Switch Mode

Chapter – 105

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၅။

သူ့ဘာသာသူ ရေရွတ်ပြောနေပြီးနောက် ယဲဲ့ရှောင်သည် တွင်းထဲ၌ နှစ်ခြမ်းပိုင်းခံထားရသည့် အနက်ရောင်ကြေးခွံမြွေ၏ အလောင်းကြီးကို ကြည့်ပြီးနောက် ပြုံးလိုက်၏။ အနက်ရောင်ကြေးခွံမြွေက အလွန်ကြီးမား၏။ ပေ ၅၀ကျော် ရှည်ပြီးနောက် ၄င်း၏ လုံးပတ်က ကချေသည်​မိန်းကလေးတစ်ဦး၏ ခါးထက် ပိုတုတ်သည်။

အနီးကပ် စစ်ဆေးကြည့်ပြီးနောက် ၄င်း၏ ဦးခေါင်းခွံ၌ ချိုလေးအချို့ကိုတောင် တွေ့လိုက်ရသည်။

ကောလဟာလများအရ မြွေတစ်ကောင်သည် နှစ်ပေါင်းတစ်ထောင် ကျင့်ကြံပြီးနောက် မြွေနဂါးတစ်ကောင် ဖြစ်လာနိုင်၏။ မြွေနဂါးတစ်ကောင်သည် နှစ်ပေါင်းတစ်ထောင် ကျင့်ကြံပြီးနောက် အပြန်သင်စ နဂါးတစ်ကောင် ဖြစ်လာနိုင်၏။ အပြန်သင်စ နဂါးသည် နှစ်ပေါင်းတစ်ထောင် ဒုက္ခဆင်းရဲခံပြီးနောက် နဂါးအဖြစ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။

ထိုအကောင်၏ သက်တမ်းက နှစ်တစ်ထောင်ကျော်ရုံမျှသာ ရှိဦးမည်။ ကမ္ဘာမြေပေါ်တွင်သာဆိုပါက ၄င်းသည် ထူးထူးခြားခြား အန္တရာယ်ဖြစ်စေမည်ဖြစ်ကာ ကာကွယ်ပေးခြင်း ခံရသော တိရစ္ဆာန်တစ်ကောင် ဖြစ်မှာသေချာ၏။

သူ့ရဲ့ ကျင့်ကြံဆင့်က ရှန်းထျန်းတတိယအဆင့်ပဲ။ ရှန်းထျန်းစတုတ္ထအဆင့်ရောက်ဖို့ ဆံချည်တစ်မျှင်စာပဲ လိုတာ။ ဒါကို အသက်ပြန်သွင်းပြီးမှ သူ့ကို ခွဲခြမ်းစိတ်ဖြာဖို့ ဝိညာဥ်စွမ်းအင် သုံးလိုက်ပြီး သူ့ကို နောက်ဆုံးအကန့်အသတ်ကို ဝင်ရောက်နိုင်အောင် ကူညီပေးလိုက်ရင်ရော။ ဒါဆိုရင် ။

သူက စီစဥ်သည့်အတိုင်း လုပ်လိုက်သည်။

ဆိုရလျှင် ရှန်းထျန်းစတုတ္ထအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို ရှာတွေ့နိုင်ရန်က အလွန်ခက်ခဲသည်။ ရှန်းထျန်းစတုတ္ထအဆင့် ကြယ်တာရာသားရဲ၏ အရေပြားဖြင့် သန့်စင်ထားသော သံချပ်ကာက ရှန်းထျန်းတတိယအဆင့် ကြယ်တာရာသားရဲထက် သာလွန်မှာ သေချာ၏။

နံနက်ခင်း ကြယ်ကျင့်စဥ်ကို ထုတ်ဖော်လိုက်၏။ ရွှေရောင်အလင်း ဖြတ်ခနဲ ပေါ်လာပြီးနောက် အနက်ရောင်ကြေးခွံမြွေ၏ ခန္ဓာက ရွှေရောင်အလင်းများ တောက်ပလာသည်။ ၄င်းက ပြန်လည်ရှင်သန်ခြင်း၏ ဖြစ်စဥ်ကာလအတွင်း သူ့ဘာသာသူ ဆင့်ကဲပြောင်းလဲသွား၏။

နောက်လိုက်နောက်ပါတစ်ယောက် ရှိခြင်းက သူ့အတွက် ပြဿနာများစွာ သက်သာစေသည်။ ယဲ့ရှောင်က အနက်ရောင်ကြေးခွံ ဆင့်ကဲပြောင်းလဲ
မည့် အချိန်တွင် ယခင်အရေခွံ ကျွတ်သွားလိမ့်မည်ဟု မထင်ထားပေ။ တစ်နည်းဆိုရလျှင် မြွေအရေခွံနှစ်ခု ရနိုင်မှာပဲ ဖြစ်သည်။ တစ်ခုက ရှန်းထျန်းတတိယအဆင့် အနက်ရောင်ကြေးခွံမြွေ အရေခံံဖြစ်ပြီး နောက်တစ်ခုက ရှန်းထျန်းစတုတ္ထအဆင့် အနက်ရောင်ကြေးခွံမြွေအရေခွံဖြစ်၏။ ယင်းက အလွန်ကောင်းသည့် အစီအစဥ်ဖြစ်သည်။ နောင်ကြ မြွေပုံစံ ကြယ်တာရာသားရဲတစ်ကောင်ကို သတ်ဖြတ်သည့်အချိန်တွင် သူက ၄င်းကို ဆင့်ကဲပြောင်းလဲစေအောင် လုပ်ပြီးနောက် သတ်ပစ်မည် မဟုတ်ပေ။ အကြိမ်တိုင်း၌ ၄င်း၏ အရေခွံကို ခွာပြီး ပြန်လည်ကုသပေးရန် ကုသမှု ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြုခဲ့လျှင် မြွေအရေခွံများစွာ ရနိုင်မည်။

ပြီးပြည့်စုံနေပေ၏။

အနက်ရောင်ကြေးခွံမြွေက လျင်မြန်စွာ အသက်ဝင်လာတော့ပြီးနောက် ဗရမ်းဗတာ ဖြစ်နေရာမှ အသိစိတ်တို့က နှိုးထလာသည်။

” ငါမှတ်မိတာ မှန်မယ်ဆိုရင် လူသားတစ်ယောက်ရဲ့ တိုက်ကွက်ကြောင့် ငါ အသတ်ခံလိုက်ရတာပါ။ ငါ ဘာကြောင့် အသက်ပြန်ရှင်လာတာလဲ။ ငါ့ရဲ့ ကျင့်ကြံဆင့်က ရှန်းထျန်းစတုတ္ထအဆင့်ကိုတောင် တက်သွားပြီ ”

” ငါက သေမင်းတံခါးဝကို ရောက်ချိန်မှ အဆင့်တက်သွားတာများ ဖြစ်နိုင်မလား ”

” ဟား ဟား ဟား။ တကယ် ကောင်းချီးပေးခံရတာပဲ ”

ချီရှန်းအဆင့် ကြယ်တာရာသားရဲသည် လူသားဘာသာစကားကို ထမင်းစား ရေသောက် အေးဆေး ပြောနိုင်၏။ ရယ်မောနေစဥ်၌ အနက်ရောင်ကြေးခွံမြွေက ရှေ့ရှိ ယဲ့ရှောင်ကို ရုတ်တရက် သတိပြုမိသွားသည်။ မထီလေးစားနိုင်သည့် လူတစ်ယောက်က သူ့ရှေ့တွင် အမှန်တကယ် ရပ်ရဲနေသေးသည်။

ထို့အပြင် ယင်းက ၄င်း၏ အလောင်းကို စောင့်ကြပ်ရန်အတွက် လူသားများ ပို့လိုက်သည်။ သိုင်းပညာရှင်တစ်ယောက် ဖြစ်လောက်သည်။

ယင်းက ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင်၏ ဂုဏ်သိက္ခာကို စိန်ခေါ်နေခြင်းသာ ဖြစ်သည်။

ချက်ချင်းပင် အနက်ရောင်ကြေးခွံမြွေ၏ အမြတ်ဒေါသက ထိုးတက်သွားလေ၏။

” သေသင့်တဲ့ လူသား။ ငါ့ကို ”

ဖွီး။

အနက်ရောင်ကြေးခွံမြွေက တစ်ဖက်သို့ လှည့်နေသည့် ယဲ့ရှောင်ကို ကြည့်ပြီးနောက် ၇လက်မအကွာမှ နာကျင်မှုကြောင့် မျက်ရည်တွေ ကျလာတော့သည်။ ၄င်း၏ ခေါင်းကြီးကလည်း သတိလစ်မှုအတွင်း ရောက်သွား၏။

မြေပြင်ပေါ် ဖုတ်ခနဲ ပြုတ်ကျသွားသည့်အချိန်တွင် ပြင်းထန်သည့် နာကျင်မှုက သူ့ကို အတော်လေး ကူကယ်ရာမဲ့စေ၏။

မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီလူက အလောင်းကို စောင့်ကြပ်တဲ့ လူသားစစ်သည်တော် မဟုတ်ဘူး။ သူ့ကို သတ်ဖြတ်ခဲ့တဲ့ လူသားစစ်သည်တော်ပဲ။

ယခုအချိန်တွင် အနက်ရောင်ကြေးခွံမြွေ၏ ရင်ထဲ၌ စိတ်ပျက်အားငယ်မှုတို့ ပြည့်နေပြီဖြစ်သည်။

ထိုဓါး၏ ခမ်းနားမှုက ၄င်း၏ ဘဝတွင် ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးသည့် အရာဟု ဆိုနိုင်ပေသည်။ လူသားစစ်သည်တော်၏ ဓါးရေးကျွမ်းကျင်မှုက မြွေကို တုန်လှုပ်သွားစေအောင် သန်မာလွန်း၏ ။ ထိုသို့တိုင် ၄င်းက သူ၏ လက်တွင်းသို့ အမှန်တကယ်ကျရောက်သွားရ၏။ မည်မျှ ဝမ်းနည်းဖွယ် ကောင်းသနည်း။

စိတ်ပျက်အားငယ်မှုက သူ့ရင်ထဲ၌ ပေါ်ထွက်လာသည်။

ရှန်းထျန်းစတုတ္ထအဆင့်သို့ တက်လှမ်းပြီးနောက် ထိုကဲ့သို့ သိုင်းပညာရှင်နှင့် ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။ အဆုံးတွင်မူ သူ၏ ဓါးရောင်ခြည်ဖြင့် ဖြတ်တောက်ခံလိုက်ရ၏။ ဘုရင်အေးအ်သာ အနားတွင် ရှိနေခဲ့လျှင် အဘယ်ကြောင့်များ ထိုကဲ့သို့ မဟာအရှက်ခွဲမှုကြီးကို ခံစားရမည်နည်း။

ကြယ်တာရာသားရဲ၏ အစွမ်းထက်သော ရှင်သန်မှုက ၄င်းကို တစ်ခချက်တည်း မသေဆုံးအောင် ကာကွယ်ပေးထား၏။ သို့သော် ယင်းက သူ့ကို ပိုတောင် နာကျင်စေသည်။

လူသားက သူ၏ အရေခွံကို ခွာနေတာကို ကိုယ်တိုင် မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ထင်သည့်အတိုင်းသာဆိုလျှင် တစ်ဖက်လူက သံချပ်ကာကို သန့်စင်ရန် ၄င်း၏ အရေပြားကိုသုံးကာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်မည်ဖြစ်ပြီး ကျန်သည့်သားရဲများနှင့် ရင်ဆိုင်ဖြေရှင်းမှာပဲ ဖြစ်၏။ ယင်းက မည်မျှ အရှက်ကွဲနေသနည်း။

ထားလိုက်တော့။ ရှိပါစေတော့။ သန်မာသူက အားနည်းသူကို အမဲလိုက်၏။ ယင်းက လောက၏ သဘာဝ နိယာမဖြစ်သည်။

သူသည် ယခင်က လူတော်တော်များများကို စားသောက်ခဲ့၏။ လုံလောက်သွားပေပြီ။

လူသား ကြယ် ၇လုံး တန်းတဲ့အချိန် ငါ့ရဲ့ဘုရင် ပြန်လာတဲ့အခါ ကျန်းဟိုင်မြို့ထဲက လူသားတွေအားလုံးကို ဖိနှိပ့်ပစ်ပြီး ကြယ်တာရာသားရဲတွေအတွက် အစာတွေအဖြစ် ပြောင်းပစ်လိုက်မယ်။အားလုံးကို စားပစ်မယ်။

အရင်ဦးဆုံး ထွက်သွားပြီး ကောင်းကင်မှာ မင်းကို စောင့်နေမယ်။

အနက်ရောင်ကြေးခွံမြွေ၏ အသိစိတ်က စတင်ဝေဝါးလာတော့၏။ သို့သော် ၄င်းက သေခြင်းအကြောင်း စဥ်းစားတာ ရပ်တန့်လိုက်ရုံသာမက သေဖို့ကိုတောင် တောင်းတလာတော့သည်။

သို့သော် ထိုစဥ် ၄င်း၏ ခန္ဓာကိုယ်တစ်ဝိုက်၌ နွေးထွေးသည့် စွမ်းအင်က ရုတ်တရက် လွှမ်းခြုံလာပြီးနောက် အသိစိတ်တို့ ပြန်ရောက်လာကာ သူ့ကို နှိုးထလာစေသည်။

နှစ်စက္ကန့်ခန့် ကြာပြီးနောက် ၄င်း၏ ခန္ဓာကိုယ်သည် အပြည့်အဝ ကုသပျောက်ကင်းသွား၏။

ယင်းက အနက်ရောင်ကြေးခွံမြွေကို အံ့သြဆွံ့အသွားစေသည်။

လူသားက အသိစိတ်ရှိပြီး ငါ့ကို ထပ်မသတ်ချင်တော့တာများလား။

အတွေးပေါ်လာသော်ငြား အနက်ရောင်ကြေးခွံမြွေက ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရပြန်သည်။ အမြင်အာရုံထဲရှိ ယဲ့ရှောင်က စောင်းရွှဲ့သွားပြန်၏။ ယင်းက သူ၏ လည်ပင်းကို ထပ်မံဖြတ်လိုက်သည့်အချိန်တွင် ဖြစ်သည်။

သောက်ခွပဲ။

အနက်ရောင်ကြေးခွံမြွေက ဒီတော့မှ တစ်ဖက်လူသည် အသိစိတ်ရှိသောကြောင့် ကယ်တင်ချင်နေတာ မဟုတ်မှန်း သဘောပေါက်သွားသည်။ ထိုအစား ၄င်းကို ကုသပြီး အရေခွံ လိုချင်တာပဲဖြစ်၏။

၁၀မိနစ်ခန့်ကြာသွားပြီးနောက်။

” လူသား … သိပ်မလွန်နဲ့ ”

မိနစ်၂၀ခန့် ကြာပြီးနောက်။

” လူသား မင်း နောင်တရလိမ့်မယ် ”

မိနစ် ၃၀ခန့်ကြာပြီးနောက် မိနစ် ၄၀ခန့်ကြာပြီးနောက်။

” ”

မိနစ် ၅၀ခန့်ကြာပြီးနောက်။

” ”

မိနစ် ၆၀ကြာပြီးနောက်။

” ”

ဖွီး။

ယခုအခေါက်တွင်မူ ယဲ့ရှောင်က အနက်ရောင်ကြေးခွံမြွေကို အသက်ပြန်မသွင်းတော့ပေ။ သူ အသက်ထပ်သွင်းခဲ့လျှင် တစ်ဖက်လူက အမှန်တကယ် ကြိမ်ဆဲလောက်၏။ သူသည် မိဘမဲ့တစ်ဦးဖြစ်သော်ငြား သူ၏ မိခင်မှ မွေးဖွားလာတာပဲဖြစ်သည်။ သူ၏ မိခင်ကို အကျိုးအမြတ် အနည်းငယ်အတွက် တစ်ပါးသူ ကြိမ်ဆဲခွင့် မပေးနိုင်ပေ။ ထို့အပြင် ယဲ့ရှောင်က ခြံဝန်းထဲတွင် ထား၍ မရသော အနက်ရောင်ကြေးခွံမြွေ၏ အရေခွံ ပုံကိုကြည့်ပြီး စိတ်ကျေနပ်စွာ ပြုံးလိုက်၏။

အစက ပြုတ်ကျသည့် အနက်ရောင်ကြေးခွံမြွေ၏ ကြေးခွံအရေခွံသည် ရှန်းထျန်းတတိယအဆင့် မြွေအရေခွံဖြစ်ပြီး ကျန်သည်က ရှန်းထျန်းစတုတ္ထအဆင့် အရေခွံများ ဖြစ်ကြသည်။ သူတို့၏ ဆွဲဆန့်နိုင်မှု ပျော့ပျောင်းမှုနှင့် ခုခံခြင်း သတ္တိတို့ ဂုဏ်ရည်တို့က ထိပ်တန်းအမျိုးအစား မြွေအရေခွံများ ဖြစ်သည်။

သူ၏ နတ်ဘုရား လက်မှုအနုပညာ လက်နက်သန့်စင်ခြင်းဖြင့် အံ့မခန်း သံချပ်ကာတစ်ခုကို သန့်စင်နိုင်မှာ သေချာ၏။

ယခုအချိန်တွင် ညသန်းခေါင် ရောက်နေပြီဖြစ်ရာ ယဲ့ရှောင်သည် အနက်ရောင်ကြေးခွံ မြွေခန္ဓာပေါ်ရှိ မြွေသားများကို ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။

” ဟွမ်လျိုလီ … မီးမွှေးလိုက်တော့။ ငါတို့ ဒီည ကောင်းကောင်းစားသောက်မယ်။ ဘီယာနဲ့ အကင်လေးပေါ့ ”

” သိပြီ ”
ဟွမ်လျိုလီကလည်း ထူးမခြားနား ပြန်ဖြေ၏။ ယနေ့က အနက်ရောင်ကြေးခွံမြွေ၏ ညှင်းပမ်းမှုသာမက သူမ၏ ညှင်းပမ်းမှုလည်း ဖြစ်သည်။

ယဲ့ရှောင်၏ လက်တွင်း၌ ရှန်းထျန်းစတုတ္ထအဆင့် အနက်ရောင်ကြေးခွံမြွေက အမှန်တကယ် ရှိနေသည်။ ၄င်းက တစ်ချက်လေးတောင် မလှုပ်နိုင်ပဲ သူ ထပ်ခါတလဲလဲ အရေခွံဆုတ်တာ ခံရ၏။ ၄င်းက လူသားတစ်ဦးဆိုလျှင် ဟွမ်လျိုလီက ဘာမှခံစားရမှာ မဟုတ်ပေ။ သို့သော် ၄င်းက ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေ၏။ ယင်းက ကွာခြားသည်။ အကြောင်းအရင်းမှာ သူမသည်လည်း ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေ၏။

၄င်း အကြေးခွံခွာခံရသည့် အချိန်တွင် လူသားများ ဂရုဏာသက်ခြင်း မရှိသည့် ပုံပန်းသဏ္ဍာန်ကဲ့သို့ ဖြစ်သည်။ သို့သော် ငါးတစ်ကောင်က ၄င်း၏ ကိုယ်ပိုင် အမျိုးအနွယ် အရေခွံဆုတ်ခွာခံရသည့်အချိန်တွင် မည်သို့ဖြစ်မည်နည်း။

ဟွမ်လျိုလီက အလွန်သံသယဝင်သွား၏။ ယဲ့ရှောင်သည် အနက်ရောင်ကြေးခွံမြွေကို ထပ်ခါတလဲလဲ အရေခွံခွာနေခြင်းမှာ တမင်တကာ အရိပ်အမြွက်ပြနေတာ ဖြစ်နိုင်၏။ ယင်းက သူမ ပိုရိုးသားသင့်သည်ဟု အရိပ်အမြွက်ပြနေတာပင်။ ဟွမ်လျိုလီက ရင်ထဲ ရှုတ်ချလိုက်၏။

ယဲ့ရှောင် .. ဒီလိုမြင်ကွင်းမျိုးက ငါ့ကို ခြောက်လန့်နိုင်တယ်လို့ နင်ထင်နေရင် ငါ့ကို လျှော့တွက်လွန်းတာပဲ။

အနှစ် ၄၀၀အတွင်းမှာ မင်းကို အိမ်မွေးတစ်ကောင်အဖြစ် သေချာပေါက် ထားမယ်။ အဲ့ဒီအချိန်ကျရင် မင်းကို အညှာအတာမဲ့ လက်စားချေပစ်မှာ။ ဟီး ဟီး ဟီး။

အပိုင်း ၁၀၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset