Chapter – 171 အိပ်ပျော်နေသောနတ်လက်နက်
လျူမန်ဂါ ချန်ရှန် အား သူမ၏ အနီရင့်ငှက် နတ် လက်နက်ကို ပြရန် ဆုံးဖြတ်လိုက်တယ် ။ သို့သော်လည်း တချိန်တည်းမှာပင် သူမ အနည်းငယ် ရှက်ရွံ့ နေမိတယ် ၊ သူမ၏ အ၀တ်အစားများကို ချန်ရှန်ရှေ့ မှာ ချွတ်ရမည် ဖြစ်ပြီး ဒီလိုလုပ်ဖို့ သူမအနေနှင့် အတော်ခက်ခဲနေပါ တယ် ။ သူမချန်ရှန်အား နောက်ကျောပေးပြီး သတ္တိမွေးကာ သူမ ကို ဖုံးလွှမ်းထားသော အဖြူရောင် ၀တ်ရုံအား ဖြည်းညှင်း စွာ ချွတ်နေပါတယ် ။
ချန်ရှန် အသက်ကို ဖြေးဖြေးရှူကာ ပြူးကျယ်သော မျက်လုံးအစုံဖြင့် လျူမန်ဂါအား ကြည့်နေတယ် ။ ရင်ဖိုစရာ အ၀တ်အစားများ ချွတ်နေသော မြင်ကွင်းမှာ အလွန်စိတ် လှုပ်ရှားဖွယ်ရာပါပဲ ။
လျူမန်ဂါ သူမ၏ အပေါ်ပိုင်းကိုသာလျှင် ချွတ်လိုက် တာဖြစ်ပြီး ဒီလိုအနေထားကပင် ချန်ရှန်အဖို့ လုံလောက် နေ ပါပြီ ။ သူမ၏ ဖြူဖွေးနူးညံ့သော နောက်ကျောနှင့် ကျစ် လျစ်လှပသော ခါးလေးတို့ဟာ ချန်ရှန် အဖို့ သိပ်တော့ စိတ် မလှုပ်ရှားမိတော့ပါချေ ။ ချန်ရှန် သူမ၏ ကိုယ်ကို ပတ်ထား သော ထွင်းဖောက်မြင်နိုင်သည့် ဖဲကြိုးလေးအား မြင်နေရ တယ် ။ ဒီလိုအရာလေး ရှိတာပင် သူမကို ပိုမို ဆွဲဆောင် မှု ရှိနေစေသလိုပါပဲ ။
လျူမန်ဂါ ၏ လက်နှစ်ဖက်လုံးမှာ သူမ၏ ရင်ဘတ်အား ဖုံးထားကာ သူမ၏ နှင်းဆီရောင် မျက်နှာမှာလည်း ပိုမိုလှပ နေသလိုပါပင် ။ သူမ အံကြိတ်ကာ လေသံတီးတိုးဖြင့် –
“မင်း ဒီအနီရင့်ငှက် နတ်လက်နက်ကို နှိုးလို့ရမလား ကြိုးစားကြည့်လေ”
ထိုအချိန်မှပဲ ချန်ရှန်ဟာ သူ၏ စိတ်များ ပြန်လည် စု စည်းမိသွားပြီး ဖဲကြိုးကို အာရုံစိုက်လိုက်ပါတယ် ။ ခုနက သူမ၏ နောက်ကျောအလှကို ကြည့်နေရင်း ချန်ရှန် သူ၏ အတွေးပင်လယ်ထဲမှာ ကူးခတ်နေမိတာပါ ။
ချန်ရှန် တဖြည်းဖြည်း အနားတိုးလာတာကို ခံစားမိရင်း လျူမန်ဂါ စိတ်အိုက်လျက် ရှိနေတယ် ။ သူမသာ ချန်ရှန် နှင့် ရက်အတော်ကြာမနေပဲ ချန်ရှန် ၏ စိတ်ကို နားမလည် ပဲ ဒီလို အရာမျိုးကို ဘယ်တော့မှ လုပ်ခိုင်းလိ့မ်မည် မဟုတ် ပေ ။
ချန်ရှန် လျူမန်ဂါ သူမ၏ လက်များမှ သူမ၏ ရင်သား များကို အပြည့်အ၀ ဖုံးအုပ်နိုင်ခြင်း မရှိတာကို မြင်နေရပါ တယ် ။ ဒါကို ကြည့်ရင်း သူ၏ သွေးများဟာ ဆူပွက်လာပြန် ပါတော့တယ် ။
