Switch Mode

Chapter – 104

ဆန်းကြယ်သော ကျွမ်းကျင်သူ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၄။ ဆန်းကြယ်သော ကျွမ်းကျင်သူ။

” သိပ်အစွမ်းထက်တာပဲ ”

လူတိုင်းက ရင်တုန်သွားကြသည်။ သူတို့က ထိတ်လန့်ပြီး ချက်ချင်း နောက်ဆုတ်လိုက်ကြ၏။ သူတို့အရှိန်က မြန်ဆန်သည့်တိုင် အနက်ရောင်ကြေးခွံမြွေ၏ အရှိန်က ပိုတောင်မြန်နေပေသည်။ ထို့အပြင် ယင်းက နှစ်ဆပိုမြန်တာပဲဖြစ်သည်။ အမြီးရှည်ကြီးကို တစ်ချက်လွှဲရမ်းလိုက်ရာ သစ်ပင်များ ဖျက်ဆီးခံလိုက်ရ၏။ ကြီးမားသည့် ဖိအားက သိုင်းပညာရှင်သုံးဦး၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီး သူတို့၏ ရင်ဘက်များကို တိုက်ရိုက်ချေမွသွားသည်။ မျက်တောင်တစ်ခတ်အတွင်း ကျန်သည့်သူများဆီ အဆိပ်ကို မှုတ်ထုတ်လိုက်တော့၏။

” အား ”

သူတို့က သနားစဖွယ်ကောင်းလောက်အောင် အော်ဟစ်လိုက်ကြပြီးနောက် အနည်များအဖြစ် လျင်မြန်စွာ တိုက်စားခံလိုက်ရသည်။

အနက်ရောင်ကြေးခွံမြွေက တိုက်ခိုက်နေသည့်အချိန်တွင် ၄င်းမှုတ်ထုတ်သော အဆိပ်က ကျင့်ကြံဆင့်နိမ့်သည့် သတ္တဝါများကို ချက်ချင်းပင် အနည်များဖြစ်သွားအောင် တိုက်စားသွားနိုင်စွမ်း ရှိသည်။ ပုံမှန်ဆို ယင်းက အဆိပ်ကို အလွယ်တကူ အသုံးမပြုပေ။ ထိုအစား ရန်သူ၏ အလောင်းများကို အစာအနေဖြင့် သိမ်းထားတာ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ အင်မတန်ဒေါသထွက်နေ၏။ ခေါင်းဆောင်၏ ခြေထောက်များက တုန်ယင်နေ၏။

ပြီးသွားပြီ ပြီးသွားပြီ။

အဲ့ဒီ သောက်သတင်းပို့ချက်က သူတို့ကို တကယ်သတ်ခဲ့တာပဲ။

ထိုအနက်ရောင်ကြေးခွံမြွေသည် အမှန်တကယ် သာလွန်အဆင့်၌ ရှိ၏။ သို့သော် သတင်းပို့ချက်ထဲတွင် ၄င်း၏ နောက်ကွယ်၌ ကြီးမားသည့် အနက်ရောင်ကြေးခွံမြွေရှိကြောင်း မပြောခဲ့ပေ။ ထိုအနက်ရောင်ကြေးခွံမြွေ၏ ကျင့်ကြံမှုသည် ချီရှန်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူက ဤဂိမ်း၌ မည်ကဲ့သို့ ဝင်ပါနိုင်တော့မည်နည်း။

” မြန်မြန်နောက်ဆုတ် တတ်နိုင်သလောက် ဆုတ်ကြ။ ဒီနေရာက အခြေအနေအကြောင်း သတင်း
ဖြန့်ရမယ်။ တခြားလူသားတွေကို အဆင်အခြင်မဲ့ ဝင်ခွင့်ပေးလို့ မရဘူး ”

ခေါင်းဆောင်က အော်လိုက်ပြီးနောက် လူတိုင်းက အမိန့်ရလက်ခံလိုက်သည်။ ချက်ချင်းပင် ငှက်များပမာ အသွင်ပြောင်းသွားလျက် အရပ်မျက်နှာအနှံ့ တကွဲတပြားဆီ ပြေးကြ၏။ စာရိတ္တအရ လူတစ်ယောက်၏ အသင်းဖော်များကို လက်လျှော့ခြင်းက မှားယွင်းနေသည်ဆိုတာ အမှန်ပင် ဖြစ်သည်။ သို့သော် ယင်းက မဟာမိတ်၏ စည်းမျဥ်းအရ ဖြစ်၏။ ငှားရမ်းထားသော ကုမ္မဏီသည် အစွမ်းထက်သော ကြယ်တာရာသားရဲတစ်ကောင်နှင့် ရင်ဆိုင်တွေ့ရလျှင် ထွက်ပြေးခွင့်ရှိ၏။ နောင်၌ အသက်ရှင်သည့်သူ ရှိခဲ့လျှင် သတင်းအချက်အလက် လက်ဆင့်ကမ်းနိုင်ပြီး ပိုကြီးမားသည့် ဆုံးရှုံးမှု မခံစားရအောင် လူသားမျိုးနွယ်စုတစ်ခုလုံးကို ကာပေးနိုင်သည်။ ယင်းက မတတ်နိုင်သည့်အရာ ဖြစ်သည်။ လူသားများက အားနည်းလွန်း၏။ ရှင်သန်နေထိုင်ရန်အတွက် တစ်စိတ်တစ်ပိုင်းသာ စတေးရမှာပဲ ဖြစ်သည်။ အနက်ရောင်ကြေးခွံမြွေက အလွန်မြန်ဆန်သော်ငြား ထွက်ပြေးသွားသော သိုင်းပညာရှင်များကို ရင်ဆိုင်ရသည့်အချိန်တွင် သူတို့အားလုံးနောက်သို့ တစ်ပြိုင်နက်တည်း မလိုက်နိုင်ချေ။ ယင်းက ၄င်းကို ပိုတောင်ဒေါသထွက်သွားစေ၏။ ထို့အပြင် အားလုံးက လူသားခေါင်းဆောင် ပေးလိုက်သည့် သတင်းကြောင့်ဖြစ်သည်။

ရှီး ရှီး ရှီး။

ဝိညာဥ်စွမ်းအင် လေထုကို ရှိုက်သွင်းပြီးနောက် ခန္ဓာကိုယ်ကြီးကို လှုပ်ခါလိုက်သည်။ ချက်ချင်းပင် မြေအောက်အလွှာကို ဘေးသို့ တွန်းပို့လျက် ခေါင်းဆောင်ဆီ ခုန်အုပ်လိုက်တော့သည်။

ခေါင်းဆောင်က ခြေဆောင့်နင်းပြီးနောက် လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သို့သော် သူ၏ အရှိန်က ချီရှန်းအဆင့် အနက်ရောင်ကြေးခွံမြွေနှင့် မည်ကဲ့သို့ နိုင်မည်နည်း။ သူက ဟို့ထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦးသာ ရှိသေးသည်။

အနက်ရောင်ကြေးခွံမြွေက သူ့နား ချဥ်းကပ်လာ၏။ ၄င်း၏ ကိုယ်ထည်ကြီးက လမ်းကြောင်းရှိ အရာအားလုံးကို ချေမွသွားပြီး မြေပြင်ကို စတင်လှုပ်ခါလာစေသည်။

အရပ်မျက်နှာအားလုံး၌ လေပြင်းထန်စွာ တိုက်ခတ်နေသည်။ ခေါင်းဆောင်က အနက်ရောင်ကြေးခွံမြွေ၏ ညှီစို့စို့ အနံ့ကိုတောင် ရနိုင်သည်။ ပြီးသွားပြီ ဖြစ်သည်။ ယခုအချိန်၌ ခေါင်းဆောင်က ခြေလမ်းများကိုတောင် အလိုလို နှေးလိုက်မိ၏။ လူသားများက အဆုံးစွန်သော စိတ်ပျက်အားငယ်မှုကို ကြုံတွေ့ရချိန်တွင် သူတို့၏ ခန္ဓာကိုယ်က မခုခံနိုင်တော့ချေ။ သူတို့၏ ကံကြမ္မာကို လက်ခံလိုက်သည့်ပမာ ဖြစ်နေ၏။ သို့သော် သူစိတ်ပျက်အားငယ်နေစဥ် ရွှေရောင်အလင်း လွှမ်းခြုံထားသော ပုံရိပ်တစ်ရိပ်က သူ့ရှေ့၌ ရုတ်တရက် ပေါ်လာသည်။ လက်တစ်ဖက် ရုတ်တရက် မြှောက်လိုက်ပြီးနောက် ပေတစ်သောင်းခန့် ရှည်သည့် ဓါးအလင်းက ပေါ်ထွက်လာ၏။

ဖုန်း။

ချက်ချင်းပင် တစ်လောကလုံး အဖြူရောင် အလင်းဖြင့် ပြည့်သွားပြီး အရာအားလုံး လင်းထိန်သွား၏။ ယင်းက ခေါင်းဆောင်၏ သတိတရားကို အမှောင်ထုအဖြစ် ဝါးမြိုသွားတော့သည်။

အချိန်မည်မျှ ကြာသွားသည်မှန်း မသိ၊ ရာစုနှစ်တစ်စုစာ ကြာသွားသည်။ သို့မဟုတ် တစ်ခဏချင်းသာ ကုန်သွားသည်လား မသိ။ ခေါင်းဆောင်က နား၌ နာကျင်နေတော့သည်။

” ခေါင်းဆောင် မြန်မြန်ထဦး ”

သူက အိပ်ငွေ့ချခံလိုက်ရသည့်ပမာ အိမ်မက်ထဲကနေ နှိုးလာလေ၏။ သူ့ကို ကြောင်အစွာ ဖက်ထားသည့် အသင်းဝင်ကို ကြည့်လိုက်တော့သည်။

သူ မှတ်မိတာ မှန်မည်ဆိုလျှင် ထိုအသင်းဖော်၏ ရင်ဘက်က အနက်ရောင်ကြေးခွံမြွေကြောင့် ပြားသွားတာ ဖြစ်ဟန်တူ၏။

” ငါတို့ ငရဲမှာလား ”

” ဒါဘယ်လို ငရဲမျိုးလဲ။ အားလုံးအဆင်ပြေနေတာလေ ”

” အဆင်ပြေတယ်လား ”

အဖွဲ့ခေါင်းဆောင်က ကြောင်အနေ၏။ အေးစက်စက် လေတစ်ချက် တိုက်ခတ်သွားလေရာ သူ၏ ခွကြားက စိမ့်သွားတော့၏။ ချက်ချင်းပင် ထထိုင်လိုက်သည်။

သူ့နားတစ်ဝိုက် ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရချိန်တွင် အံ့သြဆွံ့အသွား၏။

ဒါ အရင်တုန်းကနှင့် အတူတူပဲ မဟုတ်ဘူးလား။ ၁၀မိုင်အတွင်းမှာ အပင်တွေအားလုံး ဖျက်ဆီးခံလိုက်ရပြီး အဝါရောင် ရွှံ့တွေပဲ ကျန်ခဲ့တာ။

မြေပြင်ပေါ်၌ ဓါးရာကြီး ရှိနေ၏။ သူ့ရှေ့ရှိ ၁၅ပေကနေ ပေ၁၀၀၀၀ကျော်အထိ ဆန့်တန်းလေပြီး ပေပေါင်းများစွာ နက်ရှိုင်း၏။ ဧရိယာတစ်ခုလုံး နှစ်ခြမ်းပိုင်းခံထားရသည်။

ဓါးရာ၏ အစွန်းရှိ ရေအိုင်ကလည်း အပိုင်းခံထားရ၏။ အိုင်ထဲရှိ ရေများက ပန်းထွက်နေပြီး ပတ်ဝန်းကျင်ရှိ မြေပြင်ကို စိုစွတ်သွားစေတော့သည်။ သူ့အဝတ်အစားနှင့် ဘောင်းဘီကလည်း ရေများ ရွှဲစိုနေတော့သည်။

ဖြောင့်တန်းသည့် ဓါးရာက ရေအိုင်နှင့် ဆက်ထားပြီး ရွှံ့များသာ ကျန်ရစ်တော့သည်။ စိုထှိုင်းနေ
သည့် မြေပြင်ဧရိယာနဲ့ ပေါင်းလိုက်ရာ ယင်းက အနည်းငယ် မဖော်ပြနိုင်တော့ပေ။ ထိုထက်ပိုသည်က ထိတ်လန့်စရာ ကောင်း၏။ ယင်းက ထိတ်လန့်စရာကောင်းသော မြင်ကွင်း ဖြစ်သည်။ ထိုမျှအစွမ်းထက်သော အဖျက်အင်အားကို ဖန်တီးနိုင်ရန်အတွက် လူတစ်ယောက်သည် မည်မျှ သန်မာသနည်း။ ယင်းက ဆန်းကြယ်မှုတစ်ခုနှင့် နှိုင်းယှဥ်နိုင်သော တည်ရှိမှု ဖြစ်သည်။

ခေါင်းဆောင်က သူစိတ်ပျက်အားငယ်နေချိန်၌ ရွှေရောင်အလင်း လွှမ်းခြုံထားသည့် လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာတာကို မှတ်မိနေသေး၏။ ပြီးနောက် သူ လက်တစ်ဖက် မြှောက်လိုက်ပြီး တစ်လောကလုံးက ကျယ်ဝန်းသည့် လောကတစ်ခွင်ထဲ နစ်မြုပ်သွားတော့၏။

အဲ့ဒီသူရဲကောင်းက သူတို့ကို ကယ်ခဲ့တာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။

သူက မသေမျိုးပမာ တည်ရှိမှုမျိုး ဖြစ်သည်။ ထိုကဲ့သို့ ဓါးရာမျိုးကို တစ်ချက်တည်းဖြင့် ဖန်တီးနိုင်ခြင်း။ ထို့အပြင် တစ်ဖက်လူက သူတို့ကိုတောင် ကုသပေးသွားသည်။ တစ်ဖက်၏ ခွန်အားက မဟာဂိုဏ်းထက်တောင် ပိုသန်မာနိုင်လောက်၏။

” ကပ္ပတိန် … ဒါ ဘယ်သူလုပ်သွားတာလဲ ”

ကပ္ပတိန်က ခေါင်းခါလိုက်သည်။

” ဘယ်သူမှန်း ငါလည်း မသိဘူး။ ဒါပေမဲ့ တစ်ဖက်လူက လူသားမျိုးနွယ်စုရဲ့ အလွန်အစွမ်းထက်တဲ့ သိုင်းပါရမီရှင်တစ်ယောက်ဆိုတာ သေချာတယ် ”

” နှမြောစရာပဲ။ အဲ့ဒီတုန်းက သတိမလစ်နေရင် တစ်ဖက်လူရဲ့ သွင်ပြင်ကို ကြည့်ဖို့ အခွင့်အရေး ရလိုက်မှာ ”

” မင်း ပျော်နေသင့်တယ်။ ငါ့ရဲ့ ရင်ဘက်က ပြားချပ်သွားပြီး ငါ ကယ်တင်ခံလိုက်ရတယ်။ သူက ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ပဲ။ သာမန်လူတစ်ယောက်က ဒီလိုမှတ်သားလောက်ဖွယ် ပုဂ္ဂိုလ်မျိုးကို ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ ”

” မြန်မြန် လူစုကြ။ ငါတို့ ဒီမှာ အကြာကြီး နေလို့ မရဘူး။ ပြန်သွားပြီး အထက်အရာရှိတွေကို ဒီအကြောင်း သတင်းပို့ရမယ် ”

” ဟုတ်ကဲ့ ”

တစ်ချိန်တည်းတွင် ကျန်းဟိုင်မြို့နှင့် မိုင်၁၀၀အကွာ မြေအောက်ထဲမှ ဟိန်းသံတစ်သံ ထွက်လာသည်။

” သေသင့်တဲ့ လူသားတွေ။ သူတို့က ငါ့ရဲ့ စစ်သူကြီး အနက်ရောင်ကြေးခွံမြွေကို တကယ်သတ်ခဲ့တယ်။ အနက်ရောင်ကြေးခွံမြွေက ရှန်းထျန်း တတိယအဆင့်ကို ရောက်နေပြီ။ ရှန်းထျန်း စတုတ္ထအဆင့်ကိုရောက်ဖို့ တစ်လှမ်းပဲ လိုတော့ပြီ။ မဟာချီရှန်း ဖြစ်တော့မှာ ”

” အနက်ရောင်ကြေးခွံမြွေကို သတ်တာက ငါ့ရဲ့ ညာလက်နဲ့ ဘယ်လက်ကို ဖျက်တောက်လိုက်တာပဲ။ ကြည့်ရတာ အနှစ် ၅၀ငြိမ်းချမ်းနေမှုက ငါ အုပ်စိုးခဲ့စဥ်က နာကျင်မှုကို မင်းတို့ မေ့သွားအောင် လုပ်မိတဲ့ပုံပဲ။ မကြာခင်မှာ ကြယ်၇လုံးတန်းတဲ့ နေ့က သိပ်မလိုတော့ဘူး။ လူသားတွေ ဒီဘုရင်ရဲ့ မြင့်မြတ်တဲ့ အကဲဖြတ်မှုကို လက်ခံဖို့ စောင့်နေလိုက် ”

” ဘုရင်အေးအ်ရဲ့ အမြတ်ဒေါသက ကျုံးစီရင်စုအပါအဝင် မြို့ပေါင်းများစွာကို လောင်ကျွမ်းပစ်မယ်။ တစ်ခေါက်ကျရင် လူသားမျိုးနွယ်စုကို သေချာပေါက် သတ်ဖြတ်ပြီး ကြယ်တာရာသားရဲတွေအတွက် ဆက်လက်မျိုးပွားဖို့ အထွတ်အမြတ် မြေတစ်ခု ဆောင်ယူလာမယ် ”

” ပြီးတော့ စာကြည့်တိုက်က အဲ့ဒီအမျိုးယုတ်လေး။ ဒီဘုရင်ကို စောင့်နေစမ်းပါ။ ဒီဘုရင်က မင်းကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ချက်ပြုတ်ကြော်လှော်နပ်စားပစ်မယ်။ မင်းကို စားသောက်ပွဲကြ တည်ပစ်မယ် …။ ”

ဟပ်ချိုး … ။

အိမ်သို့ ပြန်ရောက်ခါစ ယဲ့ရှောင်က ပြင်းပြင်းထန်ထန် နှာချေတော့၏။ သူက နှာခေါင်းပွတ်လိုက်ကာ မျက်မှောင်ကျုံ့မိသွားတော့သည်။

” ဘယ်ခွေးသားက ငါ့ကို ကြိမ်းမောင်းနေတာလဲ …။ ”

အပိုင်း ၁၀၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset