Switch Mode

Chapter – 103

အသေး တစ်ယောက် ပြီးတော့ အကြီး တစ်ယောက် ရောက်လာ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၃။ အသေးတစ်ယောက်ပြီးတော့ အကြီးတစ်ယောက် ရောက်လာ။

” ဒါက ယဲ့ရှောင် အဖေတို့ဆိုင်ရဲ့ ဝယ်သူပဲ။ သူက ငယ်ရွယ်ပြီး အလားအလာရှိတယ်။ ယဲ့ရှောင် ဒါက ငါ့ရဲ့သမီး။ ရွှီတာ့မောင် ”

” မင်္ဂလာပါ ”

ရွှီတာ့မောင်က သူမ၏ လက်ကို ဘောင်းဘီနှင့် သုတ်လိုက်ပြီးနောက် ညာလက်ကို ဆန့်ထုတ်နေ၏။

ယင်းက ရုပ်ရှင်ကားထဲရှိ အမေရိကန် ဘရောင်းနီလူကို သတိရသွားစေသည်။ သူမ၏ အသားအရေက နက်ကာ ထူထဲသော ဆံနွယ်၊ ကျယ်ဝန်းသော လက်ဖဝါးနှင့် ထူးထဲတဲ့ နှုတ်ခမ်းတို့ရှိ၏။ သူမ၏ အမည်က ရွှီတာ့မောင် ဖြစ်နေတာ အံ့သြစရာ မရှိပေ။ သူမက ကြောင်ကြီးတစ်ကောင်နှင့် ဆင်တူပေ၏။

ယင်းက အတော်လေး အမွေးဖွာပြီး ကြီးမားသည်။

ယဲ့ရှောင်က ခေါင်းမော့ပြီးနောက် တစ်ဖက်လူကို ကြည့်လိုက်၏။ သူက လက်ဆွဲနှုတ်ဆက်လိုက်သည်။

” မင်္ဂလာပါ ”

” ကျွန်မ အဖေက ကျွန်မကို ရှင်နဲ့ မိတ်ဆက်ပေးချင်နေတာမလား။ စိတ်မပူနဲ့။ ကျွန်မ အဖေက ခေါင်းမာပေမဲ့ ကျွန်မက ခေါင်းမမာဘူး။ ကိုယ့်ကိုကိုယ်လည်း သိတယ်။ ပြောရရင် ရှင်က လူချော လူခန့်တစ်ယောက်ပဲ။ ရှင့်အဖို့ ကျွန်မကို ကြိုက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

ရွှီတာ့မောင်၌ သဘောထားကောင်း ရှိနေခြင်းက ယဲ့ရှောင်ကို အနည်းငယ် အံ့သြသွားစေ၏။

သူဌေး ရွှီက ရွှီတာ့မောင်ကို စိုက်ကြည့်လိုက်သည်။

” နင် မကောင်းတဲ့ ကောင်မလေး။ အဓိပ္ပာယ် မရှိတာတွေ ဘာတွေလျှောက်ပြောနေတာလဲ ”
ရွှီတာ့မောင်က သူ့ကို စိတ်မချမ်းသာစွာ ကြည့်လိုက်လေ၏။

” အဖေ ရပ်လိုက်လို့ ရမလား။ ရူးနှမ်းတာတွေ လုပ်ပြီး သမီးကို တခြားသူတွေနဲ့ ဆက်ပြီး မိတ်ဆက်ပေးမယ်ဆိုရင် သမီးမပြောနဲ့ သူတို့အသက်တွေအတွက် ထိခိုက်စေမှာ မဟုတ်ဘူးလား ”

” မုန်းစရာကောင်းလိုက်တဲ့ သမီး။ အရင်ရည်းစားတစ်ယောက်တောင် မရှာနိုင်ဘူး။ နောင်ကြ အဖေအသက်ကြီးလာရင် သမီးကို ဘယ်သူက ဂရုစိုက်မှာလဲ ”

” လူအိုရုံမှာ နေမှာပေါ့ ”

ယဲ့ရှောင်က သားအဖနှစ်ယောက် စကားများနေတာကို မြင်ပြီး ပြုံးလျက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

” မစ္စ ကိုယ့်ကိုကိုယ် ဒီလို စျေးခြင်းနှိမ်စရာ မလိုပါဘူး။ လှပတဲ့ နှလုံးသားက အမှန်တကယ် လှတယ် ”

ရွှီတာ့မောင်က စိတ်မဝင်စားပဲ လက်ဝှေ့ရမ်းပြလိုက်၏။

” ဒီလို ယဥ်ကျေးတဲ့ စကားတွေ ပြောနေဖို့ မလိုပါဘူး။ ကျွန်မ နားတွေက ကြားရတာ များနေပြီ။ ကိစ္စမရှိတော့ရင် သံရိုင်းတွေကို ဆက်ရွှေ့လိုက်ဦးမယ်။ အနောက်မှာ တန်အနည်းငယ် ကျန်သေးတယ် ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ရွှီတာ့မောင်က မြန်မြန်ဆန်ဆန် ထွက်သွားပြီး သူဌေး ရွှီက မကျေမချမ်း ပြောလိုက်၏။

” ဒီမုန်းစရာ ကောင်မလေးက ဦးနှောက် တကယ်မရှိဘူးပဲ ”

ယဲ့ရှောင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

” ဒါ ကောင်းတယ်လို့ ထင်တာပဲ။ အနည်းဆုံးတော့ ခင်ဗျားထက် သူက ပိုရိုးသားတယ် ”

သူဌေး ရွှီက အနေခက်စွာ ပြုံးလိုက်၏။ သို့သော် သူက အရေထူလွန်းလှရာ ဘာမှမပြောတော့ပေ။ ယဲ့ရှောင်က ထပ်ပြောလိုက်၏။

” သူဌေး ရွှီ ကျွန်တော့်အကြောင်း သတင်းပြန့်တာတွေ မလိုချင်ဘူး။ ဓါးပျံတွေ ရောင်းတဲ့အချိန်ကျ ကျွန်တော့အကြောင်း တခြားသူတွေကို မပြောဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် သူဌေး ရွှီနဲ့ နောက်ပိုင်း အရောင်းအဝယ် ထပ်မလုပ်တော့ဘူး ”

” စိတ်မပူနဲ့။ စီးပွားရေး လျှို့ဝှက်ချက်တွေအားလုံးကို ငါ နားလည်တယ် ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။

” ဒီလိုဆိုရင် ကျွန်တော် အရင်သွားတော့မယ် ”

” ကောင်းပြီ ”
နှစ်ယောက်သားက နှုတ်ဆက်စကား ပြောလိုက်၏။ ယဲ့ရှောင်သည် မည်သူမှ မရှိသည့် ထောင့်ဘက်သို့ လျှောက်သွားလိုက်၏။ လင်းလက်၏ တည်နေရာကို သိပြီးနောက် သူက ကောင်းကင် အာရုံစူးစိုက်ခြင်း နည်းစနစ်ကို အသုံးပြုကာ နေရာမှာပင် ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းတွင် လင်းလက်၏ နက်ရှိုင်းသော တောင်တန်းထဲ၌ အဖွဲ့တစ်ဖွဲ့သည် ရေအိုင်နား ဖြည်းဖြည်းချင်း ချဥ်းကပ်လာသည်။

တောအုပ်ထဲ၌ လှဲနေသည့် အရိုးဖြူများစွာ ရှိသည်။ အများစုက တိရစ္ဆာန်များ၊ ကြယ်တာရာသားရဲများ ဖြစ်သည်။ လူအရိုးများလည်း ပါဝင်၏။ ဦးဆောင်လာသည့် လူငယ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

” အားလုံးပဲ ဂရုစိုက်ကြ။ ရေအိုင်ထဲက အနက်ရောင်ကြေးခွံ မြွေက သာလွန်အဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေပြီ။ သူ့ရဲ့အဆင့်က အနိမ့်ဆုံး ဟို့ထျန်းဒဿမအဆင့် ကြယ်တာရာသားရဲရဲ့ ခွန်အားနဲ့ ညီမျှမှာပဲ။ အဲ့ဒီအချိန်ကျရင် အားစိုက်ထုတ်မှု ကောင်းကောင်းနဲ့ ကုမ္မဏီကို ငှားရမ်းမယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက အားစိုက်ထုတ်ပြီး ကုမ္မဏီကို မငှားရမ်းခဲ့တာပဲ။ ဒါပေမဲ့ ဒီအချက်အလက်ကိုရဖို့ မလွယ်ခဲ့ဘူး ”

” အနက်ရောင်ကြေးခွံမြွေရဲ့ တစ်ကိုယ်လုံးက ရတနာပဲ။ သူ့ရဲ့ အရေခွံနဲ့ အကြေးခွံကို သံချပ်ကာအဖြစ် သန့်စင်လို့ရတယ်။ သူ့ရဲ့ အသားက သိုင်းပညာရှင်တစ်ယောက်ရဲ့ သွေးအဆီအနှစ်ကို အားဖြည့်ပေးနိုင်တယ်။ ပြီးတော့ သူ့ရဲ့ သည်းခြေအိတ်ကိုလည်း ဆေးလုံးအဖြစ် သန့်စင်လို့ရပြီး အမြင်အာရုံ ကောင်းစေတယ်။ မြွေအရိုး၊ မြွေအစွယ် အဲ့ဒါတွေ အကုန်လုံးကို လက်နက်အဖြစ်လည်း သုံးလို့ရပြီး သူ့ရဲ့အဆိပ်က အဆိပ်ဆေးလုံးတွေ ဖော်စပ်လို့ ရတယ် ”

” ဒါကိုသာ ဖမ်းမိမယ်ဆိုရင် သေချာပေါက် စျေးက ၃သန်းအောက်လျော့မှာ မဟုတ်ဘူး ”

လူတိုင်း၏ အကြည့်က လက်သွားကြ၏။ သူတို့စိတ်လှုပ်ရှားမှုက စကားထက် ကျော်နေသည်။

လူတိုင်းက ရေအိုင်နား ချဥ်းကပ်လာကြသည်။ မလှမ်းမကမ်း၌ အရွယ်ရောက် အမျိုးသမီးတစ်ဦး၏ လက်မောင်းလုံးခန့်ရှိသော ၁၀ပေခန့်ရှည်ပြီး အနက်ရောင်ကြေးခွံ မြွေတစ်ကောင်ကို တွေ့လိုက်ရသည်။ ယင်းက ရစ်ခွေနေပြီး ကမ်းစပ်၌ နေပူဆာလှုံနေ၏။

သူတို့ ချုံခိုတိုက်ခိုက်မှုသာ အောင်မြင်သရွေ့ အနက်ရောက် ကြေးခွံမြွေကို ချက်ချင်းသတ်ဖြတ်နိုင်ပြီး ကုန်ကျမှု အနည်းဆုံးဖြင့် ယူထားနိုင်မှာပဲဖြစ်သည်။

လူတိုင်းက အသက်အောင့်ထားကြပြီး ဘယ်သူမှအသက်ပြင်းပြင်း မရှူရဲချေ။ သူတို့က ရှေ့သို့ ဖြည်းဖြည်းချင်းသာ တိုးနိုင်၏။

သို့သော် ထိုစဥ် အဖွဲ့ဝင်များထဲမှ တစ်ယောက်က မတော်တဆ သစ်ကိုင်းခြောက်ကို နင်းမိပြီး ကျွတ်ခနဲ မြည်သွားတော့သည်။

” အား .. မကောင်းတော့ဘူး ”

လူတိုင်းက ရင်တုန်သွားကြပြီး နောက်တစ်စက္ကန့်၌ နေပူဆာလှုံနေသော အနက်ရောင်ကြေးခွံ မြွေက ရုတ်တရက် ခေါင်းထောင်လာပြီး တောအုပ်ဆီသို့ လျင်မြန်စွာ ထွက်သွားတော့သည်။

၄င်း၏ မျက်ဝန်းထဲရှိ အစိမ်းရောင် မျက်စံတစ်စုံက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူ ဘာတွေးနေမှန်း မည်သူမှ မသိပေ။

” ထွက်သွားပြီ .. ထွက်ပြေးခွင့် မပေးနဲ့ ”

ခေါင်းဆောင်က အော်လိုက်သည်။ လူတိုင်းက ချက်ချင်းပင် ရှေ့တက်လာကာ နေရာဘေးကနေ ဝိုင်းနေ၏။

ရေအိုင်နားရှိ စစ်သည်တော်များက ပူလောင်သည့် လက်နက်အချို့ ဗုံးအချို့ကို ထုတ်ပြီး အနက်ရောင်ကြေးခွံမြွေ၏ ထွက်ပြေးနိုင်သော လမ်းကြောင်းကို ပိတ်ဆို့ကာ ၄င်းကို တောအုပ်ထဲသို့ ပြန်သွားရန် ဖိအားပေးနေ၏။

ကျန်သည့်စစ်သည်တော်များကလည်း အမိန့်အတိုင်း တိုက်ခိုက်၏။ မျက်တောင်တစ်ခတ်အတွင်း အနက်ရောင်ကြေးခွံမြွေ၏ ခန္ဓာကိုယ်၌ ဒဏ်ရာလေးများ ပေါ်လာသည်။

အချို့သော သိုင်းပညာရှင်များ၏ လက်နက်များက အဆင့်မြင့်လေရာ အနက်ရောင်ကြးခွံမြွေက နေရာမှာပင် ပန်းပွင့်များ ထူထဲနေရသည့် အကြောင်းအရင်းကို မြင်နိုင်သည်။

အနက်ရောင်ကြေးခွံမြွေက နာကျင်မှုကို ခံစားနေရပြီး စူးရှစွာ အော်လိုက်၏။ သူ၏ ရှည်လျားသော အမြီးက ဘယ်ဘက်ခြမ်းရှိ လူနှစ်ယောက်ဆီသို့ လျှပ်စီးပမာ ပြေးရိုက်လိုက်သည်။ ဝိညာဥ်စွမ်းအင်များက ၄င်း၏ အမြီးတစ်ဝိုက်၌ ရစ်ပတ်နေပြီး ဓါးသွားရှည်ကဲ့သို့ပင် လူနှစ်ယောက်၏ သံချပ်ကာကို ချက်ချင်းစုပ်ဖြဲလိုက်ရာ သူတို့၏ ရင်ဘက်ပေါ်၌ တောက်ပသည့် အနီရောင် သွေးရာများ ချန်ရစ်တော့သည်။

နှစ်ယောက်သားက လွင့်ထွက်သွားပြီး သွေးများ ပန်းထွက်လျက် နောက်သို့ လွင့်ထွက်နေ၏။ သို့သော် သူတို့မြေပေါ်မကျသေးခင် ကျန်သည့်သူများက အခွင့်ကောင်းယူကာ အမြန်သွားပြီး အနက်ရောင်ကြေးခွံမြွေ၏ ခန္ဓာကိုယ်ကို သူတို့လက်နက်များဖြင့် တိုက်ခိုက်ကြတော့သည်။

ခေါင်းဆောင်က ဓါးတစ်လက်ဖြင့် အနက်ရောင်ကြေးခွံမြွေ၏ ခေါင်းကို ခုတ်ပိုင်းတော့၏။

စိတ်လှုပ်ရှားဖွယ် တိုက်ပွဲက ပြီးဆုံးသွားသည်။

မြေပြင်ပေါ်တွင် ဆက်တိုက် တွန့်လိန်နေသော အနက်ရောင်ကြေးခွံမြွေ၏ ခေါင်းနှင့် အနက်ရောင်ကြေးခွံမြွေ၏ ခန္ဓာကြည့်ပြီး လူတိုင်းက ပျော်ရွှင်သွားကြသည်။

ပြီးသွားပြီ။ ခေါင်းဆောင်က အချိန်ဖြုန်းမနေပဲ ချက်ချင်းပြောလိုက်၏။

” ကုသသူတွေ ဒဏ်ရာရထားတဲ့ အသင်းဖော်တွေကို ကုသပေးလိုက်။ ကျန်တဲ့သူတွေက မြွေရဲ့ခန္ဓာကိုယ် မြန်မြန်ဖျက်ကြ။ လတ်ဆတ်တဲ့အသားတွေက ကြယ်တာရာသားရဲတွေကို ဆွဲဆောင်ပေးနိုင်တယ်။ မြန်မြန်ထွက်သွားရမယ် ”

” ဟုတ်ကဲ့ ”

လူတိုင်းက သူတို့တာဝန်ကိုယ်စီကို လုပ်နေကြပြီး တစ်ဖွဲ့လုံးက အပျော်များ ပြည့်နေလေ၏။

သို့သော် ထိုစဥ် ခေါင်းဆောင်က မြွေတွန်သံကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုအသံက အနက်ရောင်ကြေးခွံမြွေထက်တောင် ပိုနက်ရှိုင်းသည်။ ပတ်ဝန်းကျင်ရှိ လေပမာဏများစွာက လေဟာနယ်အတွင်း စုပ်ယူခံလိုက်ရ၏။

ယခုအချိန်တွင် ခေါင်းဆောင်၏ တစ်ကိုယ်လုံးက ရေခဲဂူထဲ ကျသွားသည့်ပမာ အေးစက်မှုကို ခံစားလိုက်ရသည်။

သူရောက်လာခါစအချိန်တွင် အရိုးဖြူများတစ်စုကို မြင်လိုက်ရသည်။ သူမက သူတို့၏ အနက်ရောင်ကြေးခွံမြွေစားတာ ခံရတာဟု ထင်ခဲ့သည်။ ထိုအကြောင်းကို တွေးမိသောအခါ တစ်စုံတစ်ခု မူမမှန်ကြောင်း တွေ့လိုက်ရ၏။ အနက်ရောင် ကြေးခွံမြွေက သေးလွန်းသောကြောင့် ဖြစ်သည်။ နွားအရွယ်အစားခန့်ရှိသည့် တိရစ္ဆာန်များကို စားဖို့ မဖြစ်နိုင်ပေ။ ဆိုရလျှင် မြွေများက အစားစာကို တိုက်ရိုက်စားပြီး အစာအိမ်ထဲ မြိုချကာ အရိုးများကို ထွေးထုတ်၏။ ထို့အပြင် ထိုမျှများများ စားဖို့က မဖြစ်နိုင်ပေ။ ထို့သို့ဆိုလျှင် ထိုမျှများသည့် အစားစာများကို စားနိုင်ပြီး ကြီးမားသည့်တိရစ္ဆာန်များကို ​စားနိုင်သည့် အနက်ရောင် ကြေးခွံမြွေက မည်မျှ ကြီးမားသနည်း။

ထိုအကြောင်းကို တွေးမိသောအခါ ခေါင်းဆောင်က ချက်ချင်း အော်လ်ိုက်တော့သည်။

” မြန်မြန် သွားကြမယ်။ အနက်ရောင် ကြေးခွံမြွေက်ို ထားခဲ့။ နောက်ဆုတ်ကြမယ် ”
သို့သော် နောက်ကျသွားပြီဖြစ်သည်။ သူက ပါးစပ်ဟလိုက်သည့်အချိန်တွင် ကြီးမားသည့် အနက်ရောင် အရိပ်ကြီးက တောအုပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး အဆိပ်များ မှုတ်ထုတ်လိုက်၏။ ချက်ချင်းပင် သိုင်းပညာရှင်နှစ်ယောက်က နေရာမှာတင် အရည်ပျော်သွားပြီး အရိုးမကျန်တော့ပေ။

အပိုင်း ၁၀၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset