Switch Mode

Chapter – 106

တော်၀င် သံချပ်ကာ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၆။ တော်ဝင် သံချပ်ကာ။

” ဘာတွေရယ်နေတာလဲ ”

မလှမ်းမကမ်းကနေ ယဲ့ရှောင်က ဟွမ်လျိုလီကို စိုက်ကြည့်လိုက်၏။ ဟွမ်လျိုလီက ထူပူသွားပြီး ချက်ချင်းပင် သူမပါးစပ်ထောင့်က သားရေများကို သုတ်လိုက်တော့သည်။

” အမ်း ဘာမှမဟုတ်ပါဘူး။ သခင် ဒေါသမထွက်နဲ့။ ဒီမှာ ဘာကြောင့် မီးစဖိုနေရတာလဲ ”

နာရီဝက်ခန့်ကြာပြီးနောက် ယဲ့ရှောင်က မီးဘေး၌ ထိုင်နေ၏။ ဟွမ်လျိုလီက ပထမဆုံး ကင်ပြီးသား မြွေသားကို ယဲ့ရှောင်အား ပေးလိုက်သည်။

” သခင် ကျေးဇူးပြုပြီး အရင်သုံးဆောင်ပါ ”

ယဲ့ရှောင်က ၄င်းကို မြည်းစမ်းရန် အလျင်မလိုပေ။ သူက မြွေသားကို ယူပြီးနောက် တစ်ဖက်တွင် စားစရာများစုံနှင့် ထားထားလိုက်၏။

” အဆင့်မြင့်တဲ့ ဘာဘီကျူး အသားကင်က လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေပဲ သုံးလေ့ရှိတယ်။ အခြေအနေကသာ ခွင့်ပေးရင် ငရုတ်ကောင်းနဲ့ ဇီရာကိုလည်း ထည့်သင့်တယ်။ အရသာက ပေါ့နေရင် ဆားဖြူးလိုက်။ အရသာက လေးနေရင် ငရုတ်ကောင်းမှုတ် ထည့်လို့ရတယ်။ ဒီနည်းနဲ့ဆိုရင် မွှေးပျံ့နူးညံ့ပြီး အနံ့ကဲတဲ့ ခပ်စပ်စပ် အသားကင်ရရင် ပြီးပြည့်စုံပြီလို့ သတ်မှတ်လို့ရပြီ ”

ဂလု။

ဟွမ်လျိုလီက တံတွေးမြိုချမိသွားသည်။

” သခင် မှန်တယ် ”

ယဲ့ရှောင်က ၄င်းကို မြည်းကြည့်ပြီးနောက် သူ၏ မျက်လုံးများက လက်သွားတော့၏။

” ကောင်းလိုက်တဲ့ မြွေသား။ အနက်ရောင်ကြေးခွံမြွေရဲ့ အရေခွံ ဒီလောက်မာလိမ့်မယ်လို့ မထင်ထားဘူး။ အသားရဲ့ လတ်ဆတ်မှုနှင့် နူးညံ့မှုက ငါ ထင်ထားတာကို ကျော်လွန်တယ်။ ယင်းက ကပ်စေးစေးဖြင့် နူးညံ့အောင် ပြုလုပ်ထားသည့် အမဲသားကဲ့သို့ပင် ဆီပါ လူးလိုက်သည်ဟု ခံစားရမိသည်။ တစ်ကိုက်ကိုက်ပြီးနောက် အရေခွံက ကျွတ်နေပြီး အဆီက ရွှဲနေကာ စိတ်ကျေနပ်သည့်အရသာကို ပေးစွမ်းသည်။

တစ်ဖက်တွင်မူ အတွင်းသားက နူးညံ့ပြီး အရသာရှိ၏။ မဝါးပဲ မြိုချနိုင်သည်။

” ပြီးပြည့်စုံချက်ပဲ ”

ယဲ့ရှောင်၏ ချီးကျူးမှုကို ကြားသောအခါ ဟွမ်လျိုလီက ချက်ချင်းပင် တံစွတ်ကင်ကို ထုတ်လိုက်ပြီးနောက် သူမကိုယ်တိုင် မြည်းစမ်းလိုက်၏။

