးရယ်မောကာ သူမ၏ ကြိုးကို ကစားနေပြန်ပါတယ် ။ သူမ၏ လက်ကို ဝှေ့ ယမ်းလိုက်တဲ့ အခါ မရေတွက်နိုင်သော ကြိုးများဟာ ပိုက်ကွန်သဖွယ် ပေါ်လာပြန်ပါတယ် ။ သူမ၏ ထိန်းချုပ်မှုဖြင့် ထိုကြိုးများ ဟာ ကျောက်တုံးကို ရစ်ပတ်ချည်နှောင်သွားပြီး နောက် ထပ် မံ လှုပ်ရမ်းလိုက်သော အခါမှာတော့ ထိုကျောက်တုံး များဟာ ကြိုးနှင့် အတူ ပါလာပါတော့တယ် ။
“အခုလက်ရှိမှာတော့ ကြိုးက တောင့်နေတယ်”
လျူမန်ဂါ ခပ်ပြုံးပြုံးပြောလိုက်ပြီး သူမလက်ထဲရှိ အနီရင့်ငှက်၏ ကြိုးလက်နက်အား အမျိုးမျိုး ထိန်းချုပ် နေ ပါတော့တယ် ။
ချန်ရှန် သူ၏ စိတ်ထဲ အတော်အံ့သြနေမိပါတယ် ။ ဒီ ကြိုးပိုက်ကွန်နှင့်သာ လူကို ထိမှန်ခြင်းခံရပါက ထိုလူဟာ သူမ၏ ထ်ိန်းချုပ်မှုအောက်ကို ရောက်သွားမည်ဖြစ်ပြီး ကြိုး ၏ စွမ်းအားမှာ အတော်ပင် အစွမ်းထက်လှပါတယ် ။
“ဒါက သားရဲတွေ ဖမ်းဖို့ အတော်ကို အသုံးဝင်မှာပဲ”
လျူမန်ဂါ သူမ၏ ကြိုးကို ပြန်သိမ်းကာ နဖူးရှိ ချွေးများ အား သုတ်လိုက်ပါတယ် ။ ဒါပေမယ့်လည်း သူမဟာ အလွန်ကို ပျော်ရွှင်နေပုံပါပဲ ။
“အမတော် မန်ဂါ ၊ ခင်ဗျား ချီဓာတ်တွေကို သုံးလို့ရ လား”
ချန်ရှန် မေးလိုက်ပါတယ် ။
လျူမန်ဂါ သူမ၏ ခေါင်းကို ခါယမ်းကာဖြင့် ချန်ရှန်ကို မသင်္ကာသလို ကြည့်နေတယ် ။
“မရဘူး ၊ ငါဒီအနီရင့်ငှက်ကြိုးကို သုံးလို့ရတယ် ဆိုတာ မင်းခုနကထည့်ပေးလိုက်တယ့် ချီဓာတ်ကြောင့်ပဲ ၊ မင်း ချီ ဓာတ်ကို ဘယ်လိုသုံးလိုက်တာလဲ ။ နောက် မင်းရဲ့ ချီဓာတ် က အတော်ကောင်းတယ် ။ ဒါကြောင့် ဒီကြိုးက နိုးထဖို့ မင်းရဲ့ ချီဓာတ် လိုနေတာကိုး”
ချန်ရှန် ပြုံးကာဖြင့် –
“ဒါက ကျွန်တော့ရဲ့ လျို့ ဝှက်ချက်ပဲ ၊ ရှန်းရှန်း တောင် ဒါကို မသိဘူး ။ ကျွန်တော် မပြောပြချင်ဘူးတော့ မဟုတ်ပါ ဘူး ၊ ဒါဟာ သိုင်းကျင့်စဉ် တစ်ခုပဲ ၊ ကျွန်တော် လေ့ကျင့် တဲ့ အရမ်းကို အစွမ်းထက်ပြီး ထင်ရှားလှတယ့် ကျင့်စဉ် လေ ။ ဒါနဲ့ ပတ်သက်ပြီး ရှန်းရှန်းကို ဒုက္ခဖြစ်မှာ စိုးရိမ်လို့”
“ဒါပေမယ့် ကျွန်တော် အမတော် ကိုတော့ ပြောပြပါ မယ် ။ ခင်ဗျားက အလွန်စွမ်းအားကြီးတယ် ၊ ဒါကြောင့်ပဲ ကျွန်တော် မစိုးရိမ်တာ”
ချန်ရှန် အနီရင့်ငှက် နတ်ကျင့်စဉ်အား လျူမန်ဂါကို ပြော ပြရန် ဆုံးဖြတ်လိုက်ပါတယ် ။ ၎င်းတို့ ၂ဦးကြား စေ့ စပ်မှု ရှိဖို့ လိုတယ် ဟု သူခံစားလိုက်မိတယ် ။ သူတို့သာ အကောင်းဆုံး မိတ်ဆွေစစ်စစ်များ ဖြစ်မည် ဆိုပါက သူ့ အတွက် အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ ပညာရှင်တစ်ယောက်၏ အထောက်ပံ့ကို ရမည် မဟုတ်ပါ လား ။
ဒီမတိုင်မီ ချန်ရှန်ဟာ အနီရင့်ငှက် နတ်ကျင့်စဉ်အား ဝုကွမ်ချင်အား သင်ကြားပေးခဲ့ခြင်းမှာ သူမ၏ အသက်ကို ကယ်တင်ရန် ဖြစ်ပါတယ် ။
“ဒီ အနီရင့်ငှက်ကြိုးကို ခင်ဗျားပိုပြီး အသုံးချချင်ရင် ကျင့်စဉ်တစ်ခုကို တတ်ထားမှ ဖြစ်မယ် ။ ကျွန်တော် ခင်ဗျား ကို သင်ပေးပါ့မယ်”
ချန်ရှန် မြေကြီးပေါ် ထိုင်ချလိုက်တယ် ။ လျူမန်ဂါ အား လည်း ထိုင်ရန် ညွှန်ပြလိုက်ပါတယ် ။
လျူမန်ဂါ တခဏမျှ စဉ်းစားပြီးနောက် –
“မင်းက ငါ့ကို ဒီလိုပဲ အလွယ်တကူ သင်ပေးမယ်ပေါ့”
ချန်ရှန် ရယ်မောကာဖြင့် –
“ကျွန်တော်က တစ်ခုခု ပြန်တောင်းမယ်လို့ ခင်ဗျား ထင် နေတာလား ၊ အဲဒါဆို ခင်ဗျား ကျွန်တော့ နမ်းမလား”
“ဟက်”
လျူမန်ဂါ ခပ်လှောင်လှောင်ပြောကာ ချန်ရှန်ကို ဒေါသ တကြီးဖြင့် ကြည့်နေပါတယ် ။ ခုနက သူမကိုယ်ကို ချန်ရှန် ကြည့်ခဲ့တာကို ပြန်စဉ်းစားမိရင်း သူမမျက်နာ ပြန်နီလာရ ပြန်ပါပြီ ။ ဒါကြောင့်ပဲ ချန်ရှန်ဟာ စကားတွေ လွှဲနေတာပါ ။
လျူမန်ဂါ လျင်မြန်စွာပင် ရေးမှတ်သားနေပြီး တချိန် တည်းမှာပင် သူမ အတော်အံ့အားသင့်နေပါတယ် ။ သူမ ဟာ နိဗ္ဗာန် အဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်တာကြောင့် အနီရင့်ငှက်နတ်ကျင့်စဉ် ဘယ်လောက် သိမ်မွေ့ တယ် ဆို တာကို သူမ အသေအချာ မြင်နေရပါတယ် ။ ယခု ကျင့်စဉ် ဟာ နားလည်ရခက်ခဲသော်လည်း သူမအနေနဲ့တော့ ကောင်းစွာ မှတ်သားနိုင်နေပါတယ် ။
နေ့တ၀က်လောက် ကြာတယ့်အခါမှာတော့ လျူမန်ဂါ ဟာ အနီရင့်ငှက် နတ်ကျင့်စဉ်အား အကုန်လုံး မှတ်မိသွား ပါတယ် ။ ချန်ရှန်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်ကာ –
“ရှန်းရှန်း ကတော့ တကယ့် လူတော်ကို ရထားတာပဲ ၊ ငါစိတ်ချပါပြီ ။ ငါတကယ်ပဲ မင်းကို ကျေးဇူးတင်ပါတယ်”
ချန်ရှန်လည်း စပ်ဖြဲဖြဲဖြင့် –
“ကျေးဇူးတင်စရာ မလိုပါဘူးဗျာ ၊ ခင်ဗျား ခုနကပဲ ကျွန် တော့ကို ကျေးဇူးဆပ် . . . ဟဲဟဲ”
“ဟက် ၊ ဒါကို ထည့်ပြောမနေပါနဲ့ ၊ ဒီလိုမဟုတ်ရင် မင်း ကိုထိုးပစ်ရလိ့မ်မယ်”
လျူမန်ဂါ ဒေါသတကြီး ပြောပါတယ် ။ ချန်ရှန် ၏ စရိုက် မှာ ကောင်းပေမယ့် တခါတရံ အကျင့်ဆိုးလေးတွေ ရှိနေတယ် ။ သူမ ချန်ရှန်ကို တစ်စစီကိုက်စားချင်စိတ် အား အတော်ပင် ထိန်းထားရပါတယ် ။
ချန်ရှန် သူ၏ ခါးကို ဆန့်နေရင်းဖြင့် –
“အပြင်ထွက်ကြည့်ကြစို့ ၊ ကျွန်တော် သားရဲတစ်ချို့ သတ်ချင်သေးတယ် ။ ကျွန်တော်က ခင်ဗျားလို ဘုရင်မ မဟုတ်ဘူးလေ။ အဲတော့ သလင်းကျောက်လိုတယ်”
“မင်းက ငါဘုရင်မဆိုတာကို သိတာတောင် ဘယ်လို လေးစားရမယ် ဆိုတာ မသိဘူးလား”
လျူမန်ဂါ ခပ်ငေါက်ငေါက် ပြောလိုက်ပါတယ် ။
“ခင်ဗျားကို ကော ကျွန်တော့ရှေ့ မှာ ဘုရင်မ လို မနေဖို့ ဘယ်သူပြောလိုက်တာလဲ”
ချန်ရှန် ခပ်ပြုံးပြုံးပြောလိုက်ပါတယ် ။
လျူမန်ဂါ စကားသံတိတ်သွားတယ် ။ သူမအနေဖြင့် ချန်ရှန်ရှေ့ မှာ ဧကရီ တစ်ပါးလို မနေနိုင်တာကို သူမ သိရှိ သွားမိတယ် ။ သူမအနေနှင့် ဒီလို ငယ်ရွယ်တဲ့ ကောင်လေး ၏ စကားများကို ဘာကြောင့် ခုခံနိုင်စွမ်းမရှိသလဲ ဆိုတာ စဉ်းစားရကြပ်နေပါတယ် ။ ခုနက ချန်ရှန် ၏ ဒေါသကို စမ်း လိုက်တာ ဖြစ်ပေမယ့်လည်း သူမအနေဖြင့် ချန်ရှန် သူမ အား မုန်းမည့် အဖြစ်ကို မလိုလားပါချေ ။
သူတို့ လိုဏ်ခေါင်းမှ ထွက်လာတယ့်အခါ ၂ ယောက် သား အတော် တုန်လှုပ်သွားကြပါတယ် ။ အဘယ်ကြောင့် ဆိုသော် အပြင်ဖက်အခြေအနေဟာ လုံးဝကို ပြောင်းလဲ နေတာ မို့ပါပဲ ။
သူတို့ဟာ ကျွန်းပေါ်မှာ ရှိနေသေးပေမယ့် မြင်ကွင်းက တော့ တခြားစီ ဖြစ်သွားပါပြီ ။ ကျွန်းပတ်လည်မှာ ရှိသည့် များစွာသော သစ်ပင်ကြီးများ နှင့် ပေါင်းပင်များဟာ လုံးဝ မရှိတော့ပဲ ဆေးဖက်ဝင်အပင်များစွာ သာ ပြည့်နှက်လို့ နေ ပါတယ် ။
“ဒါ . . . ၊ ဘယ်လိုတွေများ ဖြစ်ကုန်တာလဲ”
ချန်ရှန် ဆေးဖက်ဝင်အပင်များ ပြည့်နေသည့် မြေပြင် ကိုကြည့်ရင်း ပြောလိုက်ပါတယ် ။ တံတွေးများပင် မျိုချ လိုက်မိပါတယ် ။
ဆေးဖက်ဝင် သတ္တုသစ်သီးပင် ၊ အကြောတစ်ထောင် အပင် စသည်တို့မှာ တစ်ပင်ဆီတွင် အသီး ၂၀ လောက်ဆီ သီးကာဖြင့် ရှိနေကြသည် ။ တည်ဆောက်ရေးဆေး ပြုလုပ် ရန် လိုအပ်သော ပစ္စည်းများပင် မဟုတ်ပါလား ။
ဆူဇန် မြက် ၊ နှစ်တစ်သောင်းပင် ၊ တော်ဝင်ဒြပ်စင်ပင် ၊ ဒါတွေကတော့ ဒြပ်စင်ဆေး ပြုလုပ်ဖို့ လိုအပ်တယ့် အရာ တွေပါပဲ ။ အသီးတွေကတော့ တန်နဲ့ ချီပြီးကို ရှိလောက်ပါ တယ် ။ မြေကြီးမှာလည်း အဖြူရောင်အလင်းတစ်ခု တောက်ပ နေပြီး ဒါကတော့ အဖြူရောင်ကျောက်စိမ်းရိုး မြက်ပါပဲ ။ ၎င်းမြက်များကတော့ အများအပြားရှိပြီး ပေါင်း ပင်များလိုပင် နေရာတိုင်း ပေါက်ရောက်လျက် ရှိပါတယ် ။ နှစ်တစ်သောင်း ဂျင်စင်း ၊ နှစ်တစ်သောင်း သွေးဂျင်စင်း ၊ အမျိုးမျိုးသော ဝိဉာဉ်တော် မြက်များ နှင့် တခြား ဆေး ဖက်ဝင် အပင်မျိုးစုံတို့ဟာ သူ့တို့ရှေ့ မှာ ရှိနေပါတယ် ။ ၎င်းတို့ဟာ လယ်ကွင်းထဲတွင် မုန်လာဥ အဖြူအနီ တွေလို ပင် များစွာ ပေါက်ရောက်လျက်ရှိကြပါတယ် ။
“အမတော် မန်ဂါ ၊ ကျွန်တော်က ဆေးပညာရှင် တစ်ဦး မို့ ဒါတွေကိ ကျွန်တော့အတွက် အရမ်းကို အသုံးဝင်တယ် ၊ အမြန်ကူပြီး ခူးပေးပါဦး”
ချန်ရှန် ၏ မျက်လုံးအစုံဟာ ပြူးကျယ်နေပြီး စိတ်လှုပ် ရှားစွာ ပြောဆိုလိုက်ပါတော့တယ် . . . ။