ထိုအချိန်မှာ ချန်ရှန် ဒီလို ပြိုင်ဖက်ကင်း အလှပိုင်ရှင် ၏ နောက်ကျောကို ပွေ့ဖက်ပစ်ချင်စိတ်များ ထိန်းမရသလိုပါပဲ ၊ ဒါပေမယ့်လည်း အတွေးထဲမှာသာ ထားလိုက်တယ် ။ သူ၏ လက်များမှ လျူမန်ဂါ၏ ကိုယ်ပေါ်မှ ဖဲကြိုးကို ထိ လိုက်တယ့်အခါ သူမ တစ်ချက် တုန်သွားပြီး ညည်းညူသံ လေးပင် ထွက်သွားသလိုပါ ။
လှပသော နောက်ကျောအား ယှက်သန်းထားသည့် ဖဲ ကြိုးအား ပွတ်သပ်ရင်း ချန်ရှန် သာယာနေမိတယ် ။ ချန်ရှန် လည်း ခုခံနိုင်စွမ်း မရှိတော့ပဲ အသာအယာ ဆက်လက် ပွတ်သပ်ပေးနေပါတော့တယ် ။ သူ၏လက်မှ နူးညံတဲ့ ခံစား မှုဟာ သူ့စိတ်ကို ညို့ ယူနေပါတယ် ။ လျူမန်ဂါ သူမ ၏ နှုတ်ခမ်းအား တင်းတင်းစေ့ကာဖြင့် အလွန်ရှက်ရွံ့ နေမိပါ တယ် ။
ထိုသို့ ထိကိုင်နေရင်း ချန်ရှန် သူ၏ ခေါင်းအား စောင်း ကာ လျူမန်ဂါ ၏ ကိုယ်သင်းနံ့အား ခိုးရှူလိုက်မိတယ် ။
နွေးထွေးသည့် လေရှူထုတ်မှုကြောင့် လျူမန်ဂါ သူမ ၏ ခေါင်းကို ငဲ့စောင်းကြည့်ကာ အော်ပြောလိုက်ပါတယ် ။
“မင်း ဘာလုပ်နေတာလဲ”
ခေါင်းစောင်းလျက် ရှိနေသော ချန်ရှန်ကို ကြည့်ရင်း သူမ ရှက်ရွံ့ မှုကြောင့် ဒေါသထွက်လာတယ် ။ သို့သော် လည်း သူမ ဘာမျှ မလုပ်နိုင်ပါ ။ အံတကြိတ်ကြိတ်သာ ရှိလို့ နေပါတယ် ။
ချန်ရှန် လည်း အသိပြန်ဝင်ကာ ဖဲကြိုးအား ဆက်လက် ပွတ်သပ်ကြည့်နေတယ် ။ သို့သော်လည်း မည်သို့မျှ ပြောင်း လဲလာခြင်း မရှိပါ ။ အရင်က နတ်လက်နက်များအား သူ ယူ ဆောင်ခဲ့စဉ်က ထိလိုက်ရုံဖြင့်ပင် ပြောင်းလဲမှုများ ဖြစ်ပေါ် ပြီး သူယူဆောင် နိုင်ခဲ့ပေမယ့် အခုတော့ ဘာမျှ မထူးခြား လာပါပေ ။
“မင်းရဲ့ အနီရင့်ငှက် ချီဓာတ်တွေ ထည့်လိုက်”
စုမေးယို ခပ် ဟန့်ဟန့် ပြောဆိုလိုက်တယ် ။ ချန်ရှန် လျူမန်ဂါ အပေါ် အမြတ်ထုတ်နေတာကို ကြည့်ရင်း ချန်ရှန် ကို အမြင်ကတ်နေတာ ဖြစ်ပြီး စိတ်ထဲမှ လည်း ကြိတ်ပြီး မကျေနပ် ဖြစ်နေပါတယ် ။
ချန်ရှန် သူ၏ အနီရင့်ငှက် ချီဓာတ်များအား ထုတ်ဖို့ ပြင် ဆင်လိုက်တယ် ။ ထိုအချိန်မှာပဲ လောင်ဆုရီဟာ ရုတ် တ ရက် သူ၏ အသံတိုင်းလုပ်ကာ –
“အမတော် မန်ဂါ ၊ ခင်ဗျားရဲ့ ကိုယ်က အတော်လှပြီး ထူးခြားတယ် ၊ ကျွန်တော် ပွေ့ ဖက်ကြည့်လို့ ရနိုင်မလား”
“ကောင်မစုတ်လေး ၊ မင်းပါးစပ်ကို ပိတ်ထားစမ်း”
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံဖြင့် အော်လိုက်ပါ တယ် ။
လျူမန်ဂါ ဒီစကားကြားပြီးနောက် သူမ၏ ကိုယ်မှာ တုန် သွားပါတယ် ။ လက်ရှိမှာ သူမ၏ လက်များဟာ ရင် ဘတ်ကို ဖုံးဖိထားရတာကြောင့် သိပ်လှုပ်ရှားလို့ အဆင်မ ပြေပါဘူး ။ သူမ၏ လက်များကို သာ ဖယ်မိပါက ချန်ရှန် သူမ၏ အရှေ့ ပိုင်းကို မြင်သွားမည်ကို စိုးရိမ်လျက်ရှိနေပါ တယ် ။
“ချန်ရှန် ၊ မင်းတော့ သေပြီပဲ”
လျူမန်ဂါ အံကြိတ်လျက် ပြောပါတယ် ။ အတော်ကို ဒေါသထွက်နေပုံရပြီး ချန်ရှန် ဒီလို ပြောလိမ့်မည်ဟု သူမ မထင်မိခဲ့ပါ ။
“စနေတာပါဗျာ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ လျင်မြန်စွာပင် သူ၏ အနီရင့်ငှက် ချီဓာတ်များအား ဖဲကြိုးအတွင်းသို့ ထည့် လိုက်ပါတယ် ။
“ဒါ စစ်မှန်သော ချီဓာတ်တွေလား”
လျူမန်ဂါ အသံ တုန်ရီနေပါတယ် ။ သူမလန့်လည်း လန့်မိသွားတယ် ။ ချန်ရှန်သာ ချီဓာတ်များကို အသုံးပြုလို့ ရသည်ဆိုပါက သူမ ချန်ရှန်ကို ဟန့်တား နိုင်မည် မဟုတ် ပေ ။ သူမကို သာ တစ်ခုခု လုပ်ချင်ပါက ခုခံနိုင်စွမ်း ဘယ် လိုမှ ရှိမည် မဟုတ်ပါဘူး ။
ချန်ရှန် နှုတ်ခမ်းကို မဲ့ကာဖြင့် –
“ခင်ဗျား ကျွန်တော့ကို မယုံဘူးလား ၊ ကျွန်တော် က နည်းနည်း ဆိုးပေမယ့် လူယုတ်မာ မဟုတ်ဘူးဗျ”
ရုတ်တရက်ပဲ ချန်ရှန် မျက်မှောင်ကြုတ်သွားမိတယ် ။ သူ၏ ချီဓာတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားတာကို မြင်လိုက်ရပြီး နတ်လက်နက်တော့ နိုးထလာတော့မည် ဆို တာကို သူသိလိုက်ပါတယ် ။ သူ မိုးပြာနဂါးဓား နှင့် အမည်း ရောင်လိပ် ချပ်ဝတ်တို့ကို ယူဆောင်တုန်းကလည်း ဒီလိုပါ ပင် ။ အလားတူ ပုံစံမျိုးများ ဖြစ်ခဲ့တာပါ ။
လျူမန်ဂါ အလွန်ကို အံ့အားသင့်နေမိတယ် ။ သူမကို ရစ်ပတ်ထားသော ဖဲကြိုးမှ မီးလို အနီရောင်အငွေ့များ ထွက်လာတာကို သူမခံစားမိနေတယ်။ နွေးထွေးသော ခံစားမှုမျိုးအား ခံစားမိပြီး အနီရင့်ငှက် နတ်လက်နက် ၏ စွမ်းအားများ ရရှိနေသလိုပါပဲ ။ သူမနှင့် လက်နက်တို့ ပေါင်း စပ်နေသလို ခံစားချက်မျိုး ပေးနေပါတော့တယ် ။
ချန်ရှန် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်တယ် ။ အံ့ သြမှုများအား သူ့မျက်နှာမှာ တွေ့ လိုက်ရပြီး လျူမန်ဂါအား အနီရောင် အငွေ့ များ ရစ်ပတ်နေတာကို ကြည့်နေပါတယ်၊
“အမတော် မန်ဂါ ၊ ခင်ဗျား အဆင်ပြေလား”
“ပြေတာပေါ့ ၊ ငါ အနီရင့်ငှက် နတ်လက်နက်နဲ့ ငါ နဲ့ ပေါင်းစပ်နေသလို ခံစားနေရတယ်”
လျူမန်ဂါ ၏ အသံဟာ စိတ်လှုပ်ရှားမှု အပြည့်ပါပဲ ။ ဒီ လက်နက်ဟာ သူမနှင့် အချိန်အတော်ကြာ အတူရှိနေခဲ့ တာ ဖြစ်ပြီး သူမနှင့် နက်ရှိုင်းသော ဆက်နွယ်မှုလည်း ရှိနေ သလိုပါပဲ ။ သို့သော်လည်း အနီရင့်ငှက်၏ စစ်မှန် သော ချီဓာတ်မရှိသောကြောင့် သူမအနေနဲ့ ၎င်းကို မနှိုးထ နိုင်စေခဲ့ပါဘူး ။ ဒါပေမယ့် ချန်ရှန် က သူ၏ ချီဓာတ်ကို ထည့်ပေးလိုက်သည့် အတွက် ဒီလိုတွေ ဖြစ်ပေါ်လာရတာ ပါ ။
ချန်ရှန် မြေကြီးပေါ်ထိုင်ကာ လျူမန်ဂါ၏ ပျော်ရွှင်စွာ စိတ်လှုပ်ရှားပုံကို ကြည့်နေရင်း သူသက်ပြင်းချမိပါတယ် ။ မူလက သူဟာ နတ်သင်္ကေတ ၄ ခု၏ နတ်လက်နတ်အား လုံး အား ယူဆောင်မည်ဟု စဉ်းစားထားခဲ့ပေမယ့် ယခု အခါ အနီရင့်ငှက်လက်နက် မှာတော့ သူ့ဟာ မဟုတ်တော့ တာ သေချာပေပြီ ။
“ငါသေချာပေါက် ဒါမျိုးကို ကိုယ့်ဟာကိုယ် လုပ်နိုင်ရ မယ်”
ချန်ရှန် လက်သီးဆုပ်လျက် ရေရွတ်မိပါတယ် ။ ဒါပေမယ့်လည်း ဒီလိုလုပ်ဖို့ အချိန်များစွာ ကြာဦးမည် ဆို တာ သူသိနေပါတယ် ။
“ချန်ရှန် ၊ ဒီအမျိုးသမီးကတော့ အတော်အကျိုးရှိသွား ပြီ ။ သူမကို မင်းအတွက် ဆုချဖို့ မေးသင့်တယ်နော် ၊ ဥပ မာ ကိုယ်တုံးလုံး နေခိုင်းတာတို့ ဒါမှ မဟုတ် အနမ်းပေးခိုင်း တာတို့ ဒါမှမဟုတ် တစ်ခုခုပေါ့ . . . ဟဲဟဲ”
လောင်ဆုရီ ရယ်မောနေပါတယ် ။ သူမ၏ ရယ်သံမှာ ပင် ကောက်ကျစ်နေသလိုပါပဲ ။
“ကောင်မစုတ်လေး ၊ မင်းကငါ့ ဘယ်လိုထင်နေတာလဲ ၊ ငါက သူမကို လေးစားတာပဲ ရှိတယ် ။ တခြား အတွေးမရှိ ဘူးကွ”
ချန်ရှန် ခပ်တိုးတိုး ငေါက်လိုက်တယ် ။
“မင်းစောင့်နေဦး ၊ င့ါမှာ အခွင့်အရေး ရှိလို့ကတော့ မင်း ဖင်ကို စုတ်ပြတ်သွားအောင်ကို ပိတ်ကန်ပစ်မယ်”
“အိုး ၊ လူကြီးမင်းရယ် ၊ ကြောက်လိုက်တာရှင် ၊ အမ တော် မေးယို ၊ အမတော် ယုယု ၊ ကျွန်မကို ကယ်ပါဦး”
လောင်ဆုရီ တမင်တကာပင် အသံအား ကြောက်ရွံ့ ဟန်ပြုကာ အော်နေပါတယ် ။ ချန်ရှန် စိတ်ထဲ အတော် တင်းကာ အံကြိတ်နေပါတယ် ။ ဒီနဂါးမလေးနှင့် ညီအမ နှစ်ယောက်တို့ သူတို့အချင်းချင်း မကြာခဏ အတင်းချကြ ပုံပါ ။ သူတို့၏ နတ်အတွင်းအား အာရုံများကို သုံးတာမို့ ချန်ရှန် ပင် သူတို့ပြောနေတာများကို သိနိုင်ခြင်း မရှိပါပေ ။
မီးကဲ့သို့ အနီရောင် အငွေ့ များ ပျောက်ကွယ်သွားပါပြီ။ လျူမန်ဂါ ၏ ကိုယ်တွင် ရစ်ပတ်နေသော ဖဲကြိုးမှာလည်း ပျောက်ကွယ်သွားပြီး သူမလည်း မျက်လုံးများ ပွင့်လာပါ တယ် ။ သူမ၏ လှပသော မျက်နှာတွင် ပျော်ရွှင်မှုများကို မြင်တွေ့ နေရပြီး ပိုမို ချစ်စရာကောင်းနေပါတော့တယ် ။
လျူမန်ဂါ လှည့်လာကာ ချန်ရှန်ကို နွေးထွေးစွာပြုံးပြ လိုက်ပြီး –
“ကျေးဇူးတင်ပါတယ် ကွာ ၊ မင်းက ငါ့ကို နတ်လက် နက် အသုံးပြုခွင့် ပေးလိုက်တာပဲ”
ထိုအချိန်မှာ ချန်ရှန် ၏ တစ်ကိုယ်လုံး လောင်ကျွမ်းနေ သလို ခံစားနေရတယ် ။ သွေးများ တဒုတ်ဒုတ် ဖြင့် ဆူ လျက် ရှိပြီး သူ၏ နှာခေါင်းများကပင် လျှံကျတော့မလိုပါပဲ ၊ အဘယ်ကြောင့်ဆိုသော် သူ လျူမန်ဂါ၏ အရှေ့ ပိုင်းအား အထင်းသာ မြင်တွေ့ လိုက်ရလို့ပါပဲ ။ သူမကို ကြည့်ရင်း နှင်းလို ဖြူဖွေးသော တောင်ထွတ် နှစ်ခုအား မြင်လိုက်ရပါ တယ် ။ ထိုအပေါ်မှာတော့ ဆွဲမက်ဖွယ် အနီရောင် အကွက် လေး ရှိနေပြီး အစက်ပျောက်လေးများလည်း ရှိနေပါတယ်။ ဘာမျှ ဖုံးကွယ်ထားခြင်း မရှိပါပဲ နဲ့ ချန်ရှန် အတိုင်းသား မြင် ရခြင်း ဖြစ်ပါတယ် ။
ဒီလို အလှအပကြောင့် ချန်ရှန် ၏ နှလုံးခုန်သံဟာ ရပ် တန့်တော့မလိုပါပဲ ။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားရင် တောင် ယခုမြင်ကွင်းအား သူဘယ်တော့မျှ မေ့နိုင်မည် မဟုတ်ပေ ။ သို့သော်လည်း သူဟာ ဒီလိုအရာမျိုးအား မြင် တွေ့ ဖူးခဲ့ပြီး ဖြစ်ပါတယ် ။ ဘိုင်ယုယု နှင့် စုမေးယို တို့၏ ကျောက်စိမ်းလို ခန္ဓာကိုယ်၏ ပကတိ အလှတရားအား သူ မြင်ခဲ့ဖူးတာ ဖြစ်ပြီး ဒါကြောင့်ပင် သူအနည်းငယ် ခံနိုင်ရည် ရှိနေတာ ဖြစ်ပါတယ် ။
“အမတော် လျူမန်ဂါ၊ ခင်ဗျား အ၀တ်အစားတွေ အရင် ၀တ်လိုက်ရင် အဆင်ပြေမလား ၊ ကျွန်တော့်ကို အတော် အရှက်ရစေတယ်နော်”
ချန်ရှန် သူ၏ အာရုံများကို ပြန်လည် စုစည်းမိသွားပါ တယ် ။ သူ၏ မျက်နှာမှာ အပြုံးတစ်ခု ဖန်တီးကာဖြင့် ခေါင်း ကိုလည်း တဖက်သို့ လှည့်လိုက်ပါတော့တယ် ။
လျူမန်ဂါ ၏ မျက်နှာဟာ ပူခနဲ ဖြစ်သွားပြီး နားရွက် အထိ တိုင် ရဲတက်သွားပါတယ် ။ ထိုအချိန်မှာ သူမ ဟာ ရင်ဘတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေတာဖြစ်ပြီး ခုန တုန်းက သူမဟာ ပျော်ရွှင်မှုကြောင့် သတိလက်လွတ် ဖြစ်သွားတာပါ ။ အလွန်ကို စွမ်းအားကြီးလှသည့် နတ် လက် နက်နှင့် ပေါင်းစပ်မိသွားတာကြောင့် သူမ အရာအား လုံးကို မေ့ကာ အလျင်စလို ပြုမူလိုက်မိခြင်း ဖြစ်ပါတယ် ။ ထိုသို့ တုန်လှုပ်အပြီးမှာတော့ တဖက်သို့လှည့်ကာဖြင့် သူမ ၏ အ၀တ်အစားများကို ပြန်လည် ၀တ်ဆင်လိုက်ပါ တော့တယ် . . . ။