သူမက စားတာ မြန်လွန်းနေပြီး သူမခန္ဓာကိုယ်ကို ကာကွယ်ရန် ဝိညာဥ်စွမ်းအင် မသုံးခဲ့ပေ။ ပူလွန်းသောကြောင့် ထအော်မိပြီး ထခုန်မိသွား၏။

ယဲ့ရှောင်က ခေါင်းခါပြီးနောက် ပြုံးနေလေသည်။

သူက ဘီယာတစ်ပုလင်းကို ဖွင့်ပြီးနောက် အကင်ဆက်စားနေတော့သည်။ သို့သော် သူက တစ်စုံတစ်ခုကို တွေးနေလေ၏။

ယခင်က ယဲ့ရှောင်သည်လည်း ကြယ်တာရာသားရဲ အသားကင်အချို့ကို စားခဲ့ဖူးသည်။ ကြယ်တာရာသားရဲများ၏ အသားများက အနည်းငယ် မာသည်မှာအပ ကြယ်တာရာသားရဲများ၏ အသားအများစုက အရသာ အလွန်ကောင်းသည်။

ကျင့်ကြံခြင်းက ပိုပြီး နက်နဲလာသည်နှင့် အသားက ပိုမိုနူးညံ့ပြီး အရသာရှိလာသည်။ ရှန်းထျန်းစတုတ္ထအဆင့် အနက်ရောင်ကြေးခွံမြွေက ထိုမျှ ကောင်းမွန်သည့် အရသာ ပေးနိုင်သည်။

အံ့ဖွယ်ဂိုဏ်းအဆင့် ဘုရင်အေးအ်ရဲ့ အရသာဆိုဘယ်လိုနေမလဲ သိချင်မိတယ်။

ယင်းက နောက်ထပ် ကိစ္စတစ်ရပ်ဖြစ်သည်။ အနက်ရောင်ကြေးခွံမြွေ၏ အရသာက ကောင်းလွန်း၏။ အားလုံးကို တစ်ပြိုင်နက်တည်း စားခဲ့လျှင် ဆုံးရှုံးရာ ရောက်လိမ့်မည်။

အနက်ရောင်ကြေးခွံမြွေ၏ အသားကို သိုလှောင်ထားရန် အိမ်ထဲ၌ စတိုခန်းတစ်ခု တည်ဆောက်တာက ပိုကောင်းလိမ့်မည်။ နည်းလွန်းလျှင် သူက နံနက်ခင်းကြယ် ကျင့်စဥ် သို့မဟုတ် ကောင်းကင်ကုသခြင်းကို အသုံးပြုပြီး ၄င်းကို ကုသပေးနိုင်က အသားအချို့ ပြန်တက်အောင် လုပ်နိုင်၏။

မည်သည့်နည်းနဲ့မဆို ကျင့်ကြံခြင်း နည်းစနစ်သည် မိုး၊ လေ၊ မြေ၏ ဝိညာဥ်စွမ်းအားကိုသာ သုံးစွဲတာ ဖြစ်သည်။ သို့သော် ၄င်းက အသား အစစ်အမှန်ကို ပြန်တက်စေ၏။

နောင်ကြ ဘုရင်အေးအ်၏ အသား သို့မဟုတ် ကျန်သည့် ကြယ်တာရာသားရဲများ၏ အသားကတောင် အရသာရှိနေလျှင် ဤနည်းဖြင့် သိုလှောင်နိုင်မှာပဲ ဖြစ်သည်။

စားသောက်ပြီးနောက် သူတို့က အလုပ်စလုပ်ကြတော့၏။

ယဲ့ရှောင်သည် မြေအောက်တွင် တွင်းနက်ကြီးတစ်ခုကို တူးရန်အတွက် ဟွမ်လျိုလီကို ခိုင်းလိုက်ပြီး မနက်ဖြန်ကျ စားစရာများ သိုလှောင်ရန် မြေအောက်စခန်းတစ်ခု တည်ဆောက်ဖို့ရာ အစီအရင်တစ်ခု တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေး ကုန်ကြမ်းအချို့ကို ဝယ်ခိုင်းလိုက်သည်။ သူကိုယ်တိုင်ကမူ အခန်းထဲဝင်ပြီးနောက် သံချပ်ကာကို စတင်သန့်စင်တော့၏။

သူသည် ပိုးကောင်တစ်ကောင်ကို ကုသရန် ကတ်တစ်ကတ်မျှသာ အသုံးပြုခဲ့ပြီးနောက် မြွေအရေခွံများ ရာချီ ရရှိခဲ့သည်။

ထိုမျှများပြားသည့် အနက်ရောင်ကြေးခွံမြွေအရေခွံများဖြင့် သူကိုယ်တိုင် ခွာထားသည့် ရှန်းထျန်းတတိယအဆင့်မှအပ ကျန်သည့်အားလုံးက ရှန်းထျန်းစတုတ္ထအဆင့်များ ဖြစ်ကြသည်။ ရှန်းထျန်းစတုတ္ထအဆင့် မြွေအရေခွံတစ်ရာ။ ယင်းက ချဲ့ကားနိုင်လွန်းသည်။

ယင်းက ရှန်းထျန်းစတုတ္ထအဆင့် အံ့ဖွယ်ချီရှန်းအယောက် ၁၀၀ကို သတ်ဖြတ်ခြင်းနှင့် ညီမျှသည်။ကြယ်ဆုံသောကောင်းကင် စစ်မြေပြင်အောက်၌ ဒဏ္ဍာရီထဲရှိ စစ်ပွဲကြီးထဲတွင် ရရှိသည့် ကြယ်တာရာသားရဲ ကုန်ကြမ်းအောက် မလျော့ပေ။

ယဲ့ရှောင်သည် အနက်ရောင်ကြေးခွံမြွေ၏ အရေခွံများ သယ်လာပြီးနောက် သံချပ်ကာကို စတင်သန့်စင်တော့သည်။ သူက မြွေအရေခွံထဲရှိ ၀ိညာဥ်စွမ်းအားများကို စတင်သန့်စင်၏။ အမှန်တကယ်တွင် သာမန် ပန်းပဲသမားသည် သံချပ်ကာအဖြစ် မြွေအရေခွံ၏ တစ်ခုကိုသာ သန့်စင်နိုင်သည်။ ထိုမျှများပြားသည့် မြွေအရေခွံများကို သံချပ်ကာအဖြစ် ပြုလုပ်ရန်မလွယ်ကူချေ။

သန့်စင်သည့် အတွေ့အကြုံနှင့် အရည်အချင်း လိုအပ်ရုံသာမက ကျင့်ကြံခြင်း နည်းစနစ်၏ ခွန်အားလည်း လိုအပ်သည်။

ထိပ်တန်းအလွှာ ကျင့်ကြံခြင်း နည်းစနစ်ကသာလျှင် ထိုမျှများပြားသည့် မြွေအရေခွံများစွာကို သံချပ်ကာ ဖြစ်စေတာပင် ဖြစ်သည်။

ထိပ်တန်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်သာလျှင် ထိုမျှများပြားသည့် မြွေအရေခွံများကို သံချပ်ကာအဖြစ် သန့်စင်နိုင်စွမ်းရှိပေ၏။

နတ်ဘုရားလက်ရာ ရှိနေခဲ့လျှင်တောင် သေချာပေါက် သန့်စင်နိုင်မည်ဟု မဆိုလိုပေ။ ယဲ့ရှောင်၏ နည်းလမ်းက တူညီသည့် အနက်ရောင်ကြေးခွံမြွေအရေခွံများစွာကို ဆက်တိုက်ခွာနေခဲ့သောကြောင့်သာ ဖြစ်၏။ သူတို့၏ ဗီဇက တူညီသည်။

ယင်းက ဓါးပျံတစ်လက် သွန်းလုပ်ခြင်း သို့မဟုတ် ဓါးရှည်တစ်လက်ကို သွန်းလုပ်ခြင်းနှင့် မတူညီပေ။ ကုန်ကြမ်းများက အလွန်စျေးကြီးနေသည်နှင့် ယဲ့ရှောင်က တစ်ရက်နှစ်ရက်တိုင်တိုင် အချိန်ကုန်ခဲ့၏။ တနင်္လာမနက် မရောက်ခင်၌ သူသည် သားရေသံချပ်ကာကို အပြည့်အဝ သန့်စင်ပြီးသွားသည်။

ယင်းက သားရေသံချပ်ကာဟု ခေါ်သော်ငြား အမှန်တကယ်တွင် သာမန် အနက်ရောင်သားရေတစ်စုံထက် ပို၏။ ဒီဇိုင်းက အနက်ရောင် သားရေ အဝတ်အစားများနှင့် တူသည်။

ဒီဇိုင်းက သားရေဂျာကင် အနက်ရောင်ဂျင်းတို့နှင့် အတော်လေးဆင်တူနေသည်။ ဝတ်ဆင်ထားသည့် အချိန်တွင် ထူးဆန်းမှုကို မခံစားရပေ။ အင်မတန် လှည့်စားနိုင်သည့် ရှုထောင့်ကနေသာ ၄င်းကို မြင်နိုင်ပြီး ထိုအပေါ်၌ ကြေးခွံပုံသဏ္ဍာန်ကွက်များ ရှိနေပြီး ဆန်းကြယ်မှုအချို့ကို ထုတ်ဖော်နိုင်၏။

အဆင့်မြင့်သည့် လူတစ်ဦးကတောင် ထိုသံချပ်ကာတွင် တစ်ခုခု မှားယွင်းနေကြောင်း ပြောနိုင်မှာ မဟုတ်လောက်ပေ။ ၄င်း၏ သွင်ပြင်က တစ်
ပန်းသာပေ၏။ လက်တွေ့ကျကျ ကြည့်လျှင် ယဲ့ရှောင်က ၄င်းသည် သူ့ဘာသာသူ ဝိညာဥ်စွမ်းအင်များ စုပ်ယူနိုင်ပြီး အလိုအလျောက် ခုခံခြင်းကို သတိပြုမိနိုင်၏။

ယင်းက ယဲ့ရှောင် တွေးထင်ထားသည်ထက် အတော်ကျော်လွန်နေသည်။

ချီရှန်းအဆင့် လက်နက်များနှင့် သံချပ်ကာများက သာမန်နှင့် သာလွန်အဆင့် သံချပ်ကာများထက် သာလွန်ရသည့် အကြောင်းအရင်းကို သိထားရပေမည်။ ဝိညာဥ်စွမ်းအင်များ သူတို့ဆီ ကူးပြောင်းပေးနိုင်သည့်အပြင် သူတို့က ဝိညာဥ်စွမ်းအင်များလည်း ထုတ်ပေးနိုင်၏။

သူက လှုပ်ရှားမှုများအတွင်း ဝိညာဥ်စွမ်းအင်များ ထပ်ပေါင်းထည့်နိုင်သကဲ့သို့ပင် သူတို့က အလိုအလျောက် အာနိသင်ကို ပေးစွမ်း၏။

ဝိညာဥ်စွမ်းအင်ကို ချီရှန်းအဆင့် လက်နက်သို့မဟုတ် သံချပ်ကာထဲ ထပ်ထည့်ခဲ့ပြီးနောက် ၄င်းသည် ဝိညာဥ်စွမ်းအင်၏ အကျယ်အဝန်းအတွင်း သူ့ကိုသူ တိုက်ခိုက်နိုင် သို့မဟုတ် ခုခံနိုင်မှာပဲ ဖြစ်သွ။

ယဲ့ရှောင်သည် ကိုယ်တိုင် ခုခံနိုင်သည့် အနေအထားသို့ ရောက်ပြီးသား။ ယဲ့ရှောင် သန့်စင်ထားသည့် အနက်ရောင်ကြေးခွံမြွေအရေခွံ သံချပ်ကာသည် ကိုယ်တိုင်ခုခံနိုင်သည့် အဆင့်သို့ ရောက်ပြီးသားဖြစ်သည်။ ဝိညာဥ်စွမ်းအင် အသိစိတ်ပါ ပေါင်းလိုက်သောအခါ ချီရှန်းအဆင့် သံချပ်ကာတစ်ခုထက် တစ်ဆင့် ပိုမြင့်သွား၏။ ထိုသို့ဆိုလျှင် ယင်းက ကျင့်ကြံခြင်း နည်းစနစ်နှင့် တူညီပြီး တော်ဝင်အဆင့် သံချပ်ကာဟု ခေါ်နိုင်နေပြီလော။

တော်ဝင်အဆင့် သံချပ်ကာ။

ရှန်းထျန်းစတုတ္ထအဆင့် မြွေအရေခွံတစ်ရာမှ သန့်စင်ထားသည့် သံချပ်ကာသည် အမှန်တကယ် ထူးကဲပုံ ရသည်။ ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က သံချပ်ကာ၏ ခွန်အားကို စတင်စမ်းသပ်တော့၏။

သူက မြေပြင်ပေါ်တွင် သံချပ်ကာကို ချထားပြီး ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးရောင်ခြည်ကို လက်နှစ်ချောင်းကြား ပိုင်းဖြတ်လိုက်တော့သည်။

ဖန်း။

လျှပ်ပွင့် ပေါ်လာသော်ငြား သံချပ်ကာပေါ်၌ ခြစ်ရာသာ ထင်လျက် ပကတိမျက်လုံးဖြင့် မြင်နိုင်ရန် မဖြစ်နိုင်လုနီးပါးပင်။

ယဲ့ရှောင်က အပျော်လွန်သွား၏။

” သံချပ်ကာကောင်းပဲ ”

သူ အဆင့်ကျော်ဖြတ်တိုက်ခိုက်နိုင်ကြောင်း သိထားရပေမည်။ သူ၏ ကျင့်ကြံခြင်း နည်းစနစ်က အလွန်သန်မာ၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအမှန်က ရှန်းထျန်းပဥ္စမအဆင့်သာ ဖြစ်သော်ငြား သူသည် ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်း
တစ်ဦး၏ အဆင့်ရောက်အောင် တိုက်ခိုက်ရေးစွမ်းအား ထုတ်လွှတ်နိုင်သည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိသည်။ သို့သော် အံ့ဖွယ်ချီရှန်းတစ်ဦးကတောင် သံချပ်ကာ၏ ခုခံမှုကို မထိုးဖောက်နိုင်ချေ။ သံချပ်ကာမည်မျှသန်မာကြောင်း မှန်းဆနိုင်ပေ၏။

မြန်မြန်ဆန်ဆန်ပင် သံချပ်ကာက သူ့ဘာ့သာသူ ဝိညာဥ်စွမ်းအင်ကို စုပ်ယူလိုက်ပြီး ၄င်းပေါ်ရှိ ခြစ်ရာကို ပြန်ပြင်လိုက်သည်။

လက်နက်များသည် ချီရှန်းအဆင့်သို့ ရောက်ရှိပြီးနောက် ကိုယ်တိုင် ပြန်ပြင်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ချီရှန်းအဆင့် သံချပ်ကာ စုတ်ပြဲသွားပြီးနောက် ၄င်းကို ပြန်ပြင်ရန်အတွက် အချိန်တော့ ယူရပေမည်။ ဤသံချပ်ကာအတွက် ပြန်ပြင်သည့်အချိန်က အလွန်တိုတောင်း၏။

တတ်နိုင်တာပဲ။ ဒီတစ်ခေါက် တော်တော် အကျိုးအမြတ် ရလိုက်တယ်။ ယဲ့ရှောင်က သံချပ်ကာကို ချက်ချင်း ဝတ်ဆင်လိုက်တော့သည်။

အပိုင်း ၁၀၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset